MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, February 17, 2012

ရင်မောစရာ Valentine Day (2012 post from news-eleven )။Valentine Day အကြောင်းလူတိုင်းသိသင့်တယ်ထင်လို့ ထပ်မံဖော်ပြပေးလိုက်ပါတယ်။


နိုင်ငံခြားအသံလွှင့်ဌာနတစ်ခုက ကျွန်တော့်ကို လှမ်းဆက်သွယ်ပြီး မေးမြန်းပါရစေလို့ ခွင့်တောင်းလာပါတယ်။ မေးလိုတဲ့အကြောင်းအရာကတော့ Valentine’s Dayလို့ ခေါ်တဲ့ ချစ်သူများနေ့နဲ့ ပတ်သက်လို့ပါတဲ့။

ပြောချင်နေတာကြာပြီဖြစ်တာမို့ ပြောဖြစ်ခဲ့ပေမယ့် လက်တန်းပြောတာမို့ အချက်အလက်အပြည့်အစုံ ပါမသွားဘူး။ အချိန်ကလည်းတိုတာကိုး။ ဒါနဲ့ကျွန်တော့်ရဲ့ မန္တလေးအက်(ဖ်)အယ်(မ်)က ရေဒီယိုအစီအစဉ်မှာ တင်ဆက်ဖို့ရည်ရွယ်ပြီး စာမူရေးဖြစ်ခဲ့ပါတယ်။ အဲဒီ့စာမူလေးကိုပဲ ရေဒီယိုနားမထောင်ဖြစ်သူ ဂျာနယ်ပရိသတ်များအတွက် အနည်းငယ်တည်းဖြတ် တင်ဆက်ပေးပါရစေလားခင်ဗျာ။

ပထမဆုံးက အဲဒီ့ Valentine’s Day ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာ အရင်တင်ပြချင်ပါတယ်။ ခရစ်ယာန်အာဇာနည်တွေထဲမှာဆိုတဲ့ ဗှယ်လင်ထိုင်းနာမည်နဲ့ သူတွေ မရေမတွက်နိုင်အောင် များပြားလှတယ်။ အဲဒီ့ထဲကမှ ဒဏ္ဍာရီလာ ဗှယ်လင် ထိုင်းဘွဲ့ ခံသူတော်စင်တစ်ပါးကတော့ စစ်တပ်ကို ချဲ့ထွင်ချင်တာမို့ အရွယ်ရောက်သူ အမျိုးသားတွေကို အိမ်ထောင်ပြုခွင့် ပိတ်ပင်ထားတဲ့ ရောမ ဧကရာဇ် ဒုတိယမြောက် ခလောဒစ်ယပ်(စ်)ရဲ့အမိန့်ကို ဖီဆန်ပြီး လူငယ်လေးတွေကို လျို့ဝှက်လက်ထပ်ပေးခဲ့ဖူးတယ်လို့ အဆိုရှိပါတယ်။ ဒါကို ဘုရင်ကြီးသိသွားတော့ သူ့ကိုဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချထား လိုက်ပါတော့တယ်။ ဒါကသိပ်မခိုင်လုံလှတဲ့ ပါးစပ်ရာဇ၀င်ပါ။သူ့ထက် နည်းနည်းလေးပိုခိုင်လုံတဲ့ ဒဏ္ဍာရီမှာကျတော့ ဘုရင် ခလောဒစ်ယပ်(စ်)က ဘုန်းတော်ကြီး ဗှယ်လင်ထိုင်းကို ခရစ်ယာန်ဘာသာဝင်ဖြစ်လို့မို့ တရားစွဲဆိုပြီး ကိုယ်တော်တိုင် အမှုစစ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အမှုစစ်ရင်းက ဘုန်းတော်ကြီးကို ဘုရင်ကအထင်ကြီးသွားပြီး Paganism လို့ ခရစ် ယာန်ဘာသာဝင်တွေကခေါ်တဲ့ ဗာဟီရ၀ါဒကို ကူးပြောင်းမယ်ဆိုရင်ဖြင့် အသက်ကိုချမ်းသာပေးမယ်လို့ ကမ်းလှမ်းခဲ့ပါသတဲ့။ ဘုန်းတော်ကြီး ဗှယ်လင်ထိုင်းက အဲလိုကမ်းလှမ်းတာကို ငြင်းပယ်ပြီး ဘုရင်ကိုသာ ခရစ်ယာန်ဘာသာပြောင်းဖို့ တိုက်တွန်းပါတယ်။ ဒါနဲ့ပဲနောက် ဆုံးမှာသူ့ကိုဘုရင်က ကွပ်မျက်လိုက်ပါတယ်။ မကွယ်လွန်ခင်မှာ ဘုန်းတော်ကြီးဗှယ်လင်ထိုင်းဟာ ထောင်မှူးရဲ့သမီးလေး မျက်စိကွယ်နေတာကို သူ့တန်ခိုးနဲ့စက္ခုနှစ်ကွင်း အလင်းရအောင် ကုသပေးခဲ့ပါသေးသတဲ့။

အဲဒါကိုပဲ သမိုင်းအခြေခံ တစ်စက်မှမပါတဲ့ စီးပွားရေးသမားများက ၀ါးဖြန့်လိုက်တဲ့အခါ ဇာတ်က နည်းနည်းပိုနာသွားတယ်။ အဲဒီ့ ဘုန်းကြီး ဗှယ်လင်ထိုင်းကို မကွပ်မျက်ခင် ညဦးပိုင်းမှာသူက သူချစ်တဲ့ မိန်းကလေးလို့ လည်းဆိုရဲ့၊ တချို့ကလည်း သူနဲ့ခင်သွားပြီး သူကပဲ မျက်စိမြင်အောင်ကုပေးခဲ့တဲ့ ထောင်မှူးရဲ့သမီးလေးလို့လည်း ဆိုရဲ့၊ တချို့ကလည်း အဲဒီ့နှစ်ယောက်စလုံးပါလို့ ပြောကြရဲ့၊ အဲ... အဲဒီ့မိန်းကလေးတွေဆီကို ကမ္ဘာ့ပထမဆုံး ဗှယ်လင်ထိုင်းကတ်ပြားလေးကို ဘုန်းတော်ကြီးက စရေးခဲ့တာဖြစ်သွားတယ်။ သေခါနီးမှာ တမ်းစာလေးပေါ့ခင်ဗျာ။ စာရဲ့အဆုံးမှာတော့ မင့်ရဲ့ဗှယ်လင်ထိုင်းထံမှ၊ အင်္ဂလိပ်လိုတော့ From your Valentine ပေါ့၊ အဲလိုလေး ရေးထားပါသတဲ့။ ဘာသမိုင်းအထောက်အထားမှ မရှိဘဲ လိုရာတွေးကာ ချဲ့လိုက်ကြတာပါ။

၁၈ ရာစု ကုန်လုနီး သုံးနှစ်အလို ၁၇၉၇ ခုနှစ်မှာတော့ ဗြိတိသျှ ထုတ်ဝေသူတစ်ယောက်က ကိုယ်တိုင်အချစ်ကဗျာမရေးတတ်ကြသူ လူငယ်အမျိုးသားများအတွက် ခံစားချက်ကဗျာတွေ အပြည့်ပါတဲ့စာအုပ် တစ်အုပ်ကို ကိုလူပျိုရဲ့ Valentine စာရေးဆရာ (The Young Man’s Valentine Writer)ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ဝေခဲ့ပါတယ်။ သည်မှာတင် တခြားထုတ်ဝေသူတွေကလည်း အချစ်ကဗျာတွေ၊ သရုပ်ဖော်ပုံတွေနဲ့ ကတ်ပြားတွေ ရိုက်နှိပ်ထုတ်ဝေကြပါတော့တယ်။

နှစ်ဆယ်ရာစုရဲ့ ဒုတိယတစ်ဝက်ကာလမှာတော့ ကတ်ပြားတွေ အပြန်အလှန် ပေးပို့ကြရာကနေ တခြားလက်ဆောင်တွေပါ ပေးပို့ကြတဲ့ အလေ့အထက အမေရိကန်နိုင်ငံမှာ တွင်ကျယ်လာပါတော့တယ်။ အဓိကကတော့ နှင်းဆီပန်းတွေ၊ အသည်းပုံအနီရောင်ဖဲသားဘူးနဲ့ ထည့်ထားတဲ့ ချောကလက်တွေ ပို့ကြ၊ ပေးကြတာပါ။ ဘယ်သူက ဘယ်လိုထွင်လိုက်တယ်ဆိုတာ အထူးပြောစရာတောင် လိုမယ်မထင်ပါဘူး။ ၁၉၈၀ ပြည့် လွန်နှစ်တွေမှာတော့ စိန်အရောင်း အ၀ယ်လုပ်ငန်းရှင်တွေကလည်း လာဘ်မြင်လာပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ချစ်သူတွေအချင်းချင်း စိန်ရွှေ ရတနာတွေပေးတဲ့ အလေ့အထလေးပါတွင် ကျယ်လာအောင် လုပ်ကြပါတော့တယ်။ ဈေးသည်ဆိုတာကတော့ သူပစ္စည်းတွေများများ အစွံထုတ်နိုင်ဖို့ နည်းလမ်းရှာရတာပေါ့ခင်ဗျာ။ သည်လောက်ဆိုရင် ချစ်သူများနေ့လို့ အတော်လေး တွင်ကျယ်နေတဲ့ ဖေဖော်ဝါရီလ ၁၄ ရက် Valentine’s Day ရဲ့ ရာဇ၀င်အကျဉ်းကို မှန်းဆနိုင်ကြပြီ ထင်ပါတယ်ခင်ဗျာ။ အဲဒီ့နေ့ဟာ ခရစ်ယာန်တို့ရဲ့ ဘာသာရေး အထွတ်အမြတ် ပွဲတော်နေ့တစ်ခုမဟုတ်တာမို့ ရုံးပိတ်ရက်၊ အားရက်၊ နားရက်အဖြစ် ဘယ်ခရစ်ယာန် နိုင်ငံကမှ သတ်မှတ်ပေးမထားပါဘူး။ ခရစ်တော်ဖွားတဲ့ ခရစ္စမတ်လို၊ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း အထိမ်းအမှတ် အီစတာပွဲတော်လို မျိုးကျင်းပကြတာ မဟုတ်ဘဲ စီးပွားရေးသမားများရဲ့ ဈေးကွက်ချဲ့ထွင်လိုမှုကြောင့် ပေါ်ပေါက်လာတဲ့ နေ့တစ်နေ့သာ ဖြစ်ပါတယ်။

စီးပွားရေးသမားတွေရဲ့ ကျေးဇူးကြောင့် အင်္ဂလန်နဲ့ အမေရိကန်မှာ စတင်ခဲ့တဲ့ အဲဒီ့အလေ့အထဟာ စင်ကာပူနိုင်ငံသားတွေ၊ ဂျပန်တွေ၊ တရုတ်တွေ၊ တောင်ကိုးရီးယားလူမျိုးတွေကြားမှာလည်း ကျွန်တော်တို့ထက်တောင် စောပြီး တွင်ကျယ်ခဲ့ပါတယ်။ အဲဒီ့က လူငယ်လူရွယ်တွေဟာလည်း ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ လက်ဆောင်အတွက် ပိုက်ဆံတွေနင်းကန် အကုန်ခံကြပေတာပဲပေါ့။


ဆင်ခြင်တုံတရားလေးရှေ့ထားပြီးတခြားမွန်မြတ်တဲ့ နည်း တစ်နည်းနည်း၊ ကိုယ်ချစ်တဲ့ခင်တဲ့သူနဲ့ တစ်ဘ၀တာလက်တွဲကြရေးမှာ ပိုမိုတင့်တယ်သာယာစေမယ့် နည်းတစ်နည်းနည်းကို ကိုယ်ပိုင်ဥာဏ်ကလေးများနဲ့ ကြံဆဆင်နွှဲသွားမယ်ဆိုရင် ...

ကျွန်တော်တို့ဆီမှာတွင် ကျယ်လာတာကတော့ ဈေးကွက်စီးပွားရေး စတင်ခါစကာလက မြို့ပြတွေမှာ အပြိုင်းအရိုင်း ပေါ်ထွန်းလာတဲ့ ဟိုတယ်တွေနဲ့ ညဘက်ကပွဲ ခန်းမတွေက စလိုက်တာပဲလို့ ယူဆရပါတယ်။ ဟိုတယ်တွေကလည်း သူတို့ရဲ့ ချောကလက်တွေ ရောင်းကောင်းရေး၊ ညဘက်ကပွဲခန်းမတွေကလည်း သူတို့ခန်းမတွေမှာ လူစည်ရေးအတွက် သည်နေ့ကို မြန်မာတွေကြားမှာ မိတ်ဆက်လိုက်တဲ့အခါ ဇစ်မြစ်ကို ဂဃနဏ မသိသော်ငြား အများညီရင် ဤကို ကျွဲဖတ်ဖို့ ၀န်မလေးတဲ့ အထုံဝါသနာနဲ့ လူအများက အလွယ်တကူ နားယောင်သွားပြီးသည်နေ့ကို တခမ်းတနား လုပ်လာကြတော့တာပဲလို့ မြင်မိရပါတယ်။ မြန်မာရာဇ၀င်မှာလည်း နတ်ရှင်နောင်နဲ့ ရာဇဓာတုကလျာ၊ ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာ၊ သုဓနုနဲ့ ဒွေးမယ်နော် အစရှိသဖြင့် အချစ်သူရဲ ကောင်းတွေ တစ်ပုံတစ်ပင်ရှိခဲ့ပေမယ့် အမှတ်အသားကောင်းတဲ့ အနောက်တိုင်း ရာဇ၀င်လိုနေ့စွဲ၊ ရက်စွဲနဲ့ အတိအကျ မဟုတ်လေတော့ကာ မြန်မာလူငယ်တို့အတွက် ရက်သတ်ဆင်နွှဲစရာ ချစ်သူများနေ့က မယ်မယ်ရရ မရှိဘူး။ ဒါကို အခွင့်ကောင်းယူတတ်တဲ့ စီးပွားရေးသမားတွေက ရောမဒဏ္ဍာရီထဲက ယုံတမ်းစကား ပလီပလာကို တင်သွင်းလာလိုက်တဲ့အခါမှာတော့ နားယောင်လွယ်သူများကြားမှာ ရေပန်းတွေ တအားစားကုန်တော့တာပါပဲ။

အဓိကကတော့ ဆင်ခြင်တုံတရားလို့ပဲ မြင်မိပါတယ်။ ဆင်ခြင်တုံတရားရှိမယ်ဆိုရင် သည်နေ့ဟာ ဘာနေ့လဲ၊ ဘယ်လိုကြောင့် ပေါ်လာရတာလဲဆိုတာ စူးစမ်းကြဖို့ သိပ်ကောင်းလှပါတယ်။ အနောက်တိုင်းကဟာမို့ ပစ်ပယ်ရမယ်၊ အရှေ့တိုင်း ကသာ ပိုမြတ်တယ်ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးအခေါ်မျိုးနဲ့ ပြောတာမျိုးမဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ ရွာတစ်ရွာလို အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် လွယ်လင့်တကူ ကူးလူးဆက်ဆံလာနိုင်တဲ့ ကနေ့လို ကာလမျိုးမှာ ယဉ်ကျေးမှုတွေ အပြန် အလှန် ကူးလူးယှက်နွယ်နေတဲ့ ရေစီးကိုလည်း ဘယ်သူမှ တားဆီးလို့ မရစကောင်းပါဘူး။

ကတာ၊ ခုန်တာ၊ ဆိုတာ၊ တီးတာ၊ ၀တ်စားဆင်ယင်တာလို၊ စာပေ၊ အနုသုခုမသဘင်လိုယဉ်ကျေးမှုတွေ ကူးလူးယှက်နွယ်နေတာ အင်မတန်မှ ချစ်စရာ၊ နှစ်လိုစရာကောင်းပါတယ်။ လူသားတိုင်းရဲ့ မူလအခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ် လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကြောင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ တခြားဘာသာဝင် အသီးသီးရဲ့ ဘာသာရေးပွဲတော်တွေဟာလည်း ပျော်စရာ၊ ကြည်နူးစရာပွဲတော် များသာဖြစ်တာမို့ တရုတ်နှစ်သစ်ကူးဆိုလည်း တရုတ်နှစ်သစ်ကူး အလျောက်၊ ခရစ္စမတ်ဆိုလည်း ခရစ္စမတ်အလျောက်၊ အစ္စလာမ်တို့ရဲ့ အစ်ပွဲတော်ဆိုလည်း အစ်ပွဲတော်အလျောက် ကျွန်တော်တို့မြန်မာတွေလည်း တစ်နည်းတစ်ဖုံ ပါဝင်ဆင်နွှဲ ပျော်ပွဲဆင်နေကြတာကို သဘောမတူစရာ အကြောင်းမရှိပါဘူး။

သည်ချစ်သူများနေ့ကတော့ဗျာ၊ ကျွန်တော့်စိတ်ထဲတယ်လည်း ဘ၀င်မကျမိဘူး။ မကြာသေးခင်ကမှ အလားတူတွင်ကျယ်လာတဲ့ အမေနေ့၊ အဖေနေ့ဆိုတာများလိုပဲ ခံစားရပါတယ်။ အမေ၊ အဖေကို တစ်နှစ်မှာ ၃၆၄ ရက်လုံးလုံး ဂရုမစိုက်၊ ပစ်ပယ်ထားပြီး အမေနေ့၊ အဖေနေ့ကျတော့မှ သတိတရနဲ့ သွားကန်တော့မယ်ဆိုရင် ဘယ်အမေ၊ ဘယ်အဖေက ကြည်နူးနိုင်ပါလိမ့် မလဲနော်လို့ ပြောရင် ကျွန်တော်က ခွကျတယ်ဖြစ်ဦးမယ်။
ဒါပေမယ့် သေချာစဉ်းစား ကြည့်တော်မူပါခင်ဗျာ။ အမေနေ့ကျမှ အမေ့ကိုကန်တော့၊ အဖေနေ့ကျမှ အဖေ့ကို ကန်တော့မယ့်အစား မိခင်၊ ဖခင်များ အသက်ရှင်နေခိုက်၊ သူတို့အတွက် လူ့လောကကြီးမှာ နေရမယ့်ရက် နည်းသထက်နည်းလာခိုက်မှာ နေ့တိုင်းမတတ်နိုင်ဘူး ဆိုရင်တောင် တစ်လတစ်ကြိမ်၊ နှစ်ကြိမ်၊သုံး၊လေးကြိမ်သတိလေးထားပြီး သူတို့ကြိုက်တတ်တဲ့ စားစရာလေးနဲ့ဖြစ်ဖြစ်၊ စားစရာမတတ်နိုင်ရင်တောင် သူတို့နားမှာနေပြီး သူတို့ပြောတဲ့ စကားလေးတွေကို အဖန်ဖန်ကြားပြီးဖြစ်သည့်တိုင် စိတ်ရှည်လက်ရှည် နားထောင်ပေးတဲ့ နည်းလေးနဲ့ဖြစ်ဖြစ် အလုပ်အကျွေးပြုဖြစ်ကြတာက ပိုမကောင်းပေဘူးလားခင်ဗျာ။ ချစ်သူများနေ့ဆိုတာလည်း အလားတူပါပဲ။ ချိန်တန်ရွယ်ရောက် လူလားမြောက်လာတဲ့အခါမှာ တခြားတစ်မိသားအပေါ် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးတဲ့ စိတ်ဆိုတာ ပေါ်ပေါက်လာစမြဲပါပဲ။ အဲဒီ့ကမှ အိမ်ရာထူထောင်ကြရမယ်၊ ဘ၀ကို အတူယှဉ်တွဲ ရုန်းကန်ဖြတ်ကျော်ကြရပါမယ်။

ဆင်ခြင်တုံတရားလေး ရှေ့ထားပြီး မောင်တို့မယ်တို့သာ ဥာဏ်ကလေးနဲ့ ချစ်ကြမယ်ဆိုရင် ချစ်သူများနေ့က အထူးလိုအပ်စရာ ဘာအကြောင်းမှမရှိပါဘူး။ သည်နေ့ကျတော့မှ ချစ်နေပြီး ကျန်တဲ့နေ့ တွေကျရင် တစ်ယောက်ကိုတစ်ယောက် မကြည့်ချင်။ မမြင်ချင် အောင်ဖြစ်နေကြမှာမှ မဟုတ်တာပဲလေ။ အဲတော့သည်နေ့ကို ဆင်နွှဲမယ်ဆိုလည်း လူငယ်လူရွယ်တို့ ဘာသာ ဘာဝအများနဲ့ညီမှ ခေတ်မီမယ်ဆိုတဲ့အတွေးနဲ့ ဆင်နွှဲတာကို မတားချင်ပါဘူး။ ဒါပေမယ့် ဆင် ခြင်တုံတရားလေး ရှေ့ထားပြီး တခြားမွန်မြတ်တဲ့ နည်းတစ်နည်းနည်း၊ ကိုယ်ချစ်တဲ့ခင်တဲ့သူနဲ့ တစ်ဘ၀တာ လက်တွဲကြရေးမှာ ပိုမိုတင့်တယ်သာယာစေမယ့် နည်းတစ်နည်းနည်းကို ကိုယ်ပိုင်ဥာဏ်ကလေးများနဲ့ ကြံဆဆင်နွှဲသွားမယ်ဆိုရင် စီးပွားရေးသမားတွေရဲ့ သားကောင် ဘ၀က လွတ်မြောက်သွားနိုင်မှာလည်း မလွဲပါဘူးခင်ဗျား။

အဲ... သည်ကြားထဲမှာ သည်နေ့အတွက် အင်မတန်ထူးခြားတဲ့ အချက်အလက်သစ်တစ်ခုကိုလည်း သည်နှစ်မှာမှ ကြားရမြင်လိုက်ရ ပြန်ပါသေးတယ်။ ကျွန်တော့်ကို မေးသွားတဲ့ နိုင်ငံခြား အသံလွှင့်ဌာနက မေးခွန်းထဲမှာပါလာလို့ စတင်သတိထားမိခဲ့သလို အင်တာနက်ပေါ်က မြန်မာတို့ရဲ့ လူမှုရေးကွန်ရက်ပေါ်မှာလည်းပဲ သည်အချက်ကို ဖျတ်ခနဲတွေ့လိုက်မိပါတယ်။ အဲဒါကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ မြို့ကြီးများပေါ်က တည်းခိုခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေမှာ နေရာမရလောက်အောင်တောင် ပြည့်နှက်နေတယ်ဆိုတဲ့ သတင်းမဟာပါပဲ။ စီးပွားရေးသမားတွေရဲ့ လက်ချက်ကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး ကွပ်မျက်ခံရတဲ့နေ့ကနေ ချစ်သူများနေ့ရယ်လို့ ဖြစ်လာ၊ မြန်မာပြည်ကို ရောက်လာတော့ တချို့သော ယောက်ျားပျိုလေးများရဲ့ အသွင်ပြောင်းမှုကြောင့် ချစ်သူများနေ့ကနေ သွေးသားကိစ္စနေ့ အဖြစ် ပြောင်းသွားပါပေါ့လားလို့ ရင်မောစွာတွေးလိုက်မိရပါတယ်။ အဲဒီ့နေ့မှာ အကာအကွယ်မဲ့ ချစ်တင်းနှောကြမယ့်သူက အများသားဆိုတာလည်း တွေးမိသွားရ ပြန်တာမို့ ချစ်သူများနေ့ဟာ သွေးသားကိစ္စနေ့မှသည် HIV ပိုး အပါအ၀င် လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါများ ပြန့်ပွားရေး နေ့တစ်နေ့အဖြစ် ပြောင်းလဲသွားနိုင်တာကို မြင်လာရင်း စိတ်မောသွားမိပါတယ်။

အချစ်ကို ကိုးကွယ်လိုကြတဲ့၊ နှာခေါင်းမပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ ခေတ်အဆက်ဆက် အပြောခံခဲ့ကြရတဲ့ သမီးငယ်လေးများ သတိထားသင့်တဲ့နေ့လို့တောင်မှ သည်နေ့ကို ပြောင်းလဲ ခေါ်ဝေါ်သင့်ကြပြီ ထင်ပါတယ်။ သည်လောက်ဆိုရင် ကျွန်တော်တို့ ကိုးကွယ်ရာ ဘာသာနဲ့ လည်း ဘယ်လိုမှမသက်ဆိုင်၊ ရိုးရာဓလေ့ထုံးတမ်းလည်း မဟုတ်သလို သက်ဆိုင်တဲ့ ခရစ်ယာန် ဘာသာဝင်တွေရဲ့ တကယ့်နေ့ထူး နေ့မြတ်အစစ်လည်း မဟုတ်ဘဲ စီးပွားရေးသမားများရဲ့ ထွင်လုံးကြောင့် ကမ္ဘာမှာ တွင်ကျယ်လာနေတဲ့ ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့ဆိုတာရဲ့ သဘောသဘာဝ အစစ်အမှန်ကို မှန်းဆနိုင်ကြပြီလို့ မျှော်လင့်မိရပါတယ်ခင်ဗျား။ အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။

Referene from News-Eleven.com
(၀၂၀၂၁၂)စာညွှန်း

စင်ကာပူသို့ တင်ပို့နေသောမြန်မာနိုင်ငံမှ ခေါက်ဆွဲခြောက်အားတရုတ်နိုင်ငံမှ သတ်မှတ်စံနှုန်းထက်ပိုးပါဝင်မှုမြင့်မှားနေဟုအကြောင်းကြားလာ။

စင်ကာပူနိုင်ငံသို့ တင်ပို့နေသည့် အရည်အသွေးစံနှုန်းများအတိုင်း ထုတ်လုပ်ကာ တရုတ်နိုင်ငံသို့ တင်ပို့သော ရသာချိုစက်မှုလုပ်ငန်းလီမိတက်မှထုတ်လုပ်သည့် ခေါက်ဆွဲခြောက်တစ်မျိုးအား တရုတ်နိုင်ငံမှ ၎င်းတို့ သတ်မှတ်ထားသည့် ကန့်သတ်စံနှုန်းထက် ပိုးပါဝင်မှုနှုန်း မြင့်မားနေ သည်ဟုဆိုကာ အကြောင်းကြားလာကြောင်း သတင်းရရှိသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကြက်သားမှိုခေါက်ဆွဲခြောက်တွင် တရုတ်နိုင်ငံမှ ကန့်သတ်ထားသည့် စံနှုန်းထက် ပိုးပါဝင်မှုမြင့်မားနေကြောင်း ပေကျင်းမြို့ရှိ မြန်မာသံရုံးသို့ အကြောင်းလာခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန မှတစ်ဆင့် ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားလာခဲ့ကြောင်း သိရသည်။

အကြောင်းကြားရာတွင် ခေါက်ဆွဲခြောက်ထုပ် ၀ ဒသမ ၇၄၅ တန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်ရေး စစ်ဆေးရေးနှင့် ပိုးသတ်ကာကွယ်ရေး အုပ်ချုပ်မှုဌာန(General Adiministration of Quility Supervision Inspection and Quarantine-AQSIQ) ၏ ကုန်ပစ္စည်းစစ်ဆေးမှုအရ ပိုးပါဝင်မှု ကန့်သတ်ချက်စံနှုန်း ၅၀၀၀၀ cfu\g ထက်ကျော်လွန်ကာ ၁၆၀၀၀၀ cfu\g အထိပါ ၀င်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကုန်ပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စည်းမျဉ်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ပစ္စည်းများ၏ ကျန်းမာရေးရှုထောင့်အရ လုံခြုံစိတ်ချရမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်နှင့် အာမခံနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများသို့ ဆက်လက်အကြောင်းကြားပေးရန်ဟု ပါရှိကြောင်း သိရသည်။

သို့သော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကြောင်းကြားစာတွင် တိကျစွာဖြင့် မည်သည့်ပိုးအမျိုးအစားပါဝင်သည်ဟု ဖော်ပြမပါရှိဘဲ ပိုးဟုသာသုံးနှုန်းထားသည်ကိုလည်း အကြောင်းကြားစာအရ တွေ့ရှိရပါသည်။ ယခုတင်ပို့သည့် ကြက်သားမှိုခေါက်ဆွဲခြောက်မှာ မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချသည့် အမျိုးအစားမဟုတ်ဘဲ ပြည်ပသို့တင်ပို့ရန် ထုတ်လုပ်သည့် ထုတ်ကုန်သစ်တစ်မျိုးသာဖြစ်ကြောင်းလည်း သိရသည်။

ရသာချိုစက်မှုလုပ်ငန်းမှ ခေါက်ဆွဲခြောက်ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့ရာတွင် ကျန်းမာရေးဆိုင်ရာ အရည်အသွေးအား တင်းကျပ်စွာစစ်ဆေးလေ့ရှိသည့် စင်ကာပူနိုင်ငံသို့ တင်ပို့လျက်ရှိသည်မှာ ၅ နှစ်တိုင်ရှိခဲ့ပြီး အရည်အသွေးပိုင်းနှင့်ပတ်သက်၍ မည်သည့်တိမ်းစောင်းမှုမှ မရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့တင်ပို့ရန် ထုတ်လုပ်ရာတွင်လည်း စင်ကာပူနိုင်ငံသို့ တင်ပို့သည့်အရည်အသွေး စံနှုန်းအတိုင်းထုတ်လုပ်ခြင်းသာဖြစ်ကြောင်း၊ ရသာချိုစက်မှုလုပ်ငန်းမှ ယခုကိစ္စနှင့်ပတ်သက်၍လည်း ဆက် လက်စုံစမ်းစစ်ဆေး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ စင်ကာပူကို တင်ပို့တာ ၅ နှစ်လောက်ရှိပါပြီ။ စင်ကာပူကတစ်ဆင့် မလေးရှားကိုတောင် ကုန်ပစ္စည်းက ရောက်ပါတယ်။ စင်ကာပူဆိုရင် စစ်ဆေးရေးဆိုင်ရာ အမျိုးမျိုးကို ဖြတ်သန်းတင်ပို့နေရတာပါ။ ကျန်းမာရေးဆိုင်ရာကိုလည်း အဓိကထားတဲ့ နိုင်ငံပါ။ ဒါပေမယ့် ဘာမှမညီညွတ်တာမရှိခဲ့ဘူး။ တရုတ်နိုင်ငံကိုတင်ပို့တာ အခုပထမဆုံးအကြိမ်ပါ။ အဲဒီလိုတင်ပို့ခွင့်ရဖို့အတွက်လည်း သူတို့တွေပြင်ဆင်ခိုင်းတဲ့အတိုင်း အထပ်ထပ် အကုန်အကျ မြောက်မြားစွာခံပြီး ပြင်ဆင်ထုတ် လုပ်ခဲ့တာပါ။ နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်တွေနဲ့အညီ ကျွန်တော်တို့ထုတ်လုပ်ပါတယ်။ ကျွန်တော်တို့တင်ပို့တဲ့အခါမှာ FDA ရဲ့ထောက်ခံချက်နဲ့ စစ်ဆေးခံပြီးမှ ပို့တာပါ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကုန်ချောထုတ်လုပ်တင်ပို့နိုင်တာ နည်းပါးပါတယ်။ ကုန်ကြမ်းအတိုင်းပဲ ပို့နေကြ ရတာပါ။ အခုအကုန်အကျ အများကြီး ရင်းနှီးပြီး ကုန်ချောပို့တဲ့အခါ သူတို့လက်ခံနိုင်တဲ့ အထိ ပြင်ဆင်တင်ပို့ပြီးခါမှ အခုလိုလုပ်လာတာ၊ အခုလိုဖြစ်လာတာကို လက်မခံချင်တာပါ။ ကျွန်တော်တို့ အခုပြန်လည်ဖြေရှင်းဖို့ ပြင်ဆင်နေပါပြီ။ ကိုယ်မှန်မှန်ကန်ကန် ထုတ်ထားတာဖြစ်လို့ ပြန်စစ်ဆေးပြီး ပြန်ဖြေရှင်းဖို့ ပြင်ဆင်နေပါပြီ။ ဒီခေါက်ဆွဲခြောက်က ပြည်ပကိုပို့ဖို့ပဲ ထုတ်တာပါ''ဟု ရသာချိုစက်မှုလုပ်ငန်းလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ယခု ဖြစ်စဉ်အပေါ် နိုင်ငံတကာတွင် ဓာတ်ခွဲစမ်းသပ်မှုများနှင့် ပတ်သက်၍ ၁၈ နှစ်တိုင် လုပ်ကိုင်လာခဲ့သည့် ပညာရှင်တစ်ဦးက''ပိုးဆိုတာ လူကိုအန္တရာယ်ကြီးကြီးမားမားပေးတဲ့ပိုးနဲ့ လူတွေရဲ့ပတ်ဝန်းကျင်မှာပဲ အမြဲရှိနေတတ်တဲ့ပိုးဆိုပြီးရှိတယ်။ တကယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ အကြောင်းကြားမယ်ဆိုရင် မြန်မာနိုင်ငံက FDA ကိုလှမ်းအကြောင်းကြားရမယ်။ ဘာလို့လည်းဆိုတော့ FDA ထောက်ခံချက်နဲ့ ပို့ထားတာလို့ ပြောထားတယ်လေ။ နှစ်ဖက်စစ်ဆေးတွေ့ရှိချက်နဲ့ ကိုက်ညီပြီးလုပ်ရမယ်။ ဒါမှ လုပ်ငန်းစဉ်က ပိုပြီးစနစ်ကျမှာပါ။ ဥပမာ လူကိုအန္တရာယ်ကြီးကြီးမားမားမပေးတဲ့၊ လူတွေရဲ့ပတ်ဝန်းကျင်မှာပဲ ရှိနေတတ်တဲ့ပိုး E.coli ပိုးဆိုရင် ကျွန်တော်တို့ လမ်းဘေးမုန့်ဟင်းခါးဆိုင်မှာလဲ ရှိတာပဲ။ အိမ်တွေမှာလဲ ရှိနေနိုင်တာပဲ။ ဒီလိုပိုးမျိုးဆိုရင် ကျွန်တော်တို့က နေနေကျ၊ စားနေကျဖြစ်လို့ စားလည်းဘာမှမဖြစ်ဘူး။ နိုင်ငံခြားကလာတဲ့သူတွေ စားမိတဲ့အခါ ပိုးပါဝင်မှုများရင်တော့ ၀မ်းပျက်တာမျိုး ရှိနိုင်တာပေါ့။ ဒီလိုပိုးမျိုး တွေ့တယ်ဆိုရင်တော့ ဒီဘက်က ထုတ်လုပ်တဲ့သူတွေကို နစ်နာစေတာပဲ အဖတ် တင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အခုကိစ္စကတော့ နှစ်ဖက် FDA ရလဒ်တွေအရ ပြောတာမျိုးပဲဖြစ်သင့်တယ်။ ကိုယ့်နိုင်ငံစံနှုန်းနဲ့လည်း ကိုက်တယ်၊ စင်ကာပူစံနှုန်းနဲ့လည်း ကိုက်တယ်၊ တရုတ်နိုင်ငံစံနှုန်းတစ်ခုတည်း မကိုက်တာဆိုရင်တော့ အဖြေက ရှင်းပါတယ်။ အခုက တစ်ဖက်တည်းစစ်ဆေးထားတဲ့ ရလဒ်ပဲရှိသေးတယ်'' ဟု သုံးသပ်ပြောကြားခဲ့ပါသည်။


မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်စည်များအားစံနှုန်း အမျိုးမျိုးဖြင့် စစ်ဆေးသော်လည်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ၀င်ရောက်နေသည့် ကုန်စည်များကိုမူ တိကျစွာစစ်ဆေးခြင်း၊ အရည်အသွေးပိုင်းအား အာမခံချက် ရှိ မရှိ စစ်ဆေးခြင်းများ မပြုလုပ်နိုင်ဘဲ စားသုံးနေကြရကြောင်း ...

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သည့် ကုန်စည်များအား စံနှုန်းအမျိုးမျိုးဖြင့် စစ်ဆေးသော်လည်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ၀င်ရောက်နေသည့် ကုန်စည်များကိုမူ တိကျစွာစစ်ဆေးခြင်း၊ အရည်အသွေးပိုင်းအား အာမခံ ချက် ရှိ မရှိ စစ်ဆေးခြင်းများ မပြုလုပ်နိုင်ဘဲ စားသုံးနေကြရကြောင်း၊ တရုတ်နိုင်ငံမှ အရည်အသွေးအာမခံချက်မရှိဘဲ နည်းလမ်းစုံဖြင့် ၀င်ရောက်နေသည့် ကုန်ပစ္စည်းများကိုလည်း တိကျစွာ စစ်ဆေးသင့်ကြောင်း ပြည်တွင်းရှိ ကုန်ထုတ်လုပ်သူများက ပြောကြားခဲ့ကြပါသည်။

''ကျွန်တော်တို့ဆီက ထုတ်တဲ့ ထုတ်ကုန်ကိုကျတော့ သူတို့နိုင်ငံရဲ့ စံနှုန်းအမျိုးမျိုးနဲ့စစ်တယ်။ ကျွန်တော်တို့ဆီကို တရားဝင်ရော၊ တရားမ၀င်ရော ပို့နေတဲ့ ရည်အသွေးနိမ့် စားသောက်ကုန်တွေ၊ အရည်အသွေးနိမ့် ဆေးဝါးတွေကျတော့ရော စစ်ဆေးပြီးမှ ပို့တာပဲလား။ ကျွန်တော်တို့ဆီမှာ အရည်အသွေးနိမ့် ဆေးဝါးတွေသုံးစွဲပြီး ဘယ်လောက်များ ထိခိုက်နေခဲ့သလဲ။ အရည်အသွေးမမီတဲ့ သက်တမ်းကုန်ခါနီးနဲ့ သက်တမ်းလွန် စားသောက်ကုန်တွေ ဘယ်လောက်များ စားထားပြီးကြပြီလဲ။ အခု ရသာချိုက တင်ပို့တာကို ဒီလိုပြောတယ်ဆိုရင် တရုတ်နိုင်ငံက တင်သွင်းတာတွေကို အမြန်ဆုံး အတိအကျစစ်ဖို့ လိုပါတယ်။ စစ်ပြီးမှပဲ ပို့ခိုင်းဖို့လည်း လိုပါတယ်။ စားသောက်ကုန်နဲ့ ဆေးဝါးကိုပဲ ပြောတာမဟုတ်ဘူး။ ကားကအစ အီလက်ထရွန်း နစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းအားလုံးကို စံနှုန်းနဲ့ ညီ မညီ စစ်သင့်ပါတယ်။ ကျွန်တော်တို့ကျတော့ ဘာစံနှုန်းမှန်းမသိတာကို သုံးရတယ်။ ဒီကတတ်နိုင်သလောက် စံချိန်မီအောင်ထုတ်ပြီးပို့ပြီဆိုရင် အမျိုးမျိုးအစစ်ခံရတာ၊ နည်းနည်းလေးလွဲတာနဲ့ လွဲတာကိုထောက်ပြီး ပို့ကုန်ထက် သွင်းကုန်ပဲ လုပ်စားလို့ရအောင် လုပ်တာမျိုးကတော့ ဒီအချိန်မှာ မရှိသင့်တော့ဘူး။ လွန်ခဲ့တဲ့နှစ်ကဆိုရင် မြန်မာနိုင်ငံမှာလာပြီး တရုတ်လုပ်ငန်းရှင်တွေ ကုမ္ပဏီထောင်တယ်၊ ပြီးတော့ဆေးနဲ့ကျန်းမာ ရေး အာဟာရဆိုင်ရာ ဖြည့်စွက်စာလိုဟာမျိုးကို အရည်အသွေးမစစ်ဆေးဘဲ မှောင်ခို သွင်းတယ်။ အဲဒီအတွက် စားမိသွားတဲ့သူတွေကတော့ အတုလား အစစ်လားမသိဘူး သုံးပြီးပြီ၊ သူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်တော့ ပြန်သွားတယ်။ ဒီက သုံးစွဲသူတွေရဲ့ ငွေကြေးတွေ ဆုံးရှုံးရတယ်။ စားသုံးမိသူတွေ နစ်နာရတယ်။ ဒါမျိုးလည်း ရှိတာပဲ။ အခုအချိန်က မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်တဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်ဖို့ကိုပဲ တော်တော်လေး ရုန်းကန်နေရတာလေ။ အဲဒီလို ရုန်းကန်ပြီး ထုတ်လုပ်ရတဲ့ ထုတ်ကုန် ပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် ကုန်သွယ်တာမှာ ရတဲ့အခွင့်အရေးထဲကနေ အသာစီးရအောင်လုပ်တာမျိုး အဓိပ္ပာယ်သက်ရောက်စေရင်တော့ မကောင်းဘူးပေါ့။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့လည်း သွင်းကုန်တွေကို ပြန်စစ်ဆေးသင့်တယ်''ဟု ပြည်တွင်းရှိ လူသုံးကုန်ပစ္စည်းထုတ်လုပ်သူ လုပ် န်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက''အခု ရသာချိုကိစ္စ ဒီလိုဖြစ်တယ်ဆိုရင် တရုတ်နိုင်ငံက ၀င်လာတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးအားလုံးကို ဘာအကြောင်းပြချက်မှမရှိဘဲ FDA အနေနဲ့ အမြန်ဆုံးနဲ့ အထိရောက်ဆုံး စစ်ဆေးဖို့ စီမံလုပ်ကိုင်သင့်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။''ကျွန်တော်တို့မှာ အသေးစား အလတ်စားလုပ်ငန်းတွေ ရပ်တည်နိုင်ဖို့ အနိုင်နိုင် ကြိုးစားနေရတဲ့အချိန်မှာ ဒါမျိုးလုပ်တာက ထုတ်လုပ်သူမှာ နစ်နာသွားနိုင်ပါတယ်။ အဓိက အချက်ကတော့ နှစ်ဖက် FDA စစ်ဆေးပြီးမှ ကိုယ့်နိုင်ငံက သတ်မှတ်တဲ့စံနှုန်းနဲ့ အားလုံးကိုက်တယ်၊ သူတို့နိုင်ငံက စံနှုန်းနဲ့ပဲ အနည်းအကျဉ်းလွဲတယ်ဆိုရင် ဒီလိုမျိုး ပဲဖြစ်သင့်တာပါ။ စံနှုန်းဆိုတာ နိုင်ငံတိုင်းမှာ ရှိပါတယ်''ဟု မွေးမြူရေးပို့ကုန်များ တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားခဲ့ပါသည်။

''ကဏန်းအရှင် တရုတ်နိုင်ငံကို တင်ပို့တော့ ကဏန်းမှာ ပိုးပါလို့ တားတယ်။ ကဏန်းအရှင်မှာ ဘယ်ပိုးကပါမလဲ၊ ကဏန်းအရှင်မှာ ပိုးပါတာ ဘယ်လိုစစ်သလဲ။ အဲဒီလို တစ်ချက်လုပ်လိုက်တာနဲ့ ကဏန်းလုပ်ငန်းရှင်တွေ အထိနာခဲ့ရဖူးတယ်။ ပို့စေချင်ရင် တစ်မျိုးဖြစ်နေပြီး မပို့စေချင်ရင် တစ်မျိုးလို့တောင် ပြောရမလိုဖြစ်နေတယ်''ဟု ကဏန်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။ ယခုအခါ ရသာချိုစက်မှုလုပ်ငန်းလီမိတက်မှလည်း လိုအပ်ချက်များအားလုံးကို အသေးစိတ်စစ် ဆေးလျက်ရှိကြောင်း၊ အဆိုပါအသေးစိတ် အချက်အလက်များဖြင့် ပြန်လည်ဖြေရှင်းရန် ပြင်ဆင်နေကြောင်း သိရသည်။


Reference : News Eleven

ရွှေည၀ါဆရာတော်၏သတင်း နှင့်ဆရာတော်၏ရင်ဖွင့်ပြောကြားချက်။လွတ်လပ်တဲ့အာရှအသံ RFA ရုပ်မြင်သံကြားအစီအစဉ် (ဖေဖော်ဝါရီလ ၁၆ ရက် ၂ဝ၁၂)

ရွှေည၀ါဆရာတော်အား ရန်ကုန်တိုင်းဝန်ကြီးမိန့်ကြားစေလွှတ်တဲ့ကိုယ်စားလှယ်တွေရောက်ရှိလာပြီး နိုင်ငံရေးသမားတွေရဲ့ အသုံးချခံမဖြစ်စေဖို့ လာရောက်လျှောက်ထားခဲ့တယ်လို့ သိရှိရပါတယ်။ ရွှေည၀ါဆရာတော်က ပါတီနိုင်ငံရေးလုပ်ခြင်းမဟုတ်ကြောင်းနှင့် လှိုင်သာယာမြို့ နယ်မီးဘေးအတွက်ဆွမ်းခံကြွပြီးကူညီနေကြောင်းအစိုးရဌာနမှ ကိုယ်စားလှယ်များနှင့်အုပ်ချုပ်ရေးမှုးတို့အားပြောကြားခဲ့ပါသည်.။

RFA Jan 16 2012 သတင်းဖြစ်ပါသည်။သတင်းများအသေးစိတ်ကိုအောက်တွင်တွဲလျှက်ဖော်ပြပေးထားပါတယ်။

လွတ်လပ်တဲ့အာရှအသံ RFA ရုပ်မြင်သံကြားအစီအစဉ်
(ဖေဖော်ဝါရီလ ၁၆ ရက် ၂ဝ၁၂)

မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Vijay Nambir ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ၊
ပြည်ပရောက် မြန်မာနိုင်ငံသားများ နိုင်ငံမဲ့ မဖြစ်စေရဘူးလို့ သူရဦးရွှေမန်းပြော၊
နိုင်ငံရေးသမားတွေရဲ့ အသုံးချခံ မဖြစ်ဖို့ ရွှေညဝါဆရာတော်ကို အာဏာပိုင်တွေ ပြော၊
သုံးလ အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီနိုင်မယ်လို့ ဝန်ကြီး ဦးအောင်မင်းပြော၊
KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်အမှုအတွက်ဝန်ကြီး ဦးအောင်မင်းနဲ့ အရာရှိကြီး ၈ ဦးကို တရားခံပြသက်သေအဖြစ် တင်ပြ၊
မလေးရှားဝန်ကြီးချုပ်ဟောင်း Badawi ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၊
ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း ၍ NLD ကြေညာစာတမ်း ထုတ်ပြန်၊
မြန်မာအစိုးရ ဆက်ဆံရေး ပျော့ပြောင်းလာတာဟာ ဈေးကွက် စီးပွားရေး တိုးတက်ဖို့
အရေးကြီးတဲ့ ပွင့်လင်းမှုဖြစ်ကြောင်း အမေရိကန် GE ကုမ္ပဏီ ဒု-ဥက္ကဋ္ဌပြော ... စတဲ့သတင်းတွေနဲ့
ရွှေညဝါဆရာတော် ဒကာ ဒကာမတွေကို နှုတ်ဆက်တဲ့အနေနဲ့ ဆွမ်းခံကြွ၊
ကော့မှူးမြို့နယ် ဝါးသိင်္ခရွာက လူနေမှုဘဝ၊
"လွတ်လပ်ခြင်းအနုပညာ" ရုပ်ရှင်ပွဲတော် ဆန်ကာတင် ရုပ်ရှင်ဇာတ်ကား Fallow ... စတာတွေကို ဒီကနေ့ ကြည့်ရှုရမှာပါ။


RFA TVထုတ်လွှင့်မှုဖွင့်ပွဲတွင်ဒေါ်အောင်ဆန်းစုကြည်ပြောကြားထောက်ခံခဲ့ ။

ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်ပြီး TV RFA ရုပ်မြင်သံကြား အစီအစဉ်တွေကို ထုတ်လွှင့်နေပါပြီ။

အပတ်စဉ် တနင်္လာနေ့ ကနေ သောကြာနေ့၊ ညစဉ် မြန်မာစံတော်ချိန် ၈ နာရီခွဲမှ ၉ နာရီအထိ ဂြိုလ်တုက တဆင့် နာရီဝက်ကြာ ဖမ်းယူ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။
RFA ရုပ်မြင်သံကြား အစီအစဉ်တွေကို ApStar APR2R ဆက်သွယ်ရေး ဂြိုလ်တုကနေ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။

ဆက်သွယ်ရေး ဂြိုလ်တု တည်ရှိရာ လမ်းညွန်ချက်က ၇၆.၅ ဒီဂရီ အရှေ့ (76.5 degrees East) နဲ့ Band က C band ဖြစ်ပြီး Transponder က 6 A, Downlink frequency က 3840 Horizontal, Symbol Rate SR က 27500 နဲ့ FEC Rate က 3/4 ဖြစ်ပါတယ်။





စိုင်းစိုင်း ၊စန္ဒီနှင့် ယုန်လေး တို့ဆွဲဖွင့်လိုက်သောယဉ်ကျေးမှူတံခါးများ။(ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါမိတ်ဆွေ ဒါငါတို့မြန်မာတွေကွဆိုပြီးအရှက်ရစေမယ့်ဟာတွေပါ)

မြန်မာဟစ်ဟော့ဂီတလောကတွင် စိုင်းစိုင်းခမ်းလှိုင်နှင့်ယုန်လေးတို့ ၏ အနုပညာများကို
လူငယ်များသာမက လူလတ်ပိုင်းများပါ အရူးအမူး စွဲလန်းကြသည်။လူငယ်တို့ ၏ စံ အဖြစ်ပင်
သတ်မှတ်လောက်အောင် ချွန်ထွက်သော အနုပညာရှင်များ ဖြစ်လာကြပါသည်။
သို့သော် ပွင့်လင်းမြင်သာမှူနှင့် ယခင်အစိုးရ၏ ပိတ်ပင်မှူတို့ကို ရုတ်တရက်ဖွင့်ချလာသောအခါ
စပိန်ရိန်တစ်ခုကို ဖိထားသည်မှ ရုတ်တရက် လွှတ်လိုက်ကဲ့သို့ ဗြုန်းခနဲ ခုန်ထွက်လာကြပါသည်။
ဤသို့လူငယ်များ၏ စံ အနုပညာရှင်များ၏ အပြုအမူသည် လူငယ်ပတ်ဝန်းကျင်ကို လွှမ်းမိုးမူရှိ
ခြင်းကြောင့် အနုပညာ၏ အစွမ်းကို အလွယ်သုံးစား လုပ်၍ မရပါ...။
ယခု အခါ အနုပညာသမားများ၏ ပြည်သူကိုထုတ်ပြသော ဝတ်စားဆင်ယင်မူများကလည်း မြန်
မာ မျက်စိဖြင့် မသင့်တော်သော ဒီဇိုင်းများဝတ်ဆင်ခြင်းနှင့်လွှမ်းမိုးလာကြပါသည်..။
မော်ဒယ်များ၏ SEXY ပုံများ ဗီဒီယိုများသည် အင်တာနက်စာမျက်နှာနှင့် +18 ဟုခေါ်သော ကာမဆိုင်ရာ အပြာဆိုဒ်များတွင် ထိုသို့ဝတ်ဆင်သော အနုပညာရှင်များ၏ ပုံများက နေရာပြည့်လျှက်ရှိသည်။အချို့မော်ဒယ်များကလည်း တမင်ပင် ထိုသို့ဝတ်ဆင်ကာ ဓါတ်ပုံအရိုက်ခံသည်။ စပွန်ဆာ ရှာသည်ဟုပင် တွယ်ကျင်လာသည် ။
မြန်မာလူငယ်များအနေဖြင့် ဒီမိုကရေစီသဘောတရားကို နားမလည်ကြသေးပဲ ဒီမိုကရေစီရသည်ဆိုသည်မှာ မိမိလုပ်ချင်တာကို လုပ်လို့ရသည်..။တရားဥပဒေနှင့်ညှိစွန်းမှသာ
အရေးယူထောင်ချခြင်းခံရမည်.။သို့မဟုတ်ပါက မိမိနေချင်သလိုနေ လုပ်ချင်သလိုလုပ်၍ ရခြင်းကို ဒီမိုကရေစီဟုခေါ်သည် ဟု သတ်မှတ်နေသည်မှာ လွန်စွာ သနားဖွယ်ကောင်းလှသည်။ မြန်မာလူမှူပတ်ဝန်းကျင်တွင် ချစ်သူချင်း Kissing နှုတ်ခမ်းခြင်းတေ့စုပ်နမ်းခြင်းကို ဗြောင်ပြူလုပ်လာသည်.။အနုပညာရှင်များကလည်း ယခင်က ဆင်ဆာမိ၍ ခိုးထွက်လာသော +18 သီချင်းများကို ဗြောင်ပင် စင်ပေါ်တတ်ဆိုလာသည်။လမ်းမပေါ်၌ ဆိုင်ကယ်အုပ်စုမောင်းခြင်းများ ယာဉ်စည်းကမ်းနှင့် မညီညွှတ်သော နည်းလမ်းများ ပြုလုပ်ခြင်းတို့ ကို ဒီမိုကရေစီအားသားချက်ဟု ထင်နေသည်..။
သမီးရီးစားများ ကာမဆက်ဆံနိုင်ရန် အခန်းများငှားခြင်းကို ဆိုင်းဘုတ်ကြီးများတင်၍ ကြေငြာလာကြသည်။ထိုလုငယ်များ၏ ပါးစပ်က တောင့်တနေသော
ဒီမိုကရေစီ ဆိုသည်မှာ အဘယ်ကိုဆိုလိုပါသနည်း။
စိုင်းစိုင်းနှင့်စန္ဒီမြင့်လွင်တို့ ၏ လူငယ်များ စံထားရာ အားကျစရာ အတုယူစရာ ဖျောဖြေမှူ
ယခုလည်း ဟစ်ဟော့အဆိုတော် ယုန်လေးနှင့်စိုင်းစိုင်းတို့ ၏ ပရိသတ်ဖြေဖျော်မှူ ကို လွန်စွာ
ရွှံမုန်းဖွယ်တွေ့လိုက်ရပါသည်.။
ယခင်က အထင်ကြီးခဲံ့သော စိတ်များ မြောင်းထဲသို့ လွှင့်ပစ်
လိုက်ပါသည်။စင်ပေါ်တွင် အမျိုးသမီး၏ စကတ်လှန်ကြည့်ခြင်း /ရင်သားကိုင်တွယ်ခြင်း /အမျိုးသမီးအကျီဆွဲလှန်ကြည့်ပြခြင်းတို့ မှာ အနုပညာမည်သည်ပါလား..။
ယုန်လေး၏ အထင်ကြီးဖွယ်လေးစားဖွယ် ဖျော်ဖြေမှူ
အဘယ်နည်းးးး
မြန်မာနိုင်ငံသို့  အဘယ်ယဉ်ကျေးမှူများ သွတ်သွင်းနေပါသနည်း..
ထိုသို့ ဖျော်ဖြေလိုပါက အနောက်နိုင်ငံက ကလပ်များတွင် သွားရောက်ဖျော်ဖြေပါ
သို့မဟုတ် အိမ်နီးချင်း ထိုင်း နိုင်ငံသို့ သွားရောက်၍ ဖျော်ဖြေမှူလုပ်ပါ..
မြန်မာ လူမျိုး မဟုတ်ပါလော..
မြန်မာ လူမျိုးများလက်ခံသော အနုပညာကို သာ တင်ဆက်ကြပါ...။အနုပညာရှင်များ လိုချင်
သော ဆင်ဆာ ကင်းလွတ်ရေး အော်ဟစ်နေမှူကို ယခင်က အားပေးသော်လည်း ယခု အခါ
သံသယ ဝင်လာပါတော့သည်။
မကြာသေးခင်ကာလက လည်း စင်ပေါ်တွင် ဖာ လုပ်မည် သီချင်းကို ဗြောင်သီဆိုသည်ကို
ကျွန်တော်တို့ ရဲ့ အနုပညာသူရဲကောင်းကြီးသဖွယ် အဲ အခန်းဖြတ် ဇာတ်ကားဖြင့် နာမည်ကျော် ဒါရိုက်တာကြီးက မည်သို့မျှမတားဆီးပဲ မဝေဖန်ပဲ မသိချင်ယောင်ဆောင်နေပါ
သည်။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံရာ ရောက်သလို အားပေးရာလည်းရောက်သည်။
အဆိုပါအနုပညာရှင်တို့ ၏ လူရှေ့သူရှေ့တွင် အနုပညာကို မည်မျှချစ်ပါသည်။မည်မျှမြတ်နိုးပါသည်။အနုပညာ ကိုတိုးတတ်အောင် မည်သို့ကြိုးပမ်းမျှ စကား တို့ကို ယခုအချိန်မှစ၍ ဘီဘီစီမှလာသော ဟာသ သတင်းများကို နားဆင်သကဲ့သို့ 
ပြုံးပြီးသာ နားထောင်နေတော့မည်ဖြစ်သည်။

Posted By; မင်းကို (ဖူးစာရှင်ဆိုက်ဒ်မှ ထပ်ဆင့်မျှဝေပေးသည်)။

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။