MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, March 10, 2012

ဒီကနေ့ မြင်ရတဲ့ ကသာဈေးရဲ့  အနိဌာရုံ ။


မီးဘေးဒုက္ခကို ကယ်တင်ကြသူများ...
ကျွန်တော် မီးဘေးဒုက္ခသည်တွေအတွက် အခုအချိန်ဟာ မျှော်လင့်ချက်တွေမဲ့သလို ဖြစ်နေကြရတဲ့အချိန်ပါ..နှစ်
ပေါင်းများစွာ တည်ထောင်ခဲ့ရတဲ့ဘ၀ရပ်တည်ရေးဟာ ရှေ့မှာဘယ်လိုဆက်ပြီးစခန်းသွားရမယ်ဆိုတာ မသိတဲ့အချိန်....
မီးလောင်တဲ့ ကသာမြို့ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ
်ဦးသာအေးနဲ့ (ကသာသားဖြစ်တဲ့)စည်ပင်သာယာတိုင်းဒေသကြီးဝန်ကြီးတို့ရောက်လာပါတယ်၊ဦးသာအေးဆိုတာ အရင် ကျွန်တော်တို့စစ်ကိုင်းတိုင်းရဲ့တိုင်းမှူး၊တယကဥက္ကဌကနေ ဒီတိုင်းဒေသကြီးမှာပဲ ၀န်ကြီးချုပ်ဖြစ်လာတဲ့ပုဂ္ဂိုလ်၊
သူက မီးဘေးဒုက္ခသည်တွေကိုလေးထပ်ကျောင်းဝန်းက မီးဘေး ဒုက္ခသည်စခန်းမှာ ခေါ်ပြီးတွေ့ဆုံပါတယ်၊
အဲဒီမှာ သူပြောတာတွေက စိတ်ဝင်စားစရာပါ၊ ကသာမြို့ဟာ ခရိုင်မြို့ဖြစ်ပေမယ့် မီးသတ်ကားတွေဟာ အဆင့်မမှီတဲ့အကြောင်းပြောပါတယ်၊ဘာကြောင့်မှန်း မသိပါဘူး၊ဒုက္ခသည်တွေက လက်ခုတ်ဝိုင်းတီးကြပါတယ်၊ ခုမှ သိသွားတော့တယ်ဆိုတဲ့ အနေနဲ့လား၊နောက်ကို ကသာခရိုင်မီးသတ်တပ်ဖွဲ့ကြီးကို တိုးတက်အောင်လုပ်ပေးတော့မှာပဲဆိုတဲ့ အတွေးနဲ့ တီးတာလားတော့ မသိဘူးပေါ့ဗျာ၊အဲဒီမှာ သူဆက်ပြောတာက ဈေးကို ကံထရိုက်နဲ့ဆောက်ရင် ဘယ်လို.မြို့ကနေ ငွေကောက်ပြီးဆောက်ရင် ဘယ်လို ဆိုတာတွေပါ၊ ပြီးတော့ ဈေးသည်တွေကို ဘာလိုလဲပြောပါဆိုတော့ ဈေးသည်တစ်ဦးက ထပြီးပြောရှာပါတယ်..
“သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ ဈေးဆိုင်မှာသာပုံထားတာဖြစ်လို့ ဘသပျက်သွားပြီး ရှုင်းနှီးငွေမရှိတော့လို့ ငွေတိုးနည်းနည်း(ဘဏ်တိုးလောက်ပေါ့)ချေးပေးပါ”တဲ့၊
အဲဒီမှာ ဦးသာအေးပြောသွားတာက အားရစရာပါ၊ရပါတယ် ၊စီစဉ်ပေးမယ်၊
ဒါပေမယ့် အလကားတော့ချေးလို့ မရဘူး၊၁၀၀ကို ၂ကျပ်ခွဲ တော့ အတိုးပေးရမယ်တဲ့ ခင်ဗျား.၊

ဝဋ်ကြွေးရယ် ရီတာပေါ့...(၁)......(ဟာဂျူလီ.ကသာ)
ကျွန်တော်လေ သိတတ်စအရွယ်ကတည်း မတရားတဲ့ကိစ္စမှန်သမျှ ရှောင်ကြဉ်ခဲ့ပါတယ်၊ကိုယ်တိုင်ရှောင်ကြဉ်ရုံမကပါဘူ၊လေ
သူများတွေ မတရားလုပ်နေတာမြင်ရင်လည်း လက်ပိုက်ကြည့်မနေခဲ့ပါဘူး၊ဒါကြောင့်လည်း အာဏာရှင်ကြီးကြီးငယ်ငယ်တွေနဲ့
အမြဲလိုလို ထိပ်တိုက်ပါပဲ၊တစ်ခါ(လွန်ခဲ့တဲ့ ၁၅နှစ်ခန့်)က သက်ပန်းကျောင်းအလှူတစ်ခုမှာ (အဲဒီခေတ်အခေါ်)ခယကဥက္ကဌ ဒုတိယဗိုလ်မှူးကြီးမောင်မောင်ရယ် ၊
ဦးမြင့်ဆွေ(ကသာစည်ပင် ကွယ်လွန်)ရယ်၊စစ်ကိုင်းတိုင်းသမအသင်းဥက္ကဌဦးမောင်မောင်လေး (ကွယ်လွန်)ရယ်၊နဲ့ ထမင်းတစ်ဝိုင်းတည်းမှာဆုံမိကြပါတယ်၊ ထမင်း
စားကြရင်းနဲ့ဒုတိယ ဗိုလ်မှူးကြီးမောင်မောင်က “ဟာဂျူလီ.မင်းရေးလိုက်လို့ ဌာနဆိုင်ရာ တာဝန်ခံတစ်ယောက်ကို အရေးယူလိုက်တာ သိလား”လို့မေးပါတယ်၊
ကျွန်တော်ကလည်း သိတဲ့အကြောင်းနဲ့ အရေးယူခံရသူရဲ့ နာမည်နဲ့ ရာထူးတွေကိုပြောပြလိုက်ဖြစ်တယ်၊
“အဲဒီအမျိုးသမီးက ကိုယ်တို့ အုပ်ချုပ်ရေးပိုင်းကို အထူးကူညီနေတဲ့သူကွ..”
“ဟုတ်ကဲ့.ဒါလည်းသိပါတယ်ခင်ဗျာ”
“သိရင် ဘာဖြစ်လို့ သူ့အမှားကို တိုင်းသိပြည်သိ မဂ္ဂဇင်း(ဂျာနယ်မပေါ်သေးပါ)ထဲ ထည့်ရေးရတာလဲ၊မင်းရေးလိုက်တော့ သူ့ရဲ့ အထက်က လူကြီးတွေသိပြီး
အရေးယူခံလိုက်ရတော့ မကောင်းဘူးပေါ့”
“ဟုတ်ကဲ့၊ဗိုလ်မှူးကြီးကို တစ်ခုတော့ ပြန်မေးပါရစေခင်ဗျာ၊ဗိုလ်မှူးကြီးကရော အဲဒီအရာရှိရဲ့ လူထုအပေါ်ဆက်ဆံတဲ့ ဆက်ဆံရေးကိုသိပါသလား”
“ပြောပါဦး”
“ဟုတ်ကဲ့ ..သူနဲ့ပါတ်သက်ပြီး မြို့က လူဆင်းရဲတွေ ပြောနေဆိုနေကြတာကြာပါပြီ၊ရာထူးနဲ့ငွေပေးတဲ့သူတွေကိုသာ ၀န်ဆောင်မှုပေးပြီး မပေးနိုင်တဲ့သူဆိုရင်
လှစ်လျူရှု့တတ်တယ်တဲ့၊ဒါနဲ့ ကျွန်တော်သူ့ကို တစ်ရက်က သူလုပ်ဆောင်ပေးရမယ့်ကိစ္စအတွက် ၀န်ဆောင်မှုတောင်းပါတယ်၊မိနစ်ပိုင်းအတွင်းလုပ်
ဆောင်ပေးရမယ့်အစား(၄)ရက်ကြာပါတယ်၊အဲဒီကြားထဲ အာဏာပိုင်တွေ ရွှေဆိုင်ပိုရှင်တွေကိုတော့ ကျွန်တော်ရှေ့မှာတင်ကူညီပေးနေပါတယ်၊နောက်ဆုံး
ကျွန်တော်က ကျွန်တော့်ကို ဘာကြောင့်မလုပ်ပေးတာလဲမေးတော့ ဒီမယ်ကိုဟာဂျူလီ ငွေရှိတဲ့သူတွေ ကငွေပေးတယ်၊အာဏာရှိတဲ့သူတွေက လုပ်ပိုင်ခွင့်
ပေးတယ်၊ကိုဟာဂျူလီက ကျွန်မကို ဘာပေးနိုင်လဲတဲ့၊ကျွန်တော်ကပြောလိုက်ပါတယ် ဗိုလ်မှူးကြီးခင်ဗျား၊ကျွန်တော့်မှာတော့ ကလောင်ပဲရှိတာဆိုတော့ ကလောင်ပဲ
ပေးပါ့မယ်လို့၊အဲဒီအကြောင်းလေး အမှန်အတိုင်းပဲ ရေလျှာ့းလိုက်တာပါ”
“ထားပါတော့ဗျာ၊အခု ရုံးချုပ်ကစစ်ဆေးရေးတွေရောက်နေတယ်၊သူတို့တတွေစစ်ရင် ခင်ဗျား နည်းနည်းပါးပါးတော့ လျှော့ထွက်ဆိုပေးလိုက်ပါဗျာ
“ဟုတ်ကဲ့၊ကျွန်တော် ဗိုလ်မှူးကြီး မပြောခင်ကတည်းက လျှော့ထွက်ဆိုဖို့ စဉ်းစားထားပြီးသားပါ၊ကျွန်တော်လည်း သူ့ရဲ့ထမင်းအိုးကို ရိုက်ခွဲဖို့အထိ မရည်ရွယ်
ပါဘူး၊ပြည်သူလူထုကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိအောင်သာလုပ်တဲ့သဘောပါ”
“အေး.ဘာဖြစ်ဖြစ်ပေါ့ကွာ၊အကောင်းဆုံးဖြစ်အောင် ထွက်ဆိုပါ”
“ဟုတ်ကဲ့ ဗိုလ်မှူးကြီးက အခုလိုပြောတဲ့အတွက် ကျွန်တော်အစစ်မခံတော့ပါဘူး၊သူ့ကြောင့်ခံစားရတဲ့သူတွေကိုပဲ တိုက်ရိုက်အစစ်ခံခိုင်းပါမယ်”
ဗိုလ်မှူးကြီး ကျွဲမြှီးတိုသွားပါတယ်၊
“အေး.မင်းကိုငါ ပြတ်ပြတ်ပဲပြောထားမယ်၊ နောက်ကို ဌာနဆိုင်ရာအကြောင်းဘာမှမရေးပါနဲ့”
“ဘာဖြစ်လို့များလဲခင်ဗျာ”
“ဘာဘာညာညာမမေးနဲ့ကွာ၊နောက်ကို မင်းဌာနဆိုင်ရာအကြောင်းတွေရေးရင် ငါဖမ်းချုပ်မှာ”
ကျွန်တော်က အားရပါးရပြုံးပြီး
“ဟုတ်ကဲ့ ဗိုလ်မှူးကြီးခင်ဗျား၊ကျွန်တော်ဆက်ပြီးရေးရမှာပါ၊ဖမ်းတာ မဖမ်းတာက ဗိုလ်မှူးကြီးအလုပ်ပါ၊ကျွန်တော်ကလည်း ကျွန်တော်အလုပ်ကျွန်တော်လုပ်ရမှာပါ၊
တစ်ခုတော့ ပြောထားပါရစေ၊ကျွန်တော် သတင်းထောက်အလုပ် လုပ်မယ်ဆိုကတည်း မဖမ်းခံ အရိုက်နှက်ခံရမယ်ဆိုတာသိပါတယ်၊ဒါပေမယ့်ကျွန်တော် ဥပဒေ
အတွင်းက လုပ်မှာပါ၊ကျွန်တော်တို့မှာ တာဝန်အရေးသုံးပါးကလွဲရင် ရေးခွင့်ရှိပါတယ်၊(အမှန်ကတော့ အဲဒီအချိန်က ဘာမှရေးခွင့်မရှိပါ)နောက်တစ်ခုက ကျွန်တော်
တို့ မဂ္ဂဇင်းထဲမှာရေးတယ်ဆိုတာလည်း ဤရမ်းရေးနေတာမဟုတ်ပါဘူး၊စာပေစိစစ်ရေးက စစ်ဆေးပြီးခွင့်ပြုမှ ဖေါ်ပြရတာပါ၊စာပေစိစစ်ရေးက စစ်ဆေးတဲ့ပုဂ္ဂိုလ်တွေ
ဟာလည်း ခပ်ညံ့ညံ့တွေ မဟုတ်ကြပါဘူး”
ကျွန်တော်တို့အခြေအတင်ဖြစ်နေတာကို ကယ်တင်လိုက်သူက နိုင်ငံကျော်ဆရာတော်ကြီးဖြစ်တဲ့ ထီးချိုင့်နတ်ဆိုး(တည်တော်ဆရာတော်ကြီး)။
“အေး မင်းတို့ပြောနေတာ ငါကြားတယ်၊မင်းတို့ ဟာဂျူလီကိုတော့ ခပ်ပေါ့ပေါ့မထင်နဲ့၊သူ့စာတွေကို မင်းတို့လူကြီးတွေတောင် ဖတ်ကြတယ်”
(အမှန်ကတော့ ဟုတ်မှာမဟုတ်ပါဘူး၊(အဲဒီအချိန်ကာလ က)ဘယ်လူကြီးကများ အပြင်စာတွေဖတ်မှာတဲ့လဲ၊ဆရာတော်ကြီးက ကျွန်တော်လုံခြုံရေးအတွက်
ဟန့်လိုက်တာပဲ ဖြစ်မှာပါ) အဲဒီစကားကြောင့် သူတို့လည်းဘာမှ ထပ်မပြောကြတော့ပါဘူး၊ကျွန်တော်ကလည်း ရေးစရာရှိတာရေးမြဲပါ၊


ဝဋ်ကြွေးရယ် ရီတာပေါ့...(၂)......(ဟာဂျူလီ.ကသာ)
ထားပါတော့ အဲဒီလိုမတရားတဲ့ ကိစ္စတွေနဲ့ လုံးခြာရိုက်ပြီး စာရေးသားခြင်းတစ်ခုပဲလုပ်တဲ့သူဆိုတော့ စာတွေ ကာတွန်းတွေ မကြာခဏပိတ်ခံနေရ စိစစ်ရေးက အလွှတ်မပေးနဲ့
ဆိုတော့ ဘာဝင်ငွေမှမရှိ၊ဒီနေရာမှာကျွန်တော့် ဘ၀အတွက် ကံကောင်းခဲ့တာက ငွေကြေးပြည့်စုံတဲ့ အမေရှိနေခြင်းနဲ့ အမွေရတဲ့ဆိုင်ခန်းလေးနှစ်ခန်းမှာ ဈေးရောင်းကျွေးဖေါ်ရတဲ့
ဇနီး ရှိနေခြင်းပါပဲ၊ဒီနေရာမှာ ကြုံလို့ပြောရဦးမယ်၊တစ်ခါက ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဖေ(တပ်မှ အသွင်ပြောင်းလာသူ)က ဒုရဲမှူး(၂)ယောက် ခြံရံပြီး သူ့အိမ်မှာ
ကျွန်တော်ကို ခေါ်ယူဆွေးနွေးပါတယ်၊နိုင်ငံတော်ကို ထိပါးတဲ့အရေးအသားမျိုးနဲ့ ဆောင်းပါးတွေ သတင်းတွေမရေးဖို့ပေါ့၊ထုံးစံအတိုင်းနိုင်ငံတော်က ဘာတွေလုပ်နေပါတယ်ပေါ့၊
မှတ်မိသေးတယ်၊သူပြောခဲ့တာကို၊
“ကိုဟာဂျူလီ၊ခင်ဗျားရေးတဲ့ စာတွေ ကာတွန်းတွေကို ကျွန်တော်ဖတ်ရတာတော့ အဖျက်ကို ဦးတည်တယ်ဗျ၊ခင်ဗျားသိအောင် ပြောရရင် လမ်းတွေဖေါက်နေတယ်၊တံတားတွေ
ဆောက်နေတယ်၊ခင်ဗျားလည်း မြင်နေတာပဲ၊ဒါကိုတော့ ခင်ဗျားရေးတာ တစ်ခါမှ မတွေ့ဖူးပါလား”
“ဟုတ်ကဲ့ ရဲမှူးကြီးခင်ဗျား၊ကျွန်တော်စာရေးတယ်ဆိုတာ သူများရဲ့အတွင်းသဏ္ဍန်ကိုဖေါက်မြင်ပြီးရေးတာပါ၊ကျွန်တော်ပြောပါရစေ၊လမ်းတံတားတွေအိုမင်းပျက်စီးရင် ဘယ်အချိန်
မဆို ပြန်ပြင်လို့ရပါတယ်၊ဟုတ်ကဲ့၊စာရိတ္တပိုင်းပျက်စီးရင်တော့ ဘာမှလုပ်မရတော့ပါဘူး”
“ဘယ်သူတွေက ပျက်စီးနေလို့လဲ”
“ဟုတ်ကဲ့ ပျက်စီးနေတာတွေကတော့ အားလုံးပါပဲ၊ဥပမာဆိုရရင် ကျွန်တော်သားသမီးတွေကအစ ရဲမှူးကြီးအထိ (သူ့အထက်ကိုထည့် မပြောရဲလို့)ပါပဲ”
ဒုရဲမှူးကြီး မျက်နှာ ကွက်ကနဲဖြစ်သွားပါတယ်၊ပြီးတော့ ပြန် အိနြေ္ဒဆယ်ပါတယ်၊
“ကဲပါဗျာ၊ဒါတွေ ပြောမနေပါနဲ့တော့၊ခုခင်ဗျားကိုပြောချင်တာက ဘာတွေညာတွေ လျှောက်ရေးမနေနဲ့၊ခင်ဗျားဘာစီးပွားရေးလုပ်ချင်လဲ၊ကျွန်တော်တို့ အကုန်ကူညီပေးမယ်၊”
ကျွန်တော် ပြုံးပြီးပြောလိုက်တာက “ကျွန်တော်အတွက် ဘာမှမလိုပါဘူး၊ကျွန်တော် မိန်းမလုပ်စာနဲ့ ကျွန်တော် စားလောက်ပါတယ်”လို့..၊နဂိုရ်ကအသားညိုတဲ့ပုဂ္ဂိုလ်ကြီးမျက်နှာဟာ
မဲသည်းသွားပါတော့တယ်၊နောက်တော့ ပြန်လို့ရပါပြီဆိုတော့ ကျွန်တော်ပြန်လာတယ်၊အဲဒီခေတ်က ခုခေတ်လိုဆိုင်ကယ်တွေဘာတွေမရှိသေးတော့ စက်ဘီးလေးစီးပြီးပြန်လာတာပေါ့၊
အဲဒီအချိန်မှာ ခဏနေက ရဲမှူးကြီးစကားပြောနေတုန်း နဘေးမှာရှိနေတဲ့ ဒုရဲမှူး(၂)ယောက်ထဲတစ်ယောက်က သူ့ရဲ့စက်ဘီးလေး အပြင်းစီးပြီးလိုက်မှီလာပါတယ်၊ပြီးတော့
ကျွန်တော့် စက်ဘီးကို ခဏရပ်ပါဦးလို့ ပြောပါတယ်၊ကျွန်တော်ရပ်လိုက်တော့ ကျွန်တော့်ကို ဇွတ်လက်ဆွဲနှုတ်ဆက်ပြီး
“ကောင်းလိုက်တာ ကိုဟာဂျူလီရာ၊ကျွန်တော်နာမည် ဒုရဲမှူးလှရွှေပါ၊ကျွန်တော်တို့ သိပ်ပြောချင်တဲ့ စကားကို ပြောလိုက်တာ သိပ်ကောင်းတာပဲ၊ကျေးဇူးတင်တယ်ဗျာ”..တဲ့၊နောက်
ပိုင်းတော့ အဲဒီဦးလှရွှေဟာ ပင်လည်ဘူးမြို့နယ်ပြောင်းသွားပါတယ်၊သူနဲ့တွေခဲ့တဲ့ ကျွန်တော့်မိတ်ဆေါတွေနဲ့ တွေ့တိုင်းလည်း ကျွန်တော့်ရဲ့ သတ္တိအကြောင်းပြောပြတတ်တယ်တဲ့၊
သူ့နာမည်ကို ခုထည့်ပြောရတာကလည်း သူကဆုံးသွားပြီဖြစ်လို့ပါ၊ထားပါတော့ဗျာ.ကျွန်တော်ပြောချင်တာက ကျွန်တော်မိန်းမက ကျွန်တော်လုပ်ချင်တာတွေလုပ်နိုင်ဖို့ တစ်လျှောက်
လုံး ဈေးရောင်းကျွေးခဲ့တယ်၊ပါရမီဖြည့်ခဲ့တယ်၊
အဲ..အဲ မနှစ်ကတော့ အမျိုးသမီးမှာ အသည်းရောဂါ ဖြစ်လာပါတယ်၊စစ်လိုက်တော့ စီပိုးတဲ့၊ကုရမှာကလည်း တစ်နှစ်၊ကုန်မယ့်ငွေကလည်း သိန်းရာချီ..၊ကဲ အသက်ကပိုအရေးကြီး
ပါတယ်ဆိုပြီး ကုလာလိုက်တာ (၆)လကျော်လာပါပြီ၊မိန်းမက အလုပ်လည်းကောင်းကောင်း မလုပ်နိုင်တော့ ငွေရေးကြေးရေး ကကြပ်တည်းလာပါတယ်၊သူ့မိဘ ကိုယ်မိဘတွေကလည်း
ဝိုင်းကူလို့တော်သေးတာပေါ့၊ဆိုင်ကိုလည်း ဟန်မပျက် အပေါင်းအသင်းတွေရဲ့ အဟောင်းပေး အသစ်ယူတွေ ရနေတော့ ရုပ်ပျက်ဆင်းပျက် မရှိလှပါဘူး၊နောက်ကုရမယ့် ငွေကြေး
အတွက်တိုင်ပင်ပြီး ရှိတဲ့ဆိုင်ခန်းလေး(၂)ခန်းအနက် တစ်ခန်းကိုရောင်းပြီး ဆေးဖိုးလုပ်ကြမယ်လို့ရယ်ပေါ့၊ဖြစ်ချင်တော့ ကသာမြို့ဈေးလေးမီးလောင်လိုက်တာ ကုန်ပါလေရောဗျာ၊
ဝင်ငွေကလည်း မရှိတော့၊ ဆိုင်နေရာပြန်ပေးရင်တောင် ဆောက်ဖို့ငွေမရှိ၊ ကိုယ့်ရဲ့ အရေးရှိရင် ကယ်တင်ပေးလေ့ရှိတဲ့ မခင်ဆိုင်ကလည်း ကသာဈေးမီးလောင်တဲ့အထဲပါသွားလိုက်တာ.
ဘာပစ္စည်းမှပင် ပြန်မရလိုက်၊တောင်မင်းကို မြောက်မင်းက မကယ်နိုင်တဲ့အဖြစ်မျိုး၊မီးလောင်ရာပါသွားတဲ့ ကုန်ကြွေးအတွက်ကလည်း တမောက်၊ဆွဲထားတဲ့ ဆုကြေးတွေကိုရော ဘယ်လို
များ ပြန်ဆပ်နိုင်မှာတဲ့တုန်း၊အပေါင်းအသင်းတွေကို ပေးစရာတွေက တောင်းပန်ထားလို့ ဆိုင်းထားနိုင်သေးတယ်၊ဆေးကုဖို့က ပြသနာ၊ဆေးပါတ်ကလည်း ပြတ်လို့ မရ၊တွေးလိုက်ရင်
ရူးလောက်စရာ၊ဒီအချိန်ဟာ ဘ၀အတွက် အဆိုးဆုံးသော စိတ်ညစ်စရာ အချိန်တွေပါ၊ဒီလို ဒုက္ခတွေ သုက္ခတွေ ကြုံနေရတဲ့အချိန်မှာ “မင်း က ဟာသ ကာတွန်းတွေသရော်တဲ့စာတွေ
ရေးပြီး ငါတို့ကို လှောင်ပြောင်ခဲ့တာ ခုရော ဘာတတ်နိုင်သေးလဲ၊နောက်ကို ရေးရဲသေးတဲ့လား၊ရေးလို့ရော ရွှင်တဲ့စာတွေ ကာတွန်းတွေထွက်လာဦးမှာလားလို့ ဆိုခဲ့ကြရင်တော့..
ဟုတ်ကဲ့ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြပါလို့ပဲ ပြောလိုက်ရုံပါပဲခင်ဗျား...(ဒါတွေဟာ ဖြစ်ရပ် အမှန်တွေဖြစ်ပါတယ်ခင်ဗျား..ဟာဂျူလီ.ကသာ)
ခုလိုအခက်အခဲတွေနဲ့ တွေ့နေတဲ့အချိန်မှာ ကိုဟာဂျူလီရယ် စီးပွားရေးလုပ်စမ်းပါ၊ကျွန်တော်တို့လည်းကူညီပါ့မယ်ဆိုပြီးများ ထပ်ပြီးပြောလာခဲ့ရင်လည်း ဟုတ်ကဲ့ ထမင်းအငတ်ခံနိုင်ပါတယ်ဗျာလို့ပဲပြောမိလိုက်မှာပါ..
ခုလိုအခက်အခဲတွေနဲ့ တွေ့နေတဲ့အချိန်မှာ ကိုဟာဂျူလီရယ် စီးပွားရေးလုပ်စမ်းပါ၊ကျွန်တော်တို့လည်းကူညီပါ့မယ်ဆိုပြီးများ ထပ်ပြီးပြောလာခဲ့ရင်လည်း ဟုတ်ကဲ့ ထမင်းအငတ်ခံနိုင်ပါတယ်ဗျာလို့ပဲပြောမိလိုက်မှာပါ.

ကျွန်တော်တို့ တစ်မိသားစုလုံးကို ရှာကျွေးနေတဲ့ ဆိုင်ကလေး မီးလောင်သွားပြီဆိုတော့ ကျွန်တော်မျက်စိထဲ ပထမဆုံးပြေးမြင်မိတာက ကျွန်တော်ဆွဲခဲ့တဲ့ကာတွန်းကလေး..၊ပြပွဲတွေမှာတောင် ပိတ်ခံရလေ့ရှိတဲ့ကာတွန်း..တကယ်လို့သာ ကာတွန်းဆိုတာ ပြုပြင်စရာလို့ ယူဆပြီး ခေတ်မှီမီးသတ်တပ်ဖွဲ့သာဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ ကသာဈေးမီးထဲပါမှာမဟုတ်ပါဘူး၊ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဈေးလေးဟာ မီးသတ်တပ်ဖွဲ့ရဲ့ အရှေ့မှာတင်ရှိနေလို့ပါ၊ဘာဖြစ်ဖြစ်ကံကောင်းပါတယ်ဗျာ.မီးသတ်ကားတွေသာ မီးထဲပါသွားခဲ့ရင် ကျွန်တော်တို့ မီးဘေးဒုက္ခသည်တွေ မီးသတ်ကားဖိုးထည့်ဝင်နေရဦးမှာ(ဟာဂျူလီ.ကသာ)
ဟာဂျူလီ-ကသာ

MNN

"လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ်အမေးအဖြေ အစီအစဉ်


2010-11-26

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။

မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။

အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org" ဖြစ်ပါတယ်။

မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။

အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်

နားဆင်ရန်>>> လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာလ ၂၃ ရက်)

နားဆင်ရန်>>> လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာလ ၁၆ ရက်)

နားဆင်ရန်>>> လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာလ ၉ ရက်)

နားဆင်ရန်>>> လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာလ ၂ ရက်)


RFA (လွတ်လပ်တဲ့အာရှအသံ)

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် အရှင်ဆန္ဒာဓိကနှင့် ဆက်သွယ်မေးမြန်းချက်။



အရှင်ဆန္ဒာဓိကနှင့် ဆက်သွယ်မေးမြန်းချက် အသံဖိုင်နားဆင်ရန် ကျုနေရာတွင်နှိပ်ပါ။


ရွှေပါရမီတောရ ဆရာတော်လို့ လူသိများတဲ့ အရှင်ဆန္ဒာဓိကဟာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျပ်ငွေ ၁၂၈ သိန်း လှူဒါန်းကြောင်း သိရပါတယ်။



ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၃၂ နှစ်အရွယ်မှာ လုပ်ကြံခံလိုက်ရတာ၊ ဗိုလ်ချုပ် ကြိုးပမ်းဆောင်ရွက်ခဲ့လို့ ဇန်နဝါရီလ ၄ ရက်မှာ လွတ်လပ်ရေး ရခဲ့တာတွေကို အစွဲပြုပြီး ကျပ်ငွေ ၃၂ သိန်း ၄ ဆဖြစ်တဲ့ ၁၂၈ သိန်း လှူဒါန်းရတာလို့ ဆရာတော်က အာအက်ဖ်အေကို မိန့်ပါတယ်။ ရေနံချောင်းမြို့ဇာတိ အရှင်ဆန္ဒာဓိကဟာ ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က တက်ရောက် ပညာသင်ကြားဖူးတဲ့ ရေနံချောင်း အမျိုးသားကျောင်းမှာ တက်ရောက်ခဲ့တာကြောင့် ငယ်ငယ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အများအတွက် အနစ်နာခံတဲ့ စိတ်ဓာတ်ကို အားကျ အတုယူခဲ့ကြောင်း ဆရာတော်က မိန့်ပါတယ်။ လောလောဆယ် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မေရီလန်းပြည်နယ်မှာ ခေတ္တကြွရောက် သီတင်းသုံးနေတဲ့ အရှင်ဆန္ဒာဓိကကို အာအက်ဖ်အေက ကိုဉာဏ်ဝင်းအောင် ဆက်သွယ် လျှောက်ထား မေးမြန်းခဲ့ပါတယ်။

RFA

ကြံ့ဖွံ့ကို မဲပေးဖို့ မိုင်းရယ် ပြည်သူ့စစ်ခေါင်းဆောင် ခြိမ်းခြောက်


ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီိ (SNDP) ၏ ရှမ်းပြည်နယ်

မြောက်ပိုင်း မူဆယ်မြို့ ရုံးခွဲ ဖွင့်ပွဲကို၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းက ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Shan Land)


2012-03-07

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုသာ မဲထည့်ရမယ်ဆိုပြီး ဒေသခံတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ မိုင်းရယ် ပြည်သူ့စစ်ခေါင်းဆောင်ကို အရေးယူပေးဖို့ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားလိုက်ပါတယ်။


ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်တဲ့တွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ဖြေရှင်းပေးဖို့ ကျားဖြူပါတီက တောင်းဆိုချက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း အရေးယူဖြေရှင်းပေးမယ်လို့ ကတိပြု ပြောကြားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်္ဘာ ၁၆ ရက်က ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းက ရှမ်းပြည်နယ် လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်မြို့နယ်တွေမှာ ရွာလုံးကျွတ် အစည်းအဝေးတွေ ခေါ်ယူပြီး တခြားပါတီတွေကို မဲထည့်ရင် နေအိမ်မီးရှို့ခံရမယ်၊ ရွာကနေ နှင်ထုတ်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်နေရာနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်နေရာ လစ်လပ်နေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD၊ ကျားဖြူပါတီ SNDP၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ အဓိက ယှဉ်ပြိုင်ကြပါမယ်။

Copy Right From RFA

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ။


နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က
အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော်
အစည်းအဝေး တက်ရောက်နေကြသူများကို တွေ့ရစဉ်။ (ဓါတ်ပုံ - RFA)

ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေက ကျပ်သိန်းပေါင်း ထောင်ချီပြီး ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားကြောင်း မတ်လ ၈ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို ပေးပို့တဲ့ အစီအရင်ခံစာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှုဝန်ကြီးဌာနများရဲ့ ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေအကြောင်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာ ရောင်းရငွေ ကျပ်သိန်းပေါင်း ၂ ထောင့် ၅ ရာကျော် ငွေစာရင်း မသွင်းဘဲ အလွဲသုံးစား လုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိရပြီး ကျပ်သိန်း ၁ ထောင့် ၅ ရာကျော်သာ ပြန်ရခဲ့တယ်လို့ဆိုပါတယ်။

အမှတ် ၁ စက်မှုဝန်ကြီးဌာန အလွဲသုံးစားလုပ်မှုတွေမှာ မီးထိုးဆီ ဂါလံ ၂ သိန်းကို ချောက်ရေနံချက်စက်ရုံက ထုတ်ယူပြီး ပြင်ပလက်လွှဲရောင်းချခြင်း၊ မုံရွာကြေးနီစီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာ သန်း ၁၀၀ နဲ့ ဦးပိုင်လီမိတက်ကို ရောင်းချရာမှာ ဦးပိုင်လိမိတက် ကုမ္ပဏီကပေးရမယ့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးခဲ့ခြင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တွေ့ဆုံ မေးမြန်းပြီး ပြည်သူ့လွှတ်တော်ကို တင်ပြသွားဖို့ရှိတယ်လို့ လွှတ်တော် ငွေစာရင်းကော်မတီဝင် တစ်ဦးက ပြောကြားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။


ဒုတိယတုန်းကျောင်းသူကို ဒဏ်ရာအနာတရဖြစ်အောင်ရိုက်တဲ့အတန်းပိုင်ဆရာမ ။





ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အ.ထ.က(၂) စမ်းချောင်းမှာ ပညာသင်ကြားနေတဲ့ ဒုတိယတန်း ကျောင်းသူကို အတန်းပိုင်ဆရာမက ကျောင်းစာ မလုပ်ခဲ့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ဒုတိယတန်း ကျောင်းသူ မမိုးမြတ်သူဟာ နေမကောင်းတဲ့ ရက်အတွင်း လွတ်သွားတဲ့ စာတွေ လိုက်ကူးနေတဲ့အချိန်မှာ အတန်းပိုင်ဆရာမ ဒေါ်မိမိခင်က စာမလုပ်ဘူးဆိုပြီး ရိုက်နှက်ခဲ့တာကြောင့် ဘယ်ဘက်လက်မောင်းနဲ့ လက်ခလယ်မှာ ဒဏ်ရာအနာတရတွေ ရခဲ့ပါတယ်။အခုလိုမျိုး ဒဏ်ရာ အနာတရ ရခဲ့တဲ့အပေါ် ဆရာမ ဒေါ်မိမိခင်က လာေ၇ာက်တောင်းပန်တာမျိုး မရှိတဲ့အပြင် တစုံတရာ ကူညီဆောင်ရွက်ပေးမှုမျိုးလဲ မရှိတဲ့အတွက် ကလေးငယ်ရဲ့ မိခင်က သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ဒီကိစ္စကို စုံစမ်း အရေးယူပေးဖို့အတွက် တိုင်ကြားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘားမားဗီဂျေ

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။