MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, April 15, 2012

ကံမမြို့ နယ်မှာ လူစုလူဝေးနှင့် ဓါးမြတိုက်မှုဖြစ်ပွါး ။

ဓါးမြတိုက်မှုဖြစ်ပွါးပြီး အပျက်အဆီးများကိုတွေ့ ရစဉ်
မကွေးတိုင်း ကံမမြို့နယ်တွင် ၁၃.၄.၂၀၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင်
အမည်မသိသူ ဓါးမြ ၃၀၀ ခန့်လောက် သည် ဒေသခံ နေ
အိမ်များအား အတွင်း
အပြင်ရစရာမရှိအောင်ဖျက်ဆီးကာ ရွေငွေများလုယက် ခြင်းများ ဖြစ်ပွားခဲ့ပါသည်။

ည ၁၁ နာရီခန့်လောက်ထိဖြစ်ပွားခဲ့ပီး အိမ်ရှိသူများမှာ ကိုလွတ်ရုံးထွက်ပြေးကြရ
ကြောင်း ပစ္စည်းဆုံးရှုံးမှုများ စွာ ဖြစ်ပေါ်ခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များမှ

မေတ္တာရှင်မှ ကျေးဇူးတင်စကားပြောကြားခြင်း။

ကျေးဇူးတင်လွှာ။

ယနေ့ သင်္ကြန်အတက်နေ့ တွင် MTS Online Radio (www.myittarshin.com)၏ ၂၀၁၂ စင်ကာပူအင်္ကြန်(Toapayoh Burmese Temple)အလှူအတွက် အားတက်သရော ပျော်ရွှင်စွာ ကူညီပေးခဲ့ကြသော သူငယ်ချင်းများ။ ဦလေး နှင့်အဒေါ်။ မွေးမိခင်နှင့်ချစ်မမ တို့အား ကျနော် ကျော်မြတ်သူ(MTS) မှ အထူးကျေးဇူးတင်ရှိပါကြောင်း။နောက်နှစ်များတွင်လည်း ယခု ၂၀၁၂ အလှူကဲ့သို့  ကျနော်၏အလှူသို့ လာရောက် ဆက်လက်ကူညီပေးကြဖို့လည်းမျှော်လင့်ပါတယ်။နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလတွင် အလှူတန်းများစဉ်ဆက်မပြတ်ပြုလုပ်သွားမည်ဖြစ်ကြောင်းပြောကြားလိုပါတယ်။အလားတူစွာ ယနေ့  ကျနော်၏အလှူသို့ ကြွရောက်လာကြသော MTS Online Radio တေးချစ်ပရီတ်သတ်များနှင့် သူငယ်ချင်းများကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။



ပျော်ရွှင်သောနှစ်သစ်မှာပျော်ရွှင်သောနေ့ရက်များဖြင့်ဖြတ်သန်းနိုင်ကြပါစေ။

လေးစားခင်မင်စွာဖြင့်,
ကျော်မြတ်သူ (MTS Creator)
www.myittarshin.com

ဥုံ မဏိ ပဒ္မေ ဟုံ နှင့် ပစ္စယော




ဒီတော့ ဒီတိဘက်ကိုယ်တော်ကြီး တစ်ကိုယ်လုံး နံနေတာ တခြားမဟုတ်ဘူး။ ချမ်းလွန်းလို့ ရေမချိုးတာရယ်၊ မုန်ညင်းဆီ တကိုယ်လုံး လိမ်းထားတာရယ်၊ အဝတ်တွေက အထူကြီးထပ်ပြီးတော့ ဝတ်ထားတာရယ်၊ အဲဒီအကြောင်း သုံးပါးကြောင့် ဒီကိုယ်တော်ကြီး နံနေတာလို့ ဘုန်းကြီးက သဘောကျသွားတယ်။

နံပေမယ့် သူ့မန္တာန်ရချင်တာနဲ့ အနားကပ်ပြီးတော့ နားစွင့်လိုက်တော့မှ မန္တာန်ရဲ့အသံကို ဘုန်းကြီး ရလိုက်ပါတယ်။

''ဥုံ မဏိ ပဒ္မေ ဟုံ''တဲ့။

အဲဒါ တိဘက်ဘုန်းကြီး ရွတ်တဲ့မန္တာန်။ ထပ်ခါ ထပ်ခါ ရွတ်ပြီးတော့ လက်ထဲက သတ္ထုဗူးကလေးကို ယမ်းပြီးတော့ သူက လှုပ်နေတာ။ ဒါပဲ ထပ်ခါ ထပ်ခါ ရွတ်နေတယ်။

''မန္တာန်တော့ရပြီ''ဆိုပြီးတော့ ဒိုင်ယာယီထဲ ရေးမှတ်ထားလိုက်တယ်။
မှတ်ထားပြီးတော့ ဘုန်းကြီးလဲ ဒီရတနာဃရ ရွှေအိမ်ထဲမှာ ဘုရားရှင်ကိုယ်တော်မြတ်ကို ပဋ္ဌာန်းဒေသနာတော်နဲ့

လကုဏ္ဍကဘဒ္ဒိယသုတ်- ကြီးမြတ်သူအကြောင်း



လူငယ်သော်လည်း ပညာရှိသော သူသည်သာ ကြီးမြတ်သူ မည်၏၊

သူမိုက်သည် ကိုယ်သဏ္ဌာန် ကြီးသော်လည်း ကြီးမြတ်သူ မမည်။

လကုဏ္ဍကဘဒ္ဒိယသုတ်-

သာဝတ္ထိနိဒါန်း...
ထိုအခါ အသျှင်လကုဏ္ဍကဘဒ္ဒိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏၊
မြတ်စွာဘုရားသည် အသျှင်လကုဏ္ဍကဘဒ္ဒိယ လာနေသည်ကို အဝေးမှပင် မြင်တော်မူ၍ ရဟန်းတို့အား ဤစကားကို မိန့်တော်မူ၏-{{ရဟန်းတို့ သင်တို့သည် အဆင်းမလှသော ရူချင်ဖွယ်မကောင်းသော ပုကွသော ရဟန်းတို့၏ နှိပ်စက် ပြောဆိုခြင်းကို ခံနေရသော သဘောရှိသော လာနေသော ထိုရဟန်းကို မြင်ကုန် ၏လော}}ဟု (မိန့်တော်မူ၏)၊

အသျှင်ဘုရား မြင်ပါကုန်၏၊

ရဟန်းတို့ ...
ဤရဟန်းသည် ကြီးသောတန်ခိုးရှိ၏၊
ကြီးသော အာနုဘော်ရှိ၏၊
ထိုရဟန်း မ၀င်စားဖူးသော သမာပတ်ကို ရရန် မလွယ်၊
လူ့ဘောင်မှ (ရဟန်းဘောင်)သို့ ၀င်ရောက် (ရဟန်းပြု) ကြသော အမျိုးကောင်း သားများ လိုလားအပ်သောအတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘ၀၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ နေ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။ပ။

ထို့နောက် မြတ်စွာဘုရားသည် ဤဂါထာကို မိန့်တော်မူ၏-
{{ဟင်္သာ, ကြိုးကြာ, ဥဒေါင်း, ဆင်, ချေ, သမင်ဟု ဆိုအပ်သော အလုံးစုံသော သတ္တ၀ါတို့သည် ခြင်္သေ့မှ ကြောက်ကုန်၏၊ ကိုယ်သဏ္ဌာန်၌မူကား တူမျှခြင်း မရှိပေ။
ဤအတူသာလျှင် ...
လူတို့၌ ငယ်ပင် ငယ်သော်လည်း ပညာရှိသော သူသည်သာ ထိုလူများ အပေါင်း တွင် ကြီးမြတ်သူ မည်၏၊

သူမိုက်သည် ကိုယ်သဏ္ဌာန် ကြီးသော်လည်း ကြီးမြတ်သူ မမည်}} ဟု
(မိန့်တော်မူ၏)။

၆ - လကုဏ္ဍကဘဒ္ဒိယသုတ်၊ ဘိက္ခုသံယုတ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။