MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, April 23, 2012

စင်ကာပူနိုင်ငံမှ Sentosa ကမ်းခြေရှိပါတီများတွင်လည်းမြန်မာအမျိုးသမီးငယ်များပါဝင်နေ။(စင်္ကာပူအကြောင်း)

စင်ကာပူုနိုင်ငံတွင် ပါတီများနှင့်နိုက်ကလပ်များစွာရှိသည့်အနက် အချို့ သောကလပ်များနှင့်ဘီယာဘားများတွင် မလုံမလဲဝတ်စုံများဝတ်ပြီး ပျော်ပွဲရွှင်ပွဲများကျင်းပလေ့ရှိသည်။
ထိုပွဲများတွင်ယခင်က မြန်မာကျောင်းသူကျောင်းသားများအနည်းငယ်သာတွေ့ ရှိရသော်လည်း  ၂၀၁၁ နှစ်လယ်ပိုင်းမှာ ၂၀၁၂ အတွင်းတွင် သိသိသာသာ များပြားလာလျှက်ရှိသည်။
စင်ကာပူရောက် မြန်မာမိန်းကလေးသမီးပျိုများသည် နိုင်ငံခြားယဉ်ကျေးမှူကို၈၀%အတုယူခိုးချကျင့်ကြံလေ့ရှိကြသည်။ယခုနောက်ပိုင်းတွင် ပတ်ဝန်းကျင်အသိုင်းဝိုင်းကြောင့် ထိုညကလပ်များ။ပါတီနှင့် ဘီယာဘားများတွင် မြန်မာမိန်းကလေးအများစုလည်း  ၀င်ရောက်လာကြပါသည်။အချို့ သော ကလပ်များတွင် ၀တ်စားဆင်ယင်မှုသည်မြန်မာယဉ်ကျေးမှူနှင့်ယှဉ်လျှင် အတော်လေးပင် သရုပ်ပျက်လှပြီး

စင်ကာပူရောက်မြန်မာတို့ရဲ့ဒုက္ခနှင့် မြန်မာသံရုံရဲ့ ခေတ်နောက်ကျနေမှူများ



ဒီမနက် သံရုံးရှေ့ ကြိတ်တိုးနေရတဲ့ ရွှေမြန်မာများ (ဓာတ်ပုံ - Khin Kalayah Soe/facebook)


စင်ကာပူနိုင်ငံ မြန်သံရုံးရှေ့တွင် ဒီကနေ့ မနက်က ရွေမြန်မာများ နေကပူပူနှင့် ရုန်းရင်ဆန်ခတ်ဖြစ်နေကြရပါတယ်။

အကြောင်းကတော့ online Q စနစ်ကို ကောင်းမွန်စွာ update မလုပ်နိုင်ပဲ online တွင် Q ယူသမျှလူတိုင်းကို Q နံပတ်မပါ နေ့စွဲ သာပါရှိ တဲ့ FORM ကိုသာ ထုတ်ပေးလိုက်ရာ သံရုံးရှေ့တွင်

NLD ကိုအပြင်းအထန်ဝေဖန်ထားတဲ့ဦးကျော်ဆန်းရဲ့စာ။



ဦးကျော်ဆန်း (ဓာတ်ပုံ-ဧရာဝတီ)

အငြိမ်းစားဒုဗိုလ်မှူးကြီး ဦးကျော်ဆန်းက ပါတီကနေ နှုတ်ထွက်ကြောင်း NLD ဥက္ကဋ္ဌကို ဇန်န၀ါရီ ၅ ရက်နေ့က ပေးပို့တဲ့စာ ဒီကနေ့ ဧရာဝတီကို ရောက်လာပါတယ်။

ဦးကျော်ဆန်းက ၁၉၉၀ ရွေးကောက်ပွဲမှာ တန့်ဆည်မြို့ မဲဆန္ဒနယ်အမှတ် ၁ မှာ ရွေးကောက်ခံရသူပါ။ နောက်ပိုင်းမှာ သူ့ကို စစ်အစိုးရက အကြိမ်ကြိမ်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။

သူ့ရဲ့ နှုတ်ထွက်စာ စာမျက်နှာ ၄ မှာ ဖော်ပြထားတာက NLD ဟာ တနေ့တခြား "ဗဟိုဦးစီးစနစ်

အရှင်ဆန္ဒာဓိက၏ မှတ်သားဖွယ်ရာ တန်ဖိုးရှိသောစကားများ(အပိုင်း-၁)

အရဟံ=ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား။
အရဟံ=စိတ်ကွယ်ရာအရပ်တွင်ပင် မကောင်းမှူကို မပြုတော်မူသော မြတ်စွာဘုရား။
အရဟံ= ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။


နေတတ်မှအေးချမ်းမယ်။
 ဆင်းရဲကင်းပြီး ချမ်းသာချင်လျှင်
သမင်ချိုလိုမကျင့်နဲ့  ကြံ့ ချိုလိုကျင့်။
ကြခတ်ဝါးရုံလိုမကျင့်နဲ့   မျှစ်စို့ လိုကျင့်။
ကိုယ်အဖော်လည်း မငြိတွယ်နဲ့ 
စိတ်အဖော်လည်းမငြိတွယ်နဲ့ ။


                                              *********************************

ကြေးစားကောင်းမှူ

ပစ္စုပ္ပန်ကြီးပွားရေးအတွက်
ကုသိုလ်ကောင်းမှူပြုတယ်ဆိုတာ
ပစ္စုပ္ပန်စားဝတ်နေရေးအလုပ်လုပ်နေတာပါပူ။
တမလွန်ချမ်းသာရေးအတွက်
ကုသိုလ်ကောင်းမှုပြုနေတယ်ဆိုတာလည်း
ပစ္စုပ္ပန်စားဝတ်နေရေးအလုပ်လုပ်ရတာအားမရလို့ 
တမလွန်စားဝတ်နေရေးအလုပ်ကို
ခုကတည်းကကြိုပြီးလုပ်နေတာနဲ့အတူတူပါပဲ။

                                              ********************************* 

အစွဲသိမ်းမှ အမြဲငြိမ်းမယ် 

တရားအားထုတ်တဲ့ သူမှာ   ငါအစွဲ၊ငါ့ဥစ္စာအစွဲ
တဖြည်းဖြည်း လျော့ပါးလာပါတယ်။
ငါစွဲကင်းလေ ၊ စိတ်ချမ်းသာလေ
ငါ့ဥစ္စာ အစွဲကင်းလေ
စိတ်ငြိမ်းအေးလေပါပဲ။

                                              ********************************* 

အတွယ်အတာမများပါနဲ့ 

သက်ရှိသက်မဲ့ အာရုံတွေအပေါ်
အငြိအတွယ် အရှုပ်အယှက်များနေတဲ့သူဟာ
သမင်ချိုနဲ့ တူတဲ့ လူပါပဲ။
သမင်ချိုရဲ့ ငြိတွယ်ရှုပ်ယှက်မှူကြောင့်
သမင်ခမျာဆင်းရဲဒုက္ခရောက်ရသလို
အဖော်ခင်တဏှာရဲ့ 
ငြိတွယ်ရှုပ်ယှက်မှုကြောင့်
အဖော်ခင်မင်သူလူသားခမျာမှာလည်း
ဆင်းရဲဒုက္ခမျိုးစုံတွေ့ ကြုံခံစားရပါတယ်။  

We Generationလူမှုရေးအဖွဲ့ အား ဘုရားသန့်ရှင်းရေး မလုပ်ရန်တားမြစ်

လှိုင်သာယာမြို့နယ်၊အောင်မြေသာယာဘုရားဂေါပကအတွင်းေ
ရးမှူး၊ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သူမှဘုရားသန်းရှင်းရေးလုပ်ကိုင်နေသော We Generationလူမှုရေးအဖွဲ့ 
အား ၄င်းအဖွဲ့၏တူညီဝတ်စုံအားဝတ်ဆင်ပြီးဘုရားသန့်ရှင်းရေး မလုပ်ရန်နှင့်
၎င်းအဖွဲ့ အမည် We Generationအားပြောင်းလဲရန်တာြး
မစ်ဟန့်တားခဲ့ကြောင်းသိရပါသည်။
 
အခြားသောဂေါပကအဖွဲဝင် လူကြီးများနှင့်မြို့ခံလူထုက အောင်မြေသာယာဘုရား 

အား We Generation အဖွဲ့မှ ထိုသို့သန့်ရှင်းရေး လုပ်ဆောင်ခြင်း အလွန်သဘော 
ကျနှစ်ခြိုက်သော်လည်း အဆိုပါပြည်ခိုင်ဖြိုးပါတီဝင်ဘုရား ဂေါပကအတွင်းရေးမှူး 

နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ရင် အီးယူ ပိတ်ဆို့မှု လုံးဝ ရုပ်သိမ်းနိုင်မည်

2012-04-20
မြန်မာအစိုးရ အနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးမယ်ဆိုရင် အီးယူအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို လွတ်လွတ်ကျွတ်ကျွတ် ရုပ်သိမ်းပေးနိုင်တယ်လို့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။
AFP
ပိုလန်နိုင်ငံခြားရေးဝန်ကြီး Mr Radoslaw Sikorski ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပိုလန်မြို့တော် ၀ါရှောတွင် တွေ့ရပုံ ဖြစ်ပါသည်။
လာမယ့် ဧပြီလ (၂၃) ရက်နေ့ လူဇင်ဘတ်နိုင်ငံမှာ ကျင်းပမယ့် အီးယူ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှု အများစုကို တစ်နှစ်တိတိ ယာယီ ဆိုင်းငံ့ပေးဖို့ အီးယူအဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီထားကြကြောင်း ကြေညာအပြီးမှာ ပိုလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Radoslaw Sikorski က ပြောဆိုခဲ့တာပါ။
နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ပြီး၊ မြန်မာပြည် နောက်ပြန်မလှည့်နိုင်တဲ့ ဒီမိုကရေစီ

မဲခေါင်ဒေသ ဖွံ့ဖြိုးရေး ဂျပန်ကူမည်

2012-04-21
မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံအပါအ၀င် မဲခေါင်မြစ်ဝှမ်းဒေသ ၅ နိုင်ငံကို ဂျပန်နိုင်ငံက ဒေါ်လာ ၇ ဘီလျံကျော်ဖိုး ထောက်ပံ့ ကူညီမယ်လို့ နှစ်ဘက်အစိုးရတွေက ကြေညာလိုက်ပါတယ်။
AFP
မဟာမဲခေါင်ဒေသဆိုင်ရာ ညီလာခံကို တက်ရောက်နေသော ဂျပန် ၀န်ကြီးချုပ် ရိုရှီဟီကို နိုဒါ (၀ဲ) နှင့် မြန်မာသမ္မတ ဦးသိန်းစိန် (ယာ) တို့ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ကျင်းပသော အစည်းအဝေးတွင် တွေ့ရစဉ်။
ဂျပန် ၀န်ကြီးချုပ် ယိုရှိဟိကို နိုဒ က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ အရှေ့အာရှဒေသရဲ့ တည်ငြိမ်မှုနဲ့ ကြွယ်ဝမှုဟာ မဲခေါင်ဒေသအပေါ်

မြန်မာလူငယ်ကို ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ တာဝန်ပေးအပ်

2012-04-22
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးကို နိုင်ငံတကာ ဆိုရှယ်လစ် လူငယ်အဖွဲ့ချုပ် (IUSY) ညီလာခံက အာရှပစိဖိတ်ဒေသဆိုင်ရာတာဝန်ခံနဲ့ အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။
RFA
နိုင်ငံတကာ ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် (IUSY) ညီလာခံ၏ အင်တာနက်စာမျက်နှာ ဖြစ်ပါသည်။
တောင်အမေရိကတိုက်၊ ပါရာဂွေးနိုင်ငံမြို့တော် Asuncio’n အော်ဆွန်စီယမ်မှာ ဧပြီလ (၂၀) ရက်နေ့က စတင် ကျင်းပနေတဲ့ ဆိုရှယ်လစ်လူငယ် ညီလာခံကနေ အခုလို တာဝန်ပေး ခန့်အပ်ခဲ့တာဖြစ်ပြီး၊

ဥရောပသမဂ္ဂက လက်နက် တင်သွင်းရောင်းချမှုမှအပ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ ထားမှုများကို တစ်နှစ်ဆိုင်းငံ့မည်

7291
ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး Alain Juppe အား မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်
ဇန်န၀ါရီလက လာရောက်စဉ်အတွင်း တွေ့ရစဉ်
ဥရောပသမဂ္ဂက လက်နက်တင်သွင်း ရောင်းချမှုမှအပ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တစ်နှစ်ဆိုင်းငံ့မည် ဆိုသည်ကို မူအားဖြင့် သဘောတူညီ လိုက်ပြီဖြစ်ကြောင်း ဧပြီလ ၂၃ ရက် နေ့တွင် ကျင်းပမည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် နီးစပ်သည့် သံတမန်တစ်ဦး၏ ဧပြီလ ၁၉ ရက်နေ့ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။
လူဇင်ဘတ်နိုင်ငံ၌ ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပမည့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ

‘လွှတ်တော်မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့် အချိန်ကို စောင့်နေတာပါ’ ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား



72912
ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်း၌ ယနေ့ ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီ အထိ ပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာများက လွှတ်တော်သို့သွားရောက်ခြင်းပြု၊မပြုကိစ္စနှင့် ပတ်သတ်၍ ဝိုင်းဝန်းမေးမြန်းနေကြစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ကို မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့်အချိန်ကို စောင့်နေတာပါ” ဟု ဧပြီလ ၂၂ ရက်နေ့က ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရ

ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အဓိပတိ (အဖြူ)ယာဉ်လိုင်းမှ ရပ်ကွက်နေ ပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံ တိုင်ကြား

7299
အတိုက်ခံရသော အဓိပတိ(အဖြူ)ယာဉ်အား တွေ့ရစဉ်
ဧပြီ ၄ ရက်နေ့ကဖြစ်ပွား ခဲ့သော ဗန္ဓုလ သယ်ယူပို့ဆောင်ရေး  အဓိပတိ(အဖြူ )ယာဉ်လိုင်းမှ ရပ်ကွက်နေပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် မှ နိုင်ငံတော်သမ္မတထံ တိုင်ကြားထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်တွင် စက်ပျက်၍ရပ်ထားသော ပါရမီအဓိပတိ (အဖြူ) ယာဉ်လိုင်းမှ ကားတစ်စီးကို ဘေး ဂျင်း-ဂျစ်ကားတစ်စီးမှ ၀င်တိုက်မိရာ ဂျစ်ကားမောင်းသူမှာ ဒဏ်ရာရရှိသွားသဖြင့် ရပ်ကွက်နေပြည်သူများ မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊  ည ၁၁ နာရီခွဲအချိန်တွင် အဓိပတိ ယာဉ်လိုင်းမှ ဗိုလ်ကြီးအောင်သူ

ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ် ဖုန်းများကို အရောင်းဆိုင်များက ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချလျက်ရှိ

ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ် ဖုန်းများကို ရန်ကုန်မြို့ရှိ ဖုန်းအရောင်းဆိုင်များမှ ဈေးနှုန်းအမျိုးမျိုး ဖြင့်ရောင်းချနေပြီး ဟန်းဆက်နှင့် တွဲဖက်ရောင်းချသော ဆိုင်များလည်း ပိုမို များပြားလာကြောင်း စုံစမ်းသိရှိရသည်။
ပုံမှန်ရုံးဖွင့်ရက်များတွင် Elite Tech နှင့် ရတနာပုံတယ်လီပို့တို့မှ ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးသော်လည်း တန်းစီစောင့်ဆိုင်း၍ ၀ယ်ယူကြရကြောင်း သိရသည်။ မြို့နယ်အသီးသီးရှိ ဖုန်းအရောင်းဆိုင်များတွင်မူ စောင့်ဆိုင်းရန်မလိုဘဲ ၀ယ်ယူနိုင် သော်လည်း ဈေးနှုန်းမှာ

ယခုနှစ်သင်္ကြန်ကာလအတွင်း အမျိုးသမီးငယ်များနှင့် မင်းသမီးငယ်တချို့၏ ၀တ်စားဆင်ယင်မှုများမှာ အမြင်မသင့်တော်သည့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ ဖြစ်ခဲ့၊ယင်းသို့ ၀တ်စားဆင်ယင်ခြင်းဖြင့် ယဉ်ကျေးမှုကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူနိုင်

7294
Facebook ပေါ်တွင် ပျံ့နှံ့နေသော သင်္ကြန်ကာလ မြင်ကွင်းဓာတ်ပုံများ
၂၀၁၂ ခုနှစ်မဟာသင်္ကြန် ကာလအတွင်း သင်္ကြန်မဏ္ဍပ်များတွင် ရေကစားခဲ့ကြသူ၊ ရေပက်ခံထွက်သူ အမျိုးသမီးငယ်များနှင့် မင်းသမီးငယ် အချို့၏ သင်္ကြန်ကာလအတွင်း ၀တ်စားဆင်ယင်မှုများမှာ အမြင်မသင့်တော်သည့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများ ဖြစ်ခဲ့ပြီး ယင်းသို့ဝတ်စား ဆင်ယင်ခြင်းဖြင့် ယဉ်ကျေးမှု ကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူမှုများ ပြုလုပ်နိုင်သည်ဟု ထောက်ပြဝေဖန်မှုများ ရှိလာခဲ့သည်။ ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် အမျိုးသမီးငယ်အချို့နှင့် မင်းသမီးငယ်အချို့တို့၏ ၀တ်စားဆင်ယင်မှုများမှာ အများအမြင်တွင် မသင့်တော်သည့်အပြင် ၀တ်ဆင်သူသာမက မိဘဆွေမျိုး ပတ်ဝန်းကျင်

ဒေါ်အောင်ဆန်းစုကြည် ပတ်စ်ပို့လျောက်ထားတာ ခုချိန်ထိ မရရှိသေး

Photo (Education Digest)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြည်ပနိုင်ငံတွေကို
သွားရောက်လည်ပတ်ဖို့ ပတ်စ်ပို့လျောက်ထားတာ ခုချိန်ထိ မရရှိသေးကြောင်း
 အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို ကိုးကားပြီး ရန်ကုန်ကပေးပို့တဲ့ အေအက်ပီသတင်းမှာ ရေးထားပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံခြား ရေးဝန်ကြီးနဲ့ ဘရစ်တိန်ဝန်ကြီးချုပ်

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်ပ ခရီးစဉ် အမေရိကန်ကြိုဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၂၄) နှစ်အတွင်း ပထမဆုံး နိုင်ငံရပ်ခြား ခရီး စတင်မယ့်အပေါ် အမေရိကန်အစိုးရ က ကြိုဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လအတွင်း နော်ဝေး နဲ့ဗြိတိန်နိုင်ငံကို ခရီးထွက်ဖို့ စီစဉ်ထား ပါတယ်။ ဘယ်နိုင်ငံကို ဦးဆုံးသွားမလဲဆိုတာမသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်
နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr. Mark Toner က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ရောက်ရှိခဲ့တုန်းကလည်း
ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်း
ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးကိုဦးဆုံးသွားရောက်ဖွယ်ရှိတယ်လို့

ဒေါ်အာင်ဆန်းစုကြည် နော်ဝေးနဲ့ ဗြိတိန်ကို ဇွန်လအတွင်းသွားမည်

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာပြည်ပ ခရီးစဉ်ထွက်ဖို့ စီစဉ်ထားပါတယ်။ ငြိမ်းချမ်းရေးနိုဘဲလ်ဆု ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လထဲ နော်ဝေးနိုင်ငံကို သွားရောက်ဖို့ အစီအစဉ်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အတည်ပြုပါတယ်။ ဒါနဲ့ပတ်သက်လို့ VOA ဘန်ကောက်ရုံးကနေ Danielle Bernstein က သတင်းရေးသားပေးပို့ထားပါတယ်။ ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်မှာရှိတဲ့ သူ့နေအိမ်ကနေ နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ရှိရာရန်ကုန်မြို့ကို ၁၉၈၈ ခုနှစ်

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတချို့ အမေရိကန် လျှော့ပေါ့လိုက်ခြင်း

ဧပြီလအစောပိုင်းက ကျင်းပခဲ့တဲ့ အထင်ကရ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံမှာ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး ဖြစ်လာအောင် တွန်းအားပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ မြန်မာနိုင်ငံအပေါ် နှစ်ရှည်လများ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲက တချို့ကို အမေရိကန်က ဒီတပတ်အတွင်း လျှော့ပေါ့ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း လူသားချင်း စာနာကူညီတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် လူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့တွေ၊ ဘာသာရေးနဲ့ တခြားသော လူမှုရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ဆောင်ရွက်ခွင့်ပေးသွားမယ့်အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အင်္ဂါနေ့က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီအထဲမှာ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အကူအညီတွေ၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ၊ ပညာရေးနဲ့

ထိုင်းမှာ ရောင်းစားခံရတဲ့ မြန်မာတချို့ လွတ်မြောက်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီ ခရိုင်မှာ လှေလုပ်သားတွေအဖြစ် အလုပ်လုပ်ဖို့ ရောင်းစားခံရတဲ့ မြန်မာနိုင်ငံက ကလေး သုံးယောက် အပါအဝင် မြန်မာ နိုင်ငံသား အယောက် ၂၀ ကို ထိုင်းနိုင်ငံမှာ သောကြာနေ့က ကယ်တင်နိုင်ခဲ့ ပါတယ်၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းနဲ့ ထိုင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတွေ ပေါင်းပြီး ကယ်တင်နိုင်ခဲ့တဲ့ အကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက စုံစမ်းမေးမြန်းတင်ပြထားပါတယ်။

တလခွဲကြာ သတင်းအချက်အလက်တွေ စုဆောင်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံသား ၂၀ ကို အခက်အခဲတွေ

မြန်မာအကြွေး ဒေါ်လာသန်းထောင်ချီ ဂျပန်လျှော်မည်။


ဓာတ်ပုံ ASSOCIATED PRESS
ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဧပြီလ ၂၁၊ ၂၀၁၂)
ဂျပန်နိုင်ငံအပေါ် မြန်မာတင်နေတဲ့ ဒေါ်လာသန်းပေါင်း ၃,၀၀၀ ကျော်ကို လျှော်ပေးမယ်လို့ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ (Yoshihiko Noda) က ကြေညာလိုက်ပါတယ်။ အခြေတည်စ ဒီမိုကရေစီစနစ်ဆီ ပြောင်းလဲရေး လုပ်ငန်းတွေမှာ ကူညီနိုင်ရေးအတွက် ခုလို အကြွေးတွေကို လျှော်ပေးမှာ ဖြစ်သလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့အတွက်လည်း အကြွေးပြန်ပေးတော့မယ်လို့ ဂျပန်က ပြောခဲ့တဲ့အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။
ဂျပန်နဲ့ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ ထိပ်သီးစည်းဝေးပွဲ အပြီး သမ္မတဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ တို့ စနေနေ့က တိုကျို မြို့တော်မှာ

ဧပြီလ ၂၃ ရက်နေ့အတွက်တရားတော်ထုတ်လွှင့်မှူအစီစဉ်နှင့် သီချင်းအစီစဉ်။

တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ ခင်ဗျာ....

၂၃ရက် ဧပြီလ ယနေ့မနက်၂ နာရီမှ နေ့လည် ၁၂ ရီအထိ တရားတော်များကို MTS Online Radio မှထုတ်လွှင့်ပေးနေပါသည်ခင်ဗျာ။ အရှင်ဥတ္တမ။အရှင်ဦးသောမ နှင့် ယောဆရာတော်ဘုရားကြီးတို့ ဟောကြားသောတရားတော်များကို www.myittarshin.com (or) http://209.212.144.155/MTS တွင်တိုက်ရိုက်နာယူနိုင်ပါတယ်ခင်ဗျာ။မိမိတို့နားဆင်လိုသောတရားတော်များရှိပါက mts@myittarshin.com or mts4u@myittarshin.com သို့ အီးမေးဖြင့်တောင်းဆိုနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။
 
သီချင်းများနားဆင်လိုပါကလည်း mts4u@myittarshin.com သို့ မိမိ Gtalk မှ ဖိတ်ကြားပြီး မေတ္တာရှင်အွန်လိုင်းရေဒီယိုဒီဂျေများမှ လက်ခံပေြး့ပီးသောအခါတွင် မိမိနားဆင်လိုသောသီချင်းများကို သက်ဆိုင်သူအတွက် (သို့ )မွေးနေ့သီချင်း(သို့)ထိမ်းမြားလက်ထပ်သီချင်း နှင့် ရပ်ဝေးမှ သူငယ်ချင်းများအတွက်လည်း
လေလှိုင်းပေါ်မှ တဆင့် တိုက်ရိုက် တောင်းဆိုနိုင်ပါသည်ခင်ဗျာ။
 
 နားဆင်အားပေးနေကြသော MTS Online Radio တေးချစ်ပရိတ်သတ်များနှင့် တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့အား ကျနော် ကျော်မြတ်သူ(MTS Creator) မှ အထူးကျေးဇူးတင်ရှိပါသည်။
 
 
ကျော်မြတ်သူ(မေတ္တာရှင်အွန်လိုင်းရေဒီယို)
 

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။