MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, May 5, 2012

မြန်မာလွှတ်တော် ကိုယ်စားလှယ်များ ဂျာမဏီ လေ့လာရေးခရီး စတင်

2012-05-04
ဂျာမဏီနိုင်ငံက လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်လေ့လာဖို့ မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကနေ ထွက်ခွာသွားပါတယ်။
မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေအတွက် ပထမဆုံး ဥရောပခရီးစဉ် ဖြစ်ပါတယ်။ ဒီအစီစဉ်ကို ဂျာမဏီနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ LDP ပါတီနဲ့ နီးစပ်တဲ့ Friedrich Naumann Foundation က ဖိတ်ခေါ်ခဲ့တာ ဖြစ်တယ်လို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က

ထိုင်းစက်ရုံမှ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ကိစ္စ ဆန္ဒပြနေ

2012-05-05
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့ဒေသရှိ လယ်ယာစက်မှု ပစ္စည်းထုတ်လုပ်တဲ့ Fly Star စက်ရုံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၂) ဦးဟာ သူတို့ရဲ့ ယာယီပတ်စပို့ဖိုးအတွက် လုပ်အားခထဲက ဖြတ်တောက်ခဲ့တာ ကြေသွားပြီဖြစ်ပေမယ့် သူတို့ပိုင်ဆိုင်တဲ့ ပတ်စပို့ကို လုပ်ငန်းရှင်ဖြစ်သူက ပြန်ထုတ်မပေးတဲ့အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ သိရပါတယ်။
(Photo: RFA)
မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင် ထုတ်ပေးသော ယာယီ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ဖြစ်ပါသည်။ (Photo: RFA)
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU နဲ့ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ဒီအလုပ်သမားတွေဟာ သူတို့ရဲ့

ဒီကေဘီအေ ခေါင်းဆောင်ကို လွဲပြောင်းပေးဖို့ မြန်မာအစိုးရကို ထိုင်း တောင်းဆို

2012-05-04
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ( DKBA ) ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးမှုနဲ့ ထိုင်းနိုင်ငံမှာ တရားရင်ဆိုင်ရေးအတွက် လွဲပြောင်းပေးဖို့ ထိုင်း ဒုတိယ ၀န်ကြီးချုပ်က မြန်မာအစိုးရကို တောင်းဆိုလိုက်ကြောင်း The Nation သတင်းစာက ဖော်ပြပါတယ်။
RFA
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် (ရှေ့တန်းဘယ်မှ တတိယ) ဖြစ်ပါသည်။
ပြီးခဲ့တဲ့လက ထိုင်းအစိုးရက မူးယစ်ရာဇာ ၂၅ ဦးကို အလိုရှိသူစာရင်း ထုတ်ပြန်လိုက်ပြီး ဆုငွေ ဘတ် (၁၀) သိန်း ပေးမယ်လို့ ကြေညာခဲ့ရာမှာ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလားပွယ်ရဲ့အမည်လည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ သက်သေအထောက်အထား မပြည့်စုံရင် ထိုင်းတရားရုံးက လက်ခံမှာမဟုတ်လို့ အခုလို ဆင့်ခေါ်ရတာ ဖြစ်ကြောင်း ထိုင်း ဒု ၀န်ကြီးချုပ် Chalerm Yoobam-rung က မနေ့က ပြောဆိုခဲ့ပါတယ်။
ဗိုလ်မှူးချုပ် စောလားပွယ်ကလည်း သက်သေအထောက်အထား အမှန်သိရအောင် မိမိတို့ဆီကို ထိုင်း

သုံးခွမြို့နယ် ရွာ ၆၀ ကျော် သောက်သုံးရေ စိုးရိမ်ဖွယ် ရှားပါး

2012-05-04
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် မုတ္တမပင်လယ်ကွေ့အနီးက ကျေးရွာပေါင်း ၆၀ ကျော်မှာ သောက်သုံးရေ ရှားပါးခက်ခဲနေတာ တစ်လကျော် ကြာသွားပြီဖြစ်ပေမဲ့ အခုထိ အကူအညီ အလုံအလောက် မရရှိဘဲ ဖြစ်နေပါတယ်။
RFA
မြန်မာနိုင်ငံတွင် ရေရှားပါးသော ဒေသများ၌ ရေစည်လှည်းဖြင့် လိုက်လံရောင်းချသော ရေကို အားထားနေကြရပါသည်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီတွေ နှောင့်နှေး ကြန့်ကြာနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
အဲဒီရွာတွေဆီကို သုံးခွမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တသီးပုဂ္ဂလ အလှူရှင်တွေ တတ်နိုင်သလောက် သွားရောက်ပြီး သောက်ရေတွေ လှူဒါန်းနေကြသလို ရေချိုတွင်း တူးဖော်ရေးတွေ

အရှင်ဂန္ဘီရ ဆေးကုသခွင့် အငြင်းခံရ။

2012-05-03
ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ အရှင်ဂန္ဘီရကို ဆေးဝါးကုသပေးနေတဲ့ မိတ္တီလာမြို့က စိတ်ရောဂါ အထူးကုဆရာဝန်ကြီး ဦးမြင့်ဆွေက ဆက်လက် ဆေးဝါးကုသ မပေးနိုင်တော့ကြောင်း ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မြောင်းမြ အကျဉ်းထောင်မှ ပြန်လည်လွန်မြောက်လာသူ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင် ဂမ္ဘီရကို မဂ္ဂင်ကျောင်းတွင် သတင်းသုံးနေစဉ် တွေ့ရပုံ။ ဓာတ်ပုံ - RFA

နိုင်ငံရေးအရ နာမည်ကျော်ကြားသူ ဖြစ်တဲ့အတွက် တခြားအရှုပ်အရှင်းတွေ ဖြစ်မှာစိုးတာကြောင့်

SSA မြောက်ပိုင်း နယ်မြေထဲ အစိုးရစစ်ကြောင်း အလုံးအရင်းနဲ့ ၀င်ရောက်လှုပ်ရှား

2012-05-04
အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA မြောက်ပိုင်းတပ်မတော် အခြေစိုက်နယ်မြေထဲကို အစိုးရစစ်ကြောင်းတွေ အလုံးအရင်းနဲ့ ၀င်ရောက်လှုပ်ရှားလာတဲ့အတွက် ထိပ်တိုက်ရင်ဆိုင် တွေ့လာရင် ပြန်လည်ခုခံသွားမယ်လို့ SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဒီကနေ့ အာအက်ဖ်အေကို ပြောပါတယ်။
(Photo: AFP)
ထိုင်း-မြန်မာနယ်စပ်၊ ဒွိုင်တလန် စခန်းတွင် စစ်လေ့ကျင့်နေသော ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၁ လက်အောက်ခံတပ်တွေနဲ့ သိန္ဒီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာချုပ် စကခ ၁၆ လက်အောက်ခံ အစိုးရတပ်တွေဟာ ဧပြီလကုန်ပိုင်းကစလို့ SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့တပ်မဟာ ၁၅၃ အခြေစိုက်ရာ

ထိုင်းစက်ရုံမှ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ကိစ္စ ဆန္ဒပြနေ။

2012-05-05

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့ဒေသရှိ လယ်ယာစက်မှု ပစ္စည်းထုတ်လုပ်တဲ့ Fly Star စက်ရုံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၂) ဦးဟာ သူတို့ရဲ့ ယာယီပတ်စပို့ဖိုးအတွက် လုပ်အားခထဲက ဖြတ်တောက်ခဲ့တာ ကြေသွားပြီဖြစ်ပေမယ့် သူတို့ပိုင်ဆိုင်တဲ့ ပတ်စပို့ကို လုပ်ငန်းရှင်ဖြစ်သူက ပြန်ထုတ်မပေးတဲ့အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ သိရပါတယ်။

(Photo: RFA)

မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင် ထုတ်ပေးသော ယာယီ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ဖြစ်ပါသည်။ (Photo: RFA)

နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU နဲ့ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ဒီအလုပ်သမားတွေဟာ သူတို့ရဲ့ ယာယီပတ်စပို့ဖိုး ကုန်ကျငွေကို လုပ်အားခထဲကနေ တလ ၄၀၀၀ ဖြတ်ခဲ့တာမှာ ပြည့်ပြီးခဲ့ပေမယ့် အခုအချိန်အထိ ပတ်စ်ပို့ကို လုပ်ငန်းရှင်က ထုတ်မပေးပဲ နေတာဖြစ်ပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ ရဲကစစ်လို့ ပတ်စပို့ မိတ္တူပဲ ပြနိုင်တဲ့အတွက် တခါဖမ်းရင် ဘတ်ငွေ (၅၀၀) ပေးရနေရတာကြောင့်

အသက်မွေးဝမ်းကျောင်း ပညာရပ် သင်ကြားပေးဖို့ အလွန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော





မြန်မာနိုင်ငံမှာ အသက်မွေးဝမ်းကြောင်း ပညာရပ်ကို သင်ကြားပေးဖို့ အလွန် အရေးကြီးကြောင်း မေလ ၃ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် NLD ရုံးခန်း
ဖွင့်လှစ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်ပါတယ်။ ရုံးဖွင့်ပွဲကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နာယက ဦးတင်ဦးနဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဒေသခံ ပြည်သူအပါအဝင်
လူဦးရေ ထောင်နဲ့ချီ တက်ရောက် လာခဲ့ကြပါတယ်။ တဆက်ထဲမှာလည် မေလ ၂ ရက်နေ့ လွှတ်တော် အစည်းအဝေး အတွေ့အကြုံနဲ့ ပတ်သက်လို့ ဒေသခံပြည်သူ တွေကို ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် ရှင်းပြ ပြောဆို ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်အစည်းအဝေးတက်ရောက်။

 
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ မေလ ၂ ရက်နေ့က လွှတ်တော် အစည်းအဝေး
တက်ရောက်ပြီး ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပါတယ်။ အဲဒီလို ကျမ်းသစ္စာ ကျိန်ဆိုရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ကျမ်းကျိန် စာသားကို တိုင်ကြား ပေးခဲ့ခြင်း ဖြစ်ပါတယ်။
 ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးရဲ့နောက်ဆုံးနေ့အဖြစ် ကျင်းပတဲ့ ဒီ လွှတ်တော် အစည်းအဝေးမှာ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေလည်း တက်ရောက် သတင်းယူခွင့်
 ရရှိ ခဲ့ကြပါတယ်။


တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။