MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။
*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*
"MTS Online Radio"
မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။
မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။
Video Downloader Software
Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<
Sunday, May 6, 2012
ကော့သောင်းနှင့်ကျောက်မီးသွေး အန္တရယ်-၂
ကျောက်မီးသွေးဓါတ်အားပေးစက်ရုံကြောင့် လျှပ်စစ်ဓာတ်အားကို ဈေးပေါပေါနဲ့ ရမှာဖြစ်လို့ ကြိုဆိုတယ်၊ သို့သော်လည်း စက်ရုံကိုတော့ မြို့ထဲမှာ မလုပ်ပါနဲ့၊ မြို့ပြင်မှာ ဆောက်ကြပါ လို့ ကော့သောင်းက လာတဲ့ စာတစောင်မှာ အခုလို ရေးထားပါတယ်။
သို့
နိုင်ငံတော်သမ္မတ
နေပြည်တော်
အကြောင်းအရာ။ ။ ကော့သောင်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံအား လူနေရပ်ကွက်များနှင့် ဝေးရာသို့ ပြောင်းရွှေ့ပေးပါရန် သနားခံတင်ပြခြင်း။
အထက်ပါအကြောင်းအရာနှင့် ပက်သက်၍
ဒုသမ္မတ တင်အောင်မြင့်ဦး နုတ်ထွက်စာတင်
သမ္မတ ဦးသိန်းစိန်၊ ကာချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ရသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - ဧရာဝတီ)
ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ ကာလမှာ ခေါင်းမာဂိုဏ်းသားတဦးအဖြစ်လည်း လူသိများ၊ ရှစ်လုံးလို့လည်း အများသိကြတဲ့ ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး ရာထူးကနေ နုတ်ထွက်လိုက်ပြီလို့ သိရပါတယ်။
အသက် ၆၁ နှစ် ရှိပြီဖြစ်တဲ့ ဦးတင်အောင်မြင့်ဦးဟာ စင်ကာပူမှာ ဆေးကုသမှု ခံယူပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် မေလ ၃ ရက်နေ့မှာ နုတ်ထွက်စာ တင်တာ ဖြစ်တယ်လို့ VOA က
သီဟ သူရ တင်အောင်မြင့်ဦး (ဗိုလ်ချုပ်ကြီးဟောင်း) ရဲ့ သမိုင်းကြောင်း
သီဟ သူရ တင်အောင်မြင့်ဦး (ဗိုလ်ချုပ်ကြီးဟောင်း) 
(ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ မင်းတြားကြီး သန်းရွှေနှင့် နေပြည်တော်ခိုးသားများ ထဲက တပိုင်းကို ပြန်လည်ဖော်ပြပါတယ်)
၁၉၈၈ ဖြစ်ပွားခဲ့တဲ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုကြီးကို ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ရဲ့ သွေးထိုးလှုံ့ဆော်မှု ကြောင့်လို့ စွပ်စွဲပြီး ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းနေချိန် မြန်မာပြည်အရှေ့ဘက်ခြမ်း တရုတ်မြန်မာ နယ်စပ်တလွှားမှာ ဗကပ ထိုးစစ်ကိုလည်း မြန်မာ စစ်တပ်က အသည်းအသန် ခုခံရင်ဆိုင်ခဲ့ရတယ်။ ဒီတိုက်ပွဲတွေမှာ DSA အပတ်စဉ် ၁၂ ဆင်း ဗိုလ်မှူး တင်အောင်မြင့်ဦးက ခလရ ၁၁ ဒု တပ်ရင်းမှူး အဖြစ် တာဝန်ထမ်းခဲ့တယ်။ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မှူးစိုးလွင် တိုက်ပွဲကျသွားတော့ ဒု ရင်းမှူးဖြစ်တဲ့ တင်အောင်မြင့်ဦး က
တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့ရတဲ့မီးရထားဝန်ထမ်းနှစ်ဦးကိုဘယ်လိုတာဝန်ယူမလဲ???
အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မျိုးကို မဖုံးကွယ်ကြပါနဲ့ ၊ တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ စက်ခေါင်းမှူး ဦးသန်းဦးနဲ့  စက်ခေါင်းမှူးလက်ထောက် (၁) ဦးမောင်မောင်တို့ အတွက် နစ်နာဆုံးရှုံးမှုတွေကို နိုင်ငံတော်အနေနဲ့  တာဝန်ရှိပါတယ်။
ဂေါက်ရိုက်နေတဲ့ ဦးသန်းရွှေနဲ့ အစိုးရဂိုဏ်းသားများ အပြောင်းအလဲ
The Lady ဇာတ်ကား ဇာတ်ဝင်ခန်းထဲက ဂေါက်ရိုက်နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
နေပြည်တော် ဂေါက်ကွင်းမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေ တယောက် နေ့စဉ်နီးပါး ဂေါက်ရိုက်နေတယ်လို့ သိရပါတယ်။ ကျန်းမာရေးမကောင်းဘူး၊ ကွယ်လွန်ပြီဆိုတဲ့ ကောလာဟလ သတင်းတွေက ဦးသန်းရွှေအတွက်တော့ ယတြာချေပေးလိုက်သလိုပါပဲ။
မြင်တွေ့နေရသူ တချို့အပြောအရ အဖိုးကြီး (ဦးသန်းရွှေ) ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပါပဲ၊ ဦးအေး (ဒု ဗိုလ်ချုပ်ကြီး [ဟောင်း] မောင်အေး) နဲ့ နေ့တိုင်း ဂေါက်ရိုက်နေတာပဲလို့ ပြောကြတယ်။ 
ဒါပေမယ့် လက်ရှိ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တယောက်ကတော့ ကျန်းမာရေး
မြန်မာသီချင်းများဆိုတဲ့ မြောက်ကိုရီးယားလုံမလေးများ။
♫ ♪♫ အို ၀ို့ ၀ို ၀ိုး ..... ငယ်ရွယ်စဉ်မှာ အချစ်က အိမ်မက်လို ဟို ဟိုး ... ♫ ♪♫
အမေရိကန် နဲ့ ဗြိတိန်တို့က ရန်ကုန်မှာ အင်္ဂလိပ်စာသင်တန်းဖွင့်ပြီး ငွေရှာနေချိန်မှာ မြောက်ကိုရီးယားက စားသောက်ဆိုင်ဖွင့်ပြီး ငွေရှာပါတယ်။ရန်ကုန်က ဒီဆိုင်မှာ မြောက်ကိုရီးယားဝန်ထမ်းတွေရဲ့ စင်တင်ဖျော်ဖြေမှုရှိပါတယ်။ သူတို့တွေရဲ့ မြန်မာလို သီဆိုမှုက နှစ်သက်စရာပါပဲ။အလွမ်းသီချင်းတွေကို နောက်ခံအဆိုတွေနဲ့ အတိုင်အဖောက်ညီညီ မြူးမြူးကြွကြွ သီဆိုကြတာတွေကို ဗီဒီယိုဖိုင်မှာ တွေ့ရ ကြားရမှာပါ။တင်ဆက်မှုတွေထဲမှာ -
ဉာဏ်လင်းအောင် ရဲ့ သူငယ်ချင်း
ဝိုင်ဝိုင်းရဲ့ မေ့မှာပါ
ဝိုင်ဝိုင်းရဲ့ ဝဋ်ကြွေး
ချမ်းချမ်းရဲ့ မေ့တော့မမေ့သေးဘူး
ဝိုင်ဝိုင်းရဲ့ "ဖြေသိမ့်လိုက်"
စတဲ့ စတဲ့ သီချင်းတွေ ပါဝင်ပါတယ်။
ဧရာဝတီ
Proxy လေးတွေ ပြန်မျှတာပါ
ယခုတစ်လော Proxy ဒုက္ခကိုယ်တိုင်လည်းကြူံ ၊ အော်နေသူ တော်တော်များများနှင့်လည်းကြုံရလို့ သိသိသမျှ ဆိုဒ်တွေမှာ Proxy များကို ပြန် share ပေးလိုက်ပါတယ်ခင်ဗျာ။
IP >> Port
212.93.193.90 >> 443
24.155.96.93 >> 8080
147.29.152.227 >> 8080
194.145.159.163 >> 8080
200.74.216.101 >> 80
speedhost.com >> 8080
မန္တလေး မြစ်ကြီးနား ၃၃ အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျတ်ဆီးခံရစဉ်
မန္တလေး မြစ်ကြီးနား ၃၃ အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျတ်ဆီးခံရစဉ်
မြစ်ကြီးနား၊ မေလ ၅ ရက်နေ့၊ နံနက် ၉နာရီ၊၂၀၁၂၊ ဆိုင်းဆွတ်
ယနေ့နံနက် ၆နာရီခွဲနှင့် ၇နာရီက မြစ်ကြီးနားမြို့ အေဒင်အမှိုက်ပုံ လမ်းကူးတံတားအနီး ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ရာ လုံခြုံရေး ကင်းတပ်သား ၂ ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။
ပထမပေါက်ကွဲသည့် ဗုံးတွင် ဒဏ်ရာရခြင်းမရှိသော်လည်း ပေါက်ကွဲသည့်နေရာတွင် လုံခြုံရေး ကင်းတပ်သားများက သွားရောက်ကြည့်ရှုနေစဉ် ဒုတိယမြောက် ဗုံးပေါက်ကွဲပြီး ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
ဒဏ်ရာရရှိသူ ၂ ဦးအနက် တဦးမှာ စိုးရိမ်ရသည့် အနေအထားဖြစ်သည်ဟု ဆေးရုံမှ ရရှိသည့် သတင်းအရ သိရသည်။
မြစ်ကြီးနားမြို့တွင် လွန်ခဲ့သည့် လ သင်္ကြန်ကာလတွင် မြို့အထွက် ရထားသံလမ်းအနီး ဗုံးတလုံးပေါက်ကွဲခဲ့သကဲ့သို့ ယခင်သီတင်းပတ်ကလည်း ဆေးရုံကြီးအနီးလမ်းဆုံတွင် ဗုံးပေါက်ကွဲမှုကြောင့် ၃ ဦးဒဏ်ရာရရှိခဲ့သည်။
ဗုံးကွဲမှုများမှာ မည်သည့် အဖွဲ့အစည်းလက်ချက်ဖြစ်သည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။ 
 YPI- Yangon Press International
(၈)နှစ်သမီး ဒုတိယတန်းကျောင်းသူ မေသင်္ကြန် အား မုဒိမ်းကျင့် သတ်ဖြတ်မှု
(၈)နှစ်သမီး ဒုတိယတန်းကျောင်းသူ မေသင်္ကြန် အား မုဒိမ်းကျင့်၍ ဒဏ်ရာများဖြင့် ရေးမြို့ နယ်၊ လမိုင်းမြို့ နယ်ခွဲ၊ မော့ကနင်းကျေးရွာ ခလရ (၁၀၆) တပ်ရင်းအရာရှိလိုင်းခန်းအဆောင် ထဲတွင် မေသင်္ကြန်အလောင်းအားတွေ့ သည့်ကိစ္စ။
Myanmar News Now
ကျောက်ပန်းတောင် ဆေးရုံမှ အကျင့်ပျက်ဝန်ထမ်းများအား တိုင်းကြားသူတွေ နယ်ပြောင်းခံရ
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံမှ အကျင့်ပျက်ဝန်ထမ်းများအား
တိုင်ကြားခြင်းနှင့်ပတ်သက်၍တိုင်ကြားသူ အပါအဝင် မှန်ကန်စွာ ထွက်ဆိုခဲ့သော
ဝန်ထမ်းများအားပြောင်းရွှေ့တာဝန်ချထားလိုက်ပါသည်။
ဒေသခံပြည်သူလူထု စရိတ်သက်သာ စေရန်ရည်ရွယ်၍ စရိတ်မျှပေး ကျန်းမာရေး
ဆေးအရောင်းဆိုင်အား ဆေးရုံဝန်းအတွင်း ရောင်းချလျှက်ရှိရာ မြို့နယ်ဆရာဝန်
ဒေါက်တာယုဝေ လက်ထက်တွင်ဆေးနှင့်ဆေးပစ္စည်းများအား တိုက်ရိုက်မှာယူ၍
ဆေးရုံရှိ စရိတ်မျှပေး ကျန်းမာရေး ဆေးဆိုင်တွင်ဝန်ထမ်းသက်သာ
အတွက်နောက်ထပ် 15% အမြတ်တင်ကာရောင်းချခြင်းမြို့နယ်ဆရာဝန်ကြီးသည်
 မွေးစာရင်း တစ်ဆောင်လျှင် ၁၅၀၀ ကျပ်နှုန်းတောင်းခံစေပြီး ၄င်းထံအပ်နှံစေခြင်း။
နိုင်ငံတော်မှအခမဲ့ထောက်ပံ့ဆေးများအားဆေးအရောင်းဆိုင်မှ
ဒေါ်ခင်မျိုးတင့်အားငွေကြေးဖြင့် ရောင်းချစေကာရရှိငွေကို ၄င်းထံအပ်နှံစေခြင်း။
ထားဝယ်စီမံကိန်း နဲ့ ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံနဲ့ ဆက်သွယ်ထားမယ့် ရေနက်ဆိပ်ကမ်းနဲ့ အထူးစက်မှုဇုန်ကို ထားဝယ်မှာတည်ဆောက်ဖို့ ဗမာစစ်အစိုးရနဲ့ အီတလျံ-ထိုင်းကုမ္မဏီ (Italian-Thai Development Plc)သဘောတူညီခဲ့ပြီးနောက် မကြာခဏ သတင်းရေးကြပါတယ်။ အခုတော့ ဂျပန်ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ရေနက်ဆိပ်ကမ်းအပြင် သင်္ဘောကျင်း ရေနံဓာတုစက်ရုံ၊ ရေနံချက်စက်ရုံ၊ သံမဏီစက်ရုံ၊ လျှပ်စစ်ဓါတ်အားစက်ရုံ၊ ဓါတ်မြေသြဇာစက်ရုံ စတာတွေကို အကျယ်အဝန်း စတုရမ်းမိုင်တရာရှိမယ့် အထူးစက်မှုနယ်မြေမှာ တည်ဆောက်မယ့် (၁၀) နှစ် စီမံကိန်းပါ။ နောက်ပြီးတော့ ကားလမ်းရထားလမ်းဖောက်ပြီး ထိုင်းနိုင်ငံနဲ့ဆက်ဖို့ ရည်ရွယ်ပါတယ်။
ထားဝယ်စီမံကိန်းမှာ အများဆုံးရင်းနှီးမြုပ်နှံပြီး အများဆုံးအကျိုးခံစားရမှာက ထိုင်းကုမ္မဏီတွေ ဖြစ်ပါတယ်။ ထားဝယ်အထူးစက်မှုနယ်မြေမှာ ထိုင်းနဲ့ အခြားကုမ္မဏီကြီးတွေ လာရောက်အခြေစိုက်နိုင်သလို ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းတွေကို ထားဝယ်ရေနက်ဆိပ်ကမ်းကတဆင့် အနောက်တိုင်းကိုတင်ပို့နိုင်မှာ ဖြစ်ပါတယ်။ မလက္ကားရေလက်ကြားကိုဖြတ်ပြီး တင်ပို့တာထက် ထားဝယ်ကတဆင့် တင်ပို့တာဟာ ပိုပြီးစရိတ်သက်သာတယ်လို့ တွက်ကြပါတယ်။ ထားဝယ်နဲ့ထိုင်းကို ပိုက်လိုင်းနဲ့ဆက်သွယ်ပြီး အရှေ့ အလယ်ပိုင်းက သယ်ယူလာတဲ့ ရေနံစိမ်းကိုလည်း တင်သွင်းနိုင်တယ်လို့ တွက်ထားပါတယ်။
ထားဝယ်ကို အီတာလျံ-ထိုင်းကုမ္မဏီကို စိတ်ဝင်စားလာတဲ့အကြောင်းရင်းက ထိုင်းနိုင်ငံမှာ ထပ်မံရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းနည်းပါးသွားလို့ ဖြစ်ပါတယ်။ မတ်တာဖွက် Map Ta Phut စက်မှုနယ်မြေဟာ ထိုင်းနိုင်ငံမှာအကြီးဆုံးနဲ့ နာမည်အပျက်ဆုံး ဖြစ်ပါတယ်။ ရေနံဓါတုစက်ရုံတွေ တည်ဆောက်မှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းပြီး အဆိပ်သင့်တဲ့အတွက် ကင်ဆာရောဂါဖြစ်ပြီး သေဆုံးသူ နှစ်ထောင်ကျော် ရှိတယ်လို့ ဆိုပါတယ်။ Map Ta Phut စက်မှုနယ်မြေ ဖွင့်လှစ်ပြီး (၉) နှစ်အကြာ ၁၉၉၀ မှာ တာဝန်ရှိတဲ့ အစိုးရဌာန (၈) ခုကို ဒေသခံတွေက တရားစွဲပါတယ်။ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာလေ့လာမှုကို တရားဥပဒေအတိုင်းမလုပ်ဘဲ စက်မှုလုပ်ငန်း (၇၆) ခုကို လုပ်ခွင့်ပေးမှုနဲ့ တရားစွဲပါတယ်။ ဒါကြောင့် ဒီအမှုမှာပါတဲ့ ကုမ္မဏီအများစုကို လုပ်ငန်းဆက်မလုပ်ဖို့ တရားရုံးက ပိတ်ပင်လိုက်ပါတယ်။
ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်သလားဆိုတာ အရင်ဆုံး အသေအချာလေ့လာဖို့ ညွှန်ကြားတဲ့ဥပဒေ စည်းမျဉ်းသစ်တွေကို ထိုင်းအစိုးရက ပြဌာန်းပါတယ်။ အမြတ်အစွန်းရဖို့နဲ့ လုပ်ခများများရဖို့ အရေးမကြီးဘဲ ပြည်သူလူထု ကျန်းမာရေးကသာ အရေးကြီးကြောင်း Map Ta Phut စက်မှုနယ်မြေက ပြလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ Map Ta Phut ထက် ဆယ်ဆကြီးတဲ့ ထားဝယ်စက်မှုနယ်မြေကို တည်ထောင်ဖို့ အီတာလျံ-ထိုင်းကုမ္မဏီက ကြံစည်တာဖြစ်ပုံရပါတယ်။ ဗမာစစ်အစိုးရဟာ ငွေရဖို့သာ စိတ်ဝင်စားတာမို့ ထားဝယ်မှာ စက်မှုနယ်မြေကြီး တည်ဆောက်နိုင်လိမ့်မယ်လို့ အီတာလျံ-ထိုင်း ကုမ္မဏီက ယူဆထားဟန်တူပါတယ်။ အခြေခံအဆောက်အအုံတည်ဆောက်ဖို့ ဒေါ်လာသန်းရှစ်ထောင် ကုန်ကျမယ်လို့ ခန့်မှန်းပြီး တဆင့်ပြီးတဆင့် တိုးချဲ့ သွားရင် ဒေါ်လာသန်း ငါးသောင်းကျော် ကုန်ကျနိုင်ပါတယ်။
ထားဝယ်စီမံကိန်းမှာ မဲဂါဝမ် (၄၀၀၀) ရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားစက်ရုံလည်း ပါဝင်ပါတယ်။ ဒီလောက်များတဲ့ လျှပ်စစ်ဓါတ်အားကို ထုတ်ယူဖို့အတွက် ကျောက်မီးသွေးတန်ချိန် (၁၂) သန်းကို နှစ်စဉ်မီးရှို့ ရပါလိမ့်မယ်။ အဲဒီအခါမှာ လေထုထဲကို လွှင့်ထုတ်မယ့်ပြာဟာ တန်ချိန်တသန်းကျော်ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီစက်ရုံက လေထဲကိုထုတ်လွင့်မယ့် ကာဘွန်ဓါတ်ပမာဏဟာ ထိုင်းနိုင်ငံမှာရှိသမျှ ဓါတ်အားပေးစက်ရုံတွေက ထုတ်တဲ့ကာဘွန်ဓါတ်ရဲ့  (၅၀) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ထုတ်လုပ်မယ့် ကန့်ဓါတ်နဲ့ နိုက်ထရိုဂျင်အောက်ဆိုက်ဟာ လူနဲ့သစ်ပင်တွေကို အန္တရာယ်ပေးနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ ဒီ စက်ရုံမျိုးတည်ဆောက်ခွင့် မရှိပါဘူး။ စက်ရုံက စွန့်ပစ်နေတဲ့ ရေပူတွေဟာ ရေသတ္တဝါတွေကို အန္တရာယ်ပေးနိုင်ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်ဝန်းကျင်တခုလုံးကို ထိခိုက်နိုင်ပါတယ်။
ဒေသခံတွေက စတင်ကန့်ကွက်ဆန္ဒပြနေတုန်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ ဆောက်လုပ်ရေးစီမံကိန်းကို လွန်ခဲ့တဲ့ ဇန္နဝါရီအစောပိုင်းမှာ ဦးသိန်းစိန်အစိုးရက ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ်။ ပတ်ဝန်းကျင်ကို အန္တရာယ်ပေးနိုင်တယ်လို့ စိုးရိမ်တာတွေရှိလာလို့ ရပ်ဆိုင်းလိုက်ရတယ်လို့ အစိုးရဘက်က ဆိုပါတယ်။ စစ်အစိုးရလက်ထက်ကစခဲ့တဲ့ စီမံကိန်းတွေကို ဆက်ပြီးအကောင်အထည်ဖော်ဖို့ အခက်အခဲရှိနေပုံ ရပါတယ်။ ဒါပေမဲ့ ကရင်၊ မွန် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲဖို့ ဦးသိန်းစိန်အစိုးရ အလွန်စိတ်အားသန်နေတာဟာ ထားဝယ်စီမံကိန်း အောင်မြင်ရေးအတွက် ဖြစ်တယ်လို့ အကဲဖြတ်သူတွေလည်း ရှိပါတယ်။
ဒီအတောအတွင်း ထိုင်းနိုင်ငံရဲ့  အကြီးဆုံးဆိပ်ကမ်းဖြစ်တဲ့ Laem Chabang လမ်းချာဘန် ကို ဒေသဆိုင်ရာ ဆက်သွယ်ရေး ဗဟိုအချက်အချာအဖြစ်အသုံးပြုဖို့ ထိုင်းအစိုးရက စဉ်းစားလာပါတယ်။ နောက်ပြီးတော့ ထားဝယ်အစား ထိုင်းနိုင်ငံတောင်ဘက်စွန်း ကပ္ပလီပင်လယ်ကမ်းခြေ Pak Bara ပက်ဘရ မှာ ဆိပ်ကမ်းတည်ဆောက်ပြီး ထိုင်းပင်လယ်ကွေ့နဲ့ ဆက်သွယ်ဖို့ကိုလည်း ထိုင်းအာဏာပိုင်တွေ စဉ်းစားလာပါတယ်။ ဒီစိတ်ကူးကို အကောင်အထည်ဖော်နိုင်ရင်တော့ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ရွှေ့ ပြောင်းရတဲ့ ဘေးရန်က ဒေသခံထားဝယ်သူ၊ ထားဝယ်သားတွေ ကင်းဝေးဖွယ်ရာ ရှိပါတယ်။
VOA
ရေကြည်အိုင်မှာ ရေတိမ်နစ်ခဲ့ရတဲ့ ဖက်ဆစ်တော်လှန်ရေး အထက်မြန်မာပြည်တိုင်း စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဗထူးရဲ့သား ဗိုလ်ကြီးမြင့်ထူး - အပိုင်း(၁)
တပ်မှူးတပ်သား ပြောစကား (၁၁၁)
ဗီအိုအေ ။       ။ ၂၀၁၂ မေ (၅)
အခုအခါမှာ ပြည်ပမှာ အခြေစိုက်တဲ့ “မြန်မာနိုင်ငံမျိုးချစ်စစ်သည်ဟောင်းများအစည်းအရုံး” ရဲ့ ဥက္ကဌ အဖြစ် တာဝန်ယူနေတဲ့ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့်ဟာ မေမြို့ စစ်တက္ကသိုလ်ဗိုလ်သင်တန်း အပတ်စဉ်(၁) ကနေ ကျောင်းဆင်းပြီးတော့ တပ်မတော်(ကြည်း)ရဲ့အရာရှိငယ် တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွှန့်က ဗီအိုအေ မြန်မာပိုင်းရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍမှာ သူပြောပြ ချင်တဲ့ အကြောင်းကတော့ သူ့ရဲ့ဘ၀မှာ အချစ်ခင်အရင်း နှီးဆုံး မိတ်ဆွေသူငယ်ချင်းဖြစ်ခဲ့တဲ့ ဗိုလ်ကြီးမြင့် ထူး အကြောင်းလို့ ဆိုပါတယ်။ OTS ဗိုလ်သင်တန်း အပတ်စဉ်(၂၆)က နေဆင်းတဲ့ ဗိုလ်ကြီးမြင့်ထူးဟာ ဖက်စစ်ဂျပန်တော်လှန်ရေးကာလမှာ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း အလွန်အားထားခဲ့ရတဲ့ အထက်ဗမာပြည်တိုင်း စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဗထူးရဲ့သား ဖြစ်ပါတယ်။ အခုအ ခါ ခေတ်သစ်မြန်မာ့တပ်မတော်ရဲ့ စစ်သင်တန်းကျောင်းတွေရှိရာ ဗထူးတပ်မြို့ဟာ ဗိုလ်မှူးကြီးဗထူးကို ဂုဏ်ပြုပြီး မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ကြီးမြင့်ထူးကတော့ ၁၉၆၀ခုနှစ်တွေရဲ့ အလယ်လောက်မှာ တပ် မတော်ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးနဲ့ 
မြန်မာအမျိုးသမီး အခွင့်အရေး အမေရိကန်သံတမန် သွားရောက်ဆွေးနွေးမည်
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာအမျိုးသမီးရေး ဆိုင်ရာ သံအမတ်ကြီး Melanne Verveer ဟာ မေလ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ  မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းကို လာရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို အဓိကထား လေ့လာဆွေးနွေးမှာ ဖြစ်ပါတယ်။
သံအမတ်ကြီး Melanne Verveer ဟာ ရန်ကုန်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးတွေ ဦးဆောင်တဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ သံအမတ်ကြီး Melanne Verveer ဟာ မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ပြီး အဆင့်မြင့် အစိုးရအရာရှိတွေနဲ့ တွေ့ဆုံပြီး ကျန်းမာရေး၊
မီဒီယာတွေ ဘက်မလိုက်ဖို့ ၀န်ကြီးပြောကြား
ဒီမိုကရေစီစနစ်ဆီကို အသွင်ကူးပြောင်းနေတဲ့မြန်မာနိုင်ငံမှာ နိုင်ငံရေးရာတွေကို ဘယ်မလိုက်တင်ပြနိုင်ဖို့ အရေး ကြီးတယ်လို့ ပြန်ကြားရေးဒုဝန်ကြီးက ပြောလိုက်ပါတယ်။ ကမ္ဘာ့စာနယ်ဇင်း လွှတ်လပ်ခွင့်နေ့ကို ကုလသမဂ္ဂရဲ့ UNESCO အဖွဲ့နဲ့ပေါင်းပြီး မြန်မာနိုင်ငံမှာ ပထမဆုံး လုပ်တဲ့စာနယ်ဇင်းလွှတ်လပ်ခွင့်နေ့မှာ ဒုဝန်ကြီး ဦးစိုးဝင်းက ပြောခဲ့တာဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ သတင်းတွေကို ဘက်မလိုက် တင်ပြနိုင်တဲ့အခြေအနေ တကယ်ပဲရှိနေပါပြီလား စုံစမ်းထားတဲ့ မစုမြတ်မွန်ရေ ပြောပြပါဦး။
စာနယ်ဇင်းလွတ်လပ်ခွင့်ရဲ့ အရေးပါမှု၊ စာနယ်ဇင်းသမားတွေကို ကာကွယ်ဖို့ လိုတယ်ဆိုတာ အမှတ်ရစေဖို့ လို့ဆိုပြီး မြန်မာနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို ဒီကနေ့ ပထမဆုံးအကြိမ်
KIO အပေါ် အစိုးရထိုးစစ် အရှိန်မြှင့်
အစိုးရနဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကြား ထာဝရငြိမ်းချမ်းရေး ရဖို့ ဆွေးနွေးမှုတွေ ရှေ့မတိုးနောက် မဆုတ် ဖြစ်နေချိန်မှာပဲ KIO ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို မြန်မာ အစိုးရတပ်ဖွဲ့က လမ်းကြောင်းသုံးခု ကနေ ချဉ်းကပ်နေပါတယ်။ လိုင်ဇာမြို့ကို ပစ်ခတ်နိုင်တဲ့နေရာတွေမှာ  လက်နက်ကြီးတွေ နေရာ ချထားနိုင်ပြီဆိုရင် အစိုးရတပ်ဘက်က ထိုးစစ် စတင်လာနိုင်တယ်လို့ KIO ဘက်က သုံးသပ်နေပါ တယ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ရှေ့မဆက်နိုင်တဲ့ တချိန်တည်းမှာပဲ နှစ်ဘက် တိုက်ပွဲတွေဟာ ဒီရက်ပိုင်းတွေအတွင်းမှ ပိုပြီးတော့ ပြင်းထန်လာနေတာပါ။ အခုလို ကချင်ဘက်မှာ ဖြစ်နေတဲ့ အခြေအနေတွေကိုတော့  ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက
နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် သန်းခေါင်စာရင်းကောက်မည်
မြန်မာနိုင်ငံတွင် နှစ် ၃၀ အတွင်း ပထမဦးဆုံးအကြိမ် သန်းခေါင်စာရင်းကောက်ယူမှုကို ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ အကူအညီပေးရန် ဧပြီလ ၃၀ ရက်နေ့က နေပြည်တော်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
မစ္စတာ ဘန်ကီမွန်း (ဓာတ်ပုံ - ခင်သြ / ဧရာဝတီ)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်တွင် မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက်ယူရေးအတွက်
ပဲခူး တရားသူကြီး ဇနီးကို အမှုဖွင့်၊ တရားခံပျောက်ဆုံးနေဟု ရဲကပြော
အိမ်အကူအလုပ်သမ မအေးယုအောင်အား မီးပူဖြင့် လက်ရောက် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ပဲခူးမြို့ ဒုတိယ မြို့နယ် တရားသူကြီး၏ ဇနီး ဒေါ်ဖြူဝင်းသက်ကို ကာယကံရှင်များက အမှုဖွင့် တိုင်ကြားထားသော်လည်း တရားခံမှာ ပျောက်ဆုံး နေကြောင်း ရဲကပြောသည်။
မအေးယုအောင် (၀ဲဘက်)နှင့် မိခင် ဒေါ်ကြူကြူ (ယာဘက်) (ဓာတ်ပုံ - ဧရာဝတီ)
အသက် ၁၅ နှစ်အရွယ် မအေးယုအောင်က ၎င်းအား မီးပူဖြင့်ကပ်သည်ဟု ဆိုကာ အိမ်ရှင် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးကို ပဲခူးမြို့ နယ်မြေခံ အမှတ် ၃ ရဲစခန်းတွင် အင်္ဂါနေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။
သို့သော် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ရန် တရားခံဖြစ်သူ ဒေါ်ဖြူဝင်းသက်ကို ရှာမတွေ့တော့ကြောင်း
စာနယ်ဇင်း လွတ်လပ်ခွင့် ဒု ၀န်ကြီး ကတိပြု။
ယနေ့ ကျရောက်သော ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားများကို လွတ်လပ်သည့် မြန်မာစာနယ်ဇင်း အဖွဲ့များက ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပထမဆုံးအနေဖြင့် ကျင်းပကြသည်။
၂၀၁၂ ခုနှစ်အတွင်း ၅ ရက်လျှင် သတင်းသမား တဦးနှုန်းဖြင့် ကမ္ဘာပေါ်တွင် အသတ်ခံနေရကြောင်း RSF က အစီရင်ခံ (ဓာတ်ပုံ - RSF)
ယနေ့နံနက်တွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) က ဦးစီးကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်း လွတ် လပ်ခွင့်နေ့ အခမ်းအနားတွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒု ၀န်ကြီး
ဒု သမ္မတ ဦးတင်အောင်မြင့်ဦး ဘယ်မှာလဲ။
လာမည့် ၂၀၁၅ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် အနားယူဖွယ်ရှိကြောင်း ပြည်ပသတင်းများက ရေးသားဖော်ပြနေချိန် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးလည်း ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားသည်ဆိုသော ကောလာဟလ သတင်းများ ရန်ကုန်မြို့ရှိ ပြည်သူများကြားနှင့် လူမှုကွန်ရက် facebook တွင် ပျံ့နှံ့ နေသည်။
၂၀၁၁ ခု ဇွန်လအတွင်းက အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင်တွေ့ဆုံစဉ် မြင်တွေ့ရသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - AP/straitstimes.com)
သမ္မတ၏ နိုင်ငံရေးရာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က အမေရိကန်အခြေစိုက် စီးပွားရေး သတင်းစာ Bloomberg အား ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် နိုင်ငံရေးမှ အနားယူဖွယ်ရှိကြောင်း ပြောဆိုသည့် တချိန်တည်းမှာပင် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး
မနန်းဝိုးဖန်အမှု အမျိုးသား လွှတ်တော် ဥက္ကဌထံ တင်ပြမည်
အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) ၏ ခေါ်ယူ စစ်ဆေးမှုအတွင်း မနန်းဝိုးဖန် သေဆုံးရမှုအပေါ် သူ၏ မိသားစုဝင်များက စသုံးလုံးဌာနကို အမှုဖွင့် အရေးယူပေးရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့တိုင်ကြားခဲ့ သော်လည်း ရန်ကုန်တိုင်း ရဲမှူးကြီး အောင်ဒိုင်းက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သိရှိရသည်။
အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၏ စစ်ဆေးမေးမြန်းမှုအတွင်း သေဆုံးခဲ့သူ မနန်းဝိုးဖန် (ဓာတ်ပုံ - Yangon Press International)
အသက် ၂၀ အရွယ်ရှိ ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်ကို သူဝယ်ယူထားသော မြေယာအမှုအတွက် စသုံးလုံးက ခေါ်ယူစစ်ဆေးစဉ် မတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ စသုံးလုံးရုံး ၅ ထပ် အဆောက်အအုံပေါ်မှ ပြုတ်ကျ သေဆုံးခဲ့သည်။
ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲ မိုတိုဟိကိုနှင့် ပေါင်းသင်းနေထိုင်သူ မနန်းဝိုးဖန်က ဂျပန်နိုင်ငံသား၏
စစ်ဆေးရင်း သေဆုံးခဲ့သည့် အမျိုးသမီးငယ်အမှု စသုံးလုံး လျှို့ဝှက်
အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က ရှမ်းတိုင်းရင်းသူ အမျိုးသမီးငယ် တဦးကို အမှုတခု နှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေး ရင်း စသုံးလုံးရုံး အဆောက်အအုံပေါ်မှပြုတ်ကျ သေဆုံးသွားခဲ့သော ဖြစ်ရပ်ကို မီဒီယာသို့ မပေါက်ကြားရေး အတွက် လျှို့ဝှက်စွာ ထိန်းသိမ်း ဆောင်ရွက်ရန် ဌာနတွင်း ညွှန်ကြားထားကြောင်း သတင်း ရရှိသည်။
သေဆုံးသူ မနန်းဝိုးဖန် (ဓာတ်ပုံ - YPI)
အိမ်ခြံမြေ ပိုင်ဆိုင်မှု အလွဲသုံးစားပြုခြင်းနှင့် ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခံရသူ အသက် ၁၉ နှစ် အရွယ်ရှိ မနန်းဝိုးဖန် သည် မတ် လ၂၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ စသုံးလုံးရုံး ၅ ထပ်
မြန်မာပြည် လျှပ်စစ်မီး ဘယ်လိုထုတ်မှာလဲ?
သမ္မတ ဦးသိန်းစိန် အစိုးရက စီးပွားရေးမြို့တော် ရန်ကုန်ကို ၂၄ နာရီမီးပေးနိုင်ရေး ကြိုးပမ်းနေကြသော်လည်း မန္တလေးမြို့နှင့် တခြားသောမြို့ကြီးများတွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနေသည်။
၂၀၁၂ ဧပြီလ ၂၂ ရက်က ဂျပန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန် တိုကျို လျှပ်စစ်ပါဝါကုမ္ပဏီ (TEPCO) ၏ ကာဝါဆကီရှိ လျှပ်စစ်ဓာတ်အားစက်ရုံတခုကို သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ - Reuters)
အလှည့်ကျမီးပေးစနစ်ကို ကျင့်သုံးနေသည့် မန္တလေးမြို့တွင် သင်္ကြန်ကာလမတိုင်မီက ၂၄ နာရီခန့် ပုံမှန်မီးရရှိခဲ့သော်လည်း  လွန်ခဲ့သည့် တပတ်ခန့်မှစတင်ကာ မီးပျက်သည့်အချိန် ပိုမိုများပြားလာကြောင်း
ကချင်ဒေသ ပဋိပက္ခကြောင့် တရုတ် လုံခြုံရေး သတိပေး
ကချင်ပြည်နယ်အတွင်းရှိ စစ်ပွဲများဖြစ်ပွားနေသည့် ဒေသများသို့ ခရီးသွားလာကြမည့် တရုတ်နိုင်ငံသားများကို အထူးသတိ ထားကြရန် တရုတ်အစိုးရက သတိပေးထားသည်။
တရုတ် CPI ကုမ္ပဏီက တာဝန်ယူဆောင်လုပ်သည့် မြစ်ဆုံ စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ - Jinghpaw TarGyi)
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ဒေသများသို့ စီးပွားရေး ကိစ္စအတွက် ခရီးသွားလာခြင်း ရှောင်ရှားကြရန်၊ ကချင်ဒေသတွင်း ရင်းနှီးမြှုပ်မှု ပြုလုပ်ထားသည့် စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီများကိုလည်း လုံခြုံရေး
အဓမ္မခိုင်းစေမှု လုံးဝပပျောက်ဖို့ မြန်မာအစိုးရနဲ့ ILO သဘောတူ
2012-05-05
ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုတွေ ပပျောက်အောင် ဆောင်ရွက်ဖို့ တပ်မတော်ကို ညွှန်ကြားမယ်လို့ မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines ကို ကတိပေး ပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။
Photo courtesy of ILO
ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines (ယာ) ဖြစ်ပါသည်။
ဒါ့အပြင် လာမယ့် ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုတွေ လုံးဝ
တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။