MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 7, 2012

ဒုတိယ သမ္မတ နုတ်ထွက်စာတင်ပြီလား

2012-05-06
မြန်မာအစိုးရ လက်ရှိ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ သမ္မတ ဦးသိန်းစိန်ထံ နှုတ်ထွက်စာ တင်ထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
မြန်မာအစိုးရက ဒီသတင်းကို အတည်မပြုသေးပေမယ့် နေပြည်တော်က ထိပ်တန်းအရာရှိ တစ်ဦးကတော့ သမ္မတ ဦးသိန်းစိန်ဟာ ကျန်းမာရေး အကြောင်းပြခဲ့တဲ့ ဒု သမ္မတ ဦးတင်အောင်မြင့်ဦးရဲ့ နှုတ်ထွက်စာကို လက်ခံဖို့ စဉ်းစားနေကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံဥပဒေအရ နှုတ်ထွက်စာကို လက်ခံမယ်ဆိုရင် ၂၁ ရက်အတွင်း လွှတ်တော်ခေါ်ယူကာ တခြားပုဂ္ဂိုလ်တစ်ဦးကို ဒုတိယသမ္မတအဖြစ် ခန့်အပ် တာဝန်ပေးရမှာ ဖြစ်တဲ့အတွက် လာမယ့် ဇူလိုင်လဆန်း လွှတ်တော် ပြန်လည် မကျင်းပခင်အတွင်း

ကချင်စစ်ပြေးဒုက္ခသည်တွေ အကူအညီ အထူးလိုအပ်နေ

2012-05-06
မိုးရာသီနီးလာတာနဲ့အမျှ ကချင်စစ်ပြေး ဒုက္ခသည်တွေအတွက် အကူအညီ ပိုလိုနေတယ်လို့ အဖြူရောင်တွဲလက်များ အဖွဲ့နဲ့ လိုက်ပါသွားပြီး ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်က ဒုက္ခသည်စခန်းတွေကို ရောက်ခဲ့တဲ့ မဇင်မာအောင်က ပြောပါတယ်။
Photo courtesy of KIO
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
ကျန်းမာရေး စောင့်ရှောက်မှုတွေ အထူးလိုအပ်နေတာလို့ သူကပြောပါတယ်။
" မိုးရာသီရောက်တော့မယ်။ နေစရာထိုင်စရာတွေက ပိုပြီးတော့ အခက်အခဲဖြစ်နေပြီ။ ကျန်းမာရေး

ဆင်ဘိုအနီး ဧရာဝတီကျွန်းပေါ် ရွှေတူးမှာကို ဒေသခံတွေ မကျေနပ်

2012-05-06
ကချင်ပြည် ဆင်ဘိုမြို့အနီး ဧရာဝတီမြစ်ပေါ်က ကျွန်းတကျွန်းမှာ အငြိမ်းစား စစ်အရာရှိဟောင်းတဦးက ရွှေတူးဖော်ဖို့ ပြင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA
ဧရာဝတီ မြစ်ကမ်းနဘေးမှာ ရွှေကျင်နေသူ တစ်ဦးကို တွေ့မြင်ရစဉ်၊ RFA
ဆင်ဘိုမြို့နဲ့ ၂ မိုင်လောက်သာဝေးတဲ့ ဧရာဝတီမြစ်လယ်က ကျွန်းမှာ ပြီးခဲ့တဲ့ ၂ ရက်လောက်က စလို့ ရွှေတူးစက်တွေ ရောက်လာပြီး ဒီကနေ့မှာ ရွှေတူးမယ့်ဖောင် စုစုပေါင်း ၅၀ ကျော်လောက်

ကိုဖြိုးဝေအောင်အမှု တရားစီရင်ရေး လွဲမှားနေကြောင်း AHRC ဝေဖန်

2012-05-06
၂၀၁၀ သင်္ကြန်ဗုံးခွဲမှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုဖြိုးဝေအောင်ကို လာမယ့် မေလ ၈ ရက်နေ့မှာ စီရင်ချက်ချတော့မှာ ဖြစ်ကြောင်းနဲ့၊ တရားစီရင်ရေးမှာ လွဲမှားမှုတွေရှိနေကြောင်း အာရှလူ့အခွင့်ရေး ကော်မရှင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
RFA
၂၀၁၀ သင်္ကြန်ဗုံးခွဲမှု စွပ်စွဲခံထားရသူ ကိုဖြိုးဝေအောင်ကို အာရှလူ့အခွင့်ရေး ကော်မရှင် (AHRC) အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပုံ။
ကိုဖြိုးဝေအောင်အမှုမှာ တရားမ၀င်ဖမ်းဆီးမှု၊ မမှန်မကန် သက်သေအထောက်အထား ရယူမှုတွေ ရှိနေတဲ့အတွက် တရားရုံးအနေနဲ့ ပြန်လည်သုံးသပ် စီရင်နိုင်ဖို့ ဒီကနေ့ ကြေညာချက် တစ်စောင်ထုတ်ပြန် တိုက်တွန်းရတာ ဖြစ်တဲ့အကြောင်း အာရှလူ့အခွင့်ရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက

အမေရိကန် အမျိုးသမီးရေးရာ သံအမတ် ဒေါ်စုနဲ့တွေ့

မြန်မာနိုင်ငံအတွင်းက အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အရေးတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ နိုင်ငံတကာ အမျိုးသမီးရေးဆိုင်ရာ အမေရိကန် သံအမတ်ကြီး Melanne Verveer က ပြောကြားလိုက်ပါတယ်။ သံအမတ်ကြီး Melanne Verveer ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မေလ ၆ ရက် တနင်္ဂနွေနေ့ ညနေက ၁ နာရီ နီးပါးကြာလောက် တွေ့ဆုံအပြီး အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
နိုင်ငံတကာ အမျိုးသမီးရေးဆိုင်ရာ အမေရိကန် သံအမတ်ကြီး Melanne Verveer ဟာ ရန်ကုန်မှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ ၁ နာရီ နီးပါးလောက် တွေ့ဆုံခဲ့ကြပြီးတဲ့နောက် NLD

မြန်မာအစိုးရအဖွဲ့ အပြောင်းအလဲ သတင်းထုတ်ပြန်ဖွယ်ရှိ

ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို မတ်လ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။
မြန်မာ ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်စာတင်သွင်းတဲ့ကိစ္စ အပါအ၀င် အစိုးရ၀န်ကြီးအဖွဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးမှာ ဒီနေ့ တနင်္လာနေ့မှာ အစည်းအဝေးတရပ် ကျင်းပပြီး သတင်းထုတ်ပြန်ပေးဖွယ် ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့

အိုးအိမ်ဦးစီးပိုင်မြေကို နိုင်ငံရေး ပါတီတခုက ကျူးကျော်ဒုက္ခသည်ထံ ရောင်းချ

ရန်ကုန်၊မေ ၆ ရက်၊ ၂၀၁၂ ခုနှစ်-သူရမျိုး (YPI)

၈၈ မျိုးဆက်ကျောင်းသား လူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ မြို့နယ် ဥက္ကဋ္ဌ မအေးအေးမာ ဦးဆောင်၍  ရွှေပြည်သာ သံတင်း ၄၅ ရှိမြေကွက် တစ်ချို့ကို ရွှေပြည်သာမြို့နယ် အင်ဂျင်နီယာတပ်ဝင်းမှ နေရာမှ ဖယ်ရှားခံရသည့် ကျူးကျော်ဒုက္ခသည်များထံ  ငွေငါးသောင်းဖြင့် ရောင်းချပေးလျှက်ရှိသည်။

ယင်းသို့ အခကြေးငွေယူရောင်းချပြီးမကြာမီ အိုးအိမ်ဦးစီးဋ္ဌာနမှ ၎င်းတို့ပိုင်မြေဖြစ်ကြောင်း ဆိုင်းဘုတ်လာရောက် စိုက်ထူထားသည်ဟု ကျူးကျော် ဒုက္ခသည်များကပြောသည်။

 

စစ်ပြေးဒုက္ခသည်များကို ကုလကူညီမည့်အပေါ် KIO ကြိုဆို

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည်များကို ကုလသမဂ္ဂက အကူအညီများ ဆက်လက် ပေးမည်ဆိုသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ပြောဆိုချက်အား ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) က ကြိုဆိုလိုက်သည်။
လိုင်ဇာဒေသတွင် တွေ့ရသော ကချင် စစ်ပြေးဒုက္ခသည် ကလေးတဦး (ဓာတ်ပုံ - ဧရာဝတီ)
စစ်ပြေး ဒုက္ခသည်များကို ပြန်လည်နေရာချထားပေးခြင်းနှင့် လူ့သားချင်း စာနာထောက်ထားမှုဆိုင်ရာ

၂ သိန်းတန် စောင့်ဆိုင်းမှုနဲ့ အန္တရာယ်


မစပ်စုတို့ ရွှေပြည်ကြီးမှာတော့ တခြားတိုင်းပြည်တွေမှာ မမြင်ဖူး၊ မကြားဖူးတဲ့ အထူးအဆန်းတွေကို တခုပြီး တခု လုပ်နေ ကြားနေရတော့တာပါပဲ။
ကဲ … အခုလည်း လုပ်ချလိုက်ပြန်ပါပြီ။  မကြာသေးခင်က ရောင်းလိုက်တဲ့ ၂ သိန်းတန် GSM ဖုန်းတွေ မန္တလေးမြို့ပေါ်မှာ ခေါ်ဆိုလို့မရ၊ ဆက်လို့မရ ဖြစ်နေလို့ ပြည်သူတွေအကြား အုန်းအုန်းကျွက်ကျွက် ပြောဆိုနေကြပါတယ်။ ဒီဖုန်းတွေကို သင်္ကြန်မတိုင်ခင်က ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးမြို့ဝန်းကျင်မှာ  စတင်ရောင်းချခဲ့တာပါ။


ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ စစ်တမ်းအရ သိရ

7317
ဆေးရွက်ကြီးပါဝင်သည့် ကွမ်းစားသုံးမှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံသည် ပထမနေရာ၌ ရပ်တည်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ကောက်ယူထားသည့် စစ်တမ်းများအရ သိရသည်။
ကွမ်းစားသုံးမှုနှုန်း မြင့်မားသည့် နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသည့် နိုင်ငံများထက် မြန်မာနိုင်ငံ၏ ကွမ်းစားသုံးမှုနှုန်းမှာ ပိုမိုမြင့်မားနေကြောင်းနှင့် အမျိုးသားများ သာမက အမျိုးသမီးများတွင်လည်း စားသုံးမှုနှုန်း များလာကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် ရရှိထားသည့် စာရင်းများအရမှ ကွမ်းစားသုံးမှု အများဆုံးဖြစ်သည့် နိုင်ငံ ခြောက်နိုင်ငံတွင် မြန်မာအမျိုးသားများ၏ ကွမ်းစားသုံးမှုနှုန်းမှာ ၅၁ ဒသမ ၎

 ကာတာလေကြောင်းလိုင်းမှ မြန်မာနိုင်ငံခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေ

လေကြောင်းခရီးစဉ် ပြေးဆွဲမှုများအား လေးနှစ်ခန့် ရပ်နားထားသည့် ကာတာလေကြောင်းလိုင်းမှ လာမည့်အောက်တိုဘာလအတွင်း မြန်မာနိုင်ငံနှင့် ပုံမှန်လေကြောင်းပျံသန်းမှုများ
 ပြန်လည်ပြုလုပ်တော့မည်ဟု ကာတာနိုင်ငံမှ သတင်းဌာနများတွင် ဖော်ပြထားချက်များအရ သိရသည်။

ကာတာလေကြောင်းလိုင်းမှ ရန်ကုန်နှင့် တိုက်ရိုက်လေကြောင်း ပျံသန်းမှုများအား ၂၀၁၂ ခုနှစ်
 အောက်တိုဘာလ ၃ ရက်နေ့တွင် စတင်မည်ဟု သိရသည်။

''နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်

နယ်မြို့များတွင် ရောင်းချပေးသည့် ဂျီအက်စ်အမ်ဖုန်းများကို ယင်းမြို့များတွင် အသုံးပြုပြီးမှသာ ရန်ကုန်၊ မန္တလေး ဧရိယာအတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်

နယ်မြို့များတွင် ရောင်းချပေးခဲ့သည့် ဂျီအက်စ်အမ်ဖုန်းများကို သက်ဆိုင်ရာမြို့များတွင် စတင်အသုံးပြုပြီးမှသာ ရန်ကုန်၊ မန္တလေးမြို့တို့၏ ဧရိယာအတွင်း၌ သယ်ဆောင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။

''နယ်မှာ ရောင်းပေးခဲ့တဲ့ ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းတွေ အနေနဲ့ မေလ ၃ ရက်နေ့ နောက်ပိုင်းကစပြီး ရန်ကုန်ဧရိယာထဲကို ယူပြောလို့ ရပါပြီ။ ဒါပေမယ့် တစ်ခုသတိပြုစေချင်တာက

လွှတ်တော် အစည်းအဝေးများ နှစ်လကြာရပ်နား




7311a

လွှတ်တော် အစည်းအဝေးများ နှစ်လကြာရပ်နား၊ လွှတ်တော် အစည်းအဝေးများ ပြန်လည်စတင်ချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပြဌာန်းနိုင်ရေး ဆက်လက်ဆွေးနွေးမည်ဟု သိရ ။ 
ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးများကို မေလ ၂ ရက်နေ့တွင် ပြီးဆုံးပြီဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌများမှ ပြောကြားခဲ့သည်။
လွှတ်တော်အသီးသီး၏ တတိယ ပုံမှန်အစည်းအဝေးများကို ၂၆-၁- ၂၀၁၂မှ ၂-၅-၂၀၁၂ရက်နေ့ အထိ ကျင်းပကာ ပြီးဆုံးခဲ့ခြင်းဖြစ်ပြီး စတုတ္ထအကြိမ် လွှတ်တော်ကို ဇူလိုင် လဆန်းပိုင်းတွင်

၁၉၈၅ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးတစ်ဦး မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်

၁၉၈၅ ခုနှစ်နောက်ပိုင်း တောင် ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတစ်ဦး သည် မြန်မာနိုင်ငံသို့ မေလ ပထမပတ်က ပထမဆုံး လာရောက်ခဲ့သည်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kim Sung-Hwan သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီးအဖြစ် မေလ ၁ ရက်နေ့နှင့် ၂ ရက်နေ့များ တွင် လာရောက်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နေပြည်တော်တွင် မေလ ၂ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံပူးပေါင်း ဆက်ဆံမှုများ တိုးမြှင့်ခိုင်မာရေး၊ နည်းပညာ၊ အင်ဂျင်နီယာ ပညာရပ်များနှင့် အခြား အဆင့်မြင့်ပညာ ကဏ္ဍများ၊ အားကစား ကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ စွမ်းအင်ကဏ္ဍ၊ သတ္တု ကဏ္ဍ၊

ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်နိုင်ရန် ကန့်သတ်နယ်မြေ ခရီးစဉ်များကိုလည်း ပြန်လည်ခွင့်ပြုပေးမည်ဟု သိရ



7314
အင်းဝမြို့ဟောင်းရှိ ဗားကရာကျောင်းတိုက်သို့ လာရောက်လေ့လာကြသော ကမ္ဘာလှည့် ခရီးသည်များ
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာသောကြောင့် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်နိုင်ရန် ကန့်သတ်ထားသည့် နယ်မြေခရီးစဉ်များကို ပြန်လည်ခွင့်ပြုပေးမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရှိရသည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာသည်နှင့် အမျှ သွားရောက် လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသသစ်များ ပိုမိုလိုအပ်သဖြင့် ယခင်ပြည်ထဲရေးဝန်ကြီးဌာန၏

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။