MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 9, 2012

သင်ဇာဝင့်ကျော်၏ဖခင်သေကြောင်းကြံ။


နာမည်ကြီး သရုပ်ဆောင် သင်ဇာဝင့်ကျာ်၏ ဖခင်ဖြစ်သူ ဆက်သွယ်ရေး ၀န်ကြီးဌာန၊ အင်ဂျင်နီယာချုပ်ဟောင်း (GSM) ဦးဝင့်ကျော်ဟာ ယမန်နေ့ နံနက်ပိုင်းက မိမိကိုယ်ကိုယ် သေကြောင်းကြံစဉ်ခဲ့ရာ မိသားစုဝင်များက အချိန်မီသိရှိကယ်တင်ခဲ့ ၍ အသက် ဆုံးပါးမှု မရှိခဲ့ကြောင်း၊ ဆေးရုံသို့ အချိန်မီ ပို့နိုင်ခဲ့ကြောင်း ပြည်တွင်း အခြေဆိုက် သတင်းသမားများက ဆိုနေကြပါ တယ်။အခုလို ဦးဝင့်ကျော်အနေဖြင့် မိမိကိုယ်မိမိ သေကြောင်းကြံခြင်းကိစ္စနဲ့ပတ်သက်ပြီး သမီးဖြစ်သူ

ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည်

2012-05-09

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် တည်ဆောက်နေပြီဆိုရင် ကျောင်းသားသမဂ္ဂဆိုတာ တည်ရှိရမှာဖြစ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပွင့်ပွင့်လင်းလင်း တည်ရှိရေးကို ဥပဒေကြောင်းအရ အတတ်နိုင်ဆုံးကူညီမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေကို ပြောကြားလိုက်ပါတယ်။

Photo courtesy of ABFSU
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တို့ ၂၀၁၂ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ဆုံစဉ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် (၉) ဦးကို

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မဲမသမာမှု ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်လို့ NLD ပြောဆို

2012-05-09
ကြားဖြတ်ရွေးကောက်ပွဲ မဲမသမာမှုတွေကို ဖော်ထုတ်ခဲ့တာဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာရေးအတွက်သာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးဥာဏ်ဝင်းက သတင်းထောက်များအား ရှင်းလင်းနေစဉ်။
ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲအတွင်း ဆန္ဒမဲလက်မှတ်တွေမှာ ဖယောင်းသုတ်ထားတာတွေ တွေ့ရှိခဲ့တဲ့အတွက် NLD ပါတီက တိုင်ကြားခဲ့တဲ့အမှုနဲ့ ပတ်သက်လို့ ဖော်ထုတ်စစ်ဆေးအပြီး မှန်ကန်မှုမရှိဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က

ဘုရားသုံးဆူမြို့မှာ လူ ၅ ဦး ပြန်ပေးဆွဲ ခံရ

2012-05-09
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ မနေ့ညက လက်နက်ကိုင်လူ (၆) ဦးက ရပ်ကွက်အတွင်း ဝင်ရောက်လာပြီး လူ (၅) ဦးကို ဖမ်းဆီးခေါ်ဆောင် သွားတဲ့အတွက် မြို့သူမြို့သားတွေ အထိတ်တလန့် ဖြစ်နေကြတယ်လို့ သိရပါတယ်။
M 22 တလက်၊ M 16 လေးလက် မောင်းပြန်တွေ ကိုင်ဆောင်ထားတဲ့ ပျောက်ကြား စစ်ဝတ်စုံဝတ်၊ ဦးထုပ်ဆောင်းထားတဲ့ လူတစုက ဘုရားသုံးဆူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ငုဝါလမ်းသွယ် (၁၀) နဲ့ (၁၁) ကြားကို ညပိုင်း ၈ နာရီခွဲလောက်မှာ ရုတ်တရက် ဝင်ရောက်လာပြီး ကိုသက်ဦး၊ ကိုဝေယံ၊ ကိုဘိုဘို၊ ကိုမောင်နဲနဲ့ မသီတာတို့ (၅) ဦးကို လက်ပြန်ကြိုးတုတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့

အများပိုင်နေရာကို စစ်တိုင်းမှူးဟောင်းဇနီးက ဂရန်ပြုလုပ်သည်ကို ကန့်ကွက်

မေ ၉၊ ၂၀၁၂ (YPI)

သံတွဲမြို့နယ်၊ ငပလီကမ်းခြေရှိ အများပြည်သူပိုင် အပန်းဖြေနေရာအား ယခင်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး (ပ.ယ.က ဥက္ကဌ) ဗိုလ်ချုပ်သောင်းအေး၏ ဇနီးက ပုဂ္ဂလိကပိုင်အဖြစ် ဂရန်ပြုလုပ်ရရှိခဲ့သည့်အတွက် သံတွဲဒေသခံများက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ယမန်နေ့က ကန့်ကွက်စာ ပေးပို့လိုက်သည်။

ယခင် ပ.ယ.က ဥက္ကဌ ၏ ဇနီး ဒေါ်သင်းမျိုးမျိုးအောင် ဂရန်ပေါက်ရရှိခဲ့သည့် ငပလီကမ်းခြေရှိလင်းသာနှင့် မြပြင်ကျေးရွာအုပ်စုအကြား၊ ကွင်းအမှတ် (VT-၃၉) ရှိ မြေအကျယ် ၄၇၅ ပေကို ၂၀၀၆ ခုနှစ်ကတည်းက ခ.ယ.က ဥက္ကဌ လမ်းညွှန်ချက်ဖြင့် အများပြည်သူပိုင်

ငါးထောင်တန်အတု သုံးစွဲသူ နိုက်ကလပ်သို့လာရောက်စဉ် ဖမ်းမိ

မေလ ၄ ရက်နေ့ ညက ငါးထောင်ကျပ်တန်အတုများဖြင့် ဝယ်ယူသုံးစွဲနေ သူ တစ်ဦးအား မင်္ဂလာဈေးဝင်းအတွင်းရှိ နိုက်ကလပ် သို့ လာရောက်စဉ် မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
မင်္ဂလာတောင်ညွန့်ရဲစခန်း မှ ရဲအရာရှိတစ်ဦးက အဆိုပါနေ့ ည ၁ဝ နာရီ၌ မင်္ဂလာဈေးဝင်း အတွင်း ငွေစက္ကူအတုများအား လူငယ်တစ်ဦးက သုံးစွဲနေ ကြောင်း ပြည်သူ များ၏သတင်း ပေးချက်အရ

ဂျီဖုန်း အင်တာနက်သုံးခ လျှော့ချ။

ရန်ကုန်၊ မေ ၇
WCDMA ဖုန်းနှင့် CDMAဖုန်းများမှလွဲ၍ ဂျီဖုန်းများ အင်တာနက်သုံးစွဲခ ထက်ဝက်နှုန်းလျှော့ချပေးလိုက်ပြီ
ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။
ယခင်က မိုဘိုင်းဖုန်းများအား အင်တာနက်သုံးစွဲခကို တစ်မိနစ် ၄ ကျပ်နှုန်းကောက်ခံခဲ့ရာမှ တစ်မိနစ် ၂ ကျပ်နှုန်းသို့ လျှော့ချခဲ့သည်။ ၄င်းအင်တာနက်လိုင်းများအတွက် မြန်နှုန်းမှာ 64 kbps သာ ပေးထား ခဲ့ကြောင်း သိရသည်။
''ဈေးနှုန်းလျှော့ချပေးလိုက် ပေမယ့် မြန်နှုန်းတော့ ကွာခြားသွား မှာပါ။ တစ်မိနစ် ၄ ကျပ်နှုန်း ကောက်ခံတဲ့ဖုန်းတွေကတော့ မြန် နှုန်းကောင်းကောင်း အသုံးပြုလို့ ရမှာ ပါ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှအင်ဂျင်နီယာချုပ် တစ်ဦး က ပြောသည်။
လက်ရှိတွင် မိုဘိုင်းဖုန်းများ အင်တာနက်အသုံးပြုခွင့်ကို မေလ ၇ ရက်နေ့တွင် စတင်လျှောက်ထား ခွင့်ပြုခဲ့ရာ ယင်းသို့ လျှောက်ထား ခွင့်ပြုရာ၌ ငါးသိန်း တန် CDMA 450 MHz ဖုန်းမှလွဲ၍ ကျန်ရှိသည့်

Y-talk မှလွဲ၍ ကျန်အွန်လိုင်းမှ ဖုန်းခေါ်ဆိုမှုများကို ဥပဒေအရ အရေးယူတော့မည်

ရန်ကုန်၊ မေ ၇
Y-talk မှလွဲ၍ အွန်လိုင်းမှ ပြည်ပဖုန်းခေါ်ဆိုမှုများအား တရားမဝင်အဖြစ် ဥပဒေအရ အရေးယူဆောင်ရွက်တော့မည်ဟု VMG TELECOMESကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အွန်လိုင်းမှ တရား ဝင်ဖုန်းခေါ်ဆိုနိုင်သည့် Y-talk စနစ် အား ဈေးနှုန်းလျှော့ချပေးလိုက်ပြီး နောက်သီးခြားခေါ်ဆိုမှုစနစ် အသုံး ပြုခြင်း၊ ခေါ်ဆိုခြင်းများအား အရေး ယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တရားမဝင် ခေါ်ဆိုမှု ဟုဆိုသည့် Pfingo၊ Skype အသုံးပြုမှုများကို အရေးယူရာတွင် လည်း ကုမ္ပဏီမှ ဆောင်ရွက်မည် မဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသာအရေးယူဆောင်ရွက်မည်ဟု

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြဿနာများကြောင့် တစ်ပတ်အတွင်း လူ ၃၇ ဦးသေဆုံးပြီး တံတား ၄ စင်း နှင့်ရထားလမ်း ၄ ခု ပျက်ဆီးခဲ့

ဧပြီလ ၂၆ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ ကချင်ပြည်နယ်တွင် ကေအိုင်အေ(ကချင်) လက်နက်ကိုင်တပ်ဖွဲ့ မှ နယ်ခြားစောင့်တပ်နှင့် တိုက်ခိုက်မှုအပြင် တံတားဖောက်ခွဲမှု၊ ရထားသံလမ်း ဖျတ်ဆီးခဲ့မှုတို့ကြောင့် ၈ ရက်အတွင်း စုစုပေါင်း လူ ၃၇ ဦးသေဆုံးခဲ့ပြီး တံတား ၄ စင်း၊ ရထားလမ်း ၄ ခုပျက်ဆီးခဲ့ရကြောင်း တစ်ပတ်အတွင်း ထွက်ရှိခဲ့သော နိုင်ငံပိုင် သတင်းစားများမှ သိရသည်။
အဆိုပါ သေဆုံးသူများတွင်  မြို့နယ်အုပ်ချူပ်ရေးမှုးတစ်ဦးအပါအဝင် ဝန်ထမ်းလေးဦး၊ ပြည်သူတစ်ဦး၊ တပ်မတော်သား ၂ ဦးနှင့် ကေအိုင်အေမှ ၃၀ ဦးတို့ပါဝင်ခဲ့ပြီး ပြည်သူလေးဦး ဒဏ်ရာရကာ အစိုးရ၀န်ထမ်း ၃ ဦးပျောက်ဆုံးလျက်ရှိသည်ဟု သိရသည်။
အဆိုပါ ၈ ရက်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင်

အွန်လိုင်းမှတရားဝင်ဖုန်းခေါ်ဆိုသည်Y-talk စနစ်နှင့်နှုန်းထားအား ၁၅ ဆလျှော့ချပေးလိုက်ပြီ

”မေလ ၁ ရက်နေ့ကစပြီး တရားမဝင်ဖုန်းခေါ်ဆိုတဲ့ Pfingo စနစ်နဲ့ နှုန်းထားအတိုင်း ပြောဆိုခွင့်ပေးသွားမှာပါ။ သုံးစွဲခွင့်ပေးတဲ့အပိုင်းမှာလည်း နိုင်ငံအပေါ်မူ တည်ပြီး   ဈေးလျှော့ချထားပါတယ်။ တချို့နိုင်ငံတွေဆိုရင် တရား မဝင်ဖုန်းခေါ်ဆိုခထက်ဈေးလျော့တာတွေရှိပါတယ်”ဟု VMG TELECOMS တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်ကY-talk  ဖုန်းခေါ်ဆိုနိုင်သည့်စနစ်အား အသုံးပြုရာတွင်Y-talk အကောင့်နှင့် ဖုန်းပြောရန်အတွက် ငွေဖြည့်ကတ်ထည့်သွင်းပြီးမှသာ လျှင် ဖုန်းပြောဆိုနိုင်ပြီး လက်ရှိတွင် ၄င်းစနစ်သာမကဘဲ တရားမဝင်ခေါ်ဆို သည့် Pfingo စနစ်အတိုင်းမည်သည့်အကောင့်မဆို ငွေဖြည့်ကတ်များ ဝယ်ယူစရာမလိုဘဲ သုံးစွဲခွင့်ပေးထား

နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်ဖို့ မသေချာပေမယ့် တတ်နိုင်သလောက်တော့ လုပ်သွားမယ်ဆိုတဲ့ ထွန်းအိန္ဒြာဗို

 
ထွန်းအိန္ဒြာဗိုကပြေတီဦးနဲ့ဗီဒီယိုနှစ်ကား ရိုက်ဖို့ ပြင်ဦးလွင်ကို  မေလ၂ရက်နေ့က ရောက်ရှိလာပါတယ်။ သူ့ရဲ့မွေးနေ့ မေလ၁ ရက်နေ့မှာတော့ ပြင်ဦးလွင်ကို တက်လာ တာမို့ လမ်းခရီးမှာပေါ်မှာပဲ မွေးနေ့ကို ကုန်လွန်ခဲ့ရတာပါ။ သားဖြစ်သူ အိပ်ပျော်နေချိန်မှာ ခရီးထွက်ခဲ့တာမို့ သားဖြစ်သူ အောင်ဗိုကောင်းသန့်က သူနိုးတဲ့အခါမှာ မိခင်ဖြစ်သူ ထွန်းအိန္ဒြာဗိုကို မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက မေလ ၁ရက်နေ့ နိုးနိုးချင်းမှာပဲ မွေးနေ့ ဆုတောင်းလုပ်ခဲ့တယ်လို့ သိရပါ တယ်။ မွေးနေ့မတိုင်မီ ရိပ်သာဝင်ခဲ့တာမို့ ရိပ်သာမှာပဲ မွေးနေ့ လှူလို့ပြောရမယ့် အလှူလုပ်ဖြစ်ခဲ့တယ် လို့ဆိုတဲ့ ထွန်းအိန္ဒြာဗိုက မွေးနေ့လို့မဟုတ်ဘဲ

အာမခံဖြင့် ဂျီမေးလ်အကောင့်သစ် ၉ဝဝဝ ကျပ်ယူပြီး ဝန်ဆောင်ပေးမှုများရှိ

ဂျီမေးလ်အကောင့်သစ် ပြုလုပ်လိုသူများသည် အင်တာနက်ဆိုင်များတွင် ဝန်ဆောင်ခကျပ် ၉ဝဝဝ အထိပေးကာ ပြုလုပ်နေရကြောင်း သုံးစွဲသူများထံမှသိရသည်။ ”ဂျီမေးလ်အကောင့်သစ် မလုပ်တတ်သူတွေ၊ ကွန်နက်ရှင်မကောင်းလို့ လုပ်လို့အဆင်မပြေသူတွေအတွက် အချို့အင်တာနက်ဆိုင်တွေကနေ ဝန်ဆောင်မှုအတွက် ငွေပေး လုပ်ခိုင်းနေရတာ”ဟု အင်တာနက် သုံးစွဲသူတစ်ဦးက ပြောသည်။ တချို့အာမခံနှင့် ဖွင့်ပေးသည့်ဆိုင်များတွင် လိုချင်သော အကောင့်နာမည်ရစေရန်နှင့် အကောင့်အပိတ် မခံရစေရန်အတွက် ဝန်ဆောင်ခကျပ် ၇ဝဝဝ မှ

ရွှေပြည်သာ အုတ်ဖုတ် လုပ်သားများ အလုပ်လက်မဲ့ ဖြစ်မည့်ကိန်းဆိုက်

(ရန်ကုန်၊ မေ ၆)
ရွှေပြည်သာ မြို့နယ်ရှိ အုတ်ဖုတ် လုပ်ငန်းများ ရပ်ဆိုင်းရန် ညွှန်ကြား ထားမှုကြောင့် အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ရမည့် အရေးနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီဟု သိရှိ ရသည်။
ရွှေပြည်သာမြို့နယ်တွင် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင် ၅ဝ နီးပါး ရှိပြီး ၄င်း အုတ်ဖုတ် လုပ်ငန်းများတွင် လာရောက် လုပ်ကိုင်နေကြသော အုတ်ဖုတ် လုပ်သား သုံးသောင်းထက် မနည်းရှိသည်။ လုပ်ငန်းရှင် များက ထိုလုပ်သားများ၏ နေရေး ထိုင်ရေး အတွက် စီစဉ်ပေးထားကြပြီး ယခုကဲ့သို့ အုတ်ဖုတ်

HIMO High Art ဆံပင်တုစက်ရုံလုပ်သားများ မကျေနပ်မှု အလုပ်သမားရုံးသို့လာရောက်တိုင်ကြား

မွန်လွဲ ၃ နာရီ၊ မေလ ၉ ရက်၊ ၂၀၁၂ ခုနှစ်- အိမ့်ခိုင်ဦး (YPI)

လှိုင်သာယာ စက်မှုဇုန် ၄ ရှိ ကိုးရီးယား နိုင်ငံသားပိုင် HIMO Hight Art ကုမ္ပဏီပိုင် ဆံပင်တုစက်ရုံမှ အလုပ်သမား ၄၀၀ ကျော်တို့ အခြေခံလစာနည်းပါးမှုနှင့် အခြေခံ အလုပ်သမား အဖွဲ့အစည်းဖွဲ့စည်းရာတွင် အခက်အခဲရှိခြင်းတို့ အပေါ် မကျေနပ်သဖြင့် ယနေ့ မွန်းတည့်ချိန်မှစ၍ မရမ်းကုန်းမြို့နယ်ရှိ အစိုးရ ပြည်ပအလုပ်သမားဆိုင်ရာ အေဂျင်စီရုံး သို့ တိုင်ကြားရန် စုရုံးရောက်ရှိနေကြသည်။

ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှ စ၍ မရမ်းကုန်းမြို့နယ် ၈ မိုင် မဟာစည်မှတ်တိုင်အနီးရှိ အလုပ်သမားရုံးရှေ့တွင် HIMO စက်ရုံမှ လုပ်သား ၄/ ၅ ရာကျော် စုရုံးရောက်ရှိနေကြသည်။

ယင်းစက်ရုံ အလုပ်သမားများအနေဖြင့် အခြေခံ လုပ်ခလစာနည်းပါးခြင်း၊ အချိန်ပိုကြေးနည်းပါးခြင်း၊ ယင်းစက်ရုံ လုပ်သားများက

ရွေးကောက်ပွဲမသမာမှု ကော်မရှင်ငြင်းဆို

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့  NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အပြတ်အသတ် အနိုင် ရခဲ့တဲ့ ဧပြီလတစ်ရက် ကြားဖြတ် ရွေးကောက်ပွဲမှာ မဲပြားတွေကို  ဖယောင်းသုတ်တာမျိုး ရှိနေတယ်ဆိုတဲ့  စွပ်စွဲမှုတွေဟာ အခြေအမြစ် မရှိဘူးလို့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ငြင်းဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မော်လမြိုင်၊ တောင်တွင်းကြီး ကလော အပါအ၀င် မဲရုံအများအပြားမှာ မဲအရေအတွက် အပြောင်းအလဲလုပ်လို့ ရအောင် မဲပြားတွေကို ဖယောင်းသုတ်ထားတယ်ဆိုပြီး NLD နဲ့ တခြားပါတီ ကိုယ်စားလှယ်တွေက တိုင်တန်းခဲ့တာပါ။
ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး မြို့နယ်ဆယ်ခုမှာစစ်ဆေးခဲ့ပေမယ့် ဖယောင်းသုတ်ထားတဲ့

ဒေါ်အောင်ဆန်းစုကြည်ကို Passport ထုတ်ပေးလိုက်တာ အမေရိကန် ကြိုဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက နိုင်ငံကူးလက်မှတ်-Pass Port စာအုပ် ထုတ်ပေးလိုက်ပြီမို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နှစ်ပေါင်း ၂၄ နှစ် အတွင်း ပထမဆုံး အကြိမ် ပြည်ပခရီးစဉ်တွေ ထွက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ခုလို ဒေါ်အောင်ဆန်းစုကြည် ပက်စ်ပို့ရတဲ့ အပေါ်မှာ အမေရိကန် အထက်လွှတ်တော်အမတ်တွေက ဘယ်လို ၀မ်းသာကြိုဆိုခဲ့ကြတဲ့အကြောင်း မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် ခရီးသွားလက်မှတ် ပက်စ်ပို့စ်စာအုပ်ကို ပြည်ထဲရေး ၀န်ကြီးဌာနက ရန်ကုန်မြို့မှာ အင်္ဂါနေ့က ထုတ်ပေးလိုက်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူ

ဖြိုးဝေအောင် သေဒဏ်ချခံရမှု ကုလ အထူးကိုယ်စားလှယ်က အပြစ်တင် ။

၂၀၁၀ ခုနှစ်တုန်းက ရန်ကုန်သင်္ကြန်ဗုံးခွဲမှုနဲ့ဆက်စပ်ပြီး သင်္ကာမကင်းဖမ်းဆီးခံထားရသူ ဖြိုးဝေအောင် သေ ဒဏ် အပြစ်ချမှတ်လိုက်တဲ့ စီရင်ချက်ကိုကြည့်ရင် မြန်မာနိုင်ငံတွင်း တရားစီရင်ရေးပိုင်းကို အရေးတကြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီဆိုတာ ပြသ လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားက ပြောပါ တယ်။ မြန်မာနိုင်ငံထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို မမေ့ကြဖို့လည်း သူက တိုက်တွန်းပါတယ်။ ဒီအကြောင်းကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းမှာ နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ်ထားခံရတဲ့ ဖြိုးဝေအောင်ရဲ့အမှုကို တရားစီရင်ရာမှာ လွတ်လပ်မှု၊ ပွင့်လင်းမှု

ကျူးကျော်နေသူများအရေး မပြေလည်သေး (ရုပ်/သံ)



ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားခိုင်မှုနဲ့ ပါတ်သက်ပြီးတော့ ကြားဝင်ညှိနိုင်းပေးတဲ့ နိုင်ငံရေးပါတီအဖွဲ့ဝင်တချို့နဲ့ ရွှေပြည်သာစက်မှုဇုန် အရာရှိတွေကြားမှာ တင်းမားမှုတွေ ဖြစ်နေတဲ့အကြောင်း ဧရာဝတီရုပ်သံမှာ ကြည့်ရူနိုင်ပါပြီ။





ဧရာဝတီ

မင်းတုန်းမင်းလက်ထက် သတင်းစာ ဥပဒေ

မင်းတုန်းမင်းလက်ထက် ရတနာပုံ နေပြည်တော် သတင်းစာထုတ်ဝေရေးအတွက် ကင်းဝန်မင်းကြီး ဦးဆောင်ကြိုးပမ်းရာတွင် ရှေးဦးစွာ သတင်းစာတိုက် တည်ထောင်ရန် ဥပဒေကို ရေးဆွဲပြီး မင်းတုန်းမင်းကြီးထံ တင်ပြကြသည်။ မင်းတုန်းမင်းကြီးက ထိုဥပဒေကို ၁၂၃၅ ခု ၀ါခေါင် လပြည့်ကျော် ၇ ရက်နေ့တွင် အတည်ပြုပေးသည်။
မင်းတုန်းမင်း လက်ထက် ရတနာပုံ နေပြည်တော် သတင်းစာ
အဆိုပါ ဥပဒေကို ကြည့်ခြင်းအားဖြင့် သတင်းစာ၏ ရည်ရွယ်ချက် မည်မျှ ခေတ်မီသည်ကို သိနိုင်သည်။

စစ်တွေ၌ ဈေးအခွန် အဆမတန်ကောက်ခြင်းအပေါ် ဆန္ဒပြမှု အောင်မြင်

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နာဇီဈေး၌ အခွန်နှုန်း တိုးမြှင့် ကောက်ခံနေခြင်းအား ရပ်ဆိုင်းပေးရန် ဈေးသူ ဈေးသားများ ဆန္ဒပြ တောင်းဆိုမှုကြောင့် အခွန်ကောက်ခံခွင့် လေလံအောင်ထားသူ၏ လိုင်စင်အား ရုပ်သိမ်းလိုက်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီး တဦးက ပြောသည်။
စစ်တွေမြို့ရှိ ဈေးတဈေးမှ ဈေးရောင်း ဈေးဝယ်များကိုတွေ့ရစဉ် (ဓာတ်ပုံ - နိရဉ္စရာ)
“၀န်ကြီးချုပ်ရဲ့တာဝန်ပေးမှုအရ ၀န်ကြီးအဖွဲ့က ချက်ချင်းပဲ ကွင်းဆင်းစစ်ဆေးပြီးတော့ ဈေးသည်တွေ ကျေနပ်နိုင်လောက်တဲ့  အခြေအနေတခု ဆောင်ရွက်ပေးဖို့

တောင်ကိုရီးယားသမ္မတရီးစဉ် လုံခြုံရေးစိုးရိမ်နေ


တောင်ကိုရီးယားနိုင်ငံ သမ္မတ မစ္စတာ လီမြောင်ဘတ် သည် မြန်မာနိုင်ငံသို့ မကြာခင်ကာလ အလည် အပတ်ခရီးလာရောက်ရန် ရှိနေပြီး ယင်းခရီးစဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ ကြိုတင်လေ့ကျင့်မှုများ ရန်ကုန်မြို့တွင် ပြု လုပ်နေပြီဖြစ်သည်။
မစ္စတာ လီမြောင်ဘတ်ခရီးစဉ်သည် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသို့ လာရောက်သည့် တောင်ကိုရီးယား သမ္မတ၏ ပထမဆုံး ခရီးစဉ်ဖြစ်မည် (ဓာတ်ပုံ- Reuters)
ယင်းခရီးစဉ်နှင့် ပတ်သက်၍ အသေးစိပ် သိရှိရန် ဧရာဝတီက ရန်ကုန်ရှိ တောင်ကိုရီးယား သံရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း ဖြေဆိုခြင်းမရှိပေ။ သို့သော် ထိုခရီးစဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ ကြိုတင်လေ့ကျင့်မှုများကို ရန်ကုန်မြို့တ၀ှမ်း ပြုလုပ်နေကြောင်း ရန်ကုန်ရှိ သတင်းရပ်ကွက်များက ဆိုသည်။
အကယ်၍ မစ္စတာ လီမြောင်ဘတ် မကြာခင် လာရောက်မည်ဆိုပါက ယင်းခရီးစဉ်သည် နှစ်ပေါင်း ၃၀

၀၉-မေလ-၂၀၁၂ ရေဒီယိုအစီအစဉ်

Dj of the day ..... 09-05-2012 (Wed) နေ့လည် ၁၂ နာရီ မှ စတင်ပြီး MTS Online Radio မှ ဒီဂျေဟု အမည်နှင့်လိုက်ဖက်မည့် အမြူးအကြွဆုံးတေးသီချင်းများကို Non-Stop ည ၁၀ နာရီအထိ ထုတ်လွှင့်ပေးသွားမှာဖြစ်ပါသည်။အချစ်အလွမ်း အဂွမ်းများ မပါဝင်သော Remix, Techno , Electro , Hits , Disco , Club and Party Music များဖြင့် အမြူးကြွဆုံးတေးသီချင်းများဖြင့် မရပ်မနား တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။နားဆင်လိုသူများ www.myittarshin.com (or) http://173.255.137.7/MTS တို့ တွင်တိုက်ရိုက်နားဆင်ခံစားနိုင်ပါသည်။

စည်ပင်ဌာနက ပြန်သိမ်းတဲ့ အငှားယာဉ် စပေါ်ငွေ ပြန်မအမ်းပေးသေး

2012-05-08
ရန်ကုန်တိုင်း စည်ပင်သာယာဌာနကနေ ပုဂ္ဂလိကကို ငှားရမ်းထားတဲ့ အငှားယာဉ် တက္ကစီကားတွေကို ဌာနက ပြန်သိမ်းပြီးတဲ့နောက် မူလငှားရမ်းထားသူတွေကို စပေါ်ငွေ ပြန်မအမ်းပေးပဲ အဲဒီကားတွေကို ဝန်ထမ်းတချို့နဲ့ ပုဂ္ဂလိကတချို့ကို ပြန်လည် ငှားရမ်းလိုက်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စပေါ်တင်ပြီး ငှားထားတဲ့ကားတွေ အသိမ်းခံလိုက်ရတဲ့ အမျိုးသမီးတဦးက အခုလိုပြောပါတယ်။
" စည်ပင် တက္ကစီလေ၊ အဲဒီတက္ကစီတွေကို ကျွန်မတို့ကို ဒီနေ့ထက်ထိ စပေါ် ၁၀ သိန်းလည်း မအမ်းဘူး။ ကိုယ့်စရိတ်နဲ့ကို ပြင်ဆင်ထားတဲ့ စီအင်န်ဂျီဖိုးတွေလည်း မအမ်းသေးဘဲနဲ့ ကျွန်မတို့ကားတွေကို နံပတ်အနက်ပြောင်းပြီး နောက်လူပေးလိုက်တယ်"
အခုပြောတဲ့ အမျိုးသမီး အပါအဝင် စုစုပေါင်း လူ ၃၀ ကျော်က ကားတစီးကို စပေါ် ၁၀ သိန်းနဲ့

ဒ်ါအောင်ဆန်းစုကြည် မသန်မစွမ်းသူများ ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

2012-05-08
မြေမြုပ်မိုင်းထိလို့ မသန်မစွမ်း ဖြစ်ကြရတယ် ဆိုတာဟာ အဲဒီတိုင်းပြည်ရဲ့ မသန်စွမ်းမှုကို ဖော်ပြနေတာပဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

RFA
၂၀၁၂ ခုနှစ် မေလ ၈ ရက်တွင် ကျင်းပပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ၏ မသန်မစွမ်းသူများ ဂုဏ်ပြုပွဲအခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ရဲ့မသန်မစွမ်းသူများ ဂုဏ်ပြုပွဲ

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး သဘောတူညီချက်ရ

2012-05-07
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါက်တာ ရွှေခါး ဦးဆောင်တဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ဟာ ဒီကနေ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် (၁၆) ကို သဘောတူညီမှု ရရှိခဲ့ကြပါတယ်။
RFA
ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် တွေ့ဆုံစဉ်။
ဒီဆွေးနွေးပွဲကို ချင်းပြည်နယ် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ နှစ်ဘက် သဘောတူညီချက်တွေအရ CNF နဲ့ အစိုးရအဖွဲ့တို့အကြား ငြိမ်းချမ်းရေးကိစ္စတွေ

ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေအတွက် NLD ထောက်ပံ့ငွေ ပေးအပ်

2012-05-07
အကျဉ်းထောင်တွေမှာ မလွတ်မြောက်ဘဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် NLD ပါတီ ဗဟိုလူမှုအထောက်အကူပြု အဖွဲ့က ပေးအပ်လိုက်တဲ့ ထောက်ပံ့ငွေကို မန္တလေး-အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသား ၈၈ ဦးအတွက် လိုက်လံ ပေးအပ်နေကြောင်း သိရပါတယ်။
AFP
မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်မြောက်လာမည့် သူများကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ။
နိုင်ငံရေးအကျဉ်းသား တဦးအတွက် ကျပ်ငွေ ငါးထောင်စီကို မန္တလေးတိုင်း လူမှုအထောက်အကူပြုအဖွဲ့က တာဝန်ယူပြီး ပေးပို့ခဲ့တာဖြစ်ကြောင်း မန္တလေးတိုင်းစည်း-အဖွဲ့ဝင် ဒေါ်ဝင်းမြမြက RFA ကို

ဒုတိယသမ္မတ-၁ နှုတ်ထွက်သည့်ကိစ္စ လွှတ်တော်အစည်းအဝေး ခေါ်မည်လို့ သတင်းထွက်ပေါ်

2012-05-08
ဒုတိယသမ္မတ-၁ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုမေလကုန်မှာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ခေါ်ယူဖို့ အာဏာပိုင်တွေက စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
RFA
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး (ရှေ့ဝဲဘက်) ဖြစ်ပါသည်။
လောလောဆယ်အထိ လွှတ်တော်ကိုယ်စားလှယ်တွေကို တရားဝင်စာနဲ့ အကြောင်းကြားတာ မရှိသေးပေမယ့် ဦးတင်အောင်မြင့်ဦး နှုတ်ထွက်မှုနဲ့ ပတ်သက်လို့ ဒီလထဲမှာ

ဒေါ်အောင်ဆန်းစုကြည် Passport ရပြီ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် Passport နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတို့ကို ခရီးထွက်ဖို့ ပြင်ဆင်နေတာပါ။
Passport ကို ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ရန်ကုန်မြို့မှာ ထုတ်ပေးလိုက်တာလို့ NLD တာဝန်ရှိ သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီပါ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်က

DKBA နဲ့ အစိုးရကြား တင်းမာမှု KNU ကြားဝင် စေ့စပ်ဖို့ ကမ်းလှမ်း

ဓာတ်ပုံ aye mar
ဗိုလ်ချုပ် စောလားပွယ် သတင်းစာရှင်းလင်းပွဲ လုပ်ပုံ။
ထိုင်းမြန်မာ နယ်စပ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာမယ့် အရေးကို ကြားဝင်ဖြေရှင်းပေးဖို့ အတွက် ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ (KNU) ဘက်က ဖြေရှင်းပေးဖို့ အဆင့်သင့်ရှိပါတယ် လို့ ကမ်းလှမ်းလိုက်ပါတယ်။ လက်နက်ကိုင် ကရင်ဗုဒ္ဓဘာသာ တပ်မတော် ဒီကေဘီအေ (DKBA)

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ ဒေါ်စုတိုက်တွန်း

အကြောက်တရားတွေ၊ ချိုးနှိမ်မှုတွေကို ဖြစ်ပေါ်စေတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာတ၀ှမ်းက အမျိုးသမီးအားလုံးအတွက် ငြိမ်းချမ်းမှုနဲ့ ပျှော်ရွှင်မှုတွေကို ဆောင်ကြဉ်းကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ကနေဒါနိုင်ငံအခြေစိုက် Nobel Women’s Initiative အဖွဲ့က ဦးဆောင် လှုပ်ရှားတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာ လှုပ်ရှားမှုကို ပေးပို့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ အခုလို တိုက်တွန်း ပြောဆိုသွားတာပါ။ ဒီလှုပ်ရှားမှုအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ တင်ပြထားပါတယ်။
ကမ္ဘာပေါ်က ပဋိပက္ခဒေသတွေမှာ အမျိုးသမီးတွေကို အတင်းအဓမ္မ ပြုကျင့်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာအရ

ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘာ့ အမျိုးသမီးရေးရာ အဖွဲ့ရဲ့အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ်တို့ တွေ့ဆုံ

 

ကမ္ဘာ့ အမျိုးသမီးရေးရာ အဖွဲ့ရဲ့အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ် MelanneVerveer နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မေလ ၆ ရက်နေ့ ညနေပိုင်းက
ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံ ခဲ့ပါတယ်။ Melanne Verveer ဟာ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ကြုံတွေ့နေရတဲ့

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။