MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, May 12, 2012

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ သတင်းစာရှင်းလင်းပွဲ ပထမဆုံးအကြိမ်ပြုလုပ်

ဦးဝိစာရလမ်းရှိ အလယ်ကျွန်းများ ဖျက်ခဲ့ရခြင်းနှင့်ပတ်သက် ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဌ မြို့တော်ဝန် ဦးလှမြင့် ရှင်းလင်း နေစဉ်။ ဓာတ်ပုံ -စောသိန်းဝင်း
ဦးဝိစာရလမ်းရှိ အလယ်ကျွန်းများ ဖျက်ခဲ့ရခြင်းနှင့်ပတ်သက် ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက သတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီခန်းမ(၄)တွင် မေ ၁၁ရက်က ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီဥက္ကဌနှင့် ယင်းဌာနမှ အရာရှိကြီးများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

2012-05-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အဖြစ် သူတာဝန်ရှိတဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို ဒီကနေ့ လက်တွေ့ ကွင်းဆင်း လေ့လာခဲ့ပါတယ်။
AFP
မတ်လ ၃၁ ရက်နေ့က ကော့မှူးမှ မဲရုံတစ်ခုကို လာရောက်ကြည့်ရှုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူထုကို နှုတ်ဆက်နေစဉ်။
ဒါ့အပြင် ဒေသခံအုပ်ချုပ်ရေးမှူးတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိတဦး ဖြစ်တဲ့ ဦးခွန်သာမြင့်က RFA ကို ပြောပါတယ်။ "ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်းကို သွားရောက် ကန်တော့အပြီး ကော့မှူး ကျေးရွာပေါင်းစုံမှာ ရှိတဲ့ ဘွဲ့ရ အလုပ်လက်မဲ့ လူငယ် ၁၅၀ ခန့်ကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခဲ့ပါတယ်။ သူတိုရဲ့

ရှေ့တန်းတပ်ရင်းမှာ တပ်တွင်း ပစ်ခတ်မှုကြောင့် သေဆုံးမှုရှိ

2012-05-12
စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်၊ တွီဗန်ကျေးရွာ အခြေစိုက် ရှေ့တန်းတပ်ရင်း ခလရ (၂၆၆) မှာ မေလ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲလောက်က တပ်တွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
(Photo: AFP)
မြို့တွင်း လုံခြုံရေး အစောင့်တာဝန်ကျ စစ်သားတဦး ဖြစ်ပါသည်။ (Photo: AFP)
ရဲဘော်(၂) ဦးက သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် အရာရှိတဦး၊ ဒုတပ်ကြပ်တဦးနဲ့ ရဲဘော် (၂) ဦး စုစုပေါင်း (၄) ဦး သေဆုံးခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။ “ကျနော်တို့ တွီဗန်ရွာမှာရှိတဲ့ တပ်ရင်းပေါ့နော်။ ညမှာ ဒုတပ်ကြပ်နဲ့ စစ်သားတွေက ရန်ဖြစ်တယ်လို့ ပြောပါတယ် ခင်ဗျ၊ ဒုတပ်ကြပ်က ရဲဘော်တစ်ယောက်ကို ပါးရိုက်လိုက်တယ်လို့ ပြောပါတယ်။ အဲဒီမကျေနပ်တော့ ဒီရဲဘော်နဲ့

ရဲစခန်းရှေ့ ရွှေဆိုင်မှာ အလုခံရ

2012-05-12
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၁၀) ရပ်ကွက် သုမင်္ဂလာလမ်းမှာ ရှိတဲ့ အောင်ရွှေဆိုင်မှာ ဒီကနေ့ မနက် (၁၂) နာရီဝန်းကျင်က လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရွှေဆိုင်ပိုင်ရှင် ကိုအောင်ထွန်းက အခင်းဖြစ်ပွားပုံကို အခုလို ပြောပါတယ်။ "ကားတစီးက ဆိုင်ရဲ့ ဟိုဘက်ကမ်းမှာရပ်ထားတာ၊ ပြီးတော့ အဲဒီပေါ် နှစ်ယောက် ဆင်းလာပြီးတော့ ဆွဲကြိုးကြည့်တယ်။ ဆွဲကြိုးကြည့်ရင်းနဲ့ တယောက်က ဆက်ဆိုယူပြီး ထွက်ပြေးတာ ကြိုးတကုန်းပါပဲ။ တစ်သိန်းကျော်လောက်ပဲ ရှိတာပါ။ တယောက်က ကားရပ်ထားတဲ့ ဟိုဘက်ကမ်း ကိုပြေးတယ်။ တယောက်က ဆန့်ကျင်ဘက်ပေါ့ဗျာ။ တဖက်ဆီပြေးတာပေါ့။" အခင်းဖြစ်ပွားခဲ့တဲ့အောင်ရွှေဆိုင်ဟာ တောင်ဥက္ကလာပ ရဲစခန်းနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ ရွှေဆိုင် ဖြစ်ပါတယ်။ အဲဒီ ရဲစခန်းကို လုယက်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့

ပြည်ပရောက်မြန်မာများကို ဦးသိန်းစိန် ဖိတ်ခေါ်

2012-05-12
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အမိနိုင်ငံ တိုးတက်ရေး အတွက် ပြည်ပရောက် တတ်သိ ပညာရှင်တွေ စီးပွားရေး လုပ်ငန်းရှင်တွေ ပြန်လာကြဖို့  သမ္မတ ဦးသိန်းစိန် က ဒီကနေ့  ဖိတ်ခေါ်လိုက်ပါတယ်။
AFP
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသော မဟာမဲခေါင်ညီလာခံကို တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တွေ့ရစဉ်။
အခုအခြေအနေမှာ ငွေကြေး အရင်းအနှီး အပြင် လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေ ရှိနေပြီဖြစ်လို့  နိုင်ငံခြားတိုင်းပြည် အသီးသီးမှာ အကြောင်း အမျိုးမျိုးကြောင့် ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာရေးကို သူ ဖိတ်ခေါ်နေပါတယ် လို့ 

The Voice နှင့် သတ္တုတွင်း အမှု အပြီးသတ် ကြားနာမည်

The Voice ဂျာနယ်တွင် ဖော်ပြခဲ့သည့် “ဝန်ကြီးဌာန အချို့ ၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ”ဟူသော သတင်း နှင့် ပတ်သက်၍ သတ္ထုတွင်း ဝန်ကြီးဌာနက အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်းရေးသားသူ တို့ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားရာ မေလ၂၃ ရက်နေ့တွင် အပြီးသတ်ကြားနာ အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
မေလ ၁၁ ရက် စတုတ္ထအကြိမ်မြောက် ရုံးချိန်းတွင် သတင်းရေးသားသူအား ဖော်ထုတ်ရန် သတ္တုတွင်းဝန်ကြီးဌာနမှ တောင်းဆိုခဲ့ရာ စာနယ်ဇင်း ကျင့်ဝတ်နှင့် အခြေခံဥပဒေပါ ပြဌာန်းချက်များအရ ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ၏ အကျိုးဆောင် ရှေ

တရားစီရင်ရေး မဏ္ဍိုင် အမြန် ပြုပြင်ပြောင်းလဲရန် လိုနေပြီ

ရန်ကုန်မြို့ X2O သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှုတွင် ပတ်သက်သည်ဟူသော သံသယဖြင့် ဖမ်းဆီးထားသည့် ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တခြားကြီးလေးသော ပြစ်ဒဏ်များ ဆုံးဖြတ်ချမှတ်ခဲ့ခြင်းသည် မြန်မာ့တရားစီရင်ရေး မဏ္ဍိုင် နှင့် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးစနစ် မည်မျှချွတ်ယွင်းပျက်ဆီးနေကြောင်း မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။
ကိုဖြိုးဝေအောင်၏အမှုကို တရားစီရင်ရာတွင် လွတ်လပ်မှု၊ ပွင့်လင်းမှု မရှိသည့်အပြင် တရားခံဘက်မှ ချေပပြောဆိုနိုင်သော အခွင့်အလမ်းများလည်း ဆုံးရှုံးခဲ့သည့်အတွက် တရားစီရင်ရေးစနစ် အရေးတကြီး ပြုပြင်ပြောင်းလဲရန် လိုနေပြီဟု  မြန်မာနိုင်ငံဆိုင်ရာ

အစိုးရနှင့် မူးယစ်ဆေး ပူးပေါင်းနှိမ်နင်းရန် SSA အသင့်ရှိ

ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S)သည် မကြာသေးခင်က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ ၂ ရပ်ကို ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
ဖေဖော်ဝါရီ ၇ ရက်က ကျင်းပသည့် ၆၅ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားတွင် တွေ့ရသော SSA-S တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ -Reuters)
မေလ ၇ ရက်နေ့က SSA တောင်ပိုင်း ဌာနချုပ်တည်ရှိရာ လွယ်တိုင်းလျန်းတွင် ယင်းကော်မတီများကိုဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်၂၀ ကျော် ပါဝင်သည်ဟု SSA တောင်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး

ချစ်သူစုံတွဲတိုင်း သိရှိစေရန်။





ရထားပေါ်တွင်လူမြင်မကောင်းအောင် နှုတ်ခမ်းချင်းတေ့ပြီး လေပေးလေယူပြုလုပ်နေသူများ။


လူလည်ခေါင်တွင်အရှက်အကြောက်ကင်းမဲ့စွာ ထိုကဲ့ သို့ ကာမနှီးနှောဖလှယ်မှုများသည် အများအမြင်တွင်
လွန်စွာအကျဉ်းတန်ရုပ်ဆိုးလှပါသည်။မိမိ၏ ချစ်သူမည်မျှတွင်ချစ်စေကာမှူ ထိုကဲ့ သို့ အပြုမူမျာကို အများပြည်သူခရီးသွားသောရထားများ။ကားများပေါ်တွင်မပြုလုပ်သင့်ပေ။ မိမိတို့၏စိတ်ထဲတွင် ကာမဆန္ဒသည်လွန်စွာပြင်းထန်နေပါက အခြားသော မမြင်ကွယ်ရာများတွင်သာ ပြုလုပ်သင့်သည်။
ထို့ကဲ့ သို့ အများပြည်သူကြားတွင် မမြင်ဖွယ်၇ာကိစ္စများပြုလုပ်နေခြင်းသည်

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။