MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။
*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*
"MTS Online Radio"
မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။
မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။
Video Downloader Software
Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<
Sunday, May 13, 2012
မိခင်များရင်သွေးငယ်များအတွက် နို့ ရည်အထွက်နည်းနေလျှင်...
Milk Supply နို့ထွက်နည်းနေရင်
Tue, May 8, 2012 at 3:11 PM
ကလေးမွေးပြီးလို့ နို့ထွက်အောင်လုပ်ရတာ အရမ်းနာတယ်လို့ ပြောကြတယ်ဆရာ။ အဲဒီအချိန်မှာ အဆင်ပြေဖို့ ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ။
ပုံမှန်ကိုယ်ဝန်၊ ပုံမှန်ကလေးမွေးဖွါးခြင်းတွေကနေ ပုံမှန် နို့ထွက်ပါတယ်။ လူတိုင်းနီးပါး အဆင်ပြေကြပါတယ်။ နာစရာ တခုမှ မရှိပါ။ ကြိုတင် ပြင်ဆင်မှုဆိုတာ ရေးပြဘို့တောင် ခက်ပါတယ်။ နို့ထွက်နည်းတာကို ပြုပြင်နည်းနဲ့ “နို့တိုက်မိခင်တွေ ဘာတွေ စားသင့်သလဲ” တွေကို ဖတ်ထားရင် ကိုယ်နဲ့ဆိုင်တာ သိလာနိုင်မယ် ထင်ပါတယ်။
နို့ထွက်နည်းတာကို ပြုပြင်နည်း
နို့ကို စို့ပေးတဲ့ လှုံ့ဆော်မှုရှိမှ နို့ထွက်စေတယ်။ ကလေးက မွေးကင်းစ
အသားဝါ ဖြစ်နေရင် နို့စို့ချင်စိတ် နည်းနေမယ်။ ကလေးက ကောင်းကောင်းမစို့တတ်တာ အများဆုံးဖြစ်တယ်။ လမစေ့ဘဲ မွေးတဲ့ကလေး၊ အလေးချိန် နည်းလွန်းတဲ့ကလေးတွေ နို့မစို့တတ်ဘူး။ မအေက ကလေးမွေးပြီး အလုပ်လုပ်ရလို့ ကလေးနဲ့ခွဲနေရရင် နို့စို့ အကြိမ်နည်းမယ်။ နို့ထွက်နည်းမယ်။ မအေက စိတ်ဖိစီးမှု များနေရင် နို့ထွက်နည်းမယ်။ ကလေးကို မအေနို့နည်းလို့ နို့ဗူးကူရင်လဲ နို့ထွက် နည်းမယ်။ နို့သီဖျား မာနေ၊
Itchy penis ပန်းအဖျား ယားခြင်း
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၃)
Jan 3, 2011 at 2:19 AM
ကျွန်တော့် အသက်ကတော့ ၂၆ နှစ်ထဲမှာပါ။ လူပျို လူလွတ် တစ်ယောက်ပါ ခုချိန်ထိအောင် ဘယ်မိန်းကလေးနဲ့မှလဲ ဆက်ဆံခြင်း မရှိခဲ့ဖူးပါဘူး။ ကျွန်တော်ရဲ့ မွေးရာပါထိပ်ဖျား အတွင်းပိုင်း အရေခွံ နေရာလေးတွေမှာ မကြာခဏဆိုသလို ယားယံခြင်း၊ ခြေမိလျင် အနဲငယ် ရောင်ရမ်းခြင်း၊ ပွန်းပဲ့သော ဒဏ်ရာကဲ့သို့ ပူစပ်ပူစပ်ဖြစ်ခြင်း၊ ပူစပ်စပ်ဖြစ်တဲ့အခါ အရေပြားလေးတွေ တစ်ချို့ နေရာတွေမှာ အက်ကွဲကြောင်းလေးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
တစ်ကိုယ်သန့်ရှင်းရေး ညံ့လို့များလားလို့ ဂရုစိုက်၍ သတိထား လုပ်ကြည့်ပါသော်လဲ ပြောင်းလဲ လက္ခဏာ မတွေ့ရသေးပါ။ နေ့စဉ်တော့ မဟုတ် ရက်ခြား ရက်ခြား ဖြစ်ပေါ်ပါတယ်။ တစ်နှစ်နီးပါးမျှ ကြာခဲ့ပါပြီ။ အရင်က ဒီလို မဖြစ်ဖူးပါဘူး။ ဘာရောဂါ ဖြစ်နေမှန်းလဲ မခန့်မှန်းတတ်ပါ။ အစာအာဟာရ ချို့တဲ့၍လား
Vaginal itching မိန်းမကိုယ် ယားခြင်း
Fri, Apr 13, 2012 at 10:51 AM
သမီးက အပျိုစင်ပါ။ အသက် ၂၃ ပါ။ မိန်မကိုယ် ယားတာလေးကို တိကျအောင် ဖြေကြားပေးစေချင်ပါတယ်။ မိန်မကိုယ်တဝိုက် ယားပါတယ်။ ဆီချိုမျိုးရိုးလဲ ရှိပါတယ်။ ဆီချိုနဲ့ဆိုင်လား။ သန့်အောင်လဲ ဂရုစိုက်တယ်။ အထူးသဖြင့် ရာသီခွင်တဝိုက်နဲ့ အချိုစားရင် ဖြစ်သလိုမျိုး ခံစားရတယ်။ အပျိုဖော်ဝင်စလောက်က စဖြစ်တယ်ထင်တာပဲ။
ဒီမေးခွန်းကို အချိန်သိပ်မရခဲ့လို့ ခပ်တိုတို ဒီလိုဖြေခဲ့ပါတယ်။ အခု စာတပုဒ်ဖြစ်အောင် ရေးပါရစေ။
“ဆီးချိုစစ်ပါ။ ဆီးချိုကြောင့် မဟုတ်ရင် ပိုးဝင်တာကို သတိထားရ-ကုသရမယ်။ အများဆုံး Metronodazole တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်သောက်ပါ။ မရသေးရင် Mycostatin or Vlotrimazole vaginal tiblets တခုခုကို တညတခါ ဗဂျိုင်းနားမှာ ထည့်ပါ။ ၆ ရက်။ မေးတဲ့သူက အပျိုစင်ဖြစ်ပေမဲ့
အချိုမှုန့် အကြောင်းသိကောင်းစရာ။
Sun, Apr 29, 2012 at 11:26 AM
ကျနော်တို့ မြန်မာလူမျိုးတွေဟာ အချိုမှုန့်ကို ဟင်းထဲမှာထည့်ပြီး စားသောက်လေ့ ရှိကြပါတယ်။ နိုင်ငံခြားမှာ လုံးဝ မစားသလောက်ပါပဲ။ စားသောက်ဆိုင်တွေကအစ ဟိုတယ်အဆုံး ဆိုသလို နိုင်ငံခြားမှာ အချိုမှုန့်ကို မသုံးစွဲကြဘူး။ အချိုမှုန့်ရဲ့ ဆိုးကျိုးတွေနှင့် ဓါတုဗေဓပါဝင်မှုတွေကို သိချင်ပါတယ်။ နောက်ပြီး မြန်မာတွေဟာ ဘယ်ခုနှစ်လောက်က စတင်သုံးစွဲလာခဲ့ကြပါသလဲ။
နောက်ဆုံးမေးတာ ကျွန်တော် မသိပါ။ ဆရာတယောက်တော့ ၁၉၇၃ မတိုင်ခင် သုံးစွဲတာ မများသေးဘူးလို့ ရေးတာဖတ်ရတယ်။ ဟင်းချိုမှုန့်ကို မြန်မာပြည်မှာ (အာဂျီနိုမိုတို) လို့သာ လူသိများတယ်။ Ajinomoto ဟာ ဂျပန်နိုင်ငံက အစားအသောက်နဲ့ ဓါတုပစ္စည်းတွေ ထုတ်လုပ်တဲ့ (ကော်ပိုရေးရှင်း) ရဲ့ နာမည်သာဖြစ်ပါတယ်။ Aspartame ခေါ်တဲ့ အချိုအတု ထုတ်လုပ်တဲ့ ၉ ဘီလျန်တန် ကမ္ဘာ့
မြန်မာ အစဉ်အလာသုံး ကလေးဆေးမှုံ့တွေ အန္တရာယ်မကင်းကြောင်း ကျန်းမာရေး သတိပေးထုတ်ပြန်ချက်
၁၄-၄-၂ဝ၁၂ မြန်မာ အစဉ်အလာသုံး ကလေးဆေးမှုံ့တွေ အန္တရာယ်မကင်းကြောင်း ကျန်းမာရေး သတိပေးထုတ်ပြန်ချက်
သြစတြေးလျ (နယူးဆော့သ်ဝေးလ်) ကျန်းမာရေးဌာနကနေ မြန်မာ အစဉ်အလာသုံး အစာကျေဆေးနဲ့ အားဆေးအဖြစ် သုံးနေကြတဲ့ ကလေးပေါင်ဒါတွေဟာ ကျန်းမာရေး အန္တရာယ် မကင်းတဲ့အကြောင်း လူထုကို သတိပေးချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
အမေရီးကားက ကျန်းမာရေး ကျွမ်းကျင်သူတွေကနေ မြန်မာကလေးတွေမှာ ခဲဓါတ်တွေ ရှိသင့်တာထက် များနေတာကို သိရှိထားပါတယ်။ ဒီလိုဖြစ်နေရတာက မြန်မာ တိုင်းရင်းဆေးတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။
မကြာသေးမီက (နယူးဆော့သ်ဝေးလ်) ကျန်းမာရေးဌာနနဲ့ (နယူးဆော့သ်ဝေးလ်) အစားအသောက်အာဏာပိုင်တွေကနေ အဲဒီ မြန်မာ တိုင်းရင်းဆေးတွေကို (ဆစ်ဒနီ)
(ဘီ) ပိုးဆေးပေးခြင်း Hepatitis B medical treatment
• ဆေးကုသတာရဲ့ရည်ရွယ်ချက်ကတော့ ဗိုင်းရပ်စ်ပိုးတွေ တက်ကြွမနေအောင်၊ အသဲထဲမှာ ပွါးများ မလာစေအောင် လုပ်တာ ဖြစ်တယ်။ ဆေးကနေ အဲလိုလုပ်ပေးတဲ့နောက်မှာ ကိုယ့်ခုခံအားကနေ ပိုးတွေကို နှိမ်နိုင်လာမယ်။ အသဲကိုလဲ ဆက်ပြီး ပျက်စီးတာ မဖြစ်အောက် ကာကွယ်ပေးနိုင်မယ်။ အသဲခြောက်တာ၊ အသဲကင်ဆာ ဖြစ်မလာစေဘူး။
• အသဲရောင် (ဘီ) ပိုးကူးစက်ခံရသူတွေထဲက ၉၅% မှာ သူ့အလိုလို ရောဂါပိုးတွေ ရှင်းသွားနိုင်တယ်။ ဆေး မလိုဘဲ ရှင်းသွားတာကို ဆိုလိုတယ်။ တချို့မှာတော့ နာတာရှည် အသဲရောင် ဖြစ်နိုင်တယ်။ ၆ လနေလို့မှ ပိုးကင်းရှင်း မသွားရင် အဲလိုဖြစ်လာနိုင်တယ်။ အသဲရောဂါဖြစ်လာမယ် အသဲထဲမှာ ပိုးတွေက ပွါးများလာမယ်။ ဆေးကုသဘို့ လိုနိုင်တယ်။
• နာတာရှည် အသဲရောင်အတွက် လောလောဆယ် ဆေး ၃ မျိုးသုံးနေတယ်။ (၁) Pegylated Interferon
၈၈ မျိုးဆက်ကျောင်းသားတွေ ဒလမှာ သောက်သုံးရေလှူဒါန်း
2012-05-13
သောက်သုံးရေးရှားပါးမှုနဲ့ ကြုံနေရတဲ့ ဒလ မြို့နယ်ကို ဒီကနေ့ ၈၈ မျိုးဆက်ကျောင်းသားတွေ သွားရောက်ခဲ့ပြီး သောက်သုံးရေ လှူဒါန်းခဲ့သလို၊ ရေရရှိရေး အတွက် ဒေသခံတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
RFA
သောက်သုံးရေရှားပါးသည့် ဒလမြို့တွင် ကန်ရေကိုသာ အားထားနေရသည့် ဒေသခံများ နွေရာသီတွင်နှစ်စဉ် သောက်သုံးရေပြတ်လပ်မှုနှင့် ရင်ဆိုင်ကြရသည်။
ဒလမြို့နယ်မှာ မြေအောက်ရေမှာ ရေငံတွေဖြစ်နေတဲ့ အတွက် ဒေသခံတွေဟာ နှစ်ပေါင်းများစွာ ကန်ရေကိုသာ အားထားလာခဲ့ရပါတယ်။ အခုအခါ ရာသီဥတု ပူပြင်းလာပြီး ကန်ရေတွေ ခန်းခြောက်ကုန်တဲ့ အတွက် သောက်သုံးရေ ပြတ်လတ်မှုနဲ့ ကြုံနေရတဲ့ ပြဿနာကို လေ့လာတွေရှိခဲ့ရကြောင်း ၈၈
ပြည်တွင်း လူမှုကူညီရေး အမေရိကန်ရောက် မြန်မာတွေ ရန်ပုံငွေရှာဖွေပွဲ ကျင်းပ
2012-05-12
မြန်မာပြည်သားချင်း ရိုင်းပင်းကူညီစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာ ရှိကြတဲ့ ပြည်သူ့ဂုဏ်ရည်အသင်း အဖွဲ့ဝင်တွေဟာ ပြည်တွင်းက လူမှုအထောက်အကူပြု လုပ်ငန်းတွေကို ကူညီပံပိုးဖို့ ရန်ပုံငွေရှာဖွေပွဲတွေကို အပတ်စဉ် ကျင်းပနေပါတယ်။
ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ကျင်းပကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အခက်အခဲမျိုးစုံ ရင်ဆိုင်ပြီး လူမှုရေးလုပ်ငန်းတွေကို အကျိုးရှိရှိ လုပ်ကိုင်ဆောင်ရွက်နေသူတွေကို နိုင်ငံခြားရောက် မြန်မာတွေက ၀ိုင်းဝန်းကူညီလိုတဲ့ ဆန္ဒနဲ့ အခုလို ရန်ပုံငွေရှာဖွေပွဲတွေကို ကျင်းပတာ ဖြစ်တယ်လို့ မနေ့က ၀ါရှင်တန်ပြည်နယ် Seattle မြို့မှာ ကျင်းပတဲ့ပွဲကို
ကေအိုင်အိုအပေါ် မြန်မာစစ်တပ်ရဲ့ ထိုးစစ်ရပ်တန့်ရေး UNFC တောင်းဆို
2012-05-12
မြန်မာစစ်တပ်အနေနဲ့ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေတာတွေကို လာမယ့် ဇွန်လ (၁၀) ရက်နေ့အထိ မရပ်တန့်ရင် အပစ်အခတ် ရပ်စဲထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေအနေနဲ့ မြန်မာအစိုးရနဲ့ ပဏာမ သဘောတူထားတဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ရလိမ့်မယ်လို့ UNFC တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကိုပြောပါတယ်။
RFA
၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအပေါ် ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်လို့ UNFC အဖွဲ့ဝင်တွေဟာ မေလ (၈) ရက်နဲ့ (၉) ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ မကြာသေးခင်ကမှ အပစ်အခတ် ရပ်စဲထားတဲ့
ထိုင်း မြန်မာနယ်စပ် ဂိတ်များ ဒီကေဘီအေ ပြန်ဖွင့်ပေး
2012-05-12
သီတင်းပတ် နှစ်ပတ်လောက် ကြာအောင် ပိတ်ထားခဲ့တဲ့ ထိုင်း မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် ( ဒီကေဘီအေ ) က ပြန်ဖွင့်ပေးလိုက်ပြီလို့ ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ ဖော်ပြပါတယ်။
RFA
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် (ရှေ့တန်းဘယ်မှ တတိယ) ဖြစ်ပါသည်။
ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်ချုပ် စောလားပွယ်ကို ထိုင်းအစိုးရက မူးယစ်ဆေးဝါးကိစ္စ ပတ်သက်မှု ရှိတယ်ဆိုပြီး ဆုငွေနဲ့တကွ ဖမ်းဝါးရမ်းထုတ်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ဒီကေဘီအေ ထိန်းချုပ်နယ်မြေအတွင်းက နယ်စပ်ကုန်သွယ်ရေး ဂိတ် (၁၂) ခုကို ဗိုလ်ချုပ် စောလားပွယ်က
အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ နိုင်ကျဉ်းအဖွဲ့ပြုလုပ်
2012-05-13
နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးစီးပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့် အနာဂတ် မြန်မာနိုင်ငံ ခေါင်းစဉ်နဲ့  ဟောပြောပွဲတရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခြံမှာ ဒီကနေ့ မနက်က ကျင်းပခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို အပတ်တိုင်း ပုံမှန်တွေ့ ဆုံနေကြ အစီအစဉ်အရ အခုတပတ်အတွက် မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသား ဒေါက်တာကျော်ကျော်နဲ့  အင်းစိန်ထောင်က ကိုထွန်းမြတ်သူတို့ရဲ့  မိသားစုတွေကို ဂုဏ်ပြုလက်ဆောင်တွေကို ဒီကနေ့ အခမ်းအနားမှာပဲ ပေးအပ်ခဲ့ပါတယ်။ ဒီဟောပြောပွဲက ဟောပြောချက်တွေ ၊ မေးခွန်းနဲ့ ဖြေဆိုချက်တွေ အပေါ် စုစည်းသုံးသပ်တဲ့  စာတမ်းတစ်စောင် ပြုစုပြီး အစိုးရအဖွဲ့၊ လွှတ်တော် အသီးသီး၊ နိုင်ငံရေးပါတီတွေ နဲ့ လူထု အခြေပြု အဖွဲ့အစည်းနဲ့ ပြည်သူလူထု အကြား စိမ့်ဝင်ပြန့်နှံ့ အောင် ဖြန့်ချိပေးပို့မယ်လို့ သိရပါတယ်။ အခမ်းအနားကို မနက် ၈ နာခွဲကနေ ညနေ ၃နာရီအထိ ကျင်းပခဲ့ရာမှာ ဟံသာဝတီသတင်းစာ ဆရာကြီး
ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး
2012-05-13
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်က သီးနှံစိုက်ပျိုးထားတဲ့ ခြံမြေဧက ၂၀ ခန့်ကို ဆက်သွယ်ရေး အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးနေတဲ့ အတွက် ပိုင်ရှင်ဒေသခံပြည်သူ စိုက်ပျိုးထားဆဲ သီးနှံပင်တွေ ပျက်စီးဆုံးရှုံးကုန်ပြီး၊ မြေယာမဲ့ဘ၀ ကို ရောက်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
စိုက်ပျိုးထားတဲ့ သီးနှံပင်တွေ ခုတ်ထွင်ခံနေရတဲ့ မြေနေရာတွေကတော့ ကလောမြို့ရဲ့ မြောက်ဖက်က မြင်းကကျေးရွာ အနီးမှာ စိုက်ပျိုးထားတဲ့ လိမ္မော်ခြံနဲ့ ထောပတ်ခြံမြေ ဧက ၂၀ ကျော်ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကစလို့ အလုပ်သမား ၁၅ ဦးခန့်က ၀င်ရောက် ရှင်းလင်းနေတာဖြစ်တာလို့ ဒေသခံပြည်သူတွေကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ ကလောမြို့ NLD အဖွဲ့ဝင် ဦးဖိုးချို က အာအက်ဖ်အေ ကို ပြောပါတယ်။ "မြင်းကမှာ ရွာခံတွေ စိုက်ပျိုးထားတဲ့ လိမ္မော်ပင်တွေက ကြီးနေပြီး၊ အဲ့ဒါကို ဆက်သွယ်ရေး ဒုညွန်မှူးက ခိုင်းလို့ ဆိုပြီးတော့ အခု ကလောမှာရှိတဲ့ ဆက်သွယ်ရေး သူတို့ဝန်ထမ်း ဦးမျိုးအောင်ဆိုတဲ့လူက လိုက်လုပ်ပေးနေတာတဲ့။ အလုပ်သမားတွေ လာပြီး
ချောင်းသာလူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး
2012-05-13
ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့နယ် ချောင်းသာကျေးရွာက အိမ်ခြေ (၂၅၀) ကျော်ကို ကျေးရွာဥက္ကဋ္ဌ အပါအ၀င် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေက အစိုးရပိုင်မြေပေါ် ကျူးကျော်နေတယ် ဆိုပြီး ၃ လအတွင်း ထွက်ခွါပေးဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။
မြို့နယ်မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေ အပါအ၀င် ဒေသအာဏာပိုင်တွေက ချောင်းသာ
 ကျေးရွာသားတွေကို မနေ့က အစည်းအဝေး ခေါ်ယူပြီး အမိန့်ပေးခဲ့တာလို့ ရွာခံ ကိုမျိုးဦးက ပြောပါတယ်။ “ကျနော်တို့ ဒီ ဥက္ကဋ္ဌရယ် မြေစါရင်းဦးစီးရယ်၊ ဦးစီးမှူးရယ်၊ စခန်းက နယ်ထိန်းအင်ချက် တယောက်ပါတယ်ပေါ့။ ဒီမြေကြီးပေါ်မှာ လက်ရှိဝယ်နေတဲ့သူတွေကတဲ့ ဒီနိုင်ငံတော်က (၉၃)ခုနှစ်က နေပြီးတော့တဲ့ သိမ်းထားတဲ့မြေကြီးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လုံးဝဖယ်လိုက်ပါလို့ သူတို့က ဒါမျိုးပြောတယ်။ အိမ်ခြေ (၂၅၀) အကျော်မှာ ရှိတယ်။ လူဦးရေ (၆၀၀)ကျော် (၇၀၀) ရှိတယ်။ ရက်ပေါင်း (၉၀) ၃လလို့ သူတို့က သတ်မှတ်ပေးတယ်။ အဲဒီသုံးလအတွင်းမှာ မဖျက်ဘူး ဆိုလို့ရှိရင်  ထောင်တစ်လ
ပုသိမ် လယ်သမားသမဂ္ဂဖွဲ့စည်းခွင့် တားမြစ်ခံရ
2012-05-13
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကြက်ပေါင်တိုက်နယ်က လယ်သမားတွေ စုပေါင်းပြီး လယ်သမားသမဂ္ဂ ဖွဲ့စည်းခဲ့တာကို နည်းဥပဒေ ပေါ်ထွက်လာခြင်း မရှိသေးတဲ့အတွက် ဆိုကာ မြို့နယ်အာဏာပိုင်တွေက တားမြစ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။
RFA
ဧရာဝတီတိုင်း အတွင်းက စပါးခင်း တခုတွင် စိုက်ပျိုးနေသော လယ်သူမများကို ၂၀၁၁ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် တွေ့ရပုံ။
လွန်ခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က အတည်ပြု ထုတ်ပြန်ခဲ့တဲ့ လယ်ယာမြေ ဥပဒေမှာ တောင်သူလယ်သမားများ သမဂ္ဂဖွဲ့စည်းခွင့်ရှိသည်ဟု ဖေါ်ပြထားတဲ့ အတွက် လယ်သမားတွေက အခုလိုဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ မေလ ၁၁ ရက်နေ့က ပုသိမ်မြို့နယ် အာဏာပိုင်အဖွဲ့က လယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် လျှောက်ထားသူတွေကို ခေါ်ယူပြီး ရပ်ဆိုင်းထားဖို့ ပြောဆိုခဲ့ကြောင်း
HIV ကာကွယ်ဆေးသစ် အမေရိကန်အတည်ပြုမည်
AIDS ရောဂါဖြစ်စေတဲ့ HIV ပိုးကို ကာကွယ်နိုင်ဖို့ ဆေးဝါးသစ်တမျိုးကို ပထဆုံးအနေနဲ့ ဗဟိုအစိုးရ အတည်ပြုချက်ပေးဖို့ အမေရိကန် ကျွမ်းကျင် ဆေးပညာရှင်အဖွဲ့ တဖွဲ့က ထောက်ခံချက် ပေးလိုက်ပါတယ်။
လောလောဆယ် ကျန်းမာနေပေမဲ့ AIDS ရောဂါရနိုင်တဲ့ အလားအလာရှိနေသူတွေကို Truvada ဆေးဝါး သုံးဖို့ ထောက်ခံသင့်မသင့် ကြာသာပတေးနေ့က အစားအသောက်နဲ့ ဆေးဝါးအုပ်ချုပ်ရေး FDA ရဲ့ အကြံပေးအဖွဲ့က မဲနှစ်ကြိမ်ပေးပြီး ဆုံးဖြတ်ခဲ့ကြတာပါ။လိင်ဆက်ဆံဖော်တဦးမှာ HIV ပိုး ရှိနေတဲ့
 လိင်ကွဲဆက်ဆံသူနဲ့ လိင်တူဆက်ဆံသူ ပုံစံနှစ်မျိုး အတွက် မဲပေးဆုံးဖြတ်ကြတာပါ။ တနေ့တလုံးသောက်ရတဲ့ ဒီဆေးဝါးကို အရင်က HIV ပိုးရှိသူတွေ သုံးစွဲခဲ့ကြပြီး သားဖြစ်ပါတယ်။
ဒါပေမဲ့ Truvada ဆေးကို HIV ကာကွယ်ကုသဆေးအဖြစ် အတည်ပြု ပေးဖို့အတွက် FDA အဖွဲ့က အခု
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန်ရေး အတားအဆီးတွေ ရှိနေဆဲ
ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံ တိုးတက်ရေး အတွက် ပြန်လာကြဖို့ သမ္မတဦးသိန်းစိန်က ထပ်ပြီး ဖိတ်ခေါ်လိုက်ပေမဲ့ ပြန်လာချင်သူတွေရော  ပြည်တွင်းကနေ နိုင်ငံရပ်ခြား အတွေ့အကြုံ ယူချင်သူတွေ အတွက်ပါ အခက်အခဲတွေ အမျိုးမျိုး ရှိနေတယ်လို့  တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ မေလ ၁၁ ရက်နေ့တုန်းက နေပြည်တော်မှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို ပိုပြီး ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က ထပ်မံဖိတ်ခေါ်လိုက်တာပါ။ သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ် ၂၀၁၁ ခုနှစ်ကလည်း ပထမအကြိမ် ဖိတ်ခေါ်ခဲ့သလို  အခု ဒုတိယအကြိမ် ဖိတ်ခေါ်မှုနဲ့
မီတာခ တယူနစ်လျှင်၁၅၀ိ/နှုန်းဖြင့်မတရားတောင်းခံနေသော ရွှေပေါ်ကျွန်းသာသနာပြု စခန်းမှဘုန်းကြီးဦးကုမာရ
မန္တလေးတိုင်းဒေသကြီးမလှိုင်မြို့ နယ်ရွှေပေါ်ကျွန်းသာသနာပြုစခန်းအတွင်း
လွန်ခဲ့သေ(၁၄)နှစ်ခန်ကခန္ဓာဝန်ချသွားခဲ့သည့်အရှင်ဇေယျသိဒ္ဓိဓမ္မဉာဏိက
ဆရာတော်ဘုရားကြီးလက်ထက်ကတည်းကတည်ရှိခဲ့သောကျောင်းဆောင်
ပေါင်း ( ၂၀၀ ) ကျော်နှင့်ထိုကျောင်းဆောင်များတွင် နေထိုင်သူလူဦးရေပေါင်း
 ( ၆၀၀) နီးပါးမျှရှိပါသည်။ထိုသူများမှာသာသနာ့ဝေယျာဝစ္စအလုပ်များလုပ်
ကိုင်ဆောင်ရွက်ကြသူများ၁၅၀ခန့် နှင့် ၎င်းမိသားစုဝင်များဖြစ်ကြပါသည်။
မလှိုင်မြို့ နယ်လျှပ်စစ်ရုံးမှသာသနာပြုစခန်းသို့ နေ့ ရောညပါအချိန်ပြည့် (၂၄)
နာရီလျှပ်စစ်မီးလွှတ်ပေးထားသော်လည်း၊ဘုန်းကြီးမှကျောင်းဆောင်များကို
ညပိုင်းအတွက်သာ(ညနေ၆:၃၀ နာရီမှနံနက် ၅:၃၀နာရီအထိသာ)အသုံးပြုခွင့်ပေးပါသည်။
နေ့ ခင်းပိုင်းလုံးဝအသုံးပြုခွင့်မပေးပါ။၂၀၁၂ ခုနှစ်မတ်လအထိကိုမူအောက်ဖော်
ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် အဆင့်ဆင့် ရွေးချယ်မှု စတင်
မန္တလေး၊ မေလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်သူရမျိုး(YPI)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီတစ်ခုလုံး၏ သက်ဆိုင်ရာကော်မတီဝင် အဆင့်ဆင့်များကို ပြန်လည်ရွေးချယ်မှုများ စတင်ပြုလုပ်နေပြီဟု ယင်းပါတီဗဟိုဌာနချုပ်မှ  သိရှိရသည်။
“ဒီလထဲမှာ လုပ်ခဲ့တဲ့ ပါတီရဲ့ဗဟိုအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားခြင်း ဖြစ်ပါတယ်”ဟု ယင်းပါတီဗဟိုဌာနချုပ်မှ အမည်မဖေါ်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးတိုင်း တိုင်းကော်မတီဝင် တဦးကလည်း “ပထမဆုံး ရပ်/ကျေး စည်းရုံးရေးမှူးတွေ ပြန်ရွေးရမယ်။ ပြီးတော့ မြို့နယ်/ခရိုင်/တိုင်းနှင့်ပြည်နယ် ကော်မတီဝင်တွေကို ပြန်ရွေးသွားမယ်လို့
ILO အုပ်ချုပ်မှု အဖွဲ့ဥက္ကဋ္ဌက ပြည်တွင်းအလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး လွတ်လပ်စွာ အသင်းများ ဖွဲ့စည်းခွင့် အခြေအနေများအား လေ့လာ
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ Mr. Greg Vines နှင့် အခြားတာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်ပြီး ပြည်တွင်းမှ အလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေး အခြေအနေနှင့် လွတ် လပ်စွာ အသင်းများ ဖွဲ့စည်းခွင့် အခြေအနေများအား လေ့လာခဲ့သည်ဟု သတင်းရရှိသည်။
''လာမယ့် ဇွန်လ ဒုတိယပတ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ တင်ပြဖို့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အတည်ပြုချက်ယူတဲ့ သဘောပါပဲ''ဟု အဆိုပါ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးသို့ Facilitator အဖြစ် တက်ရောက်ခဲ့သူ ကိုသန့်ဇင်ဦးက ပြောကြားခဲ့သည်။ILO အနေနှင့် ယခင်က ဆုံးဖြတ်ခဲ့သော
မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ နေရာများရှိ ဒုက္ခသည်များအား နိုင်ငံတကာ အဖွဲ့အစည်းများက သွားရောက် အကူအညီပေးနိုင်ရန် အမေရိကန်မှ တောင်းဆိုထား
မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးဒုက္ခသည် အမျိုးသမီးများနှင့် နေရပ် ရွှေ့ပြောင်းနေထိုင်ရသူများထံသို့ လူသားချင်း စာနာထောက်ထားသည့် အဖွဲ့အစည်းများမှ လိုအပ်သည့် အကူအညီများ သွားရောက်ပေးနိုင်ရန် တောင်းဆို ထားသည်ဟု ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့မှ အ မေရိကန်သံအမတ်ကြီး Melanne Verveer က အမေရိကန်သံရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ပါသည်။''မြန်မာနိုင်ငံအတွင်းက ပဋိပက္ခ
 ဖြစ်ပွားနေတဲ့နေရာတွေက အမျိုးသမီးတွေနဲ့ ရွှေ့ပြောင်းနေထိုင်နေရသူတွေကို ကုလသမဂ္ဂနဲ့ တခြားလူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သွားရောက်ကူညီနိုင်အောင် ကျွန်မတို့ တောင်းဆိုထားပြီး ဖြစ်ပါတယ်။ ဒါမှ သူတို့တွေ လိုအပ်နေတဲ့ အကူအညီတွေကို ပေးနိုင်မှာပါ''ဟု
ဗုံးခွဲရန် ကြံစည်မှု၊ နိုင်ငံတော်အကြီးအကဲများကို လုပ်ကြံရန် စီစဉ်မှုစသည့် စွဲချက်မျိုးစုံဖြင့် သေဒဏ်ကျခံစေရန် အမိန့်ကို ကြုံတွေ့ခဲ့ရသူ ကိုဇော်သက်ထွေး၏ ကိုယ်တွေ့ပြောကြားချက်
7324
၂၇-၇-၂၀၀၃ နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကိုဇော်သက်ထွေး ဖမ်းဆီးခံခဲ့ရသော ဖြစ်စဉ်နှင့်
ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ သတင်းဖော်ပြချက်
ရန်ကုန်မြို့ရှိ အထင်ကရနေရာများကို ဗုံးခွဲရန်ကြံစည်မှု၊ နိုင်ငံတော်အကြီး အကဲများကို လုပ်ကြံရန် စီစဉ်မှုစသည့် အခြားစွဲချက်မျိုးစုံဖြင့် သေဒဏ်ကျခံစေရန် အမိန့်ချခံရပြီး ထောင်အတွင်း၌ ၁၇ လ အကြာအချုပ်ခံရကာ ပြန်လည်လွတ် မြောက်လာသူ ကိုဇော်သက်ထွေးက ‘ကျွန်တော်က နိုင်ငံရေး လှုပ်ရှားခဲ့တဲ့အတွက်ကြောင့် ၁၉၉၀ပြည့်နှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ထောင်ကျခဲ့ပါတယ်။
 ပြန်လွတ်လာတော့ ကျွန်တော် အေးအေးဆေးဆေးပဲ နေထိုင်ခဲ့တယ်။ ၂၀၀၀ပြည့် နှစ်မှာ First Eleven အားကစားဂျာနယ်မှာ အယ်ဒီတာချုပ် တာဝန်ယူခဲ့ပါတယ်။ ကျွန်တော့်ရဲ့နာမည် က
X2O ရေကစား မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အပြီးသတ်စီရင်ချက် ချမှတ်၊ တရားစီရင်ရေးတွင် အမှုအချို့ကို ပြည်သူများမျက်ကွယ်၌ စစ်ဆေးခြင်း၊ စီရင်ချက်ချမှတ်ခြင်းတို့ ရှိနေသည့်အပေါ် ဝေဖန်မှုများ ရှိနေ
၂၀၁၀ ပြည့်နှစ်၊ မြန်မာနှစ်သစ်ကူးကာလ ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် ကျား (၅) ဦး၊ မ(၃)ဦး၊ ပေါင်း(၈)ဦး သေဆုံးခဲ့ပြီး ကျား(၆၈)ဦး၊ မ(၃၁)ဦး၊ ပေါင်း(၉၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် ရဲစခန်း(ပ)၃၂၀/ ၂၀၁၀ ပုဒ်မ ၃၀၂/၃၂၆/ ၁၁၄/၁၀၉ (ပ)၃၂၁/၂၀၁၀ ပေါက်ကွဲပုဒ်မ ၃(ပ) ၄၃၇/၂၀၁၀ မတရားအသင်း ပုဒ်မ ၁၇(၁)၊ (ပ)၄၃၈/၂၀၁၀ လ၀ကပုဒ်မ ၁၃(၁)တို့ဖြင့် အရေးယူထားရှိပြီး စစ် ဆေး၍ ၂၀၁၀ ပြည့်နှစ်ဇွန်လ ၃၀ ရက် နေ့တွင် မြောက်ပိုင်းခရိုင်
တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ အင်းစိန်အကျဉ်းထောင်ရှိ သီးသန့်တရားရုံးတွင် မြောက်ပိုင်းခရိုင် တရားရုံးခရိုင်တရားသူကြီး ဦးကိုကိုဦးမှ စတင်စစ်ဆေးခဲ့ပြီး တရား သူကြီး အဆင့်ဆင့် ပြောင်းလဲခဲ့ရာ
နိုင်ငံခြားငွေအတုအစစ် စစ်ဆေးသည့် ငွေရေတွက်စက်များ ပြည်တွင်းဈေးကွက်သို့ ၀င်ရောက်လာ
7326
ဘဏ်လုပ်ငန်း သုံးစက်ပစ္စည်းများဖြစ်သော အမေရိကန်ဒေါ်လာ၊ ယူရိုငွေကြေးနှင့် အခြား နိုင်ငံခြားငွေကြေးများအား အတုအစစ်နှင့်နံပါတ် ကိုပါ တစ်ပြိုင်တည်း မှတ်သားပေးသည့် Counterfeiting Machine များ ပြည်တွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း (AD)လုပ်ခွင့်ရသော ဘဏ်များသို့ target ထား၍ ၀င်ရောက်လာကြောင်း သတင်းရရှိသည်။
ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာသည့် စက်ပစ္စည်းများတွင် ငွေထုပ်ပိုးစက်၊ နိုင်ငံခြားငွေအတု
Air Aisa လေယာဉ်လက်မှတ်အထူးလျှော့ဈေး(ရွှေမြန်မာများအတွက်သတင်း)
Bargain Hunter (May 2012)
by AirAsiaSingapore on Sunday, May 13, 2012 at 10:02am ·
AirAsia BIG SALE  is about to start soon and we understand that sometimes there are some unavoidable hiccups during our major promotions. Therefore, we came up with a simple guide to assist you to grab our low fares! Check out our Bargain Hunter (Booking 101) guide for an easier and smoother booking process
SALE: Starts on 00:00hrs (GMT+8) 14 May 2012
Booking period:  
(Domestic within Malaysia, Thailand, Indonesia and Philippines) 14 – 20 May 2012
(International) 16 – 20 May 2012 
Travel period:
4 January – 22 May 2013
Before you start
Blogger အချို့ သူများယောင်တိုင်းလိုက်မယောင်စေချင်
  ယနေ့ခေတ်ကြီးမှာ အင်တာနက်မီဒီယာနယ်ပယ်မှာ ဘလော့ကာများစွာမရေမတွက်နိုင်လောက်အောင်ကို များပြားလာတာ လူတိုင်းအသိဖြစ်သလို အဲဒီဘလော့ကာတွေက ရည်ရွယ်ချက်များစွာနှင့် အမျိုးမျိုးရှိကြပါတယ်။ အချို့ က ၀ါသနာပါလို့ ဘလော့ကာလုပ်တယ် ၊တချို့ စီးပွားရေးအတွက်
 မျှော်မှန်းလုပ်တယ်။တချို့ ကတော့ နာမည်ကြီး အများအားရုံစိုက်ခံစေချင်လို့လုပ်ကြတယ်။
အလားတူပဲ အချို့ က ဘလော့ကာနာမည်ခံရှိသလိုကိုယ်တိုင်ဘလော့ပိုစ်တွေရေးနည်းပညာတွေ
တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။