MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 15, 2012

မဲဆောက်မြို့အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမား ဆန္ဒပြ

2012-05-15
ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ ဘန်ဆန်ခွဲအရပ်မှာရှိတဲ့ M Apparel Co,LTD (အမ် အဲပရယ်) ကုမ္ပဏီ အထည်ချုပ်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ မနေ့ ညနေပိုင်းမှာ လုပ်ခလစာ ရက်အတိအကျ ထုတ်ပေးဖို့ အချိန်ပိုမဆင်းပဲ ဆန္ဒပြခဲ့တဲ့အတွက် ဒီကနေ့ မနက်မှာ စက်ရုံတာဝန်ရှိသူတွေက စက်ရုံထဲက မောင်းထုတ်ခဲ့တာကြောင့် အလုပ်သမား (၁၀၀) လောက် နီးစပ်ရာ ဘုန်ကြီးကျောင်းတစ်ကျောင်းမှာ ခိုလှုံနေရတယ်လို့ စုံစမ်းသိရပါတယ်။
Photo Courtesy of Sein Kyaw Hlaing
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား တချို့ကို မဲဆောက်-မြ၀တီ နယ်စပ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။

အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေက သတ်မှတ်လစာထုတ်ရက်ဖြစ်တဲ့ မေလ (၁၀) ရက်နေ့မှာ အလုပ်သမားတွေရဲ့ ဧပြီလ လုပ်ခလစာ ထုတ်မပေးတဲ့အတွက် အလုပ်မဆင်းဘဲ အလုပ်သမားတွေ ဆန္ဒပြခဲ့တာလို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
"၁၄ ရက်နေ့ကျမှ လစာထုတ်ပေးမယ်လို့ပြောတယ်။ ကျွန်တော်တို့က စောင့်ပေးပါတယ်။ ညနေ (၅) နာရီ

မူးယစ်ဂိုဏ်း အဖွဲ့ဝင် ၂၅ ဦး လက်နက်ချ အလင်းဝင်

2012-05-15
ရွှေတြိဂံနယ်မြေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ စိုင်းနော်ခမ်းရဲ့ အဖွဲ့ဝင် ၂၅ ဦးဟာ တာချီလိတ်မြို့နယ်က တပ်စခန်းတစ်ခုမှာ မနေ့ညနေပိုင်းက လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
မြန်မာအပါအ၀င် ဒေသတွင်းနိုင်ငံတွေက အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက လာအိုအာဏာပိုင်တွေက ရွှေတြိဂံဒေသမှာ ဖမ်းဆီးရမိလိုက်ပြီးနောက် သူရဲ့အဖွဲ့သားတွေဖြစ်ကြတဲ့ ဦးယောဟန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ဦး၊ ဦးယားအီ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဦးအားထူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ဦး တို့ဟာ တာချီလိတ်မြို့အခြေစိုက် ခမရ ၃၅၉ တပ်ရင်းကို လက်နက်ချ အလင်းဝင်ခဲ့ကြတာ ဖြစ်တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူထံမှ သိရပါတယ်။

လှိုင်သာယာ အထည်ချုပ်စက်ရုံ ၂ ရုံ အလုပ်သမား ရပိုင်ခွင့်အတွက် ဆန္ဒပြ

2012-05-15
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က စပယ်ပွင့်နဲ့ ပုလဲ ဆိုတဲ့ အထည်ချုပ်စက်ရုံ ၂ ရုံက အလုပ်သမားတွေဟာ အခြေခံလုပ်ခလစာ တိုးပေးဖို့နဲ့ အခြားအလုပ်သမား အခွင့်အရေးရဖို့ ဒီနေ့ ဆန္ဒပြနေကြပါတယ်။
RFA
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က စပယ်ပွင့် အထည်ချုပ်စက်ရုံ အလုပ်သမားများ အခြေခံလုပ်ခလစာ တိုးပေးရေးနှင့် အလုပ်သမား အခွင့်အရေးအတွက် ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်က ဆန္ဒပြနေကြစဉ်။
စပယ်ပွင့်စက်ရုံ အလုပ်သမားတွေကို လက်ရှိ နေ့စားလုပ်ခပဲ ပေးနေလို့ တစ်လကို သုံးသောင်းနှုန်းနဲ့

ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေး မြန်မာ့အရေး ဆွေးနွေးမည်

2012-05-15
ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးက မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်တွေ ရှေ့ဆက် အရှိန်အဟုန် ကောင်းလာအောင် ထောက်ပံ့
ကူညီသွားဖို့ ဆွေးနွေးကြမယ်လို့ ပြောပါတယ်။ဒါ့အပြင် ကျန်ရှိနေသေးတဲ့
 နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ပိတ်ဆို့အရေးယူမှုတွေ လျော့ပေါ့ရေး အပါအ၀င် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှာ ပြန်လည်ဝင်ရောက်လာရေး ကိစ္စတွေကိုလည်း
 ဆွေးနွေးမယ်လို့ သိရပါတယ်။အမေရိကန်အစိုးရက စီစဉ်ကျင်းပမယ့် ကမ္ဘာ့စက်မှုထိပ်သီး
၈ နိုင်ငံအစည်းအဝေးကို အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာရှိတဲ့ အမေရိကန်သမ္မတရဲ့အပန်းဖြေစခန်း Camp David မှာ အခုလာမယ့် သောကြာနဲ့ စနေနေ့တို့မှာ ကျင်းပမှာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ အမေရိကန်၊ ရုရှ၊ ကနေဒါ၊ ဂျာမဏီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ ဂျပန်နိုင်ငံက

လယ်သမားတွေ အလုပ်လက်မဲ့ဖြစ်(ရုပ်/သံ)


ဇာတိမာန် ကုမ္ပဏီမှ သိမ်းယူထားသော လယ်ယာမြေများ
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ကျေးရွာအုပ်စု ၄ အုပ်စုက လယ်ဧက ၁၉၀၀ ကျော်ကို သိမ်းယူထားတဲ့ ဇာတိမာန်ကုမ္မဏီက အခု ထိုမြေနေရာတွေကို မြေဖို့ပြီး ဘောင်ခတ် နေတာကြောင့်
ဒေသခံ လယ်သမားတွေမှာ အခက် တွေ့နေကြ ပါတယ်။ လယ်သမား ၂၀၀ ကျော် လုပ်ကိုင်

စစ်ဘေးသင့် ပြည်သူတွေ အတွက် မြင့်မြတ်သော လှူဒါန်းမှု (ရုပ်/သံ)


မဇ္ဈိမလှိုင်း တေးဂီတ အဖွဲ့မှ ဂီတပညာရှင် ကိုရဲလွင် ဦးဆောင်တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက် အဖွဲ့မဇ္ဈိမလှိုင်း တေးဂီတ အဖွဲ့မှ ကိုရဲလွင် ဦးဆောင်တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက် ကနေ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှုပြီး

ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယား သမ္မတတို့ တွေ့ဆုံ(ရုပ်/သံ)


ဒီချုပ်ပါတီ၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နဲ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက
ရန်ကုန်မြို့မှာရှိတဲ့ ဆီဒိုနားဟိုတယ်မှာ တွေ့ဆုံပြီး

ကချင် စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်


မြန်မာ-တရုတ်နယ်စပ်နှင့် ကချင်ဒေသရှိ စစ်ပြေးဒုက္ခသည်များအတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သတင်းရရှိသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့ ပြင်သစ်သံရုံး ယဉ်ကျေးမှုဌာန၌ ကျင်းပသော ကချင်စစ်ပြေး ဒုက္ခသည်များအတွက် ရန်ပုံငွေပွဲတွင် ပြသထားသော ဓာတ်ပုံ (ဓာတ်ပုံ - ထိန်ဝင်း)
“ဘတ်ဂျက်မရှိတဲ့အတွက် ၁၅ ရက်စာပဲ ပေးထားနိုင်တယ်။ နောက် ၁၅ ရက်စာ ပေးဖို့ အခက်အခဲဖြစ်နေတယ်။ UN အဖွဲ့တွေကလည်းပဲ လုံခြုံရေးကြောင့် လာလို့မရဖြစ်နေတယ်” ဟု ကချင် ဒုက္ခသည်များ အရေးဆောင်ရွက်ပေးနေသည့် WNP အဖွဲ့ ဒါရိုက်တာ ဒေါ်မေလီအောင်က

လွှတ်တော်ပြင်ပ နိုင်ငံရေး ဥပဒေမဲ့ လုပ်ရပ်မဟုတ်


မြန်မာနိုင်ငံတွင် နိုင်ငံရေးအင်အားစုများက လာမည့် ၂၀၁၅ ခုနှစ်အတွက် ပြင်ဆင်မှုများလုပ်နေချိန်တွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက လတ်တလော နိုင်ငံရေးပါတီအဖြစ် ထူထောင်ရန်မရှိသေးဘဲ ၄င်းကိစ္စသည် လက်ရှိ လွှတ်တော်၏ အခန်းကဏ္ဍအပေါ် မူတည်နေကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ ၈၈ ကျောင်းသားများ၏ ယာယီရုံးခန်းတွင် ပြီးခဲ့သည့် မတ်လ အတွင်းက တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ရန်ကုန်မြို့ သင်္ကန်းကျွန်း မြို့နယ်ရှိ ၄င်းတို့၏ ယာယီ ရုံးခန်းတွင် ဧရာဝတီနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။
“ကျနော်တို့က အချိန်ရပါသေးတယ်။ ၂၀၁၅ ခုနှစ်အတွက် ၃ နှစ်လောက် အချိန်ရပါသေးတယ်။

ဦးသိန်းစိန်ခေတ်မှာ ပုံစံပြောင်းလာတဲ့ ပေါ်လစီသီချင်း

အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ သေချာပေါက် ပြောင်းလဲသွားပြီလို့ ဆိုနိုင်တာကတော့ ပေါ်လစီသီချင်း ထုတ်လွှင့်မှု ဖြစ်ပါလိမ့်မယ်။
ဦးသိန်းစိန် သမ္မတ ဖြစ်လာပြီး  ပထမဆုံး ထွက်ပေါ်လာတဲ့ “အနာဂတ် မြန်မာပြည်” ဆိုတဲ့ ပေါ်လစီသီချင်းရုပ်သံဟာ ဒီရက်ပိုင်းအတွင်း အွန်လိုင်းကို ရောက်လာပါတယ်။ သီချင်းစာသားနဲ့ ရိုက်ချက်တွေက ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော် ၀ါဒဖြန့်ပေါ်လစီသီချင်းပုံခွက်ထဲကနေ လုံးဝ ထွက်လာပါပြီ။
သမ္မတရုံးက ဒီသီချင်းရိုက်ကူးဖို့ ချည်းကပ်ခဲ့တယ်၊ စိတ်ကြိုက် ဖန်တီးခွင့်လည်း ပေးခဲ့တယ်လို့

စိစစ်ရေးဖျက်သိမ်းသော်လည်း သတင်းလွတ်လပ်ခွင့်ရမည်မဟုတ်


ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ ရက်ပိုင်းအတွင်းဖွဲ့စည်းပေးပြီး စာပေစိစစ်ရေးလုပ်ငန်းများကို လွှဲပြောင်းသွားမည်ဖြစ်သော်လည်း သတင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်မှာမူ ထူးခြားမလာပဲ လက်ရှိကျင့်သုံးနေဆဲ မူဝါဒများအတိုင်း ကန့်သတ်ခံထားရမည် ဖြစ်ကြောင်း သိရသည်။
သတင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်မှာ လက်ရှိကျင့်သုံးနေဆဲ မူဝါဒများအတိုင်း ကန့်သတ်ခံရမည် (ဓာတ်ပုံ- Reuters)
ယမန်နေ့က ရန်ကုန်မြို့၊ ဟံသာဝတီအ၀ိုင်းအနီးရှိ မြန်မာ့ရုပ်မြင်သံကြားဌာန အဆောက်အအုံတွင် ပြည်တွင်းသတင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကိုခေါ်ယူတွေ့ဆုံစဉ် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဦးကျော်ဆန်းက သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် စာနယ်ဇင်းကောင်စီကို ဖွဲ့မည်ဖြစ်ကြောင်း၊

ဒဂုံတက္ကသိုလ်အဝေးသင်ကျောင်းသား ကိုအေးအောင်နှင့်ကျန်ရှိနိုင်ငံရေးအကျဉ်းသားများအမြန်ဆုံလွတ်မြောက်ရန် နိုင်ငံတော်သမ္မတထံတောင်းဆို

ဒဂုံတက္ကသိုလ်အဝေးသင်ကျောင်းသား ကိုအေးအောင်နှင့်ကျန်ရှိနိုင်ငံရေးအကျဉ်းသားများအမြန်ဆုံလွတ်မြောက်ရန်
နိုင်ငံတော်သမ္မတထံသို့ ၉၆/၉၈ ကျောင်းသားလှုပ်ရှားမှုတွင်ပါဝင်ခဲ့သော
ကျောင်းသား၊ကျောင်းသူများကလက်မှတ်ရေးထိုးတောင်းဆိုထားကြောင်းအဆိုပါလက်မှတ်ရေးထိုးတောင်းဆိုမှုတွင်ပါဝင်သူတစ်ဦး၏ပြောကြားချက်အရသိရသည်။ဒဂုံက္ကသိုလ်အဝေးသင်ကျောင်းသားကိုအေးအောင်သည်ထောင်ဒဏ်(၅၉)နှစ်ချခံထားရပြီးလက်ရှိ ထောင်တွင်းနေသားမှာ(၁၄)နှစ်နီးပါးရှိ
သည်ဟုသိရသည်။"ကိုအေးအောင်ရဲ့အမှုတွဲတွေအားလုံလွတ်မြောက်လာပြီးသူကျန်နေခဲ့တာ

HTC ၏ CEO မန္တလေးသား ဦးဝင်းသန်း ခေါ်ပီတာချူး မန္တလေးပြန်လာ

ထိုင်းဝမ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီတခုဖြစ်သည့် HTC ၏ အမှုဆောင် အရာရှိချုပ် (CEO) နှင့် ဥက္ကဋ္ဌ မစ္စတာ ပီတာချူး (Peter Chou) က မန္တလေးမြို့၌ အိုင်တီဝါသနာရှင် လူငယ်များနှင့် တွေ့ဆုံရာတွင် မိမိသည် မန္တလေးဇာတိ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုသည်။
HTC ၏ CEO ဖြစ်သူ မန္တလေးသား ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူး (ဓာတ်ပုံ - CNET)
မြန်မာအမည် ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူး သည် လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ထိုင်ဝမ်နိုင်ငံသို့ ပြောင်းရွေ့ အခြေချခဲ့ခြင်းဖြစ်ပြီး ၁၉၇၉ ခုနှစ်အထိ မန္တလေးဒေသကောလိပ်၌ ဒုတိယနှစ်အထိ ပညာသင်ကြားခဲ့သည်။ ယခုခရီးစဉ်မှာ သူ၏

အမျိုးသမီးများ သတိပြုဆင်ခြင်စရာ

ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာအမျိုးသမီးတစ်ယောက် ကိုယ်ဝန်သွားဖျက်တာ ကလေးက မကျလို့ တဲ့ ထိုင်းလက်သည် အိမ်ကနေပြန်လာပြီး မဲဆောက်က မြန်မာလက်သည်နဲ့  သွားပြန်ဖျက်ဖို့  ကားစီးတာ အဲ့ဒီ ကားပေါ် မှာပဲ ဆုံးသွားတယ်။ သူထိုင်နေတဲ့ ထိုင်ခုံက ဒရိုင်ဘာနောက်က ခုံလေးမှာ ကားပေါ်စတက်တော့ မျက်နှာသွေးမရှိသလိုဖြူဖျော့ နေလို့ ဒရိုင်ဘာက ညီမ နေမကောင်းဘူးလားလို့ မေးတယ်တဲ့။


အမျိုးသမီးက ဟုတ်တယ် ကိုယ်ဝန်သွားဖျက်တာ မကျလို့ မဲဆောက်ကမြန်မာလက်သည်မှာသွားပြန်ဖျက်မယ် လို့ ပြောပြီး စောင်ကို ခေါင်းမြီးခြုံအိပ်လိုက်တာ ကားရပ်သွားတာတောင် လုံးဝပြန်မနိုးလာတော့ဘူးတဲ့။ ကားပေါ် မှာ လူသေတယ်လို့ သတင်းကြားရောတစ်ကားလုံးလန့် ဖြန့် ပြီးထွက်ပြေးကြတာပေါ့။ အဲ့ဒါ ရဲတွေရောက် လာ လို့ အလောင်းကိုသယ်တာ အလောင်းကို လုံးဝ သယ်ထုတ်လို့ မရဘူး၊အလောင်းက တအားလေးတာ

မြောက်ကိုရီးယားက လက်နက်မဝယ်ဟု မြန်မာအာမခံ

မြောက်ကိုရီးယားမှ လက်နက်များဝယ်ယူခြင်းမရှိတော့ဟု မြန်မာသမ္မတ ဦးသိန်းစိန်က တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် ကို ကတိပေး ပြောကြားလိုက်သည်။
တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်ကို သမ္မတ ဦးသိန်းစိန်က နေပြည်တော်တွင် လက်ခံကြိုဆိုစဉ်
တောင်ကိုရီးယား သမ္မတရုံး ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် နျူကလီးယား စီမံကိန်း ပူးပေါင်း ဆောင်ရွက်ခြင်း မည်သည့်အခါမှ မရှိကြောင်း၊ သို့ရာတွင် သမားရိုးကျ စစ်လက်နက်များ အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ယခုအခါ ကုလသမဂ္ဂ၏ သဘောတူညီချက်ကို လိုက်နာသောအားဖြင့်

အမျိုးသမီးတဦးမှ ကလေးငယ်အား ရိုက်နှက်ခြင်း နှိပ်စက်ခြင်းဗီဒီယို(လူသားမဆန်မှု)

posted by ; DJ-Fighter Lay  . 15-05.2012
 
Facebook ပေါ်မှတွေ့ ရှိခဲ့ သောကြောင့်မျှဝေပေးခြင်းဖြစ်ပါသည်။
မည်သည့်အခါမှ လူသားချင်း ညှင်းပန်းနှိပ်ဆက်ချင်းမပြုလုပ်ကြသင့်ပါ။
ထိုဗီဒီယိုများသည် မည်သည့်နိုင်ငံမှဖြစ်သည်ကိုအတိကျမသိရှိပါ။
မိတ်ဆွေသင်သည် မည်မျှပင်ဒေါသကြီးသူဖြစ်စေကာမှူ မည်သည့်အခါမှ ကလေးသူငယ်များနှင့်
မိမိထက်ငယ်ရွယ်နိမ့်ကျသူများအပေါ်လူသားမဆန်မှုများမပြုလုပ်မိစေရန်အထူးဂရုစိုက်ပါ။ပြုပြင်ပါ။
Click နှိပ်ပြီးအောက်ပါပုံများကြည့်ရှုနိုင်ပါသည်။

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။