MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 16, 2012

တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ လမ်းညွှန်သြ၀ါဒများ



(၁) စိတ်ဓါတ်အောက်တန်းကျသူ

စိတ်ဓါတ်ညံ့သူ၊ စိတ်ဓါတ်အောက်တန်းကျသူဟာသင်ယူထားတဲ့ ခေတ်ပညာတွေ ဘယ်လောက်ဘဲ တတ်စေ ကာမူ၊ဘွဲ့တွေရာ ထူးတွေ ကြီးမားစေကာမူ၊ မိဘအသိုင်းအ၀ိုင်း ချမ်းသာစေကာမူလူတော်မဟုတ်၊ လူကောင်းလည်းမဟုတ်၊စာပေလုံးဝ မတတ် သူလောက်မှ အသုံးမကျ တန်ဖိုးမရှိသူတွေဖြစ်တယ်။

(၂) မေတ္တာစိတ်သာ ထားနေရင်

သတ္တ၀ါအားလုံးအပေါ်မေတ္တာစိတ် အမြဲထားနေပါကစိတ်ချမ်းသာ၏ မှတ်။

တရုတ်နိုင်ငံသွားမယ်ဆိုလျှင် တရားဝင်သွားပါ(တရားမ၀င်နေထိုင်သူ တရုတ်အစိုးရ စတင်နှိမ်နင်း)

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တရားမ၀င် နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို နှိမ်နင်းဖို့ ရက်ပေါင်း ၁၀၀ စီမံချက်ကို တရုတ် လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေ အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ကြီးထွားလာနေတဲ့ စီးပွားရေးအတွက် ပြဿနာတရပ် အဖြစ် ကြုံနေရတာကို ဖြေရှင်းတဲ့ အနေနဲ့ အလုပ် လုပ်ခွင့် မရှိသူတွေ၊ ဗီဇာသက်တမ်း ရက်လွန် နေထိုင်သူတွေကို ပစ်မှတ်ထား နှိမ်နင်း သွားမှာ ဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ဘေဂျင်းမြို့တော်က ဘားဆိုင်တွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ တက္ကသိုလ်တွေလို နိုင်ငံခြားသားတွေ မကြာခဏ သွားလာတတ် တဲ့ နေရာတွေကို ရှောင်တခင် စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။
မြို့ခံတွေ အနေနဲ့လည်း မမှန်မကန် ပြုမူနေတယ်လို့ သံသယရှိတဲ့ နိုင်ငံခြားသားတွေကို တွေ့ရှိရင် ရဲတပ်ဖွဲ့ရဲ့ အရေးပေါ် ဆက်သွယ်ရမယ့် နံပတ်တွေကို ဆက်သွယ် အကြောင်းကြားကြဖို့လည်း တိုက်တွန်းထား တာပါ။ နိုင်ငံခြားသားတွေ အနေနဲ့ နိုင်ငံကူး ပတ်စ်ပို့တွေနဲ့ တရုတ်အစိုးရရဲ့ သတ်မှတ်ချက်အရ လိုအပ်တဲ့

တိုင်းရင်းသား ငြိမ်းချမ်းရေး အပစ်အခတ် ရပ်ရုံနဲ့ မလုံလောက်

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရဆဲ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အပစ်အခတ် ရပ်စဲရုံနဲ့ မလုံလောက်သေးဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ တိုင်းရင်းသားအရေး ဖြေရှင်းရာမှာ တာဝန်ယူ ဆောင်ရွက်မှုတွေ ရှိရမှာ ဖြစ်သလို၊ လက်နက်ကိုင် နှိမ်နင်း မနေဘဲ နိုင်ငံရေးအရ ဖြေရှင်းရလိမ့်မယ်လို့လည်း အမေရိကန် စံတော်ချိန် အင်္ဂါနေ့ မနက်ပိုင်းမှာ ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေး စကားပြောဆိုရာ

မြောက်ကိုရီးယား နဲ့ မပတ်သက်ရင် မြန်မာကို တောင်ကိုရီးယား အပြည့်အ၀ ကူညီမည်

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးအပေါ် တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်ကို တောင် ကိုရီးယား သမ္မတ အီလ် မြောင်ဘာ့က်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာသမ္မတကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီ ကိစ္စအတွက် မြန်မာအစိုးရနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပါမယ် လို့လည်း အခိုင်အမာပြောခဲ့သလို မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်ပြီး ထောက်ခံ အားပေးသွားမယ်လို့လည်း အာမခံခဲ့ပါတယ်။ သူ့ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်တွေ အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ချိန်မှာ သမ္မတ အီလ်မြောင်ဘာ့က် က အဲဒီိလိုပြောဆိုခဲ့တာပါ။

ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်းငံ့ရေး သတိထားဆောင်ရွက်ဖို့ ဒေါ်စုတိုက်တွန်း


မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်မလှည့်ဘူးလို့ တရားသေသတ်မှတ်လို့ မရတဲ့ အတွက် သတိထားသွားဖို့ လိုတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေအနေနဲ့ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အရေးတကြီး ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လို့ လွှတ်တော်ထဲမှာ စစ်တပ်ရဲ့ ထောက်ခံမှုမပါဘဲနဲ့တော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို ယာယီရုပ်သိမ်းပေးဖို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ပြောကြားခဲ့တဲ့အပေါ်မှာ သူ့အနေနဲ့ ကန့်ကွက် ဆန့်ကျင်ဖို့မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ အင်္ဂါနေ့ မနက်ပိုင်းက အမေရိကန် ပြည်ထောင်စု သမ္မတဟောင်း ဂျော့ခ်ျ၊ ဒဗလျူဘွတ်ရှ် အမှတ်တရဌာနက ကြီးမှူးကျင်းပခဲ့တဲ့

ဦးဝဏ္ဍမောင်လွင် ဝန်ကြီးကလင်တန်နှင့် ဝါရှင်တန်မှာ မေ ၁၇ ရက်၊ တွေ့ဆုံမည်


မြန်မာနိုင်ငံခြားရေးဝန်ကြီးဦး ဝဏ္ဍမောင်လွင်ဟာ ဝါရှင်တန်ဒီစီကို လာရောက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်နဲ့ မေလ ၁၇ ရက်၊ ကြာသာပတေးနေ့ မနက်ပိုင်း ၂ နိုင်ငံ ဆက်ဆံရေး ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြာရေးဌာနက ဗွီအိုအေကို အတည်ပြုပြောကြားပါတယ်။ ဆွေးနွေးပွဲအပြီးမှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
မေလ ၂၀ ရက်နေ့ မှာ ကုန်ဆုံးမယ့် မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုအသစ် ဟန့်တားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကို နောက်တနှစ်သက်တမ်းတိုးဖို့ အချိန် နီးကပ်လာတာနဲ့ အတူ မြန်မာနိုင်ငံခြားရေးဝန်ကြီး အခုလို ဝါရှင်တန်ကို လာရောက်တာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံကို မနှစ်က ၂ ကြိမ်သွားရောက်ခဲ့တဲ့ ဝါရင့်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကတော့ တနင်္လာနေ့က မြန်မာ နိုင်ငံအပေါ်

ရှစ်နှစ်ကြာပြသခွင့် ပိတ်ပင်ခံထားရသည့် ‘မော်ကင်းဥဒါန်း’ ရုပ်ရှင်ဇာတ်ကား ဇွန်လတွင် ပြသခွင့်ရရှိမည်


e567
၂၀၀၄ ခုနှစ် ဇန်န၀ါရီလတွင် ဆင်ဆာခွင့်ပြုချက် ရရှိပြီးနောက် ရုံတင်ပြသရန် စီစဉ်ပြီးချိန်တွင် ပြသခွင့် ပိတ်ပင်ခံခဲ့ရသည့် ‘မော်ကင်းဥဒါန်း’ ရုပ်ရှင်ဇာတ်ကားအား ယခုအခါ ပြန်လည်ပြသခွင့် ရရှိပြီဖြစ်ပြီး ရုံတင်ပြသနိုင်ရန် အတွက် ရုံရက်ချိတ်ရယူနိုင်ရန် စီစဉ်ရာတွင် ယခုနှစ် ဇွန်လကုန်ပိုင်း၌ ပြသခွင့်ရရှိထားပြီ ဖြစ်သည်ဟု သတင်းရရှိသည်။
ယင်းဇာတ်ကားပြသခွင့် ပြန်လည်ရရှိပြီးနောက် ရုံရက်ချိတ်တွင် ၀င်ရောက်တန်းစီရာ၌ ထုတ်လုပ်သူ အလွှာနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် အဆင်မပြေမှုများ ရှိခဲ့သော်လည်း အဆုံးသတ်တွင် ထုတ်လုပ်ရေးတူ

ရှမ်းပြည်နယ် မန်တုံမြို့နယ်အတွင်း၌လည်း ပဋိပက္ခကြောင့် တိမ်းရှောင်သူများရှိနေ

AddThis Social Bookmark Button
မန်တုံမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်နေရာအား တွေ့ရစဉ်
ကချင်ပြည်နယ်အတွင်း မငြိမ်သက်မှုများကြောင့် KIA  လက်နက်ကိုင်အဖွဲ့အချို့သည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အစပ်ဖြစ်သော ရွှေလီမြစ်ကို ဖြတ်ကျော်ဝင်ရောက်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းစွန်းဒေသများသို့ ၀င်ရောက်လာခဲ့ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ဒေသခံများ မန်တုံမြို့ကျေးရွာမှ ကချင်တိုင်းရင်းသားများအား မန်တုံမြို့ အရှေ့ဘက်ရှိ ခရစ်ယာန် အသင်းတော်ဝင်းအတွင်း၌ ယာယီ နေရာချပေးထားကာ
 စောင့်ရှောက်လျက်ရှိသည်။
''အစပိုင်းက ၂၀၀ ကျော်တယ်၊ အခုတော့ တချို့ လီဆူးလူမျိုးစုတွေက မြစ်ကြီးနား၊ ပါးကုပ် စတဲ့နေရာတွေမှာရှိတဲ့ သူတို့ဆွေမျိုးတွေဆီကို ပြောင်းသွားကြလို့ ဒီမှာ ၁၆၀ ကျော်လောက်ပဲ ကျန်တယ်။

ဧရာဝတီတံတား (စင်းခန်း)အနီး ကုမ္ပဏီတစ်ခုမှ ဦးဆောင်၍ လှေအများအပြားဖြင့် ရွှေသတ္တုတူးဖော်ခြင်းကို ဆောင်ရွက်နေသဖြင့် တည်ဆဲဥပဒေအရ အရေးယူနိုင်ရန် ကွင်းဆင်းစစ်ဆေး ဖော်ထုတ်သွားမည်ဟုသိရ

7327
ကချင်ပြည်နယ်အတွင်း စက်ကြီးများ အသုံးပြုပြီးရွှေတူးဖော်နေသော လုပ်ကွက်တစ်ခုအား ဖေဖေါ်ဝါရီလအတွင်းက တွေ့ရစဉ်
ကချင်ပြည်နယ်ရှိ ဧရာဝတီတံတား(စင်းခန်း)အနီး ဧရာဝတီမြစ် အတွင်းတွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခု မှဦးဆောင်၍ လှေအများအပြားဖြင့်  ရွှေသတ္တုတူးဖော်ခြင်းကို ဆောင်ရွက်နေသဖြင့် တရားမ၀င် ရွှေတူးဖော်နေသော လုပ်ငန်းရှင်များအား တည်ဆဲ ဥပဒေအရ အရေးယူနိုင်ရန် ကွင်းဆင်းစစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကွင်းဆင်းစစ်ဆေး ဖော်ထုတ်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်၍ ကချင်ပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီးဌာန ၀န်ကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊

 ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာသင် ကျောင်းများတွင် ကွန်ပျူတာ ဘာသာရပ်အား တွဲဖက်သင်ရိုးအဖြစ် သင်ကြားပေးရန် စီစဉ်နေ

အခြေခံ ပညာသင်ကျောင်းများတွင် ကွန်ပျူတာ ဘာသာရပ်အား တွဲဖက်သင်ရိုးအဖြစ် စတင်သင်ကြား ပေးရန်စီစဉ်သည့် အနေဖြင့် ဆရာ၊ ဆရာမများအား ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၌ လေးပတ်ကြာသင်တန်း ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းမြို့နယ်ပေါင်း ၄၃ မြို့နယ်ရှိအခြေခံပညာကျောင်းပေါင်း ၈၀၀ မှ ဆရာ၊ ဆရာမများတက် ရောက်သင်ယူလျက်ရှိသည်ဟုသိရ သည်။
“e-Yangon စီမံကိန်းအောက် က ကွန်ပျူတာ မတတ်သူ ပပျောက်ရေး စီမံကိန်းအရ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းနဲ့ ကွန်ပျူတာပညာရှင်များအသင်းတို့ ပူးပေါင်းပြီး ဒီသင်တန်းကို

တင်ဒါခေါ်ယူထားသည့် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မြေနေရာနှင့် သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေးကွင်းတို့အား ရွှေတောင်ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိသည်ဆိုသော သတင်းထွက်ပေါ်မှု မဟုတ်မှန်၊ မည်သည့် ကုမ္ပဏီကိုမှ လုပ်ကိုင်ခွင့် မပေးသေးကြောင်း မြို့တော်စည်ပင်မှ ပြောကြား

AddThis Social Bookmark Button
ဟံသာဝတီ ကားပွဲစားတန်းအတွင်း ရေဆေးလုပ်သားများအား တွေ့ရစဉ်
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြားနေရာ (ယခုလက်ရှိ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း အပါအ၀င်)၊ ဗိုလ်ချုပ်ဈေးသစ်နှင့် လေဟာပြင်ဈေးနေရာ၊ သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေးကွင်းနေရာတို့အား တင်ဒါခေါ်ယူထားသော်လည်း မည်သည့် ပုဂ္ဂလိက ကုမ္ပဏီကိုမျှ လုပ်ကိုင်ခွင့် မပြုသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ

ပန်းလှိုင်မြစ်ကောလာပြီး ရန်ကုန်မြစ်နှင့်ဆုံရာနေရာတွင် မြစ်လယ်ထိ သွားရောက် ရေကစားသူများပင်ရှိ


နုန်းပို့ချမှု ပိုမိုများပြားလာသောကြောင့် ပန်းလှိုင်မြစ်ကောလာပြီး ကြည့်မြင်တိုင်မြို့နယ် အေးရွာအနီး ရန်ကုန်မြစ်နှင့်ဆုံရာ နေရာတွင် ကလေး၊ လူကြီးများ မြစ်အတွင်းသို့ ဆင်း၍ ရေကစားသူများရှိကြောင်း သိရသည်။ အထူးသဖြင့် မွန်းလွဲပိုင်း ၁၂ နာရီမှ ၃ နာရီအတွင်း ရေကျချိန်များတွင် မြစ်အလယ်အထိသို့ ရေမကူးတတ်သူများပင် သွားရောက် ရေကစားကြကြောင်း၊ မြစ်ရေမှာ မြစ်ကြမ်းပြင် အထက်ငါးပေကျော်ကျော်သာ ရှိတော့ပြီး နုန်းများမှာ နှစ်ပေကျော်ရှိကြောင်း မြစ်အတွင်းသို့ သွားရောက် ရေကစားသူများက ပြောပါသည်။
''ရေထဲဆင်းပြီး လက်နှိုက်လိုက်ရင် တစ်ချို့နေရာတွေမှာ ခေါင်းမမြုပ်ဘဲ နုန်းတွေစမ်းလို့ရတယ်''ဟု

 iPay Card ဖြင့် ယာဉ်စီးခ ပေးချေသည့်စနစ်အား ပန်းဆိုးတန်း ဒလရေယာဉ်များနှင့် မြို့ပတ်ရထားများတွင်ပါ အသုံးပြုသွားရန် စီစဉ်

AddThis Social Bookmark Button
iPay Card ဖြင့်ယာဉ်စီးခ ပေးချေသည့်စနစ်ကို ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသည့် ရေယာဉ်များနှင့် မြို့ပတ်ရထားများတွင်ပါ အသုံးပြုသွားရန် စီစဉ်လျက်ရှိကြောင်း ယင်းစနစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် KISPA NADI EXPRESS LTDမှ သတင်းရရှိပါသည်။
iPay Card ဖြင့် ယာဉ်စီးခပေးချေသည့် စနစ်ကို ဧပြီလ ၂ ရက်နေ့မှ စတင်၍ အဓိပတိ(အပြာ)ယာဉ်လိုင်း၌ စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခု လက်ရှိအချိန်အထိ ၄င်းယာဉ်လိုင်း ရှိယာဉ်စီးရေ ၅၉ စီးတွင် iPay Card အသုံးပြုသည့်စနစ်ကျင့် သုံးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် iPay Card အသုံးပြု၍ ယာဉ်စီးခပေးချေသည့်စနစ်အား စတင်အသုံးပြုစဉ်ကာလဖြစ်သော ဧပြီလဆန်းပိုင်းက iPay Card

 အခြေခံပညာကျောင်း အချို့၌ ကျောင်းအပ် လက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိ၊ မသင်မနေရ မူလတန်း ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေချိန်၌ အလှူငွေ ကောက်ခံခြင်းအပြင် အခြားသော ခေါင်းစဉ်များဖြင့် ရန်ပုံငွေရှာဖွေခြင်းမျိုးလည်း မပြုလုပ်ကြရန် ညွှန်ကြားထား



73211
သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းတစ်ကျောင်း၌ ကျောင်းအပ်လက်ခံနေစဉ်
အခြေခံပညာကျောင်း အချို့၌ ကျောင်းအပ် လက်ခံခြင်းများကို မေလဆန်းပိုင်းကပင် စတင်ဆောင်ရွက် လျက်ရှိနေပြီဖြစ်ပြီး ကျောင်းအပ်နှံ ရာသီဖြစ်သည့် မေလ သီတင်းနောက်ဆုံးပတ်အထိ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယင်းသို့ ကျောင်းအပ်လက်ခံရာတွင် မသင်မနေရ မူလတန်းပညာရေး စနစ်အရ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းအပ်နှံမှုမှာအခမဲ့ဖြစ်ပြီး အလယ်တန်း နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းအပ်နှံမှုအတွက် သက်ဆိုင်ရာအတန်း

မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများတွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီး အရေအတွက်မှာ လူဦးရေ၏ ရှစ်ရာခိုင်နှုန်းကျော်သို့ ရောက်ရှိနေ



7329
တိုးမြှင့် ပင်စင်လစာ လျှောက်ထားရန် တန်းစီစောင့်ဆိုင်း နေသူများအား ၂၀၁၁ ခုနှစ် ဇူလိုင်လက တွေ့ရစဉ်
မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများတွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီး အရေအတွက်မှာ လူဦးရေ၏ ရှစ်ရာခိုင်နှုန်းကျော်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မေလ ၈ ရက်နေ့တွင် ကျင်းပသော အာရှ-ပစိဖိတ်ဒေသ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၏ ပြောကြားချက်အရ သိရပါသည်။
သက်ကြီးဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် ၁၂ ရာခိုင်နှုန်းနှင့် ၂၀၅၀ ပြည့်နှစ်တွင်၂၀ရာခိုင်နှုန်းအထိရောက် ရှိလာနိုင်သည်ဟု မှန်းဆထားကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏

စက်ရုံများတွင် လုပ်ခလစာ နည်းပါးလွန်းမှုကြောင့် အလုပ်သမားများ၏ တောင်းဆိုမှုများ ၂၀၁၂ ခုနှစ်အတွင်း ဆက်တိုက်ပင် ဖြစ်ပေါ်

7322a
စက်မှုဇုန်ဝန်ထမ်းများ၏ နံနက်ပိုင်း လုပ်ငန်းခွင် မ၀င်ရောက်မီမြင်ကွင်း
မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများအနက် အလုပ်သမားများ ၏ အခြေခံလုပ်ခလစာ အနိမ့်ဆုံးနိုင်ငံ ဖြစ်နေကြောင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် ၀င်ရောက်လုပ်ကိုင်နေသော စက်ရုံများတွင် လုပ်ခလစာ နည်းပါးလွန်းမှုကြောင့် အလုပ်သမားများ၏ တောင်းဆိုမှုများ ၂၀၁၂ ခုနှစ်အတွင်း ဆက်တိုက်ပင် ဖြစ်ပေါ်ခဲ့သည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တရုတ်ထိုင်ဝမ် တိုင်ရီဖိနပ်စက်ရုံမှ လုပ်သား ၁၈၆၃ ဦးသည် တရုတ်နှစ်ကူးပိတ်ရက် လုပ်ခမပေးသည့်ကိစ္စ မှ စတင်ကာ အခြေခံလစာ၊ အခြားသော အလုပ်သမား

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။