MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 17, 2012

လက်သံပြောင်တဲ့ မန္တလေးကျောင်းအုပ်



မန်းသားလေး

photo by Justice Assessor

မန္တလေးပညာရေးကောလိပ် ဒုတိယကျောင်းအုပ်က နေ့စောင့်လုံခြုံရေးဝန်ထမ်း ကိုမြင့်လွင် ဆိုသူကို ကုလားထိုင်နဲ့ သုံးချက်ရိုက်လိုက်ပါတယ်။လုံခြုံရေးဝန်ထမ်း လက်တဘက် ကျိုးသွားပြီး မျက်ခုံး ငါးချက်ချုပ်ရတဲ့အထိ ဒဏ်ရာ ရသွားပါတယ်။ကျောင်းအုပ်က ဘာကြောင့် ဒီလိုရိုက်ရတာလဲ။တာဝန်ထမ်းဆောင်ချိန်မှာ ကွမ်းယာဝယ်ဖို့ အပြင် ခဏထွက်သွားတာကို သည်းမခံနိုင်ဘဲ ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ကိုမြင့်လွင်က ပြောပါတယ်။ဒီကိစ္စကို မကျေနပ်တဲ့ လုံခြုံရေးဝန်ထမ်းက သက်ဆိုင်ရာကို

စက်ရုပ်မလေး လား ၊မိန်းကလေးအစစ်လေလား


တကယ်တော့ သူက စက်ရုပ်မလေး Geminoid F ပါ ။ သူက စကားလည်း ပြောတတ်သလို သီချင်းလည်း ဆိုတတ်ပါ တယ်။ သူများအသံတွေကိုလည်း လိုက်လုပ်တတ်ပါသေးတယ်။

ပြုံးကာ၊ ရယ်ကာနဲ့လည်း မျက်နှာ အမူအရာပေါင်း ၆၅ မျိုးကိုလည်း လုပ်တတ်ပါတယ်။ တကယ့်လူသားလေး လို အရမ်းတူနေတာကြောင့် သူ့ကို သက်ရှိ အရုပ်လေးလို့လည်း တင်စားထားပါတယ်။

ဟောင်ကောင်မှာ ကျင်းပတဲ့ Hong Kong's "Robots in Motion 2012" Expo မှာ ပြသမိတ်ဆက်ထား တာလည်း ဖြစ်ပါတယ်။ ဂျပန်သီချင်းလည်း သူက ဆိုပြပြီး ပရိတ်သတ်ကိုလည်း

သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်မြို့ နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်းက မူးလဲတာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နေအိမ်မှာပဲ အနားယူနေပြီလို့ သိရပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

နေပြည်တော်ကနေ ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နေ့လည်ပိုင်းက နေအိမ်မှာ မူးလဲခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပါတယ်။ အခုတော့ နေအိမ်မှာပဲ အနားယူနေတယ်လို့ ပြောပါတယ်။

အသက် ၆၈ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဟာ အစကတည်းက နှလုံးနဲ့ ဆီးချို ဆိုင်ရာ ကျန်းမာရေး အားနည်းမှုတွေ ရှိနေတဲ့သူဖြစ်ပြီးအခု တိုင်းပြည်ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စိတ်ရောကိုယ်ပါ

မြန်မာ အလုပ်သမားများ ဘဏ်မှတဆင့် အိမ်ကို ငွေလွှဲနိုင်တော့မည်

အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank-AGD) သည် ထိုင်းနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်တခုဖြစ်သော K-Bank (Kasikorn Bank)နှင့် ပူးပေါင်း၍ ငွေလွှဲမှု လုပ်ငန်းများကို ဇွန် လ ဆန်းပိုင်းတွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရသည်။
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်(AGD)နှင့် ထိုင်း Kasikorn Bank တို့ မြန်မာ အလုပ်သမားများအတွက် ငွေလွှဲလုပ်ငန်း သဘောတူ လက်မှတ်ရေးထိုးပွဲ (ဓာတ်ပုံ - The Nation)
ထိုင်းနှင့်မြန်မာ ပုဂ္ဂလိကဘဏ်မှတဆင့် ငွေလွှဲနိုင်မည့် ယခု အစီအစဉ်သည် ပထမဆုံး ပြုလုပ်သည့် အစီအစဉ်လည်း ဖြစ်သည်။
ယင်း အစီအစဉ်အရ ဘဏ်မှ တရက်လျှင် ဘတ် ငွေ ၉၀၀၀၀ (အမေရိကန် ဒေါ်လာ ၃၀၀၀) ခန့် လွှဲခွင့်ပြုမည်ကြောင်း Kasi korn Bank ၏ ဒု ဥက္ကဋ္ဌ Mr.Somkiat Siri Chat ၏ ပြောကြားချက်ကို မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြ ထားသည်။
“အခုလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရတဲ့ အကြောင်းကတော့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ အလုပ်သမားတွေ ယုံကြည်စိတ်ချစွာနဲ့ ဘဏ် ကနေ တဆင့် ငွေလွှဲလို့ အဆင်ပြေအောင် ဖြစ်ပါတယ်၊ အချိန်နဲ့ ငွေလက်ခံရရှိတဲ့

စာနယ်ဇင်းကောင်စီဖွဲ့ရေး ဂျာနယ်လစ်အဖွဲ့များ သဘောမတူသေး

ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးလုပ်ဆောင်နေသော မြန်မာစာနယ်ဇင်းကောင်စီ (Press Council) ဖွဲ့စည်းရေးအတွက် လွတ်လပ်သော စာနယ်ဇင်းအဖွဲ့များ ပူးပေါင်းပါဝင်ရေးတွင် စာနယ်ဇင်းကောင်စီ လုပ်ငန်းများနှင့် ပတ်သက်ပြီး လက်မခံနိုင်စရာအချက်များ ရှိနေသည့်အတွက် မြန်မာစာနယ်ဇင်းအဖွဲ့များက ပြန်ကြားရေးဝန်ကြီးဌာနထံ တင်ပြဆွေးနွေးသွားရန်ရှိကြောင်း သတင်းရရှိသည်။
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် သတင်းထောက်များ (ဓာတ်ပုံ - Reuters)
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံခဲ့သော စာနယ်ဇင်းအဖွဲ့ ၆ ဖွဲ့အနက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) ဖြစ်မြောက်ရေးကော်မတီ၊ မြန်မာစာနယ်ဇင်း သမဂ္ဂ (MJU) နှင့် မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) တို့သည် စာနယ်ဇင်းကောင်စီတွင် ပါဝင်ရေး မပါဝင်ရေး၊ ကောင်စီသို့ ကိုယ်စားလှယ် လွှတ်ရေး မလွှတ်ရေး ဆွေးနွေးနေကြကြောင်း သိရသည်။
ဝန်ကြီး ဦးကျော်ဆန်းက စာပေစိစစ်ရေးဌာနကို ဖျက်သိမ်းမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အမိန့်ဖြင့် စာနယ်ဇင်းကောင်စီကို ဖွဲ့ပေးမည်ဖြစ်ကြောင်း၊ မကြာခင် လပိုင်းအတွင်း စာနယ်ဇင်းကောင်စီက

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စွမ်းအင်နှင့် သယံဇာတ တူးဖော်ရေးတွင်သာ များလာ


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ကျော် သိသာစွာ တိုးတက်မှု ရှိခဲ့သော်လည်း သဘာဝ အရင်းအမြစ်များ အပေါ် အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများသာ ရာခိုင်နှုန်း အများဆုံးဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းခွင်တခု (ဓာတ်ပုံ- Reuters)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး၏ အကြံပေး ဒေါက်တာမောင်အောင် အဆိုအရ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးတက်လာရေး အတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အစိုးရက ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကျော်ဖြစ်လာခဲ့သည့် အတွက် ပြီးခဲ့သည့် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၂၀ ဘီလီယံကျော် “သိသာစွာတိုးတက်” မှုရှိခဲ့ကြောင်း သိရသည်။
“သဘာဝ အရင်းအမြစ်တွေ အပေါ်မှာဘဲ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရတဲ့ အကြောင်းအရင်းက နိုင်ငံခြားသား

ပြုပြင်ပြောင်းလဲမှုတွေကြားက ဥပဒေမဲ့ မြေသိမ်းမှုများ


မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဘက် တိမ်းညွှတ်နေမှုအပေါ်  နိုင်ငံတကာ အစိုးရတွေက အောတိုက်ချီးမွမ်းနေကြချိန်မှာ ပြည်တွင်းမှာလည်း မြေယာအဓမ္မ သိမ်းပိုက်မှုတွေ တစထက်တစ ပိုများလာနေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ အစိုးရအေဂျင်စီတွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်ကြီးတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံကြိုဆိုဖို့ သူတို့ကိုယ်သူတို့ ပြင်ဆင်နေရာချနေကြလို့ပါတဲ့။
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့တွင် မြေသိမ်းခံရမှုအတွက် ဆန္ဒပြနေသည့် လယ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)
နိုင်ငံတဝန်းက လယ်သမားတွေဟာ သူတို့ရဲ့ လယ်မြေတွေကနေ အတင်းမောင်းထုတ် ခံနေကြရပါတယ်။ ဒီလို မောင်းထုတ်ခံရတဲ့အတွက်လည်း ဥပဒရှေ့မှောက် အယူခံနိုင်ဖို့ သူတို့မှာ မျှော်လင့်ချက် နည်းနည်းပဲရှိတာပါ။ ဒါက ဘာဖြစ်လို့လဲဆိုတော့ အနောက်နိုင်ငံတွေမှာ သမ္မတ ဦးသိန်းစိန်ရဲ့ “ပြုပြင်ပြောင်းလဲမှုတွေ” နဲ့ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြပေမယ့် မြန်မာပြည်ရဲ့ တရားဥပဒေစိုးမိုးရေးက ၁၂ ရာစု ဥရောပမှာရှိခဲ့တဲ့ အခြေအနေ သာသာပဲ ရှိလို့ပါပဲ။
အလယ်ခေတ်တုန်းက ဥရောပမှာ မြေယာပိုင်ဆိုင်မှုကို လက်နက်နဲ့ အင်အားရှိသူတွေကပဲ အဆုံးအဖြတ် ပေးခဲ့ကြတာပါ။ အဲဒီအချိန်တုန်းကတော့ ဓားရှည်ထက်ထက်နဲ့ ကိုယ်ပိုင်စစ်တပ်တွေပေါ့။ မြန်မာပြည်မှာလည်း အခုကာလမှာ စစ်တပ်နဲ့ ချိတ်ဆက်ရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက

တပ်နှင့် ကြံ့ခိုင်ရေးပါတီ မြေသိမ်းမှု သမ္မတဆီ တိုင်ပြီ။ (မသေခင် အာဏတွေကိုမသုံးသင့်တဲ့နေရာတွေသုံးနေကြတဲ့သူများ၏အရှုပ်တော်ပုံများကိုသမ္မတကဘယ်လိုဖြေရှင်းမလဲ)


ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းရှိ တပ်မြေအဖြစ် သိမ်းရန် ကျောက်တိုင် စိုက်ထူထားသော ပင်ငိုကျေးရွာ တောင်ယာဧက ၆၁၀ မှ နေရာတနေရာ (ဓာတ်ပုံ - ဧရာဝတီ)
လယ်မြေများအသိမ်းခံထားရသော မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု လယ်သမား ၃၈ ဦးအပါအဝင် လယ်သမားအခွင့် အရေးများတောင်းဆိုကြသော အခြားလယ်သမား ၂၅၀ ကျော်က ဆုံးရှုံးမှုများတင်ပြ၍ စုပေါင်းလက်မှတ်ထိုးထားသည့် စာရွက် စာတမ်းများကို  NLD လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေး က သမ္မတရုံးနှင့် သက်ဆိုင်ရာအစိုးရဌာနများကို ပေးပို့ တိုင်ကြားလိုက်ခြင်းဖြစ်သည်။
“သမ္မတကြီးရယ်၊ ဆယ်မြောင်းဝန်ကြီးဌာနနဲ့ အခြားအစိုးရဌာနတွေကို မနေ့ကပဲ ကျမကိုယ်တိုင် စာတိုက်ကနေတဆင့် ပေးပို့ ခဲ့ပါတယ်။ အသိမ်းခံရတဲ့ လယ်မြေတွေကိုလည်း ကျမတို့ကိုယ်တိုင် ကွင်းဆင်းစိစစ်ပြီး အမည်ပေါက်ပြနိုင်တဲ့ လူတွေရဲ့ လယ်မြေ တွေကိုပဲ ကျမတို့ တင်ပြတာပါ။ သမ္မတကြီးအနေနဲ့ ထမင်းရှင်တွေဖြစ်တဲ့ လယ်သမားတွေရဲ့ ကိစ္စကို ဖြေရှင်းပေးနိုင် လိမ့်မယ်လို့

ရဲတပ်ဖွဲ့ ရမ်းကားမှု ပတ္တမြားမြို့သစ် ဒေသခံများ မကျေနပ်


ယမန်နှစ် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့ အိုးအိမ်ဦးစီးဌာနရှေ့၌ ဆန္ဒပြနေသော လယ်သမားများကို စစ်ဆေးမေးမြန်း နေသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“ကျနော်တို့ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း နောက်ကနေ ခေါင်းကို နံပါတ်တုတ်နဲ့ ရိုက်သွားတာ။ ရဲက အယောက် ၇၀ လောက် ရှိမယ်။ ဆိုင်ထဲမှာ ရှိတဲ့လူ အကုန်လုံးလောက် အရိုက်ခံရတယ်။ ဒဏ်ရာရတာပဲ အနည်းနဲ့အများ ကွာသွားတာ”ဟု ရိုက် နှက်ခံခဲ့ရသူ တဦးဖြစ်သည့် မောင်ဇင်မင်းပိုင် က ဧရာဝတီကို ပြောသည်။
ဦးခေါင်းကို အရိုက်ခံရများထဲတွင် သူကအနည်းငယ်သာ ထိခိုက်ခဲ့သော်လည်း သူငယ်ချင်းဖြစ်သူများမှာ ဦးခေါင်း ကွဲခြင်း၊ လက် စသည်တို့တွင် ဒဏ်ရာများ အသီးသီး ရခဲ့ခြင်းများ ရှိကြောင်း၊ ရပ်ကွက်ကိုလည်း မဖွယ်မယာ ပြုမူလုပ်ပြပြီး ဆဲဆိုကြိမ်း မောင်း သွားခဲ့ကြောင်း၊ ညတွင်းချင်း ထောက်ကြံ့ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း ကြေအေးရန်သာ တိုက်တွန်း ခံခဲ့ရကြောင်း မောင်ဇင်မင်းပိုင်က ဆက်ပြောသည်။
“သူတို့က ရပ်ကွက်ကိုလည်း မီးနဲ့ရှို့မယ်၊ နောက် ယုတ်ယုတ်မာမာတွေလည်း ဆဲသွားတယ်။ သူတို့က ရပ်ကွက်ထဲက ဆိုင်တွေ အကုန်လုံးကိုလည်း တခါးတွေကို တုတ်နဲ့ ရိုက်တာတို့၊ ဆိုင်းဘုတ်တွေကို ခဲနဲ့ထုတာတို့လုပ်ပြီးတော့ သူတို့က တစု တဝေးတည်း ရဲတပ်ရင်းကို ပြန်ဝင်သွားပါတယ်”ဟု

မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု ၂ဝ၁၅ တွင် လွှတ်တင်ရန် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးနေ





ရန်ကုန်၊ မေ ၁၄
 ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရန်အတွက် တရုတ်၊ အီးယူတို့နှင့် စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
 ”လောလောဆယ် ဆွေးနွေး နေပါတယ်။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်လို့ထင်ရင် လွှတ်တင် မယ်။ အကျိုးမရှိဘူးထင်ရင် ငှားသုံး သွားမှာပါ”ဟု မြန်မာ့ဆက်သွယ်   ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပိုင်  ဆက်သွယ်ရေးဂြိုဟ်တုအား ၂ဝ၁၅ ခုနှစ်တွင် လွှတ်တင်သွားရန် စတင် အကောင်အ ထည်ဖော် ဆောင်ရွက် နေကြောင်း၊ ယင်းသို့ ဂြိုဟ်တု လွှတ်တင်ဖြစ်ပါက နိုင်ငံ၏ ဂုဏ် သိက္ခာတက်လာမည့်အပြင် ဝေးလံ သည့် ဒေသများကို အဆိုပါ ဂြိုဟ်တုမှ တစ်ဆင့်ဆက်သွယ်ပြော ဆိုနိုင်မည်ဖြစ်ကြောင်း ၄င်းကပြော သည်။”မြို့ကြီးတွေကတော့ ဖိုင်ဘာ ဆက်သွယ်မှုကိုပဲ အသုံးပြုသွားမှာ ပါ။ နယ်စွန်၊ နယ်ဖျားတွေ ပင်လယ် ထဲက ကျွန်းတွေအတွက်ပဲ ဂြိုဟ်တု ကို အသုံးပြုသွားမှာပါ”ဟု ၄င်းက ဆက်လက်ပြောသည်။ ပြည်တွင်း၌ ဖုန်းဆက်သွယ်မှု

မှန်ကန်သော အသက်မွေးမှု ပြုနိုင်ပါစေ

မကောင်းသော အသက်မွေးမှု မိစ္ဆာအာဇီဝ မှ ရှောင်ကြဉ်မှုကို သမ္မာအာဇီဝ ဟု ဆို၏။

ကာယဒုစရိုက် များဖြင့်လည်း အသက်မမွေး၊ ၀စီဒုစရိုက် များဖြင့်လည်း အသက်မမွေး၊

ထို ဒုစရိုက်နှစ်မျိုးမှ လွတ်သော ကောင်းသော အသက်မွေးမှု့ကို သမ္မာအာဇီဝ ဟု ဆို၏။

ဤလောက၌ အသက်မွေးမှု့သည်များစွာရှိ၏။ အသက်မွေးမှု အာဇီဝသည်

မကောင်းသောအသက်မွေးမှုဖြစ်ပါက မိစ္ဆာအာဇီဝ ဖြစ်လာရ၏။

ကောင်းသော အသက်မွေးမှုဖြစ်ပါကသမ္မာအာဇီဝ ဖြစ်လာရ၏။

သို့ရာတွင် လူသည် မသေလိုမှုအတွက် အစာစားနိုင်ရန် ကောင်းသော

အသက်မွေးမှုပဲဖြစ်ဖြစ်၊ မကောင်းသော အသက်မွေးမှု့ပဲဖြစ်ဖြစ် အသက်မွေးမှု့


HTC ရဲ့ ဘော့စ်ဖြစ်သူ မန္တလေးသား ဦးဝင်းသန်း အကြောင်း (အင်္ဂလိပ်ဘာသာပြန်)

A publicity photo of HTC Corporation's Burmese-born president and CEO, Peter Chou (Photo: HTC Corporation)
A publicity photo of HTC Corporation's Burmese-born president and CEO, Peter Chou (Photo: HTC Corporation)
Peter Chou, the current chief executive officer (CEO) and president of the Taiwan-based electronics manufacturer HTC Corporation, has revealed his Burmese origins for the first time.
Chou, whose company is one of the world’s leading makers of smartphones and tablets, told an audience of young IT enthusiasts in Mandalay that he was born in Burma’s second-largest city and studied there before emigrating to Taiwan more than 30 years ago.
Although Chou’s first return visit to his native country since then coincided with President Thein Sein’s recent call to exiled intellectuals and businessmen to return to Burma, Chou said the purpose

အမှိုက်ပုံကြီးဖြစ်နေသော ရန်ကုန်

ဘာရာဒွါဂျာ (မြန်မာပြည်)


(photo - www.magickriver.org)

"---အသင့်အတင့် ပြည့်စုံတဲ့လူတွေကလည်း အိမ်ကို အလုံပိတ်၊ လေအေးစက်ကလေး ဖွင့်ပြီးနေတော့ အမှိုက်ပုံအနံ့က နှာခေါင်းကို မကလိဘူးထင်ပါရဲ့---"

ရန်ကုန်မြို့ကြီးဟာ လူနေအိမ်ခြေများစွာနဲ့ တည်ထားတဲ့မြို့ ဖြစ်တဲ့အပြင် နိုင်ငံတကာလေဆိပ်၊ ဆိပ်ကမ်းတွေ ရှိတဲ့ အတွက် အစိုးရရုံးများ အခြေစိုက်ရာ မြို့တစ်မြို့ မဟုတ်ငြားလည်း စည်ကားကြီးကျယ်သော မြို့ကြီးပါ။ လေယာဉ်လမ်းကြောင်းက ၀င်ရောက်လာတဲ့ နိုင်ငံခြားခရီးသည်တွေ၊ သံတမန်တွေ၊ စီးပွားးရေး လုပ်ငန်းရှင်တွေ၊ အမိမြေနဲ့ ဝေးကွာနေတဲ့ အိမ်သူအိမ်သားတွေ ပြန်လာကြတဲ့ မြန်မာပြည်ရဲ့ အဓိက အချက်အချာကျတဲ့ မြို့ကြီး ဆိုတာ

လွှတ်တော်ကိုယ်စားလှယ်ပိုင် ကုမ္ပဏီမှ လယ်ယာမြေများအားဖျက်ဆီး

မေလ ၁၆ရက်၊ ၂၀၁၂ ခုနှစ်
ကျော်စိုးလင်း-(YPI)

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကျီစုကျေးရွာအရှေ့ပိုင်းရှိ ဒေသခံလယ်သမားများနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော  လယ်ယာမြေများကို လွှတ်တော်ကိုယ်စားလှယ်ပိုင် မြရွှေဝါကုမ္ပဏီက ယမန်နေ့က စတင်ပြီး မြေတူးစက်များဖြင့် တူးဖော်ဖျက်ဆီးလျက်ရှိသည်ဟု လယ်သမားများက ပြောသည်။

မြရွှေဝါကုမ္ပဏီသည် သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးပိုင် ကုမ္ပဏီဖြစ်သည်။

ထိုသို့ တူးဖော်ဖျက်ဆီးမှုကြောင့် ယခုအချိန်တွင် ကျီစုကျေးရွာအရှေ့ဘက်ရှိ လယ်ယာမြေ ၁၀ ဧကခန့်

အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ပတ္တမြားမြို့သစ်တွင် ၀င်ရောက်ရိုက်နှက်။(ပြည်သူကိုနှိပ်စက်ဖို့ရဲတပ်ဖွဲ့ ဆိုတာလားလို့ အများကစိုးရိမ်ဝေဖန်နေကြ)

မေလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အနီးတွင် တပ်စွဲထားသော အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယနေ့ ည ၇ နာရီခွဲခန့်တွင် ပတ္တမြားမြို့သစ်၊ အောင်စည်တော် လက်ဘက်ရည်ဆိုင်သို့ ၀င်ရောက်ပြီး ရပ်ကွက်နေလူငယ်များအား ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
ထိုသို့ရိုက်နှက်မှုကြောင့် ယင်းလက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ် ၁၀ ဦးခန့်ဖူးယောင်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရခဲ့ကြောင်း ရိုက်နှက်ခံရသူလူငယ်တစ်ဦးဖြစ်သည့် ရဲထူးဇော်ကပြောသည်။
'' သားတို့က လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း အနောက်ကနေ၀င်ရိုက်တာ။ လူတွေကိုတော့ မမှတ်မိလိုက်ဘူး။ သူတို့နဲ့သားတို့နဲ့ ဘာပြသနာမှဖြစ်တာလည်းမဟုတ်ဘူး " ဟု ၎င်းကပြောသည်။
ယနေ့နေ့လည်က အရက်ဆိုင်တွင် အရပ်သားနှင့်ရဲတပ်ရင်း တပ်သားတို့ စကားများရန်ဖြစ်ခဲ့သည့် အငြိုးဖြင့် လာရောက်ရိုက်နှက်ခြင်း ဖြစ်နိုင်သော်လည်း ညပိုင်းအရိုက်ခံရသူများမှာ နေ့ခင်းက ရန်ဖြစ်ခဲ့သည့်

မြန်မာဆန်နှင့် သီးနှံအချို့ တရုတ်နှင့်ထိုင်း ဖမ်းဆီးနေမှုကြောင့် စိုက်ပျိုးသူတို့ အရှုံးပေါ်

တရုတ်နှင့်ထိုင်းနိုင်ငံတို့မှကျန်းမာရေးအကြောင်းပြမှုဖြင့်မန်မာ့ဆန်အပါအဝင် စားဖိုဆောင်သီးနှံအချို့တို့အား ဖမ်းဆီးနေမှု ကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဝယ်လိုအားကျဆင်းကာ စိုက်ပျိုးထုတ်လုပ်သူတို့ အရှုံးပေါ်မှုများ ဆက်တိုက်ဖြစ်နေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
ဘုရင့်နောင်ပွဲရုံရှိ စားဖိုဆောင် သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်း ချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်ဟန်က ”အခု ကြက်သွန်စိုက် တောင်သူတွေက အော်နေကြ တယ်။ ဒီအချိန်မှာက ကြက်သွန် ဈေးက ၁ ပိဿာကို ကျပ် ၃၅ဝ၊ ၄ဝဝ ဖြစ်သင့်နေတာ အခု မဖြစ်ဘဲ၊ ဈေးက ကျပ် ၃ဝဝ မှာပဲ ငြိမ်နေ တော့၊ အကျိုးအမြတ် မရှိဘဲအရင်း အတိုင်း ရောင်းချနေရတယ်”ဟု ပြောသည်။နယ်စပ်မှတစ်ဆင့် တင်ပို့မှု နည်းပါးသွားသောကြောင့် ကြက် သွန်ဈေးနည်းတူ ဆန်ကြမ်းဈေးမှာ ပါ ဖြစ်သင့်သည့် ဈေးမဖြ စ်တော့ ပဲ၊ ကုန်စည်ဒိုင်နှင့် ပွဲရုံများ၏ အရောင်းအဝယ်ဖြစ်မှုမှာ ယခင် အခြေအနေထက် ပိုဆိုးလာနေ သည်ဟု

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင် ၂၅၈ အနီးတွင် ခရီးသည်တင်ယာဉ်နှင့် ၀ါးလုံးများ တင်ဆောင်လာသော ယာဉ်တစ်စီးတိုက်မိရာမှ လူငါးဦးသေဆုံး


ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ခရီးသည်တင်ယာဉ်အား တွေ့ရစဉ်
ရန်ကုန်မှထွက်ခွာလာသော Gi  ရန်ကုန်-မန္တလေး-မူဆယ် ခရီးသည် တင်ယာဉ်သည်  မေလ ၁၅ ရက်နေ့ ည နှစ်နာရီခွဲခန့်တွင် ၀ါးတင်ဆောင်လာသော ယာဉ်တစ်စီးအား မိုင်တိုင် ၂၅၈ အနီး၌ ၀င်ရောက်တိုက်မိခဲ့ရာ လူငါးဦးသေဆုံးပြီး ခရီးသည် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ခရီးသည်တင်ယာဉ်အတွင်းပိုင်းအား မြင်တွေ့ရစဉ်
''ကျွန်တော်က လပွတ္တာကနေ ရန်ကုန်၊ ရန်ကုန်ကနေမှ ဆက်စီးလာတာဆိုတော့ ပင်ပန်းပြီးကားပေါ်မှာ

မန္တလေးမြို့တွင် လျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးသော်လည်း မေလ ဒုတိယပတ်မှစ၍ မကြာခဏ ပြတ်တောက်မှု ကြုံတွေ့နေရ

5710
အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံ ရပ်ကွက်အတွင်း လျှပ်စစ်မီးမီတာခွန် လာရောက်ကောက်ခံသည့်
ယာဉ်အားမေလ ၁၅ရက်နေ့က တွေ့ရစဉ်
မန္တလေးမြို့တွင် လျှပ်စစ်မီးကို အလှည့်ကျ ဖြန့်ဖြူးပေးသော်လည်း မေလဒုတိယပတ်မှစ၍ မကြာခဏ ပြတ်တောက်မှု ကြုံတွေ့နေရကြောင်း မြို့ခံများထံမှ သိရှိရသည်။
လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်လျက်ရှိခြင်းကြောင့် မြို့တွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေအတွက်အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း မြို့ခံများက ပြောကြားသည်။
“ရေပြတ်တာလည်း သုံးရက် လောက်ရှိပြီ။အရင်ကဖောဖောသီသီ ရေရတဲ့နေရာတွေတောင်
 ရေမရတော့ဘူး။ ရေပေးဝေရေးရုံးနဲ့ ကပ်နေတာတောင် ရေမလာဘူး။ အခုရက်ပိုင်း
 ရာသီဥတုကလည်း အရမ်းပူ၊ မီးလည်းပျက်၊ ရေကလည်းမလာ ဆိုတော့ နေချင်စရာကိုမရှိတော့ဘူး။ မီးခဏတိုင်းပျက်လို့ သက်ဆိုင်ရာဌာနတွေကို ဖုန်းဆက်မေးကြည့်တော့ မီးအားမနိုင်လို့

ဓည၀တီနှင့် ဝေသာလီ အပါအ၀င် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် နေရာငါးခုကို ဇုန်နယ်မြေ အဖြစ် သတ်မှတ်

577
ဓည၀တီမြို့ဟောင်းရှိ မဟာမြတ်မုနိပြတိုက်
ရခိုင်ပြည်နယ်မှ ဓည၀တီနှင့် ဝေသာလီ အပါအ၀င် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်နေရာ ငါးနေရာအား ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်းနေရာ တည်ရှိရာဇုန်နှင့် ကာကွယ်ထိန်းသိမ်းထားသော ဇုန်အဖြစ် သတ်မှတ်ကြောင်း သတင်းရရှိသည်။ဇုန်နယ်မြေများအဖြစ် သတ်မှတ်ပြဋ္ဌာန်းလိုက်ကြောင်းကို
 မေလ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာ တွင် ဖော်ပြထားချက်အရ သိရသည်။ အဆိုပါငါးနေရာမှာ (၁)ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြောင်းမြမြို့ဟောင်း၊ (၂)တနင်္သာရီတိုင်းဒေသကြီး၊
 လောင်းလုံမြို့နယ်၊ မြို့ဟောင်းကျေးရွာအုပ်စု၊ သာဂရ မြို့ဟောင်း၊(၃) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊
 ဝေသာလီကျေးရွာ နှင့်သလ္လာဝတီကျေးရွာ၊ ဝေသာလီ မြို့ဟောင်း၊(၄) ရခိုင်ပြည်နယ်၊
 ကျောက်တော်မြို့နယ်၊ မဟာမုနိ ကျေးရွာ၊”ဓည၀တီမြို့ဟောင်း၊ (၅) စစ်ကိုင်းတိုင်းဒေသကြီး၊

တားမြစ်ထားသော နေရာများတွင် ကျောက်စုပ်ယူနေမှု များကြောင့် ယခင်နှစ်များကဲ့သို့ ကမ်းပြိုမှု အန္တရာယ်များ ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေ

575
ရေလယ်သောင် ကျေးရွာအနီး ဧရာဝတီမြစ်တွင်း ကျောက်စုပ်နေသော စက်လှေများအား မေလ ၁၁ ရက်နေ့က တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် စစ်ကုန်းကျေးရွာအုပ်စု ရေလယ်သောင်ကျေးရွာ အရှေ့ဘက် တားမြစ်ထားသော နေရာများတွင် ကျောက်စုပ်ယူနေမှုများကြောင့် ယခင်နှစ်များကဲ့သို့ ကမ်းပြိုမှုအန္တရာယ်များ ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရှိရပါသည်။
“အရင်က ရေလယ်သောင် ကျေးရွာကမ်းပါးမှာ သင်္ဘောကြီးတွေကို ကပ်ခွင့်ပေးခဲ့ဖူးပါတယ်။ ရေစီးကြောင်းက ထိုးတဲ့အခါ သင်္ဘောကြီးတွေ ခံနေတဲ့အတွက် သင်္ဘောအောက် ကမ်းပါးအခြေကို လှိုက်ပြီးထိုးတော့ ကမ်းပါးအောက်ခြေတွေ ပျက်စီးကုန်ပါတယ်။ အဲဒီအချိန်မှာ ရေညွန့်ထိုးတဲ့ လမ်းကြောင်းပေါ်မှာ ကျောက်စုပ်နေတဲ့အတွက် ရေလာမြောင်းပေးသလို ဖြစ်ပြီး ရေညွန့်ကအ ရှိန်နဲ့ထိုးတဲ့အခါ ကမ်းပါးအောက်ခြေ လှိုက်စားခံရပြီး ကမ်းပြိုမှုတွေ ဖြစ်လာတာပါ။ ရေညွှန့်ထိုးတဲ့လမ်းကြောင်းမှာ ကျောက်တွေ၊ သဲတွေရှိနေတယ်ဆိုရင် ရေညွန့် က ပဲခူးတိုင်းဒေသကြီးဘက် ရေလမ်းကြောင်းအတိုင်း သွားနိုင်ပါတယ်။ ရေလယ်သောင်နားက ရွာလေးရွာဆိုရင် ရေညွန့်ထိုးတဲ့အတွက် ပျက်စီးခဲ့ရပါတယ်။ နောက်ပိုင်း သက်ဆိုင်ရာက ကျောက်စုပ်တာတွေကို တားမြစ်ခဲ့တဲ့အတွက် ရေကာတာကြီးကို ကာကွယ်နိုင်ခဲ့ဖူးပါတယ်”

'အသက်ထင်ရှားရှိနေသေးတဲ့ အချိန်မှာတော့ အနုပညာအလုပ်ကို ဖက်တွယ်ပြီး လုပ်ဖြစ်နေမှာပါပဲ' ဗိုလ်ကလေးတင့်အောင်နှင့် တွေ့ဆုံခြင်း


အသက် ၂၇ နှစ်ဝန်းကျင်ခန့်မှ စတင်ပြီး ဂီတလောကအတွင်းသို့ ရောက်ရှိလာကာ အနုပညာသက်တမ်း နှစ်ခြောက်ဆယ်ကျော်ခန့်ကို ဖြတ်သန်းလာခဲ့သူ ဂီတစာဆို ဗိုလ်ကလေးတင့်အောင်သည် ကိုယ်တိုင်တီးခတ်သူ၊ သီချင်းရေးသားသူ၊ ပြဇာတ် ဇာတ်ညွှန်းရေးသားသူ၊ ပြဇာတ် ဇာတ်လမ်းရေးသားသူ၊ ပြဇာတ် ဒါရိုက်တာတစ်ဦးအဖြစ် အနုပညာ လှုပ်ရှားမှုပေါင်းများစွာကို ဖန်တီးပုံဖော်လာခဲ့သူ တစ်ဦးဖြစ်သည်။ ဇွန်လ ၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ကလေးတင့်အောင်၏ အသက် ၉၀ ပြည့် မွေးနေ့အမှတ်တရအဖြစ် ရုပ်ရှင်ဂီတ အနုပညာရှင်များစွာပါဝင်သည့် ပဒေသာကပွဲကို မေလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ပရိသတ် အများအပြား လာရောက်ကြည့်ရှုခဲ့သည်။ အသက် ၉၀ ထိတိုင် အနုပညာအပေါ် ချစ်ခင်တွယ်တာစိတ်များဖြင့်သာ ဖြတ်သန်းလှုပ်ရှားနေဆဲဖြစ်သည့် ဗိုလ်ကလေးတင့်အောင်၏ အနုပညာအပေါ် သဘောထားအမြင် အချို့အား မေးမြန်းဖော်ပြပေး ဖြစ်ပါသည်။
မေး - ဘဘရဲ့ အသက်ကိုးဆယ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဒေသာကပွဲ လုပ်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပီတိစကားလေး အရင်ပြောပြပေးပါလား။
ဖြေ - အခုလိုပွဲမျိုး ဖြစ်မြောက်လာတဲ့ အပေါ်မှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒီပွဲမဖြစ်မြောက်ခင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဂီတပညာရှင်ကြီးများဖြစ်တဲ့ ဆရာရွှေတိုင်ညွန့်၊

ART ဆေးဝါးမရရှိသည့် HIV ဝေဒနာရှင် ၈၀၀၀၀ ကျော်ရှိနေ၊ ၂၀၁၁ ခုနှစ်အတွင်း အေ့ဒ်စ်ရောဂါဖြင့် သေဆုံးသူ ၁၈၀၀၀ ကျော် ရှိခဲ့ကြောင်းသိရ

578
၂၀၁၁ ခုနှစ် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် HIV/AIDS ကူး စက်ခံရသူ ခန့်မှန်း ၂၁၅၀၀၀ ရှိခဲ့ပြီး အဆိုပါလူဦးရေမှာ အသက် ၁၅ နှစ် အထက်လူဦးရေ၏ ၀ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
မေလ ၁၂ ရက်နေ့က Central Hotel တွင် ကျင်းပသော မြန်မာနိုင်ငံ HIV ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် ရပ်ရွာအခြေပြုကွန်ရက်များနှင့် မူဝါဒဆိုင်ရာ ပုဂ္ဂိုလ်များ တွေ့ဆုံပွဲတွင် UNAIDS မှ ဒေါက်တာစိုးနိုင်က ဆိုပါသည်။အဆိုပါ HIV ပိုးတွေ့ရှိရသော သူများ၌ တစ်သိန်းနှစ်သောင်းကျော် မှာ ART  ဆေးဝါးလိုအပ်နေသူများ ဖြစ်ပြီး ဆေးဝါးလိုအပ်သူများအနက် မှလေးသောင်းနီးပါးကို ART ဆေး ၀ါးပေးနိုင်ခဲ့ရာ ရှစ်သောင်းကျော်မှာ ART ဆေးဝါးရရှိရန်လိုအပ်နေသူ များဖြစ်ကြောင်း သိရသည်။“ဆေးလိုအပ်သူတွေရဲ့ သုံးပုံတစ်ပုံပဲ ဆေးပေးနိုင်တယ်။
လိုအပ်သလောက် ဆေးမပေးနိုင်လို့ သေဆုံး သူတွေ ရှိနေပါတယ်”ဟု ဒေါက်တာ စိုးနိုင်က ဆိုပါသည်။
၂၀၁၁ ခုနှစ်အတွင်း အိတ်ခ်ျအိုင်ဗွီပိုးအသစ် တွေ့ရှိသူဦးရေ ရှစ်ထောင်ကျော်ရှိခဲ့ပြီး  သေဆုံးသူ ခန့်မှန်း

GSM ဖုန်း အလုံးရေ လေးသိန်းကျော်နှင့် WCDMA ဖုန်းအလုံးရေ လေးသောင်းကျော် ချထားပြီးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးမှာ ၀ယ်လိုအား အများဆုံးဖြစ်

GSM မိုဘိုင်းဖုန်းများ၏ ပထမနှစ်စီမံကိန်းအရ မိုဘိုင်းဖုန်းအလုံးရေ လေးသန်းချထားပေးမည် ဖြစ်ပြီး ယခု အခါပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ယင်းဖုန်း အရေအတွက်ထဲမှ GSM မိုဘိုင်းဖုန်း အလုံးရေ လေးသိန်းကျော် နှင့် WCDMA မိုဘိုင်းဖုန်း အလုံးရေ လေးသောင်းကျော် ချထားပေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးမှာ ၀ယ်လိုအား အများဆုံးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက်များ အရ သိရသည်။ရန်ကုန်တိုင်းဒေသကြီး အတွင်း ၌မေလ၂ ရက်နေ့အထိGSM
 မိုဘိုင်းဖုန်း အလုံးရေပေါင်း ၁၅၈၂၆၆ လုံး နှင့် WCDMA မိုဘိုင်းဖုန်း အလုံးရေ ပေါင်း ၂၄၀၄၉ လုံး ရောင်းချပြီး ဖြစ်ကြောင်းသိရပြီး ယင်းအရေအတွက်မှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရောင်းချရသည့် အရေအတွက်ထဲ၌ အများဆုံးဖြစ်ပြီး ဒုတိယ၀ယ် လိုအားအများဆုံးမှာ မန္တလေးတိုင်း ဒေသကြီးဖြစ်ပြီး GSM မိုဘိုင်းဖုန်း အလုံးရေ ၅၈၄၀၁ လုံးနှင့် WCDMA

အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အများစုကို ဆိုင်းငံ့ရန် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ပြောကြား

အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အများစုကို ဆိုင်းငံ့ရန် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မေလ ၁၄ ရက်နေ့က ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြချက်အရ သိရသည်။ အမေရိကန် အထက်လွှတ်တော် အမတ်ဂျွန်မက်ကိန်းက ဥရောပသမဂ္ဂကဲ့သို့ အမေရိကန်ပြည်ထောင်စုအနေဖြင့် လက်နက်ရောင်းဝယ်မှုမှအပ အရေးယူ ပိတ်ဆို့မှုများကို ဆိုင်းငံ့ထားရန် တိုက်တွန်း ပြောဆိုလိုက်ခြင်းဖြစ်သည်။မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည့် အမေရိကန်
အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာနိုင်ငံအနေဖြင့် ကာလကြာရှည် ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်စစ်ပွဲများ အဆုံးသတ်ရေးနှင့် ပတ်သက်၍ လုပ်ဆောင်စရာများ အများကြီး

နှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီးယား ခေါင်းဆောင်တစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် သမ္မတလီမြောင်ဘတ် နှစ်ရက်ကြာလာရောက် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆွေးနွေး

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့ နိုင်ငံတော်သမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးစဉ်
နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် တောင်ကိုရီးယား ခေါင်းဆောင်တစ်ဦးအဖြစ် သမ္မတလီမြောင်ဘတ် သည် မြန်မာနိုင်ငံသို့ မေလ ၁၄ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်သည် ၁၉၈၃ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားသမ္မတတစ်ဦး၏
ပထမဆုံး ခရီးစဉ်ဖြစ်သည်။တောင်ကိုရီးယားသမ္မတလီ မြောင်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လုံခြုံမှုရှိစေရန်အတွက် မြန်မာနိုင်ငံဘက်မှ လုံခြုံရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သလို လုံခြုံရေးများ

ပြည်သူလူထု ပြုပြင်ပြောင်းလဲစေချင်သည့် ပြည်ထောင်စု ၀န်ကြီးဌာန၊ ရုံးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအထိ စီမံအုပ်ချုပ်ရေး အဆင့်ဆင့် မပြေလည်မှုများအပေါ် အစိုးရဌာန စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးဖြစ်သည့် (Public Administration Reform) ပြုလုပ်ရန် လိုအပ်နေကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား


ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားနေစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
ပြည်သူလူထု ပြုပြင်ပြောင်းလဲစေချင်သည့် ပြည်ထောင်စု ၀န်ကြီးဌာန၊ ရုံးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအထိ စီမံအုပ်ချုပ်ရေး အဆင့်ဆင့် မပြေလည်မှုများအပေါ် အစိုးရဌာန စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးဖြစ်သည့် (Public Administration Reform) ပြုလုပ်ရန် လိုအပ်နေကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံတော်သမ္မတရုံး၌ မေလ ၁၃ ရက်နေ့က ကျင်းပသည့် Reform Strategy  ရှင်းလင်းဆွေးနွေး ညှိနှိုင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာညှိနှိုင်း အစည်းအဝေးတွင်

တိုင်းအလုပ်သမားရုံးရှေ့၌ အထည်ချုပ်စက်ရုံသုံးရုံမှ အလုပ်သမားများ လာရောက် တောင်းဆိုမှု တစ်ပြိုင်နက် ဖြစ်ပွား အလုပ်ခွင် ပြန်မ၀င်ရောက်သည့် လုပ်သားများအား ထုတ်ပယ်သွားမည်ဖြစ်ကြောင်း စက်ရုံများမှ ကြေညာ

မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားရုံးရှေ့တွင် စုဝေးတောင်းဆိုနေသော အထည်ချုပ်စက်ရုံ အလုပ်သမားများကို မေလ ၁၆ ရက်နေ့က တွေ့ရစဉ်
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရုံးရှေ့၌ လှိုင်သာယာစက်မှုဇုန် အထည်ချုပ် စက်ရုံသုံးရုံမှ အလုပ်သမားများ မေလ ၁၆ ရက်နေ့က တစ်ပြိုင်တည်း လာရောက်တောင်းဆိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်းဆိုမှုဖြစ်ပွားသည့် စက်ရုံများမှာ လှိုင်သာယာစက်မှုဇုန်(၄)မှ နေမင်းအောင် အထည်ချုပ်စက်ရုံ၊ စပယ်ပွင့် အထည်ချုပ်စက်ရုံနှင့် ပုလဲအထည်ချုပ် စက်ရုံတို့ဖြစ်ပြီး စက်ရုံသုံးရုံ စုစုပေါင်း လုပ်သားအင်အား ၁၀၀၀ ကျော်ဝန်းကျင်ခန့် လာရောက် တောင်းဆိုကြကြောင်း၊ လာရောက်ရန် ကားအခက်အခဲရှိ၍

ပါရမီ ၂၃၂ ဂိတ်ရုံးအတွင်း လူသတ်မှုဖြစ်ပွားခဲ့၍ ၂၃၂ ပါရမီယာဉ်လိုင်းအား ဖျက်သိမ်း

AddThis Social Bookmark Button ယုဇနဥယျာဉ်မြို့တော်မှ မော်တင်သို့ ပြေးဆွဲလျက်ရှိသည့် ၂၃၂ ပါရမီ ယာဉ်လိုင်းအား မေလ ၁၆ ရက်နေ့မှစတင်၍ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပါရမီ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မေလ ၁၂ရက်နေ့တွင် ယုဇန ဥယျာဉ်မြို့တော်ရှိ ပါရမီ ၂၃၂ ယာဉ်လိုင်းနှင့် ဈေးကြိုပို့ယာဉ်တို့ ယာဉ်ရှေ့တွင် ပိတ်ရပ်သည့်ကိစ္စဖြင့် စကားများသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ၂၃၂ ဂိတ်ရုံးအတွင်း စကားလာပြောသည့် ဈေးကြိုပို့ယာဉ်မှ ယာဉ်မောင်းနှင့်အဖွဲ့ကို ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့်အဖွဲ့မှ ဓားဖြင့် ၀င်ရောက်ဝိုင်းဝန်းထိုးခုတ်မှုကြောင့် ဈေးကြိုပို့ယာဉ်မောင်းနှင့် ပါလာသည့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
ပါရမီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူ ဗိုလ်မှူးဌေးလွင်က ''ယုဇနကနေ မော်တင်ကို ပြေးဆွဲနေတဲ့ ၂၃၂ ပါရမီ ယာဉ်လိုင်းတစ်ခုလုံးကို ဖျက်သိမ်းလိုက်ပြီဆိုတာ

Pioneer Music Lounge တွင် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဂဟေဆော်ရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား

576
အလုံမြို့နယ်၊ အလုံလမ်းရှိ Pioneer Music Lounge တွင် မေလ ၁၆ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုမှာ ဂဟေဆော်ရာမှတစ်ဆင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေ လ ၁၆ရက်နေ့ နံနက် ၁၀နာရီ ၁၅ မိနစ်အချိန်တွင် စတင်လောင်ကျွမ်းခဲ့ရာ နံနက် ၁၀နာရီ ၃၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရှိရသည်။
Pioneer Music Lounge မှ တာဝန်ရှိသူတစ်ဦးက “အတွင်းပိုင်း ပြင်ဆင်မှုတွေ ပြုလုပ်နေတုန်း ဂဟေဆော်ရာက တစ်ဆင့် မီးပွားတွေကျပြီး မီးလောင်ခဲ့တာပါ။ အတွင်းပိုင်း

ကိုးလအရွယ် ကလေးငယ်ကို သုံးလအတွင်း ဘာမီတွန်ဆေးပြား ၄၅ ပြား တိုက်ကျွေးသည့် ကလေးထိန်းအား အရေးယူထား

ကလေးထိန်းဖြစ်သူက ကိုးလသားအရွယ် ကလေးငယ်တစ်ဦးကို သုံးလကျော်ကြာသည်အထိ ဘာမီတွန် တစ်ခြမ်း နေ့စဉ်တိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် အိမ်ရှင်မလွှေ့လွှေ့(၂၅ နှစ်) ရဲတံခွန် တာဝါ ကြည့်မြင်တိုင်မြို့နယ်နေသူသည် အိမ်ဖော်ဖြစ်သူ အေးပြည့်စံ (၁၄နှစ်)၏ေ ပြာပြချက်အရ ဆေးပြား ၄၅ ပြား ကုန်အောင်တိုက်ကျွေးသည့် ဖြစ်ရပ်ကို သိရသည်ဟု ဆိုသည်။ယင်းကြောင့် မောင်--- မှာ ဘာမီတွန်ဆေးပြား တိုက်ကျွေးမှုကြောင့် ကျန်းမာရေးထိခိုက်ကာ ပြင်ပဆေးခန်းတွင်
ကုသရသောကြောင့် အိမ်ဖော်အား အရေးယူပေးရန် တိုင်တန်းမှုအား ကြည့်မြင်တိုင်ရဲစခန်းက အမှုဖွင့်ပြီး စုံစမ်းလျက်ရှိပါသည်။အဆိုပါကလေး၏ မိခင်ဖြစ်သူ မလွှေ့လွှေ့က “ကျွန်မက စုနန္ဒာလွင်ကို
 ကလေးထိန်းအဖြစ်နဲ့ ခေါ်ထားတာ။ သူ့အပြင် အိမ်အကူအနေနဲ့ မအေးပြည့်စံလည်းရှိတယ်။ စုနန္ဒာလွင်က

ကွန်ကရစ်လမ်းခင်းခြင်း မပြီးသေးသောကြောင့် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးတစ်လျှောက်တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှု နေ့စဉ်ဖြစ်ပေါ်



၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ခဲ့သော ကွန်ကရစ်လမ်းခင်းခြင်းမှာ ယနေ့အချိန်အထိ ပြီးစီးမှု မရှိသေးခြင်းကြောင့် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးပေါ်တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ် ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း ပြုလုပ်ရာတွင် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့သော်လည်း လမ်းတစ်ခြမ်းချင်းစီ ဆောင်ရွက်နေခြင်း၊ ညပိုင်းအချိန်များတွင် ဆောင်ရွက်နိုင်သော်လည်း ယာဉ်အသွားအလာ များပြားသည့်အချိန်တွင် ဆောင်ရွက်နေခြင်းနှင့် ခရီးသည်တင်ယာဉ်လိုင်းများမှာ မှတ်တိုင်မဟုတ်သည့်နေရာများတွင် ရပ်တန့်ပြီး ခရီးသည်အတင်အချ ပြုလုပ်ခြင်း၊ မှတ်တိုင်တွင်

ဈေးကြိုပို့ယာဉ်နှင့် ၂၃၂ ပါရမီယာဉ်တစ်စီးတို့ ယာဉ်ရှေ့တွင် ပိတ်ရပ်သည့်ကိစ္စဖြင့် စကားများမှုဖြစ်ပွား၊ ဈေးကြိုပို့ယာဉ်မှ ယာဉ်မောင်းနှင့်အဖွဲ့ကို ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့် အဖွဲ့မှ ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် တစ်ဦးသေဆုံး

571
ဓားဖြင့် ၀ိုင်းဝန်းခုတ်မှု ဖြစ်ပွားရာ ပါရမီ ၂၃၂ ဂိတ်ရုံးအား တွေ့ရစဉ်
ဈေးကြိုပို့ယာဉ်မောင်းနှင့် ၂၃၂ ပါရမီယာဉ်နောက်လိုက်များ ယာဉ်ပိတ်ရပ်ခြင်းကြောင့် စကားများခဲ့ပြီးနောက် ဈေးကြိုပို့ ယာဉ်မောင်း နှင့်အဖွဲ့ ၂၃၂ ဂိတ်ရုံးသို့ လာရောက်စကားပြောစဉ် ပါရမီယာဉ် နောက်လိုက်၏ ဖခင်နှင့်အဖွဲ့က ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြောင်း သိရှိရပါသည်။
ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် ဈေး ကြိုပို့ယာဉ်မောင်းနှင့် ပါလာသည့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း၊ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ ည ၇ နာရီနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဒဂုံဆိပ်ကမ်းရဲစခန်း (ပ)၁၆၉/၁၂ ပုဒ်မ ၃၀၂/ ၃၂၄/ ၁၁၄ ဖြင့် အမှုဖွင့်ထားကာ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ဝိုင်းခုတ်ခံရ၍ သေဆုံးခဲ့သူ၏ ညီဖြစ်သူ ကိုတင်ဝင်းလှိုင်က “ကျွန်တော့် ရဲ့အစ်ကိုကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ၂၃၂ ပါရမီဂိတ်ရင်းက ဂိတ်မှူးက ခေါ်လို့သွားပြီးစကားပြောနေတဲ့အချိန် မှာအဲဒီအထဲကို လူနှစ်ယောက်က ဓားနဲ့ဝင်ခုတ်တယ်။ ပြေးထွက်လာတဲ့ သူတွေကို အပြင်ကနေ တစ်ယောက် က တုတ်နဲ့ရိုက်တယ်လို့

စာနယ်ဇင်းကောင်စီဟာ စီစစ်ရေးမဟုတ်

မြန်မာနိုင်ငံမှာ စာနယ်ဇင်းကောင်စီဟာ စာပေစီစစ်ရေးကို အစားထိုးဖို့ ဖွဲ့စည်းတာ မဟုတ်ဘူးလို့ jပန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးဌာန အကြီးအကဲက ပြောလိုက်ပါတယ်။ အခု ဖွဲ့စည်းဖို့ စီစဉ်နေတဲ့ စာနယ်ဇင်း ကောင်စီဟာလည်း လွတ်လပ်စွာ သတင်း လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ သာဖြစ်ပြီး ဒီကောင်စီ ပေါ်လာအောင် ပြန်ကြားရေးအဖွဲ့က ကူညီနေတာသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့  ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကို ဆက်သွယ် မေးမြန်းထာတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ပြည်ထောင်စု လွှတ်တော်ကိုတင်ပြဖို့ လုပ်ထားတဲ့ ပုံနှိပ်ထုတ်ဝေရေး မီဒီယာ ဥပဒေသစ် မူကြမ်းထဲမှာ စာနယ်ဇင်းကောင်စီ အခန်းကဏ္ဍပါတာမို့ စာနယ်ဇင်းကောင်စီရဲ့ လုပ်ငန်းတွေကို ကြိုပြီးတော့

ပြင်သစ် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆို


ပြင်သစ်နိုင်ငံမှာ အင်္ဂါနေ့က သမ္မတသစ် ဖြစ်တဲ့ Francois Hollande က သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။မစ္စတာ အိုလွန်းဒ် ရဲ့ ကျန်းသစ္စာ ကျိန်ဆိုတဲ့ အခန်းအနားကို ပြင်သစ် နိုင်ငံ 
ပါရီမြို့လယ်က Elysee နန်းတော်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ သူဟာ ၁၉၉၅ခုနှစ်က ဆိုရှယ်လစ် -၀ါဒီ ခေါင်းဆောင် Francois Mitterrand အနားယူ သွားတဲ့ နောက် ပထမဆုံး တက်လာတဲ့ ဆိုရှယ်လစ် ခေါင်းဆောင် ဖြစ်ပါတယ်။အင်္ဂါနေ့ နှောင်းပိုင်းမှာတော့ မစ္စတာ အိုလွန်းဒ် ဟာ ဂျာမဏီ နိုင်ငံ
 ဘာလင်မြို့ကို သွားရောက်ပြီး ဥရောပဒေသ တလွှားက ကြွေးမြီပြဿနာတွေကို ဆွေးနွေးဖို့ အတွက် ဂျာမဏီ ၀န်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ဒီခရီးစဉ်မှာ ပြင်သစ် သမ္မတသစ် 

Australia နှင့် အမေရိကန်စစ်ရေးဆက်ဆံမှု တရုတ်စိတ်ပူစရာမလို

သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးပိုမိုနက်ရှိုင်းလာပြီးတော့ သြစတြေးလျ မြောက်ပိုင်းနယ်မြေတွေမှာ အမေရိကန်မရိန်းတပ်တွေ ပိုမိုချရပ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံက စိုးရိမ်စိတ်မကြီးဖို့ တရုတ်ပြည်ကို ပထမအကြိမ် ရောက်ရှိလာတဲ့ သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Bob Carr က ကာကွယ်ပြောကြားသွားပါတယ်။
မစ္စတာကားရ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး Yang Jiechi ၊ နောက် တရုတ်တပ်မတော် ဒုတိယဦးစီးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝေဖုန်ဟေး (Wei Fenghe) အင်္ဂါနေ့က ဘေဂျင်းမှာတွေ့ဆုံရင်း ပြောကြားခဲ့တာ ဖြစ် ပါတယ်။ သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ စစ်ရေးဆက်ဆံမှု တိုးချဲ့တာဟာ သြစတြေးလျရဲ့ လုံခြုံမှုအတွက်သာဖြစ်တဲ့အကြောင်း၊ အမေရိကန်ပြည်ထောင်စုဟာ အာရှ-ပစိဖိတ်ဒေသရဲ့

အငြင်းပွားကျွန်းကိစ္စ တရုတ် - ဂျပန် ဆွေးနွေး

ဒီကနေ့ ဂျပန် နဲ့ တရုတ် နှစ်နိုင်ငံအကြား ထိပ်တန်းအဆင့် ဆွေးနွေးပွဲတွေ ကျင်းပနေပြီး အဲ့ဒီမှာ အဓိကကတော့ အရှေ့တရုတ် ပင်လယ်ထဲက သူပိုင်ကိုယ်ပိုင် အငြင်းပွားမှု ဖြစ်နေတဲ့ လူမနေတဲ့ကျွန်းစုတွေကိစ္စ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
တရုတ်ပြည်အရှေ့ပိုင်း ဟန်ဇောင်းမြို့မှာ ကျင်းပနေတဲ့ ဒီအစည်းအဝေးကို နှစ်ဖက်စလုံးက နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ကာကွယ်ရေး ၀န်ကြီးဌာနတွေက တာဝန်ရှိသူတွေအပြင် ကမ်းခြေစောင့်တပ်ဖွဲ့က တာဝန်ရှိသူတွေလည်း
 တက်ရောက်ကြမှာပါ။ ဒါ့အပြင် ဒီဆွေးနွေးပွဲက ဒီဇင်ဘာလတုန်းက သဘောတူညီခဲ့ကြတဲ့ ရေပိုင်နက်

စာနယ်ဇင်းကောင်စီ ဘယ်လဲ ဘာလဲ

မြန်မာအစိုးရက ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ စာနယ်ဇင်းကောင်စီဟာ စာနယ်ဇင်းသမားတွေအတွက် မဟုတ်ဘဲ စာပေ စိစစ်ရေးအဖွဲ့ လိုမျိုး ရပ်တည်လုပ်ဆောင်မယ့်သဘော တွေ့နေရတယ်လို့ ပြည်တွင်း စာနယ်ဇင်းသမားတွေက ပြောကြပါတယ်။ အဲဒါကြောင့် လည်း လက်ရှိ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့တွေထဲမှာ ဘယ်အဖွဲ့ကမှ စာနယ်ဇင်းကောင်စီမှာ ပါဝင်ရေး ဆုံးဖြတ်ချက် မကျသေးပါဘူး။ စာနယ်ဇင်းကောင်စီအပေါ် လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့အသီးသီးရဲ့ သဘောထားတွေကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
စာနယ်ဇင်းကောင်စီနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ပေးထားတဲ့အချက်တွေထဲမှာ လက်ခံနိုင်တဲ့အချက်တွေ ပါသလို မသင့်တော်ဘူးလို့ ထင်တဲ့အချက်တွေ ပါနေတာကြောင့် ပြင်ဆင်ပေးရေး အကြောင်းပြန်ဖို့ ဆုံးဖြတ်ထားတဲ့အဖွဲ့ကတော့ မြန်မာနိုင်ငံသတင်းစာဆရာများ

နော်ခမ်းတပ်ဖွဲ့ဝင်များ လက်နက်ချ

ရွှေတြိဂံဒေသတွင် လှုပ်ရှားခဲ့ပြီး မကြာသေးမီက အဖမ်းခံလိုက်ရသော မူးယစ်ရာဇာ နော်ခမ်း၏ နောက်လိုက်အဖွဲ့ဝင် ၂၅ ဦးသည် တာချီလိတ်မြို့နယ်ရှိ အစိုးရတပ်ဖွဲ့ထံ ယမန်နေ့က လက်နက်ချခဲ့ကြောင်း သိရှိရသည်။
အစိုးရထံ လက်နက်ချခဲ့သော နော်ခမ်း၏ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - tachilek.net)
အဆိုပါ အဖွဲ့ဝင်များကို တာချီလိတ်မြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၃၅၉ တပ်နယ်မြေမှ ဗိုလ်မှူးကြီး ခင်မောင်စိုးက အခမ်းအနားပြုလုပ်၍ ကြိုဆိုခဲ့ကြောင်း အစိုးရနှင့် နီးစပ်သူတဦးက ပြောသည်။
ဧပြီလ ၂၆ ရက်နေ့ မနက်က မြန်မာနိုင်ငံသား မူးယစ်ရာဇာ နော်ခမ်းနှင့်အတူ အဖွဲ့ဝင် ၄ ဦးကို လာအိုစစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည်။
ယခု အစိုးရထံ လက်နက်ချသည့် အဖွဲ့ဝင် ၂၅ ဦးသည် ၀မ်ပုံကျေးရွာဒေသတွင် လှုပ်ရှားနေသူများဖြစ်ပြီး

ပိတ်လှောင်ခိုင်းစေခံရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်ကို ကယ်ဆယ်

ထိုင်းနိုင်ငံတောင်ပိုင်း မဟာချိုင်ဒေသရှိ စက်ရုံတခုတွင် လှောင်ပိတ် ခိုင်းစေခံထားရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်အား ထိုင်းရဲတပ်ဖွဲ့နှင့် အလုပ်သမား အရေးဆောင်ရွက်နေသည့် အဖွဲတို့ ပူးပေါင်းပြီး ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲစခန်းသို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို ကူညီသူများက ကျွေးမွေးစဉ် (ဓာတ်ပုံ - BAT)
မဟာချိုင်ဒေသ၊ ဆွေမမလမ်းရှိ ဆန်းထေ့ ပုစွန်စက်ရုံမှ အလုပ်သမားများသည် လုပ်ခလစာမရခြင်း၊ အပြင် ထွက်ခွင့် မရှိခြင်း၊ အစားအသောက် မလုံလောက်ခြင်း စသည်တို့နှင့် ကြုံနေရကြောင်း၊ စက်ရုံပြင်ပသို့ ရောက်ရှိလာသည့် အလုပ်သမားတဦးကို အကူအညီတောင်းခံရာမှ ယခုကဲ့သို့ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးကျော်သောင်းက

ပိတ်ဆို့မှုများ သတိနှင့် ရုပ်သိမ်းပါ

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ သည် နောက်ကြောင်း ပြန်လှည့်မည်၊ မလှည့်မည်ကို သေချာ မပြောနိုင်သေးသည့် အတွက် အမေရိကန် နိုင်ငံ၏ မြန်မာအပေါ် စီးပွားရေးဒဏ်ခတ်မှု ခေတ္တ ရပ်ဆိုင်းမည်ဆိုပါက ကြိုဆိုသော်လည်း သတိနှင့်ဆောင်ရွက် သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ဝါရှင်တန်ဒီစီတွင် ယမန်နေ့က ကျင်းပသော လူသားနှင့် လွတ်လပ်မှု အခွင့်အရေး အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည် ၏ အွန်လိုင်းပေါ်မှ ပြောကြားချက်ကို အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်၏ ဇနီး မစ္စ လော်ရာ ဘုရှ် ကြည့်ရှု နားထောင် နေစဉ် (ဓာတ်ပုံ - Reuters)
“အမေရိကန် ပြည်သူတွေအနေနဲ့ အခု လက်ရှိအခြေအနေမှာ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးဖို့ သင့်လျော်တယ်လို့ ယူဆရင် ဒီကိစ္စအပေါ် ကျမအနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမယ့် ဒီနေရာမှာ သတိထားဖို့ ကျမ ထောက်ပြ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “လူတွေက မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအပေါ် သိပ်ပြီး

ဆန္ဒပြမှုကြောင့် ရှားခဲအင်း လေလံ ရပ်ဆိုင်း

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်ရှိ ရှားခဲအင်းကြီးကို စီးပွားရေးလုပ်ငန်းရှင်များအား လေလံပေး ရောင်းချခြင်း မပြုရန် ဒေသခံများက ဆန္ဒပြတောင်းဆိုသဖြင့် ယမန်နေ့က ပုသိမ်မြို့ပေါ်တွင်ပြုလုပ်သော အင်း လေလံပွဲတွင် ရှားခဲအင်းအား ခြံလှပ်လိုက်ကြောင်း လေ လံပွဲ တက်ရောက်သူ စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ရှားခဲအင်း ဆန္ဒပြသူများ (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနက ရှားခဲအင်းကို စီးပွားရေးလုပ်ငန်းရှင်ကုမ္ပဏီကြီးများအား လေလံပေးရောင်းချသဖြင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုထိခိုက်သည်ဟုဆိုကာ ယမန်နေ့က အင်းအနီးရှိ ရှားခဲ ကျေးရွာအပါအဝင် ကျေးရွာစု ၆ စုမှ လူ ၁၅၀ ခန့်က ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ပြီးနောက်

ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခု တည်ထောင်ဖို့ စည်းရုံးလှုပ်ရှား

2012-05-16
ချင်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသားပါတီ အသီးသီးနဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခုကို အခု ၆ လအတွင်း တည်ထောင်နိုင်ဖို့ စည်းရုံးလှုပ်ရှားမှုတွေ စတင်ဆောင်ရွက်နေပြီလို့ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ညီနောင်တိုင်းရင်းသားပါတီများ စုပေါင်းကျင်းပသည့် ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား
" Nationalistic Brotherhood ပါတီဆိုပြီး ထွက်လာပါလိမ့်မယ်။ အဲဒီဟာကတော့ ရှိတဲ့ တိုင်းရင်းသားအားလုံးပေါ့ဗျာ၊ ပါတီအသေးလေးတွေ အကုန်လုံးစုပေါင်းပြီးတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲကို အဲဒီပါတီကြီးတစ်ခုအနေနဲ့ ဝင်ပြီးတော့ အလုပ်လုပ်ဖို့ရှိတယ်။ အဓိက ကတော့

အိန္ဒိယရောက် မြန်မာဒုက္ခသည် ရေရှည်နေထိုင်ခွင့်ဗီဇာ ထုတ်ပေးမည်

2012-05-16
အိန္ဒိယနိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ မြန်မာဒုက္ခသည် ၂၅၀၀ ကျော်အတွက် တရားဝင် ရေရှည်နေထိုင်ခွင့် ဗီဇာတွေ ထုတ်ပေးတော့မယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတင်း ထုတ်ပြန်လိုက်ပါတယ်။
UNHCR
UNHCR လက်ထောက်မဟာမင်းကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ်။
မြန်မာဒုက္ခသည် အတော်များများဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ပြီး ဒေလီမြို့အနောက်တောင်ဘက် Vasant Kunj အရပ်က Sultan garhi ဗလီနားမှာ စုဝေးနေထိုင်နေကြတယ်လို့ သိရပါတယ်။
UNHCR အကြီးအကဲက ဒုက္ခသည် ကိုယ်စားလှယ်ခေါင်းဆောင် ၁၀ ဦးနဲ့ မနေ့က တွေ့ဆုံခဲ့ပြီးနောက်

မြန်မာနိုင်ငံက ပါတီခေါင်းဆောင် ၅ ဦး နှီးနှောဖလှယ်ပွဲတက်ရန် သြစတြေးလျနိုင်ငံသွားမည်

2012-05-16
သြစတြေးလျနိုင်ငံ Center for Democracy Institution က စီစဉ်ဆောင်ရွက်ပြီး ကမ်ဘာရာမြို့တော်ရှိ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ ကျင်းပမယ့် နိုင်ငံရေးပါတီခေါင်းဆောင်များ နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံက နိုင်ငံရေး ပါတီခေါင်းဆောင် အနည်းဆုံး ၅ ဦး တက်ရောက် ဆွေးနွေးမယ်လို့ သတင်းရရှိပါတယ်။
ဒီ နှီးနှောဖလှယ်ပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ တစညပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီက ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။နှီးနှောဖလှယ်ပွဲကို မေလ ၂၁ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေအပြင် အာဆီယံနိုင်ငံ

ဇိုမီးအမျိုးသားကွန်ကရက်ပါတီ အမည်ဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့်မပြု

2012-05-16
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇိုမီးအမျိုးသားကွန်ကရက်ပါတီ (ZNC) ရဲ့အမည်နာမကို လက်မခံတဲ့အတွက်ကြောင့် တခြားနာမည်တစ်ခု အစားထိုးပြီး နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည်လျှောက်ထားမယ်လို့ ပါတီ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်းက ပြောကြားလိုက်ပါတယ်။
Photo courtesy of ZNC
၂၀ ကြိမ်မြောက် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ ညီလာခံ၌ ပါတီ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန် မိန့်ခွန်းပြောကြားနေစဉ်။
ZNC ပါတီဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံမှာ ဇိုမီးအမျိုးသားဆိုတာ မရှိတာကြောင့် ZNC နာမည်နဲ့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားတာကို လက်မခံနိုင်ဘူးလို့ အကြောင်းကြားလာတာ ဖြစ်တယ်လို့ ပူးကျင့်ရှင်းထန်က ပြောပါတယ်။

ရွှေ့ပြောင်းမြန်မာ အလုပ်သမား ယာယီနိုင်ငံကူးလက်မှတ်ကိစ္စ လိမ်လည်မှုဖြစ်ပွား

2012-05-16
ထိုင်း မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ပတ်စ်ပို့လုပ်ဖို့ ငွေအကြေသွင်းထားပြီးပေမယ့် ယနေ့တိုင် ပတ်စ်ပို့မရဘဲ ဒုက္ခရောက်နေတယ်လို့ စုံစမ်းသိရပါတယ်။
RFA
(၁၂၂) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ တ့ာခ်ခရိုင် မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများက မေလ ၁ ရက်နေ့က ချီတက် ကျင်းပနေစဉ်။
RJP လို့ခေါ်တဲ့ ပတ်စ်ပို့လုပ်ပေးတဲ့ ကုမ္ပဏီနဲ့ ပွဲစားကနေတဆင့် လုပ်ခဲ့ရာက လနဲ့ချီကြာခဲ့ပြီး ပတ်စ်ပို့လည်းမရ၊ ပွဲစားကိုလည်း ဆက်သွယ်မရဖြစ်ကာ အလုပ်လက်မဲ့ဘ၀နဲ့ ဒုက္ခရောက်နေရတဲ့

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။