MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, May 18, 2012

မကွေးတိုင်း မြိုင်မြို့နယ် ကျေးရွာများ ရေရှားပါး ပြတ်လပ်နေ

2012-05-18
မကွေးတိုင်း၊ မြိုင်မြို့ အရှေ့ဘက် ၁၈ မိုင်လောက်ဝေးတဲ့ ကျောက်ဖူးရွာမှာ သောက်သုံးရေရှားပါး ပြတ်လပ်နေကြတယ်လို့ သတင်းရရှိပါတယ်။
"စည်ပင်ရေတွင်းကလည်း ပျက်နေတာ ၁၀ လလောက်ရှိပြီ။ ပြီးခဲ့တဲ့ ၁၅ ရက်လောက်က သွားပြောတဲ့အခါမှာ ၂ ပတ်လောက် ရှိရင် လာပြင်ပါမယ် ဆိုတာလည်း မပြင်ဖြစ်သေးဘူး။ စည်ပင်ရေတွင်းကလည်း အဲ့တော့ မရဘူး။ သုံးနေကျ တစ်မိုင်လောက် ဝေးတဲ့ ကန်ကလည်း သွားခပ်နေရာမှာ အခုကျမိုးက မရွာတော့ ရေက ခပ်လို့မရတော့ဘူး။ ရွှံ့တွေချည်းပဲ ဖြစ်နေတယ်။ ကျွန်တော်တို့ သွားကြည့်တော့ ဘယ်ကမှ ခပ်လို့မရတော့၊ ကျွန်တော်တို့က နောက်နေ့မှာ အဲလို သွားလှူဒါန်းရတာပေါ့။ ကျွန်တော်တို့ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်လှူပြီးပြီ။  နှစ်ရက်လှူပြီးရင် နောက် ၂

မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု အမေရိကန် ယာယီရုပ်သိမ်း


ဓာတ်ပုံ (AP Photo/Susan Walsh)

ဆယ်စုနှစ်တွေနဲ့ချီပြီး ဒဏ်ခတ်မှုတွေ ချမှတ်ထားတာကို ရပ်ဆိုင်းကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေအပေါ် တုံ့ပြန်ပြီး ဆက်ဆံရေးတွေ တိုးမြှင့်သွားမယ်လို့ ကြေညာထားတဲ့ အမေရိကန် ပြည်ထောင်စုက သံအမတ်ကြီးတွေကိုလည်း အပြန်အလှန် ရွေးချယ် ခန့်အပ်လိုက်တဲ့အကြောင်းကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးတို့ရဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ၀ါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ကိုယ်တိုင် သတင်းသွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦးက အပြည့်အစုံ တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ ရောင်းချမှုတွေကလွဲလို့ အရေးယူ ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ပေးသွား

ဓါတ်ငွေ့ ပိုက်လိုင်းနဲ့ ပြည်သူတွေရဲ့နစ်နာမှု (ရုပ်/သံ)


ကိုနေမျိုးကျော် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်)
သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းတွေဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်မှာ တရုတ် နိုင်ငံနဲ့ နားလည်မှု စာချုပ်ချုပ်ဆိုပြီး လက်ခံထားတာ ဖြစ်ပါတယ်။ ဒီစာချုပ်ဟာလဲ ပြည်သူတွေရဲ့ဆန္ဒနဲ့ အညီ
ပြုလုပ်ခဲ့တာ မဟုတ်ပါဘူး။ အခု ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အဲဒီဓါတ်ငွေ့ ရောင်းချမယ့် အစီစဉ်ကို ဖျက်သိမ်းမှု မပြုနိုင်ရင်တောင် ပြည်သူတွေရဲ့လယ်မြေတွေ အတွက် ဆုံးရှုံး နစ်နာမှုကို
မှန်မှန်ကန်ကန် လုပ်ပေးသင့်တယ်လို့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ကိုနေမျိုးကျော် ဆိုပါတယ်။




Burma VJ

အပြစ်မဲ့ ပြည်သူများနှင့်လူငယ်တွေကို ရိုက်တဲ့  ရဲတပ်ဖွဲ့ ဝင်အယောက်၅၀ကျော်( ရုပ်/သံ)



ရဲဝန်ထမ်းများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသူ မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်မှ လူငယ်
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် အမှတ်(၈) ရဲတပ်ရင်းက ရဲအယောက် ၅၀ ကျော်ဟာ မေလ ၁၆ ရက်နေ့ ည၈ နာရီလောက်က အောင်စည်တော် လ္ဘက်ရည်ဆိုင်ထဲမှာ
လ္ဘက်ရည်သောက် နေကြတဲ့ ရပ်ကွက်နေ လူငယ်တွေကို ဝင်ရောက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ အမှတ်(၈) တပ်ရင်းက ရဲနှစ်ယောက်က အဲဒီနေ့ နေ့လည် ၂ နာရီလောက်
အရက်ဆိုင်မှာ အရက်လာဝယ်ရင်း မိန်းခလေး ၂ ယောက်ကို မဖွယ်မရာ ပြောခဲ့ရာက ရပ်ကွက်နေ လူငယ်တွေနဲ့ ခိုက်ရန် ဖြစ်ပွားမှုက စတင်ခဲ့တာလို့ သိရပါတယ်။ အဲဒီလို အရိုက်
ခံရတဲ့ သူတွေထဲမှာ ကျောင်းသား လူငယ်တွေလည်း ပါဝင်နေပါတယ်။




Burma VJ

ပြင်သစ် ယဉ်ကျေးမှုဌာန ဓါတ်ပုံပြပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်


ပြင်သစ်သံရုံး၌ ခင်းကျင်း ပြသထားသော ဓါတ်ပုံပြပွဲကို ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှု
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ခရီးသွားခဲ့စဉ်က ဓါတ်ပုံဆရာ ၃ ဦး ရိုက်ကူးထားတဲ့ ဓါတ်ပုံပြပွဲကို မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့
ပြင်သစ်သံရုံး ပြင်သစ် ယဉ်ကျေးမှုဌာနမှာ ကျင်းပ ပြုလုပ်ရာမှာ အဲဒီ ဓါတ်ပုံပြပွဲကို  ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လာခဲ့ပါတယ်။ ဓါတ်ပုံပြပွဲကို မေလ ၂၅ ရက်နေ့ အထိ
ခင်းကျင်း ပြသ သွားမှာလည်း ဖြစ်သလို ဒီ ဓါတ်ပုံပြပွဲက ရောင်းလို့ ရတဲ့ ငွေရဲ့၈၀% ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ဒေါ်ဖြူဖြူသင်းရဲ့
ကျန်းမာရေး ကူညီ စောင့်ရှောက်မှု လုပ်ငန်းတွေ အတွက် ဓါတ်ပုံ ဆရာတွေက လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။






Burma VJ

အနည်းဆုံးအခကြေးငွေ ဥပဒေထွက်လာလျှင် ဆက်တိုက်ဖြစ်နေသော အလုပ်သမားများ အရေးဆိုမှု လျော့ကျသွားနိုင်


အနည်းဆုံး အခကြေးငွေ ဥပဒေထွက်လာပါက လက်ရှိဖြစ်ပေါ်နေသော အလုပ်သမား ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ လျော့နည်းသွားနိုင်ကြောင်း နေပြည်တော် အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
”အနည်းဆုံး အခကြေးငွေ ဥပဒေက ရေးဆွဲနေဆဲပဲ ရှိတယ်။ အဲဒါမကြာခင် ထွက်လာဖို့ရှိပါတယ်” ဟု ၄င်းက ပြောသည်။ လုပ်ခ လစာနည်းပါးမှုကြောင့် ရွှေပြည်သာနှင့် လှိုင်သာယာရှိ စက်ရုံ အလုပ်သမား ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်မှုများ ယခုလအတွင်း ဖြစ်ပွားခဲ့ပြီး မေလ ၈ရက် တွင် ရွှေပြည်သာရှိ Grand Royal အရက်စက်ရုံ၊ မေလ၉ရက်တွင် လှိုင်သာယာရှိ  High-Art  ဆံပင်တုစက်ရုံ၊ Myth Apparel အထည်ချုပ်စက်ရုံ၊ မေလ ၁၅ ရက်တွင် စံပယ်ပွင့် အထည်ချုပ် စက်ရုံ၊ တော်ဝင်ဖိနပ်စက်ရုံ စသည့်စက်ရုံတို့မှ အလုပ်သမား ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့သည်။
၎င်းတို့ လက်ရှိရနေသော လစာနှုန်းထားဖြင့် စားဝတ်နေရေး ရပ်တည်ရန် မလုံလောက်သောကြောင့်

ကျေးရွာအုပ်ချူပ်ရေးမှူး ငွေကြေးအလွဲသုံးစားလုပ်မှုကို တိုင်ကြားသည့် ကျေးရွာလူထုကိုယ်စားလှယ်များ အရေးယူခံနေရ

မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးမှ ငွေအလွဲသုံးစားလုပ်မှုများနှင့် စာကြည့်တိုက်ငွေများ စာရင်းမရှင်းသည့်အတွက် ကျေးရွာလူထုကိုယ်စား တိုင်ကြားသူ ၁၄ ဦးအား ၀မ်းတွင်းမြို့နယ်တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၂ အရ အရေးယူခံနေရကြောင်းသိရသည်။
ဖြစ်ပွားပုံမှာ မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးသည် ကျေးရွာကိစ္စရပ်များတွင် ငွေစာရင်းမရှင်းလင်းသည့် ကိစ္စရပ်များအတွက် ရွာခံ ၁၄ ဦးတို့က ၀မ်းတွင်းမြို့နယ် အုပ်ချူပ်ရေးမှူးနှင့် မိတ္ထီလာခရိုင်အုပ်ချူပ်ရေးမှူးထံ ၂၀၁၁ ခု၊ ဒီဇင်ဘာလ ကတည်းက အဆင့်ဆင့်တင်ပြတိုင်ကြားခဲ့ကြသည်။
ထိုကဲ့သို့ ကျေးရွာလူထုကိုယ်စား ၁၄ ဦးတို့က ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးငွေကြေးအလွဲသုံးစားလုပ်မှုကို မြို့နယ်အုပ်ချူပ်ရေးမှူးနှင့်

ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းဝင်ခွင့်ကတ် အစီအစဉ်နှင့် သတ်၍ အရောင်းအ၀ယ်ပြုလုပ်သူ အချို့ ဆန္ဒဖော်ထုတ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေကျောက်မျက် ရတနာရောင်း ၀ယ်ရေးစခန်း အတွင်း ၀င်ရောက်အရောင်းအ၀ယ်ပြုလုပ်မှုတွင် ၀င်ခွင့်ကဒ်ပြုလုပ် ရောင်းဝယ်မှုပြုလုပ်သည့်အစီအစဉ်နှင့် ပတ်သတ်၍ အရောင်းအ၀ယ်ပြုလုပ်သူများက ဆန္ဒမရှိကြောင်း သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုမှုများအပြင် မေ ၁၈ ရက်က စာများ၊ စတေကာများဖြန့်ဝေခြင်း၊ အကျီများတွင် စတေကာများကပ်လျှက် ဆန္ဒဖော်ထုတ် မှုများပြုကြကြောင်းသိရသည်။ “ဧပြီ ၁ ရက်ကနေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းဝင် ထွက်ခွင့်စိစစ်ရေးကတ်ပြားဆိုပြီး အိမ်ထောင်စု လူဦးရေစာရင်းမိတ္တူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ ၃ ပုံ၊ ရပ်ကွက်ထောက်ခံစာနဲ့ လျှောက်တဲ့သူလည်း လျှောက်တယ်။ ဆိုင်ရှင်၊ ပွဲစား၊ ကုန်သည် တစ်ဦးကို

HTC ၏ CEO ရန်ကုန် MICT Park တွင် ဟောပြောမည်

ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီ တခုဖြစ်သည့် HTC ၏ အမှုဆောင် အရာရှိချုပ် (CEO) နှင့် ဥက္ကဋ္ဌ မစ္စတာ ပီတာချူး (Peter Chou) သည် မနက်ဖြန်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ဟောပြော ဆွေးနွေးပွဲ တရပ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် မြန်မာအမည် ဦးဝင်းသန်းဖြစ်ပြီး မန္တလေးဇာတိ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ် ၃၀ ခန့်က ထိုင်ဝမ် သို့ ပြောင်းရွှေ့ အခြေချခဲ့ကြောင်း မကြာသေးခင်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး မန္တလေး မှ နည်းပညာ(IT) ၀ါသနာ ရှင် လူငယ်များနှင့် တွေ့ဆုံရာ၌ ပြောဆိုထားသည်။



ဧရာဝတီ

Facebook ရှယ်ယာများ ၀ယ်နိုင်ပါပြီ


နယူးယောက်မြို့ အီလက်ထရွန်နစ် စတော့ဈေးကွက် NASDAQ ၏ ယမန်နေ့က မြင်ကွင်း (ဓာတ်ပုံ - Getty Images)အင်တာနက်တွင် သြဇာအရှိန်အ၀ါ ကြီးမားလှသော Google က စတော့ ရှယ်ယာ ဈေးကွက်တွင် ၂၀၀၆ ခုနှစ် ကတည်းက ရောက်ရှိနေခဲ့ပြီးဖြစ်သည်။
Facebook ရှယ်ယာတစ်ခုလျှင် ၃၈ ဒေါ်လာ ဖြင့် ယနေ့ စတင်ရောင်းချနေပြီ ဖြစ်သည်။ ရှယ်ယာ တစ်ခုလျှင် ၂၈ ဒေါ်လာသာ ရှိခဲ့ရာမှ ထုတ်ရောင်းမည့်ရက် နီးကပ်လာသည်နှင့်အမျှ စိတ်ဝင်တစား ရင်းနှီးမြှုပ်နှံလိုသူ များပြားလာပြီး ယခုကဲ့သို့ ဈေးတက်လာခြင်းဖြစ်သည်။ရှယ်ယာ အများအပြား ထုတ်ရောင်းနေသဖြင့် Facebook က အမြတ်အများအပြား ရရှိနေသည်။ ထို့အပြင် ယခင်ကတည်းက ရှယ်ယာပိုင်ထားသူများ၏ ပိုင်ဆိုင်မှုများလည်း တိုးပွားလာသည်။Facebook ၏ ရှယ်ယာတန်ဘိုး ဒေါ်လာ ဘီလျံ

ရန်ကုန် စက်မှုဇုန်များတွင် ဆန္ဒပြပွဲများ ဆက်ဖြစ်နေ

ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်ရှိ Grand Royal Whisky အပါအဝင် အရက်မျိုးစုံ ထုတ်လုပ်သော M.W.D.C စက်ရုံခွဲနှစ်ခုက ဧပြီ လနှောင်းပိုင်းက စတင်ဆန္ဒပြခဲ့ပြီး လှိုင်သာယာ စက်မှုဇုန်တွင်လည်း စက်ရုံ ၆ ခု ဆက်တိုက် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားလျက် ရှိသည်။
လုပ်ခလစာတိုးပေးရေးနှင့် အလုပ်သမား ရပိုင်ခွင့်များကို M.W.D.C စက်ရုံက ဧပြီ၂၈ ရက်နေ့ကစတင်တောင်းဆိုခဲ့ပြီး နောက်လှိုင် သာယာ စက်မှုဇုန်ရှိ Hi-Mo ၊ Hight-Art  ဆံပင်တုစက်ရုံ၊ ပုလဲ၊ စံပယ်ပွင့်၊ နေမင်းအောင် နှင့် YJ အထည်ချုပ် စက်ရုံများမှ အလုပ် သမား ၆၀၀၀ ကျော်က ဆက်တိုက်တောင်းဆိုမှုများ ပြုလုပ်လာခဲ့ကြခြင်း ဖြစ်သည်။
YJ အထည်ချုပ် စက်ရုံ အလုပ်သမားများသည် ၎င်းတို့၏ ရပိုင်ခွင့်များကို ယမန်နေ့မှ

ဒေါ်မာမာအေး ပြည်တော်ပြန်ရေး ဦးသိန်းစိန် မီးစိမ်းပြ

နိုင်ငံကျော် အဆိုတော်ကြီး ဒေါ်မာမာအေး မြန်မာပြည်ပြန်လာရေးအတွက် ပြည်ဝင်ခွင့်ဗီဇာပေးနိုင်ဖို့ သမ္မတဦးသိန်းစိန်ရုံးက သက်ဆိုင်ရာဌာနများကို ထောက်ခံစာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။
ဒေါ်မာမာအေး (ဓာတ်ပုံ - မိုးမခ)
သမ္မတနဲ့ မြန်မာသံအဆိုတော်ကြီးက ခေတ်ပြိုင်ပုဂ္ဂိုလ်တွေပါ။
ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ဟာ အဆိုတော် ဒေါ်မာမာအေးရဲ့ ပရိသတ်တဦးဖြစ်ပြီး ဒေါ်မာမာအေး ပြည်တော်ပြန်ရေးကို ၀မ်းသာအားရ သဘောတူ ကြည်ဖြူခဲ့တယ်လို့ အနုပညာအသိုင်းအ၀ိုင်းအကြား ပြောဆိုနေကြတာပါ။
ဒေါ်မာမာအေးကတော့ အိမ်ပြန်ရေး အစီအစဉ်ဖြစ်မြောက်အောင် ကူညီသူတွေ အများအပြား ရှိကြောင်း

ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ် ငြိမ်းချမ်းရေးဆု ကိုယ်တိုင်သွားယူမည်


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်အတွက်ပေးအပ်ခဲ့သည့် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို လက်ခံရယူရန် မြန်မာနိုင်ငံမှ ဇွန်လ ၁၄ ရက်နေ့တွင် စတင်ထွက်ခွာ၍ နော်ဝေနိုင်ငံ သို့ သွားရောက်မည်ဖြစ်ကြောင်း သံတမန် အသိုင်းအ၀ိုင်း သတင်းများ က ဆိုသည်။
၁၉၉၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ကိုပေးအပ်သည့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို သားများက ကိုယ်စား လက်ခံယူနေစဉ် (ဓာတ်ပုံ - AP)
နိုဘဲလ်ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်၌ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အော်စလိုမြို့ သို့ ဇွန်လ ၁၅ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယခုပြည်ပခရီးစဉ်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
“သူ (ဒေါ်အောင်ဆန်းစုကြည်) နဲ့လိုက်ပါလာတဲ့ NLD အဖွဲ့ဝင် တချို့နဲ့အတူ နော်ဝေ ပါလီမန်ကိုလည်း လေ့လာမယ်၊ မြန်မာနိုင်ငံ သားတွေနဲ့လည်း တွေ့မယ်၊ ၁၇ ရက်နေ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုချီးမြှင့်မယ့် အခမ်းအနားကျင်းပပြီး ဆုလက်ခံမယ့် မြို့တော်

စမ်းချောင်းဂွဈေးမီး ရှို့မီးလား???

စမ်းချောင်းမြို့နယ် ဂွဈေးတွင် ယနေ့မနက် ၁ နာရီဝန်းကျင်ကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်ကျွမ်းမှုကို ရှို့မီးအဖြစ်ဈေးသူဈေးသားများနှင့် စမ်းချောင်းဒေသခံအများစုက သံသယဖြင့် ဝေဖန်ပြောဆိုနေကြသည်။
စမ်းချောင်းမြို့နယ် ဂွဈေး မီးလောင်နေစဉ် (ဓာတ်ပုံ - ညီကေး)
ဆိုင်ခန်းပေါင်း သုံးရာကျော်ရှိသည့် ယင်းဈေးတွင် ယနေ့မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း ၂၃၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း၊ မနက် ၁ နာရီဝန်းကျင်မှ လောင်ကျွမ်းသော မီးကို မနက် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးညွန့်ချိုးနိုင်ခဲ့ကြောင်း၊ ယင်းဂွဈေးနေရာကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်ရန် ညှိုနှိုင်းခဲ့သော်လည်း ဈေးသူဈေးသား များက လက်မခံဘဲ အကြိမ်ကြိမ်ပယ်ချခဲ့ကြောင်း၊ ယခုအချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ခြင်းအပေါ် ဈေးသူဈေးသားများအများစုက ဈေးဖျက်သိမ်းလို၍ လုပ်ဆောင်သော

လိင်တူချစ်သူများ မုန်းတီးမှု ဆန့်ကျင်ရေးနေ့ ကျင်းပ

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအား မုန်းတီးမှု ဆန့်ကျင်သောနေ့ အခမ်းအနားကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပရာ လိင်တူချစ်သူများအပေါ် ခွဲခြား ဆက်ဆံခံနေရသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လိင်တူချစ်သူများ မုန်းတီးမှု ဆန့်ကျင်ရေးနေ့ ပိုစတာ (ဓာတ်ပုံ - HREIB)
ထိုအခမ်းအနားအား လိင်တူချစ်သူအရေးဆောင်ရွက်နေသူများနှင့် လူမှုရေးအဖွဲ့များမှ ကြီးမှူး၍ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ Excel Tower ၌့ ပြုလုပ်ခဲ့ရာ လိင်တူချစ်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့စည်းများမှ ဧည့်သည်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အာဏာပိုင်များ တက်ရောက်ခဲ့ကြကြောင်း အခမ်းအနားစီစဉ်သူ မမြတ်နိုးက ဧရာဝတီကိုပြော သည်။
နာမည်ကျော်အလှဖန်တီးရှင်များလည်း တက်ရောက်ကြပြီး မိတ်ကပ် ကိုမာက လိင်တူချစ်သူများနှင့်ပတ်သက်သည့်အကြောင်း အရာများကို ပြောဆိုကာ၊ ပညာပေး

ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ် ဒေသခံအာဏာပိုင်တွေ တားမြစ်မှုရှိ

2012-05-17
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က ဒေသခံတွေနဲ့ လိုက်လံတွေ့ဆုံနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆိုင်းဘုတ်တွေနဲ့ မကြိုဆိုရဘူးဆိုတဲ့ ဒေသခံအာဏာပိုင်တွေရဲ့ တားမြစ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒီနေ့ခရီးစဉ်မှာလည်း ပိတ်ပင်တားမြစ်မှုတွေ ကြုံရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက RFA ကိုပြောပါတယ်။
" ဒီနေ့ဆိုလို့ရှိရင် ကလိန်အောင်၊ ဘဂေါစွန်း၊ နဘူးလယ်၊ မောင်းမကန်၊ ပိတ်ပင်တားဆီးတာတွေ အဲဒီမှာလည်းဖြစ်တယ်။ ပန်းကုံးတွေနဲ့ မကြိုရဘူး။ အသံချဲ့စက်မသုံးရဘူး စတဲ့တားမြစ်မှုတွေကို

လူခေတ်လူငယ်တွေဒီလိုဝတ်မယ်ဆို ဒါလေးတော့ဖတ်ဖြစ်အောင်ဖတ်ပါ။

အခုခေတ်စားနေတဲ့ ဘောင်းဘီအောက်လျောဝတ်တာဟာ တစ်ကယ်တော့ အကျဉ်းထောင် တွေထဲကနေအစပြုလာခဲ့ တာပါတဲ့ ... အဲဒီလိုဝတ်ထားတဲ့ အကျဉ်းသားဟာ ၎င်းအနေနှင့် တစ် ခြားအကျဉ်းသားတွေနှင့် အတူလိင်ဆက်ခံမှုခံယူဖို့ (ဖင်ခံဖို့ )အဆင်သင့် ဖြစ်နေပါပြီလို့ ဆိုလို တာဖြစ်ပါတယ်....အဲဒါကို သေသေချာချာမသိပဲ မိုက်တယ်ဆိုပြီးလိုက်ဝတ်တဲ့ သူတွေ တော့ ထောင်ထွက်လူမိုက်တွေနဲ့ ပေးတွေ့ ချင်တယ်... 


ကိုပီတာ


မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုသစ်တွေ ခွင့်ပြုလိုက်ကြောင်း အမေရိကန် ကြေညာ

2012-05-17
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေမလုပ်ဖို့ တားမြစ်ထားတွေကို လျော့ပေါ့ပေးလိုက်ကြောင်း အမေရိကန်သမ္မတက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် မေလ ၁၇ ရက်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီ တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆက်ဆံရေး လမ်းပွင့်လာတာဟာ မြန်မာအစိုးရတွင်းက ပြုပြင် ပြောင်းလဲလိုသူတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေကို အထောက်အကူပြုနိုင်ဖို့အတွက် အဓိက အရေးပါကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
အခုလို အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေး အခန်းကဏ္ဍသစ် ဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ပူးတွဲ

နိုင်ငံရေးအကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးတောင်းဆို

2012-05-17
မြန်မာနိုင်ငံခြားရေးဝန်ကြီး နဲ့အတူ မနေ့က ကျင်းပခဲ့တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်လာတာကို တွေ့မြင်ချင်ပါကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း (၉၀၀) ကျော် ကျန်ရှိနေပါသေးတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာမြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က

မြန်မာ- အမေရိကန် သံအမတ်များ အဆိုပြုကြေညာ

2012-05-17
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် အဖြစ် မြန်မာဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး နဲ့ အထူး ကိုယ်စားလှယ် မစ္စတာ Derek Mitchell ကို သမ္မတ အိုဘားမားက တရားဝင် အဆိုပြုလိုက်ပါတယ်။
အလားတူ မြန်မာနိုင်ငံဘက်ကလည်း အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်
အဖြစ် လက်ရှိ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတန်း မြန်မာသံအမတ်ကြီး ဦးသန်းရွှေကို ခန့်အပ်ကြောင်း အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်ကို ချစ်ကြည်ရေးခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့
မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း ကြေညာခဲ့ပါတယ်။
နှစ် (၂၀) ကျော် ကြာမြင့်ပြီးတဲ့နောက် သံအမတ်တွေ ခန့်အပ်ဖို့
နှစ်နိုင်ငံလုံးရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ မြန်မာ ပုံမှန်သံတမန်

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခြင်းကို မြန်မာ့အရေးလှုပ်ရှားသူများ စိုးရိမ်

အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ ပိတ်ပင်တားမြစ်ချက် ပြန်လည် ရုပ်သိမ်းလိုက်တဲ့အပေါ်မှာ အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေ အခိုင်အမာမရှိသေးဘူး၊ လူ့အခွင့်အရေးအရ စိုးရိမ်စရာတွေ ရှိနေဆဲပဲလို့ သူတို့က မြင်ပါတယ်။ မြန်မာ့အရေးတတ်ကြွတဲ့ အထက် လွှတ်တော်အမတ်တွေကတော့ ဒီ ကြေညာချက်ကို ကြိုဆိုပြီး ဒါဟာ ယာယီရုပ်သိမ်းထားတဲ့ သဘောဖြစ်တယ်လို့ ဆိုနေပါတယ်။ ဒီအမြင်တွေကိုတော့ ကိုသားညွန့်ဦးက စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံအပေါ်မှာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုသစ်တွေ မလုပ်ဖို့ ပိတ်ပင်တားမြစ် ချက်ကို အမေရိကန် ပြည်ထောင်စုအနေနဲ့ လျှော့ပေါ့ပေးလိုက်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်

ကချင်အရေး ကုလစောင့်ကြည့်

ကချင်ပြည်နယ်အတွင်း စစ်ရေးအရတင်းမာမှုတွေကို ကြားဝင်စေ့စပ်ဖို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကနေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ တိုက်တွန်းတောင်းဆိုခဲ့ကြောင်းနဲ့ ကချင်ပြည်နယ်တွင်း အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူက ပြောလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ စစ်အစိုးရရဲ့ စစ်ဆင်တိုက်ခိုက်မှုတွေ တနှစ်နီးပါး ကြာမြင့်နေပြီး ပဋိပက္ခ အခြေအနေတွေ ပိုမဆိုးလာခင်မှာ ကုလသမဂ္ဂအနေနဲ့ ကချင်ပြည်နယ်အရေးကို ကြားဝင်ဆောင်ရွက်ပေးဖို့ အရေးကြီးတဲ့အချိန် ရောက်နေပါပြီဆိုပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဇောင်းဂရားက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို စာရေးသားပေးပို့ခဲ့တာပါ။ မနေ့က ကုလသမဂရုံးချုပ် သတင်းစာ

မိမိတို့ပိုင်နက်တွင် တရုတ်က ငါးဖမ်းမှု ပိတ်ပင်ထားခြင်းကို ဗီယက်နမ်ကန့်ကွက်

တောင်တရုတ်ပင်လယ်ရှိ မိမိတို့  ပိုင်နက်တွင် တရုတ်က ငါးဖမ်းမှုပိတ် ပင်ထားမှုအား ဗီယက်နမ်က ကန့်ကွက် ထားကြောင်း သိရသည်။ တရုတ်၏ ပိတ်ပင်ထားသည့် ဆုံးဖြတ်ချက်မှာ တရားမ၀င်ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Luong Thanh Nghi ၏ ပြောကြားချက်ကို ယင်းဌာန ၀က်ဘ်ဆိုက်တွင် မေလ ၁၅ရက်နေ့က ထုတ်ပြန်ခဲ့သည်။
တရုတ်က တောင်တရုတ်ပင်လယ်တွင် ရာသီအလိုက် ငါးဖမ်းခြင်း ပိတ်ပင်မှု ပြုလုပ်လေ့ရှိရာ မေလ ၁၆ ရက်တွင် စတင်ခဲ့ပြီး ယင်းရာသီအတွင်း ငါးဖမ်းခွင့်ရမည် မဟုတ်ပေ။ တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုများကို

အမေရိကန်ရေတပ်မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စီး ဖိလစ်ပိုင်ဆိပ်ကမ်းသို့ ဆိုက်ကပ်


အမေရိကန်ရေတပ်မှ တိုက်ခိုက် ရေးရေငုပ်သင်္ဘောတစ်စီးသည် အငြင်းပွားရေပိုင်နက် Scarborough shoal အနီးရှိ ဖိလစ်ပိုင်ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ကပ်ခဲ့ကြောင်း မနီလာရေတပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက မေလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

USS North Carolina ရေငုပ်သင်္ဘောသည် ပုံမှန်သင်္ဘော ဖြည့်တင်းသွားမှုအတွက် Subic ပင်လယ်အော်ရှိ အကောက်ခွန် ကင်းလွတ်ခွင့်ရ ဆိပ်ကမ်းသို့ မေလ ၁၃ ရက်နေ့တွင် ဆိုက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း

၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာ ကာတွန်းဆရာများအား ဖိတ်ခေါ်ထား


e578

ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာကာတွန်းဆရာများအား ဖိတ်ခေါ်ထားပြီး မြန်မာကာတွန်းဆရာများ အနေဖြင့်လည်း စိတ်ပါဝင်စားမှုရှိကာ ပြိုင်ပွဲဝင်နိုင်ရန် ပြင်ဆင်မှုများလည်း ရှိသည်ဟု သတင်းရရှိသည်။ ယင်းကာတွန်းပြိုင်ပွဲသို့ ယခင်နှစ်များကလည်း မြန်မာကာတွန်းဆရာများ အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများလည်း ရရှိခဲ့ဖူးသည်ဟု သိရသည်။
“ဒီပြိုင်ပွဲကအရင်ကလည်း မြန်မာကာတွန်းဆရာတွေ ၀င်ပြိုင်ခဲ့ဖူးသလို ဆုရရှိတာတွေလည်း ရှိခဲ့ဖူးတဲ့ အတွက် အခုနှစ်ကိုလည်း ထပ်ပြီး ပြိုင်ပွဲဝင်ကြဖို့ ဖိတ်ခေါ်တာပါ။ အဓိ ကတော့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရရှိနိုင်တဲ့ အခွင့်အရေးရှိတာကြောင့် ကျွန်တော်တို့ လူငယ်ကာတွန်းဆရာတွေ အနေနဲ့လည်း

စမ်းချောင်းမြို့နယ်အတွင်းရှိ နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိ ရှမ်းလမ်းဈေး(ဂွဈေး)မီးလောင်မှုဖြစ်ပွား



shanlanmarket
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်းရှိ နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိသော ရှမ်းလမ်းဈေး(ဂွဈေး)တွင် မေလ ၁၈ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်မှုမှာ ဈေး၏ 'ဃ' ရုံ အတွင်းရှိ Insect Killers ရောင်းချသည့်ဆိုင်မှ စတင်လောင်ကျွမ်းခဲ့သည်ဟု ကနဦးရရှိသော သတင်းများအရ သိရပြီး ဆိုင်ခန်းပေါင်း ၃၁၈ ခန်းရှိသည့်အနက် ဆိုင်ခန်းပေါင်း ၈၀ ကျော်သာ မီးလောင်မှု လွတ်ကင်းခဲ့ရကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မီးသတ်ယာဉ် ၃၅ စီးခန့်လာရောက် မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၂ နာရီ ၂၅ မိနစ်အချိန်ခန့်တွင်

ပြင်သစ်အစိုးရသစ်မှာ အမျိုးသမီးတဝက်ပါ

ပြင်သစ်သမ္မတ Francois Hollande ဟာ ဥရောပစီးပွားရေး အားကောင်းအောင် လမ်းသစ်ထွင် မဆောင်ရွက်ခင်မှာ လိုအပ်တာတွေကို လိုက်လံဆောင်ရွက်နေပါတယ်။ ပါရီမြို့တော်မှာ မိုးတွေကြားထဲ အခမ်းအနားနဲ့ သမ္မတအဖြစ် ဆိုရှယ်လစ်ဝါဒီ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး နောက်တရက်မှာပဲ အစိုးရ အဖွဲ့သစ်ကို ခန့်အပ်လိုက်တယ်လို့ သမ္မတရဲ့ လက်ထောက်တွေက ကြေညာပါတယ်။
ဆိုရှယ်လစ်ဝါဒီ ဝန်ကြီးချုပ်ဟောင်း Laurent Fabius ကို နိုင်ငံခြားရေး ဝန်ကြီး၊ Pierre Moscovici ကို ဘဏ္ဍာရေး ဝန်ကြီးအဖြစ် အသီးသီး ခန့်အပ်လိုက်ပါတယ်။ Mr. Pierre Moscovici က အရင်က ဥရောပရေးရာဝန်ကြီး ဖြစ်ပြီး Mr. Hollande ရဲ့ မဲဆွယ်စည်းရုံးရေးမှူးဖြစ်ပါတယ်။ တခြား အရေးကြီးတဲ့ ဝန်ကြီးနေရာတွေဖြစ်တဲ့ အလုပ်သမားဝန်ကြီးနေရာ အတွက် Michael Sapin၊ ပြည်ထဲရေးဝန်ကြီးအဖြစ်

ငါးဖမ်းသမား ၃၀ ခန့် မြောက်ကိုရီးယားတွေ ပြန်ပေးဆွဲ

မည်သူမည်ဝါဆိုတာ မသိရတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေက တရုတ်ငါးဖမ်းသမား ၂၉ ယောက်ကို ပင်လယ်ဝါအတွင်းမှာ ပြန်ပေးဆွဲသွားကြောင်း တရုတ် မီဒီယာတွေမှာ ဖေါ်ပြနေကြပါတယ်။ ပြန်ပေးသမားတွေက ဒီလူတွေကို ပြန်လွှတ်ပေးဖို့အတွက် ငွေကြေး တောင်းခံထားတယ်လို့ ဆိုပါတယ်။

လက်နက်တပ်ဆင်ထားတဲ့ မြောက်ကိုရီးယား ရေယာဉ်တစီးဟာ တရုတ်နိုင်ငံပိုင် ပင်လယ်ဝါအတွင်းမှာ ငါးဖမ်းနေတဲ့ တရုတ်ငါးဖမ်း စက်လှေ သုံးစီးမှာ အလုပ်လုပ်ကိုင်နေသူ တရုတ်ငါးဖမ်းသမား ၂၉ ယောက်ကို မေလ ၈ ရက် နေ့က ဖမ်းဆီးလိုက်ပြီးနောက် သူတို့ကို မြောက်ကိုရီးယားပိုင် နယ်နမိတ် အတွင်းကို ခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးဖို့အတွက် ဒေါ်လာ ၂ သိန်း နီးပါးပေးဖို့ တောင်းဆိုထားကြောင်း

ပစ္စည်းသိမ်း လူရိုက်တဲ့ စည်ပင်သာယာ



စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ ရိုက်နှက်ခြင်း ခံရသူ ထမင်းဆိုင်မှ ထမင်းဟင်းချက်သူ မသင်းသင်းခိုင်
၁၅-၅-၂၀၁၂ ရက်နေ့ နံနက် ၉း၄၅ မိနစ်က၊ လသာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ၊ ရန်ကုန် ဆေးရုံကြီးရှေ့ထမင်းဟင်း ရောင်းနေတဲ့ဆိုင်ကို လသာမြို့နယ် စည်ပင်သာယာရေး ကော်မတီ
အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က စားသောက်ကုန်တွေ၊ ပစ္စည်းပစ္စယတွေ အတင်းအဓမ္မ လုယက် ဖျက်စီးခဲ့သလို ဈေးသည်ကိုပါ  ရိုက်နှက် ခဲ့ပါတယ်။ အဲဒီ ရိုက်နှက် ခံခဲ့ရတဲ့ ထမင်းဆိုင်မှ ဟင်းချက်နေတဲ့

အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲ


မေလ ၁၃ ရက်နေ့ နံနက်ကအလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ရန်ကုန်မြို့တော်ဝင်နှင်းဆီရဲ့ သီရိခမ်းမမှာ ပြုလုပ်သွားခဲ့ပါတယ်။ ဒီအခမ်းအနားကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးကို

၅ ကြိမ်မြောက် မြန်မာ့စီးပွားရေးညီလာခံ



မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စီးပွားရေး အရလည်း ပြုပြင်ပြောင်းလဲမှုတွေရှိလာတာနဲ့ အမျှ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ ဖို့ စိတ်ဝင်စားနေတဲ့အချိန်မှာပဲ ရန်ကုန်မြို့ Royal Hotel မှာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပြီး ၅ ကြိမ်မြောက် မြန်မာ့စီးပွားရေး ညီလာခံတရပ်ကို မေလ ၁၅ ရက်နေ့ နဲ့ ၁၆ ရက်နေ့တွေမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ FBC service company နဲ့ Singapore နိုင်ငံက FRC ကုမ္မဏီတို့ပူးပေါင်းပြီး ကျင်းပတဲ့ ဒီညီလာခံမှာ နိုင်ငံတကာ

ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ် ဓာတ်ပုံများ ပြသရောင်းချပွဲ ကျင်းပ

2012-05-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီစည်းရုံးရေးခရီးစဉ်အတွင်း ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများ ပြသရောင်းချပွဲကို ရန်ကုန်မြို့ ပြင်သစ်သံရုံးမှာ ဒီကနေ့ ဖွင့်လှစ်ကျင်းပပါတယ်။
Photos courtesy of NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်နေစဉ်။
ပြင်သစ်သံရုံးက ကြီးမှူးကျင်းပတဲ့ ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လေ့လာခဲ့ပြီး စာအုပ်အဖြစ် ထုတ်ဝေဖို့အတွက် စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ ပြောခွင့်ရှိသူ ဦးခွန်သာမြင့်က ပြောပါတယ်။
" ပြင်သစ်သံရုံးက ကြီးမှူးပြီးတော့ သူတို့ကအရင်ကတည်းက ဗမာပြည်က ဓာတ်ပုံဆရာတွေကို

နိုင်ငံခြားရေးဝန်ကြီးရဲ့ အမေရိကန်ခရီးမှာ ပိတ်ဆို့မှုတွေ ပိုလျှော့ပေးဖွယ်ရှိ

2012-05-16
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ ၀ါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အပါအ၀င် အမေရိကန် ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
AFP
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာအစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က လက်ခံတွေ့ဆုံနေစဉ်။
ဦးဝဏ္ဏမောင်လွင်ဟာ ၂၀၁၁ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ နယူးယောက်မြို့ကို လာရောက်ခဲ့ပေမဲ့ အခုတစ်ကြိမ်ကတော့ အမေရိကန်အစိုးရရဲ့ ပထမဆုံးအကြိမ် ဖိတ်ကြားခံရတဲ့ မြန်မာအစိုးရ အဖွဲ့ဝင်တစ်ဦးအဖြစ် လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ဧပြီလ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက နေရာအများစု အနိုင်ရပြီးတဲ့နောက် အမေရိကန် အစိုးရက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုတချို့ ဆိုင်းငံ့ပေးပြီး၊ နှစ်နိုင်ငံဆက်ဆံရေးကိုလည်း

လစာတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမား အလုပ်ပြန်ဆင်းခွင့်မပြု

2012-05-17
Grand Royal အရက်ချက်စက်ရုံက လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေကို အလုပ်ရှင်က အပြည့်အ၀ လိုက်လျောခြင်းမရှိသလို၊ အလုပ်ပြန်ဆင်းတာကိုလည်း လက်မခံဘူးလို့ သိရပါတယ်။
Grand Royal အရက်ချက်စက်ရုံက လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေကို အလုပ်ရှင်က အပြည့်အ၀ လိုက်လျောခြင်းမရှိသလို၊ အလုပ်ပြန်ဆင်းတာကိုလည်း လက်မခံဘူးလို့ သိရပါတယ်။
အခြေခံလုပ်ခလစာ တိုးပေးဖို့ အလုပ်သမား ၃၀၀ လောက်က တောင်းဆိုထားတာကို ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ ကတည်းက အလုပ်ရှင်၊ အလုပ်သမားနဲ့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ

လယ်ယာမြေ ပြန်လည်ရရှိရေး လယ်သမားတောင်းဆို

2012-05-17
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာကျေးရွာမှာ အိုးအိမ်နဲ့ မြေစာရင်းဌါနကသိမ်းထားတဲ့ လယ်တွေကို ပြန်ပြီးလုပ်ပိုင်ခွင့်ပေးဖို့ လယ်သမားတွေက သက်ဆိုင်ရာကို တောင်းဆိုလိုက်ပါတယ်။
RFA
လယ်သမား၊ အလုပ်သမားအရေး ဆောင်ရွက်နေသည့် မစုစုနွေး
သူတို့တောင်းဆိုစာကို လယ်သမား၊ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ မစုစုနွေးက သူတို့ကိုယ်စား ဒီနေ့တင်လိုက်တာလို့ RFA ကို အခုလို ပြောပါတယ်။
" အစိုးရကို လယ်ယာမြေ ပြန်လည်ရရှိရေး၊ ဒီမိုးတွင်းကို ထွန်ဖို့ ကျွန်မတို့စာတွေတင်ပြီး တောင်းဆိုတာပေါ့။ ကျွန်မတို့လိပ်မူတာကတော့ ဦးမြင့်လှိုင်ပေါ့။ လယ်ယာဆည်မြောင်းဝန်ကြီးဌါနကို ကျွန်မတို့ လိပ်မူပြီး တင်လိုက်တာပါ"
အဲဒီ ဝါးတရာက လယ်တွေကို အိုးအိမ်နဲ့မြေစာရင်းဌါနက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက သိမ်းပြီး

စစ်ရေးပဋိပက္ခ ဖြေရှင်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ကေအိုင်အေ ဥက္ကဋ္ဌ တိုက်တွန်း

2012-05-17
ကေအိုင်အို ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာအစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးဖို့ ကေအိုင်အေ ဥက္ကဋ္ဌ ဦးဇောင်းဟရားက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်းထံ စာရေးသား တိုက်တွန်းလိုက်ပါတယ်။
RFA
ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အဆင့်မြင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြည်ထောင်စုအဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်နေစဉ်။ (Photo courtesy of a citizen journalist)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို လက်တွေ့သိရှိနိုင်အောင် လေ့လာရေးအဖွဲ့ ဒါမှမဟုတ် ကြားဝင်ဖျန်ဖြေရေးအဖွဲ့ စေလွှတ်ဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ ကေအိုင်အိုရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လန်းဒေါင်းက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ကချင်ပြည်နယ်မှာ တိုင်းရင်းသားတွေအပေါ် လူမျိုးတုံးစစ်ဆင်ရေး ဆင်နွှဲနေပြီး၊

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။