MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

ကချင်ဒုက္ခသည်များကို ကူညီရန် လှုမှုကွန်ရက် အဖွဲ့ တစ်ခုမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အလှူငွေပေးအပ်

ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များ အားလှူဒါန်းရန် အတွက် လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း (လူမှုကွန်ရက်အဖွဲ့) မှ ကျပ် သိန်း၉၀ ကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်လိုက်ကြောင်းသိရသည်။
အဆိုပါ လူမှုကွန်ရက် အဖွဲ့မှာ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များ ကိုကူညီရန်နှင့် ပြည်တွင်းစစ်ရပ်စဲရေးအတွက်  အဓိကရည်ရွယ်၍ ရန်ကုန် ၊ မန္တလးမြို့ ကြီးများရှိ လက်ဖက်ရည်ဆိုင်များတွင် ဟော်လို ဂစ်တာ ဖြင့်လိုက်လံ ဖျော်ဖြေကာ အလှုငွေများ

ဓနုဖြူမြို့ နယ်အလယ်မျိုးကျေးရွာသားများ ဆန္ဒ(၃)ချက်အား တောင်းဆို


ဓနုဖြူမြို့ နယ် အတွင်းရှိ အလယ်မျိုးကျေးရွာအုပ်စု အလယ်မျိုးချောင်းမကြီး အနီးဝန်ကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ (၁၅ဝ)ခန့်သည် မေလ(၂၂)ရက်နေ့ နေ့လည်(၁)နာရီခန့်က ဓနုဖြူမြို့နယ် တရားရုံးရှေ့ လမ်းမပေါ်တွင် ငြိမ်းအေးစွာ ဆန္ဒတာင်းဆိုမှု ပြုလုပ်ခဲ့ပြီး နေ့လည်(၃)နာရီခန့်တွင် သက်ဆိုင်ရာမှ အကြောင်းပြန်ကြားမှု မရှိခဲ့၍ မြို့ နယ်တရားရုံးမှ မြို့ နယ်ငါးလုပ်ငန်း ဦးစီးမှူး ရုံးရှေ့သို့

UNDP မှ နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအကြာတွင် မြန်မာနိုင်ငံအတွက် ဖွံ့ ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင် တော့မည်

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ နှစ်ပေါင်းနှစ်ဆယ်ကျော် ကာလအကြာတွင်မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၄၄သန်းထောက်ပံ့ ကူညီပေးတော့မည်ဟုသိရသည်။
ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(UNDP)၏လက်ထောက် အတွင်းရေးမှုးချုပ်နှင့် အာရှနှင့် ပစိဖိတ် ဒေသဆိုင် ရာညွှန်ကြားရေးမှုး Mr.Ajay Chhibber  နှင့်မေ၁၇ ရက်နေ့က အဆိုပါ ကိစ္စရပ်များ ကိုတွေ့ဆုံ  ဆွေးနွေးခဲ့ကြ ခြင်းအပေါ့် UNDP အငြိမ်းစား ဌာနေ ကိုယ်စား

၆၈ မဂ္ဂဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်(၁၂)လုံး အမြန်ဆုံးရောက်ရှိမည် ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ ကြေညာ

အများပြည်သူများ လျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားပေးစက်များဖြင့် ဓာတ်အားဖြန့်ဖြူး
 ပေးသွားမည် ဖြစ်ကြောင်း ကိုအမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ  ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နွေရာသီ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု  လျော့နည်းနေချိန်တွင် အများပြည်သူများအတွက်  လျှပ်စစ်ဓာတ်အား  ပြတ်တောက်မှုများ သည့် နေရာများတွင် သောက်သုံးရေ ရရှိရေးနှင့် ညဘက်မီး  ရရှိရေး တို့အတွက် လက်ရှိဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ပေး လျက်  ရှိသည့် ဓာတ်အားပေးစက်များ အပြင်

Y-Talk အင်တာနက် ဖုန်းခေါ်ဆိုခများ အနိမ့်ဆုံးအထိလျှော့ချ

ပြည်ပသို့ အင်တာနက်မှတရားဝင်ဖုန်းခေါ်ဆိုနိုင်မည့်  Y-Talk  ဝန်ဆောင်မှု၏ဖုန်းခေါ်ဆိုခနှုန်း ထားများအား အနိမ့်ဆုံး  နှုန်းထားအထိ လျှော့ချပေးလိုက်ပြီဖြစ်ကြောင်းသိရ သည်။''ကျွန်တော်တို့ အနေနဲ့ Y-Talk ရဲ့ခေါ်ဆိုခနှုန်းထားတွေကို မေလ-၁ ရက်နေ့ကနေစပြီးတော့အနိမ့် ဆုံးဖြစ်အောင် လျှော့ချပေးထား လိုက်ပါပြီ၊ အခုဖုန်းခေါ်ဆိုခတွေဟာ အလွန်အင်မ တန်ဝေးလံတဲ့ ရုရှားလို နိုင်ငံတွေကလွဲရင် ကျန်တဲ့ နိုင်ငံ တွေကို တစ်မိနစ်  ကို အမေရိ ကန်ဒေါ်လာ(၁၅)ပြား အထိလျှော့ချ ပေးထားတာပါ '' ဟု ရတနာပုံတယ်လီပို့မှ စီအီအို

Iphone ကို ကျော်ဖြတ်သွားနိုင်တဲ့ Samsung


တောင်ကိုရီယားနိုင်ငံရဲ့ နာမည်ကြီးနည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Samsung က ထုတ်လုပ်လိုက်တဲ့ Galaxy S3 စမတ်ဖုန်းဟာ ၂၀၁၂ ခုနှစ်မှာ ရောင်းအား အကောင်းဆုံး ဖြစ်ပြီး iphone ကိုကျော်လွှားနိုင်ခဲ့ပါတယ်။
အဆိုပါ စမတ်ဖုန်းကို မေလကုန်တဲ့အထိ အလုံးပေါင်း ၉ သန်းကျော် ရောင်းချပေးရန်အတွက် အမှာစာများကိုလဲ Samsung ကုမ္ပဏီက လက်ခံ ရရှိထားပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ နှစ်အတွင်းကမှာ ထုတ်လုပ်ခဲ့တဲ့ Android ပါဝါသုံး Galaxy S3 ဟာ ကမ္ဘာ့ အရောင်းရဆုံးလည်း ဖြစ်ခဲ့ပြီး နောက်ပိုင်း sumsung ဟာ ကမ္ဘာ့ မိုဘိုင်းလ်ဖုန်းအရောင်းရဆုံး ကုမ္မဏီကြီး

သမ္မတ ဖြစ်ချင်တဲ့ မက်ဒေါနား




ကမ္ဘာကျော် ပေါ့ပ် အဆိုတော် မက်ဒေါနား တစ်ယောက် သူမရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
သူမအဖြစ်ချင်ဆုံးကတော့ အမေရိကန် ပြန်ထောင်စုရဲ့ သမ္မတ ဖြစ်ချင်ပါတယ်တဲ့။ သမ္မတ ဖြစ်ချင်ရခြင်းရဲ့ အကြောင်း ကတော့ ဖျက်ဆီးမှု စွမ်းအားကြီးမားတဲ့ လက်နက်တွေနဲ့ ပတ်သက်ပြီး ငွေကြေး ဖြုန်းတီးမှုတွေကို ရပ်တန့်စေချင်လိုပါတဲ့။
“You can't really change much in one day. I think I would like to be president for a longer time.” လို့ မက်ဒေါနားက ပြောကြားခဲ့ပါတယ်။

သံတမန်များ ထားဝယ် စီးပွားရေးဇုန် လေ့လာ


ရန်ကုန်အခြေစိုက် သံတမန်တွေ တနင်္ဂနွေနေ့က ထားဝယ် အထူးစီးပွားရေးဇုန်ကို သွားရောက် လေ့လာကြတယ် လို့ မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။ စီမံကိန်း စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ သူရဦးသောင်းလွင် ကို သံတမန်တွေက ဗျူးကြတယ်လို့ ဆိုပါတယ်။

ထောက်လှမ်းရေးနဲ့ နိုင်ငံရေးသမားတွေ အားပေးတဲ့ အလုပ်သမားသမဂ္ဂ


တနင်္လာနေ့က ကရင်ပြည်နယ် ဘုရားသုံးဆူဒေသ အလုပ်သမားသမဂ္ဂတခု ဖွဲ့စည်းသည့် အခမ်းအနားသို့ ထောက်လှမ်းရေးများ၊ နိုင်ငံရေးအဖွဲ့များ တက်ရောက် အားပေးကြသည်။အ၀တ်အထည်နှင့် သားရေ အလုပ်သမားများ သမဂ္ဂ ဖွဲ့စည်းသည့် ထိုအခမ်းအနားတွင် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)၊ ရဲအထူး သတင်းတပ်ဖွဲ့ (SB) တို့မှ တပ်ဖွဲ့ဝင်များ အားပေးစကား ပြောကြားခဲ့ကြသည်။ဘုရားသုံးဆူ မြို့နယ် NLD ဥက္ကဋ္ဌ ဦးသန်းလွင်၊ KNU မှ ဦးစောအောင်မြတ်၊ မွန်ပြည်သစ်ပါတီမှ ဗိုလ်ကြီး နီစိုး တို့က လည်း အမှာစကားများ အသီးသီး ပြောကြားကြသည်။ယခင်က အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများကို လျှို့ဝှက် လုပ်ဆောင်ခဲ့ကြသော်လည်း ထို အလုပ်သမားများ သမဂ္ဂ ဖွဲ့စည်းသည့် အခမ်းအနားကို ဘုရားသုံးဆူမြို့

ကုသိုလ်ယူတတ်သူ



ဓာတ်ပုံ-ဖေ့စ်ဘုတ် ကနေကူးယူဖော်ပြလိုက်ပါတယ်

စားဝတ်နေရေးအတွက် နေ့စဉ်ရှာဖွေနေကြပေမယ့်..ဒီကားဆရာကြီးလို စီးပွားရှာရင်း ကုသိုလ်ရှာနိုင်ကြပါစေ။


ရှင်သန်ကြီးထွားလာတဲ့ ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်း (၂)


ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းတွေ များပြားလာပေမယ့် ဝန်ဆောင်မှုအပြည့်အဝ ပေးနိုင်တဲ့ လုပ်ငန်းကတော့အနည်းငယ်ပဲ ရှိနေသေးကြောင်း ဗုဒ္ဓဂယာသို့ သွားရောက်ခဲ့ကြသူများက ဆိုပါတယ်။
''သေချာတွေ့ရတာပေါ့နော်။ နာမည်ကြီးတိုင်း၊ ကြော်ငြာတာကောင်းတိုင်း ဝန်ဆောင်မှု ကောင်းတယ်လို့ ပြောလို့မရဘူး။ အန်တီတို့ ကတော့ အသေအချာ လေ့လာ စုံစမ်းပြီးမှ သွားတာဆိုတော့ အခက်အခဲ မရှိခဲ့ပါဘူး''ဟု ဗုဒ္ဓဂယာကို သွားရောက်ခဲ့တဲ့ ရန်ကုန်မြို့ခံ အမျိုးသမီးကြီးတစ်ဦးက ရှင်းပြပါတယ်။

ရှင်သန်ကြီးထွားလာတဲ့ ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်း (၁)

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အများဆုံး သွားရောက် လည်ပတ်လေ့ ရှိကြတဲ့ ဗုဒ္ဓဂယာ ဘုရားဖူးလုပ်ငန်းဟာ အရင်နှစ်တွေကထက် စာရင် အဆများစွာ တိုးတက်မှုရှိလာတယ်လို့ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ဗုဒ္ဓဂယာ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်း အများစုက တညီတညွတ်တည်း ပြောဆိုကြပါတယ်။ ဘုရားဖူးခရီးသည်တွေ များလာတာနဲ့အမျှ ဗုဒ္ဓဂယာဘုရားဖူး ပို့ဆောင်ရေး လုပ်ငန်းတွေလဲ တစ်နေ့တခြား များပြားလာတယ်လို့ သိပါတယ်။

ကြေးမုံမှာဖော်ပြတဲ့ KIA သတင်း

KIA သတင်းတွေကို အစိုးရသတင်းစာတွေမှာ အဆက်မပြတ် ဖော်ပြနေပါတယ်။
မနေ့က ဖတ်ရတာကတော့ ရှမ်းပြည်နယ် မူဆယ်မြို့အတွင်း ဖြစ်ပွားခဲ့တဲ့ သတင်းပါ။ကား ၂ စီး ကို ဖျက်ဆီးတယ် တဲ့။


ရန်ကုန်မြို့ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲ ငြိမ်းချမ်းစွာ ပြီးဆုံး


(ဓာတ်ပုံများ - ဧရာဝတီ)

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲများ မေလ ၂၂ ရက်နေ့ ည ၇ နာရီဝန်းကျင်က ပြုလုပ်ရာတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဖယောင်းတိုင်ထွန်း လှည့်လည်လမ်းလျှောက် ခြင်းမပြုလုပ်ရန် တားမြစ်ကြောင်း သတင်းရရှိသည်။မန္တလေး၊ မုံရွာအပါအ၀င် နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲများ ကျင်းပပြုလျက်ရှိရာ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် မေလ ၂၂ ရက်နေ့ ည ၇ နာရီဝန်းကျင်က လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြပွဲ

ပင်လယ်သမုဒ္ဒရာ အလား ထင်မှားလောက်တဲ့ ရေကူးကန်



ချီလီနိုင်ငံက ရေကူးကန်ကြီးတခုဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အနက်ဆုံး ရေကူးကန်ကြီးအဖြစ် ဂင်းနစ်စံချိန် တင်ခဲ့ပါတယ်။ချီလီ နိုင်ငံ၊ Algarrobo မြို့က ပစ္ဆိဖိတ် ကမ်းခြေမှာ တည်ဆောက်ထားတဲ့ San Alfonso del Mar အမည်ရ ရေကူးကန်ကြီး ဟာ ပင်လယ်၊ သမုဒ္ဒရာလား ထင်မှတ်မှားနိုင်ပါတယ်။ ရွက်လှေတွေ၊ မော်တော် ဘုတ်တွေ စီးပြီး အနားယူအပန်းဖြေဖို့ အတွက် တကယ့်ကို ပင်လယ်သမုဒ္ဒရာလို ခံစားရနိုင်ပါတယ်တဲ့။

နှစ်သိန်းတန်ဖုန်းများ ဘီလ်အချင်းချင်းငွေလွှဲပြောင်းပေးနိုင်တော့မည်


ကျပ်နှစ်သိန်းတန် GSM ဖုန်းနှင့် နှစ်သိန်းခွဲတန် WCDMA ဖုန်းလိုင်းများတွင် အချင်းချင်း ငွေလွှဲပြောင်း အသုံးပြုနိုင်သော ဘီလ်စနစ်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။“အချင်းအချင်းငွေလွှဲနိုင်တာက လက်ရှိမှာ CDMA ငါးသိန်းတန် ၀၉ -၇၃ ဖုန်းတွေပဲရတယ်၊ နှစ်သိန်း ဖုန်တွေကိုတော့ ငွေအချင်းချင်း လွဲပြောင်းလိုရအောင် စီစဉ်နေပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး ကဏ္ဍ Call Centerမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးမှ ယခင်ချထားပေးသော ငါးသိန်းတန် GSM ဖုန်းများတွင် အချင်းချင်းငွေကြေး

ကားတင်သွင်းခွင့်ပြုနောက် တိုးမြင့်လာသည့် ကန်ဒေါ်လာငွေလဲနှုန်း

နိုင်ငံသားတိုင်းအား ကားတင်သွင်းခွင့်ပြုလိုက်ပြီး (၁၀)ရက်တာကာလအတွင်း အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း သိသိသာသာမြင့်တက်ခဲ့ကြောင်း ပြည်တွင်းငွေလဲကောင်တာများနှင့်နိုင်ငံခြားငွေရောင်း ဝယ်သည့်ဈေးကွက်အတွင်းက သိရှိရသည်။“မေလလဆန်းပိုင်းကတည်းက တစ်ဒေါ်လာကို ၈၃၀ ကျပ် ကျော်အထိ မြင့်တက်လာတယ်။ လာ ရောင်း/ဝယ်သူလည်း တိုးလာတယ်။ နိုင်ငံတော်အစိုးရရဲ့ တိုးတက်ပြောင်းလဲမှုတွေနဲ့ နိုင်ငံခြားက စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီး ပြည်ပက ရင်းနှီးမြှပ်နှံမှုတွေလည်း ဝင်နေတဲ့အတွက်ကြောင့် ငွေလဲနှုန်း တက်လာတယ်လို့

မန္တလေးတွင် ဆန္ဒပြတောင်းဆိုခဲ့သူများမှ ဆရာညီပုလေးအပါအ၀င် အချို့ပြန်လွတ်

မန္တလေးမြို့တွင် လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့သူအချို့ကို  မန္တလေးတောင်ခြေသတင်းတပ်ဖွဲ့ ရုံးက မေလ ၂၂ရက် နေ့လည် ၁၂နာရီတွင် ပြန်လည်လွှတ်ပေးလိုက်သော်လည်း အချို့မှာ ဆက်လက်စစ်ဆေး နေဆဲဖြစ်သည်။
မန္တလေးတောင်ခြေသတင်းတပ်ဖွဲ့ရုံးမှ မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုသူအချို့အား နောက်ကွယ်မှ

လေဖြတ်သူများအတွက် စိတ်ဖြင့်ခိုင်း၍ ရမည့် စက်ရုပ်လက် တီထွင်

လည်ပင်း အောက်မှစကာ ကိုယ်အောက်ပိုင်း သေနေသဖြင့် မိမိကိုယ်ကိုယ် မပြုစုနိုင်သူများအတွက် ကိုယ်တိုင်စိတ်ဖြင့် ခိုင်းနိုင်မည့် စက်ရုပ်လက်ကို အမေရိကန် ပညာရှင်များက အောင်မြင်စွာ စမ်းသပ် သရုပ်ပြ နိုင်ခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ဝေဒနာရှင်၏ ဦးနှောက်တွင် တပ်ဆင်ထားသည့် Sensor အာရုံခံကိရိယာက ကွန်ပျူတာနှင့် ချိတ်ဆက်ကာ အီလက်ထရွန်နစ် အချက်အလက်အဖြစ်သို့ ပြောင်းလဲပြီး စက်ရုပ်လက်ကို ခိုင်းစေခြင်းဖြစ်ကြောင်း Journal Nature

အောက်ခြေဝန်ထမ်းများလုပ်ရပ် အစိုးရကို အကြည်ညို ပျက်စေမှုဖြင့် တရားစွဲနိုင်ဟု ကိုကိုကြီးဆို

ပြုပြင် ပြောင်းလဲရေး ပြုလုပ်နေစဉ် အောက်ခြေဌာန ဆိုင်ရာများ၌ မိမိသဘောဖြင့် ထင်ရာမြင်ရာ လုပ်နေသည့် အစိုးရ က အကြည်ညိုပျက်စေမှုဖြင့် တရားစွဲနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုကိုကြီးက မေလ ၁၇ ရက်နေ့တွင် ထားဝယ်ခရိုင် ကံပေါက် ဒေသခံများနှင့် တွေ့ဆုံချိန်၌ ပြောကြားသည်။
၈၈ မျိုးဆက် ကျောင်းသားများ၏ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်တွင် လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာနှင့် လောင်းလုံးမြို့တို့တွင် ဆိုင်းဘုတ်များဖြင့် ကြိုဆိုခွင့်ကို ပိတ်ပင်ခြင်း၊ ကံပေါက်တွင် ဘောလုံးကွင်း အသုံးပြုခွင့်ကို ပိတ်ပင်ခြင်း စသည်များသည် အောက်ခြေဌာန

အိမ်ပျက်စီးအောင် နေထိုင်သောကြောင့် (အိမ်ရှင် အိမ်ဌားပြသနာ)

အိမ်ရှင် အိမ်ငှားတို့ အကြား ပြဿနာများကို ဖြေရှင်း ဆုံးဖြတ်ပေးရန် နိုင်ငံတော်က ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေကို ပြဌာန်း ပေးထားပါသည်။ ယင်းဥပဒေအရ အိမ်ငှားက အိမ်ရှင်အိမ်ငှား ချုပ်ဆိုထားသော စည်းကမ်းချက်ကို ဖောက်ဖျက်လျှင် ယင်းဥပဒေပုဒ်မ ၁၂(၁) (က) ဒုတိယပိုင်းအရ လည်းကောင်း၊ အိမ်ပျက်စီးအောင် နေထိုင်လျှင် ယင်းဥပဒေပုဒ်မ ၁၂(၁) (ဂ)အရ လည်းကောင်း အိမ်ရှင်က အိမ်ငှားကို ငှားရမ်းထားသည့်အခန်းမှ

လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲ ရန်ကုန်မြို့ပါဝင်လာပြီ ( အသံဖိုင်နှင့်တစ်ကွ)

2012-05-22
အင်္ဂါနေ့ညက ရန်ကုန်၊ မန္တလေးနဲ့ ပြည်မြို့တွေမှာ လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ရန်ကုန်မြို့ဆူးလေစေတီအနီးမှာ လူတစ်ထောင်ခန့် ဖယောင်းတိုင်တွေထွန်းပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
(Photo: AFP)
လျှပ်စစ်မီးများ ထိန်ညီးနေသော နေပြည်တော်မြို့သစ်ကို ၂၀၀၈ မတ်လ ၂၇ ရက်နေ့က တွေ့မြင်ရပုံ ဖြစ်ပါသည်။ ရန်ကုန်မြို့ကြီးနှင့်တကွ အခြားမြို့ရွာများတွင် လျှပ်စစ်မီးပုံမှန် မရရှိပါ။ (Photo: AFP)
ည ၇ နာရီလောက်မှာ လူပေါင်း ၁၀၀ ခန့်က ဖယောင်းတိုင်များထွန်းကာ ဆူးလေဘုရားတ၀ိုက် စတင်စုဝေး လှည့်လည်ခဲ့ကြပါတယ်။
မြို့တော်ခန်းမအနီးမှ စတင်လမ်းလျှောက်ခဲ့ကြပြီး မဟာဗန္ဓုလလမ်းမကြီးနှင့် ၃၁ လမ်းထောင့် အရောက်တွင် ရဲမှူးကြီးအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဦးဆောင်သည့် ရဲတပ်သားများက ရှေ့ဆက်မသွားကြရန်နှင့်

ယီမင်မှာ အယ်လ်ခိုင်းဒါး ဗုံးခွဲလက်စားချေ

ယီမင်နိုင်ငံမှာ တနင်္လာနေ့က လူပေါင်း ၉၆ ယောက်သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာ ရခဲ့ကြတဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုဟာ အမေရိကန် ထောက်ခံအားပေးမှုနဲ့ အစိုးရက သူတို့အဖွဲ့ဝင်တွေကို တိုက်ခိုက်နေတာတွေအတွက် ပြန်ပြီး ကလဲ့စားချေလိုက်တာပဲလို့ အယ်လ်ခိုင်းဒါး အဖွဲ့က ပြောပါတယ်။
ယီမင်နိုင်ငံ မြို့တော် Sana’a မှာ စစ်ရေးပြ အခမ်းအနားအတွက် ရာနဲ့ချီ တပ်ဖွဲ့တွေ တန်းစီးပြီး အကြို လေ့ကျင့်မှုတွေ နေကြတုန်း သံသယဖြစ်ဖွယ် စစ်သားတစ်ယောက်က ဗုံးခွဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ယီမင်အစိုးရ အရာရှိတွေက ပြောပါတယ်။ ယီမင် မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသ သွေးစည်းမှု အထိမ်းအမှတ်

အာဖဂန်လမ်းပြမြေပုံ NATO ချမှတ်

အမေရိကန်ပြည်ထောင်စု ရှီကာဂိုမှာ ကျင်းပပြုလုပ်နေတဲ့ မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ နေတိုး ထိပ်သီးဆွေးနွေးပွဲမှာ အာဖဂန် နစ္စတန်က နေတိုးအခန်းကဏ္ဍနဲ့ပတ်သက်လို့ ရှင်းလင်းတဲ့ လမ်းပြမြေပုံ တခု ထွက်လာဖို့ နီးစပ်လာပြီလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။
အာဖဂန်နစ္စတန်အစိုးရအနေနဲ့ ၂၀၁၄ ခုနှစ်မှာ သူ့လုံခြုံရေးကိုယ် ကိုယ်တိုင်ကိုယ်ကျ အပြည့်အ၀ တာဝန်ယူလာနိုင်ဖို့အတွက် နေတိုး အဖွဲ့ဝင်တွေဟာ တညီတညွတ်တည်း စစ်အဆုံးသတ်ရေး အစီအစဉ်တရပ် ရေးဆွဲခဲ့ကြတယ်လို့ မစ္စတာအိုဘားမားက နှစ်ရက်ကြာလုပ်တဲ့ နေတိုးထိပ်သီးဆွေးနွေးပွဲနဲ့

တရုပ်လုပ် ပစ္စည်းအတုတွေ အမေရိကန် စစ်တပ်သုံး



အမေရိကန်စစ်လက်နက် ပစ္စည်းတွေမှာ တရုတ်နိုင်ငံလုပ် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်း အတုတွေကို သုံးနေတာ တွေ့ရတယ်လို့ အမေရိကန် အထက်လွှတ်တော် စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောပါတယ်။  ဒါဟာ အမေရိကန်တပ်တွေရဲ့  လုံခြုံစိတ်ချရမှု အတွက်ရော နိုင်ငံတော် လုံခြုံရေး အတွက်ပါ အန္တရာယ်

ရန်ကုန်တက္ကသိုလ်နယ်မြေ စီးပွားရေးအတွက် အသုံးမချသင့်


ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေးအတွက် တိုက်တွန်းထားတဲ့ အိတ်ဖွင့် ပေးစာတစောင်ကို သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးပုဂ္ဂိုလ်တဦးဖြစ်သူ ဦးမြင့်က ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းက ဖြန့်ချိခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့အတူ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ပြန် တည်ဆောက်ဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ကို အပြည့်အ၀ အားပေးထောက်ခံသွားမှာဖြစ်ပြီး ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂဆိုတာရှိရမှာပဲလို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်ကိုမင်းကိုနိုင်က ပြောပါတယ်။ အပြည့်အစုံကို

မြန်မာ့ပြောင်းလဲမှု ဆက်ထိန်းနိုင်ရင် ဖွံ့ဖြိုးမှုအလာအလာကောင်း


မြန်မာနိုင်ငံဟာ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်မပျက် မှန်မှန်သွားနိုင်မယ်ဆိုရင်တော့ တိုးတက် ဖွံ့ဖြိုးရေး အလားအလာကောင်းတွေ ရှိနေတယ်လို့ အမေရိကန်အခြေစိုက် Carnegie Endowment နိုင်ငံ တကာငြိမ်းချမ်းရေးလေ့လာမှုဌာန စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း ရှိပြီးသား အရင်းအမြစ်တွေကို မှန်မှန်ကန်ကန် ဖြစ်လာအောင် ပြောင်းလဲအသုံးချဖို့ကိစ္စမှာ စိန်ခေါ်ချက်တွေတော့ ရှိနိုင်တယ်လို့ သူက ယူဆပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက ဆက်ပြီး

လျှပ်စစ်မီးကိစ္စ ဆန္ဒပြမှုနဲ့ ကိုကိုကြီးရဲ့ သဘောထား

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုပြဿနာဟာ အချိန်တိုအတွင်း ပြေလည် သွားနိုင်မယ့် အရေးမဟုတ်ဘူးဆိုတာ သိနားလည်ပေမဲ့ လက်တွေ့ခံစားနေရတဲ့နစ်နာမှုနဲ့ လိုလားချက်တွေကို အစိုးရက ကူညီ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင်ချက်နဲ့ ဆန္ဒပြနေသူတွေရဲ့ ယုံကြည်ချက်ကို ချိုးနှိမ် မပစ်ဘဲ ထိထိရောက်ရောက် စီမံဆောင်ရွက်ပေးသင့်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က မြန်မာအစိုးရကို တိုက်တွန်း လိုက်ပါတယ်။

 လှိုင်သာယာစက်မှုဇုန် ဆန္ဒပြ စက်ရုံအလုပ်သမားများထံသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လာရောက်တွေ့ဆုံ




ကိုမင်းကိုနိုင်နှင့်အဖွဲ့သည် ဆန္ဒပြစက်ရုံများဖြစ်သည့် Hi Mo ဆံပင်တုစက်ရုံ၊ ပုလဲ၊ YJ၊ နေမင်းအောင်နှင့် စပယ်ပွင့် အထည်ချုပ်စက်ရုံများသို့ သွားရောက်ပြီး ဆန္ဒပြ စက်ရုံအလုပ်သမားများအား အကြမ်းဖက်မှုများမပြုလုပ်ပဲ ငြိမ်းအေးစွာဖြင့် မိမိတို့ဆန္ဒကို တောင်းဆိုရန်၊ အ ချင်းချင်း ညီညွတ်ကြရန်၊ စည်းကမ်းရှိရှိ သစ္စာရှိရှိဖြင့် ငြိမ်းအေးစွာ ဆန္ဒပြတောင်းဆိုကြရန် ပြောကြားခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့်လည်း အလုပ်သမားများ၏ ကျန်းမာရေးနှင့် ရိက္ခာအတွက်တတ်နိုင်သလောက် ကူညီထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု

လှိုင်သာယာစက်မှုဇုန် ဆန္ဒပြစက်ရုံ ငါးရုံစုပေါင်း၍ နိုင်ငံတော်သမ္မတထံသို့ စုပေါင်း တောင်းဆိုမှုများ ပြုလုပ်သွားမည်

လှိုင်သာယာစက်မှုဇုန်မှ လက်ရှိဆန္ဒပြနေသည့် စက်ရုံငါးရုံ ဆန္ဒပြ အလုပ်သမားများ စုပေါင်း၍ နိုင်ငံတော်သမ္မတထံသို့ စုပေါင်းတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း
 မေလ(၂၁)ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြ စက်ရုံငါးရုံ၏ သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။
စုပေါင်းတောင်းဆိုသွားမည့် အချက်များတွင် အချက်(၄)ချက် ပါဝင်ပြီး (၁)ဆန္ဒပြ စက်ရုံငါးရုံလုံးမှ အလုပ်သမားများအား တစ်လ ထောက်ပံ့ကြေး ကျပ်သုံးသောင်းနှင့် ဆုကြေးအပါအ၀င်

Hi Mo ဆံပင်တုစက်ရုံ အဆောင်နေ လုပ်သားများ ရေ မီး ဖြတ်တောက်မှုခံထားရပြီး လုပ်သား ၄၀ ကျော် ဖျားနာမှုများရှိနေ

Hi Mo ဆံပင်တုစက်ရုံမှ အဆောင်နေ ဆန္ဒပြလုပ်သားများ ရေ မီး ဖြတ်တောက်မှုခံထားရပြီး အဆောင်တွင်း၌လည်း လုပ်သား ၄၀ ကျော် ဖျားနာမှုများရှိနေကြောင်း သတင်းရရှိသည်။
''ဒီရက်ပိုင်းမှာ မီး၊ ရေ ဖြတ်ထားလို့ ရေတွေ ၀ယ်သုံးနေရပါတယ်။ ဆန္ဒပြရက်တွေအတွင်းမှာ မိုးရွာတော့ အအေးမိတဲ့သူမိပြီး ဖျားနေသူက ၄၀ လောက်ရှိတယ်။ မီးက မလာ၊ ရေမရှိ၊ ဖျားသူက ဖျားနဲ့။ မီးရော၊ ရေရော စက်ရုံက ဖြတ်ထားတာပါ။ မီးကတော့ ပေးချင်တဲ့အချိန် ကျရင် ပေးပါတယ်။ ညဘက်ဆိုရင်လည်း စက်ရုံ လုံခြုံရေးရှိပေမယ့် မိန်းကလေးတွေပဲရှိပြီး ဘယ်အချိန်၊ ဘယ်သူဝင်လာမယ်ဆိုတာ မသိနိုင်လို့ အလှည့်ကျ

ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း အရွယ်မရောက်သေးသူ အမျိုးသမီးငယ်များ အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ် ၅၅ မှုအထိ ရှိလာ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ ယုံကြည်မှု လွန်ကဲခြင်းနှင့် အဓမ္မမှုဖြစ်စဉ် အများစုဖြစ်ကြောင်း သိရ

ဖြစ်ပွားခဲ့သော ဖြစ်စဉ် ၅၅ မှု အနက် မြို့ပေါ်ရပ်ကွက်တွင် ဖြစ်စဉ် ၃၀ မှု၊ ကျေးရွာတွင် ဖြစ်စဉ် ၂၅ မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မုဒိမ်းမှု ၁၆ မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူများမှာ ၁၀ နှစ်အောက် သုံးမှု၊  ၁၀ နှစ်မှ ၁၃ နှစ်ထိ ခြောက်မှု၊ ၁၄ နှစ် မှ ၁၅ နှစ်အထိ ငါးမှုနှင့် ၁၆ နှစ်မှ ၅၀ နှစ် အထိ နှစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ လအတွင်း ဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ယုံကြည်မှုလွန်ကဲခြင်း သုံးမှုနှင့် ဖြားယောင်းသွေးဆောင်မှု

ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေကြောင့် ရွှေ့ပြောင်းနေထိုင်ရသူဦးရေ လက်ရှိတွင် တစ်သိန်းနီးပါးခန့် ရှိနေပြီး ကယ်ဆယ်ရေးစခန်းများ၌ အစားအသောက်နှင့် ဆေးဝါးများ များစွာ လိုအပ်နေဟုဆို



ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေကြောင့်  ရွှေ့ပြောင်းနေထိုင်ရသူဦးရေ လက်ရှိတွင် တစ်သိန်းနီးပါးခန့် ရှိနေပြီး ကယ်ဆယ်ရေးစခန်းများ၌ အစားအသောက်နှင့် ဆေးဝါးများ များစွာ လိုအပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
''အရင်တုန်းက အပစ်အခတ်တွေက မြန်မာတရုတ် နယ်စပ်ဘက်တွေမှာ ဖြစ်ပေမယ့် အခုပူတာအို၊ မြစ်ဆုံအထက်ပိုင်း
အထိ ရောက်လာပြီ။ လောလောဆယ် လိုင်ဇာဘက်က အများဆုံးပဲ။ ဖားကန့်ဘက်မှာလည်း နည်းနည်း အသံထွက်လာတယ်။ ဒုက္ခသည်တွေလည်း လက်ရှိ ပိုပိုပြီး များလာတယ်။ အရင်တုန်းကဆိုရင် ဒုက္ခသည်

ဖိလစ်ပိုင်မြေယာ ပါမောက္ခ John Borras နှင့် နိုင်ငံရေးပါတီခေါင်းဆောင်အချို့ မြေယာကိစ္စဆွေးနွေး

ဖိလစ်ပိုင် မြေယာပါမောက္ခ John Borras နှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့သည် မေလ ၂၀ ရက်နေ့က ရန်ကုန်မြို့ရှိ Summit  Parkview ဟိုတယ်တွင် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော
 မြေယာပြဿနာများနှင့် ပတ်သက်၍ ဆွေး နွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ဒီမိုက ရက်တစ်ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ ဦးသု ဝေ၊ ပြည်သူ့ဒီမိုကရေစီပါတီမှ ဦး အောင်သန်း၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးအောင်ဇေနှင့် အခြား NGO အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။John Borras ပြောတာကတော့ သူတို့ ဖိလစ်ပိုင်မှာ ပထမအစိုးရ လက်ထက်တုန်းက လယ်ယာမြေကို ခွဲဝေပေးတဲ့ ဥပဒေမရှိဘူး။ ဒါပေမယ့် အစိုးရပြောင်းတော့

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စစ်ဆေးဆဲကာလတွင် အဆိုပါရုံးပေါ်မှ ပြုတ်ကျသေဆုံးခဲ့သူ နန်းဝိုးဖန်၏ ခင်ပွန်းဂျပန်နိုင်ငံသားကို အိမ်ခြံမြေနှင့် စိုက်ပျိုးမြေများကိုဝယ်ယူ၍ ဈေးကစား အမြတ်တင်ရောင်းချမှုများ ပြုလုပ်သည်ဟူသော စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိ


581
သေဆုံးသူ မနန်းဝိုးဖန်း နှင့် ပတ်သက်၍
ရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်က
 မနန်းဝိုးဖန်၏ ခင်ပွန်းဂျပန်နိုင်ငံသားကို တွေ့ရစဉ်



အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စစ်ဆေးဆဲကာလတွင် အဆိုပါရုံးပေါ်မှ ပြုတ်ကျသေဆုံးခဲ့သူ မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသားကို အိမ်ခြံမြေနှင့် စိုက်ပျိုးမြေများကိုဝယ်ယူ၍ ဈေးကစား အမြတ်တင် ရောင်းချမှုများ ပြုလုပ်သည်ဟူသော စွဲချက် ဖြင့် မေလ ၁၇ ရက်နေ့တွင် ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း သိရသည်။၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ် ၅ လပိုင်းအတွင်း ဂျပန်နိုင်ငံသား Mr. Namas e Motohiko  သည် ဗဟန်း မြို့နယ်နေသူသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တရားဝင် လုပ်ကိုင်ခွင့် တင်ပြထားခြင်းမရှိဘဲ အိမ်ခြံမြေပွဲစားများ၊ အကျိုးဆောင် ကုမ္ပဏီများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း

သာကေတ ကျုးကျော်တဲ့ ရပ်ကွက် ၃ ရက်အတွင်း အပြီးရွှေ့ ရမည်

သာကေတစက်မှုလက်မှုအမှတ်၄၃၆ ရပ်ကွက်ရှိ အိမ်ခြေသုံးရာကိုကျုးကျော် တဲရပ်ကွက် အဖြစ်သတ်မှတ် ကာသုံး ရက်  အတွင်းအဆိုပါနေရာမှအပြီးတိုင် ဖယ်ပေးရမည်ဟု သိရသည်။
မေ၁၈ရက်ပါ နေ့စွဲစာအမှတ်၂/၂-၄၅/ဦး၁ဖြင့်ကျူးကျော်တဲအဆောက် အဦးများဖျက်သိမ်း ပြောင်းရွှေ့ ရန် သာကေတ မြို့ နယ်အုပ်ချုပ်ရေးမှုးရုံးမှအကြောင်း ကြားခဲ့ကြောင်း၊ သုံးရက်အတွင်း အကြောင်း ကြားရ မည်ဖြစ်ကာ မပြောင်းရွှေ့ပါက ဘိုတူဇာ  ဖြင့်မြေအိမ်နေရာများကိုဖယ် ရှားပစ်မည်ဟု

နိုင်ငံတော်သမ္မတဦးသိန်းစိန် အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ ရဲအဖွဲ့အကြီးအကဲများအဖွဲ့ အား လက်ခံတွေ့ ဆုံ

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်၌ ကျင်းပနေသည့် (၃၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များ အစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံနိုင်ငံ ရဲချုပ်များ နှင့် ဆွေးနွေးဘက် နိုင်ငံများ၏ ရဲအဖွဲ့ အကြီး အကဲများ၊ Interpol ရဲအဖွဲ့ အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ် အဖွဲ့များက လာရောက် ဂါရဝပြုတွေ့ ဆုံရာ

၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ဥက္ကဌ ဦးအေးလွင် ထောင်ဒဏ် ၂ လ ချမှတ်ခံရ

၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဥက္ကဌ ဦးအေးလွင် ကိုလှည်းကူးတရားရုံမှ ယနေ့ နံနက် ပိုင်းတွင် ထောင်ဒဏ် ၂ လ အမိန့်ချ မှတ်လိုက်ကြောင်း သိရသည်။ တရားဝင် နိုင်ငံရေးပါတီမှ ဥက္ကဌ တစ်ဦးအား ပြစ်ဒဏ်ချမှတ်ခြင်း မှာ အစိုးရသစ်လက်ထက်တွင် ပထမဦးဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။ ဝတ်တရားနှောင့်ယှက်မှုဖြင့် အရေးယူခဲ့ခြင်းဖြစ်ပြီး ယင်းပါတီမှ ပြစ်ဒဏ်လျော့ ပေါ့ရေး နှင့် ပြစ်ဒဏ်ပြင် ဆင်ခြင်း  တို့ကို အယူခံဝင်သွားမည် ဟု  သိရသည်။
ဝတ်တရား နှောင့်ယှက်မှုနှင့် ဒီနေ့မနက်မှာဘဲ လှည်းကူးတရားရုံးက ပြစ်ဒဏ် ၂ လ ချမှတ်လိုက်တယ်၊ ဝန်ထမ်းတွေရဲ့ ဝတ်တရားကိုလည်း မနှောင့်ယှက်ဖူးပါဘူး ဒီအမှုက ၂၀၁၁

မန္တလေးမှ အထက်တန်းရှေ့နေတစ်ဦးအား ရှေ့နေလိုင်စင် နှစ်နှစ်ရပ်ဆိုင်း

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အထက်တန်းရှေ့နေတစ်ဦးအား ရှေ့နေလိုက်သူများ အက်ဥပဒေပုဒ်မ ၁၃(စ) အရ အထက်တန်း ရှေ့နေအဖြစ်  လိုက်ပါဆောင်ရွက်ခွင့်လိုင်စင် ကို နှစ်နှစ် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်လိုင်စင် နှစ်နှစ် ရပ်ဆိုင်းခြင်းခံရသူမှာ မန္တလေးမြို့ချမ်းမြသာစည် မြိုနယ်နေ အထက်တန်းရှေ့နေ  ဒေါ်စိန်စိန်ကြည် (လိုင်စင်အမှတ် ၁၇၉၃၅) ဖြစ်ကာ ယင်းအား  ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ပြည်ထောင်စု တရား လွှတ်တော်

ဒဂုံမြောက်တွင် တန်ဖိုး နည်းအိမ်ရာလာမည်

ဒဂုံမြောက်မြို့ နယ်တွင် တန်ဖိုး နည်းအိမ်ရာများ တည်ဆောက်မည့် စီမံကိန်းကို မြို့ တော်စည်ပင်က ပထမဆုံးအကြိမ်စတင်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့  တော်စည်ပင် သာယာရေး ကော်မတီ အတွင်းရေးမှူး  ဦးကျော်စိုး ကထုတ်ဖော် ပြောကြား သည်။
အဆိုပါတန်ဖိုးနည်း  အိမ်ရာများ ကိုအမှတ်၄၄ရပ်ကွက်၌ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ပိုင်မြေကွက်တွင် ဆောက်လုပ် သွားမည်ဖြစ်ကာမြေဧကပေါင်း၉ ဒဿမ၂၅ဧကအကျယ်အဝန်းရှိ ပြီးယင်းစီမံကိန်းကို  မကြာမီ အကောင် အထည် ဖော် ဆောင်ရွက်

ပင်လယ်ကူး​သ​င်္ဘောသား​များ​အသင်း​ အလုပ်သမား​အဖွဲ့ အဖြစ် ရပ်တည်မည်


 

မြန်မာသ​ဘောင်္သား​တွေအတွက် အလုပ်သမား​ရပိုင်ခွင့်​နဲ့​ အခွင့်​အ​ရေး​တွေ ပိုမိုရရှိ ​အောင်ရည်ရွယ်ပြီး​ မြန်မာသ​င်္ဘောသား​အသင်း​ အဖွဲ့​တွေက​နေ အလုပ်သမား​ အဖွဲ့​အစည်းအဖြစ်​ပြောင်း​လဲရပ်တည်​တော့​မယ်လို့​ အဖွဲ့​တာဝန်ရှိသူ​တွေက ​ပြောပါတယ်။
လွန်ခဲ့​တဲ့​ ၁၀ နှစ်​လောက်ကတည်း​က မြန်မာပင်လယ်ကူး​ သ​င်္ဘောသား​တွေရဲ့​ အ​ရေး​ကူညီ ​ဆောင်ရွက်​ပေး​ဖို့​ ဖွဲ့​စည်း​ထား​တဲ့​ မြန်မာနိုင်ငံပင်လယ်ကူး​ သ​င်္ဘောသား​များ​အသင်း​ Myanmar Overseas Seafarers Association (MOSA)ကို ဖျက်သိမ်း​ပြီး​ အလုပ်သမား​အဖွဲ့​အစည်း​တခုရဲ့​ လက်

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။