MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 28, 2012

Yahoo မှ အချက်အလက်များရှာဖွေရန် Internet Browser အသစ်ဖန်တီး

အင်တာနက် အချက်အလက် ရှာဖွေရေးနယ်ပယ်တွင် နောက်ကောက်ကျခဲ့သော ယာဟူးကုမ္ပဏီသည် ပုံစံသစ်မိုဘိုင်း Browser တစ်မျိုးကို ထပ်မံ ဖန်တီးခဲ့ကြောင်း သိရသည်။ Yahoo!Axis ဟု အမည်ပေးထားသော Browser ကို အက်ပဲလ်၏ iOS စနစ်သုံး ပစ္စည်းများတွင် မိုဘိုင်း Browser အဖြစ် သုံးနိုင်မည်ဖြစ်သလို ပီစီကွန်ပျူတာများတွင်လည်း မော်ဇီလာ၊ IE ၊ ဆာဖာရီ၊  Chrome တို့တွင် Add on အဖြစ်ထည့်ကာ သုံးနိုင်မည်ဖြစ်သည်။အချက်အလက်တစ်ခုကို ရှာဖွေပြီး ဖွင့်လိုက်ချိန်တွင်လည်း  ရှာဖွေပေးထားသည့် အခြား အချက်အလက်များကိုပါ Preview အဖြစ် ဆက်ကြည့်လိုက ကြည့်နိုင်ခြင်း၊ ခေါက်ပြီးဝှက်ထားလိုက

အိန္ဒိယတွင် လောင်စာဈေးနှုန်း မြင့်တက်မှုကြောင့် ဆန္ဒပြမှုများဖြစ်ပွား







 မေလ ၂၄ ရက်နေ့ ကိုလ်ကတ္တားတွင် လောင်စာဆီဈေး
 မြင့်တက်မှုကို ကန့်ကွက် ဆန္ဒပြနေကြသူများ
အိန္ဒိယနိုင်ငံတွင် လောင်စာဈေးနှုန်း မြင့်တက်မှုကို ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားနေပြီး လာမည့် မေလ ၃၁ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြကြရန် အတိုက်အခံ ဘီဂျေပီပါတီ ဦးဆောင်သော အမျိုးသားဒီမိုကရက်တစ် ညွန့်ပေါင်းက နှိုးဆော်ထားသည်။လောင်စာဈေးနှုန်း မြင့်တက်ခြင်းကို

 မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) အမှုဆောင် ကော်မတီသစ်ကို ဂီတသမားများ၏ ရွေးချယ်မှုဖြင့် လွတ်လပ်စွာ ပြန်လည်ဖွဲ့စည်းခွင့်ပြု


e7342

ဂီတလောကသားများ၏ လွတ်လပ်စွာ ရွေးချယ်မှုဖြင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) အမှုဆောင် ကော်မတီသစ်ကို ပြန်လည်ဖွဲ့စည်း သွားမည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ ပြန်လည်ဖွဲ့စည်းရန် ကိစ္စရပ်နှင့်ပတ်သက်၍ ဂီတအစည်းအရုံး (ဗဟို) လက်ရှိ အမှုဆောင်အဖွဲ့များမှမီဒီယာများနှင့်တွေ့ဆုံ၍ ခေါ်ယူရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို)ကို ပြန်လည်ဖွဲ့စည်းရာတွင်  ပြန်လည်ဖွဲ့စည်းရေးကြီးကြပ်မှုကော် မတီ

‘Nargis When Time Stopped Breathing’ ဇာတ်ကား ရုပ်ရှင်ပွဲတော်များတွင် ဆုများရရှိ



e7341

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း တိုက်ခတ်မှုအပြီးတွင် မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ဧရာဝတီတိုင်းရှိ ရွာများသို့ သွားရောက်ကာပုံဖော် ရိုက်ကူးထားသည့် ‘Nargis When Time Stopped Breathing’ မှတ်တမ်းရုပ်ရှင် ဇာတ်ကားကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပြသခဲ့ကာ ဆုများလည်း ဆွတ်ခူးရရှိခဲ့သည်ဟု သတင်းရရှိသည်။အဆိုပါဇာတ်ကားကို ၂၀၁၀ ပြည့်နှစ်တွင် အပြီးသတ်ဖန်တီးနိုင် ခဲ့ပြီးနောက် နိုင်ငံတကာ ရုပ်ရှင်ပွဲ တော်များတွင်ပြသနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းမှတ်တမ်း ရုပ်ရှင်ဇာတ်ကားတွင် နာဂစ်မုန်တိုင်း စတင်ချိန်မှ စတင်၍ တစ်လပြည့်ဆွမ်းကပ်ချိန် အထိကြားကာလတွင် မုန်တိုင်းဒဏ် ခံစားခဲ့ရသည့်

ရုရှားအာဏာရပါတီက မက်ဗီဒက်ကို ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်


ရုရှားဝန်ကြီးချုပ် မက်ဗီဒက် ပါတီခေါင်းဆောင် ရွေးချယ်မှုအတွက် မဲပေးနေစဉ်

ရုရှားအာဏာရ ယူနိုက်တက်ရုရှားပါတီက ပါတီခေါင်းဆောင်သစ်အဖြစ် လက်ရှိဝန်ကြီးချုပ် ဒီမစ်ထရီ မက်ဗီဒက်ကို မေလ ၂၆ ရက်တွင် အတည်ပြု ရွေးချယ်ခဲ့ကြောင်း သိရသည်။

ကရင်မလင်အစိုးရအပေါ် အတိုက်အခံတို့၏ ဆန္ဒပြမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး လူကြိုက်များမှု ကျဆင်းမှုကို ပြန်လည်အဖတ်ဆယ်နိုင်ရန်အတွက် ယခင်ပါတီခေါင်းဆောင်ဖြစ်သော လက်ရှိသမ္မတ ဗလာဒီမာပူတင်နေရာတွင် မက်ဗီဒက်ဖြင့် အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ မော်စကိုတွင်ပြုလုပ်ခဲ့သော ပါတီကွန်ဂရက်၌ ဧည့်သည်နှင့် ကိုယ်စားလှယ် ၃၀၀၀

စင်ကာပူ ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံတို့ အနိုင်ရ


ရွေးကောက်ပွဲအနိုင်ရခဲ့သော Png Eng Huat(လယ်)နှင့် ပါတီတာဝန်ရှိသူများကိုမေလ ၂၆ ရက်တွင် တွေ့ရစဉ်

စင်ကာပူအတိုက်အခံ အလုပ်သမားပါတီမှ အမတ်တစ်ဦးသည် ဖေဖော်ဝါရီလတွင် ပါတီမှ အထုတ်ခံရသဖြင့် လစ်လပ်သွားသောနေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာ အတိုက်အခံပါတီကပင် အနိုင်ရခဲ့ကြောင်း သိရသည်။Hougang ခရိုင်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ အတိုက်အခံပါတီမှ ကိုယ်စားလှယ်လောင်း Png Eng Huat က မဲ ၆၂ ဒသမ ၀၉ ရာခိုင်နှုန်း ရရှိခဲ့ပြီး အာဏာရ  People's Action Party (PAP) ပါတီမှ ကိုယ်စားလှယ်လောင်း ဒက်စမွန်ချိုက မဲ ၃၇ ဒသမ ၉၁ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း

ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က
 ဖြစ်ပွားခဲ့သည့် မီးလောင်မှုမြင်ကွင်းကို တွေ့ရစဉ်


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖယေင်းတိုင်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅လုံးမီး လောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄)ရပ်ကွက် စိန်ပန်းလမ်းနှင့် မနော်ဟယ်ရီလမ်းကြား အကွက် (C-1)တွင်နံနက် ၉ နာရီ ၃၀မိနစ်က စတင်လောင်ကျွမ်းခဲ့ကြောင်း၊ ၁၅ ပေ၊ ပေ ၂၀

သောက်သုံးရေတွင် ပိုးသတ်ဆေးပါဝင်မှု ရှိမရှိ ဆန်းစစ်ရန်စီစဉ်


73411
ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလေးကန် တစ်နေရာကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ သောက်သုံးရေ အရည်အသွေး၌ ပိုးသတ်ဆေး ပါဝင်မှုရှိမရှိ နှင့် သတ်မှတ်စံနှုန်းများထက် ကျော်လွန်မှုရှိမရှိ ကျန်းမာရေး ဦးစီးဌာန၊ လုပ်ငန်းခွင်ကျန်းမာရေး ဌာနမှ ဆန်းစစ်မှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မေလ ၁၇ နှင့် ၁၈ ရက်တို့တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် ‘မြန်မာနိုင်ငံရှိ သောက်သုံးရေများတွင်ပိုးသတ်ဆေး ပါဝင်မှုပမာဏစံနှုန်းသတ်မှတ်ခြင်း

အရှေ့တောင် အာရှနိုင်ငံများတွင် ပြသလျက်ရှိသည့် Tour Exhibition ပြပွဲတွင် မြန်မာအနုပညာရှင် အောင်ကို၏ လက်ရာများပါဝင်ပြသ

အရှေ့တောင်အာရှနိုင်ငံများတွင် Tour Exhibition  အဖြစ်လှည့် လည်ပြသလျက်ရှိသည့် River Scape In Flux အနုပညာပြပွဲတွင် မြန်မာအနုပညာရှင် အောင်ကို၏ အနုပညာဖန်တီးမှု လက်ရာများ ပါဝင်ပြသထားကြောင်း သိရသည်။River Scape In Flux ပြပွဲကို ဂျာမနီနိုင်ငံ GOTHI INSTITUTE မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး မြစ်နှင့် ပတ်သတ်သည့် အနုပညာဖန်တီးမှု မျိုးစုံကို Tour Exhibition အဖြစ် အရှေ့တောင်အာရှ နိုင်ငံများတွင် လှည့်လည်ပြသသည့် ပွဲဖြစ်ကြောင်း သိရသည်။“ဒီပွဲအတွက် ပြင်ဆင်မှုတွေကို ၂၀၁၁ ခုနှစ်လောက် ကတည်းက လုပ်နေတာပါ။ ကျွန်တော်ကတော့ ဒီပွဲမှာလှေနဲ့ သဘောင်္ပုံစံငယ်တွေကို သစ်သားအတိုအစ အဟောင်းတွေနဲ့ ပုံစံတူဖန်တီးထားတဲ့ လက်ရာတွေ၊ လှေတစ်စင်းရဲ့အင်္ဂါရပ် အစုံအလင် ပါဝင်တဲ့ပိတ်စနဲ့

မေလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စောင့်ကြည့်ရန် လိုဟုဆို


73413

၂၀၁၂ ခုနှစ် မေလနောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မိုးကြို မုန်တိုင်းအန္တရာယ်ကို စောင့်ကြည့်ရန် လိုသည်ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည်။
“ NOAA (National Oceanic and Atmospheric Administration) ကထုတ်ထားတဲ့ နှစ်ပတ်စာ ခန့်မှန်းချက် ထဲမှာ မေလ ၂၃ ရက်ကနေ ဇွန်လ ၅ ရက်အတွင်း ဘင်္ဂလားပင်လယ် အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင် ပိုင်း မြန်မာ့ရေပြင်နဲ့ထိစပ်နေတဲ့ အပိုင်းမှာ မုန်တိုင်းဖြစ်မယ်လို့ ပါတယ်။ မိုးကြိုမှာဖြစ်တဲ့မုန်တိုင်း၊ ဘင်္ဂလား ပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၃၆ ရာခိုင်နှုန်းက မြန်မာနိုင်ငံကိုဝင်တယ်။ အခုထိ မြန်မာနိုင်ငံကို ၀င်မယ်လို့ ခန့်မှန်းချက် မရှိသေးပေမယ့်

လယ်ယာမြေပြန်ရရေး မေမြို့ လှုပ်ရှားမှု


(ဓာတ်ပုံများ - နွေနိုင်)

အသိမ်းခံရတဲ့ လယ်မြေတွေ ပြန်ရရေး လှုပ်ရှားမှု တခုကို မနေ့က မေမြို့အ၀င် လွတ်လပ်ရေးကျောက်တောင်စေတီ ရင်ပြင်မှာ တွေ့ရပါတယ်။မေမြို့၊ နောင်ချိုမြို့နယ်တွေမှာ ရှိတဲ့ လယ်ယာမြေအသိမ်းခံ လယ်ပိုင်ရှင်များ ပြုလုပ်တဲ့ လယ်ယာမြေများပြန်လည်ရရှိရေး ဆုတောင်းပွဲပါ။အာဏာပိုင်တို့က စေတီ ၀င်ပေါက်တံခါးတွေ သော့ခတ်လိုက်တဲ့အတွက် ဆုတောင်းပွဲလာသူ ၅၀ ၀န်းကျင် ယာယီ ပိတ်မိသွားတယ် လို့ CJ Myanmar Facebook မှာ ရေးထားပါတယ်။ သူတို့ထဲက ၄ ဦးကို စစ်ဆေးမေးမြန်းတယ်လို့လည်း

သံမဏိစက်ရုံအစာငတ်ခံဆန္ဒပြသူများမှ ဆေးရုံတင်ရသူ (၁)ဦးအပါအ၀င် လဲကျသူ(၃)ဦး အထိရှိလာ

မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ သံမဏိသံရည်ချိုစက်ရုံ အစားငတ်ခံဆန္ဒပြတောင်းဆိုသူများ ထဲမှ ကိုဇော်မင်းလတ်သည် မေလ ၂၇ ရက်နေ့တွင် လဲကျသွားရခဲ့ပြီး ယနေ့နံနက် ၈နာရီ ၃၀မိနစ်တွင် မှော်ဘီဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေရသည်။
မေလ (၂၀)ရက်နေ့မှ လုပ်ခလစာတိုးမြှင့်ရန် စတင်ဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ(၂၅)ရက် တွင် လူဦးရေ (၄၀)ခန့် အစာငတ်ခံဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ (၂၆) ရက်နေ့တွင် ကိုစိုးလင်းသည် အစာအိမ်ရောဂါနှင့် လဲကျသွားကြောင်း သိရှိရသည်။မေလ (၂၇)ရက်နေ့တွင် ကိုတင်မိုးဝင်းသည် အစားမစားရ၍ အားအင်ကုန်းခမ်းပြီးလဲကျသွားကြောင်း ကိုဇော်မင်းလတ်သည် အစာရောဂါရှိ၍

စစ်ကုန်သည်ကြီးများအကြောင်း တစေ့တစောင်း အပိုင်း (၂)


စစ်တပ်ထဲမှာ အနိုင်ကျင့်တာ၊ တပ်ပိုင် မော်တော်ယာဉ်တွေ ဘယ်လို အလွဲသုံးစားလုပ်တာတွေကို ရေးသား ဖော်ပြထားပါတယ်။

လားရှိုး အမှတ် ၇ လျှပ်စစ် နဲ့ စက်မှုအင်ဂျင်နီယာတပ်ရင်းက ဒုဗိုလ်မှူးကြီးထွန်းထွန်းအကြောင်း ဖြစ်ပါတယ်။

စာမျက်နှာ ၁

စာမျက်နှာ ၂



ဧရာဝတီ

စစ်ကုန်သည်ကြီးများ အကြောင်း တစေ့တစောင်း ( ၁ )

မြန်မာနိုင်ငံမှာ စစ်တပ်က ကြီးစိုးလာခဲ့တာ ဆယ်စုနှစ်ပေါင်း ၅ စု ကျော်နေပါပြီ။ အခု အစိုးရသစ်ထဲမှာလည်း အရင် စစ်ဗိုလ် လူရမ်းကားများ ပါဝင်နေဆဲပါပဲ။ ဒါကြောင့်လည်း ကြွယ်ဝ ချမ်းသာမှုများဟာ စစ်တပ် အကြီးအကဲဆိုသူများသာဖြစ်နေတာ လူတိုင်း အသိပါ။အကျင့်ဆိုးတွေကို ရင်မှာ ပိုက်ပြီး မြန်မာနိုင်ငံမှာ စစ်ကုန်သည်ကြီးတွေရဲ့ လက်ဝါးကြီးအုပ်၊ အနိုင်ကျင့် ဗိုလ်ကျမှုတွေထဲက မှတ်တမ်းတခုလည်းဖြစ်ပါတယ်။
အမည်မဖော်ပြတော့ပါဘူး တာဝန်သိတဲ့ တစ်ယောက်က မေးလ်ထဲကို ပို့လာတဲ့အတိုင်းပဲ တင်လိုက်ပါတယ်..  ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကတော့ အခုလို မှတ်ချက်ပေးထားပါတယ်။
စာဖတ်ရတာ ရင်ထဲ မချိအောင် ခံစားရပါတယ်ဗျာ။ ကျနော် တပ်မတော်မှာ တာဝန်ထမ်းစဉ်ကတည်းက ဒီလို အရာရှိဆိုးတွေ အများကြီး ကြုံခဲ့ရဖူးပါတယ်။

facebook ပေါ်က အပြောင်းအလဲများ

အရင်တုန်းက facebook ကို တနေ့ကို ၁၂ နာရီ နီးပါးလောက် သုံးနေတတ်တဲ့ ကျမကို ခုတော့ ခင်ပွန်းသည်က မေးလာခဲ့တယ်။ facebookကို ဘာကြောင့် အရင်တုန်းကလို မသုံးတော့တာလဲတဲ့။
ကျမ ပြုံးရင်းသူ့ကို ပြောပြတယ်။ facebook သုံးရတာ အရင်ကလို မဟုတ်တော့ဘူး။ အရင်တုန်းကတော့ ၂၀၁၀၊ ၂၀၁၁ နဲ့ ၂၀၁၂ နှစ်ဆန်းပိုင်းလောက်တုန်းကထိ facebook ကသုံးလို့ကောင်းနေခဲ့တယ်။
သတင်းတွေက စက္ကန့်တိုင်း တက်နေတော့ သတင်းတွေက လတ်ဆတ်တယ်၊ သတင်းဝက်ဆိုဒ်တွေ

ဖားကန့်အထိ တိုက်ပွဲများရောက်ရှိ၊ ဝိုင်းမော်တွင် KIOတပ်သားစုနေ၍ ကျောင်းတက်ရန်အခက်အခဲဖြစ်လာ



မေ(၂၈)ရက်၊၂၀၁၂ခုနှစ်။


မိုးညှင်းခရိုင်တွင်း ကေအိုင်အိုနှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံများ အိုးအိမ် စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ဖားကန့်မြို့၊မှော်မုံတွင် ကေအိုင်အိုနှင့် မြန်မာအစိုးရတပ်များအကြား မေလ (၂၇) ရက်ညနေက စစ်ပွဲများ ဆက် တိုက်ဖြစ် ပွားနေခြင်းကြောင့်   စစ်ပြေးဒုက္ခသည် (၅၀)ဦးခန့် မှော်မုံနှစ်ခြင်း ဘုရားကျောင်းတွင်းသို့ လာရောက် ခို လှုံ့နေကြောင်း သင်းအုပ်ဆရာတစ်ဦးက ပြောသည်။ ထို့အပြင် တံတားညီနှောင်တွင်လည်း မေလ(၂၅)မှ(၂၆) နေ့အထိ အစိုးရပ်တပ်နှင့်   ကေအိုင်အိုတို့အကြား (၁)ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ဆားမှော်မြို့တွင် ပြီးခဲ့သည့် အပတ်အတွင်းက တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် မိုးကောင်းမြို့နယ် မခေါင်ရပ်ကွက်နှင့်

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။