MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

သင်ဇာဝင့်ကျော်ဂိုးဖမ်းပြီး ဒါရိုက်တာဝင်းထွန်းထွန်း၊ သူထူးစံ၊နေမင်းတို့ ပါဝင်တဲ့ ဘောလုံးအသင်းက ပြင်ဦးလွင်မြို့ခံဘောလုံး အသင်းကို ၇ဂိုး၊၄ဂိုးနဲ့အနိုင်ရရှိ

ပြင်ဦးလွင်မြို့ကို ရိုက်ကူးရေးရောက်နေတဲ့ ဒါရိုက်တာဝင်းထွန်းထွန်း၊ သူထူးစံ၊နေမင်း၊ သင်ဇာ ဝင့်ကျော်တို့ပါဝင်တဲ့ ရုပ်ရှင်အဖွဲ့သားဘောလုံးအသင်း နဲ့ပြင်ဦးလွင်မြို့ခံ   ဘောလုံး အသင်းတို့ ခြေစမ်းပွဲကို မေလ၂၂ရက်၊ညနေ ၄နာရီခွဲက ပြင်ဦးလွင်ခရိုင် အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ ပရိသတ်တွေကို ကြေညာထားခြင်းမရှိပေမယ့် ပရိသတ်တချို့ လာရောက်လာအားပေးကြတာလည်း တွေ့ရပါတယ်။ Actor Star ဘောလုံးအသင်းသားတွေ အများစု

ထိုးထားတဲ့ တက်တူးတွေ အကြောင်းပြောတဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်က ပြင်ဦးလွင်မှာ ဗီဒီယို ၄ ကားရိုက်ဖို့ ရောက်နေပါတယ်။ အဲဒီဇာတ်ကားမှာ သူ့ရဲ့ကာရိုက်တာမဆန်းပေမယ့် ဇာတ်လမ်းတွေ ကတော့ ဆန်းပါတယ် လို့ပြောပါတယ်။ သင်ဇာဝင့်ကျော် က ပြင်ဦးလွင် မလာခင်မှာ “တက်တူး” ဆိုတဲ့ဗီဒီယို ဇာတ်ကားကို နေမင်း၊ ခင်လှိုင်တို့နဲ့ ရိုက်ကူးခဲ့ပြီး အဲဒီကားမှာတော့ သူထိုးထားတဲ့ တက်တူးတွေတော့ ရှိုးမပြ ခဲ့ရပါဘူးလို့ ပြောပါတယ်။ သင်ဇာဝင့်ကျော်က ငယ်ငယ်ကတည်းက တက်တူးထိုးတာ ဝါသနာပါပြီး ငယ်ငယ်ကတည်းက စတစ်ကာ တက်တူး ရုပ်လေးတွေကပ် ဖြစ်ခဲ့ပြီး အရွယ်ရောက် လာတဲ့အခါမှာတော့ အိမ်က မသိအောင် တက်တူးခိုးထိုး ခဲ့ပြီး သူတစ်သက် လုံးကြိုက်မယ့် ပုံကိုရွေးပြီးစထိုးခဲ့တာလို့ ပြောပါ တယ်။ သူတက်တူး ထိုးတဲ့အချိန်မှာ ကနုတ်တွေခေတ်စားနေပြီး သူများနဲ့ မတူချင်တာကြောင့်

စိုင်းစိုင်းခမ်းလှိုင်ရဲ့ပါးမှာ ပါးကွက်လက်စွမ်းပြခဲ့တဲ့ ခိုင်သင်းကြည်

စိုင်းစိုင်းခမ်းလှိုင်နဲ့ ခိုင်သင်းကြည်တို့ အတွဲညီညီနဲ့ ရိုက်ကူးခဲ့တဲ့ “မော်ဒယ်ဗွေးတုတ်” ဇာတ်ကားမှာ ပရိသတ် အားပေးမှုရခဲ့ပြီး နောက် “ရက်ပါရွှေရိုး” ဇာတ်ကားကို ထပ်မံရိုက်ကူးကာ ဗီဒီယိုကြော်ငြာတွေမှာလည်း ပြသနေတာကြောင့် ပရိသတ် တွေကလည်း စောင့်မျှော်နေကြပြီဖြစ်ပါတယ်။ ဒီဇာတ်ကား ကိုရိုက်ကူးခဲ့တုန်းက မိုးတွင့်း ဖြစ်လို့ သန်လျင်မှာသွားရိုက်ခဲ့ရတာ ခက်ခက်ခဲခဲနဲ့ အမှတ်တရဖြစ်ခဲ့တဲ့ အကြောင်းတွေကိုလည်း

အမှောင်တိုက်တွင်း ပြည်သူတို့ နှစ်ပေါင်းများစွာ နေနေရဟု မင်းကိုနိုင်ပြော

အမှောင်တိုက်အောက် တွင် ပြည်သူများ နှစ်ပေါင်း များစွာ နေထိုင်ခဲ့ရကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်က ပြော သည်။
မေလ ၂၆ ရက် ပုဇွန်တောင် မြို့နယ် တောင်လုံးပြန် ရပ်ကွက်တွင် ကျင်းပသည့် မြန်မာလူငယ် အစည်းအရုံး ရန်ပုံငွေပွဲတွင် ပြည်သူများ လျှပ်စစ်မီး ပြတ်တောက် မှုကြောင့် ခံစားရသည်များကို ၄င်းက ရည်ရွယ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ”လျှပ်စစ်မီး ပြဿနာကို နေ့ချင်းညချင်း မဖြေရှင်းနိုင်ဘူး ဆိုတာ
 ပြည်သူတွေ အားလုံးသိပါတယ်။ အစိုးရရဲ့ အာဏာကို ပြည်သူတွေ က မခြိမ်းခြောက်သလို ပြည် သူတွေ ကိုလည်း အစိုးရက မခြိမ်းခြောက်ဖို့ လိုပါတယ်” ဟု ၄င်းက ပြောသည်။
သင်္ကြန်သံချပ်ဖြင့် စတင်ခဲ့သည့် လျှပ်စစ်မီး ပြတ်တောက်မှု ဆန္ဒဖော်ထုတ်ခြင်းကို ရပ်နားလိုက် ပြီဖြစ်ကြောင်း သို့သော် ပြည်သူ များကို သက်ဆိုင်ရာက အစီရင်ခံ စာ တင်သွင်းပေးဖို့ လိုအပ်ကြောင်း

လက်သံပြောင်သော ချောင်းဆုံရဲကြောင့် အပြစ်မဲ့သူတစ်ဦး ဆေးရုံရောက်

လူတစ်ဦးသေဆုံးခဲ့သော ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ရွာဘုရားပွဲရိုက်မှုတွင် ပါဝင်သည်ဟု ဆိုကာ ရဲကဖမ်းဆီးခဲ့သည့် ကိုသက်ပိုင်စိုးအာ: ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော် လည်း ရိုက်နှက်စစ်ဆေးခဲ့သောဒဏ်ကြောင့် မော်လမြိုင်ဆေးရုံ၌ပင် ဆေးဝါးကုသမှု ခံယူနေရဆဲဟု သိရသည်။ကိုသက်ပိုင်စိုး (၂၄နှစ်) သည် ကမာမိုရွာသားဖြစ်ပြီး ဧပြီ ၁၉ ရက်နေ့ည ကွမ်ရိုက်ရွာ ဘုရားပွဲတွင် မုဒွန်းရွာနှင့် ကမာမိုရွာမှ လူငယ်ချင်းရိုက်မှုကြောင့် မုဒွန်း ရွာသားတစ်ဦး သေဆုံးခဲ့မှုတွင် ပါဝင်သည်ဟု ရဲကသံသယရှိ၍ ဖမ်းဆီး စစ်ဆေးခံရသူ ၁၃ ဦး ထဲတွင် တစ်ယောက်ဖြစ်သည်။ကိုသက်ပိုင်စိုး၏ နောက်ဆုံးကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ၄င်းနှင့်နီးစပ်သူ တစ်ဦးက ”ဒီနေ့အထိ လက်နှစ်ဖက် လှုပ်လို့မရသေးဘူး။ ချိုင်း ကြားကအနာကတော့ ကျက်သွားပြီ။ ပခုံးအဆစ်ကတော့ လှုပ်လို့မရသေးဘူး။ ပေါင်ကြား ကဒဏ်ရာကလည်း မကျက်သေးဘူး”

အန်ဂျလီနာဂျိုလီနဲ့ တင်စားခြင်း ခံရတဲ့ အပေါ် ချစ်သုဝေရဲ့ ပြောကြားမှု

ချစ်သုဝေရဲ့ “တိမ်တွေနေတဲ့အရပ်” ဗီစီဒီအခွေက အခုဆိုရင် ခွေ ၆၅ဝဝ ရောင်းကုန်သွားပြီ ဖြစ်ကြောင်း သိရပြီး ဘန်ကောက်ကို လှမ်းမှာပြီး အခွေ ထပ်ရိုက်ဖို့ စီစဉ်နေ ပြီဖြစ်ကြောင်း သိရပါတယ်။ သူမအခွေရဲ့အောင်မြင်မှု အတွက် ချစ်သုဝေ က အခွေ အစစ်ကိုသာ အားပေးကြတဲ့ ပရိသတ်ကို အထူးကျေးဇူးတင်ရှိပြီး သူမ ပင်ပန်းရ ကျိုးနပ်အောင် အားပေးတဲ့ အတွက် အားတွေ ပိုရှိလာကြောင်း ချစ်သုဝေက ပြောပါတယ်။ လတ်တလော မှာ ချစ်သုဝေက Laural Art Academy  ကဒါရိုက်တာ သီတာလင်း ရိုက်ကူးတဲ့ “စွန်ကလေးနဲ့ သူမရဲ့ ချစ်သူ” ဒီဗီဒီ ဇာတ်ကားကြီးကို မင်းမော်ကွန်းနဲ့ သရုပ်ဆောင်နေတဲ့ ချစ်သုဝေက ဇာတ်ကားထဲမှာ ပြင်ဆင်ရ တဲ့အပိုင်းနဲ့ ပတ်သက်ပြီး “ဒီဇာတ်ကားမှာက

စစ်တပ်နဲ့ ပြည်သူ သွေးခွဲတာမျိုးကို လုံးဝ မလိုလားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး



 ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး
စစ်တပ်နဲ့ ပြည်သူအကြား သွေးခွဲတာမျိုးကို လုံးဝ မလိုလားဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောဆို လိုက်ပါတယ်။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ မေလ ၂၈
ရက်နေ့က ပြုလုပ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း ဖော်ဆောင်ရေး ဆွေးနွေးပွဲမှာ သူကအခုလို ပြောဆို သွားခဲ့တာပါ။ ၈၈ မျိုးဆက်ကျောင်းသား

ဘယ်သူ့အတွက် ဖွံ့ဖြိုးရေးလဲ – Development for who?


ကာတွန်း လိုင်လုဏ်
မေ ၂၉၊ ၂၀၁၂
မိုးမခ

အမေရိကန်ရောက် ကရင်လူငယ် ၃ဦး အစိုးရ၏ပညာတော်သင်ဆုရရှိ

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ပြည်နယ် ဘတ်ဖလိုမြို့တွင် နေထိုင်သည့် ကရင်လူငယ် ၃ဦး အမေရိကန်\ အစိုးရမှ  ပေးအပ်ချီးမြှင့်သည့် ၂၀၁၂ခုနှစ်အတွက် ပညာတော်သင်ဆု(Scholastic Achievement Recognition)ကို လက်ခံရရှိခဲ့သည်။
ယခုနှစ်အတွက် ပညာတော်သင်ဆု(စကောလားရှစ်ပ်)ကို ဘတ်ဖလိုမြို့ရှိ ကျောင်းသူကျောင်းသား ၂၄၆ဦးအား ရွေးချယ်ပေးအပ်ခဲ့သည့် အထဲတွင် အထက်တန်းကျောင်းကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် နော်အယ်စေးထူး ၂၀နှစ်၊ စောဝင်းကိုဟန် ၁၈နှစ်နှင့် နော်မိုရင်းဒါသွယ် ၂၁နှစ်တို့လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။
Lafayette High School အထက်တန်းကျောင်းတွင် ဘာသာစုံ၌ အမှတ်အများဆုံး ရရှိခဲ့သူ နော်မိုရင်းဒါသွယ်က “မျှော်လင့်မထားဘဲ အခုလို ပညာသင်ဆုရတော့ ၀မ်းသာတယ်။ သူများနိုင်ငံသားတွေကြားမှာမို့ ဂုဏ်လည်းယူတယ်။ တချိန်မှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ့်တိုင်းပြည်အတွက် ပြန်လုပ်ကိုင်ပေးမယ်လို့ စိတ်ကူးရှိပါတယ်”ဟု ပြောသည်။
သူမအနေဖြင့် Business and Accounting ဘာသာရပ်ဖြင့် Houghton College ကျောင်းတွင် ပညာဆက်လက်သင်ကြားရန် ရည်ရွယ်

ဝန်ကြီးများ အမတ်မင်းများအတွက် မုန့်ဖက်ထုပ် လက်ဆောင်

သူရိန်ထက်။ မေ ၃၀၊ ၂၀၁၂
ရောင်းရင်းရေ …
ဒီဖက်နှစ်ပိုင်းအတွင်းမှာ တီဗွီတွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဘာဘာညာညာ မီဒီယာတွေမှာ အတွေ့ရအများဆုံးဟာ ခေါင်းပေါင်းစ တလူလူနဲ့ အမတ်မင်းတွေ၊ ၀န်ကြီး ၀န်မင်းတွေပဲ ဆိုရင် မှားမယ်မထင်ဘူးဗျ.. နော်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့လေ… ခုလို အမတ်မင်း၊ ၀န်မင်းတွေ ရာထောင်မက မြင်တွေ့ရတာ၊ ခုထိတော့ ဟုတ်တိပတ်တိ မရှိလှပေမယ့် နိုင်ငံ့အကျိုး ရွက်သယ်ပိုးတော့မယ့်ဟန် တပြင်ပြင် လုပ်နေကြတာတော့ တယ် အားတတ်ဖွယ်ကောင်းသကိုးဗျ။
တဟုန်းဟုန်းထနေတဲ့ အလုပ်သမားပြသနာတွေ၊ တဆူဆူ တပူပူဖြစ်နေတဲ့ လယ်သမား အခက်အခဲတွေ၊  တမဟုတ်ချင်း ကျယ်ပြန့်လာတဲ့ လျှပ်စစ်မီး ဆန္ဒဖေါ်ထုတ်မှုတွေ၊ တသေသေ တကျေကျေနဲ့ ဆိုးဝါးနေတဲ့ ကချင် ပြည်နယ် စစ်ပွဲနဲ့ စစ်ဘေးဒုက္ခသည်ပြသနာတွေ၊  တအုံနွေးနွေးဖြစ်နေတဲ့ ရိုဟင်ဂျာ ပြသနာတွေ၊ မထင်မှတ်ပဲ ဖြစ်ပေါ်နေတဲ့ ရေဘေး

ရွှေ့ပြောင်းဒုက္ခသည်တွေထဲမှာ ဈေးလည်း ပါတယ်

ကာတွန်းဘီရုမာ – ရွှေ့ပြောင်းဒုက္ခသည်တွေထဲမှာ ဈေးလည်း ပါတယ်
မေ ၃၀၊ ၂၀၁၂

လေဘာရုံး ဘာလဲ နှင့် အလုပ်သမားဝန်ကြီး ဘယ်လဲ?

မောင်လူဝေး၊ မေ ၃၀၊ ၂၀၁၂
       မြန်မာပြည်တွင်းက အထည်ချုပ်စက်ရုံတချို့ အလုပ်ရှင်နဲ့ အလုပ်သမား တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုကနေ နှစ်ဦး နှစ်ဖက်သင့်တင့်တဲ့ အဆင်ပြေမှု ထွက်ပေါက်တခုကို ရှာဖွေလိုက်နိုင်ကြလို့ အဆင်ပြေသွားကြတယ် ဆိုတဲ့ သတင်းလေးတွေကြောင့်လည်း နိုင်ငံတကာအနှံ့ရောက်မြန်မာများအားလုံး စိတ်သက်သာရာရခဲ့ကြတယ် ဆိုတာကလည်း အမှန်ပါပဲ ။
ဒါပေမယ့် ကျန်ရှိနေသေးတဲ့ တခြားသောစက်ရုံအလုပ်ရုံမှ အလုပ်သမားအလုပ်ရှင် ပြဿနာများကတော့ ပြေလည်တော့ မလိုလိုနဲ့ ဆိုးရွားတဲ့အခြေအနေတခုဆီကို တွန်းပို့နေသလိုဖြစ်တဲ့အတွက်လည်း စိတ်ထဲမှာ ဦးဆုံးသတိရလိုက်တာကတော့ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်ဆိုသူနှင့် ပြည်သူအများ နားလည်ခေါ်ဝေါ်နေသော လေဘာရုံး ခေါ် အလုပ်သမားရေးရုံး

ဇွန်လ၂ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်များကိုသွားတွေ့မည်

မေလ ၃၀ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို လာမည့် ဇွန်လ ၂ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံမည်ဟု သူမ၏ ထိုင်းခရီးစဉ်၌ ကူညီဆောင်ရွက်ပေးနေသူ KNU/KNLA ငြိမ်းချမ်း ရေးကောင်စီမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဒေါက်တာတီမသီက ယနေ့ အတည်ပြု ပြောကြားလိုက်သည်။“(မယ်လ)ဒုက္ခသည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ အရင်သွားတွေ့မယ်။ ဒုက္ခသည်တွေရဲ့ ပြဿနာတွေကို သူ(ဒေါ်စု) သိအောင်လုပ် မယ်။ အဓိကတော့ လူထုတွေရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံနေရတာကို သူ့အနေနဲ့ လက်တွေ့ကျကျသိဖို့ သူသွားမှာပေါ့။”ဟု သူက ပြောသည်။KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ထိုင်းအစိုးရနှင့် ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်နေရာများနှင့် တွေ့ဆုံလို သည့်အဖွဲ့အစည်းများကို လိုက်လံဆက်သွယ်ကာ

လေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန့်ပေးပါ (ပေးစာ)

သို့/
အယ်ဒီတာမှတဆင့်
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
လေးမြို.မြစ်ရေအားလျှပ်စစ်စီမံကန်းကို ရပ်တန့်ပေးပါရန် မေတ္တာရပ်ခံတောင်းခံခြင်း
ကျွန်တော်တို့ရခိုင်ပြည်၌မြစ်ကြီးလေးသွယ်ရှိတဲ့အထဲမှ အဉ္စနနဒီ (ခ) လေးမြို့မြစ်အားပိတ်ဆို့ပြီး ရေအားလျှပ်စစ်စံမံကိန်းပြုလုပ်နေပါ သည်။ ကျွန်တော်တို.သည် ၎င်းလေးမြို့မြစ်ရေဖြင်.သုံးစွဲချက်ပြုတ်ကြရပြီး၊ ၎င်းမြစ်ပတ်ဝန်းကျင်တွင်လည်း လယ်မြေ၊ ယာမြေ၊ ကိုင်းအစရှိ သည်တို့ကိုပြုလုပ်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုလုပ်ကိုင်ကာ စားသောက်နေရပါသည်။ ၎င်းမြစ်ထဲမှ သားငါးများကိုလည်း တစ်ဝမ်း တစ်ခါးအတွက် ၀မ်းစာဖူလုံရန် ရှာဖွေရောင်းချစားသောက်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုပြုလုပ်နေရပါသည်။ အခုအချိန်တွင် နိုင်ငံတော်မှ

ဗီဇာအဆင်ပြေရန် ထိုင်းသံရုံး စနေနေ့တစ်ဝက်ဖွင့်

 
ခရီးသွားလုပ်ငန်းနှင့်အကျိုးဆောင်များမှ တဆင့်ဗီဇာလျှောက်ထားခြင်းကိုယာယီပိတ်ပင်လိုက်သဖြင့် ထိုင်းဗီဇာလျှောက်ထားရာတွင် အဆင်ပြေစေရန်သံရုံး၏ ဗီဇာဌာနကို စနေနေ့တွင် နေ့တစ်ဝက်ဖွင့်ပေးလိုက်ကြောင်းထိုင်းသံရုံးနှင့် ထိုင်းဗီဇာလျှောက်ထားသူများထံမှသိရသည်။
“ဗီဇာက အေးဂျင့်ကတစ်ဆင့် လျှောက်လို့မရတော့ ကိုယ်တိုင်လျှောက်ရတယ်။ သံရုံးကအဆင်ပြေအောင် ဆိုပြီး ဒီနေ့

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။