MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, June 1, 2012

အမေရိကန်အစိုးရစာကြည့်တိုက်တွေမှာ အီးဘုတ်တွေငှားနေပြီ

လောကဓာတ်ခန်းသာဂိ၊ မေ ၃၁၊ ၂၀၁၂
အင်တာနက်ခေတ်မှာ ခေတ်အစားဆုံးက ခိုးကူးခွေ၊ ခိုးကူး သီချင်း၊ ခိုးကူး ရုပ်သံတွေပြီးရင် အီးဘွတ်လို့ခေါ်တဲ့ လျှပ်စစ်စံနစ်ပေါ်မှာ ဖတ်ရှုရတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ အီးဘုတ်၊ ပီဒီအက်ဖ်ဘုတ် ဘယ်လိုခေါ်ခေါ် ကွန်ပြူတာ၊ တမျက်နှာစာ တက်ဘလက်၊ အိုင်ပက်ဒ်၊ အိုင်ဖုံး၊ အင်ဒရိုက်ဖုံး၊ စမတ်ဖုံးတွေမှာ အီးဘုတ်တွေကို ဒေါင်းလုပ်လုပ်ပြီး နိုင်ငံတကာက စာဖတ်သူများ ဖတ်ရှုနေကြပြီ ဖြစ်ပါတယ်။
Apple, Amazon, Adode စတဲ့ နံမယ်ကြီး ဆော့ဝဲကုမ္မဏီကြီးတွေက အီးဘုတ်ဖတ်စနစ်တွေ ထုတ်ဝေဖြန့်ချိရုံတင်သာမက

ပြည်သူတို့လိုချင်နေတဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဆိုတာအတွက် မတူညီသောအမြင်များ

မိုးမခထံပေးစာ (ဖားကန့်ဧည့်သည်)၊ ဇွန် ၁၊ ၂၀၁၂
ယခုတလော ကချင်ပြည်နယ်၌ တိုက်ပွဲတွေ ပိုများလာသည်။ လွန်ခဲ့တဲ့သုံးပတ်လောက်က ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး၊ ဖားကန့်၊ တာမခန်-စသော ဒေသများသို့ သွားရောက်ခဲ့စဉ်က ဒီလောက် မဆိုးလှသေးဟုဆိုရပေမည်။ မိုးကောင်းမြို့အနီး ရထားကို မိုင်းခွဲတာတို့၊ ၀ိုင်းမော်ဒေသ၌ အစိုးရအရာရှိ လေးယောက် ခေါင်းဖြတ်သတ်ခံရတာတို့၊ တာမခန်မှ အင်းတော်ကြီးသို့ သွားရာလမ်း၌ မိုင်းဗုံးများ ထောင်ထား၍ ခရီးသွားများ

ပညာအလင်းရောင် စာသင်ကျောင်းအတွက် အလင်းရောင်လိုအပ်

မိုးမခအထောက်တော် ၀၀၁၊ ဇွန် ၁၊ ၂၀၁၂
ရန်ကုန်မြို့၊ စက်ဆန်းရပ်ကွက်၊ ၉ လမ်း၊ ပညာအလင်းရောင် ပညာဒါနစာသင်ကျောင်းကို စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများက ဖွင့်လှစ်ထားပါတယ်။ ၁၀တန်း ကျောင်းသား ၃၅ ဦး ရှိတယ်လို့ သိရပါတယ်။ ကျောင်းသားများအတွက် လိုအပ်ချက်တွေကို ဆရာ၊ ဆရာမတွေက ဖြည့်ဆည်းပေးကြရတယ်လို့ ဆိုပါတယ်။ မီးရထားဌာနက အခြေခံအလုပ်သမားမိသားစုတွေ နေထိုင်တဲ့ စက်ဆန်းရပ်ကွက်ဖြစ်လို့ အစစ ချို့တဲ့နေတယ်။ လိုအပ်ချက်တွေ အများကြီး ရှိတယ်လို့

လှည်းတန်းအ၀ိုင်း ပြည်မြန်မာကုန်တိုက်အနီး စုပေါင်းအိမ်ယာ၏ မိလ္လာကန်များ ကျုးကျော်သိမ်းပိုက်ခြင်းခံရ

မိုးမခအထောက်တော် ၀၀၃၊ ဇွန် ၁၊ ၂၀၁၂
ရန်ကုန်မြို့၊ ကမာရွတ်မျြိ့နယ်၊ လှည်းတန်းလမ်းဆုံက စုပေါင်းအိမ်ယာတိုက်တန်း ၂ ခု ရှိ မိလ္လာကန်များကို အာဏာပိုင်များက ကျူးကျော်ပြီး ဆိုင်ခန်းများ ဆောက်လုပ်ရောင်းချခဲ့သည့် အမှုအခင်းများ ၁၀ နှစ်ကျော်နေပြီဟု သိရသည်။ အဆိုပါ ကျူးကျော်ဆိုင်ခန်းများအောက်တွင်ရှိ မိလ္လာကန်များမှာ ထိန်းသိမ်းလည်ပတ်ခြင်း မလုပ်နိုင်သည်မှာလည်း နှစ်ကာလကြာပြီး ဖြစ်သဖြင့် ပတ်ဝန်းကျင် လူထု၏ ကျန်းမာရေး၊ သန့်ရှင်းရေးကို ထိခိုက်မည်ကို စိုးရိမ်နေကြရပြီ ဟု ဆိုသည်။
ယခင်စစ်အစိုးရ၏ ၀န်ကြီးဌာနတို့က ပြည်မြန်မာကုန်တိုက်နှင့် ကပ်ရက် စုပေါင်းအိမ်ယာတိုက်တန်း၏ ကားရပ်နားရာနှင့် ရေ၊မီး၊ မိလ္လာနေရာများတွင် ကျုးကျော်ဆိုင်ခန်းများ ဆောက်ခဲ့ခြင်း၊ ယခု အစိုးရလက်ထက်တွင်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များထံ ဥပဒေစည်းကမ်းမဲ့ လက်လွှဲရောင်းချခဲ့ပြီး ကျုးကျော်ဆိုင်ခန်းနေရာများကိုပါ မူလစုပေါင်းအိမ်ယာပိုင်ရှင်မိသားစုများ၏ သဘောထားကို လစ်လျူရှုပြီး ထားခြင်းတို့ ကြောင့် စုပေါင်းအိမ်ယာများက တိုက်ခန်း ၉၆

ပုဂ္ဂလိကလျှပ်စစ်မီး ထုတ်လုပ် ဖြန့်ဖြူးခြင်း ဖိတ်ခေါ်ပြီ

မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၁၊ ၂၀၁၂
လျှပ်စစ်မီး မလုံလောက်မှု အပေါ်မကျေနပ်၍ ငြိမ်းချမ်းစွာဆန္ဒပြမှုများ မြန်မာနိုင်ငံအနှံ့ဖြစ်ပွားပြီး ရက်သတ္တ ၁ပတ်ကျော်အကြာတွင် နိုင်ငံတော်ပိုင် လုပ်ငန်းအဖြင့်သာလုပ်ကိုင်ခွင့်ရှိသည့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းတွင် ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းများအား စတင်ဖိတ်ခေါ်လိုက်သည်။
ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အမှတ် (၁) နှင့် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့မှ ပုဂ္ဂလိက လုပ်ငန်းများအနေဖြင့် မဟာ လျှပ်စစ်ဓါတ်အားလိုင်းထဲ ဓါတ်အားထည့်ဝင်ခြင်း၊ ရယူဖြန့်ဖြူးခြင်း နှင့် သီးခြား

ပြည်မြို့ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ဆန္ဒ ထုတ်ဖော် ပြည်သူများကို လုံထိန်းရဲများ၏ အကြမ်းဖက်မှု မြင်ကွင်း(ရုပ် သံ)


၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ဆန္ဒ ထုတ်ဖော်နေသူ ပြည်သူများ
မေလ ၂၄ ရက်နေ့က ပဲခူးတိုင်း ပြည်မြို့ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒ ထုတ်ဖော်ခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်လူတွေကို လုံထိန်းရဲ တပ်ဖွဲ့က တားမြစ်ပြီး
ဆန္ဒ ထုတ်ဖော်သူ ကိုအောင်မိုးကျော် အပါအဝင် ယောက်ကျာင်္လေး ၄ ဦးနဲ့ မိန်းခလေး ၁ ဦးကို

အဓမ္မကျင့် လူသတ်သူများ သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို

အခင်းဖြစ်ပွားသည့် ရမ်းဗြဲမြို့နယ်အတွင်းရှိ ရွာတရွာ မြင်ကွင်း (ဓာတ်ပုံ - နိရဉ္စရာ)
ရခိုင်ပြည်နယ် အတွင်း အမျိုးသမီးတဦးအား အဓမ္မ ပြုကျင့် သတ်ဖြတ်ခဲ့သည့် တရားခံများကို သေဒဏ်ပေးရန် ဒေသခံများက တောင်းဆိုထားကြောင်း သိရသည်။ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသ၌ အသက် ၂၆ နှစ်အရွယ်ရှိ မသီတာထွေးသည် မေလ ၂၈ ရက် ညနေ ၅ နာရီအချိန်က ကျောက်နီမော်ကျေးရွာမှ ၎င်း၏ ဇာတိရွာဖြစ်သည့် သပြေချောင်ရွာသို့ အပြန်လမ်း၌ အစ္စလမ် ဘာသာဝင် ၃ ဦးက အဓမ္မပြုကျင့်ခြင်း၊

နိုင်ငံ ၂၇ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ပြန်လည် ခွင့်ပြုပြီ

ဥရောပ နိုင်ငံများအပါအဝင် နိုင်ငံ ၂၇ နိုင်ငံကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆိုက်ရောက်ဗီဇာ ပြန်လည် ခွင့်ပြုတော့မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားလိုက်သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံ ၂၇ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ပေးပြီ (ဓာတ်ပုံ - Reuters)
“သက်ဆိုင်ရာ ဖိတ်ကြားထားတဲ့ ၀န်ကြီးဌာန ဒါမှမဟုတ် ဦးစီးဆောင်ရွက်တဲ့ Work shop တွေ Seminar တွေ က ဖိတ်ကြားတဲ့စာ ပါရင် လေဆိပ်မှာတင်ပဲ ဆိုက်ရောက်ဗီဇာ ပေးမှာဖြစ်ပါတယ်” ဟု ၎င်းက မေလ ၂၈ ရက်နေ့တွင်

တိုင်းရင်းသားဒေသခံများ လိုလားချက် အစိုးရ တွေ့ဆုံဆွေးနွေး

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များနှင့် အစိုးရ အကြား အပစ်အခတ်ရပ်စဲထားပြီးနောက် တိုင်းရင်းသားများ တောင်းဆိုလိုသည့် ဆန္ဒသဘောထား အမြင်များသိရှိရန် ကချင်ပြည်နယ် မြစ်ကြီးမြို့တွင် အစိုးရက ဒေသခံ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် လိုင်ဇာ ဒေသရှိ စစ်ပြေး ဒုက္ခသည် ကလေးများ (ဓာတ်ပုံ - Edith Mirante)
မေလ ၂၆ ရက်နေ့တွင် ယင်းဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီမှ ဦးသိန်းဇော်က ဦးဆောင်ကျင်းပခဲ့ပြီး ဒေသခံ ပြည်သူများအပါအ၀င် ပြည်နယ်ဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်

မူလတန်း အခမဲ့ဆိုသော်လည်း ရန်ကုန်ကျောင်းတချို့ ငွေတောင်းခံနေဆဲ

ကရင်ပြည်နယ် ကျေးရွာတရွာမှ မူလတန်းကျောင်းသားများ (ဓာတ်ပုံ - KIC)
ယခု ကျောင်းအပ်ရာသီ၌ ရန်ကုန်မြို့တွင်း မြို့နယ်တချို့မှ ကျောင်းများတွင် မူလတန်း ကျောင်းသားတဦးလျှင် အနည်းဆုံး အလှူငွေ ၁၀၀၀ ကျပ်၊ အလယ်တန်း ကျောင်းသား တဦးလျှင် ၂၅၀၀ ကျပ်နှင့် အထက်တန်းကျောင်းသား တဦးလျှင် ၃၀၀၀ ကျပ်ခန့် ပေးဆောင်နေရကြောင်း မိဘများကဆိုသည်။“ကျမကလေးက မူလတန်းဆိုတော့ အခမဲ့ပညာရေးလို့ သိထားတာ။ တကျပ်မှ ပေးစရာမလိုဘူးလို့ ကြေညာထားပေမယ့် အလှူငွေဆိုပြီး တောင်းတယ်။ ဗလာစာအုပ် ၆

လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးသူကို KIO စုံစမ်းနေ

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့ လျှပ်စစ်မီးဓာတ်အားကြိုးများ သွယ်တန်းထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲ က တာဝါတိုင်များကို ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) က စုံစမ်းနေကြောင်း သိရသည်။
“လူထုအကျိုးပြုပစ္စည်းတွေကို KIA က သီးသန့်လိုက်ပြီးဖျက်ဆီးတာမျိုးတော့ မရှိဘူး။ အခု တာဝါတိုင်တွေပျက်စီးတယ်ဆိုတာ ကြား သိရတယ်။ ဒါကို ဘယ်အဖွဲ့ကနေ လုပ်သလဲ၊ ကျနော်တို့ ရှေ့တန်းက အဖွဲ့တွေကပဲ လုပ်သလားဆိုတာ မပြောနိုင်သေးဘူး။ ကျနော်တို့လည်း စုံစမ်းနေတုန်းပဲ”ဟု ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အလွန်အကျွံ အကောင်းမမြင်ရန်နှင့် မြန်မာနိုင်ငံသည် အမေရိကန်နှင့် တရုတ်တို့အတွက် တိုက်ပွဲနေရာမဖြစ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး



 ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေသည့် World Economic Forum on East Asia 2012 တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် Photo: AFP




ဘန်ကောက်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အလွန်အကျွံ အကောင်းမမြင်ရန် လိုအပ်ကြောင်း လက်ရှိ ပြုပြင်ပြောင်းလဲမှုများသည် နောက်ကြောင်း ပြန်မလှည့်နိုင်ဟု မဆိုနိုင်သေးကြောင်း သတိပေး ပြောကြားခဲ့သည်။

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။