MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

သံတွဲမြို့ မှရန်ကုန်မြို့သို့ထွက်ခွာလာသောရိုးမသစ္စာ အဝေးပြေးခရီးသည်တင်ကားပေါ်တွင်စီးနင်းလိုက်ပါလာသောခရီးသည် ၁၀ ဦး အသတ်ခံရကြောင်း

ယနေ့မွန်းလွဲပိုင်းက သံတွဲမြို့ မှရန်ကုန်မြို့သို့ထွက်ခွာလာသောရိုးမသစ္စာ

အဝေးပြေးခရီးသည်တင်ကားပေါ်တွင်စီးနင်းလိုက်ပါလာသောခရီးသည်  ၁၀ ဦ

အသတ်ခံရကြောင်း သတင်းရရှိသည်။အဆိုပါဖြစ်ရပ်မှာသံတွဲမြို့နှင့် ၄၃ အကွာရှိတောင်ကုတ်မြို့တွင်ဖြစ်

  ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဖြစ်စဉ်မှာ သံတွဲမှထွက်ခွာလာသောရိုးမသစ္စာကားသည်တောင်ကုတ်မြို့သို့အရောက် 


အမည်မသိ လူတစ်စုက ကားကိုတားကာ ကားပေါ်တွင်လိုက်ပါလာသော




 ခရီးသည်၁၀ဦးကို မော်တော်ယာဉ်ပေါ်မှဆွဲချပြီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း

သိရသည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီးသက်ဆိုင်ရာမှအခြေအနေကိုထိမ်း



ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသည့် စက်ရုံများ၏ အကောက်ခွန် ကင်းလွတ်ခွင့်နှင့် ၀င်ငွေခွန် ကင်းလွတ်ခွင့် သတ်မှတ်ချိန်ပမာဏ သုံးနှစ်ကို ပိုမိုတိုးမြှင့်ပေးရန် တင်ပြ

ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသည့် စက်ရုံများ၏ အကောက်ခွန် ကင်းလွတ်ခွင့်နှင့် ၀င်ငွေခွန် ကင်းလွတ်ခွင့် သတ်မှတ်ချိန်ပမာဏ သုံးနှစ်ကို ယခုထက် ပိုမိုတိုးမြှင့်ပေးရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။''ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ ၀င်ငွေခွန်ကင်းလွတ်ခွင့်နဲ့ အခွန်အကောက် ကင်းလွတ်ခွင့် ပေးထားပါတယ်။ ၀င်ငွေခွန် ကင်းလွတ်ခွင့်ဆိုတဲ့နေရာမှာ စက်ရုံရဲ့ Commercial run စီးပွားဖြစ် စတင်တဲ့နေ့ကစပြီး သုံးနှစ်ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးတယ်။ ဒါ လောလောဆယ်ပါ။ ကျွန်တော်တို့နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာ အိမ်နီးနားချင်းနိုင်ငံများနဲ့

လျှပ်စစ်မီးမရရှိသဖြင့် ရေထွက်ပစ္စည်း စက်ရုံအချို့ ကုန်ကြမ်းအ၀ယ်ရပ်ထားပြီး လည်ပတ်မှု ရပ်ဆိုင်းရန် စဉ်းစားနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့်အအေးခန်းစက်ရုံတစ်ခုကို တွေ့ရစဉ် 
လျှပ်စစ်မီးမရရှိသဖြင့် ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် အအေးခန်းစက်ရုံအချို့ ကုန်ကြမ်းအ၀ယ်ရပ်ထားပြီး စက်ရုံလည်ပတ်မှု ရပ်ဆိုင်းရန်အထိပါ စဉ်းစားလာကြောင်း မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦး ထွန်းအေးက ပြောကြားခဲ့သည်။''ရန်ကုန်မှာရှိတဲ့ ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်တဲ့ အအေးခန်းစက်ရုံတွေ

မြန်မာ-အမေရိကန် ကုန်သွယ်မှုပမာဏ ၁၀ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်ထိုးတက်လာ


မြန်မာ-အမေရိကန်ကုန် သွယ်မှုမှာ အစိုးရသစ်လက်ထက်တွင် ယခင်နှစ်များကထက် သိသိသာသာ ပြန်ထိုးတက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရသည်။ပုံမှန်ကုန်သွယ်မှု မရှိခဲ့သည့် မြန်မာ-အမေရိကန် ကုန်သွယ်မှုမှာ ၁၉၈၅ ခုနှစ်မတိုင်မီနှင့် ၁၉၈၅ ခုနှစ်နောက်ပိုင်းနှစ်များတွင် ကုန်သွယ်မှုမှာ အနည်းငယ်သာရှိခဲ့သည့် အနေအထားမှ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ ခုနှစ်များတွင် အနည်းငယ် မြင့်တက်ခဲ့မှု ရှိခဲ့သည်။ယင်းနောက် ၂၀၀၃ ခုနှစ်မှစကာ ၂၀၁၀-၂၀၁၁ ခုနှစ်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပမာဏပင် မပြည့်သည့်အနေအထားဖြင့် ကုန်သွယ်ခဲ့ပြီးနောက် ယခုအစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရုံးခွဲ ရန်ကုန်တွင် ဖွင့်လှစ်မည်

ကုမ္ပဏီ မှတ်ပုံတင် သက်တမ်းတိုးကိစ္စများ ဆောင်ရွက်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးခွဲကို ရန်ကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
အဆိုပါရုံးခွဲကို ဇွန်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်အချို့ကိုပါ ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။''နေပြည်တော်မှာ ဆောင်ရွက်ဖို့လိုအပ်တဲ့ ကုမ္ပဏီမှတ်ပုံတင်တဲ့ကိစ္စကို နေပြည်တော်ရုံးမှာ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီမှတ်ပုံတင် သက်တမ်းတိုးတဲ့ကိစ္စကိုတော့ ရန်ကုန်ရုံးခွဲမှာ ဆောင်ရွက်နိုင်ဖို့ စီစဉ်သွား မှာဖြစ်ပါတယ်။  MIC ကိစ္စ တချို့ကိုပါ ဆောင်ရွက်နိုင်အောင် စီ စဉ်သွားမှာပါ''ဟု ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

Samsung Galaxy SIII ကို မြန်မာနိုင်ငံအတွက် အလုံး ၁၀၀၀ ခွဲတမ်းရမည်ဖြစ်ပြီး ဇွန်လတွင် ဈေးကွက်အတွင်း ရောက်မည်


စမတ်ဖုန်းလောကတွင် စိတ်ဝင်စားနေကြသည့် Samsung Galaxy S3 ကို မြန်မာနိုင်ငံအတွက် အလုံး ၁၀၀၀ ခွဲတမ်း ရရှိမည်ဖြစ်ပြီး လာမည့် ဇွန်လအတွင်း၌ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း Samsung မိုဘိုင်းပစ္စည်းများ၏ မြန်မာပြည် ကိုယ်စားလှယ်ဖြစ်သော MobiTel Distribution မှ သတင်းရရှိသည်။''Galaxy S3 က ဇွန်လ ၂၀ ရက်နေ့လောက် ပြည်တွင်းဈေးကွက်ကို ရောက်ပါမယ်။ မြန်မာနိုင်ငံအတွက် အလုံးရေ ၁၀၀၀ ရထားပါတယ်။ ဈေးနှုန်းက ကျပ်ငါးသိန်းခွဲ ၀န်းကျင်လောက် ဖြစ်နိုင်ပါတယ်။  ပြည်တွင်းဈေးကွက် မှာ အသုံးအများဆုံး အမျိုးအစားတွေကို စစ်တမ်းကောက်ပြီးမှ Samsung

မြန်မာနိုင်ငံမှ တင်ပို့သော လယ်ယာထွက်ကုန် ပစ္စည်းအချို့ တရုတ်ဘက်မှ ၆၀ ရာခိုင်နှုန်း အခွန်ကောက်သောကြောင့် မှောင်ခိုလမ်းကြောင်းကို အားထားနေရဆဲ ဖြစ်ကြောင်း သိရှိရ



593
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာထွက်ကုန် ပစ္စည်းကုန်စည်ဒိုင်
မြန်မာနိုင်ငံမှ တင်ပို့သော လယ်ယာထွက်ကုန်ပစ္စည်းအချို့ တရုတ်ဘက်မှ ၆၀ ရာခိုင်နှုန်း အခွန်ကောက်သောကြောင့် မှောင်ခိုလမ်းကြောင်းကို အားထားနေရဆဲ ဖြစ်ကြောင်းနှင့် အလားတူပင် တရုတ်ဘက်မှ ကုန်သွယ်မှုနှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ အပြောင်းအလဲများ မကြာခဏ ပြုလုပ်နေမှုကြောင့် မြန်မာကုန်သည်များဘက်မှ နစ်နာမှု အများအပြားကို အခါ အားလျော်စွာ ကြုံတွေ့နေရကြောင်းလည်း သိရှိရသည်။
“တရုတ်နဲ့မြန်မာနဲ့ ကုန်သွယ်တဲ့အခါ မမျှတတာတွေရှိတယ်။ ဥပမာ-မြန်မာနိုင်ငံကတင်တဲ့ ဆန် တို့၊ ပြောင်းတို့ကို အခွန်နင်းကန်ေ

မိုးဗြဲကျေးရွာ ရေပေးဝေမှု စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈၄၇၇၅ ကို ဂျပန်အစိုးရက ပေးအပ်

ဂျပန်အစိုးရသည် ၎င်း၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ ရှမ်းပြည်နယ် မိုးဗြဲကျေးရွာ ရေပေးဝေမှု စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈၄၇၇၅ ကို လူသားချင်း စာနာထောက်ထားမှုအကူအညီအဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါရေပေးဝေမှု စီမံကိန်း လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားတစ်ရပ်ကို မေလ ၂၂ ရက်နေ့တွင် ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှသံမှူး Mr.Hideaki MATSUO ၊ ဒုတိယအတွင်းဝန် Mr.Kiyotomi TADA ၊ ရှမ်းပြည်နယ်အစိုးရ ကယန်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးလောရင်း၊ ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံ အသေးစား စီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ ဂျပန်အစိုးရသည် ရှမ်းပြည်နယ် မိုးဗြဲကျေးရွာအတွက်

ချုံနွယ်များနှင့် အဆောင်များ ဟောင်းနွမ်းနေသည့် ရန်ကုန်တက္ကသိုလ်အား သန့်ရှင်းရေး ပြုလုပ်မည်


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်အား သန့်ရှင်းရေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၏ အထင်ကရ နေရာတစ်ခုဖြစ်ပြီး လူနေနည်းပါးလာခြင်းကြောင့် ချုံနွယ်များ ပိတ်ဆို့လာခြင်း၊ အဆောင်များ ဟောင်းနွမ်းလာခြင်းတို့ ဖြစ်ပေါ်လာသဖြင့် ချုံနွယ်များ ရှင်းလင်းခြင်း၊ အဆောင်များအား ပြန်လည်ရှင်းလင်းခြင်းများ ပြုလုပ်သွားမည်ဖြစ် ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု၌ တရားဝင် ကုန်သွယ်မှုစာရင်းအရ မြန်မာဘက်မှ စတင်အသာစီးရလာ လက်ရှိအချိန်တွင် အဓိက နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းဖြစ်သော မူဆယ်လမ်းပိုင်း၌ ပစ်ခတ်ဖောက်ခွဲမှုများကြောင့် ပုံမှန်ကုန်သွယ်မှု မပြုနိုင်



မူဆယ် ၁၀၅ မိုင် ကုန်သွယ်မှုစခန်းအတွင်းသို့ ၀င်ရန်စောင့်ဆိုင်းနေသော ကုန်တင်ယာဉ်များကို 
ဇွန်လ ၁ ရက်နေ့က မူဆယ်မြို့တွင် တွေ့ရစဉ်

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က အမေရိကန်ဒေါ်လာ ၂၉၈၅ ဒသမ ၄၂၄ သန်းရှိခဲ့ပြီး အဆိုပါပမာဏတွင် မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်တန်ဖိုးမှာ တရုတ်နိုင်ငံမှ တင်သွင်း သည့် သွင်းကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၆၅၈ ဒသမ ၃၇၂ သန်း ပိုမိုမြင့်မားပြီး ကုန်သွယ်မှု၌ အသာစီးရလျက်ရှိကြောင်း သိရသည်။


သို့သော် လက်ရှိအချိန်တွင်မူ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မူဆယ်လမ်းပိုင်းတွင် ပစ်ခတ်ဖောက်ခွဲမှုများကြောင့် နယ်စပ်ကုန်သွယ်မှုအား ပုံမှန်အတိုင်း

ထိုင်းနိုင်ငံမှ The Nation သတင်းစာအယ်ဒီတာ Tulsathit Taptin နှင့် တွေ့ဆုံခြင်း


'စစ်တပ်က နိုင်ငံရေးနဲ့ ကင်းရှင်းနေဖို့ဆိုရင် ရိုးသားပွင့်လင်းတဲ့ ဒီမိုကရက်တစ်အစိုးရ ဖြစ်ရပါမယ်။ တရားဥပဒေစိုးမိုးမှု ရှိရပါမယ်။ လွတ်လပ်ပြီး အားကောင်းတဲ့ တရားစီရင်ရေးစနစ် ရှိရပါမယ်။ နောက်ပြီး အကျင့်ပျက်ခြစားမှုတွေ နည်းပါးရပါမယ်။'
ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒီမိုကရေစီ ကျင့်သုံးမှု၌ အခြားနိုင်ငံများထက် ပိုမိုအားကောင်းခဲ့သည့် အစဉ်အလာရှိသလို မြန်မာနိုင်ငံနည်းတူ တပ်မတော်မှ အာဏာသိမ်းသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံရေးသမိုင်းတွင် တပ်မတော်က အဓိကနေရာမှ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာ၌ ယူဆလာနေ


SUNDAY, 03 JUNE 2012 14:29
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာ၌ ယူဆလာနေ၊အဂတိလိုက်စားမှုများကို ပိုဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို မလိုလားကြောင်းနှင့် စီမံကိန်းကြီးများ ပွင့်လင်းမြင်သာမှု မရှိပါက အနာဂတ်တွင် ပြဿနာဖြစ်လာနိုင်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော World Economic Forum on East Asia 2012 သို့ တက်ရောက်ရန်

မြန်မာ့ပေါင်းဆန် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အိန္ဒိယနှင့် ထိုင်းနိုင်ငံမှ နည်းပညာများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်

မြန်မာနိုင်ငံမှ ပေါင်းဆန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးအတွက် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ နည်းပညာများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။လက်ရှိကာလ၌ မြန်မာ့ပေါင်းဆန်အား ရုရှားဈေးကွက်မှ ၀ယ်လိုအားကောင်းနေသော်လည်း ဈေးကွက်လိုအပ်ချက်ရှိသည့်အတိုင်း တင်ပို့နိုင်ခြင်း မရှိသေးကြောင်း၊ ယင်းအတွက်ကြောင့် ပေါင်းဆန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရန် အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပေါင်း ဆန်စက်ရုံများ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
''မြန်မာနိုင်ငံရဲ့ပေါင်းဆန် ထုတ်လုပ်မှုအနေအထားက စက်ရုံ၃ရုံထဲကပဲ အဓိက ထုတ်လုပ်နိုင်ပါသေးတယ်။ ဒါကြောင့် စက်ရုံတွေတိုးချဲ့တည်ဆောက်မယ်။ အခုတော့ ပေါင်းဆန်စက်ရုံတွေ ထပ်တည်ဖို့အတွက် အိန္ဒိယနဲ့ထိုင်းက နည်းပညာတွေနဲ့ေ

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်ရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့ စခန်းများကို ကြီးကြပ်ကွပ်ကဲရန် မြန်မာနိုင်ငံသားဝန်ထမ်းများ ခေါ်ယူ

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်ရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ စခန်းများကို ကြီးကြပ်ကွပ်ကဲရန်အတွက် မြန်မာနိုင်ငံသား ၀န်ထမ်းများကို ခေါ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။
မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် တရုတ် ၊ မြန်မာ၊ အိန္ဒိယ၊ ကိုရီးယားနိုင်ငံများရှိ သက်ဆိုင်ရာကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံတ၀ှမ်းမှ ၀န်ထမ်းများကို ခေါ်ယူလျက်ရှိကြောင်း၊ Oil & Gas Station Operation Post အတွက်ဝန်ထမ်း ၅၀ ဦးနှင့် Managerial Post for Pipeline Patrol Support အတွက် ၁၀ ဦးခေါ်ယူထားကြောင်းနှင့် မြန်မာလူငယ်အင်ဂျင်နီယာများ လျှောက်ထားနိုင်ကြောင်း Career Development Consultancy Co.Ltd (CDC)မှ

ဇွန်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံမှ မြင်တွေ့နိုင်သော သောကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ် ဖြစ်ပေါ်မည်


လာမည့်ဇွန်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံမှ မြင်တွေ့နိုင်သောသော ကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ် ဖြစ်ပေါ်မည်ဖြစ်ကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံသင်တန်းကျောင်းမှ သတင်းရရှိပါသည်။အဆိုပါဖြစ်စဉ်တွင် တနင်္ဂနွေ ဂြိုဟ်ဟုခေါ်သော နေမင်းနှင့်သော ကြာဂြိုဟ်တို့သည် ထပ်တူပူးယှဉ်ကာ နေ၏အ၀န်းဝိုင်းအတွင်း သောကြာဂြိုဟ် အနက်စက်အသွင် ဖြတ်သန်း သွားမည်ဖြစ်ပြီး ယင်းဖြစ်စဉ်ကို နက္ခတ်အခေါ်အားဖြင့် သောကြာဂြိုဟ်ကြတ်သော နေကြတ်သည့်ဖြစ်စဉ်နှင့် ဟိန္ဒူကျမ်းအရ သောကြာဂြိုဟ် အတ္တမှီသောဖြစ်စဉ်ဟု ခေါ်ဆိုကြောင်း သိရသည်။တနင်္ဂနွေဂြိုဟ်ဟုခေါ်သော နေမင်းနှင့် သောကြာဂြိုဟ်တို့ ပူးယှဉ်မှု သည် တစ်နှစ်လျင်နှစ်ကြိမ်ဖြစ်ပေါ် လေ့ရှိသော်လည်း ယခုကဲ့သို့ ယင်းဂြိုဟ်နှစ်လုံး ထပ်တူပူးယှဉ်မှုမှာမူ နှစ်ပေါင်း ၂၀၀ လျှင် နှစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိသည်။ ဇွန်လ ၆ ရက်နေ့ ဖြစ်စဉ်မတိုင်ခင်က နှစ်ပေါင်း နှစ်ရာ အတွင်း ပထမအကြိမ်အဖြစ် ၂၀၀၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ပြီး ဇွန်လ ၆ ရက်နေ့တွင် ဖြစ်ပေါ်မည့်ဖြစ်စဉ်မှာ ဒုတိယအကြိမ်ဖြစ် ကြောင်း သိရသည်။ ယခုဖြစ်ပေါ်

မြန်မာသင်္ဘောသား ၁၅ ဦးပါဝင်သည့် M.V ORIENTAL AMBER သင်္ဘောအား အိန္ဒိယအစိုးရက ဖမ်းဆီး

မြန်မာသင်္ဘောသား ၁၅ ဦး ပါဝင်သည့် M.V ORIENTAL AMBER သင်္ဘောအား အိန္ဒိယအစိုးရက ဖမ်းဆီးထားကြောင်း အဆိုပါ သင်္ဘောမှ မြန်မာသင်္ဘောသားများ၏ ပြောကြားချက်အရ သိရပါသည်။ယင်းသို့ဖမ်းဆီးထားခြင်းမှာ  စင်ကာပူနိုင်ငံတွင် ယူထားသော (Bunker) ဆီအကြွေးများ မပေးနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်ဖမ်းဆီးထားခြင်းဖြစ်ပြီး လေးလခန့် ကြာမြင့်ခဲ့ပြီဖြစ်ကာ မြန်မာသင်္ဘောသား ၁၅ ယောက်စလုံးမှာ ထိုအချိန်ကတည်းက လစာများရရှိခြင်း မရှိသေးဟုလည်း  သိရှိရသည်။လစာမရသည့်ဖြစ်ရပ်နှင့် ပတ်သက်၍လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းဖြစ်သည့် ITF၊ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန DMA နှင့် မြန်မာနိုင်ငံ

ကျောက်မျက်ထုတ်လုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ပြောင်းလဲကန့်သတ်

မိုးကုတ် ကျောက်မျက်ဒေသတွင် ယခုနှစ် ကျောက်မျက်ထုတ်လုပ်ခွင့် ချထားပေးရာ၌ ထုတ်လုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ပြောင်းလဲကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။ထိုသို့ ပြောင်းလဲကန့်သတ်ရာတွင် လူမျိုးခြား လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်သည့် ဧကပေါင်းများစွာကို လုပ်ကိုင်ခွင့်ရယူထားသည့် ကုမ္ပဏီလုပ်ကွက်ကြီးများ မပါဝင်ဘဲ တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူ ဒေသခံများအပေါ်၌သာ ကန့်သတ်ခြင်းဖြစ်၍ ဒေသခံများအနေဖြင့် အခက်အခဲဖြင့် ရင်ဆိုင်ရကြောင်း၊ နိုင်ငံတော်သို့ အခွန်ပေးသွင်းရာတွင် သတ်မှတ်ထားသည့်အတိုင်း အတူတကွ ပေးသွင်းရသည့်နည်းတူ ကုမ္ပဏီကြီးများကို မကန့်သတ်လျှင် ဒေသခံများအပေါ်၌လည်း မကန့်သတ်သင့်ကြောင်း ဒေသခံကျောက်မျက်တူးဖော်သူများက ပြောကြားခဲ့သည်။
ယခင်နှစ်များက ကျောက်မျက်ထုတ်လုပ်ရာတွင် တစ်ပိုင်တစ်နိုင်များအနေဖြင့် မျောနည်းစနစ်ဖြင့် ဖြစ်စေ၊ အင်းဗြဲနည်းစနစ်ဖြင့် ဖြစ်စေ ထုတ်လုပ်ခွင့်ပြုထားသော်လည်း ယခုအခါတွင်မူ မျောနည်းစနစ်၊ အင်းဗြဲနည်းစနစ်များ အသုံးမပြုရန် ကန့်သတ်လိုက်သည့်အတွက်

ရေနေဇီဝမျိုးစုံ မျိုးကွဲများနှင့် ရေအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုများ ပူးပေါင်းဆောင်ရွက်သွားမည်


မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး ရေနေဇီဝမျိုးစုံ မျိုးကွဲများ လေ့လာသုတေသန ပြုလုပ်ခြင်းနှင့် ရေအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုများ ပူးပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ယင်းကဲ့သို့ ပြုလုပ်နိုင်ရန်အတွက် ဂျပန်နိုင်ငံ Saitama University, Department of Environmental Science မှ တွဲဖက်ပါမောက္ခ Mr-Takeshi Fujino နှင့် မြန်မာနိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတို့သည် မေလ ၂၆ ရက်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်းလည်း သိရှိရသည်။''ဧရာဝတီမြစ်က မြစ်ရေ အရည်အသွေးကို စစ်ဆေးနေပါတယ်၊၊ ဒါက ဧရာဝတီမြစ်တစ်လျှောက်မှာရှိတဲ့ တိုင်းတာရေးစခန်းတွေကနေ လစဉ် ပထမပတ်အတွင်း ရေအခြေအနေကို ပို့ပေးပါတယ်။ ရေသုတေသနဌာနမှာ စစ်ဆေးတယ်။ လက်ရှိ စစ်ဆေးပြီးသားတွေကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ စစ်ဆေးမှုတွေကိုသာ

မြန်မာနိုင်ငံတွင် ပိုးသတ်ဆေး သုံးစွဲမှုပမာဏ ၁၀နှစ်အတွင်း သုံးဆကျော် ထပ်မံမြင့်တက်


ပြင်ဦးလွင်မြို့ မိုးကြိုးပစ်ကျေးရွာရှိ စိုက်ခင်းတစ်ခု 
၂၀၀၂-၀၃ ဘဏ္ဍာနှစ်မှ ၂၀၁၁ -၁၂ ဘဏ္ဍာနှစ်အထိ ဆယ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ပိုးသတ်ဆေး သုံးစွဲမှုပမာဏ သုံးဆကျော် ထပ်မံမြင့်တက်ခဲ့ကြောင်း မေလ ၁၇ နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် 'မြန်မာနိုင်ငံရှိ သောက်သုံးရေများ တွင် ပိုးသတ်ဆေးပါဝင်မှု ပမာဏစံနှုန်း သတ်မှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ'အခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ပိုးသတ်ဆေး သုံးစွဲမှုနှုန်းသည် ၂၀၀၂-၀၃ ဘဏ္ဍာနှစ်၌ ၂၈၇၄ ဒသမ ၆၉ မက်ထရစ်တန်ရှိခဲ့ရာမှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ၁၁၁၀၁ ဒသမ ၄၁ မက်ထရစ်တန်အထိ မြင့်တက်လာကြောင်း သိရသည်။

မူလတန်းကျောင်း ၄၀၀၀ ရှိ ကလေးငယ် လေးသိန်းကျော်အား ပညာသင်နိုင်ရေး ကူညီပေးမည်

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်)၏ ၂၀၁၁-၁၅ ငါးနှစ်တာ လုပ်ငန်းအစီအစဉ်အရ နှစ်စဉ်နှစ်တိုင်း မြို့နယ်၂၅ မြို့နယ်ရှိ မူလတန်းကျောင်းပေါင်း ၄၀၀၀ ရှိ ကလေးငယ် လေးသိန်းငါးသောင်းကျော်ကို ပညာသင်ကြားနိုင်ရေးအတွက် အကူ အညီများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံအတွက် ယခုနှစ်အတွက် ယူနီဆက်၏ ငွေကြေးသုံးစွဲမှုမှာ အမေရိကန်ဒေါ်လာသန်း ၄၀ သတ်မှတ်ထားကြောင်းနှင့် ငွေကြေးထောက်ပံ့မှုများသည် မြန်မာနိုင်ငံအပေါ် ထောက်ပံ့နေသည့် နိုင်ငံတကာမှ အလှူရှင်များအပေါ်တွင် မူတည်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လေကြောင်းသယ်ယူပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသည့် လေယာဉ်များ၏ သက်တမ်းသတ်မှတ်ချက် ထုတ်ပြန်


မြန်မာနိုင်ငံ၏ လေကြောင်း သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသည့် လေယာဉ်များ၏ သက်တမ်း သတ်မှတ်ချက်အား မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။
၂၀၁၂ ခုနှစ် မေလ ၁၆ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံသို့ တင်သွင်းလာမည့် ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး လေယာဉ်များ၏ အသုံးပြုနိုင်မည့် သတ်တမ်းသတ်မှတ်ချက်မှာ လေယာဉ် ထုတ်လုပ်ခဲ့သည့်နေ့မှ စတင်ကာ နှစ်ပေါင်း ၂၀ အတွင်း(သို့) လေ ယာဉ်ဆင်းသက်သည့် အကြိမ်အရေအတွက် ငါးသောင်း ပြည့်မြောက်သည်အထိသာ အသုံးပြုရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်းခရီးစဉ် ထိုင်းအစိုးရ ကန့်သတ်


2012-06-02
ထိုင်းအစိုးရဟာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးထိခိုက်မှာ စိုးရိမ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်း ခရီးစဉ်မှာ အကန့်အသတ်တွေ ချမှတ်ခဲ့ကြောင်း နယူးယောက်တိုင်း သတင်းစာက ဖော်ပြလိုက်ပါတယ်။
AFP
ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက ကြိုဆိုနေစဉ်။
အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လစခန်းကို သွားရောက်ခွင့်ရဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို နောက်ဆုံးအချိန်မှာ ထိုင်းအစိုးရက ခွင့်ပြုလိုက်ပေမဲ့ လူထုဟောပြောပွဲ လုပ်ခွင့်မပြုတဲ့အပြင်

ထိုင်းနိုင်ငံ ခရီးစဉ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှုရှိ


AFP
(၂၄) နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး ပြည်ပရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ၆ ရက်တာ ခရီးစဉ်အပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာစဉ်။
2012-06-03
(၂၄) နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံခရီးစဉ် ပြီးဆုံးသွားပြီး ဒီကနေ့ မနက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာပါတယ်။
ထိုင်းနိုင်ငံမှာ (၆) ရက်ကြာ နေထိုင်စဉ် ကာလအတွင်း ထိုင်းအာဏာပိုင်တွေရဲ့အစီအစဉ်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ နယ်စပ် ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ နိုင်ခဲ့ပါတယ်။
ထိုင်းခရီးစဉ် တခုလုံးပေါ်မှာ  ဒေါ်အောင်ဆန်းစုကြည်က စိတ်ကျေနပ်မှု ရခဲ့တယ်လို့ သူနဲ့အတူ ထိုင်းနိုင်ငံကို

Free Online Radio လုပ်နည်း။ ဘလော့ကာများနှင့် ကိုယ်ပိုင်ရေဒီယိုပြုလုပ်ချင်သူများအတွက်...



မိတ်ဆွေများ မင်္ဂလာပါ....

      အွန်လိုင်းနယ်ပယ်မှာ ဘလော့ပေါင်းမရေမတွက်နိုင်အောင်များပြားစွာရှိကြသည့်အနက်အချို့ မှာ လူသိများသကဲ့သို့ အချို့ မှာလူသိနည်းသည်များလည်းရှိသည်။အချို့ မှာ မိမိဘောလ့ာကိုလှပဝေဆာအောင် အပျော်သဘောမျိုးဖန်တီးလေ့ရှိကြသည်။ှ
အချို့ ဘလော့များမှာဆို အင်တာနက်နယ်ပယ်တွင် တရားဝင်အွန်လိုင်းရေဒီယို ၉ ခုရှိသည့်အနက်မှ မိမိတို့နှစ်သက်သည့်တခုကို ထည့်သွင်းအသုံပြုတတ်ကြသည်။အချို့ မှာမူ မိမိကိုယ်ပိုင် အွန်လိုင်းရေဒီယိုစတေရှင် ထောင်ဖို့ ငွေကြေးနှင့်နည်းပညာအခက်ခဲများရှိကြ
သည်။ထို့ ကြောင့် စိတ်ဆန္ဒရှိသော်လည်း ကိုယ်တိုင် မစွမ်းသဖြင့် တပါးသူအားအကူညီတောင်းသော်လည်း အခက်ခဲများရှိနေသဖြင့်စိတ်ညစ်နေသူများလည်းအများအပြားရှိကြပါတယ်။ထို့သူများအတွက် အခမဲ့ ကိုယ်ပိုင်ရေဒီယိုစတေရှင်ထောင်နိင်မည့် Radio Streaming website များကိုဖော်ပြပေးသွားပါမည်။

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။