MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, June 9, 2012

အလုပ်သမားဆန္ဒပြမှုများ တောင်ဒဂုံတွင် ကူးစက်ဖြစ်ပွား

လုပ်ခလစာနှင့် ပတ်သက်၍  အလုပ်သမားဆန္ဒပြမှုများ ဒဂုံမြို့ သစ်တောင် ပိုင်းသို့ဇွန်လ၈ရက်မှ စတင်ကာ ကူးစက်ဖြစ်  ပွားနေကြောင်း  အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများထံမှသိရသည်။ အဆိုပါဆန္ဒပြမှုကိုဒဂုံမြို့ သစ် တောင်ပိုင်း စက်မှုဇုန်  (၁)  ရှိချိုချိုဖြူ အထည်ချုပ်စက်ရုံ  တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိ ရသည်။

လက်ပန်းတောင်းတောင်ကြေးနီစီ မံကိန်းနှင့်ပက်သက်၍ ကျေးရွာ ဆယ့်တစ်ရွာတောင်သူများ သမ္မတကြီးထံသို့ တိုင်ကြားပြီ

စီးပွားရေး ဦးပိုင်လီမီ တက်နှင့်တရုတ်ကုမ္မဏီတို့အကျိုး တူပူးပေါင်းဆောင်ရွက်သည့်လက် ပန်းတောင်း တောင်ကြေးနီ စီမံကိန်း မှယာခင်းများပေါ်တွင်မြေစာများ စွန့်ပစ်ခြင်းအား ရပ်ဆိုင်း ရန်တောင်း ဆိုဆန္ဒပြခဲ့ သော  ဒေသခံတောင်သူ များအပါအဝင် ယာမြေများ အ သိမ်းခံခဲ့ ရသည့် ကျေးရွာ (၁၁)ရွာ က အဆိုပါ ကိစ္စအား သမ္မတ၊တိုင်း ဒေသကြီးအစိုးရနှင့် လူ့အခွင့်အ ရေးကော်မရှင် သို့ဇွန်(၈) ရက်နေ့က တိုင်ကြား စာပို့ထား ပြီးဖြစ်ကြောင်း ဝက်မှေးကျေးရွာမှကို အောင်ဇော် ဦးကဆို သည်။

မောင်တောမြို့ တွင်ကယ်ဆယ်ရေးစခန်း(၃)ခု ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက်ရှိ

ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့ ၌ ဖြစ်ပွား ပေါ်ပေါက် ခဲ့သည့် ဆူပူ အကြမ်းဖက်မှုများ အပေါ် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ၊ ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ကိုယ်တိုင်  မောင်တောမြို့ သို့ ရောက်ရှိ ကာ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက သတင်း ထုတ်ပြန်ခဲ့ သည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုကြောင့် နှစ်စဉ် လူခြောက်သန်းကျော် သက်တမ်း မစေ့ခင်ကြွေ


 ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းများ သုံးစွဲခြင်း ကြောင့်နှစ်စဉ် ကမ္ဘာပေါ်တွင် လူဦးရေခြောက်သန်းကျော်မှာ သက်တမ်းမကုန်မီသေဆုံးလျက်ရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက်အရသိရသည်။
 ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲ မှုကြောင့် နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ပြီး လေ ဖြတ်ခြင်း၊ ကင်ဆာအမျိုးမျိုးနှင့် အ ဆုတ်ရောဂါအမျိုးမျိုး အပါ အဝင် ရောဂါမျိုးစုံဖြစ်ပွားကာ အချိန်မတိုင် မီသေဆုံးခြင်းများ

ရိုဟင်ဂျာ တိုင်းရင်းသားမဟုတ်ကြောင်း ၈၈ တို့ ပြောဆို



၈၈ မျိုးဆက်ကျောင်းသားများက ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသား မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါပြီ။

ကိုမင်းကိုနိုင် : ကတော့

"အရင့်အရင်တုန်းက တရားဥပဒေ ဖောက်ဖျက်ကျူးလွန်ရန် တရားခံအစစ်ကို ရှာဖွေပြီးတော့ စစ်ဆေး အပြစ်ပေးတဲ့ နေရာမှာ ပွင့်လင်းမြင်သာမှု နည်းခဲ့တာမျိုး၊ …. ဒီတော့ လူတချို့ရဲ့ စိတ်ထဲမှာ တရား ဥပဒေရယ်၊ တရားစီရင်ရေးစနစ်ရယ်၊ ပြီးတော့ ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးခြင်းအပေါ်မှာ သံသယရှိလာတယ်။ အားမလို အားမရ ဖြစ်လာတယ်။

ထိုင်းခရီးစဉ်အကြောင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း



နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံ ခရီးစဉ် အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောဆိုလိုက်ပါပြီ။

မြန်မာနိုင်ငံတွင်းနေ အစ္စလာမ်ဘာသ၀င်းများအတွက် မေတ္တာရပ်ခံစာ





မြန်မာနိုင်ငံတွင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များ အစ္စလာမ်တရားတော်နှင့်အညီ တည်ငြိမ် အေးချမ်း စွာနေထိုင်ကြပါရန် နေထိုင်ကြပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်အဖွဲ့ကြီး က မေတ္တာရပ်ခံစာ ထုတ်ပြန်လိုက်တာကို နိုင်ငံပိုင် သတင်းစာမှာ အခုလို ဖော်ပြထားပါတယ်။

နိုင်ငံပိုင် သတင်းစာပါ မောင်းတောအခြေအနေ




ရခိုင်ပြည်နယ်၊ မောင်းတောမြို့တွင် အစ္စလာမ်ဘာဝင်တချိုက ဒေသခံ ရခိုင်လူမျိုးများကို တိုက်ခိုက်၊ နေအိမ် များ မီးရှို့ဖျက်ဆီးမူနှင့်ပတ်သက်၍ သေဆုံးဒဏ်ရာရသူများအကြောင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန် က သေနတ် ပစ်ဖောက် ထိမ်းသိန်းရသည့်အကြောင်း၊ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားပါတယ်။

အလားတူ ဘူးသီးတောင်မြို့နယ်ကိုလည်း ညမထွက်ရ အမိန့်ထုတ် ထိန်းသိန်းနေကြောင်းဆိုပါတယ်။

ရိုဟင်ဂျာ အကြမ်းဖက်သမားတွေ မြန်မာထဲ ၀င်လာဟု ဆို



ဓာတ်ပုံ- UNHCR
သမ္မတရုံး အရာရှိတဦးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားချက်ပါ။ ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များနဲ့ မြန်မာနိုင်ငံနယ်နမိတ်ထဲ ၀င်ရောက်လာပြီလို့ ဆိုပါတယ်။(ပုဂ္ဂလိကအမြင် တင်ပြခြင်းသာ ဖြစ်ပါသည်) လို့ အစချီထားပါတယ်။
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ဝင်များအမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များဖြင့် နယ်စပ်ကို ဖြတ်ကျော်လာကြောင်း သိရှိရပါသည်။

မောင်းတော ကိစ္စ နောက်ဆုံးရ သတင်း



ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းဖြစ်ပွားမှုများနှင့်ပတ်သက်၍ ယနေ့တွင် သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားမည်ဟု သိရသည်။

အကြမ်းဖက်မှုများကြောင့် မတည်မငြိမ်ဖြစ်နေသော မောင်တောမြို့တွင် မြို့ခံ ရခိုင်များအပါအဝင် တခြား တိုင်းရင်းသားများနှင့်အတူ အစိုးရရုံးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ NGO အဖွဲ့များ သည် မောင်တောမြို့ပေါ် ရှိ

ဆီးရီးယား ကုလစောင့်ကြည့်အရေးအဖွဲ့ ပစ်ခတ်ခံရ

ဆီးရီးယားနိုင်ငံမှာ နောက်ထပ်အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့နေရာကို သွားရောက်စစ်ဆေးတဲ့ လက်နက်မဲ့ ကုလသမဂ္ဂ အကဲခတ်အဖွဲ့ဝင်တွေ အပစ်ခံရပြီး အဲဒီနေရာကို သွားလို့မရအောင် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကပြောဆိုလိုက်ပါတယ်။
ဟာမာခရိုင် အလယ်ပိုင်း မာဇရတ်အယ်လ်ကူဘဲရွာမှာ ဖြစ်ပွားတဲ့ သတ်ဖြတ်မှုကို စစ်ဆေးဖို့သွားရောက်တဲ့ ကုလ အကဲခတ် အဖွဲ့ဝင်တွေကို အဲဒီနေရာ ၀င်လို့မရအောင် လက်နက်ငယ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ကုလ

မြန်မာ့ပြုပြင်ပြောင်းလဲရေး အမေရိကန်ဖေးမကူညီခဲ့

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာတ၀န်းနိုင်ငံတွေမှာ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်ရေး အတွက် လူအင်အားနဲ့ ငွေအင်အား ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် မြန်မာနိုင်ငံလိုနိုင်ငံတွေမှာ
 ပြုပြင်ပြောင်းလဲရေး လမ်းမှန်ပေါ်ရောက်အောင် ကြိုးစားဖေးမပေးနိုင်ခဲ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မနေ့က ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဌာနရဲ့ သုံးဆယ့်ငါးနှစ်မြောက် နှစ်ပတ် လည် အခမ်းအနားမှာ ၀န်ကြီး ကလင်တန်က မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လမ်းမှန်ပေါ်ရောက်အောင်

ပိတ်ဆို့မှု လုံးဝရုပ်သိမ်းပေးဖို့ သမ္မတ အကြံပေးက တိုက်တွန်း

2012-06-08
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုအားလုံး လုံးဝ ရုပ်သိမ်းပေးဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်က စင်္ကာပူနိုင်ငံက ဆွေးနွေးပွဲတစ်ခုမှာ ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
RFA
နိုင်ငံတော် သမ္မတ အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင် (ဝဲဘက်) ဖြစ်ပါသည်။
ကျန်နေသေးတဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေဟာ  မြန်မာနိုင်ငံမှာ နိုင်ငံခြား

ဘိုနိုနဲ့အတူ ဖျော်ဖြေဖို့ ဇေယျာသော်ကို ဖိတ်ကြားထား


AFP
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် ဖြစ်ပါသည်။

2012-06-08
အိုင်ယာလန်နိုင်ငံမှာ ဇွန်လ ၁၈ ရက်နေ့ ကျင်းပမဲ့ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုဖျော်ဖြေပွဲမှာ အဆိုတော်ဘိုနိုနဲ့အတူ ပါဝင်ဖျော်ဖြေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် (ခေါ်) Hip Hop အဆိုတော် ဇေယျာသော်ကို ဖိတ်ကြားထားကြောင်း

ရခိုင်ပြည်နယ် ဆူပူမှု ၅ ဦး ထပ်မံသေဆုံး

2012-06-08
ရခိုင်ပြည်နယ် မောင်းတောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မနေ့က လူ ၅ ဦး သေဆုံးခဲ့ကြောင်း အစိုးရအရာရှိတွေက ပြောပါတယ်။
မောင်းတောမြို့နယ်က ကျေးရွာ တစ်ဒါဇင်လောက်မှာ နေအိမ်တချို့ကို ဒေသခံ မူဆလင်ဘာသာဝင်တချို့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့်ပြီး နှိမ်နင်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မောင်းတောမြို့ပေါ်က မူလတန်းကျောင်း ၅ ကျောင်း ဖျက်ဆီးခံရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့ပေါ်မှာ အခြေအနေကို ထိန်းသိမ်းနိုင်ပြီ ဖြစ်ပေမယ့်

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

2012-06-08
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မနေ့က အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ မြို့နယ် ၂ ခု အတွင်း လမ်းတွေ၊ အများပြည်သူနဲ့ဆိုင်တဲ့ ဗလီ၊ ကျောင်းနေရာတွေမှာ ၅ ဦး (သို့) ၅ ဦးထက် ပိုမိုစုဝေးခြင်းမပြုရ။ ညနေ (၆) နာရီကနေ နံနက် (၆) နာရီအတွင်း ညမထွက်ရအမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားကြောင်း သမ္မတရုံးရဲ့

ချည်မျှင်နဲ့ဆေးဆိုးစက်ရုံ အလုပ်သမား ၆၀၀ လစာတိုးပေးရေး ဆန္ဒပြ

2012-06-08
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ်သွားတဲ့ လမ်းဘေးမှာရှိတဲ့ နယူးစတုန်း ကုမ္ပဏီပိုင် အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံက အလုပ်သမား (၆၀၀) လောက် ဒီကနေ့မနက်ပိုင်းမှာ လုပ်ခလစာ တိုးပေးရေး ဆန္ဒပြ တောင်းဆိုတယ်လို့ စုံစမ်းသိရပါတယ်။
အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံက မနက်ဆိုင်း ညဆိုင်း အလုပ်သမားတွေပေါင်းပြီး နေစရာ အဆောင်မပေးတဲ့အတွက် အခက်အခဲဖြစ်တဲ့ အခြေအနေနဲ့ လုပ်ငန်းခွင် ကျန်းမာရေး ကာကွယ်တဲ့စနစ် မရှိတဲ့အချက် အပါအ၀င် အလုပ်ချိန် တစ်နေ့ ၈ နာရီ သတ်မှတ်ပေးဖို့၊ နိုင်ငံတော် ရုံးပိတ်ရက်တွေအတိုင်း

လူ့အခွင့်အရေးချိုးဖောက်မှု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်း

2012-06-08
မြန်မာနိုင်ငံက တရားစီရင်ရေးမဏ္ဍိုင်ရဲ့ အဂတိလိုက်စားမှု အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု အဓိကအချက် ၃ ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဆွေးနွေးနိုင်ဖို့အတွက် အာရှဥပဒေရေးရာဌာန ALRC အဖွဲ့က လူ့အခွင့်ရေးကောင်စီကို တင်သွင်းပေးပို့ လိုက်ပါတယ်။
UN Photo/Jean-Marc Ferré
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံကျင်းပနေစဉ်။
ဒီလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြုလုပ်ဖို့

မောင်းတောမြို့နယ် နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရ

2012-06-08
ရခိုင်ပြည်နယ် မောင်းတောမြို့နယ်က ကျေးရွာတစ်ဒါဇင်လောက်မှာ နေအိမ်တချို့ကို ဒေသခံ မူဆလင်တချို့က ဒီနေ့ မီးရှို့ဖျက်ဆီးတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့်ပြီး နှိမ်နင်းခဲ့ရတယ်လို့ သတင်းတွေ ရရှိပါတယ်။

လစ်ဘရယ် ဒီမိုကရက် အစည်းအဝေး မြန်မာအကြောင်းဆွေးနွေး

ဘယ်လ်ဂျီယန်နိုင်ငံ Brussels မြို့မှာ ဇွန်လ(၄) ရက်နေ့ကနေ (၈) ရက်နေ့ထိကျင်းပနေတဲ့ ဥရောပနဲ့ အာရှ ဒီမိုကရက်နဲ့ လစ်ဘရယ် မဟာမိတ်ပါတီတွေရဲ့ ညီလာခံမှာ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေကို စိတ်ဝင်တစား ဆွေးနွေး ပြောဆိုခဲ့ကြတယ်လို့ ညီလာခံကိုတက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ မိတ္ထိလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ဝါရင့်ဒီဇိုင်နာ အများအပြား ပါဝင်ပြသခဲ့သည့် Memories of Love Bridal Fair 2012


e5105


ဝါရင့်ဒီဇိုင်နာ အများအပြား ပါဝင်ပြသခဲ့သည့် Memories of Love Bridal Fair 2012 ကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀နာရီတွင် Traders ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ အစီအစဉ်တင်ဆက်သူအဖြစ် မတင်မိုးလွင်က ဆောင်ရွက်ခဲ့ပြီး နံနက်ပိုင်းတွင် မြန်မာ့ရိုးရာ မင်္ဂလာဝတ်စုံ ဒီဇိုင်းများကို ပြသခဲ့ကာ ညနေပိုင်းတွင် အနောက်တိုင်း မင်္ဂလာဝတ်စုံဒီဇိုင်းများကို ပြသပေးခဲ့သည်။ပထမဦးစွာ မိတ်ကပ်နှင့် ဒီဇိုင်နာ ခင်စန်းဝင်း၏ ရွှေရောင်မင်္ဂလာ

ရခိုင်ပြည်နယ် ဖြစ်စဉ်များကြောင့် ပိတ်ထားသော သံတွဲမြို့ စက်မှုလက်မှု သိပ္ပံကျောင်းအား ဇွန်လ ၁၃ ရက်နေ့တွင် ပြန်ဖွင့်မည်

 ရခိုင်ပြည်နယ် ဖြစ်စဉ်များကြောင့် ယာယီပိတ်ထားသော သံတွဲမြို့ စက်မှုလက်မှု သိပ္ပံကျောင်းအား ဇွန်လ ၁၃ ရက်နေ့တွင် ပြန်ဖွင့်မည်ဖြစ်ကြောင်းစက်မှုလက်မှုသိပ္ပံ(သံတွဲ)မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ စက်မှုလက်မှု သိပ္ပံကျောင်းအား ဇွန်လ ၄ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။''ခုရက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေကြောင့် သံတွဲမှာလည်း အလားတူဖြစ်ရပ်တွေ မဖြစ်ပွားရအောင်၊ အဓိက ကတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားမှာစိုးတဲ့အတွက်

အသစ်ဖွင့်လှစ်မည့် ကုတင် ၅၀၀ ဆံ့ဆေးရုံတွင် မြန်မာနိုင်ငံ၌ ပထမဆုံးသော အရိုးအကြောအဆစ် ဆေးပညာဌာနကို ထည့်သွင်းပြီး အတွင်းလူနာများ လက်ခံကုသသွားမည်



5107
အသစ်ဖွင့်လှစ်မည့် ကုတင် ၅၀၀ ဆံ့ ဆေးရုံအား ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပထမဆုံးသော အရိုးအကြောအဆစ် ဆေးပညာဌာနကို အသစ်ဖွင့်လှစ်မည့် ကုတင် ၅၀၀ ဆံ့ဆေးရုံတွင် ထည့်သွင်းပြီး အရိုး အကြောအဆစ် ဝေဒနာရှင်များအား အတွင်းလူနာများအဖြစ် လက်ခံကုသ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ စွမ်းအင်ဝန်ကြီးဌာန (ရန်ကုန်ရုံး) အဆောက်အအုံကို ၂၀၁၁ ခုနှစ် အတွင်းက ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးထားပြီး

မရမ်းကုန်းမြို့နယ်တွင် ဥက္ကာလမ်းဆုံအနီး ဆေးရုံယာဉ်တစ်စီး တိမ်းမှောက်ကာ လူနာတစ်ဦးနှင့် အခြားသူတစ်ဦး ဒဏ်ရာရ



5108
မေလ ၃၁ ရက်နေ့က ဆေးရုံယာဉ် တိမ်းမှောက်မှုကို တွေ့ရစဉ်
မရမ်းကုန်းမြို့နယ် ဥက္ကာလမ်းဆုံအနီးတွင် ကိုယ်ပိုင်ယာဉ်တစ်စီးမှ မျက်နှာချင်းဆိုင် မောင်းနှင်လာသော ပဲခူးမြို့ဆေးရုံပိုင် ယာဉ်အားဝင်ရောက် တိုက်မိသဖြင့် ဆေးရုံယာဉ်တိမ်းမှောက်ကာ ဆေးရုံယာဉ်ပေါ်ပါ လူနာတစ်ဦးနှင့် အခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မရမ်းကုန်း မြို့နယ် ပြည်လမ်းအတိုင်း ရှစ်မိုင်

သင်္ဃန်းကျွန်း စံပြဈေးအနီး ကားလေးစီးဆင့်တိုက်မှုဖြစ်ပွား ယာဉ်နောက်လိုက်တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ခရီးသည်တစ်ဦး ခြေထောက်ပြတ် ဒဏ်ရာရရှိ




၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် သင်္ဃန်းကျွန်း စံပြဈေးအနီး ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ရာမှတစ်ဆင့် ကာလေးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်နောက်လိုက်တစ်ဦး ပွဲချင်းပြီး သေဆုံးကာခရီးသည် တစ်ဦး ခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ဒဂုံမြို့နယ်ဘက်မှ မောင်းနှင်လာသည့် တောင် ဒဂုံ-ဇ၀နသို့ ပြေးဆွဲသော ၆၂

ထိုင်းနိုင်ငံ The Nation မှတစ်ဆင့် Asian News Network သို့ Eleven Media Group မှ ပေးပို့ခဲ့သည့် မောင်တောဖြစ်စဉ်သတင်း


Dozens killed, hundreds of buildings burnt down by Bengali Rohingya mobs in border town of Maungdaw
9
A scene being set fire at Tha Zin Guest House near Maungtaw City Hall at about 2 pm on 8 June.
5
A scene being set fire near the junction of Clock Tower of Maungtaw City Hall at about 2 pm on 8

မောင်တောဖြစ်စဉ်တွင် အိမ်ခြေ ၃၈၆လုံး၊ ဈေးဆိုင် ၁၉ ခန်းနှင့် တည်းခိုခန်း တစ်ခု ဖျက်ဆီးခံခဲ့ရကြောင်း သိရ

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဘင်္ဂါလီရိုဟင်ဂျာများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၃၈၆ လုံး၊ ဈေးဆိုင် ၁၉ ခန်းနှင့် တည်းခိုခန်း တစ်ခု ပျက်စီးခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံး အရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဇွန်လ ၉ ရက် ယနေ့ နံနက်ပိုင်းတွင် ရေးသား ဖေါ်ပြထားချက်အရ သိရှိရပါသည်။ လက်ရှိအချိန်တွင် မောင်တော-ဘူးသီးတောင်နယ်မြေအတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ နစကတပ်ဖွဲ့များ အပြင် အရန်အဖြစ် တပ်မတော်မှ ဒုစကခမှူးဦးစီး တပ်ရင်း(၅)ရင်း ဖြန့်ကြက် ချထားလျက် ရှိကြောင်း၊ နယ်စပ်ဒေသများ လုံခြုံရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(၆)စီး ဖြန့်ကြက်ချထား ကာ တာဝန်ယူဆောင်ရွက်လျက်

ရခိုင်ပြည်နယ် မောင်တောမြို့ တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်မြင်ကွင်းဓါတ်ပုံများ

ရခိုင်ပြည်နယ် မောင်တောမြို့ တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်မြင်ကွင်းဓါတ်ပုံများ
9
ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်ကမောင်တောမြို့ မြို့တော်ခန်းမအနီးရှိ မီးရှို့ခံခဲ့ရသော သဇင်တည်းခိုခန်း အနီးမြင်ကွင်း

မောင်တောမြို့နယ်တွင် ဖြစ်ပွားနေသောကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ သတင်းစာရှင်းလင်းပွဲပြုလုပ် မိမိတို့ ဒီမိုကရေစီအင်အားစုများမှ တပ်မတော်အင်အားစုနှင့်အတူ အမျိုးသားရေးပြဿနာအဖြစ် ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြား

IMG_9923

 ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂါလီလူမျိုးများမှ ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးချင်းနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီတွင် သတင်းစာရှင်းလင်းပွဲတစ်ခုပြု လုပ်ခဲ့ပါသည်။လက်ရှိ မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မင်းမဲ့စရိုက်ဆန်ဆန် ပြစ်မှုကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူစေလိုကြောင်း၊ ထို့အပြင် ပျက်စီးသွားသော နေအိမ်များကိုအစိုးရမှ ကြပ်မတ်၍ ဦးစီးဆောင်ရွက်ပေးစေလိုကြောင်း ၈၈

စစ်တွေမြို့တွင် ခဲဖြင့် ပစ်ပေါက်မှုများ ဖြစ်ပွား

စစ်တွေမြို့တွင်လည်း ယနေ့တွင် မြို့၏ အနောက်ဘက် သဲချောင်းရွာအနီးတွင်ရှိသော စစ်တွေသုသာန်သို့ သွားရောက်သည့် နာရေး(၅)စီးမှာ သဲချောင်းရွာမှ ဘင်္ဂါလီများက ခဲများဖြင့် ပေါက်သဖြင့် သုံးစီးသာ မြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ကျန်နှစ်စီးမှာမူ ဆက်သွယ်၍ မရရှိသေးသဖြင့် စစ်တွေမြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အပါး ၂၀ ခန့် အဆိုပါနေရာသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။ ထို့နောက် မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် စစ်တွေမြို့သို့ ကျန်ရှိသည့်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေအနေနှင့် ပတ်သက်ပြီ နောက်ဆုံးရသတင်းများ

မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း

ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓါတ်ငွေ့ကုမ္ပဏီ PTT က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ လောင်စာဆီဆိုင်များ လာရောက်ဖွင့်လှစ်ရန် စီစဉ်


ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီလုပ်ငန်းစုဖြစ်သည့် PTT Inc. က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ လောင်စာဆီ လက်လီအရောင်းဆိုင်များ လာရောက်ဖွင့်လှစ်ရန် စီစဉ်နေပြီဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြလိုက်သည်။
၎င်းတို့က အခြားနိုင်ငံများမှ နာမည်ကြီး အမှတ်တံဆိပ်များ အရှိန်မရမီ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန်မှာ အချိန်ကောင်းဖြစ်သည်ဟု ဆိုသည်။

History of the Internet

This section is a summary of some of the material contained in Hobbes' Internet Timeline and also contains sources from Pros Online - Internet History, Error! Hyperlink reference not valid. and History of Internet and WWW : View from Internet Valley and a variety of text books. Consult these source for more detailed information.

Gmail password မေ့သွားလျှင်

ကျွန်တော် ပြောချင်တာကတော့ အကောက်တစ်ခုဖွင့်ပြီးရင် ကိုယ့် အကောက်လုံခြုံမှုအတွက် အောက်ပါ ဖော်ပြထားတာတွေကို တစ်နေရာရာမှာ မှတ်ထားသင့်ပါတယ်။ (ဥပမာ ကိုအကောက်စဖွင့်တဲ့နေ့၊အကောက်ဖွင့်တုန်းက သုံးတဲ့ security code၊ ကိုပထမဦးဆုံအပ်လိုက်တဲ့ လူသုံးယောက်နာမည် စသဖြင့်ပေါ့)
> အခုနည်းက ကိုယ် လူတစ်ယောက်ရဲ့အကြောင်း ကိုတော်တော်လေးသိနေရင်
> အဲဒီလူရဲ့အကောင့်ကို တောင်ရအောင်လုပ်လို့ရပါတယ်
> ပထမဦးဆုံး ဂျီတော့ဘောက်က Forgot your password? ဆိုတဲ့ လင့်လေးကို
>

Mozila firefox browse မှာ Gmail box တွေ အများကြီးဖွင့်မယ်..

Gmail box တွေ အများကြီးဘယ်လို ဖွင့်လဲ ဆိုတာကိုပါ... ကျနော်လည်း အခုနောက်ပိုင်းမလာဖြစ်ပါဘူး....စာတမ်းကိစ္စတွေ လုပ်နေရတာနဲ့ .... အခုမှ သေချာ ပြန်ရေးပေးလိုက်ပါ့ မယ်.... မသိသေး သော သူငယ်ချင်းများအတွက်ပါ....  အဆင်ပြေမယ်လို့ ထင်ပါတယ်... ဒီလိုလေးပါ.....
ပုံလေးအတိုင်းလိုက်လုပ်ကြည့်လိုက်ပါ....

Windows 7 ရဲ့ Run command box ကို shortcut လေးအဖြစ် ဖန်တီးမယ်.

၁။Desktop ရဲ့ နေရာလွတ်တစ်ခု မှာ Right Click လုပ်ပါ.။New မှတဆင့် Shortcut
ကို နှိပ်ပါ။
၂။Type the location of the item ဆိုတဲ့ နေရာမှာ
C:\Windows\explorer.exe shell:::{2559a1f3-21d7-11d4-bdaf-00c04f60b9f0}

ကို ထည့် ကာ next ကို နှိပ်လိုက်ပါ။
၃။မိမိ ပေးလိုသော နာမည်ထည့် ကာ finish ပေးလိုက်ပါ။
၎။icon ပုံစံပြောင်းချင်ရင်တော့ အဲဒီ့ shortcut ပေါ်ကို right click လုပ်ပြီး properties ကို နှိပ်ပါ။
၅။shortcut tab ကို နှိပ်ပါ။ပြီးလျှင် Change Icon button ကို ကလစ်ပါ။

ဒါလေးကတော့ Online NoteBook လေးပါ

ဒါလေးကတော့ Online NoteBook လေးပါ လူတစ်ဦး တစ်ယောက်ချင်းစီမှာ
ဝါသနာ တစ်မျိုး စီတော့ ရှိတတ်ကြပါတယ် ။ အဲ့ထဲမှာ တစ်ချို့ လူတွေက မိမိရဲ
့တစ်နေ့ တာ အကြောင်းအရာကို ည ရောက်ရင် ပြန်ပြီးမှတ်တမ်း တင်တတ်ကြပါတယ် ။
ဒိုင်ယာရီ ရေးတဲ့ သဘောမျိုးပေါ့ ။ ပျော်ရွှင်စရာဆိုလည်း ပျော်ရွှင် စရာ
အကြောင်း အရာလေးတွေ ၊ စိတ်ညစ် စရာ ဆိုလည်းဘာကြောင့် စိတ်ညစ်ရတာလဲ ၊
ချစ်သူနဲ့ အမှတ်တရ ဆိုလည်း အမှတ်တရ ဖြစ်စေမဲ့ အကြောင်း အရာလေးတွေကို စာအုပ်

Password မေ့တတ်သူများအတွက်

password မေ့တတ်တဲ့သူတွေ websiteတွေ ပေါက်တတ်ကရသွား passwordတွေအများကြီးသုံးရပေမဲ့  ခဏခဏ မေ့တတ်သူတွေအတွက်ပါ။Keepass password safe တဲ့
 သူက password တွေကို သုံးတဲ့ site အတွက် loginname တွေpassoword တွေ
ကိုယ်မှတ်ချင်တဲ့ အကြောင်းအရာတွေကို မှတ်ထားလို့ရတယ်။သူ့မှ(keepass) မှာ Master key
အရင်ထည့်ပေးရတယ်။Passwordမေ့တတ်တဲ့သူတွေကMaster key မှာ ကိုယ့်ရဲ့Name ကိုထည့်ပြီးတော့ Key file
ကို တစ်ခြားနေရာမှာသိမ်းထားပြီးသုံး
လို့ရပါတယ်။ အဲ့ဒီအခါကြတော passwordမှာ ကိုယ့်ရဲ့နာမည်ဆိုတော့
မေ့တော့ မေ့မယ်မထင်ပါဘူး။ ကိုယ်ရဲ့Keyfileကိုသာလုံအောင်သိမ်းပေါ့။သုံးပုံသုံးနည်းက   အရင်ဆုံး http://keepass.info/news/n090606_1.16.html  ကို လှမ်း ဒါင်းလိုက်ပါ။  ဒါပြီတာနဲ့သုံးလို့ရပါပြီ

Online Security အတွက် အချက်(၁၀)ချက်

http://patheincity.com/news/wp-content/uploads/2010/06/os.jpg
လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ အင်တာနက် သုံးစွဲမှုနှုန်း ရုတ်တရက် မြင့်တက်လာတဲ့ နည်းတူပဲ အွန်လိုင်းကနေ တဆင့် အချက်အလက် ခိုးယူမှု၊ ဘဏ်အကောင့် နံပါတ်ခိုးယူ သုံးစွဲမှု၊ စတဲ့ ဆိုက်ဘာ ဒုစရိုက်မှုတွေလည်း တပြေးညီ မြင့်တက် လာခဲ့ပါတယ်။
ဒီနေ့ခေတ်ရဲ့ အင်တာနက်သုံးစွဲသူအားလုံးရဲ့ 91% ဟာအွန်လိုင်း အန္တရာယ်တွေရဲ့

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။