MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, June 11, 2012

စစ်တွေမြို့ မြင်ကွင်း

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ရတဲ့ စစ်တွေမြို့ မြင်ကွင်းများ ဖြစ်ပါတယ်။
Reuters သတင်းဌာနက ရိုက်ကူးထားတဲ့ပုံတွေ ဖြစ်ပါတယ်။
ဇွန်လ ၁၀ ရက်နေ့ ဓာတ်ပုံများ

လျှပ်တစ်ပြက်ဂျာနယ် ယာယီပိတ်ခံရ



မက်ဆင်ဂျာ ဂျာနယ် http://www.facebook.com/pages/Messenger-News-Journal/127099574018030 မှာ တွေ့ရတဲ့ ကြေညာချက်ပါ။
အသိပေးကြေငြာချက်

မသီတာထွေး အမှု ဒုတိယနေ့ ကြားနာစစ်ဆေး

နယူးဒေလီ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်၍ ပစ္စည်းလုယူမှုနှင့် ပတ်သက်၍ ကျောက်ဖြူ ခရိုင်တရားရုံး၌ ဒုတိယနေ့ကြားနာ စစ်ဆေးခြင်းကို တနင်္လာနေ့က ပြုလုပ်ခဲ့သည်။ထိုအမှုတွင် စွပ်စွဲခံရသူ သုံးဦးအနက် ထက်ထက် (ခ) ယော်ရှီး (ခ) ဖြိုးဇေယျာကျော် သည် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင်တွင် ခါးဝတ်ပုဆိုးဖြင့် ဆွဲကြိုးချ အဆုံးစီရင်သွားခဲ့၍ ယခုရုံးချိန်းတွင် ကျန်ရှိသူ ရော့ပီးနှင့် ခိုချီး တို့ နှစ်ဦးနှင့် တရားလိုပြ သက်သေ ကိုးဦးတို့အား စစ်ဆေးမှုကို ခရိုင်တရားသူကြီးဒေါ်ဌေးဌေးကြည် က

အလုပ်သမားများ လုပ်အား တိုးလုပ်ရန် လုပ်ငန်းရှင်အသင်း တောင်းဆို

ချင်းမိုင် (မဇ္ဈိမ) ။         ။ အလုပ်သမားများ အခြေခံလစာ တိုးမြှင့်ရရှိရေး ဆန္ဒပြမှုများ မကြာခဏ ပေါ်ပေါက်နေသော် လည်း အလုပ်သမားများဘက်မှ လုပ်အား တိုးမြင့် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မြန်မာ့အထည်ချုပ် လုပ်ငန်းရှင် များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောသည်။
ဗီယက်နမ်နိုင်ငံမှ လုပ်သားတဦး တရက်လျှင် ရှပ်အင်္ကျီအထည်ပေါင်း ၂ဝ ချုပ်နိုင်သော်လည်း မြန်မာနိုင်ငံမှ လုပ်သား တဦးမှာ တရက်လျှင် ၁ဝ ထည်သာ ချုပ်နိုင်သဖြင့် နှစ်ဆ ကွာခြားမှု ရှိနေသည်ဟု ဆိုသည်။

မြန်မာ့ပညာရေးအတွက် သြစတြေးလျ ဒေါ်လာသန်း ၈၀ ကူညီ

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာ မူလတန်း ကျောင်းသူ/ကျောင်းသား တသန်းကျော်အတွက် ပြဋ္ဌာန်းစာအုပ်များထောက်ပံ့ပေးသွားမည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
“ဘုန်းတော်ကြီးသင် ကျောင်းတွေနဲ့ လူမှုအဖွဲ့တွေက ဖွင့်ထားတဲ့ ကျောင်းတွေကတဆင့် ဝေးလံခေါင်သီဆုံး ဒေသ
တွေနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသတွေကို ကူညီသွားမှာပါ။ တချို့ကျောင်းတွေမှာဆို သေချာလေ့ကျင့်ပြီးသား ဆရာ/ ဆရာမ ဦးရေက တဝက်တောင် မရှိကြပါဘူး” ဟု နိုင်ငံခြားရေးဝန်ကြီး ဘော့ကား Bob Carr က

ရန်ကုန်တိုင်းဝန်ကြီးချုပ် ရခိုင်ပြည်နယ်အရေး မီဒီယာများကို ပြစ်တင်


Myint-Swe-at-press-conference-1
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စများနှင့်ပက်သက်၍ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက သတင်းမီဒီယာများကို ခေါ်ယူကာ ရန်ကုန်မြို့ လွှတ်တော်အဆောက်အဦးတွင် ဇွန်လ ၁၀ ရက်နေ့ ညပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများအား ပိုမိုကြီးထွားအောက် လှုံ့ဆော်သည့် အရေးအသားများနှင့် ပက်သက်ပြီး မီဒီယာများကို ခေါ်ယူသတိပေးလိုက်ခြင်းဖြစ်သည်။

ပေါက်တော ပစ်ခတ်မှု ၁၄ ဦး ဒဏ်ရာရ

ပေါက်တောမြို့ နောက်ဆုံးရသတင်းများ (ဇွန် ၁၁)
၁၆၃၀ နာရီချိန်တွင် ဘုံဝန်ချောင်းအနောက်ဝစုကျေးရွာမှ ဘင်္ဂါလီလူမျိုး (၁၈၀၀)ခန့်သည် ကပ်လျက် တည်ရှိသော ရပ်ကွက်(၄)မှ ရခိုင်တိုင်းရင်းသား (၂၀၀၀)ခန့်တို့နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။

GTalk မှ နောက်ဆုံးရ မြန်မာသတင်းများ ဖတ်နိုင်ပြီ

ပြည်တွင်း၌ တရားဝင်ထုတ်ဝေနေသည့် ဂျာနယ်များမှ ရရှိသည့် နောက်ဆုံးရသတင်းများကိုG Talk အသုံးပြုသူများ အချိန်မရွေးဖတ်ရှု နိုင်မည့်စနစ် မြန်မာအင်တာနက်မှ စတင်လိုက်ပြီဟု သိရသည်။ သတင်းဖတ်ရှုလိုသူများ သည် မိမိ G Talk တွင် friends. myan-mar.burma@ gmail.com
ကို မိတ်ဆွေစာရင်းတွင် ထည့်သွင်းထားရမည်ဖြစ်သည် ထိုမိတ်ဆွေအမည်ကို ပုံမှန်စာရိုက်၍ စကားပြောသကဲ့သို့ စာတစ်ခုခုရိုက်ထည့်၍ Enter နှိပ်လိုက်ပါက နောက်ဆုံးရ သတင်း ၁ဝ ပုဒ်ကို ချက်ချင်းထုတ်ပြပေးမည်ဖြစ်သည်။ ၄င်းသတင်းများကို နေ့စဉ် ပုံမှန်ထွက်ရှိနေသည့်  ပြည်တွင်းထုတ်

ဇွန်လ၉ရက်နေ့ MCCတွင် ပြုလုပ်သည့် ဖျော်ဖြေပွဲတွင် ချစ်သုဝေ ပါဝင်မဖျော်ဖြေ ဖြစ်ခြင်း အကြောင်းအရင်း

ဇွန်လ၉ရက်နေ့MCCမှာပြုလုပ်တဲ့ဂီတဖျာ်ဖြေပွဲတစ်ခုမှာ အကြောင်းအမျိုးမျိုး
ကြောင့် မဆိုဖြစ်ခဲ့ရခြင်းအပေါ် အဆိုတော်ချစ်သုဝေက သူ့ပရိသတ်များ
အတွက် အသိ ပေးရှင်းလင်းပြောကြား လာခဲ့ပါတယ်။
အဆိုတော်ချစ်သုဝေ၏ ဖြေရှင်းချက်
”ဒီပွဲလေးမှာ မပါဝင်ဖြစ်တဲ့အတွက် ပရိသတ်ကြီးကို အရင်တောင်းပန်ပါတယ်။ ကျွန်မကိုလည်း နယ်ကပရိသတ်တွေ သီချင်းတွေ တောင်းထားတယ်။ ဒါပေမဲ့ ကျွန်မဒီပွဲလေးကို မဆိုဖြစ်တော့ဘူး။ ပရိသတ်အတွက် စိတ်မကောင်းဘူး။ ဒီပွဲလေးပျက်သွားရတဲ့ အကြောင်းက ကျွန်မကို မီဒီယာရုပ်သံလိုင်း တစ်ခုက ဘောလုံးပွဲတွေကြားမှာ လွှင့်ဖို့အတွက် Free showတစ်ခုလုပ်ပြီး ဘောလုံးပွဲတွေ ကြားမှာ

မန္တလေးပေါ်ပြူလာ အနုပညာရပ်ဝန်းကို ပရိသတ်မေးလို့ ဖြေတယ်

မန္တလေးပေါ်ပြူလာအနုပညာ ရပ်ဝန်းကိုမေးလာတဲ့ ပရိသတ်တွေအတွက် ဒီတစ်ပတ်မှာ တော့ထွန်းထွန်း (Examplez) နဲ့ဝတ်မှုန်ရွှေရည်တို့ရဲ့အကြောင်း ကို ဖော်ပြပေး ပါမယ်။ မန္တလေးပေါ်ပြူ လာအနုပညာရပ်ဝန်းမှာထွန်းထွန်း အကြောင်းမေးကြတဲ့ မန္တလေးက မစိုးရတနာ၊ မပပ၊သံစဉ်ချို၊မိတ္ထီလာကကြည်ပြာ၊ကျိုင်းတုံက ပိုင်ပိုင်၊လားရှိုး က ဧပရယ်တို့ရေ ..ထွန်းထွန်းရဲ့ လိပ်စာကတော့ အမှတ် SS-B၊၄၊  ရွှေစံပယ်လမ်း၊ FMI City လှိုင်သာယာ မြို့နယ်၊ ရန်ကုန်မြို့ပါ။ ထွန်းထွန်းရဲ့နာမည် အရင်းကတော့ ထင်အောင်ထွန်းပါ။ မွေးနေ့ကတော့ ၂၄ရက်၁၂လပိုင်းပါ။ လတ်တလောမှာတော့ စူပါစတားဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိထားတာမို့

ဗိုလ်ချုပ်ကိုချစ်စိတ်နဲ့ ဝေဖန် ထောက်ပြမှုတွေကို ကျေးဇူးတင်ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်ပြောကြား

ဗိုလ်ချုပ်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေး အဖွဲ့နဲ့၊ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့
(ပြန်ကြားရေး)တာဝန်ယူထားသူ ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ အဖြေစကားတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေပါတယ်။ အဲဒီဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်ကပ်ါပြူလာကို အခုလို  ဖြေရှင်းလာတာကတော့…
”ပထမဆုံးတစ်ကြိမ်မှာ ကျွန်မရဲ့နာမည်နဲ့ ဒါရိုက်တာကြည်ဖြူသျှင်သို့ အိတ်ဖွင့်ပေးစာဆိုပြီး စာရောက်လာပါတယ်။ ကျွန်မစာဖတ် လိုက်တဲ့အခါမှာ ကိုယ့်အနေနဲ့ရိုးသားစွာ ဖြေကြားလိုက်ခြင်းအပေါ်မှာ တစ်ဖက်က အမြင်စောင်းသွားတယ်လို့ ထင်မိပါတယ်။  ကျွန်မပြောတဲ့စကားပေါ်မှာ သူတို့ရဲ့ အဓိပ္ပာယ်ကောက်ယူမှုက

ဇွန်လ ၉ရက်နေ့က ၂ဝ၁၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ

ဇွန်လ ၉ရက်နေ့က ၂ဝ၁၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။အာင်စာရင်းမထွက်ခင်မနက်ပိုင်း စာစောကတည်းကသက်ဆိုင်ရာ စာစစ်ဌာနများမှာ ကျောင်းသား၊
 ကျောင်းသူများ၊ မိဘများက ကြိုတင် စောင့်စားနေကြပါတယ်။ တက္ကသိုလ်ဝင်တန်း စားမေးပွဲဖြေဆိုထားသော ကျောင်းသား၊ ကျောင်း သူများကလည်းရင်ခုန်နေကြပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ
ဆိုတာ ကျောင်းသားဘဝအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လို့ပါ။ တက္ကသိုလ်ဝင် တန်းစာမေးပွဲအောင်မြင်ပြီးမှ ကိုယ်နှစ်သက်ရာ အသက်မွေး ဝမ်းကျောင်းကို ရွေးချယ်နိုင် မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကပြုလုပ်မယ့် ပဒေသာကပွဲမှာ စိတ်ကြိုက် ရွေးချယ်ထားတဲ့ ပြက်လုံးတွေ နဲ့ တင်ဆက်မယ့် သီးလေးသီးအဖွဲ့

သီးလေးသီးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဂေါ်ဇီလာကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ကကျင်းပမယ့် ကချင်ပြည်နယ်၊ ရန်ပုံငွေဖျော်ဖြေပွဲ အတွက် အစမ်းလေ့ကျင့် တဲ့နေရာမှာ တွေ့ခဲ့ရပါတယ်။ ရန်ပုံငွေ ဖျော်ဖြေပွဲ အတွက် လူရွှင်တော် တော်တော်များများ ပါဝင်ပြီး သီးလေးသီးကလည်း ပါဝင် တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် ပြက်လုံးတွေကို ကိုယ်တိုင် စိတ်ကြိုက် ထုတ်ပြီး ပြက်ခွင့်ရတာလား ဆိုတဲ့ အမေးအပေါ် ဂေါ်ဇီလာက” ပြက်လုံးတွေက တော့ ကျွန်တော်တို့ စိတ်ကြိုက်ပါပဲ။ ကျွန်တော် တို့ ဒီမှာနွေရာသီ တစ်ရာသီလုံး ကခဲ့တာတော့ ကျွန်တော်တို့ စိတ်ကြိုက် ပြက်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ အခုက

စင်ကာပူ(သို့မဟုတ်)ဘန်ကောက်ကို ဈေးဝယ်သွားမယ့် ပြေတီဦး ပြင်ဦးလွင်မှာ သရဲအခြောက် ခံရတဲ့အကြောင်းပြောပြ

ပြေတီဦးကပြင်ဦးလွင်မှာဒါရိုက်တာဝိုင်း၊ချစ်သုဝေတို့နဲ့ရိုက်နေတဲ့ ‘ဘော်ဘော်’ဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာ တော်တော်ဆိုးတဲ့ခပ် ပြောင်ပြောင် လူတစ်ယောက်အဖြစ်သရုပ်ဆာင်နေပြီးအပြင်မှာခပ်ပြောင်ပြောင်နေ တတ်တဲ့ပြေတီဦးကဇာတ်ကားထဲကလူထက် ပိုပြောင်တယ်လို့ပြောပါတယ်။
လတ်တလော အထက် မြန်မာပြည်မှာထွက်ထားတဲ့ ‘မပြောင်းလဲသော ဆက်နွယ်မှု’ကားမှာ မိုးဟေကိုက ပြေတီဦးအဖေအဖြစ် သရုပ်ဆောင်ထား သလို၊ပြေတီဦးကမိုးဟေကိုကိုကန်တော့တဲ့အခန်းလည်းပါတာမို့ အဲဒီကား
အကြောင်း  မေးတော့..”အဲဒီကားရိုက်တုန်းကတော့ မိုးဟေကို ကို ကျွန်တော့် 
 အမေလုပ်ရမယ်ပြောတော့ မိုးဟေကို အော်နေတာတော့ အမှတ်တရပဲ” လို့ ပြောပါတယ်။ ပြေတီဦးက

ကင်ညာ ပြည်ထဲရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျ သေဆုံး(ဗိုလ်ချုပ်ကြီးဦးတင်ဦးလည်းအလားတူအသက်ဆုံးရှုံးခဲ့ ရ)

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီ အနီး တနင်္ဂနွေနေ့ စောစောပိုင်းက ရဟတ်ယာဉ်တစီး ပျက်ကျသွားခဲ့ရာမှာ အနည်းဆုံးလူ ၆ ဦး သေဆုံးသွားခဲ့ပြီး သေဆုံးသူတွေထဲမှာ ကင်ညာပြည်ထဲရေးဝန်ကြီး ဂျော့ဆီယက် တိုတီ လည်း ပါဝင်ကြောင်း ကင်ညာအစိုးရ တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့က ပြောဆိုပါတယ်။
ရဟတ်ယာဉ်ဟာ တောင်ကုန်းတွေထူထပ်တဲ့ နေရာမှာပျက်ကျခဲ့ပြီး ၀န်ကြီးရဲ့ ကိုယ်ရေးလက်ထောက် တဦးနဲ့ သက်တော်စောင့် တဦးတို့လည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျော့ဆီယက် တိုတီ ဟာ ဒုတိယ သမ္မတဟောင်းတဦး ဖြစ်တဲ့အပြင် လာမယ့်နှစ် မတ်လမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲကြရင် သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားသူလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်

2012-06-11
ရခိုင်ပြည်နယ်က လက်ရှိပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းအပေါ် ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားအမြင်တွေကို ရှင်းလင်းတင်ပြရခြင်း ဖြစ်တယ်လို့ ပါတီ ခေါင်းဆောင် ဦးအေးသာအောင်က ပြောပါတယ်။

စစ်တွေမြို့ပတ်ဝန်းကျင်အခြေအနေ တင်းမာနေဆဲ(အသံဖိုင်နှင့်တစ်ကွ)

2012-06-11
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ အစိုးရက လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားပေမယ့် မြို့ခံ လူထုအနေအထားကတော့ စိုးရိမ်နေရဆဲဖြစ်ကြောင်း သိရပါတယ်။ ဒီကနေ့ ရင်ဆိုင်တိုက်ခိုက်မူ တချို့ဖြစ်တာကြောင့် လူအနည်းဆုံး ၁၀ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။စစ်တွေမြို့မှာ ရောက်နေတဲ့ အာအက်ဖ်အေ သတင်းထောက် ကိုကျော်ကျော်အောင်က စစ်တွေမြို့က လုံခြုံရေးအခြေအနေကို ခုလိုပြောပြပါတယ်။"လုံခြုံရေးကတော့ ဒီအစိုးရဘက်ကဆိုရင် ဦးဥတ္တမပန်းခြံတဝိုက်မှာ စစ်တပ်က လုံခြုံရေး နေရာယူထားပါတယ်။ ပြီးတော့ နေရာတော်တော် များများမှာလည်း ရဲတွေကပေါ့နော်။ ဒိုင်း၊ လွှားအပြည့်အစုံ သူတို့ရဲ့လုံခြုံရေးကရိယာ အပြည့်အစုံနဲ့ ကင်းလှည့်နေကြပါတယ်။ ရဲအရာရှိတစ်ဦးက အာအက်ဖ်အေကို ပြောဆိုချက် အရဆိုရင် ရန်ကုန်အမှတ် (၆) ရဲတပ်ရင်းတစ်ခုလုံးက စစ်တွေကိုရောက်နေပါတယ်"

ရခိုင်ပြည်နယ်အတွင်းက ကုလ ၀န်ထမ်းတွေ ဘေးကင်းရာရွှေ့ပြောင်း

2012-06-11
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖြစ်ပွားနေတဲ့ အရေးပေါ်အခြေအနေကြောင့် မောင်တောမှာ တာဝန်ကျနေတဲ့ ကုလသမဂ္ဂ၀န်ထမ်းနဲ့ မိသားစုတွေကို လုံခြုံတဲ့နေရာ ပြောင်းရွှေ့နေပြီလို့ သိရပါတယ်။
မောင်တောမှာ တာဝန်ကျတဲ့ အစိုးရ၀န်ထမ်းတွေကိုလည်း စစ်တွေမြို့ကိုခေါ်ယူတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ ၀န်ထမ်းတွေကို ရွှေ့ပြောင်းတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ အကူအညီပေးရေးဌာနေ ကိုယ်စားလှယ် Mr.Ashok Nigam ကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာ-

အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့ပတ်သက်၍



၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၊ အခန်း (၁၁)
အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ

Burma Center Prague နှင့် ၀ဿန် ရဲ့ ရုပ်ရှင်ပွဲတော်မှ စာမူ ဖိတ်ခေါ်စာ




Burma Center Prague နဲ့ ၀ဿန် ရုပ်ရှင်ပွဲတော် ပူးပေါင်းကျင်းပသော စာမူပြိုင်ပွဲတွင် ပါဝင်ရန် ဖိတ်ခေါ်ပါသည်။

“ခရီးသွား လက်ကမ်းစာစောင်များရဲ့ ဟိုမှာဖက်ကမ်းက မြန်မာနိုင်ငံ”

မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ အရှိန်အဟုန် ပြင်းစွာနဲ့ ပွင့်လင်းလာတဲ့ အနေအထား ဖြစ်လာနေပါတယ်။ အရင်တုန်းကထက်များတဲ့ နိုင်ငံခြားသားတွေဟာ မြန်မာပြည်ထဲကို ၀င်လာနေကြပြီး ဒီအထဲ မှာ မြန်မာ့ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်၊ သူမတူတဲ့ အတွေ့အကြုံတွေကို

ရခိုင်ဒေသ သတင်း ၄ ပုဒ်



ဒီကနေ့ထုတ် အစိုးသတင်းစာများမှာ တွေ့ရတဲ့ ရခိုင်ဒေသ သတင်းများ ဖြစ်ပါတယ်။
၁။ ရခိုင်ပြည်နယ် စစ်တွေမြို့၌့ ဆူပူ အကြမ်းဖက်မှုများဖြစ်ပွား
အခြေအနေများကို အချိန်မီ ထိန်းသိမ်း ပြီး
ဒေသရပ်ရွာ တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက်
ပုဒ်မ (၁၄၄) ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိ

နိုင်ငံတည်ငြိမ်ရေး သတိနဲ့ ၀ိုင်းဝန်းဆောင်ရွက်ဖို့ သမ္မတတိုက်တွန်း

 
ရခိုင်ပြည်နယ် တပြည်နယ်လုံးကို အရေးပေါ်အခြေအနေဖြစ် ကြေညာလိုက်ကြောင်း ဒီကနေ့ ည ၈ နာရီ သတင်းစဉ်အတွင်းမှာ ထည့်သွင်း ကြေညာသွားပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ဆူပူမှုတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ အခုအသံမလွှင့်ခင်ကလေးကပဲ တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းထဲ တည့်သွင်း ပြောကြားသွားတာပါ။
“တဘက်နဲ့တဘက် အပြန်အလှန် အကြမ်းဖက်

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။