ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ပတ်သက်လို့
အထူးစိုးရိမ်ကြောင်းနဲ့ တဘက်နဲ့တဘက် တိုက်ခိုက်မှု တွေကို
ချက်ချင်းရပ်ဆိုင်းဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟီလာရီ ကလင်တန်က
တိုက်တွန်းလိုက်ပါတယ်။ လူတွေ သေဆုံးတဲ့အထိ ဖြစ်ပွားနေတဲ့
ဒီအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ တုန်လှုပ်ရကြောင်းနဲ့ အခြေအနေကို အနီးကပ်
စောင့်ကြည့်နေတယ်လို့ ဥရောပသမဂ္ဂ ကလည်း ပြောဆိုပါတယ်။ ဒီအကြောင်း
အပြည့်စုံကို မခင်ဖြူထွေးက ဆက်ပြီး ပြောပြပါမယ်ရှင်။
မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်တွင်း လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ဆက်ပြီးဖြစ်ပွားနေတဲ့အပေါ် အထူးစိုးရိမ်မှု ဖြစ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်တွင်း လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ဆက်ပြီးဖြစ်ပွားနေတဲ့အပေါ် အထူးစိုးရိမ်မှု ဖြစ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး