MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, June 14, 2012

ဒေါက်တာလေးတွေရဲ့ အခက်အခဲ နှင့် အစိုးရထံလျှော်ကြေး

သို့ 

အယ်ဒီတာရှင့်

ကျမ ကတော့ ရန်ကုန်ဆေးတက္ကသိုလ် (၁) က ၂၀၁၁ ခုနှစ်မှာ ဆေးပညာဘွဲ့ ရရှိထားတဲ့ ဆရာဝန်တဦး
ဖြစ်ပါတယ်။ အခု ပြောပြချင်တာက ဆရာဝန်တွေကို သတ်မှတ်ထားတဲ့ Education Clearance (EC) အကြောင်းပါ။

ဆရာဝန်တယောက် ဘယ်လို အကြောင်းကြောင့်ပဲ နိုင်ငံခြားထွက်ထွက် ၁၀ သိန်း ပေးလျော်ပြီးမှ သွားရမယ်လို့  သတ်မှတ်ထားပါတယ်။ ၁၀ သိန်းဆိုတဲ့ ငွေက အထူးကု ဆရာဝန်ကြီးတွေ၊ ဆေးခန်းကြီးတွေမှာ လူနာ လက်မလည်
အောင် ကြည့်နေရတဲ့ ဆရာဝန်ကြီးတွေအတွက် မပြောပလောက်တဲ့ငွေ ဆိုပေမယ့် ကျမတို့လို ကျောင်းပြီးခါစ ဆရာဝန်ပေါက်စတွေ အတွက်ကျတော့ မတတ်နိုင်လောက်တဲ့ ငွေကြေးပါ။

ကျောက်ဖြူအနီး ရေယာဉ် နစ်မြုပ်မှု အာမခံငွေ ကျပ် ၇၅ သန်းအတွက် စစ်ဆေးနေ

ရန်ကုန် (မဇ္ဈိမ) ။         ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီး ပင်လယ်ပြင်တွင် ဇွန်လ ၁၀ ရက်နေ့က နစ်မြုပ်သွားခဲ့သော ‘ရွှေဇေယျာအောင်’ကုန်တင် ရေယာဉ်ပေါ်တွင် ပါရှိသွားသော ကုန်ပစ္စည်းများအတွက် အာမခံ ထားရှိငွေ ကျပ် ၇၅ သန်းကျော်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး အတည်ပြုပြီးပါက လျော်ကြေးငွေများကို ပေးအပ်သွား မည် ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ ဒီမိုကရေစီအရေး အတားအဆီးဟု ကွင်တားနား ပြော

ရန်ကုန် (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများ အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများသည် နိုင်ငံ့အနာဂတ် ဒီမိုကရေစီရေးအတွက် ကြီးမားသည့် အတားအဆီးတခုဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်စ် အိုဟေး ကွင်တားနား သတိပေး ပြောကြားလိုက်သည်။
“တင်းမာမှုများဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူပြောင်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အတားအဆီး ဖြစ်ပေါ်နေပြီး တရားဥပဒေကို လေးစားဖို့နဲ့ အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ နှစ်ဘက်လုံးကို ကျနော် တိုက်တွန်းပါတယ်” ဟု ကွင်တားနား၏ ပြောကြားချက်ကို ကုလသမဂ္ဂ ပြန်ကြားရေးဌာန (ရန်ကုန်)

7 July ရွှေရတု နာယက သံဃာ ၂၀၊ လူ ၂၀ လျာထားပြီး

နယူးဒေလီ (မဇ္ဈိမ) ။       ။ ဇူလိုင် ၇ ရက် အရေးတော်ပုံ ရွှေရတု အခမ်းအနား ကျင်းပရေးအတွက် ဦးစီးနာယကများ လျာထားပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။၁၉၆၂ ခုနှစ်က ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုချ ဖျက်ဆီးခံရခြင်း နှစ် ၅၀ ပြည့် အခမ်းအနား ဖြစ်မြောက်ရေး အတွက် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို မန္တလေးမြို့၊ ဘုရားကြီး အလယ်တိုက်တွင် ကြာသပတေးနေ့ မနက်က ပြုလုပ်ခဲ့သည်။ထိုအစည်းအဝေးမှ ပဏာမရွေးချယ်မှုအဖြစ် သံဃာတော် အပါး ၂၀ ကျော်၊

အစိုးရ စွမ်းအင်လုပ်ငန်း ပွင့်လင်းမှုနည်းဟု ဒေါ်စု ဝေဖန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE မှာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများ နည်းပါးနေသေး၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေနှင့် ၎င်းနှင့် ဖက်စပ်မလုပ်ကိုင်သင့်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ နိုင်ငံခြားအစိုးရများကို တိုက်တွန်းလိုက်သည်။
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ညီလာခံတွင် ကြာသပတေးနေ့က တက်ရောက်၍ နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောကြား စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အခြေခံလစာအပေါ် အလုပ်သမားဌာနနှင့် အလုပ်ရှင်သဘောထား

ရန်ကုန် (မဇ္ဈိမ) ။        ။ အလုပ်သမားများ၏ အခြေခံ လုပ်ခလစာ တပြေးညီ သတ်မှတ်ပေးရန် အလုပ်သမား ဦးစီးဌာနမှ အလုပ်ရှင်များကို ခေါ်ယူညှိနှိုင်းထားကြောင်း ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင် က ပြောသည်။“တပြေးညီ မသတ်မှတ်ရသေးပါဘူး။ အဲလိုသတ်မှတ်ပေးဖို့ ဆွေးနွေးခိုင်းထားတာပါ။ နိုင်ငံတော်က အစိုးရဝန်ထမ်း
တွေ ပေးထားတဲ့နေ့ကြေးက ၁,၁ဝဝ၊ ထောက်ပံ့ကြေးက ၁,ဝဝဝ ပေးတယ်။ အဲဒီလိုမျိုး တနေ့ ၂,၁ဝဝ ပေးတာမျိုးပေးဖို့ ဆွေးနွေးခိုင်းတာပါ။ ဌာနက သတ်မှတ်ပေးလို့ မရပါဘူး။ ဆွေးနွေးခိုင်းထားတဲ့

မသီတာထွေးအမှု စွပ်စွဲခံရသူများ တမှု ဝန်ခံ၊ နှစ်မှု ငြင်းဆို

နယူးဒေလီ (မဇ္ဈိမ) ။        ။ မေလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာသူ မသီတာထွေး အား အဓမ္မပြု သတ်ဖြတ်ကာ ပစ္စည်း လုယက်မှုတို့ဖြင့် စွပ်စွဲခံရသူ ရော့ပီးနှင့် ခိုချီး တို့ နှစ်ဦးက အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံဖြောင့်ချက် ပေးသော်လည်း လူသတ်မှုနှင့် လုယက်မှုကိုမူ မကျူးလွန်ခဲ့ကြောင်း ကြာသပတေးနေ့ ရုံးတော်တွင် ငြင်းလိုက်ကြသည်။
မနက်ပိုင်းက ကျောက်ဖြူ ခရိုင်တရားရုံးတွင် တရားသူကြီး ဒေါ်ဌေးဌေးကြည်က ကြားနာခဲ့ရာတွင်

ဒေါ်စု ILO မိန့်ခွန်းပြောပြီး ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေး ဖြေကြား


dsilo
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောဆိုပြီး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ် (Photo: ILO)



မဇ္ဈိမသတင်းဌာန ။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် ဇွန်လ ၁၄ ရက်နေ့က နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောဆိုပြီး သတင်းစာ ရှင်းလင်းပွဲတခု လည်း ပြုလုပ်ခဲ့သည်။

ကလေးငယ်များအား တစ်ရက်ထဲ ကာကွယ်ဆေး(၂)လုံးဆင့် မထိုးသင့်


 

တစ်နှစ်အောက်ကလေးငယ်များ  ကာကွယ်ဆေးထိုးရာတွင် တစ်ရက်ထဲ၌ ကာကွယ်ဆေးနှစ်လုံးဆက် မထိုးသင့် ကြောင်း ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးက ဆိုသည်။
 
“တစ်ရက်တည်းမှာ ကာကွယ်ဆေး(၂)လုံး မထိုးသင့်ဘူး၊ တစ်နှစ်အောက်ဆိုတဲ့အရွယ်က ငယ်လွန်းတော့ ကာကွယ်ဆေးဒဏ်တွေကို မခံနိုင်ဘူး၊ ကာကွယ်ဆေးက တစ်လုံးထဲထိုးရင်တောင် အပူကြီးတယ်၊ တစ်ကြိမ်ထဲ နှစ်လုံး ထိုးမပေးသင့်ဘူး”ဟု ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာအောင်ထွန်းဦးက ပြောသည်။
 

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။