MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, June 16, 2012

ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြပွဲ

 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာနိုင်ငံသား ၂၀၀ ခန့်က ရခိုင်ပြည်နယ်၌ အကြမ်းဖက်ခဲ့ကြသော ဘင်္ဂလီ ရိုဟင်ဂျာများကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲတရပ်ကို ယနေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ယနေ့ နိုဗဲလ်ဆု ပေးပွဲ မှတ်တမ်း ( ၁)


နိုဗဲလ် ငြိမ်းချမ်းရေး ဆုပေးပွဲ အဖွင့် ခရာမှုတ်၍ ကြိုဆိုပုံ

နိုဗဲလ်ငြိမ်းချမ်းရေး ဆုပေးပွဲ မှတ်တမ်း ( ၂ )



ဒေါ်အောင်ဆန်းစုကြည်၏ နိုဗဲလ်ငြိမ်းချမ်းရေး ဆုပေးပွဲ မိန့်ခွန်း အပြည့်အစုံ



ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့် မိန့်ခွန်း (အင်္ဂလိပ်ဘာသာဖြင့်)

Aung San Suu Kyi, Oslo, 16 June, 2012
Your Majesties, Your Royal Highness, Excellencies, Distinguished members of the Norwegian Nobel Committee, Dear Friends,

Long years ago, sometimes it seems many lives ago, I was at Oxford listening to the radio programme Desert Island Discs with my young son Alexander. It was a well-known programme (for all I know it still continues) on which famous people from all walks of life were invited to talk about the eight discs, the one book beside the bible and the complete

ဖားကန့်မြို့နယ်တွင်း ဥရုချောင်းရေလျံမှုကြောင့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အချို့၌ ရေကြီးရေလျံမှု ဖြစ်ပွားနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်း ဥရုချောင်းရေလျံမှုကြောင့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျံမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။
အဆိုပါ ရေကြီးရေလျံမှုသည် ၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ပုံမှန်မိုးရွာသွန်းမှုဖြစ်စဉ်သာ ဖြစ်သော်လည်း  ဥရုချောင်းတွင်း ချောင်းကြမ်းပြင် မြင့်တက်နေခြင်းကြောင့်
 ချောင်းကမ်းတစ်လျောက်ရှိ ကျေးရွာများနှင့် မြေနိမ့်ရာ

ဘင်္ဂလားဒေ့ရှ်-ရခိုင် လုံခြုံရေးပူပန်

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့နောက်ကွယ်မှာ အကြမ်းဖက်အဖွဲ့တွေ ပါဝင် ပတ်သက်နေ တယ်ဆိုတဲ့ သတင်းတွေကို ရနေတာကြောင့် နိုင်ငံထဲကို ပြဿနာတွေဝင်လာအောင်လုပ်တာ လက်မခံနိုင် ဘူးဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါ တယ်။ ဒီလို အခြေအနေမှာပဲ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ ရခိုင်လူမျိုးတွေမှာလည်း ကျီးလန့်စာစား နေနေကြရပါတယ်။ ဘင်္ဂလားဒေ့ရှ်

နော်ဝေး၀န်ကြီးချုပ်နဲ့ ဒေါ်စု ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်

ဓာတ်ပုံ ASSOCIATED PRESS
နော်ဝေးမြို့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေးဝန်ကြီးချုပ် Jens Stoltenberg (ဂျွန်လ ၁၅ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အမျိုးသားပြန်လည် သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိနှိုင်းဖြတ်ကျော်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မနေ့က နော်ဝေးနိုင်ငံကို ရောက်ရောက်ချင်း နော်ဝေး၀န်ကြီးချုပ် Jens Stoltenberg နဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ

ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း သေဆုံးသူ ၅၀ အထိရှိလာ


RFA
၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် ပျက်စီးနေသည့် အိုးအိမ်များကိုတွေ့ရပုံ။

ရခိုင်ပြည်နယ်မှာ မေ ၂၈ ရက်က ဇွန် ၁၄ ရက်အတွင်းဖြစ်ပွားသွားတဲ့ ပဋိပက္ခအတွင်း လူ ၅၀ သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ အစိုးရ သတင်းစာတွေမှာ ဒီနေ့ဖော်ပြပါတယ်။
အကြီးတန်း တာဝန်ရှိသူတစ်ဦး ကတော့ မူဆလင် ၁၆ ဦးနဲ့ ဗုဒ္ဒဘာသာဝင် ၁၃ ဦး သေဆုံးတယ်လို့

နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြား

ကမ္ဘာ့နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံလိုက်ရတယ်လို့ ကြားသိခဲ့ရတဲ့အချိန်မှာ မိမိခံစားလိုက်ရတာက အချုပ်နှောင်ခံထားရတဲ့ မိမိဘ၀ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု က တခြားလူသားတွေရဲ့ ကမ္ဘာနဲ့ ပြန်လည်ချိတ်ဆက်ပေး လိုက်တာပဲလို့ ခံစားမိကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်လ်ဆု ချီးမြှင့်တဲ့ အခမ်းအနားမှာ ထည့်သွင်းပြောခဲ့ပါတယ်။
AFP
နော်ဝေနိုင်ငံ အော်စလိုမြို့တော်ခန်းမတွင် ၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ကျင်းပသော နိုဘဲလ်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်က ရရှိခဲ့သော နိုဘဲလ်ဆုအတွက် မိန့်ခွန်းပြောဆိုနေစဉ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အတွက် အကူအညီ လိုအပ်နေ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ကူညီဖို့  ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ က စီစဉ်နေပြီး ဒုက္ခသည် စခန်းတွေ အတွက် ရေသန့်၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အပြင် အမိုးအကာ စသဖြင့် အရေးပေါ် အကူအညီတွေ အထူး လိုအပ်နေတယ်လို့  ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ဝင် ကိုစိုးထွန်းက ပြောပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ

ဒေါ်အောင်ဆန်းစုကြည်ကို အော်စလိုမြို့တော်မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေကြိုဆို

ဆွစ်ဇာလန်နိုင်ငံကနေ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို မနေ့ကရောက်ရှိလာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လေဆိပ်မှာ နိုဘယ်လ်ဆုကော်မတီ ဥက္ကဋ္ဌ Thorbjoern Jagland နဲ့အတူ နိုဘယ်လ်ဆုကော်မတီက တာဝန်ရှိသူတွေ လာရောက်ကြိုဆိုခဲ့ကြပါတယ်။

AFP
နော်ဝေနိုင်ငံကို ဇွန်လ ၁၅ ရက်နေ့မှာရောက်ရှိလာတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နော်ေ၀၀န်ကြီးချုပ်နှင့်အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး တွေ့ရစဉ်။
နော်ဝေနိုင်ငံရောက် တိုင်းရင်းသားလူမျိုးတွေ ပါဝင်တဲ့ မြန်မာလူမျိုးတွေသာမက၊ အိမ်နီးချင်း ဆွီဒင်နဲ့

ရခိုင်ပြည်နယ် ဒုက္ခသည်အရေး အမေရိကန် အကူအညီပေးမည်

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အမေရိကန်နိုင်ငံကလည်း အကူအညီပေးမယ်လို့ သိရပါတယ်။

RFA
၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသူများအား တွေ့ရစဉ်။
ရန်ကုန်မြို့ အမေရိကန်သံရုံး ယာယီတာဝန်ခံ Mr. Michael Thurston က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ခေါင်းဆောင်တွေကို မနေ့က တွေ့ဆုံဆွေးနွေးခဲ့သလို အစ္စလာမ်ဘာသာရေး အဖွဲ့ ၅

ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ပတ်သက်ပြီး မလေးရှားနဲ့ ထိုင်းနိုင်ငံမှာဆန္ဒပြ

ဒီကနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကအရေးအတွက် လူ သုံးထောင်ကျော်လောက် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန် ၁၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် မြန်မာတိုင်းရင်းသား အဖွဲ့ ၉ ဖွဲ့က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ရပ်တန့်ရေး ဆန္ဒပြတောင်းဆိုနေစဉ်။
သောကြာနေ့ ဘုရားဝတ်ပြုအပြီးမှာ မွတ်ဆလင် သုံးထောင်လောက်ဟာ မြန်မာသံရုံးရှိရာကို

မြန်မာပြည် တရားဥပဒေစိုးမိုးရေး အမေရိကန်အမတ် တိုက်တွန်း

 
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က ထင်ရှားတဲ့ ဒီမိုကရက်တစ်အမတ်တစ်ဦးဖြစ်သူ မစ္စတာ Joseph Crowley က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ကာလကြာရှည် တငွေ့ငွေ့လောင်မြိုက်နေတဲ့ လူအုပ်စုနှစ်ခုကြားက တင်းမာမှုတွေဟာ ဒီလအတွင်းပေါက်ကွဲသွားခဲ့ပြီး၊ အိုးအိမ်တွေ မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေ စတဲ့ အကြမ်းပတမ်းဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ကြောင်း၊ နှစ်ဘက်လုံးက မူဆလင်တွေရော

မြန်မာနိုင်ငံကတိုးတက်မှု ထိုင်းနဲ့ အမေရိကန် ကြိုဆို


Photo: US Department of State
၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီ ကလင်တန်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Tovichakchaikul တို့ အစည်းအဝေး မစတင်မီ ကြေညာချက် ထုတ်ပြန်နေစဉ်။

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုများနဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်အောင် နိုင်ငံတကာအသိုင်းအ၀ိုင်း အနေနဲ့ ၀ိုင်းဝန်း ကူညီကြဖို့ လိုအပ်ကြောင်း

RFA TV အစီအစဉ်များ Apstar-7 ဂြိုဟ်တု အသစ်ကနေ ပြောင်းလဲ ထုတ်လွှင့်နေ

RFA TV အစီအစဉ်တွေကို ပရိသတ်တွေ ပိုပြီး ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် ကြည့်ရှုနိုင်ကြဖို့ အတွက် Apstar 2R ဂြိုဟ်တုက ထုတ်လွှင့်ပေးနေရာကနေပြီး အခုအခါ နောက်ဆုံးထွက်ပေါ်လာတဲ့ Apstar-7 ဂြိုဟ်တု အသစ်ကနေ ပြောင်းလဲ ထုတ်လွှင့်နေပါပြီ။ ဇွန်လ ၂၁-ရက်နေ့ နောက်ပိုင်းမှာတော့ လက်ရှိသုံးနေတဲ့ Apstar 2R ဂြိုဟ်တုကနေ ကြည့်လို့  ရတော့မှာ မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။
အဲဒီ Apstar-7 ဂြိုဟ်တု အသစ်နဲ့ ပတ်သက်လို့ သိသင့်တာတွေကတော့-
တည်နေရာ – 76.5 East

မြိုသူကြီးရပ်ကွက်မီး ရှို့မီးဖြစ်တယ်လို့ ဒေသခံတွေပြော


RFA
၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် မီးလောင်ကျွမ်းသွားသော အိုးအိမ်များကိုတွေ့ရပုံ။

2012-06-15
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်မှာ ဒီကနေ့မနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားပါတယ်။ ဒီမီးဟာ ရှို့မီးဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
အဲဒီရပ်ကွက်ဟာ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က မီးရှို့ခံရတဲ့ ရပ်ကွက်နဲ့ တဆက်တည်းဖြစ်ပြီး မီးဘေးက လွတ်ခဲ့တဲ့အိမ်တွေကိုထပ်ပြီး ဒီကနေ့မနက် ၁ နာရီခန့်က လာရှို့တာဖြစ်

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။