MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, June 29, 2012

စစ်တပ်က ငွေကြေးယူ၍ ဘိန်းစိုက်ခွင့်ပေးနေ

အစိုးရ က ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး မဆောင်ရွက်နိုင် သေးသည့်အပြင် စစ်တပ်က ရှမ်းပြည်နယ် အတွင်းရှိ ဘိန်းစိုက်ပျိုးသူ များထံမှ ငွေကြေး ကောက်ခံ၍ စိုက်ပျိုးခွင့် ပေးနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဘိန်းခင်းတခု (ဓာတ်ပုံ – UNODC)
‘‘ရှမ်းပြည်နယ် မိုင်းတုံမှာ အခြေစိုက်တဲ့ တပ်ရင်း ၆၅ ဆိုရင် နှစ်တိုင်း ဘိန်းခွန် ကောက်စားတယ်။ သူမကောက်တဲ့ နှစ်ဆိုတာ မရှိပါဘူး”ဟု ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လေ့လာရေး အဖွဲ့မှ ဦးခွန်စိုင်းက

ကိုရီးယား လေကြောင်းလိုင်းမှ ရန်ကုန်မြို့နှင့် တိုက်ရိုက်ခရီးစဉ် ပြေးဆွဲရန်စီစဉ်

ကိုရီးယားလေကြောင်းလိုင်းမှ ရန်ကုန်မြို့နှင့် တိုက်ရိုက်ခရီးစဉ်အား စက်တင်ဘာလတွင် ပြေးဆွဲရန် စီစဉ်နေကြောင်း ကိုရီးယားလေကြောင်းလိုင်းမှ ဇွန်လ ၂၆ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ အင်ချွန်း နိုင်ငံတကာလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့အကြား တိုက်ရိုက်ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်ကာ ပျံသန်းချိန်နှင့် ခရီးသည်များ အဆင်ပြေလွယ်ကူစွာ

 ဗန်းမော်နှင့် ကသာမြို့တို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ဝန်းကျင်သို့ ရောက်ရှိနေ

ဧရာဝတီမြစ်ရေသည် ဗန်းမော်နှင့် ကသာမြို့တို့တွင် စိုးရိမ်ရေမှတ်ဝန်းကျင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။
ဧရာဝတီမြစ်ရေသည် ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဗန်းမော်မြို့တွင် ၁၀၉၄ စင်တီမီတာသို့ ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၁၅၀ စင်တီမီတာဖြစ်သည့်အတွက် မြစ်ရေကြီးခြင်း သတိပေးချက် စတင်ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်၌ ၁၁၄၆ စင်တီမီတာသို့ ရောက်ရှိနေသည့်အတွက် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် လေးစင်တီမီတာသာ

သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် စွဲဆိုထားသည့်အမှုအား လာမည့်ဇူလိုင်လ ၁၂ ရက်နေ့သို့ ရုံးချိန်းထပ်မံခေါ်ယူ ဇွန်လ ၂၈ ရက်နေ့ရုံးချိန်းတွင် တရားလိုစစ်ဆေးမှုပြုလုပ်ခဲ့ပြီး တစ်ဖက်ရှေ့နေမှ ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့

သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် စွဲဆိုထားသည့်အမှုအား လာမည့်ဇူလိုင်လ ၁၂ ရက်နေ့သို့ ရုံးချိန်း ထပ်မံပေးထားပြီး ဇွန်လ ၂၈ ရက်နေ့(ယနေ့)ပြုလုပ်သည့် ရုံးချိန်းတွင် တရားလို သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုအား စစ်ဆေးလျှောက်ထားမှု ပြုလုပ်စေပြီး The Voice ဂျာနယ်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့်က ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်တရားရုံးတွင် ယနေ့ ကြားနာစစ်ဆေးခဲ့သည့် သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ် အမှုကို နံနက် ၁၀ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး မွန်းလွဲ ၁ နာရီကျော်တွင် ကြားနာစစ်ဆေးမှုပြီးဆုံးခဲ့ပြီး လာမည့် ဇူလိုင် ၁၂ ရက်နေ့ ကို ရုံးချိန်းထပ်မံပေးထားကြောင်း သိရှိရသည်။
ယခုအမှုကို ဒဂုံမြို့နယ်တရားရုံးက ပြစ်မှုအမှတ် ၅၁/၂၀၁၂၊ ပုဒ် မ ၅၀၀ ဖြင့် သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်အပေါ် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇွန်လ ၂၈ ရက်နေ့က ဒဂုံမြို့နယ်တရားရုံးတွင်ပြုလုပ်ခဲ့သည့်  ကြားနာစစ်ဆေးမှုတွင် သတ္တုတွင်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက 'The Voice ဂျာနယ် အတွဲ ၈၊ အမှတ် ၁၃၊ မတ် ၁၂- ၁၈/၂၀၁၂ နေ့စွဲဖြင့် ထုတ်ဝေသော ဂျာနယ်၏ မျက်နှာဖုံးတွင် ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ'ဆိုသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့မှုမှာ သတ္တုတွင်း ၀န်ကြီးဌာနတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ပြည်သူလူ ထု၏ ယုံကြည်အားထားမှုကို ယုတ်လျော့စေသည့်အတွက် The Voice ဂျာနယ် တာဝန်ရှိသူများအပေါ် ထိရောက်စွာ အရေးယူပေးရန် တရားရုံးသို့ ဦးတိုက်လျောက်ထားခြင်းဖြစ်ကြောင်း တရားရုံးသို့ ထွက်ဆိုချက်ပေးခဲ့သည်။


ထို့ပြင် ဦးဇော်ကိုကိုက ယခုကိစ္စမှာ သတင်းမီဒီယာများကို နစ်နာစေလိုသောကြောင့် တရားစွဲရခြင်း မဟုတ်ဘဲ ယခုသတင်းကိုပဲ အခြားဂျာနယ်တွင် ဖော်ပြထားသည်ကို တွေ့ရသော်လည်း ဌာနမှ အဆိုပါဂျာနယ်ကို တရားစွဲမှု မပြုလုပ်ခဲ့ကြောင်း The Voice ဂျာနယ်တွင် ရေးသားဖော်ပြချက်ဖြစ်သော ငွေကြေး အလွဲသုံးစားပြုခြင်း၊ ငွေစာရင်း မမှန်မကန်ဖော်ပြခြင်းမျိုး ၎င်းတို့ဝန်ကြီးဌာနတွင် မရှိသောကြောင့် The Voice ဂျာနယ်ကိုသာ

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။