MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, July 1, 2012

လျှပ်တစ်ပြက်ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သော မသီတာထွေး ဓာတ်ပုံနှင့် ပတ်သက်၍ အယ်ဒီတာချုပ်ဦးမြတ်ခိုင်အား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(ခ)(ဂ)တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဦးတိုက်လျှောက်ထား

လျှပ်တစ်ပြက်ဂျာနယ် အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော်ပြပါရှိသော မသီတာထွေး၏ ဓာတ်ပုံနှင့် ပတ်သက်၍ အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)(ဂ)တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဇွန်လ၂၉ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။တရားလို ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူရက ''လျှပ်တစ်ပြက်ဂျာနယ် အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော်ပြပါရှိသော အစ္စလာမ်ဘာသာဝင် ဘင်္ဂလီလူမျိုး တရားခံ ၃ ဦး၏ ဓာတ်ပုံ၏ တစ်ဆက်ထဲအောက်တွင် မသီတာထွေး၏ လုယက်၊ လူသတ်၊ မုဒိန်းကျင့်၊ လည်ပင်းဓာဒဏ်ရာဖြင့် ဒူးပေါ်ပေါင်ပေါ်ဓာတ်ပုံကို ဖော်ပြရန် မသင့်ဘဲ ဖော်ပြခဲ့ခြင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ၁၂ရက်ကြာမြင့်ပြီးမှ ဖော်ပြရန် မသင့်သော ဓာတ်ပုံများဖြင့်

ရေလုပ်ငန်းနယ်ပယ်တွင် ပထမဆုံး လက်ခစားစနစ်ဖြင့် လုပ်ကိုင်ခြင်းအဖြစ် ပြည်တွင်းကုမ္ပဏီတစ်ခု အာဂျင်တီးနားမှ ငါးများတင်သွင်း၍ ရေထွက်ပစ္စည်းများ ထုတ်လုပ်

ရေလုပ်ငန်းနယ်ပယ်တွင် ပထမဆုံးအဖြစ် ပြည်ပမှ ရေထွက်ပစ္စည်း ကုန်ကြမ်းတင်သွင်း၍ ပြည်တွင်းတွင် ကုန်ချောထုတ်လုပ်ပြီးပြန်လည် တင်ပို့သည့် လက်ခစားစနစ်ကို ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် စက်ရုံ တစ်ခုအားသရုပ်ပြ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး လက်ရှိတွင် ယင်းစက်ရုံက  အာဂျင်တီးနားနိုင်ငံမှ ငါးများတင်သွင်း၍ မလေးရှားကုမ္ပဏီအတွက် လက်ခစားစနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း လက်ခစားစနစ် သရုပ်ပြ လုပ်ကိုင်ခွင့်ရခဲ့သည့် အဏ္ဏ၀ါဒေ၀ီ ငါးဖမ်းကုန်ထုတ်နှင့် အထွေထွေလုပ်ငန်း

မတ်လအတွင်း ပြဋ္ဌာန်းခဲ့သော လယ်ယာမြေဥပဒေ၌ တောင်သူလယ်သမားများ၏ အကျိုးစီးပွား ကာကွယ်မှု နည်းပါးနေသောကြောင့် သြဂုတ်လအတွင်း ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေ


ပြီးခဲ့သည့်မတ်လအတွင်းက အသိမ်းခံရမည်ဟု သတင်းထွက်ခဲ့သော ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မြေယာများကို တွေ့ရစဉ်
၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁/၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက် ရက်စွဲဖြင့် လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ အဆိုပါ လယ်ယာမြေဥပဒေ၌ တောင်သူလယ်သမား၏ အကျိုးစီးပွားကာကွယ်မှု နည်းပါးနေသောကြောင့် သြဂုတ်လအတွင်း ပြင်ဆင်ပြဌာန်းနိုင်ရန် စီစဉ်နေကြောင်း ဇွန်လ၂၇ရက်နေ့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သော စားနပ်ရိက္ခာဖူလုံမှု

နိုင်ငံတော်သမ္မတအား လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသော လူမှုစီးပွားရေး ဆိုင်ရာများ အကြံပြုတင်ပြမည့် အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီကို ဇွန်လအတွင်း ဖွဲ့စည်း

နိုင်ငံတော်သမ္မတအား လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးအစရှိသော လူမှုစီးပွား ရေးဆိုင်ရာများအား အကြံပြုတင်ပြမည့် အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီကို နိုင်ငံတော် သမ္မတရုံးမှ ဇွန်လ၁၃ရက်နေ့ ထုတ်ပြန်ချက်ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး နယ်ပယ်စုံမှ ပညာရှင်များနှင့် လုပ်ငန်းရှင် အချို့ပါဝင်ကြောင်း သတင်းရရှိပါသည်။
“ကျွန်တော်တို့က လူမှုစီးပွားရေးနဲ့ ပတ်သက်ပြီး အကြံပြုဆောင်ရွက်သွားမှာပါ။ ရန်ကုန်တက္ကသိုလ်

အမေရိကန်ကုမ္ပဏီ ပက်စီအချိုရည်နှင့် မြန်မာကုမ္ပဏီ ဒိုင်းမွန်းစတားကုမ္ပဏီတို့ အကျိုးတူ ချိတ်ဆက်လုပ်ကိုင်သွားမည်ဖြစ်ပြီး ကိုကာကိုလာကုမ္ပဏီမှ ၀န်ထမ်း စတင်ခေါ်ယူနေ

နာမည်ကျော် အမေရိကန်အချိုရည် အမှတ်တံဆိပ်တစ်ခုဖြစ်သော ပက်စီအချိုရည်နှင့် မြန်မာထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်သော ဒိုင်းမွန်းစတားကုမ္ပဏီတို့ မြန်မာနိုင်ငံအတွင်း အကျိုးတူ ချိတ်ဆက်လုပ်ကိုင်သွားမည်ဖြစ်ပြီး အခြားအမေရိကန် နာမည်ကျော် အချိုရည်တစ်ခုဖြစ်သည့် ကို ကာကိုလာကုမ္ပဏီမှ ၀န်ထမ်းစတင် ခေါ်ယူနေကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းအတွင်းမှ

စစ်ရဟတ်ယာဉ်ပစ္စည်း တရုတ်ကို ရောင်းတဲ့ကုမ္ပဏီ တရားစွဲခံရ


စစ်ဘက်တိုက်ခိုက်ရေးရဟတ်ယာဉ် တည်ဆောက်နိုင်တဲ့ စက်ပစ္စည်းတွေ တရုတ်နိုင်ငံဆီ ရောင်းချခဲ့တယ် ဆိုတဲ့ ပြစ်မှုဆိုင်ရာ စွဲချက်တွေအတွက် အမေရိကန် ကာကွယ်ရေးဆိုင်ရာ ပုဂ္ဂလိက ကန်ထရိုက်တာ United Technologies Corporation UTC ရဲ့ လုပ်ငန်းခွဲတခုက အပြစ်ရှိကြောင်း ၀န်ခံလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ Z-10 တိုက်ခိုက်ရေးရဟတ်ယာဉ် တည်ဆောက်ဖို့အတွက် စက်ပစ္စည်းတွေကို UTC ရဲ့ ကနေဒါအခြေစိုက် လုပ်ငန်းခွဲ Pratt & Whitney Canada က ရောင်းခဲ့တယ်ဆိုပြီးတော့ အမေရိကန် တရားရေးဌာနက စွဲချက်တင်ခဲ့တာပါ။ အဲဒီ လို ရောင်းတာဟာ အမေရိကန် လက်နက်တင်ပို့ရောင်းချမှု

Burma လို့ ခေါ်ဝေါ်မှု NLD ခုခံချေပ

ပြည်ပခရီးစဉ်တွေအတွင်းမှာ မြန်မာကို Burma လို့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ခေါ်ဝေါ်သုံးစွဲ တာဟာ ဥပဒေနဲ့ဆန့်ကျင်တဲ့ကိစ္စ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိပုဂ္ဂိုလ်တွေ က ချေပလိုက်ကြပါတယ်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ကတော့ အခုလို ခေါ်ဝေါ်သုံးစွဲတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတဲ့အတွက် မြန်မာနိုင်ငံအဖြစ်နဲ့သုံးစွဲဖို့ အသိပေး အကြောင်းကြား တဲ့ အကြောင်းကို ဒီကနေ့ သတင်းစာထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခန့်အပ်မှု ဆီးနိတ်အတည်ပြု

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) အဆိုပြုထားသူ ဒဲရက်မစ်ချဲလ် (Derek Mitchell) ကို အထက်လွှတ်တော်က အတည်ပြု ထောက်ခံလိုက်ပါပြီ။ သောကြာနေ့က အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာ ဖြစ်တဲ့အတွက် မစ္စတာ မစ်ချဲလ် ဟာ ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ

ဒေါ်အောင်ဆန်းစုကြည်ကို လူထု သောင်းသောင်းဖြဖြ ကြိုဆို



 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပအပြန် ခရီးကို ကြိုဆိုခဲ့ကြတဲ့ ရန်ကုန်မြို့က ပြည်သူတချို့။ (ဇွန်လ ၃၀၊ ၂၀၁၂)
ဥရောပ ၅ နိုင်ငံခရီးကနေ ဒီကနေ့ ဇွန်လ ၃၀ ရက် စနေ့ မနက်က ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ အဖွဲ့ဝင်တွေအပြင် လူထုက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ရန်ကုန်က နေအိမ်မှာ ခဏနားနေပြီး ဇူလှိုင်လ ၄ ရက်နေ့ကျရင် နေပြည်တော်မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို သွားတက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်အပြန်ခရီးကို လူထုက

တင်းကြပ်ပြီးမျှတတဲ့ နိုင်ငံသားစိစစ်ရေး ဥပဒေတရပ်လိုကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

ရခိုင်ပြည်နယ်ကပဋိပက္ခတွေ ဖြေရှင်းဖို့ဆိုရင် တင်းကြပ်ပြီး မျှတမှုရှိတဲ့ နိုင်ငံသားစိစစ်ရေးဆိုင်ရာ ဥပဒေ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ပဲရစ်မြို့၌ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် AFP သတင်းဌာန သီးသန့် တွေ့ဆုံမေးမြန်းနေစဉ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ AFP သတင်းဌာနနဲ့

တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

သူ့အနေနဲ့ တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင် လုပ်ကိုင်သွားမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ မနေ့က သတင်းထောက်တွေရဲ့ အမေးကို ဖြေကြား ရာမှာ ပြောသွားခဲ့ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ပဲရစ်မြို့ Sorbonne University တွင်ပြုလုပ်သော ညီလာခံတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေစဉ်။
တိုင်းပြည်ကို ဦးဆောင်လုပ်ကိုင်သွားဖို့ အဆင်သင့် ပြင်ထားပါသ လားလို့ အေအက်ဖ်ပီိ

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ကန့်သတ်မှုတွေ များနေဆဲ

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြနေတဲ့ သတင်းမီဒီယာတွေအပေါ် အစိုးရရဲ့ အရေးယူ ဆောင် ရွက်မှုတွေကို ကြည့်ရင် မြန်မာနိုငံမှာ သတင်းလွတ် လပ်ခွင့်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခံ ထားရဆဲ ဖြစ်တယ် လို့ ပြင်သစ်အခြေစိုက် RSF နယ်စည်း မခြား သတင်းထောက်များ အဖွဲ့က ပြောကြားလိုက် ပါတယ်။
RFA
ရခိုင်ပြည်နယ် ပဋိပက္ခများ ရေးသားဖော်ပြမှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ တရားဆွဲဆိုခြင်း ခံရသည့် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် တရားရုံးမှ အာမခံဖြင့် ထွက်လာစဉ်။

ထိန်းသိမ်းခံဝန်ထမ်း လွတ်မြောက်ရေး ကုလနှင့် NGO ကြိုးပမ်းနေ

ရခိုင်ပြည်နယ်က အကြမ်းဖက်မှု တွေ အတွင်း သူတို့ရဲ့ဝန်ထမ်းတချို့ကို အစိုးရက ဖမ်းဆီးထိန်းသိမ်း ထားကြောင်းနဲ့ သူတို့ အားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူမှုရေး အကူ အညီ ပေးနေတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ပြော လိုက်ပါတယ်။
Doctors Without Borders ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဝန်ထမ်း ၆ ဦး အပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီဝန်ထမ်း ၆ ဦးလောက် ဖမ်းဆီးထိန်းသိမ်းခံ

အင်္ဂလိပ်ဘာသာနဲ့ ဘားမား သုံးနှုန်းမှု ဖွဲ့စည်းပုံကို မထီမဲ့မြင်ပြုရာ မရောက်

မြန်မာနိုင်ငံကို အင်္ဂလိပ်ဘာသာနဲ့ ဘားမားလို့ ခေါ်ဝေါ်သုံးနှုန်းတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မထီမဲ့မြင်ပြုရာ မရောက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောကြား လိုက်ပါတယ်။
Photo courtesy of The Mirror
နိုင်ငံတော်အမည် ပြောဆိုသုံးနှုန်းမှုနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာဖော်ပြချက်။
နိုင်ငံတော်အမည်ကို Burma ဘားမား ဆိုပြီး ဒေါ်အောင်ဆန်း စုကြည် ပြောဆို သုံးနှုန်းနေတာကို မြန်မာလို့သာ ခေါ်ဆိုအသုံးပြုဖို့ အသိပေး အကြောင်းကြားထားကြောင်း ဒီကနေ့

ဖမ်းဆီးခံ ရခိုင် တိုင်းရင်းသားများ ပြန်လွှတ်ရေး သမ္မတထံ စာတင်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ မြောက်ဦးမြို့ဒေသခံ (၈၀၀) ကျော်က သမ္မတ ဦးသိန်းစိန်ထံ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆို လိုက်တယ်လို့ သိရပါတယ်။
ပဋိပက္ခတွေအတွင်း မိမိတို့ရဲ့ အသက်အိုးအိမ်နဲ့ နယ်မြေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။