MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, July 7, 2012

မြစ်ကြီးနားမြို့တွင် စစ်ပြေးဒုက္ခသည်များ ဆန္ဒဖော်ထုတ်မှုတစ်ရပ်ဖြစ်ပေါ်ခဲ့


w740kc

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်မှ စစ်ပြေးဒုက္ခသည်များ၏ ဆန္ဒဖော်ထုတ်မှုတစ်ရပ် ဇူလိုင်လ ၆ ရက်၊ သောကြာနေ့ နံနက်ပိုင်းတွင် ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖမ်းဆီးခံထားရသော ကချင်စစ်ပြေးဒုက္ခသည် ဦးလထော်ဘရန်ရှောင်အား လွှတ်ပေးရေးအတွက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး ဦးလထော်ဘရန်ရှောင်အား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ မည်သူကိုမှ မတရားစွပ်စွဲ၍ ဖမ်းဆီးနှိပ်စက်ခြင်း မပြုလုပ်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို အမြန်ဆုံး ရပ်ဆိုင်းရေးနှင့် စစ်ပြေးဒုက္ခသည်များကို လုံခြုံမှု ရရှိအောင် ကာကွယ်ပေးရေး စသည့်အချက်

 7 July နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ရုံး၌ ပြုလုပ်

july71
ဗကသဥက္ကဌ ကိုကျော်ကိုကို
July နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲကို ယနေ့နံနက် ၉ နာရီက ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

လွှတ်တော်ကိုယ်စားလှယ်များအား ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ တင်ပြဆောင်ရွက်ကြရန် မိမိအနေဖြင့် တိုက်တွန်းခဲ့သော်လည်း လွှတ်တော်၏ ဂုဏ်သိက္ခာထိခိုက်စေသော အပြောအဆို အသုံးအနှုန်းများ မရှိစေရန် သတိပေးကြောင်း မိမိတို့လွှတ်တော်သည် ဟန်ရေးပြလွှတ်တော် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ပြောကြား

လွှတ်တော်ကိုယ်စားလှယ်များအား ရဲရဲဝံ့ဝံ့သတ္တိရှိရှိ တင်ပြဆောင်ရွက်ကြရန် မိမိအနေဖြင့် တိုက်တွန်းခဲ့သော်လည်း လွှတ်တော်၏ ဂုဏ်သိက္ခာ ထိခိုက်စေသော အပြောအဆို အသုံးအနှုန်းများ မရှိစေရန် သတိပေးကြောင်း၊ မိမိတို့လွှတ်တော်သည် ဟန်ရေးပြလွှတ်တော်မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဇူလိုင်လ ၆ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက "မိမိတို့လွှတ်တော်တွေမှာ ဥပမာ ပြည်ထောင်စုလွှတ်တော်ဆို ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ ပြည်သူ့လွှတ်တော်မှာဆို ပြည်သူ့လွှတ်တော်ဥပဒေ၊ အမျိုးသားလွှတ်တော်မှာဆို အမျိုးသားလွှတ်တော်ဥပဒေ ရှိပါတယ်။ ဒါ့အပြင် လိုက်နာကျင့်သုံးရမယ့် နည်းဥပဒေများလည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ လွှတ်တော်တက်ရောက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ

မြန်မာနိုင်ငံသို့ ဗြိတိန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသင်း၏ ကုန်သွယ်ရေးမစ်ရှင် ၁၅နှစ်အတွင်း ပထမဦးဆုံးအကြိမ် သုံးရက်ကြာ လာရောက်မည်ဖြစ်ပြီး ဗြိတိန်ထိပ်တန်းလုပ်ငန်း ၃၀ကျော် လိုက်ပါလာမည်

မြန်မာနိုင်ငံသို့ ဗြိတိန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသင်း၏ ကုန်သွယ်ရေးမစ်ရှင်သည် ၁၅နှစ်အတွင်း ပထမဦးဆုံးအဖြစ် ဇူလိုင်လ ၉ရက်နေ့မှ ၁၁ရက်နေ့အထိ သုံးရက်ကြာ လာရောက်မည်ဖြစ်ပြီး ဗြိတိန်ထိပ်တန်း လုပ်ငန်း ၃၀ ကျော် လိုက်ပါလာမည်ဖြစ်ကြောင်း အဆိုပါ ကုန်သွယ်ရေး မစ်ရှင်အဖွဲ့နှင့် တွေ့ဆုံမည့် စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေး ပညာရှင်များထံမှ သတင်းရရှိပါသည်။
အဆိုပါ ကုန်သွယ်ရေးမစ်ရှင်အဖွဲ့ကို ဗြိတိန် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် စွမ်းအင်ဌာန၀န်ကြီး၊ ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသင်း၏ ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌ Lord Marland နှင့်

လယ်မြေသိမ်းဆည်းခံရသည့် တောင်သူလယ်သမားများထံမှ အကူအညီတောင်းခံစာပေါင်း ၂၅၀ ကျော် လွှတ်တော်သို့ ရောက်ရှိလာကြောင်း

လယ်မြေသိမ်းဆည်းခံရသည့် တောင်သူလယ်သမားများထံမှ အကူအညီတောင်းခံစာပေါင်း ၂၅၀ ကျော် လွှတ်တော်သို့ ရောက်ရှိလာကြောင်း ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွတ်က ဇူလိုင်လ ၄ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းဝေးတွင် ပြောကြားခဲ့သည်။
ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်သို့ လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမား နစ်နာမှုမရှိစေရေး၊ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုတင်သွင်းခဲ့ရာ လွှတ်တော်မှ လက်ခံဆွေးနွေးရန်

ပုဂ္ဂလိကဘဏ် လေးဘဏ် နိုင်ငံခြားငွေစာရင်းဖွင့်ခွင့် ရရှိခဲ့ပြီး ဇူလိုင်လ ၉ရက်နေ့မှ စတင်ဝန်ဆောင်မှုပေးမည်

မြန်မာပုဂ္ဂလိကဘဏ်များဖြစ်သော ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့သည် နိုင်ငံခြားငွေစာရင်းဖွင့်ခွင့်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ရရှိခဲ့ပြီး ဇူလိုင်လ ၉ရက်နေ့မှ စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်း တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
"ဗဟိုဘဏ်က ဘဏ်လေးဘဏ်ကို နိုင်ငံခြားငွေစာရင်းဖွင့်ခွင့် စတင်ပေးခဲ့တာပါ။ ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ ငွေကြေးလေးမျိုးနဲ့ စတင်စာရင်းဖွင့်ခွင့် ပေးသွားမယ်" ဟု ကမ္ဘောဇဘဏ် အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်ကပြောကြားပါသည်။
အဆိုပါဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြု ထားသည့် နိုင်ငံခြား ငွေကြေးများဖြစ်သော

အကြမ်းဖက်သံသယရှိသူ ခြောက်ဦး ဗြိတိန် ဖမ်းဆီး

အကြမ်းဖက်သမားလို့ သံသယရှိသူ အမျိုးသားငါးဦးနဲ့ အမျိုးသမီးတဦး စုစုပေါင်း လူခြောက်ဦးကို ဖမ်းဆီးထားတယ်လို့ ဗြိတိန် အာဏာပိုင်တွေက ပြောပေမဲ့ ဒီဖမ်းဆီးမှုဟာ မကြာခင်ကျင်းပမယ့် အိုလံပစ် အားကစားပွဲတော်နဲ့ မဆက်စပ်ဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးထားသူတွေဟာ အသက် ၁၈ နှစ်ကနေ ၃၀ ကြား လူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပြီး ကြာသာပတေးနေ့ အစောပိုင်းက လန်ဒန်မြို့တော် တ၀န်း ရှာဖွေဖမ်းဆီးမှုတွေလုပ်ခဲ့တာနဲ့အမျှ

ဆီးရီးယားကိုဖိအားပိုပေးဖို့ နိုင်ငံအများတောင်းဆို

ဆီးရီးယားသမ္မတ Bashar al-Assad ရဲ့ အုပ်ချုပ်မှုရပ်တန့်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ကြ တဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေက ဆီးရီးယားအစိုးရအပေါ် ပိုမို ပြင်းထန်ပြီး ကျယ်ပြန့် တဲ့ ပိတ်ဆို့ အရေးယူ မှုတွေ ချမှတ်လုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံက ဗိုလ်ချုပ် တဦး အစိုးရထဲကနေ ထွက်ပြီး ပြည်ပကို ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေတဲ့ အချိန် မှာပဲ အခုလို အစည်းအဝေး ကျင်းပ တောင်းဆိုလိုက်တာပါ။လွန်ခဲ့တဲ့ ၁၆ လအတွင်း
 အတိုက်အခံ အင်အားစုတွေကို အစိုးရက အကြမ်းဖက် နှိပ်ကွပ်နေတာတွေ ရပ်တန့်ဖို့

ထိုင်းရွာသားတချို့ မြန်မာဘက်က ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ် ရနောင်းဒေသအနီး နှစ်နိုင်ငံနယ်နိမိတ် အသေအချာ သတ်မှတ်ထားခြင်း မရှိ တဲ့ နေရာအနီးမှာ ထိုင်းနိုင်ငံသား ၇၅ ယောက်ကို မြန်မာစစ်တပ်က ဖမ်းဆီးထားတယ်လို့ ထိုင်း ဒု ၀န်ကြီးချုပ်က ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
ရနောင်းခရိုင်၊ Kra Buri ဒေသအတွင်းက ကျေးရွာတခုကို မြန်မာစစ်တပ်က ၀င်စီးပြီး ရွာသားတွေကို ဖမ်းသွားခဲ့တာလို့ ဒုဝန်ကြီးချုပ် Yutthasak Sasiprapa က သတင်းစာရှင်းလင်းပွဲအတွင်းမှာ
 ပြောကြားလိုက်တာပါ။ဒီကိစ္စကို အမြန်ဆုံး ပြေလည်အောင် အဲဒီ ဒေသက ထိုင်းစစ်တပ်အရာရှိတွေနဲ့
 နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေဟာ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ

မိဘမဲ့ကလေးများ ဂျက်ကီချဲန်းတွေ့ဆုံအားပေး

ကုလကမဂ္ဂရဲ့ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အကျိုးဆောင် သံအမတ်ကြီးအဖြစ် မန္တလေး မြို့မှာ ရောက်နေတဲ့ HK မင်းသား Jakie Chan ဟာ ဒီကနေ့မှာ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ထား တဲ့ဂေဟာတွေ၊ အသက်မွေးအတတ်ပညာသင်ကျောင်းတွေကို သွားခဲ့ပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေး အတွက် အဓိက ရည်ရွယ်လာခဲ့တဲ့ Jakie Chan ဟာ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲအထူးတပ်ဖွဲ့ရုံးမှာ လည်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ မြန်မာနိုင်ငံက မိဘမဲ့ကလေးတွေ၊ အခွင့်အရေး နည်းပါးတဲ့သူတွေကို ခုလို နာမည်ကြီး ရုပ်ရှင်မင်းသားတယောက်က လာအားပေးတဲ့အတွက်

ပြည်ခိုင်ဖြိုး အမတ်တွေ လေသံ ပြောင်း

ဒီတစ်ခေါက်ပြန်လည်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေအနေနဲ့ ဒေသတွင်း ပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲအကျပ်အတည်းတွေကို ထူးထူးခြားခြား အဆိုတင်သွင်း တင်ပြမှုရှိနေတယ်လို့ သိရပါတယ်။ ကျန်းမာရေးကြောင့် အနားယူ သွားပြီဖြစ်တဲ့ ဒုတိယသမ္မတ သီဟသူရတင်အောင်မြင့်ဦးရဲ့ ရာထူးနေရာ အစားထိုးခန့်အပ်ဖို့ကိစ္စနဲ့ ပတ် သက်ပြီးလည်း လွှတ်တော်တွင်း ကြိုတင် ခန့်မှန်းချက်တွေရှိနေပါတယ်။  ဒီအကြောင်းကို နေပြည်တော် မှာကျင်းပတဲ့ လွှတ်တော်ကို တက်ရောက်နေတဲ့ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို မဆုမွန်က

ဇူုလိုင် ၇ ရက် အခမ်းအနား ပိတ်ပင်မှု မင်းကိုနိုင်ဝေဖန်

2012-07-06
နှစ် (၅၀) ပြည့် ဇူလိုင် (၇) အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားကို နေရာ အသီးသီးမှာ ပိတ်ပင် ခံထားရပေမယ့် ရန်ကုန်မြို့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ အဲဒီရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျောင်းသား ခေါင်းဆောင်တွေက ထုတ်ဖော်ပြောကြား ပါတယ်။
Photo:88 Generation Student Face book

ဗကသ ခေါင်းဆောင်များ ဖမ်းဆီးခံရသည့်ကိစ္စ ၈၈ မျိုးဆက် သတင်းစာ ရှင်းလင်းပွဲပြုလုပ်

2012-07-06
သမဂ္ဂ အဆောက်အဦး ဖြိုဖျက်ခံရတဲ့ ဇူလိုင်လ ၇ ရက်နေ့ seven july အခမ်းအနား မတိုင်မီ မနေ့က ဗကသ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ၈၈ မျိုးဆက် ရုံးခန်းတွေကို ၀င်ရောက်ရှာဖွေတာဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်နေချိန်မှာ မဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတွေက မနေ့ ညပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
RFA
ဇူလိုင်လ ၇ ရက်နေ့ အခမ်းအနား မတိုင်မီ ဗကသ ကျောင်းသား ခေါင်းဆောင်များအား ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်က ၈၈ မျိုးဆက် ကျောင်းသားများ သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်နေချိန်မှာ အမိုးအကာအောက်မှာ အေးချမ်းစွာ အခမ်းအနား

မန္တလေးမြို့တွင် ကျောင်းသားသမဂ္ဂအဖွဲ့ ဝင် တချို့ကို ဒေသအာဏာပိုင်တွေက ခေါ်ဆောင်သွား

2012-07-06
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြ၀တီမင်းကြီးကျောင်းမှာ ဒီကနေ့  မနက်မှာ ကျင်းပမဲ့ ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အခမ်းအနားအတွက် ရပ်ဝေးက ကြိုတင်ရောက်ရှိနေတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ ဝင်တွေ ရှိနေချိန်မှာ ဒေသအာဏာပိုင်တွေက ကျောင်းကို ၀ိုင်းပိတ်ထားလိုက်ပြီး တချို့ကို အာဏာပိုင်တွေ ခေါ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။
မြ၀တီမင်းကြီးကျောင်းကို အခမ်းအနားအတွက် ရပ်ဝေးက ဗကသအဖွဲ့ ၂၀ ကျော်ခန့့် ကြိုတင်ရောက်နေချိန်မှာ ဆရာတော်ထံကို အာဏာပိုင်တွေက မနေ့ ညက ရောက်လာပြီး အခမ်းအနား ကျင်းပတာကို ခွင့်မပြုဖို့  လျှောက်ထားခဲ့ကြောင်း၊ အဲဒီနောက် ရွှေဘိုခရိုင် ဗကသအဖွဲ့ ဝင်တွေကို ရွှေဘို အာဏာပိုင်တွေက ခေါ်သွားကြောင်း အမည်မဖော်လိုတဲ့ မုံရွာဗကသ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"မြဝတီမင်းကြီးကျောင်းထဲမှာ မုံရွာကျောင်းသား သမဂ္ဂနဲ့ မန္တလေးကျောင်းသား သမဂ္ဂအဖွဲ့တို့

ဗကသ ခေါင်းဆောင်တချို့ကို ရဲအထူး သတင်းတပ်ဖွဲ့က ခေါ်ဆောင်သွား

2012-07-06
ဇူလိုင်လ ၇ ရက် စနေနေ့မှာ ကျရောက်တဲ့ နှစ် ၅၀ ပြည့် ဆဲဗင်း ဇူလိုင်နေ့ အခမ်းအနားတွေ မကျင်းပဖို့ အာဏာပိုင်တွေရဲ့ တားမြစ်ခံရပြီးတဲ့နောက် သောကြာနေ့ ညမှာ ရန်ကုန် မန္တလေးနဲ့ နယ်တချို့က ဗကသများ အဖွဲ့ချုပ် ဖြစ်ထွန်းရေးကော်မတီ ခေါင်းဆောင်တချို့ကို သက်ဆိုင်ရာ တိုင်း၊ မြို့နယ် ရဲအထူး သတင်းတပ်ဖွဲ့ဝင်က လာရောက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
RFA
ဇွန်လဆန်းပိုင်းက ကျင်းပခဲ့သော ဗကသကျောင်းသားများ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကိုဒီငြိမ်းလင်း စကားပြောဆိုနေစဉ်။
ခေါ်ဆောင်ခံရသူတွေထဲမှာ ဗကသများ အဖွဲ့ချုပ် ဖြစ်ထွန်းရေးကော်မတီ အထွေထွေ အတွင်းရေးမှူး

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။