MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, July 9, 2012

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ အဆိုတင်သွင်းမည့် ဒုသမ္မတ နေရာအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ ပိုမိုဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာ

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေကြောင့် အနားယူသွားသဖြင့် လစ်လပ်သွားသော ဒုတိယ သမ္မတနေရာအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ အဆိုတင်သွင်းရာတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပိုမိုဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးမြင့်ဆွေသည် ယခင်က ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ကိုင်တွယ်ဖြေရှင်းခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် ယခင် စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူ တစ်ဦးဖြစ်ကြောင်း လည်းသိရသည်။

မြန်မာ့ပင်လယ်ရေပြင်တွင် တရားမ၀င် စားအုန်းဆီပေပါ အလုံး ၉၀ ဖမ်းဆီးရမိ

မြန်မာပင်လယ်ပြင်တွင် တရားမ၀င် တင်သွင်းလာသော စားအုန်းဆီ ပေပါ ၉၀ လုံး ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရရှိသော သတင်းများအရ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်း ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဧရာဝတီရေတပ်စခန်း အမှတ်(၃၆)စစ်ရေယာဉ်စုမှ တပ်ကြပ်ကြီး လစောနေနှင့်အဖွဲ့သည် မြန်မာ့ပင်လယ်ပြင် လုံခြုံရေးတာဝန် ဆောင်ရွက်နေစဉ် လတ္တီကျူ ၁၆ ဒီကရီ ၁၆.၅ မိနစ်၊ မြောက်လောင်ဂျီကျူ ၉၆ဒီကရီ ၁၀.၄မိနစ် အရှေ့ရေပြင်တွင် မသင်္ကာဖွယ် တွေရသည့်အလျား ၉၀ ပေ၊ အနံ ၁၈.၅ ပေနှင့် အမြင့် ၉ ပေခန့်

ဦးမောင်အေး (ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း) ဦးနှောက်သွေးကြော ရောဂါကြောင့် ဆေးကုသမှု ခံယူနေ

ဦးမောင်အေး (ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း) သည် ဦးနှောက်သွေးကြောရောဂါကြောင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရှိရပါသည်။
ဦးမောင်အေးသည် ဇူလိုင်လ ၈ ရက်နေ့တွင် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်မြို့ရှိ တပ်မတော်စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ယနေ့ (ဇူလိုင်လ ၉ ရက်နေ့) တွင် စင်ကာပူနိုင်ငံရှိ Mount Elizabeth ဆေးရုံသို့ သွားရောက်ဆေးကုသမှု ခံယူဖွယ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။

ဇူလိုင်လအတွင်း လျှောက်လွှာပိတ်မည့် အာဆီယံ ပညာသင်ဆုများကို မြန်မာကျောင်းသားများ လျှောက်ထားနိုင်

ဇူလိုင်လအတွင်း လျှောက်လွှာပိတ်မည့် အာဆီယံပညာသင်ဆုများကို မြန်မာကျောင်းသားများ ပါဝင်လျှောက်ထားနိုင်ကြောင်း အဆိုပါ ပညာသင်ဆုပေးသော ၀က်ဘ်ဆိုက်များမှ သိရသည်။ ဇူလိုင်လအတွင်း လျှောက်လွှာပိတ်မည့် အာဆီယံပညာသင်ဆုများကို မြန်မာကျောင်းသားများ ပါဝင်လျှောက်ထားနိုင်ကြောင်း အဆိုပါ ပညာသင်ဆုပေးသော ၀က်ဘ်ဆိုက်များမှ သိရသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် လျှောက်လွှာပိတ်မည့် Newzeland Asean ပညာသင်ဆုနှင့် ဇူလိုင်လ ၃၀ရက်နေ့တွင် လျှောက်လွှာပိတ်မည့် ဘွဲ့ရကျောင်းသားများအတွက် စိုက်ပျိုးရေးဆိုင်ရာ သုတေသနပြုလုပ်ရန် အရှေ့တောင်အာရှ ဒေသတွင်းစင်တာ SEARCA မှပေးအပ်သည့်

နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားများ မြင့်တက်လာမှုနှင့် အတူ ပြည်တွင်းရွှေဈေးနှုန်း တစ်ပတ်အတွင်း တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းခွဲကျော် အထိ ပြန်လည်မြင့်တက်

၂၀၁၂ ခုနှစ် ဇွန်လနောက်ဆုံး ပတ်မှစ၍ နိုင်ငံခြားငွေ လဲလှယ်မှု ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ပြီးနောက် ပြည်တွင်းရွှေဈေးနှုန်းမှာ တစ်ပတ်အတွင်း ရွှေတစ်ကျပ်သား လျှင် ကျပ်တစ်သောင်းခွဲကျော် အထိ ပြန်လည် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။
နိုင်ငံခြားငွေလဲလှယ်မှုဈေးနှုန်းများမှာ ဇွန်လ ၂၉ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ပေါက်ဈေးမှာ ၀ယ်ဈေး ကျပ် ၈၇၅၊ ရောင်းဈေးကျပ် ၈၈၂၊ ယူရိုငွေမှာ ၀ယ်ဈေးကျပ် ၁၀၈၀၊ ရောင်းဈေးကျပ် ၁၀၉၈၊ စင်ကာပူ ဒေါ်လာမှာဝယ်ဈေးကျပ် ၆၈၀၊ ရောင်းဈေးကျပ် ၆၉၀ ရှိပြီး

အစိုးရ၀န်ကြီးဌာနအချို့၏ ငွေကြေးဆိုင်ရာ အလွဲသုံးစားပြုမှုများ စစ်ဆေးတွေ့ရှိခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာများ ယခင်ကဲ့သို့ လွှတ်တော်သို့ တင်ပြလာခြင်းမရှိတော့၍ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်းမည်

အကျိုးနည်းသော ဆည်မြောင်းစီမံကိန်းများ၊ အစိုးရ၀န်ကြီးဌာနအချို့၏ ငွေကြေးဆိုင်ရာ အလွဲသုံးစားပြုမှုများ စစ်ဆေးတွေ့ရှိခဲ့သည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာများ ယခင်ကဲ့သို့ လွှတ်တော်သို့ တင်ပြလာခြင်း မရှိတော့၍ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က ဇူလိုင်လ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁ (က)တွင် နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မ ၃ ဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်ဟု ဖော်ပြပါရှိထားကြောင်း၊ ထိုတာဝန်ကို ပြည်ထောင်စုလွှတ်တော်အနေဖြင့် ပြည်သူတို့ကိုယ်စား ထိရောက်စွာ ထမ်းဆောင်နိုင်ရန်အတွက် အထူးသဖြင့် ပြည်သူ့ငွေစာရင်းကော်မတီအတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများသည် မရှိမဖြစ်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က ပြောကြားခဲ့သည်။
သို့ရာတွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နောက်ပိုင်းမှစ၍ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများ လက်ခံရရှိတော့ခြင်း မရှိတော့ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအရ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများကို လွှတ်တော်ကော်မတီများသို့ တိုက်ရိုက်ပေးပို့နိုင်ခြင်း မရှိကြောင်း သိရသည်။ထို့ကြောင့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၁၁(ည)တွင်

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ၃၀ ကျော် ပါဝင်သည့်အဖွဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုသို့ နှစ်ရက်ကြာ သွားရောက်ခဲ့

လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာချုပ် တိုင်းမှူးနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၃၀ ကျော် ပါဝင်သည့် အဖွဲ့သည် ဇူလိုင်လ ၇ရက်၊ ၈ရက် အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများ တည်ရှိရာ မြို့နယ်များဖြစ်သည့် စစ်တွေ၊ ရသေ့တောင်၊ မောင်တောမြို့နယ်များသို့ နှစ်ရက်ကြာ သွားရောက် ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအဖွဲ့သည် ဇူလိုင်လ ၇ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်လေဆိပ်မှ

ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုးပမ်းမယ့်သူ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်က လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား စကားပြောကြားနေစဉ်။

လက်ရှိကျင့်သုံးနေသည့် မူဝါဒများနှင့် မကိုက်ညီသည့် ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲရန် အစီအစဉ်ရှိဟုဆို

နိုင်ငံတော်သမ္မတ၏ လက်ရှိကျင့်သုံးနေသည့် မူဝါဒများနှင့်မကိုက်ညီသည့် ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲရန် အစီအစဉ်ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ''ကျွန်တော်တို့လည်း သတင်းတွေကြားတယ်။ ၀န်ကြီးတွေ လျော့ချမယ်ဆို တာထက်ဝန်ကြီးတွေ အလဲအလှယ် လုပ်မယ်ဆိုတဲ့ သတင်းက ပိုသေချာမယ် ထင်ပါတယ်။ တချို့ဝန်ကြီး တွေလဲမှာပေါ့။ သမ္မတကြီးလည်း ခဏခဏ ပြောနေတာပဲ။ ကျွန်တော်ထင်တာကတော့ လက်ရှိမူဝါဒနဲ့ မလိုက်နိုင်တဲ့ ဌာနတွေ၊ ၀န်ကြီးဌာနတွေ၊

အာဆီယံ လူ့အခွင့်အရေးစာတမ်း နိုင်ငံတကာ စံချိန်မှီဖို့ HRW တိုက်တွန်း


မြန်မာနိုင်ငံ အပါအ၀င် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးအနေနဲ့ အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ အညီ ရေးဆွဲဖို့နဲ့ ပြည်သူလူထုအတွက် အာမခံဖို့ လိုအပ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်နေတဲ့ အဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch (HRW) က တောင်းဆို လိုက်ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒီလူ့အခွင့်အရေး ကြေညာစာတမ်း မူကြမ်းရေးဆွဲရေး ကိစ္စနဲ့ပတ်သက်ပြီး ဖနွမ်ပင်မြို့မှာ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ဒီမူကြမ်းကို တံခါးပိတ်

အင်တာနက်ချိတ်ဆက်မရအောင် တိုက်ခိုက်မယ့်ဗိုင်းရပ်စ် သတိပေးချက်ထုတ်ပြန်


ကွန်ပျူတာတွေကို တိုက်ခိုက်ခဲ့ပြီးတော့ ကမ္ဘာတ၀ှမ်း ပျံ့နှံ့ခဲ့တဲ့ global virus တမျိုးကို ကွန်ပျူတာ ပိုင်ရှင်တွေ အနေနဲ့ ချက်ချင်းလက်ငင်း စစ်ဆေးမှုတွေ မလုပ်ဘူးဆိုရင် ဒီနေ့ တနင်္လာနေ့ ကွန်ပျူတာ ဖွင့်တဲ့အခါ ထောင်နဲ့ချီတဲ့ ကွန်ပျူတာ သုံးသူတွေ အံ့အားသင့်စရာ တွေ့ကြရမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အရှေ့ဥရောပက ကွန်ပျူတာစနစ် ဖျက်ဆီးတဲ့ ဟက်ကာတွေက ကွန်ပျူတာ သုံးသူတွေ အင်တာနက် မသုံးနိုင်အောင် အဲဒီဗိုင်းရပ်စ်ကို တီထွင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုရှိနိုင်တဲ့

အာဖဂန်ထူထောင်ရေး ဒေါ်လာသန်းပေါင်း ၁၆,၀၀၀ ကူညီဖို့ အလှူရှင်တွေကတိပြု

ဂျပန်နိုင်ငံ တိုကျို မြို့တော်မှာ ကျင်းပတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ကူညီရေး အစိုးရများနဲ့ အဖွဲ့အစည်းများက လာမယ့် လေးနှစ်အတွင်း အာဖဂန် ပြန်လည် ထူထောင်ရေးအတွက် ဒေါ်လာ သန်းပေါင်း တသောင်းခြောက်ထောင် ကူညီကြဖို့ သဘောတူ ဆုံးဖြတ်ကြပါတယ်။ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းရဲ့ မေတ္တာရပ်ခံချက်အရ တနှစ်ကို ဒေါ်လာ သန်းပေါင်း လေးထောင် ကူညီသွားကြဖို့

ပုံနှိပ်ဥပဒေသစ် လွှတ်တော်တွင် တင်ပြ ဆွေးနွေးတော့မည်

အခုတကြိမ် ကျင်းပနေတဲ့ စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေးမှာ ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေ နေရာမှာ အစားထိုးမယ့် ပုံနှိပ်ဥပဒေသစ်ကို တင်ပြ ဆွေးနွေးမှာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ပြောပါတယ်။ ဒါပေမဲ့ ဒီ ပုံနှိပ် ဥပဒေသစ်နဲ့ အဲဒီအထဲမှာပါတဲ့ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ ကြိုတင် သိခွင့်မရဘူးလို့ စာနယ်ဇင်း သမားတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။ ဒီအကြောင်းကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။