MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, October 23, 2012

နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများကို လွှဲပြောင်းရောင်းချခြင်းအား ထပ်မံပြုလုပ်မည် မဟုတ်ကြောင်း သိရ

ရုပ်ရှင်ရုံ နည်းပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများကို ပုဂ္ဂလိကရုံများ အဖြစ် လွှဲပြောင်းရောင်းချခြင်းအား ထပ်မံ ပြုလုပ်မည် မဟုတ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ အကြောင်းကြား ထားသည်ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားခဲ့သည်။
 ရုပ်ရှင်ရုံနည်းပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများကို လွှဲပြောင်းရောင်းချခြင်း မပြုရန်နှင့် ရုပ်ရှင်ရုံသစ်များ ထွက်ပေါ်လာစေရန် ရုပ်ရှင်အစည်းအရုံးမှ

သြစတီးယန်းနိုင်ငံသား စွန့်စားသူ ဘွမ်ဂါ့တ်နာ အာကာသတွင်းမှ မြေပြင်ပေါ်သို့ အလွတ်ခုန်ချပြီး ကမ္ဘာ့စံချိန်သစ်တင်


smt2
အာကာသအတွင်း ရောက်ရှိချိန်တွင် ချိတ်ဆက်အခန်းငယ်မှ ခုန်ချရန်ပြင်ဆင်နေစဉ်

သြစတီးယန်းနိုင်ငံသား စွန့်စားသူ ဖီးလစ်ဘွမ်ဂါ့တ်နာသည် အာကာသတွင်းမှ မြေပြင်သို့ အလွတ်ခုန်ချမှု ကမ္ဘာ့စံချိန်သစ်တင်နိုင်ရေးအတွက် အောက်တိုဘာလ ၁၄ ရက် နေ့တွင် ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှု အောင်မြင်ခဲ့သည်။ဘွမ်ဂါ့တ်နာသည် အမြင့်ပေ ၁၂၈၀၉၇ ပေ မှ ၄ မိနစ် ၁၉ စက္ကန့်ကြာ အလွတ်ခုန်ဆင်းခဲ့ပြီးမှ လေ ထီးဖွင့်ခဲ့ခြင်းဖြစ်သည်။ ယခုကြိုးပမ်းမှုတွင် အမြင့်ဆုံး အလွတ်ခုန်ချမှု၊ လူသားတစ်ဦးအတွက် အမြင့်ဆုံးအမြန်နှုန်း၊ အသံ၏ အမြန်နှုန်းကို ချိုးဖျက်နိုင်မှု စံချိန် များတင်နိုင်ခဲ့သော်လည်း ဆင်းလာသည့်အချိန် မြန်ဆန်ခြင်းကြောင့် အချိန်အကြာဆုံး အလွတ်ခုံစံချိန်ကိုမူ

အင်ဒိုနီးရှားမှ လော်ကွန်မီးတောင် စတင်ပေါက်ကွဲ

 mt02
အောက်တိုဘာလ ၇ ရက်နေ့က လော်ကွန်မီးတောင်မှ ပြာမှုန်များမှုတ်ထုတ်နေစဉ်

အင်ဒိုနီးရှားရှိ လှုပ်ရှားမှုအများဆုံး မီးတောင်များအနက် တစ်ခုဖြစ်သော လော်ကွန်မီးတောင်သည် ထပ်မံပေါက်ကွဲနေပြီး ပြာများမှုတ်ထုတ်လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက အောက်တိုဘာလ ၈ ရက်နေတွင် ပြောကြားခဲ့သည်။
အမြင့်ပေ ၅၂၁၄(၁၅၈၀ မီတာ) ရှိပြီး ဆူလာဝေဆီကျွန်း၏ အရှေ့မြောက်ပိုင်းတွင်ရှိသော

ဒီမိုကရေစီရင့်သန်လာသည်နှင့်အမျှ လွှတ်တော်တွင်း တပ်မတော်၏ အခန်းကဏ္ဍ တဖြည်းဖြည်းလျော့သွားစရာရှိကြောင်း နိုင်ငံတော်သမ္မတပြောကြား

ဒီမိုကရေစီ ရင့်သန်လာသည်နှင့်အမျှ လွှတ်တော်တွင်း တပ်မတော်၏ အခန်းကဏ္ဍ တဖြည်းဖြည်း လျော့သွားစရာရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
Favourite News မှ အယ်ဒီတာချုပ် ဖိုးသောကြာ မေးမြန်းသည့် "တစ်ပါတီစနစ်အုပ်ချုပ်ရေး၊ ၁၉၄၇ခုနှစ် အခြေခံဥပဒေ၊ အစိုးရလမ်းစဉ်ပါတီနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ အုပ်ချုပ်ရေးစနစ်များမှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရန် ဆောင်ရွက်ရာတွင် ၂၀၀၈ ခုနှစ် မေလ ၁၉ ရက် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွက် တပ်မတော်၏ အင်အားကို ထိုစဉ်က အခြေအနေများအရ မုချလိုအပ်ချက်တစ်ခုအဖြစ် အချုပ်အခြာအာဏာကို ကျင့်သုံးရာတွင် ပါဝင်ရန် ထည့်သွင်းပြဌာန်းထားသည်ဟု နားလည်ကြပါတယ်။ သို့ပါ၍ ဒီမိုကရေစီစနစ်သို့ အလျှင်အမြန် ကူးပြောင်းလာသည်နှင့်အမျှ လွှတ်တော်အဆင့်ဆင့်တွင် အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား ကိုယ်စားလှယ်များက အလိုအလျောက် ပါဝင်မှုရာခိုင်နှုန်းကို တစ်ဆင့်ချင်းလျှော့ချပေးရန် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၌ လည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်အဆင့်ဆင့်တွင် လည်းကောင်း စဉ်းစားနိုင်ပါမည်လား"

ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေးရစေချင်ကြောင်း နိုင်ငံတော်သမ္မတပြောကြား

ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေး ရစေချင်ကြောင်း နိုင်ငံတော်သမ္မတက အောက်တိုဘာလ ၂၁ ရက်နေ့ မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
"ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေး အလွန်ပဲရစေချင်ပါတယ်။ နှစ်ဖက်စလုံး ဆုံးရှုံးမှုက တိုင်းပြည်ရဲ့ဆုံးရှုံးမှုတွေပဲ ဖြစ်ပါတယ်။ KIO စစ်သားတစ်ယောက် ဆုံးရှုံးသွားတာဟာ တိုင်းပြည်ရဲ့ဆုံးရှုံးမှု ဖြစ်သလို၊ ဗမာစစ်သားတစ်ယောက် ဆုံးရှုံးသွားတာလည်း တိုင်းပြည်ရဲ့ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုတွေကို ထောက်ပြပြီးတော့မှ KIO အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်လည်း လုပ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ သူတို့နဲ့မျက်နှာချင်းဆိုင် ထိတွေ့ဆွေးနွေးတာတွေရှိသလို ယုံကြည်မှု

 မည်သည့်နိုင်ငံကမှ မြန်မာနိုင်ငံအပေါ်လွှမ်းမိုးမှု အဖြစ်မခံနိုင်ကြောင်း နိုင်ငံတော်သမ္မတပြောကြား

မည်သည့်နိုင်ငံကမှ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုအဖြစ်မခံနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၂၁ ရက်နေ့တွင် နေပြည်တော် မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် Myanmar Independent ဂျာနယ်မှမေးမြန်းခဲ့သော "တရုတ်နိုင်ငံနဲ့ ဖက်စပ်လုပ်တဲ့ စီမံကိန်းတော်တော်များများကို မြန်မာပြည်သူတွေက မကျေနပ်ကြဘူး။ သမ္မတကြီးကိုယ်တိုင်လည်း မြစ်ဆုံစီမံကိန်းကို ရပ်ထားတယ်။ အခုလက်ပံတောင်းတောင် စီမံကိန်းကိုလည်း ပြည်သူတွေက ဆန့်ကျင်တယ်။ ရှေ့ဆက်တရုတ်နိုင်ငံနှင့် စီးပွားရေးမည်ကဲ့သို့ လုပ်ဆောင်သွားမည်နည်း"ဟူသော မေးခွန်းကို ဖြေကြားရာ၌ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့နိုင်ငံကို တရုတ်ကချည်း လွှမ်းမိုးသွားတာ၊ အမေရိကန်ကချည်း လွှမ်းမိုးသွားတာ၊

ရုပ်ရှင်ကြည့်ရှုနေသည့် ပရိသတ်တစ်ဦး သတိလစ်ပြီး သေဆုံးမှုဖြစ်ပွားခဲ့

ရုပ်ရှင်ကြည့်နေသည့် ပရိသတ်တစ်ဦး သတိလစ်ပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
သတိလစ်ပြီး သေဆုံးသွားသည့် ပရိသတ်တစ်ဦးကို ရုပ်ရှင်ပြီးဆုံးချိန်တွင် သန့်ရှင်းရေးပြုလုပ်ချိန်၌ ထိုင်ခုံအောက်၌ သတိလစ်နေသည်ကို တွေ့ရှိရ၍ ဆေးရုံသို့ကုသရန် သွားရောက်စဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။သေဆုံးသွားသူမှာ အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ သိမ်ကြီးဈေး (ဒီ) ရုံရှိ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ၊ ထိုင်ခုံအမှတ် H.. တွင် မွန်းလွဲ ၃နာရီခွဲအချိန်ပွဲကို လာရောက်ကြည့်ရှုခဲ့သူ ပရိသတ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
အလောင်းကို ရန်ကုန်ဆေးရုံမှ ပီအာရ်-၀၇၁ဖြင့်လက်ခံထားပြီး လသာရဲစခန်း သေမှုသေခင်းအမှတ် စဉ်

 ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ရခဲ့သည့် စုပေါင်းရုံးနှင့် ပြတိုက်အဖြစ်ပြောင်းလဲမည့် တရားလွှတ်တော်ရုံးတို့အား မူလရုံးများအတိုင်း ဆက်လက်ထားရှိရေး ဆန္ဒဖော်ထုတ်ခဲ့၊ အစိုးရအနေဖြင့် ပြုပြင်ထိမ်းသိမ်းစရိတ် မတတ်နိုင်ပါက ရှေ့နေများကွန်ရက်မှ ကြားဝင်ဆာင်ရွက်ပေးမည်

17mt4
ရှေ့နေများကွန်ယက်မှ အောက်တိုဘာလ ၁၇ ရက်နေ့တွင် တရားရုံးများ မူလအတိုင်းထားရှိရေးနှင့် တရားရုံးအခွန်များ ပြန်လည်လျှော့ချရေး ဆန္ဒဖော်ထုတ်နေစဉ်

ရှေးဟောင်းအဆောက်အအုံများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးနှင့် ရန်ကုန်တိုင်းတရားရုံး(စုပေါင်းရုံး)တို့အား ပြတိုက်နှင့်ဟိုတယ်အဖြစ်ဆောက်လုပ်မည့် စီမံကိန်းများအား  ရပ်ဆိုင်းပေးရန် တောင်းဆိုချက် အောင်မြင်မှုမရရှိသဖြင့် ရှေ့နေများကွက်ရက်မှ လူ အင်အား ၁၅၀ ဖြင့် အောက်တိုဘာလ ၁၇ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ပြီး အဆိုပါရုံးများအား ပုဂ္ဂလိကသို့ လွှဲပြောင်းမပေးရန်နှင့် နိုင်ငံတော်မှ ပြုပြင်ထိန်းသိမ်းစရိတ် မတတ်နိုင်ပါက
 ရှေ့နေများကွန်ရက်မှ ပြုပြင်ထိန်းသိမ်းပေးမည်ဟု ကွန်ရက်နာယကဖြစ်သူ

ဗိုလ်တစ်ထောင် ဆိပ်ကမ်း၌ ရေပေါ်ဟိုတယ်ဧရိယာ တည်ဆောက်ခွင့် တင်ဒါခေါ်ယူရာတွင် ပုလဲမြေကုမ္ပဏီမှ တစ်လလျှင် ကျပ်သိန်းတစ်ထောင်ဖြင့် မြေငှားရမ်းခအများဆုံး ပေးဆောင်သည့် ကုမ္ပဏီဖြစ်ကြောင်း သိရ

ဗိုလ်တစ်ထောင်ဆိပ်ကမ်း ၌ ရေပေါ်ဟိုတယ်ဧရိယာ တည်ဆောက်ခွင့် တင်ဒါခေါ်ယူရာတွင် ပုလဲမြေ ကုမ္ပဏီမှ တစ်လလျှင် ကျပ်သိန်းတစ်ထောင်ဖြင့် မြေငှားရမ်းခအများဆုံး ပေးဆောင်သည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။ တင်ဒါရွေးချယ်ရာတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးဆောင်မည့် မြေငှားရမ်းခ နှုန်းထားအပေါ် မူတည်၍အများဆုံး ပေးဆောင်နိုင်သူ ၃ဦးအား ဆက်လက်ရွေးချယ် သွားမည်ဖြစ်သည့် အတွက် ပုလဲမြေကုမ္ပဏီသည် လုပ်ငန်းလုပ်ကိုင်ခွင့် ရနိုင်ခြေရှိနေကြောင်းလည်း သိရသည်။
“ဗိုလ်တစ်ထောင်ဆိပ်ကမ်း ကြီးသာယာလှပပြီး၊ နိုင်ငံတကာ အဆင့်မီ အပန်းဖြေဆိပ်ကမ်းကြီး တစ်ခုအဖြစ် အောင်မြင်အောင် လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်လို့ အခုလို တင်ဒါအောင်မြင်အောင်

အင်းလျားကန်ပေါင်သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့လာရောက်ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းများအား မင်းမဲ့စရိုက်ဆန်စွာ ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့သူအချို့ကို ဖမ်းဆီးရမိပြီ

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ပေါင်သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ လာရောက်ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းများကို မင်းမဲ့စရိုက်ဆန်စွာ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်သူ အချို့ ကို ဖမ်းမိပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ အောက်တို ဘာလ ၁ ရက်နေ့ ည ၉ နာရီကျော် အချိန်တွင် ကန်ဘောင်လုံခြုံရေး ၀န်ထမ်းတစ်ဦးက ကန်ပေါင်ပေါ်မှ ဆင်းခိုင်းသဖြင့် မကျေမနပ်ဖြစ်နေသော သူများက ည ၁၁ နာရီ ၀န်းကျင်တွင် ဆိုင်ကယ်များဖြင့် လာရောက်လာပြီး အဆိုပါဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းအချို့ကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။ဝိုင်းဝန်းထိုးကြိတ်ခဲ့သူများက လုံခြုံရေးဝန်ထမ်းများအပြင်

အသက် ၇၅နှစ်အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံရ

အသက် ၇၅နှစ်အရွယ် အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရမှုကြောင့် ရွှေပြည်သာရဲစခန်းတွင် အမှု ဖွင့်ထားကြောင်း သတင်းရရှိသည်။                 
အောက်တိုဘာလ ၂၀ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ၀ါးတစ်ရာ ၂၃ရပ်ကွက်၌ နေထိုင်သည့် ဒေါ်---၇၅နှစ်ဖြစ်သူမှာ နေအိမ်တွင် သမီးဖြစ်သူ မခင်ရွှေတို့ လင်မယား စကားများရန်ဖြစ်နေမှုကြောင့်  သာကေတမြို့နယ်ရှိ သူငယ်ချင်းဖြစ်သူ ဒေါ်စိန်သန်း၏နေအိမ်သို့ ညအိပ် ရန် သွားရောက်ခဲ့ကြောင်း သိရှိရသည်။                                       
ယင်းကဲ့သို့ နေအိမ်သို့သွား ရာတွင် သူငယ်ချင်းဖြစ်သူမှာ မရှိသဖြင့် ၄င်း၏သားဖြစ်သူ ဦး---၊ ၄၉နှစ်နှင့်တွေ့ပြီး စကားထိုင် ပြောနေရာမှ ဒေါ်---၊ ၇၅နှစ်ဖြစ်သူက အရက်သောက်ချင်သဖြင့် ၄င်းတို့နှစ်ဦးမှာ အရက်သွားသောက်ခဲ့ကြောင်း သိရသည်။                                 
ထိုသို့အရက်သောက်ပြီး အပြန်တွင် ဦး---၄၉နှစ်မှ ဒေါ်---၇၅နှစ် ဖြစ်သူကို သစ်တုံးများအကြားသို့ ခေါ်သွားပြီး တွန်းလှဲကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း

စိန်နှင့် ရွှေထည်ပစ္စည်းများ ခိုးယူခံရမှုကြောင့် အလှပြင်ဆိုင်အတွင်း ၀င်ရောက်ရှာဖွေခဲ့ရာမှ ကျည်ဆံတောင့်များတွေ့ရှိ

စိန်နှင့် ရွှေထည်ပစ္စည်းများ ခိုးယူခံရမှုကြောင့် အလှပြင်ဆိုင်အတွင်း ၀င်ရောက်ရှာဖွေခဲ့ရာမှ ကျည်ဆန်တောင့်များ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ကြည်မြင်တိုင်မြို့နယ် အုန်းပင်လမ်း၊ ဈေးကြီးအနောက်ရပ်ကွက်တွင် နေထိုင်သည့် မိသားစုတစ်စုမှာ အောက်တိုဘာလ ၂၀ ရက်နေ့တွင် နေအိမ်အား သော့ပိတ်ပြီး လှိုင်မြို့နယ်ရှိ မိဘများထံ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။အောက်တိုဘာလ ၂၁ ရက်နေ့ မွှန်းလွှဲပိုင်းတွင် ကြည်မြင်တိုင်မြို့နယ်ရှိ နေအိမ်ကိုပြန်လာခဲ့ရာ နေအိမ်တံခါးသော့ပွင့်နေပြီး အိပ်ခန်းအတွင်းရှိ ကြိတ်သားဗီဒိုအတွင်းမှ စိန်နှင့်ရွှေထည်ပစ္စည်း(၇)မျိုး  တန်ဖိုးသိန်း ၂၅၀ ကျော် ပျောက်ဆုံးခဲ့ကြောင်း

ရည်းစားဖြစ်သူ၏ မိဘများမှ လက်ထပ်ရန်သဘောမတူသဖြင့် အသက် ၂၂ ရွယ် အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွား

ရည်းစားဖြစ်သူ၏ မိဘများမှ လက်ထပ်ရန် သဘောမတူသဖြင့် စိတ်ညစ်ပြီး အသက် ၂၂ ရွယ် အမျိုးသားတစ်ဦး  မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ထပ်ရန် သဘောမတူသဖြင့် အသက် ၂၂ ရွယ်အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါအမျိုးသားမှာ သင်္ကန်းတိုက်တစ်ခုတွင် အလုပ်သမားအဖြစ် လုပ်နေသူဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသားမှာ ၀ါးခယ်မမြို့ ဧရာဝတီတိုင်းဒေသကြီး နေသူဖြစ်ပြီး ဗဟန်းမြို့နယ် ရေတာ

ဆူပူမှုအဆုံးသတ်ရေး လက်ဘနွမ်စစ်တပ် ပြတ်သားစွာ ဆောင်ရွက်။

ဆီးရီးယားနိုင်ငံက ပဋိပက္ခနဲ့ဆက်စပ်ပြီးဖြစ်လာတဲ့ မတည်မငြိမ်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းသွားမယ်လို့ လက်ဘနွန် စစ်တပ်က ပြောလိုက်ပါတယ်။ လက်ဘနွန်နိုင်ငံရဲ့
လုံခြုံရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတဦး လုပ်ကြံခံရပြီးတဲ့နောက် ဘေရွတ် မြို့တောင်ပိုင်းမှာ တနင်္လာနေ့ကဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေအတွင်း လူ ခြောက်ယောက် ဒဏ်ရာရခဲ့ပါတယ်။
မြို့တော်က Kaskas အရပ်မှာ အခြေအနေကို တည်ငြိမ်အောင်ထိန်းဖို့ ကြိုးစားတဲ့အနေနဲ့ ဆွန်နီနဲ့ ရှီးယား ရပ်ကွက်တွေကြားမှာ စစ်သားတွေနဲ့ တင့်ကားတွေကို တနင်္လာနေ့က ချထားခဲ့ပါတယ်။ ထရီပိုလီမြို့တော် မြောက်ဘက်မှာ သီးခြားဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု

ဆိုမာလီ ပင်လယ်ဓါးပြမှု လျော့ပါး

အိန္ဒိယသမုဒ္ဒရာထဲမှာ ခုတ်မောင်းနေတဲ့ နိုင်ငံတကာသင်္ဘောတွေကို ဆိုမာလီပင်လယ်ဓါးပြတွေက ပစ်မှတ်ထား ပြန်ပေးဆွဲထားမှုတွေဟာ  ၂၀၀၉ ခုနှစ်က စတင်ပြီး ကျဆင်းသွားခဲ့ပေမယ့်၊ အာဖရိကတိုက် ဂီနီပင်လယ်ကွေ့ (Gulf of Guinea) မှာတော့ သင်္ဘောတွေကို ပြန်ပေးဆွဲမှုတွေကတော့ ပိုများလာတယ်လို့၊  မနေ့က တနင်္လာနေ့က လန်ဒန်အခြေစိုက် နိုင်ငံတကာရေကြောင်းသွားလာမှုဗျူရို (International Maritime Bureau) ကနေ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖေါ် ပြထားပါတယ်။
ဒီနှစ်မှာ ဇန်န၀ါရီလကနေ စက်တင်ဘာလထိ ကိုးလတာကာလအတွင်း ဆိုမာလီ ပင်လယ်ဓါးပြတွေရဲ့ နိုင်ငံတကာသင်္ဘောတွေကို စီးနင်း ပြန်ပေးဆွဲမှုပေါင်း (၇၀) ရှိခဲ့ပြီးတော့၊ မနှစ်က

အမေရိကန် ဒု-ဘဏ္ဍာရေးဝန်ကြီး မြန်မာပြည်သွားမည် ။

အမေရိကန်အစိုးရ ဒုတိယဘဏ္ဍာရေးဝန်ကြီး Neal S. Wolin ဟာ အောက်တိုဘာ ၂၃ ကနေ ၂၅ ရက်နေ့အတွင်း စင်္ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံကို  သွားရောက်မှာ ဖြစ်ပါတယ်။ Mr. Wolin ဟာ စင်္ကာပူနဲ့ မြန်မာ နှစ်နိုင်ငံစလုံးမှာ သက်ဆိုင်ရာ အစိုးရထိပ်တန်းတာဝန်ရှိသူတွေ။ လူထုအခြေပြု လူ့အဖွဲ့ အစည်းခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေနဲ့ တွေ့ဆုံပြီး အရေးပါတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံနဲ့လဲ စီးပွားရေးမူဝါဒပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်း အပါအ၀င်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ ဘဏ္ဍာရေး ပိတ်ဆို့ဒဏ်ခတ်အရေးယူမှု ကိစ္စတွေ ပါဝင်တဲ့ အဓိကအချက်တွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့ ဘဏ္ဍာရေး

ပုဂံမှာလည်း ဆန္ဒပြနေပြီ

2012-10-22
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွေ အတွင်းမှာ ပုဂ္ဂလိက ဟိုတယ် တည်ဆောက် တာတွေကို ကန့်ကွက်တဲ့ အနေနဲ့ ဒေသခံ လူထု (၅၀၀)ခန့်က အောက်တိုဘာလ ၂၂ ရက်နေ့ ဒီကနေ့ မနက် (၉)နာရီ မှာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး (၁)နာရီကြာ တရားဝင် လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာ ဒေသခံတွေဟာ မြန်မာထရယ်ရှားဟိုတယ် (Myanmar Treasure Hotel) ရှေ့ကနေ

လယ်သမားတွေ ၀ါဝါ၀င်း ကုမ္ပဏီကို ဆန္ဒပြ

2012-10-22
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်းပဒံ အပြင်ပဒံကျေးရွာက လယ်သိမ်းခံရတဲ့ လယ်သမား (၆၀) ကျော်ဟာ ရန်ကုန်မြို့ လသာမြို့နယ်မှာရှိတဲ့ ဝါဝါဝင်းကုမ္ပဏီ ရုံးချုပ်ရှေ့မှာ အောက်တိုဘာလ ၂၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက သွားရောက် စုဝေးဆန္ဒပြခဲ့ကြပါတယ်။
၂၀၁၂ စက်တင်ဘာလ ၇ ရက်က ဆင်ဖုံကျေးရွာနှင့် သင်္ဃန်းကျွန်းကြီးကျေးရွာမှ လယ်သမားများ ထောက်ကြံ့မြို့ရှိ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ရုံးချုပ်ရှေ့တွင် ဆန္ဒထုတ်ဖော်နေစဉ်။

လျော်ကြေးငွေ ပေးအပ်ဖို့ ကုမ္ပဏီဘက်က တစုံတရာ အကြောင်းမပြန်မချင်း နောက်ရက်တွေမှာလည်း ဆက်လက်ဆန္ဒပြသွားမယ်လို့ အဲဒီဆန္ဒပြပွဲ မှာပါဝင်တဲ့ လယ်သိမ်းခံ တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။ဝါဝါဝင်းကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ဆန္ဒပြပွဲ ဦးဆောင်သူ လယ်သမားတွေ  ဒီကနေ့

ကေအိုင်အိုနဲ့ ဆက်သွယ်မှု ပစ်ဒဏ်ချမှတ်။

2012-10-22
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ မြစ်ကြီးနားမြို့က ဦးလထော် ဘရန်ရှောင် ကို မြစ်ကြီးနားမြို့နယ်တရားရုံးက အောက်တိုဘာလ ၂၂ ရက်နေ့ ဒီကနေ့ ညနေ ၃ နာရီခွဲအချိန်မှာ မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ စွဲချက်တင် အမိန့်ချမှတ်လိုက်တယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၇ ရက်နေ့ည ၉ နာရီအချိန်က ကချင်ပြည်နယ် ဂျန်မိုင်ကောင် စစ်ပြေးဒုက္ခသည် စခန်းမှာ နေထိုင်နေစဉ်မှာ ဦးလထော်ဘရန်ရှောင် ကို စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့နဲ့ ဒုရဲအုပ်ကျော်မျိုးနိုင်တို့ကမတရားသင်းနဲ့ဆက်သွယ်တယ်လို့စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ အခုဆိုရင် သူဟာ ၄ လလောက် ဖမ်းဆီးခံထားရတာဖြစ်ပြီး ၊ တာဝန်ရှိသူတွေက သူ့ကိုစစ်ဆေးစဉ်မှာ ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က

မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ အကြမ်းဖက်မှုဖြစ်ပွား

2012-10-22

ရခိုင်ပြည်နယ် မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားတွေ နဲ့ ရိုဟင်ဂျာတွေ အကြား ပဋိပက္ခတွေဖြစ်ပြီး အပြန်အလှန်မီးရှို့မှုတွေ ဖြစ်ခဲ့ပါတယ်။

RFA
၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် ပျက်စီးနေသည့် အိုးအိမ်များကိုတွေ့ရပုံ။

မင်းပြားမြို့နယ် ပိုက်သည်ရွာမှာ မနေ့က ည ၁၀ နာရီလောက်မှာ နှစ်ဖက် ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး နေအိမ်မီးရှို့အကြမ်းဖက်မှုတွေဖြစ်ခဲ့တာပါ။ အလားတူ ဒီကနေ့မနက်ပိုင်းမှာလည်း မင်းပြားမြို့နယ် သရက်အုပ်ကျေးရွာ နဲ့ မြောက်ဦးမြို့နယ် ပရိန်ကုန်းကျေးရွာတွေ မှာနေအိမ်မီးရှို့အကြမ်းဖက်မှု တွေ ဖြစ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းပြောတာက အဲဒီအကြမ်းဖက်မှုဖြစ်တဲ့ ကျေးရွာတွေမှာ နေအိမ် အလုံးရေ ၃၀၀ ပတ်ဝန်းကျင် မီးလောင်ကျွမ်းခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သေဆုံးသူ ၃ ဦးလောက်ရှိတယ်လို့ပြောပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ၂ ဦးကို သက်ဆိုင်ရာ

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။