2012-10-23
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ယိုင်သည်ကျေးရွာမှာ အောက်တိုဘာလ ၂၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက အပြန်အလှန် နေအိမ်မီးရှို့အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ညက မင်းပြားမြို့ ပိုက်သည်ရွာမှာစတင်ခဲ့တဲ့နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေက မနေ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ မင်းပြားမြို့နယ် သရက်အုပ်၊ စမ်းဘလီ၊ အောင်ဒိုင်ကျေးရွာတွေနဲ့ မြောက်ဦးမြို့နယ် ပရိန်ကုန်းကျေးရွာနဲ့ ဒီကနေ့ ယိုင်သည်ကျေးရွာအထိ ဆက်လက်ကူးစက်ဖြစ်ပွားခဲ့တာပါ။ရခိုင်ပြည်နယ်ဥပဒေချုပ်လည်းဖြစ်၊
ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဌ ဦးလှသိန်းက ကျေးရွာ ၆ ရွာမှာ နေအိမ် အလုံးရေ ၆၆၀ လောက် လောင်ကျွမ်းခဲ့ပြီး သေဆုံးသူ