MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, November 21, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ HIV နဲ့ AIDS ဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်

2012-11-20
ကုလသမဂ္ဂ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂ HIV နဲ့ AIDS ကူးစက်ပျံ့ပွားမှု တားဆီးရေးဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးအဖြစ် မနေ့က ခန့်အပ်လိုက်ပါတယ်။ HIV/ AIDS ရောဂါ ကူးစက်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ခန့်အပ်တာဖြစ်ပါတယ်။

Photo: RFA/Moe Thu Aung
အမေရိကန်သမ္မတ ဘားရက်အိုဘာမားနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်တွေ့ရစဉ်
အခုလို ခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လူ့အဖွဲ့အစည်းနဲ့ ကင်းဝေးတဲ့နေရာတွေမှာ နေနေရပြီး၊ လူသားဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေး ရဖို့တွေအတွက် နေ့တဓူဝ ရုန်းကန်နေကြရသူတွေကို ကူညီဆောင်ရွက်ဖို့အတွက်

အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့ အစိုးရ အမိန့်ထုတ်

2012-11-20
မြန်မာအစိုးရက ဝန်ကြီးဌာနတွေ အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာန ၁၅ ခု က အမေရိကန်ဒေါ်လာ ၆၅ သန်းပမာဏ အလွဲသုံးစားလုပ်ထားခဲ့ကြောင်း လွှတ်တော်မှာ စာရင်းစစ်ချုပ်က အစီရင်ခံခဲ့ပြီးတဲ့နောက် အဲဒီအမိန့်ထွက်လာတာဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာပေါ်မှာအကျင့်ပျက် ချစားမှု အများဆုံးတိုင်းပြည်ထဲက တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ထူးခြားရှားပါးတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဒီကနေ့ထုတ် AFP သတင်းမှာဖော်ပြပါတယ်။
အစိုးရဟာ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ရရှိဖို့ငွေထဲက  ဒေါ်လာ သန်း ၂၀ကိုပြန်ရပြီးဖြစ်ပေမယ့် ဒေါ်လာ ၄၅ သန်း ဆက်လက်ရရှိဖို့ ကျန်နေပါသေးတယ်လို့ ပြီးခဲ့တဲ့အပါတ်က

ရခိုင်ပြည်နယ် အကြမ်းဖက်ပဋိပက္ခ နဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးနေ

2012-11-20
ရခိုင်ပြည်နယ်ထဲဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွင်း ပြစ်မှုကျူးလွန်ခဲ့သူတွေကို ဥပဒေအရ စစ်ဆေးဆောင်ရွက်မှုတွေ စတင်နေပြီလို့ ပြည်ထောင်စု အစိုးရ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက RFA ကိုပြောပါတယ်၊

Photo: RFA/Moe Thu Aung
ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်တွေမြို့မှ နာဇီရွာမှ မွတ်စလင်ဒုက္ခသည်များကို လုံခြုံရေး အစောင့်အရှောက်ဖြင့် ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ပေးစဉ်။
“လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စ အပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ ရှိပါတယ်။ အဲဒီ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအားလုံး တရားဥပဒေနဲ့ အညီ ဖြစ်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ တရားဥပဒေ ပြင်ပကနေပြီးတော့

မြစ်သာယူနီတီ ရေနံတူးဖေါ်ရေး အလုပ်သမားသမဂ္ဂ ဖွဲ့စည်း ။

2012-11-20
မြစ်သာယူနတီလို့ အမည်ပေးထားတဲ့ ရေနံ အလုပ်သမားသမဂ္ဂကို ကလေးမြို့တောင်ပိုင်းဒေသမှာ တည်ရှိတဲ့ သဒွတ်ချောက်ရေနံမှော်ထဲမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က ကော်မီတီအဖွဲ့ဝင် ၃၀ နဲ့ ယာယီ ဖွဲ့စည်းလိုက်ကြပြီး၊ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ဖြန်မှာ အလုပ်သမားဝန်ကြီး ဌာနမှာ မှတ်ပုံတင်တော့မယ်လို့ သိရပါတယ်။
ကလေးမြို့နယ် ရေနံမှော်ထဲမှာ တပိုင်တနိုင်နဲ့ ရေနံတူးဖော်နေကြတဲ့ ရေနံလုပ်သားတွေဟာ ကုမ္ပဏီတွေရဲ့ ခေါင်းပုံဖြတ်မှုတွေ ခံနေရတာကြောင့် ဒီကိစ္စတွေကို ဖြေရှင်းညှိနှိုင်းပေးဖို့အတွက် ခုလို မြစ်သာယူနတီ ရေနံအလုပ်သမားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြတာဖြစ်တယ်လို့ သမဂ္ဂခေါင်းဆောင်

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ ပတ်သက်မှုရှိ

2012-11-18
ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေအတွင်း တစ်ချို့ဖြစ်ရပ်တွေမှာ ဒေသဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့တစ်ချို့က မူဆလင်တွေကို သတ်ဖြတ်မှုတွေ ရှိခဲ့ကြောင်း၊ မီးလောင်ရာ ကျေးရွာတွေက ထွက်ပြေး သူတွေကိုလည်း တိုက်ခိုက်မှုတွေရှိခဲ့ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖေါ်ပြလိုက်ပါတယ်။
ကျောက်ဖြူမြို့က အကြမ်းဖက်မှုတွေမှာဆိုရင် ကမန် မူဆလင်တွေကို ဒေသခံတွေက တိုက်ခိုက်မှုမှာ အစိုးရ လုံခြုံရေးတပ်တွေက ကာကွယ်တားဆီးမှု ပျက်ကွက်ခဲ့တယ်လို့ HRW အဖွဲ့က

မြန်မာအစိုးရရဲ့ စီးပွားရေး စီမံကိန်းအတွက် ဂျပန်အစိုးရ ငွေချေး

2012-11-18
မြန်မာအစိုးရ အကောင်အထည်ဖေါ်မယ့် စီးပွားရေး စီမံကိန်း ၃ ခုအတွက် ဂျပန်အစိုးရက ချေးငွေ အမေရိကန်ဒေါ်လာ ၆၁၅ သန်း ပေးသွားမယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့က အေအက်ဖ်ပီ သတင်းက ရေးသားပါတယ်။
Photo: Myanmar President Website
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်နိုင့်ဝန်ကြီးချုပ် မစ္စတာဟိုရှီဟီကိုနိုဒါတို့ တွေ့ဆုံဆွေးနွေးစဉ်
ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၁၅ သန်းကို ရန်ကုန်မြို့နားမှာ တည်ဆောက်မယ့် သီလ၀ါ စက်မှုဇုန်တည်ဆောက်ရေး၊ ရန်ကုန်မြို့နားက လောင်စာစက်ရုံ ပြန်လည်ပြင်ဆင်ဖို့နဲ့ ဒေသ ၁၄ ခုမှာ အကောင်အထည်ဖေါ်နေတဲ့ ဆင်းရဲမွဲတေမှု လျော့ချရေး ၊ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေမှာ အသုံးပြုသွားဖို့ ရည်ရွယ်တာလို့ဆိုပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံက ပို့ကုန်တွေအပေါ် ပိတ်ပင်တားဆီးထားတာ ပယ်ဖျက်လိုက်ပြီလို့ ကြေညာလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဂျပန်အစိုးရရဲ့ အစီအစဉ် အခုလို သတင်းတွေ ထွက်ပေါ်လာတာပါ။

ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကြေငြာချက်ကို ဂျပန်ဝန်ကြီးချုပ် နိုဒါးက သမ္မတ ဦးသိန်းစိန်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ တွေ့ဆုံတဲ့အခါ တရားဝင် ကြေညာမယ်လို့ ဂျပန်နိုင်ငံထုတ် နစ်ကီ စီးပွားရေး သတင်းဌာနက ရေးသားကြောင်း သိရပါတယ်။

 RFA NEWS

မိုးထိမိုးမိ ရွှေလုပ်သားတွေ ချီတက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ တူးကုန်းကျေးရွာအုပ်စုမှာရှိတဲ့ မိုးထိ မိုးမိတောင်က ထောင်နဲ့ချီတဲ့ ရွှေတူးလုပ်သားတွေဟာ သူတို့တောင်းဆိုတဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် နေပြည်တော်မှာရှိတဲ့ သမ္မတ အိမ်တော်အထိ ရန်ကုန်မြို့ကနေ ချီတက်လမ်းလျှောက် ဆန္ဒပြတောင်းဆိုမှုဟာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့အထိ ရောက်ရှိနေပြီလို့ သိရပါတယ်။
Photo: RFA/Sai Htun Aung Lwin
နေပြည်တော်ထိ လမ်းလျှောက်ဆန္ဒပြနေတဲ့ မိုးထိမိုးမိရွှေလုပ်သားများကို ရန်ကုန် မန္တလေးလမ်းမပေါ်တွင် တွေ့မြင်ရစဉ်
ရွှေတွင်းအလုပ်သမား (၈၁)ဦးဟာ ဒီကနေ့မှာ တောင်ငူမြို့ကနေ ထွက်လာပြီး နောက်(၄)ရက်အကြာမှာ နေပြည်တော်ကို ရောက်ရှိမှာ ဖြစ်တယ်လို့ လမ်းလျှောက် ဆန္ဒပြနေတဲ့ အလုပ်သမားတစ်ဦးက RFAကို ပြောပါတယ်။
အလုပ်သမားတွေဟာ ရန်ကုန်မြို့မှာ ဆန္ဒဖေါ်ထုတ်ဖို့ ခွင့်ပြုမိန့် တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့တာကြောင့်  ရန်ကုန်မြို့ကနေ မိုင်၂၇၀လောက်

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး နိုင် ကျဉ်းဟောင်းများအဖွဲ့ ကြေငြာချက်ထုတ်

မကြာသေးခင် ရက်ပိုင်းအတွင်းက သမ္မတရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်မြောက်လာတဲ့ အကျဉ်းသားတွေ ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးမှ မပါဝင်တာနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ရဲ့ သဘောထားကြေငြာချက် ထုတ်ပြန်ပွဲကို ဒီကနေ့ မနက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

Photo: RFA/Nay Myo Htun
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးလှဌေး မိန့်ခွန်းပြောကြားနေပုံ
အဲဒီ့သတင်းစာရှင်းလင်းပွဲကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် မငြိမ်းငြိမ်းပြည့် က

မြောက်ကိုးရီးယားနဲ့ စစ်ရေးဖြတ်တောက်ဖို့ အိုဘားမား တွန်းအားပေးမည်။

2012-11-18
အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ အာရှ ၃ နိုင်ငံခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိစဉ် အတွင်း မြန်မာနိုင်ငံနဲ့ မြောက်ကိုးရီးယားနိုင်ငံအ ကြား စစ်ရေးအရ ပတ်သက်မှုတွေ ဖြတ်တောက်ဖို့ တွန်းအားပေးသွားမှာ ဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော် အရာရှိတစ်ဦးက မနေ့ကပြောကြား လိုက်ပါတယ်။

AFP PHOTO / KCNA via KNS
မြောက်ကိုရီးယား အစိုးရ သတင်းဌာနဖြစ်သည့် KCNA ကိုရီးယား ဗဟိုသတင်း အေဂျင်စီမှ ဖော်ပြသော ပုံတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (ယာ) ကို သားဖြစ်သူ ကင်မ်ဂျုံအွန်း (၀ဲမှ ဒုတိယ) ကို နိုင်ငံတည်ထောင်ခြင်း ၆၃ နှစ်မြောက် ကျင်းပသည့် စစ်ရေးအခန်းအနားတစ်ခုတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် တွေ့ရစဉ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (အသက် ၆၉ နှစ်) သည် နှလုံးရောဂါနှင့် ကွယ်လွန်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ အစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မိမိတို့ဟာ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ အသိအမှတ်ပြုပါတယ်။ မြန်မာအစိုးရအနေနဲ့ မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေး အဆုံးသတ်တာကို မြင်တွေ့လိုပါတယ်လို့ သမ္မတရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအရာရှိ Ben

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။