MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 1, 2012

မုံရွာတဖမ်ကမ်း ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးလှုပ်ရှားမှူဟာ ရန်ကုန်မြို့ အထိရောက်ရှိလာပြီဖြစ်ပါတယ်။

BBC NEWS 
မုံရွာတဖမ်ကမ်း ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးလှုပ်ရှားမှူဟာ ရန်ကုန်မြို့ အထိရောက်ရှိလာပြီဖြစ်ပါတယ်။

 http://www.bbc.co.uk/burmese/multimedia/2012/11/121126_rangoon_protest.shtml 
BBC Burmese News

လက်ပန်းတောင် သပိတ်စခန်းဖြိုခွဲမှု


ရဲတွေက သပိတ်စခန်း ၆ ခုကိုမျက်ရည်ယိုဗုံးတွေ။ မီးလောင်စေတဲ့ လက်နက်တွေ ၊မီးသတ်ပိုက်တွေသုံး ဖြိုခွဲခဲ့တာဖြစ်ပြီး သပိတ်မှောက် သံဃာ ၇ ပါးကိုလည်း ဖမ်းဆီးခံလိုက်ရပါတယ်




BBC NEWS ( http://www.bbc.co.uk/burmese/multimedia/2012/11/121129_labadaung_strike_raids.shtml)

RFA Burmese TV Magazine December 1, 2012

လက်ပန်းတောင်း သပိတ်ဖြိုခွဲ မှု ဒေါ်အောင်ဆန်းစုကြည် ပြစ်တင်ဝေဖန်

2012-11-30
လက်ပန်းတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြသူတွေကို အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံးအကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

Photo: RFA/Win Naung Toe
မုံရွာမြို့မှာပြုလုပ်တဲ့ လက်ပန်းတောင်းတောင်အရေး သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို လက်ပန်းတောင်းအရေး တက်ကြွလှုပ်ရှားသူ မသွဲ့သွဲ့ဝင်းနဲ့အတူ တွေ့ရစဉ်
မုံရွာမြို့ဇက်ဆိပ်သောင်ပြင်မှာ ဒေသခံတွေကို  ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့  ရှင်းလင်းချက် ထုတ်ပြန်ဖို့ လိုအပ်သလို ဆန္ဒပြသူတွေအနေနဲ့လည်း နိုင်ငံဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့အနေနဲ့ စေ့စပ်ကျေအေးကြဖို့  တိုက်တွန်းသွားပါတယ်။
သူ့အနေနဲ့ အကြမ်းဖက်ဖြိုခွဲရာမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ တွေ့ဆုံခဲ့သလို ကုမ္ပဏီတာဝန်ရှိသူတွေ၊  ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ကြောင်း၊ လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ မကုန်မီ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးသွားမှာဖြစ်ကြောင်းနဲ့  ကျေးရွာ ၄ ခုက ဒေသခံတွေရဲ့

ဒဏ်ရာရ သံဃာတော်တွေကို ၈၈မျိုးဆက်ကျောင်းသားတွေ သွားရောက်ကြည့်ရှု

2012-12-01
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြသူတွေကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးအကြမ်းဖက် ဖြိုခွင်းခဲ့တဲ့နေရာမှာ ဓာတုလက်နက်တွေ အသုံးပြုတယ်လို့ ယူဆရတဲ့အတွက် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဆုံဖွဲ့ရမယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မုံရွာမြို့ပြည့်သူ့ ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေရတဲ့ သံဃာတော်တွေကို ကြည့်ရှုအပြီး သတင်းထောက်တွေကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။
မုံရွာမြို့ကိုရောက်ရှိနေတဲ့ ရွှေညဝါဆရာတော်နဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မီးလောင်ဒဏ်ရာရရှိနေတဲ့ သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေကို သင်္ကန်းနဲ့ငွေကြေးများ လှူဒါန်းခဲ့သလို အစိုးရအနေနဲ့ သံဃာတော်တွေကို လေးလေးနက်နက် တောင်းပန်းဖို့လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒီအတောအတွင်း မုံရွာမြို့ရဲတပ်ဖွဲ့ရုံးကလည်း သံဃာတွေကို ဝန်ချတောင်းပန်ပွဲတစ်ရပ် မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းမှာရှိတဲ့ တင်ဝင်းထွန်းဓမ္မာရုံမှာ ဒီကနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပေမယ့်

ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကို အာဏာပိုင်တွေ ခေါ်ဆောင်သွား

2012-12-01
ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကို ဒီကနေ့ညနေမှာ သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှူးနဲ့ ဗဟန်းမြို့နယ် ရဲစခန်းမှူးတို့က လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒီကနေ့ညနေမှာ လှိုင်မြို့နယ်ထဲက ဦးညီညီဇော်ရဲ့အိမ်မှာရောက်နေတဲ့ ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကို မဂ္ဂင်ကျောင်းတိုက် အပိတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ဖြစ်တယ်လို့ပြောပြီး လာရောက်ခေါ်ဆောင်သွားတာပါလို့ ဦးညီညီဇော်က RFA ကို ပြောပါတယ်။
ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ဟာ အခုချိန်မှာ လူလွတ်လဲထားပြီး မိတ္ထီလာမြို့မှာ နေထိုင်တာဖြစ်ပြီး နိုဝင်ဘာ ၃ဝရက်နေ့ကမှ ဗြိတိသျှလူ့အခွင့်အရေးအဖွဲ့နဲ့ ဗြိတိသျှဒုတိယအတွင်းဝန်နဲ့တွေ့ဖို့ ရန်ကုန်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်နဲ့အတူ သူ့ရဲ့မိခင် ဒေါ်ရေးကိုပါ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ခေတ္တ ခေါ်ယူမေးမြန်းတာလား၊ ထိန်းသိမ်းဖမ်းဆီးတာလားဆိုတာတော့ အခုချိန်အထိ တိတိကျကျ မသိရသေးပါဘူး။

RFA NEWS

ကုလအရေးပေါ်ကူညီရေးအဖွဲ့ အကြီးအကဲ မြန်မာပြည်လာမည်

2012-11-30
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာနဲ့ အရေးပေါ် အကူအညီအဖွဲ့ အကြီးအကဲ ဒုတိယ အတွင်းရေမှူးချုပ် မစ္စ ဗယ်လရီ အားမိုးစ် (Valerie Amos) ဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ထိုင်း ၃ နိုင်ငံကို ဒီဇင်ဘာလ ၂ရက်နေ့ကနေ ၈ရက်အတွင်း လှည့်လည်သွားရောက်မယ်လို့ သတင်းရရှိပါတယ်။
သူဟာ တာဝန်ထမ်းဆောင်ခဲ့ချိန်ကစပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ခရီးထွက်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ၊ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ၊ ကုလသမဂ္ဂဌာနေရုံး အဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကိစ္စရပ်တွေဆွေးနွေးမှာ ဖြစ်ပါတယ်။

လက်ပန်းတောင်းအရေး တရုတ်သံရုံးက ကြေညာချက်ထုတ်

2012-11-30
မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္မဏီနဲ့ ဝမ်ပေါင် ကုမ္ပဏီတို့အကြား ပူးပေါင်းလုပ်ကိုင်နေတဲ့ မုံရွာ-လက်ပန်းတောင်း ကြေးနီစီမံကိန်းကို အဆင်ပြေစွာ ဆက်လက်အကောင်အထည်ဖော်ဖို့ ရန်ကုန်မှာရှိတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ကြေညာချက် ထုတ်ပြန်ပြီး ဒီကနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
ဒီကြေညာချက်နဲ့ ပက်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဂေါင်မင်းဘို (Mr.Gaomingbo) ကလက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဟာ တရုတ်နဲ့မြန်မာ ကုမ္ပဏီတွေ အကျိုးတူပူးပေါင်းလုပ်ကိုင်တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ထားတဲ့အပြင် ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်း နှစ်ဦးနှစ်ဘက် အညီအမျှခွဲယူဖို့ ဆွေးနွေးထားခဲ့ပါတယ်။ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ ကိုက်ညီမှုရှိတဲ့အတွက်  မြန်မာ့လူမှုအဖွဲ့အစည်းအနေနဲ့ ဒီစီမံကိန်း အဆင်ပြေချောမွေ့ဖို့အတွက် မြန်မာနိုင်ငံကထုတ်ပြန်တဲ့ ဥပဒေတွေကို လေးစားလိုက်နာပေးဖို့ မေတ္တာရပ်ခံပါတယ် လို့ RFA ကို ပြောပါတယ်။
ဒီကြေညာချက်ဟာ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မုံရွာ၊လက်ပန်းတောင်း ခရီးစဉ်မပြီးဆုံးခင်မှာ

လက်ပန်းတောင်းသပိတ်မှာ ဒဏ်ရာရ သူများကို နယ်ပယ်အသီသီး က ခေါင်းဆောင်များ တွေ့ဆုံအားပေး

2012-11-30
မြန်မာအစိုးရ ရဲတပ်ဖွဲ့တွေရဲ့ လက်ပန်းတောင်း သပိတ်ဖြိုခွဲမှုမှာ ဒဏ်ရာရပြီး မုံရွာဆေးရုံမှာ ကုသခံနေရတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို သီတဂူဆရာတော် အရှင် ဥာဏိဿရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူတို့ သွားရောက်တွေ့ဆုံအားပေးပြီး သူတို့လိုအပ်မယ့်ဆေးဝါးနဲ့ ပစ္စည်းတွေအတွက် အကူအညီပေးခဲ့ကြတယ်လို့ သိရပါတယ်။
Photo: RFA/NLD Facebook
လက်ပန်းတောင်းသပိတ် ဖြိုခွင်းရာမှ ဒဏ်ရာရတဲ့ သံဃာများရှိရာ မုံရွာပြည်သူ့ဆေးရုံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုနေစဉ်
ဆရာတော်အရှင်ဥာဏိဿရက မုံရွာမြို့ လက်ပန်တောင်းတောင်ကာကွယ်ရေး ကော်မတီကနေတဆင့် ကျပ်ငွေ ၂၅ သိန်း လှူဒါန်းတယ်လို့ ကော်မတီဝင်တွေကပြောပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒဏ်ရာရသံဃာတော်တွေကို အားပေးစကားပြောပြီး သူ့အနေနဲ့ အတတ်နိုင်ဆုံးကူညီမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလဲ သူတို့ကိုကူညီဖို့ ရန်ကုန်ကနေထွက်ခွါသွားပြီလို့ သိရပါတယ်။
ဒဏ်ရာရသူတွေက သံဃာတော် ၂၈ပါးနဲ့ ဝက်မှေးရွာသား ကိုကျော်စွာ တို့ဖြစ်ပါတယ်။ အခုချိန်ထိ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသူတွေက ဆရာတော် အရှင်စန္ဒောဘာသနဲ့ ကိုရင် အရှင်သုဇန ဖြစ်ပါတယ်။ အရှင်စန္ဒောဘာသဟာ ဘယ်ဖက်မျက်လုံးထိထားပြီး ခန္ဓာကိုယ်မှာလဲ နေရာအနှံ့မီးလောင်ခံထားရလို့

နှူကလီးယား ပစ္စည်းတွေကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက်လွှတ်တော်အမတ် စာရေးမေးမြန်း

2012-11-29
မြန်မာနိုင်ငံကို တရားမဝင်တင်ပို့မယ်လို့ ယူဆရတဲ့ နူကလီယား အနုမြူအစီအစဉ်မှာ သုံးစွဲနိုင်တဲ့ ပစ္စည်းတချို့ကို ဂျပန်နိုင်ငံရောက် မြောက်ကိုရီးယား သင်္ဘော တစ်စီးပေါ်ကနေ တွေ့ရှိတဲ့သတင်း ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဆီးနိတ်အထက်လွှတ်တော်အမတ် တစ်ယောက် က သမ္မတ ဦးသိန်းစိန်ဆီကို စာရေးသားမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

(Image: RFA)
မြန်မာစစ်အစိုးရ၏ နေပြည်တော်တွင် မြောက်ကိုရီးယား ပညာရှင်များက မြေအောက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ပေးသော သတင်းကို QQ.com တရုတ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားပုံ ဖြစ်ပါသည်။ (Image: RFA)
ဂျပန်နိုင်ငံထုတ် Asahi Shinbun သတင်းစာက ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်မှာ ပြီးခဲ့တဲ့ သြဂုတ်လက တိုကျိုဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ မြောက်ကိုရီးယားသင်္ဘောတစ်စီးပေါ်ကို အမေရိကန်အစိုးရရဲ့ မေတ္တာရပ်ခံချက်အရ ဂျပန်အာဏာပိုင်တွေက တက်ရောက်ရှာဖွေခဲ့ရာမှာ အနုမြူလုပ်ငန်းမှာ သုံးစွဲနိုင်တဲ့ သတ္တုချောင်းတွေနဲ့ အဆင့်မြင့် အလူမီနီယံ သတ္တုပြားတွေ တွေ့ရှိခဲ့ရကြောင်း၊ ဒီပစ္စည်းတွေကို တရုတ်ပြည်ကတဆင့် မြန်မာနိုင်ငံကိုပို့မယ်လို့

ကြေးနီစီမံကိန်းအနီးက သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွဲ

2012-11-29
မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြနေကြတဲ့ ဒေသခံတွေနဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကြာသပတေးနေ့ မနက် (၃) နာရီဝန်းကျင် အချိန်က ဝင်ရောက်စီးနင်း ဖြိုခွဲခဲ့ပါတယ်။

Photo: RFA/Win Naung Toe
နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၃ နာရီက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်နေသည့် သပိတ်စခန်းများကို လုံထိန်းတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိလာသည့် သံဃာတော်များကို မုံရွာပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသပေးနေစဉ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက  မီးသတ်ပိုက်တွေ၊ မီးလောင်ဗုံးတွေသုံးစွဲပြီး အင်အားသုံးဖြိုခွဲမှုကြောင့် ဝမ်ပေါင် ကုမ္ပဏီနီရှေ့က ပင်မသပိတ်စခန်းနဲ့  ကျော်ရွာသပိတ်စခန်းတို့မှာရှိတဲ့ ဒေသခံတွေ ဆုတ်ခွာခဲ့ရကြောင်း မြန်မာနိုင်ငံ သိပ္ပံနဲ့ဝိဇာ ကျောင်းသားများကွန်ယက်တာဝန်ခံ ကိုသောင်းထိုက် က ပြောပါတယ်။
"အခြေအနေကတော့ ကျနော်တို့ အခုစခန်း ၂ခုက ကျသွားပြီပေါ့နော်၊ တစ်ခုက သံဃာတော်တွေလည်းရှိတယ်၊ ဝမ်ပေါင်ဆိုဒ်ရှေ့က သပိတ်စခန်းရယ်၊ ဒီဘက်မှာရှိတဲ့ ဒေသခံတွေနေတဲ့ ကီလိုဟိုက်လိုကုမ္ပဏီဆီက သပိတ်စခန်းတစ်ခုရယ် အဲနှစ်ခုက ကျသွားပြီ၊  ဝမ်ပေါင်ဆိုဒ်ရှေ့က  သပိတ်စခန်းရယ်၊ ကီလိုဟိုက်လိုရှေ့မှာရှိတဲ့ သပိတ်စခန်း နှစ်ခုကိုတော့ သူတို့က မျက်ရည်ယိုဗုံးနဲ့ ပစ်ခဲ့တယ်"
အဲဒီလို ဖြိုခွဲရာမှာ မီးလောင်ဗုံးထိမှန်တဲ့ သံဃာတချို့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး  သံဃာတော်တချို့

လက်ပန်းတောင်းမှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြော

2012-11-29
လက်ပန်းတောင်း အရေးကို ပြေလည်စွာ ဖြေရှင်းပေးမယ် လို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်း ဒေသခံပြည်သူများနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
Photo : RFA/Win Naung Toe
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအနီးက ကံကန်ကုန်းကွင်းပြင်မှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပန်းတောင်းတောင် အနီးက ကံကုန်းလို့ခေါ်တဲ့ ကွင်းပြင်မှာ ပြည်သူလူထုတွေကို ၁၀ မိနစ်ကျော်ကြာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္မဏီက တာဝန်ရှိသူတွေနဲ့ ဒီကနေ့ညနေမှာ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဒီကနေ့ ဟောပြောတဲ့ မိန့်ခွန်းမှာတော့ ဝမ်ပေါင်ကုမ္မဏီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ မုံရွာဆေးရုံမှာကုခံနေရတဲ့ ဒဏ်ရာရ သံဃာတွေကို သွားရောက်ဖူးတွေ့ အားပေးခဲ့ပါတယ်။ သောကြာနေ့ မနက်မှာလည်း ချင်းတွင်းမြစ် ရဲ့ မုံရွာဘက်ခြမ်းက သဲသောင်ပြင်မှာ  မိန့်ခွန်းပြောကြားဖို့

လက်ပန်းတောင်း သပိတ်ဖြိုခွဲမှုနဲ့ မီးလောင်ဗုံး

2012-11-29
နိုဝင်ဘာ၂၉ ရက်နေ့ မနက်က လက်ပန်း တောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒ ထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို ဖြိုခွဲရာမှာ ဓာတုဗေဒဗုံးနဲ့မီးလောင်ဗုံးတွေ အသုံးပြုခဲ့ခြင်း မရှိခဲ့ဘဲ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အဓိကရုဏ်းတွေကို နှိမ်နှင်းရာမှာ အသုံးပြုတဲ့ သာမန် မျက်ရည်ယိုဗုံးကိုသာ အသုံးပြုခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှုး ဗိုလ်မှုးကြီးယုလွင်ကို RFA ကသီးသန့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်ပါတယ်။

Photo Courtesy/Aung Nay Myo
နိုဝင်ဘာ ၂၈ ရက်နေ့က လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို စောင့်ကြည့်နေသည့် လုံထိန်းတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
"အဲဒါက နိုင်ငံတကာမှာ သုံးနေတဲ့ အဓိကရုဏ်းနှိမ်နှင်းတဲ့ လက်နက်၊မီးခိုးဗုံးပါ၊မျက်ရည်ယိုဗုံးလို့ ခေါ်ပါတယ်။မီိးခိုးဗုံးကျတဲ့ အချိန်မှာ ပေါက်ကွဲမှုနည်းနည်းဖြစ်တယ်။အဲဒီကနေပြီးမှ အဲဒီမီးခိုးဗုံးမှာ မီးလောင်တဲ့ ဥစ္စာရှိပါတယ်။အဲဒါက

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။