MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 5, 2012

စင်္ကာပူလာချင်သူများအတွက် အထူးသိထားရန်

 စင်ကာပူဆိုတာ အများသိကြတဲ့အတိုင်း ကျွန်းနိုင်ငံလေးတခုပါ။အဲဒီနိုင်ငံလေးကို စင်င်္ကာပူအစိုးရ၏ နည်းပညာနှင့် အရင်းနှီး ကုန်သွယ်မှုတွေကြောင့် ကျွန်းကိုတိုးချဲ့ သဲဖို့ ဖြင့် နိုင်ငံသည်တဆထက် တဆတဖြည်းဖြည်းကြီးထားလာခဲ့ပါသည်။အလားတူ နိုင်ငံတကာဆက်ဆံရေးလည်း  ပိုမိုကောင်းမွန်လာသည်နှင့်အမျှ ပညာရေး ၊စီးပွားရေးများလည်းအထူးကောင်းမွန်လျှက်ရှိသည်။
           ထို့ ကြောင့် နိုင်ငံတကာမှ နိုင်ငံခြားသားများသည် စင်္ကာပူနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်
ကြသလို့ အချို့ မှာ ပညာလာရောက်သင်ယူနေကြသည့်လူငယ် လူလတ်များလည်းရှိကြသည်။အချို့ ဆိုလျှင် စင်္ကာပူနိုင်ငံတွင် နေထိုင်ချင် အလုပ်လုပ်ချင် လွန်းသဖြင့် မြန်မာနိုင်ငံတွင် ပိုင်ဆိုင်သမျှရောင်ချ ပေါင်နှံပြီး အေးဂျင့်တွေဖြင့်ဆက်သွယ်ပြီး ကြိုးစားခဲ့ ကြသည်။
မိဘများကလည်း မိမိ၏သားသမီးကောင်းစားရေးအတွက်ဆိုပြီး မြေကွက်ပေါင်။ ကားရောင်း ။ရွှေငွေ လက်ဝတ်ရတနာတွေရောင်းပြီး သားသမီဆန္ဒကိုလိုက်လျောခဲ့ကြသည်။အချို့ ကလည်း မိမိ၏ ချစ်သူ။အွန်လိုင်းချစ်သူ။ခင်ပွန်း။စေ့စပ်ထားသူထံများသို့ လိုက်လာချင်ကြသဖြင့် အမျိုးမျိုးကြိုးစားခဲ့ကြသည်။အချို့ ကလည်း မိတ်ဆွေသူငယ်ချင်းများအကူညီကို မျှော်မှန်းပြီး စင်္ကာပူသို့ လာရောက်ခဲ့ ကြသည်။အချို့ ကလည်း အွန်လိုင်းမှ သူငယ်ချင်းဖွဲ့ ကာ အလိမ်အညာဖြင့်ခေါ်
သည်များလည်းရှိသည်။အချို့ မှာ အလုပ်၇ှာရန်အတွက် ကျောင်းကိုဟန်ပြတက်ပြီး Stay ရယူကာ အလုပ်ရှာဖွေနေသူများလည်းရှိကြပြီး ထိုသူတို့ သည်( Part Time)အချိန်ပိုင်းအလုပ်များကို တနာရီ

စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံး အစည်းအဝေး

2012-12-04
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၄ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
AFP
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဒုတိယနေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (Photo: AFP)
မနေ့က ဒီဇင်ဘာလ ၃ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ကော်မရှင်အဖွဲ့ဝင်တွေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းပေးခဲ့အပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့

မင်းပြားမြို့မှာ အကြမ်းဖက်မီးရှို့မှုနဲ့ ဆက်စပ်ပြီး စတင်စစ်ဆေးနေ

2012-12-04
ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာနဲ့ အနီးတစ်ဝိုက်က ဒေသခံတွေကို အခုရက်ပိုင်းအတွင်း အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
အဲဒီလို ခေါ်ယူစစ်ဆေးရာမှာ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်မှူး ဦးအောင်ကျော်ဦး ကိုယ်တိုင် မြောက်ဦးမြို့မှာ ရုံးထိုင်ပြီးတော့ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။ အာဏာပိုင်တွေက အခုလို ခေါ်ယူစစ်ဆေးနေတဲ့အတွက် ဒေသခံတစ်ချို့က ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေတယ်လို့လည်းသိရပါတယ်။
ဒေသခံတွေကို အာဏာပိုင်တွေဘက်က အခုလို ခေါ်ယူစစ်ဆေးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ နေ့လည် ၃ နာရီခန့်က မြောက်ဦးရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ

ဦးသန့် အရေးအခင်း စာအုပ်ထုတ်ဝေ

2012-12-04
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်ရဲ့ နောက်ဆုံး ဈာပနကာလ အတွင်း မြန်မာနိုင်ငံက ရဟန်းရှင်လူတွေ လှုပ်ရှားခဲ့ပုံတွေကို ရေးသားထားတဲ့ "ဦးသန့်အရေး လှုပ်ရှားမှုမှတ်တမ်း" စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ မွန်းလွဲပိုင်းက ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ HOME ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
Photo: RFA/Nay Myo Htun
ဦးသန့်စာအုပ်မိတ်ဆက်ပွဲ
အဲဒီစာအုပ်မှာ ဦးသန့်အရေးတော်ပုံအတွင်း ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်၊ ဦးသက်လှိုင်တို့ ရေးသားထားတဲ့ မှတ်တမ်းဆောင်းပါးတွေအပြင် အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့သူတွေရဲ့ ကိုယ်တွေ့ဖြစ်ရပ်တချို့လည်း ပါဝင်ပါတယ်။
မျိုးဆက်သစ်ပြည်သူတွေကို ဦးသန့်နဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်းတွေ သိစေချင်တဲ့အတွက် ဒီစာအုပ်ကို ထုတ်ဝေရခြင်းဖြစ်တယ်လို့  ၁၉၇၄ခုနှစ် ၊ ဦးသန့်အရေး ကျောင်းသားလှုပ်ရှားမှု ဦးဆောင်အဖွဲ့ဝင်

အဖမ်းဆီးခံ မိုးထိမိုးမိ ရွှေ လုပ်သား ခေါင်းဆောင် ၄ ဦး အာမခံမရ

2012-12-04
ရမည်းသင်းမြို့ မိုးထိမိုးမိ ရွှေလုပ်သားတွေထဲက ထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင် ကိုနေအောင်ထက်၊ ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်းနဲ့ ကိုစောနောင်တို့ ၄ ဦးကို ပဲခူးတိုင်း၊ ရေတာရှည် တရားရုံးမှာ ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ၃ ကြိမ်မြောက် ရုံးတင်စစ်ဆေးခဲ့ပါတယ်။
ဒီကနေ့ တရားရုံးတင် စစ်ဆေးရာမှာ အလုပ်သမားခေါင်းဆောင်တွေအတွက် အာမခံ မပေးဘူးလို့ သိရပါတယ်။ ရုံးတင်စစ်ဆေးခဲ့တဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဌေးက RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့ အာမခံမရဘူး၊ ပုဒ်မ ၁၈ တိုးသွားတယ်၊ ဒီနေ့စစ်တာကတော့ မြို့နယ်ရဲတပ်ဖွဲ့မှုး စစ်တယ်၊ ILO စစ်တယ်၊ နောက် ရေနီက ရပ်ကွက်အုပ်ချုပ်ရေးမှုးကို စစ်တယ်ပေါ့၊ ၃ ရက်နေ့ ညှိနှိုင်းစီစဉ်တာကို မူတည်ပြီးတော့ လူကြီးတွေကို တင်ပြပေးမယ်ပေါ့၊ တရားရုံးကိစ္စဆိုတော့လည်း ပြောရတာခက်တယ်"

နောက်ထပ် ရုံးချိန်းကိုတော့ ဒီဇင်ဘာလ (၆)ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ မိုးထိမိုးမိ

အစိုးရနဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲဖြစ်ရာမှာ ရွာသားတစ်ဦးသေဆုံး

2012-12-04
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ တနိုင်းဘက်ကို ရိက္ခာသယ်ယူ ပို့ဆောင်နေတဲ့ အစိုးရတပ်ယာဉ်တန်း ကို ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ရွာအဝင် လီဒို လမ်းမပေါ်မှာ ကေအိုင်အေဘက်က ပစ်ခတ်မှုကြောင့် အစိုးရတပ်က ပြန်လည် ပစ်ခတ်ရာမှာ မူလတန်းကျောင်းသား ၂ယောက်နဲ့ အမျိုးသမီး ၁ ဦး ကျည်ထိမှန်ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံး ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
Photo: RFA
ကေအိုင်အေနဲ့ အစိုးရ တိုက်ပွဲတွင် ညာဘက်ဒူးမှာ ဒဏ်ရာရရှိခဲ့တဲ့ ရှဒူးဇွပ်ရွာက မောင်ရန်နိုင်ကို တွေ့ရစဉ်
မနေ့က ဒီဇင်ဘာ ၃ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်က ရှဒူးဇွပ်ကျေးရွာ မောချယ်ရီစားသောက်ဆိုင်ရှေ့မှာ တပ်မ ၈၈ လက်အောက်ခံလှုပ်ရှားတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် လီဒိုလမ်းဘေး နောင်းမြီ ရွာလယ်ကွင်းထဲမိသားစု စပါးရိတ်နေချိန် ကျည်ထိမှန်ခဲ့ပြီး ညာဘက်တံတောင်ဆစ်မှာ ဒဏ်ရာရရှိခဲ့တဲ့ နမ္မတီးဒေသ သူဋ္ဌေးကုန်းကျေးရွာက အသက် ၁၁ နှစ်အရွယ်

UNODC အမှုဆောင် ညွှန်မှူးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

2012-12-04
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တားဆီးကာကွယ်ရေးရုံး UNODC အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ Yury Fedotov ဟာ ပြီးခဲ့တဲ့ စနေနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖေါ်ပြပါတယ်။
Photo: RFA/Kyaw Htoon Naing
ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့မှာ ပြည်သူတွေနဲ့ တွေ့ဆုံစဉ်
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ အထူးသဖြင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ HIV/AIDS တားဆီးကာကွယ်ကုသရေး၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့နေရာတွေမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်အောင်အားပေးပြီး၊ မူးယစ်ဆေးဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖေါ်ဆောင်ပေးခြင်းအားဖြင့် ငြိမ်းချမ်းရေးဆီရောက်အောင်

စစ်တွေ လူငယ်တွေ့ဆုံပွဲက ရရှိတဲ့ အချက်တွေကို အစိုးရထံ တင်ပြသွားမည်

2012-12-03
ရခိုင်ပြည်နယ် စစ်တွေမြို့ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရုံး မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ကနေ ၂ ရက်နေ့ အထိ ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲကနေ အတည်ပြု ရရှိ လာတဲ့ အချက်အလက်တွေကို အစိုးရထံ တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။
Photo: RFA/Min Thein Aung
စစ်တွေမြို့ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရုံးမှာ ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲကို တွေ့ရစဉ်
ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်လူငယ်တွေ့ဆုံပွဲ ပြန်ကြားရေးတာဝန်ခံ ကိုဇော်ထွန်းက RFA ကို အခုလို ပြောပါတယ်။
"ရခိုင်ပြည်နယ်တစ်ခုလုံးက မြို့နယ်ကိုယ်စားလှယ်တွေ အကုန်လုံး ဆွေးနွေးပြီးတော့ရလာတဲ့ အချက်အလက်တွေပေါ့၊ ကျနော်တို့ ဒါတွေကို စာတမ်းပုံစံမျိုးလေးတွေ ပြုစုပြီးတော့ အဓိက အာဏာပိုင်တွေဆီကိုလည်း တင်ပြမယ်ခင်ဗျာ"
ဒီတွေ့ဆုံပွဲမှာ နိုင်ငံရေး၊ ရခိုင်လူငယ်နဲ့ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ကျူးကျော် နေထိုင်နေသူတွေရဲ့အရေးဆိုတဲ့ အဓိက ကိစ္စရပ် (၄) ရပ်ကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ ကိစ္စရပ်တွေထဲက ပညာရေးဆိုင်ရာအချက် ၂၆ ချက်၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ အချက် ၂၆ ချက်၊ နိုင်ငံရေးဆိုင်ရာအချက် ၃နဲ့ တရားမဝင် ကျူးကျော်နေထိုင်သူတွေ အရေးဆိုင်ရာ အချက် ၃၃ ချက်တို့ကို ဆွေးနွေးအတည်ပြုခဲ့ကြပါတယ်။ အတည်ပြုချက်တွေကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ရန်ကုန်မှာကျင်းပမယ့် မြန်မာနိုင်ငံ လူငယ်တွေ့ဆုံပွဲမှာ တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။
ရခိုင်လူငယ် တွေ့ဆုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၆မြို့နယ်က ကိုယ်စားလှယ်တွေ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကိုယ်စားလှယ်တွေ၊ ရန်ကုန်က ရခိုင်လူငယ်ကိုယ်စားပြု ကိုယ်စားလှယ်တွေ စုစုပေါင်း ၃ကျော် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
တစ်ဆက်တည်းမှာပဲ ရခိုင်လူငယ်တွေ့ဆုံပွဲကနေ လက်ပန်းတောင်းတောင် အရေးကိစ္စမှာ ရဟန်း

ကြေးနီတောင်စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်း

2012-12-03
လက်ပန်းတောင် ကြေးနီ စီမံကန်းအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အပြောင်းအလဲ အတော်များများနဲ့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြင်ဆင်ဖွဲ့စည်း လိုက်တယ်လို့ သိရပါတယ်။

Photo: RFA
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်
အရင်က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး  စာရေးဆရာ မောင်ဝံသတို့ အပြင် တခြားပုဂ္ဂိုလ်တစ်ချို့ ပါရှိခဲ့ပေမယ့် အခု ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်မှာ မပါတော့ပါဘူး။
ဒါ့အပြင် အရင်ကြေငြာချက်မှာ ကော်မရှင်ရဲ့ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးစစ်မြိုင် ကိုတာဝန်ပေးထားရာကနေ အခုထုတ်ပြန်ကြေငြာချက်မှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အငြိမ်းစား သံအမတ်ကြီး ဦးကျော်တင့်ဆွေကို တာဝန်ပေးထားတာ တွေ့ရပါတယ်။
အရင်ထုတ်ပြန်ချက်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စုစုပေါင်း တာဝန်ပေးအပ်ခံရသူ ၃၀ နဲ့ ဖွဲ့စည်းထားရာက အခုပြင်ဆင်ဖွဲ့စည်းရာမှာ  အသစ်ကော်မရှင် အဖွဲ့ဝင် စုစုပေါင်း ၁၆ ဦးသာ ရှိပါတော့တယ်။
အရင်ကြေငြာချက်မှာ လက်ပန်းတောင် ကြေးနီစံမံကိန်း ဆက်လက် ဆောင်ရွက်ရန်သင့် မသင့် အပြင် ဆန္ဒပြမှု ဖြစ်စဉ်တွေနဲ့ ထိမ်းသိန်းမှုအပေါ် အခြေအနေအမှန် ဖေါ်ထုတ်ရန်လို့ အဓိထား ဖေါ်ပြပါရှိခဲ့ပါတယ်။
ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ ကြေးနီတောင် စီမံကိန်း ဆက်လက် ဆောင်ရွက်ရန် သင့်မသင့် ဆိုတဲ့

လက်ပန်းတောင်းတောင် အရေး ဆန္ဒဖေါ်ထုတ်သူတွေကို ရုံးတင်စစ်ဆေး

2012-12-03
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းဖို့အတွက် ရန်ကုန်မြို့မှာ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင် ကိုဝေဠု အပါအဝင် ဆန္ဒပြခေါင်းဆောင် (၆)ဦးကို ကျောက်တံတား တရားရုံးနဲ့ ပန်းပဲတန်း တရားရုံးမှာ ဒီဇင်ဘာလ ၃ ရက်နေ့က ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေး ခဲ့ပါတယ်။
Photo: RFA
လက်ပန်းတောင်းတောင်အရေး ရန်ကုန်မှာ ဆန္ဒပြခဲ့သူတွေကို ဒီဇင်ဘာ ၃ ရက်နေ့က တရားရုံးတင် စစ်ဆေးစဉ်
ရုံးတင်စစ်ဆေးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒီအမှုကို အခမဲ့လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က RFA ကို အခုလို ပြောပါတယ်။
"သူတို့ကိုဒီနေ့ ကျောက်တံတားတရားရုံးနဲ့ ပန်းဘဲတန်း တရားရုံးနှစ်ခုမှာ အမှုတင်ပါတယ်၊ ဥပဒေပုဒ်မ ၅၀၅(ခ)နဲ့တင်တယ် အာမခံမပေးပါဘူး"

ဒီကနေ့မှာ နိုင်ငံတော်အား အသရေဖျက်မှု ပုဒ်မ ၅၀၅(ခ) အရ တရားရုံးနှစ်ခုလုံးက ရုံးတင်စစ်ဆေးခဲ့ပေမယ့် သူတို့အားလုံးကို အာမခံ မပေးဘဲ ပယ်ချခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာလ (၁၁)

လက်ပန်းတောင်းတောင် အင်အားသုံးဖြိုခွင်းမှု ကေအိုင်အို ကန့်ကွက်

2012-12-03
လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြတဲ့ ရဟန်းသံဃာနဲ့ ဒေသခံပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နှင်းခဲ့တာကို ရှုတ်ချကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့စွဲနဲ့ ကြေငြာချက် တစ်စောင်ထုတ်ပြန်ပါတယ်။
ဒီအခြေအနေတွေဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတဲ့ အစိုးရအတွင်း မတူညီတဲ့ သဘောထားတွေ ရှိတယ်ဆိုတာကို ခန့်မှန်း လို့ရနိုင်တယ်လို့ KIO အဖွဲ့ပြောခွင့်ရသူ ဦးလနန်က ပြောပါတယ်။
" လူထုအပေါ် ဆက်ဆံတဲ့အခါ ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်ခဲ့ပြီး ဓာတုလက်နက်ပစ္စည်းတွေ ပါဝင်ခဲ့တဲ့အပေါ်မှာ အဆိုးဆုံးလို့ပြောလို့ ရတယ်၊ သူတို့ထဲမှာ အပြင်ပိုင်း ပုံစံသာ ပြောင်းလဲမှု ရှိပေမယ့် အတွင်းပိုင်းက စစ်အာဏာရှင်အတိုင်း လုပ်ကိုင်ဆောင်ရွက်နေတယ် ဆိုတာ ကျွန်တော်အမြဲပြောဆိုနေတဲ့

ဒဏ်ရာပြင်းထန်တဲ့သံဃာတွေ မန္တလေးဆေးရုံကို ပြောင်းရွှေ့ ကုသနေ

2012-12-03
လက်ပန်တောင်းတောင် ကြေနီ စီမံကိန်းကို ဖျက်သိမ်းဖို့ သပိတ်စခန်း ဖွင့် ဆန္ဒပြနေသူတွေကို ဖြိုခွဲခံရမှုမှာ ထိခိုက်ဒဏ်ရာ ရခဲ့ကြတဲ့ သံဃာတော်တွေထဲက ၅ ပါးလောက်ဟာ ဒဏ်ရာအခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။

Photo : RFA/ Myo Zaw Ko
ဒဏ်ရာရ သံဃာတော်တစ်ပါးအား မုံရွာဆေးရုံမှ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသရန် ဆောင်ရွက်နေစဉ်
အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး မန္တလေးဘုရားကြီး အလယ်တိုက် ဆရာတော် ဦးဝိသုတစာရက RFA ကို အခုလို မိန့်ကြားပါတယ်။
" ပထမဆုံး ပြင်းထန်စွာဒဏ်ရာရတဲ့ ဆားလင်းကြီး မင်းတိုင်ပင်ရွာ ဆရာတော် ဒဏ်ရာတွေပြင်းထန်းပြီး ဒုတိယအကြိမ်ခွဲစိတ်ရမယ်၊ အလားတူ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ဆက်လက်ခွဲစိတ်ရမယ့်

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။