MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 6, 2012

၂ဝ၁၂ အာဆီယံခေါင်းဆောင်တစ်ရာ ညီလာခံ




RFA

တရုတ်ရင်းနှီးမြုပ်နှံမှုနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အမြင်သဘောထား




RFA

လက်ပန်းတောင်အရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲ

2012-12-06
လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ အမှန်တရားကို ဖော်ထုတ်ပြီး အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိတိုင်းသာ တွေ့ရှိချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ အမှန်အတိုင်း တင်ပြသွားမယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
Photo: RFA/Sai Htun Aung Lwin
လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် သတင်းစာရှင်းလင်းပွဲ
"အမှန်တရားကိုဖော်ထုတ်မယ် ကျွန်မတို့ရဲ့ တင်ပြချက်တွေမှာ နိုင်ငံရဲ့ရည်ရှည်အကျိုးစီးပွား၊ ပြည်သူတွေရဲ့ ရည်ရှည်အကျိုးစီးပွားနဲ့ ဒီမိုကရေစီခိုင်မာရေးရဲ့ အကျိုးစီးပွားတွေကို ကျွန်မတို့ကြည့်ရမယ် "
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ကျင်းပတဲ့ လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့တာဝန်နဲ့ ပြည်သူတွေကို အသိပေးရမယ့် တာဝန်နဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆက်ပြောပါတယ်။
"ကျွန်မတို့ မြင်ရင်မြင်တဲ့အတိုင်းတင်ပြမယ်၊ လူတိုင်းကိုကျေနပ်အောင်

လူ့အဖွဲ့အစည်းနှစ်ခု သင့်မြတ်အောင်ကြိုးပမ်းရေး ကုလသမဂ္ဂ တိုက်တွန်းပြောဆို

2012-12-06
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေလိုမျိုး နောက်ထပ်မဖြစ်ပွားဖို့အတွက် လူ့အဖွဲ့အစည်း ၂ ခုအကြား သင့်မြတ်အောင် လုပ်ဆောင်မယ်ဆိုရင် မြန်မာအစိုးရကို ကုလသမဂ္ဂအဖွဲ့အစည်း အနေနဲ့ ကူညီပေးသွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အာရှနဲ့ ပစိဖိတ်ဒေသ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ Ms. Kirsten Mildren က သတင်းထောက်တွေကို ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် Ms. Valerie Amos ပါဝင်တဲ့ အဖွဲ့ဟာ မနေ့က ရခိုင်ပြည်နယ်ကိုရောက်ရှိလာပြီး မကြာသေးခင်က ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ စစ်တွေ၊ မောင်တော၊ ပေါက်တော၊ မြေပုံမြို့တွေက ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနေ့ ည ၇ နာရီခွဲအချိန်မှာ စစ်တွေဟိုတယ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး အခုလို ပြောခဲ့ပါတယ်။
“ ဒီလူ့အဖွဲ့အစည်း ၂ ခု ဘယ်လိုမျိုးသင့်မြတ်အောင်နေကြမလဲဆိုတာ အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ အစိုးရအနေနဲ့ ဒီလူ့အဖွဲ့အစည်း ၂ ခု သင့်မြတ်အောင် လုပ်ဆောင်မယ်ဆိုရင်

Master Card ကို ပထမဆုံး မြန်မာနိုင်ငံမှာ စတင်သုံးနေပြီ

2012-12-06
နိုင်ငံတကာ ငွေပေးချေရေးကဒ်ဖြစ်တဲ့ Master Card ကို မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် CB Bank ရဲ့ ATM စက်တွေမှာ အသုံးပြုနိုင်ဖို့အတွက် အာရှပစိဖိတ်ဒေသဆိုင်ရာဥက္ကဌနဲ့ CB Bank ဒါရိုက်တာအဖွဲ့ဝင်တွေဟာ ဒီကနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ ချက်ထရီယမ်ဟိုတယ်မှာ တွေ့ဆုံပွဲ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုယ်စားလှယ်အဖြစ် CB ဘဏ်က ဆောင်ရွက်နေတာဖြစ်ပြီး  လာမယ့် ၂၀၁၃ ခုနှစ်မှာတော့ CB Bank တံဆိပ်နဲ့ နိုင်ငံတကာမှာပါ အသုံးပြုလို့ရမယ့် Master Card ကို ထုတ်ပေးနိုင်အောင် စီစဉ်နေတယ်လို့ CB Bank ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က RFA ကို ပြောပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ဒီဇင်ဘာလ ၃ ရက်နေ့ထိ Master Card နဲ့ မြန်မာငွေထုတ်ယူ သုံးစွဲသူ ၆၁၈ ဦးရှိပြီး ထုတ်ပေးပြီးဖြစ်တဲ့ မြန်မာငွေမှာ သိန်းပေါင်း ၉၆၀ ရှိပြီလို့ သိရပါတယ်။
CB Bank ရဲ့ ATM စက်တွေကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ ပြင်ဦးလွင်၊ မော်လမြိုင်နဲ့ ရန်ကုန်လေဆိပ်တို့မှာ တပ်ဆင်ပြီး ဖြစ်သလို  နိုင်ငံခြားသားဧည့်သည်တွေ တည်းခိုနေထိုင်တဲ့

ကုလသမဂ္ဂ အကြီးအကဲတစ်ဦးရဲ့ ရခိုင်ပြည်က ပြောဆိုချက်

2012-12-06
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေ မှာ နေထိုင်နေကြတဲ့ မူဆလင် ရိုဟင်ဂျာ မိသားစုတွေရဲ့ အခြေအနေ ဟာ အလွန်ဆိုးဝါးနေသလို၊ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာ နှစ်ဖက်စလုံးဟာ အကြောက်တရားနဲ့ နေ့စဉ်ရင်ဆိုင်နေထိုင်ကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူညီပေးရေး ဆိုင်ရာ အကြီးအကဲ Valerie Amos က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
Photo: RFA/Min Thein Aung
မြန်မာနိုင်ငံကို ရောက်ရှိလာသော ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူညီပေးရေးဆိုင်ရာ အကြီးအကဲ Valerie Amos ကိုတွေ့ရစဉ်
မီးရှို့အကြမ်းဖက် ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို မနေ့က ကိုယ်တိုင်သွားရောက်အပြီး ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ပြောဆိုရာမှာ သူ့အနေနဲ့ လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေကို အထူးစိုးရိမ်မိကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။
ဇွန်လနဲ့ အောက်တိုဘာလတွေကဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေကြောင့် လူပေါင်းတစ်သိန်းတစ်သောင်းကျော် အိုးအိမ်မဲ့ ဒုက္ခသည်တွေဖြစ်ခဲ့ရပြီး ဒုက္ခသည်စခန်းတွေရဲ့

သံဃာတွေ ထိုင်သပိတ်စတင်ဆင်နွှဲမည်

2012-12-06
လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့အတွက် သံဃာတွေဟာ မနက်ဖြန် ဒီဇင်ဘာလ ၆ ရက်နေ့မှာ မြို့အတော်များများမှာ ထိုင်သပိတ်မှောက်ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Photo: RFA
လက်ပန်းတောင်းသပိတ်ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၃၀ရက်နေ့က မန္တလေးဘုရားကြီးဝင်းအတွင်းတွင် သံဃာတော်များထိုင်သပိတ် ပြနေစဉ်
ဒီတစ်ကြိမ်ပြုလုပ်မယ့် သံဃာ့သပိတ်ဟာ ပြီးခဲ့တဲ့သပိတ်တွေနဲ့မတူဘဲ၊ သံဃာတွေ တောင်းဆိုတဲ့အချက် ၅ ချက်ကို အစိုးရက ချက်ချင်းအကောင်အထည်ဖော်ပေးရမယ်လို့ တောင်းဆိုမှာဖြစ်ပါတယ်။
တကယ်လို့ အစိုးရက ပျက်ကွက်မယ်ဆိုရင် အဲဒီ သံဃာ့ထိုင်သပိတ်ကိုအရှိန်မြှင့်ပြီး ရက်ရှည်ပြုလုပ်ဖို့ရှိတယ်လို့ အဲဒီ့သပိတ်ရဲ့ ဦးဆောင်သံဃာတော်တစ်ပါးဖြစ်တဲ့ မန္တလေး၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဝအလင်းဆရာတော် ဦးသောဘိတက RFA ကို မိန့်ကြားပါတယ်။
မနက်ဖြန် ဒီဇင်ဘာလ ၆ ရက်နေ့မှာ စတင်မယ့်သံဃာ့သပိတ်ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၊စစ်ကိုင်း၊ ချောက်၊ ပခုက္ကူ၊ မိတ္ထီလာနဲ့ ဝါးခယ်မမြို့တွေမှာ ကျင်းပမှာလို့ဆိုပါတယ်။
မနက်ဖြန်ပြုလုပ်မယ့် သံဃာ့ထိုင်သပိတ်မှာ ကိုင်ဆွဲတောင်းဆိုမယ့် အချက်ငါးချက်အကြောင်းနဲ့  ပတ်သတ်ပြီး ဘဝအလင်းဆရာတော် ဦးသောဘိတက အခုလို မိန့်ကြားပါတယ်။
"အောက်ပါအချက် ၅ ချက်က (က) နိုင်ငံတော်အစိုးရနဲ့ အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသော သံဃာတော်များကို အမြန်ဆုံးလာရောက်ဝန်ချတောင်းပန်ရန် (ခ) အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသောသူများအား ထိရောက်စွာအရေးယူပေးရန် (ဂ) ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး

သပိတ်စခန်းဖြိုခွဲမှုကို စုံစမ်းဖေါ်ထုတ်မယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

2012-12-06
လက်ပန်းတောင်းတောင် အရေးအခင်း မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက မီးလောင်ဗုံးသုံးခဲ့ခြင်း ရှိ မရှိ ကို မိမိတို့စုံစမ်းရေးကော်မရှင်က စုံစမ်းဖေါ်ထုတ်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်နဲ့ မုံရွာကြေးနီတောင် စုံစမ်း စစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။
Photo : RFA/Win Naung Toe
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအနီးက ကံကန်ကုန်းကွင်းပြင်မှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံစဉ်
"ပထမရေနဲ့ဖျန်းပြီးမှ ဒီလိုမျက်ရည်ယိုဗုံးသုံးတယ် ပြီးမှမီးတောက်တယ် ဘာတယ်ဆိုတော့ နည်းပညာအရဆိုရင် မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး၊ ဒီဟာကတော့ကော်မရှင်က စုံစမ်းပြီးမှ အဖြေပေးမှာပါ၊ တရားဥပဒေ သဘောတရားအရပေါ့နော် အပြစ်ရှိတယ်ဆိုတဲ့ အထောက်အထား မလုံလောက်မချင်း ဘယ်သူမှာမှအပြစ်မရှိဘူးလို့ ကျမတို့ဒီလိုယူဆပါတယ်"
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် က ခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ကြေးနီတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အစိုးရက ဒီဇင်ဘာလ ၃ ရက်နေ့ ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့အခါမှာ မူလပထမ ဒီဇင်ဘာလ ၁ ရက်နေ့ ကြေညာချက်မှာ ပါဝင်ခဲ့တဲ့

အမေရိကန်နိုင်ငံခြားရေးဌာန ကိုယ်စား လှယ်နဲ့ မန္တလေးသံဃာတွေ ဆွေးနွေး

2012-12-05
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး မစ္စတာ Mr.Ike Reed နဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့နေ့လည်ပိုင်းက မန္တလေးကဆရာတော် ၅ ပါးထံ ရောက်ရှိခဲ့ပြီး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယ စာကြည့်တိုက် ကျောင်းဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Photo: RFA/San Oo
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ညွှန်မှူး မစ္စတာ Mr.Ike Reed ဟာ ဒီဇင်ဘာလ ၅ ရက်နေ့က မန္တလေးကဆရာတော်များနဲ့ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယ စာကြည်တိုက်ကျောင်းဆောင်မှာ တွေ့ဆုံနေစဉ်
နှစ်ဖက်ဆွေးနွေးမှုမှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ သံဃာတော်တွေရဲ့ အခန်းကဏ္ဍအကြောင်းတွေကို သံဃာတွေထံက မေးမြန်းခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့

ရင်းနှီးမြှပ်နှံမှု ဥပဒေသစ်ရှိလာပေမယ့် သတ္တုမိုင်းကုမ္ပဏီတွေ အခက်အခဲရှိနေဆဲ

2012-12-05
မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု ဥပဒေသစ် ပေါ်ပေါက်လာပြီဖြစ်ပေမဲ့ သတ္တုတူးဖေါ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ရင်နှီးမြှပ်နှံလိုသူတွေအတွက် အခက်အခဲတွေရှိနေသေးတယ်လို့ သတ္တုမိုင်းကုမ္ပဏီတွေက ပြောဆိုကြပါတယ်။ စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ မြန်မာနိုင်ငံ သတ္တုတူးဖေါ်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲမှာ ပြောဆိုကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရတည်ငြိမ်မှု၊ နိုင်ငံရေးအရအန္တရာယ်ရှိမှု၊ ကျွမ်းကျင်လုပ်သားရှားပါးမှု စတာတွေအပြင် ဥပဒေစည်းမျဉ်း စည်းကမ်းဆိုင်ရာ ရှင်းရှင်းလင်းလင်းရှိဖို့အတွက် ဆက်လက်ဆောင်ရွက်ရမှာတွေ ရှိနေသေးတယ်လို့ ဆွေးနွေးပွဲတက်ရောက်လာတဲ့ သတ္တုမိုင်းကိုယ်စားလှယ်တွေက သတင်းဌာနတွေကို ပြောဆိုခဲ့ကြပါတယ်။
အခုလက်ရှိအနေနဲ့ သတ္တုတူးဖေါ်ခွင့်လိုင်စင်ရရှိဖို့ နှစ်နဲ့ချီပြီးစောင့်ဆိုင်းရကြောင်း မြန်မာနိုင်ငံမှာ သတ္တုမိုင်းလုပ်ငန်းတွေရရှိထားတဲ့ Ayuroma ကုမ္ပဏီညွှန်ကြားရေးမှူးက ပြောပါတယ်။ တူးဖေါ်ခွင့်လိုင်စင်ကို သတ္တုတွင်းဝန်ကြီးဌာနအပြင်၊ သစ်တောဝန်ကြီးဌာန၊ မြေစာရင်းဌာန ၊ဒေသအစိုးရအဖွဲ့တွေဆီကိုပါ တင်ပြဖို့လိုကြောင်း၊ ခွင့်ပြုမိန့်ရဖို့ လေးနှစ်၊ ငါးနှစ်လောက်စောင့်ရကြောင်း အခုတော့ အချိန်သိပ်မကြာရအောင် အစိုးရဘက်က နည်းလမ်းရှာနေပြီလို့သိရကြောင်း ပြောဆိုပါတယ်။
ဒါ့ပြင် အကျိုးအမြတ်ခွဲဝေမှု သဘောတူညီချက်၊ တခြားနေရာတွေမှာထက် သတ္တုရှာဖွေခွင့်ကာလ

ကြို့ပင်ကောက်မြို့မှာ လက်ပန်းတောင်းအရေး ဆန္ဒဖေါ်ထုတ်

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်မှာ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့အပေါ် ကန့်ကွက်တဲ့စာသားပါ တီရှပ်အင်္ကျီတွေ ဆင်တူဝတ်ဆင်ထားတဲ့ လူအင်အား ၁ဝဝ ကျော်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းမှာ တစ်ကြိမ် တစ်နေ့ နှစ်ကြိမ် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒဖေါ်ထုတ်ပွဲကို ပြီးခဲ့တဲ့ ၂ ရက်လောက်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီကနေ့ဟာ နောက်ဆုံးနေ့ဖစ်ပါတယ်။ သပိတ်စခန်းတွေက ရဟန်းသံဃာတော်နဲ့ ပြည်သူတွေ အကြမ်းဖက်ခံရတာကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ကြို့ပင်ကောက်မြို့နယ် လူငယ်ကွန်ရက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်ဦးက ပြောပါတယ်။
ဆန္ဒပြပွဲတွေကို ကြို့ပင်ကောက်မြို့နယ် လူငယ်ကွန်ရက်အဖွဲ့ဝင် ၆ ဦးက ဦးဆောင်ပြီး ကြို့ပင်ကောက်မြို့မဈေးကြီး ဘေးပတ်လည်ကနေ အနောက်လမ်းမတော်ဘက်ကို လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြလမ်းလျှောက်ကြရာမှာ အမျိုးသမီး ၃ဝ နီးပါးခန့် ပါဝင်တယ်လို့

အဂတိလိုက်စားမှု အများဆုံးနိုင်ငံစာရင်းထဲမှာ မြန်မာပါရှိ

၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေကို လေ့လာရာမှာ မြန်မာ နိုင်ငံဟာ အဆိုးဝါးဆုံးနိုင်ငံထဲမှာ ပါရှိနေတာတွေ့ရပါတယ်။ နိုင်ငံတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အဂတိလိုက်စားမှု အခြေအနေ ကို လေ့လာတဲ့အဖွဲ့Transparency International ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာဖြစ်ပါတယ်။
Photo: Transparency International Website
အဂတိလိုက်စားမှု အဆိုးဝါးဆိုးနိုင်ငံစာရင်းတွင် ၁၇၂ နေရာတွင်ရှိတဲ့ မြန်မာနိုင်ငံကို ကာလာချပ်တွင် ဖော်ပြထားတာတွေ့ရစဉ်
နိုင်ငံတွေရဲ့ အဂတိလိုက်စားမှုကို လေ့လာရာမှာ သုံည ကနေ တစ်ရာ အထိ အမှတ်ပေးစနစ်နဲ့ ဘက်ပေါင်းစုံက တွက်ချက်ပြောတာဖြစ်ပါတယ်။ အမှတ်အနည်းဆုံးနိုင်ငံဟာ အဂတိလိုက်စားမှု အများဆုံးဖြစ်ပြီး အမှတ်အများဆုံးနိုင်ငံဟာ အဂတိလိုက်စားမှု အနည်းဆုံး၊ တနည်းအားဖြင့် သန့်ရှင်းတဲ့အစိုးရတွေ အုပ်ချုပ်တဲ့ နိုင်ငံစာရင်းထဲမှာ ထည့်သွင်းဖေါ်ပြခံရတာဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၇၆ နိုင်ငံကို လေ့လာတဲ့အခါ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု အဆိုးဝါးဆုံးနိုင်ငံဖြစ်နေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနဲ့

လမ်းဘေးနံရံပန်းချီတွေ မဆွဲဖို့ အာဏာပိုင်တွေ ပိတ်ပင်

ရန်ကုန်မြို့မှာ လမ်းဘေးနံရံပန်းချီတွေ မရေးဆွဲဖို့ အာဏာပိုင်တွေက မနေ့က ပိတ်ပင်လိုက်ပါတယ်။ အများပြည်သူဆိုင်ရာ အဆောက်အဦးတွေ၊ လမ်းတွေ၊ တံတားတွေ၊ စာသင်ကျောင်းတွေနဲ့ ပန်းခြံတွေမှာ ရုပ်ပုံတွေ မရေးဆွဲဖို့ တားမြစ်လိုက်ပြီး၊ တားမြစ်ချက် မလိုက်နာသူကို အရေးယူမယ်လို့ ရန်ကုန်မြို့တော် အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
Photo: RFA
အိုဘားမားကို ကြိုဆိုတဲ့အနေနဲ့ ဆွဲထားသော လမ်းဘေးနံရံပန်းချီတစ်ခုကို တွေ့ရစဉ်
လမ်းဘေးနံရံပန်းချီရေးဆွဲသူတွေကတော့ တခြားနိုင်ငံတွေမှာလည်းအလားတူ တားမြစ်တာတွေရှိခဲ့တာမို့ မြန်မာအာဏာပိုင်တွေကလည်း ဒီလိုအမိန့်မျိုး ထုတ်ပြန်လိမ့်မယ်ဆိုတာ မျှော်လင့်ထားပြီးဖြစ်ကြောင်း AP သတင်းကို ပြောဆိုကြပါတယ်။
အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်ကို လာရောက်ခဲ့စဉ်က အိုဘားမားရုပ်ပုံတွေကို လမ်းဘေးနံရံတွေပေါ်မှာ ရေးဆွဲခဲ့သူ အသက် ၁၉နှစ်အရွယ် ကိုအာကာကျော် က ဒီလိုတားမြစ်လို့ နံရံပန်းချီသမားတွေ ရပ်တန့်သွားမှာမဟုတ်ပါဘူး၊ အစိုးရအနေနဲ့ အခုလို တားမြစ်မယ့်အစား

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။