MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 8, 2012

ဂျပန်နိုင်ငံတွင် ၇ ဒသမ ၃ ရစ်ခ်ျတာစကေးရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ဆူနာမီလှိုင်းများဖြစ်ပေါ်


73
ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဂျပန်နိုင်ငံ အရှေ့မြောက် ကမ်းရိုးတန်း၌ အင်အား ၇ ဒသမ ၃ ရစ်ခ်ျတာစကေးရှိ ငလျင်ကြီးနှင့် ၆ ဒသမ ၂ ရစ်ခ်ျတာစကေးရှိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်ခဲ့ရာ တစ်မီတာမြင့်သော ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်ခဲ့ကြောင်း NHK သတင်းဌာနက ကြေညာခဲ့သည်။
မီယာဂီစီရင်စု မီနာမီဆန်ရီကုမြို့ အပါအ၀င် အခြားသော မြို့အချို့၌ လုံခြုံရာဒေသများသို့ ရှောင်ရှားရန် အကြံပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဂျပန်အမျိုးသား မိုးလေ၀သနှင့် ဇလဗေဒဌာနက ဆူနာမီရေလှိုင်းများသည် အီဝိတ်ကမ်းရိုးတန်းသို့ ဒေသစံတော်ချိန် ညနေ ၅း၄၀ နာရီ၌ လည်းကောင်း၊

လှည်းတန်းခုံးကျော်တံတားအား ၂၀၁၃ ခုနှစ် ဧပြီလကုန်၌ အပြီးသတ်ဆောက်လုပ်နိုင်ရန် ဆောင်ရွက်မည်ဟု သိရ

လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းအားဒီဇင်ဘာလ ၁ ရက်နေ့ကတွေ့ရစဉ်
56

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် တည်ဆောက်နေသည့် လှည်းတန်းခုံးကျော်တံတားအား လာမည့် ၂၀၁၃ ခုနှစ် ဧပြီလကုန်တွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော လှည်းတန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် တံတားအား တာဝန်ယူတည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီမှ အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးခင်မောင်ဦးက ပြောကြားခဲ့ပါသည်။
လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရန်အတွက် မီးပွိုင့်အနီး လေ့လာဆန်းစစ်မှု လုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လ ၁ ရက်နေ့တွင် စတင်ခဲ့ပြီး  ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ပြီးစီးခဲ့ကာ မတ်လ ၁၁ ရက် နေ့က ပန္နက်တင်အခမ်းအနား ပြုလုပ်၍ အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်ခဲ့ကြောင်း သိရသည်။
''လှည်းတန်းမှာ ခုံးကျော်တံတား ဆောက်ဖို့အတွက် ယာဉ်သွားလာမှု စစ်တမ်းကောက်ယူခဲ့တဲ့ နေရာမှာ လှည်တန်းလမ်းဆုံက ယာဉ်သွားလာမှု များပြားပြီး မဖြစ်မနေ ခုံးကျော်တံတားဆောက်ရမယ့်

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတကာသံအမတ်များ ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ


8
မြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတကာသံအမတ်များ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေသို့ ရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံမှ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်
အတူ ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရဲချုပ် ကျော်ကျော်ထွန်း၊
 ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် အပါအ၀င် နိုင်ငံခြားသံအမတ် ၅ ဦးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ လိုက်ပါလာပြီး နံနက်ပိုင်းတွင် စစ်တွေသို့ ရောက်ရှိလာခဲ့ကာ ရခိုင်အပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် ပတ်သက်ပြီး ထိုသို့လာရောက်လေ့လာခြင်းကို ကျေးဇူးတင်ကြောင်း ဒုတိယသမ္မတက ဦးစွာပြောကြားကာ

လက်ပံတောင်းတောင်အရေး တရုတ်သံရုံး သတင်းစာရှင်းလင်းပွဲ




RFA NEWS

ချောက်သံဃာတွေ ထိုင်သပိတ်ဆန္ဒပြ

2012-12-07
လက်ပန်းတောင်းတောင်အရေး အကြမ်းဖက် ဖြိုခွဲခဲ့တာနဲ့ ပတ်သတ်ပြီး ကန့်ကွက်ရှုံ့ချ ဆန္ဒပြတဲ့ ထိုင်သပိတ်ကို ဒီဇင်ဘာလ ၇ ရက် ဒီကနေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ က အေးစေတီ ဘုရား ရင်ပြင်တော်မှာ ဒေသခံ သံဃာ လေးဆယ်ဝန်းကျင်က ငါးနာရီကြာ ပြုလုပ် ခဲ့ကြပါတယ်။
Photo : RFA/San Oo
မန္တလေးမြို့မှ သံဃာတော်များ ထိုင်သပိတ်စတင်
အခုတစ်ကြိမ်ပြုလုပ်တဲ့ ထိုင်သပိတ်ဟာ အရင်သပိတ်နဲ့ ကွာခြားကြောင်း ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ချောက်မြို့ စလင်းကြီးကျောင်းတိုက်ဆရာတော် ဦးရေဝတက RFA ကိုမိန့်ပါတယ်။

"သိပ်မကြာသေးခင်က ကန့်ကွက်ရှုံ့ချပွဲပါ၊ အစိုးရကို ဒီလို လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ သံဃာတော်တွေဒဏ်ရာရမှု မီးလောင်စေတဲ့ဗုံးသုံးမှု အဲဒီအတွက် ဦးဇင်းတို့က ကန့်ကွက်ရှုံ့ချတဲ့ပွဲသာ လုပ်သွားတာပါ၊ အခုဟာက တောင်းဆိုချက်ကို ဦးဇင်းတို့ တောင်းဆိုနိုင်ဖို့အတွက် ထိထိရောက်ရောက်လုပ်နိုင်ဖို့အတွက် သံဃာတွေက ဆိတ်ငြိမ်စွာ ဒဏ်ရာရတဲ့ သံဃာတော်တွေပုံ ရှေ့မှချပြီးတော့ ဦးဇင်းတို့ ထိုင်သပိတ် ဆင်နွှဲနေတာပါ၊ အဲဒါကွာခြားပါတယ်"

ချောက်မြို့သံဃာတော်တွေဟာ လက်ပန်းတောင်းတောင် သပိတ်ဖြိုခွဲမှုအတွင်း ဒဏ်ရာရသံဃာတွေရဲ့ ဓါတ်ပုံတွေနဲ့ သံဃာထုက အစိုးရကို တောင်းဆိုထားတဲ့အချက်တွေ ပါဝင်တဲ့ ဗီနိုင်း ၊ပိုစတာတွေ

၆ လကြာခဲ့ပေမယ့် ရခိုင်က ဒုက္ခသည်တွေ အခက်အခဲများစွာရှိနေဆဲ

2012-12-07
ရခိုင်ပြည်နယ် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ ၆ လ ရှိခဲ့ပြီ ဖြစ်ပေမယ့် အိုးအိမ်စွန့်ပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ဒုက္ခသည် ၁ သိန်း ၁ သောင်းကျော်ဟာ အခက်အခဲမျိုးစုံ နဲ့ နေထိုင်နေကြရဆဲပဲလို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က ပြောကြား လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ
UNHCR အနေနဲ့ ဒုက္ခသည် ၃ ပုံ ၂ ပုံနီးပါးကို အကူညီတွေပေးခဲ့ပြီး ဖြစ်ပေမယ့် လိုအပ်ချက်တွေက တောင်လိုပုံနေဆဲဖြစ်တယ်လို့ UNHCR ပြောခွင့်ရသူ Adrian Edwards က မနေ့က

RFA ဥက္ကဋ္ဌ Libby Liu သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံ

2012-12-07
လွတ်လပ်တဲ့အာရှအသံ RFA အကြီးအကဲ Libby Liu ဟာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော် သမ္မတရုံးမှာ မနေ့ မနက်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာ မှာ မြန်မာနိုင်ငံက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မှာ သတင်းလွတ်လပ်ခွင့်နဲ့ နည်းပညာပိုင်းတွေမှာ ကူညီပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
Photo: RFA
ဒီဇင်ဘာလ ၇ ရက်နေ့က RFA ဥက္ကဋ္ဌ Libby Liu သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်(ဝဲမှယာ - RFA အကြီးအကဲ Libby Liu၊ သမ္မတဦးသိန်းစိန်နဲ့ BBG Governor Victor Ashe)
ဒီတွေ့ဆုံပွဲမှာ RFA ဥက္ကဋ္ဌ Ms.Libby Liu နဲ့အတူ ဝါရှင်တန်အခြေစိုက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ အသံလွှင့်လုပ်ငန်းများ အုပ်ချုပ်မှုအဖွဲ့ BBG က Victor Ashe၊ RFA

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။