MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, December 9, 2012

အမျိုးသားနေ့ စာပေဟောပြောပွဲ ကိုမင်းကိုနိုင် ဟောပြော

2012-12-08
မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ မနေ့က ကျင်းပတဲ့ ၉၂ နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် စာပေဟောပြောပွဲနဲ့ ပဒေသာကပွဲကို တတ်ရောက် လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က နောက်ဆုံးခံတပ်မှ ခုခံခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ အခုလို ဟောပြော ခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်က မြန်မာနိုင်ငံတ၀န်း လူငယ်ကွန်ယက်အဖွဲ့များ ပေါ်ပေါက်ရေး ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် စကားပြောကြားနေစဉ်။
"နောက်ဆုံးခံတပ်ဖြစ်တဲ့ မန္တလေးကနေပြီးတော့ ခုခံမယ့်တရားသောတိုက်ပွဲမှာ ရဟန်းရှင်လူပြည်သူအပေါင်းဟာ နောက်ကဘယ်သူမှမတိုက်တွန်းရပဲ  ကိုယ့်အသိနဲ့ကိုယ် ရရာလက်နက်ကိုင်ဆွဲပြီးလို့ ငါရှေ့ဆုံးကအသေခံပါ့မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ခုခံပေးကြပါ"

ကံတက်ကုန်း ကျောင်းတိုက်နဲ့ မြင့်မြတ်ဧရာဝတီ လူငယ်လူမှုကွန်ရက်တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး စာပေဟောပြောပွဲကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့၊ မန္တလေးက နိုင်ငံရေးအဖွဲ့အစည်းတွေ၊ သံဃာတော်တွေနဲ့ ကံတက်ကုန်း ဘုန်းတော်ကြီးသင်

၉၂နှစ်မြောက် အမျိုးသားနေ့တွင် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သ၀ဏ်လွှာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ သဘောထားကြေငြာချက် ထုတ်ပြန်

၁၃၇၄ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက်(ဒီဇင်ဘာလ ၈ရက်)နေ့တွင် ကျရောက်သည့် ၉၂နှစ်မြောက် အမျိုးသားရေးနေ့တွင် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သ၀ဏ်လွှာနှင့် နိုင်ငံရေး အ ကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
၈၈မျိုးဆက်ကျောင်းသားများက ထုတ်ပြန်သည့် သ၀ဏ်လွှာတွင် ဤနေ့ ဤရက်သည် လွန်ခဲ့သည့် ၉၂နှစ်က မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ကိုလိုနီနယ်ချဲ့အစိုးရအား ပထမဆုံးအောင်ပွဲခံသည့် နေ့ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီးများ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံး၏ နိုင်ငံရေးနိုးကြားမှုကို တပ်လှန့်နှိုးဆော်လိုက် သော နေ့လည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလတစ်ရပ်ကို သိမ်မွေ့ခက်ခဲစွာ ဖြတ်သန်းနေရသည့် ကာလဖြစ်ရာ နိုင်ငံသားများ၏ လိုအပ်ချက် နစ်နာချက်များကို ဖော်ထုတ်ပြသနိုင်ရန် တိုက်တွန်းအားပေးခြင်းနှင့်အတူ ၀ိုင်းဝန်းညှိနှိုင်းဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေရန်လိုအပ်ကြောင်း၊အကြမ်းဖက်ဖြေရှင်းမှုမှန်သမျှကို ပြင်းထန်စွာကန့်ကွက်ကြောင်း၊နိုင်ငံတော်ဖွံ့ဖြိုးရေး ကြိုး ပမ်းရာတွင်လည်း နိုင်ငံသားများ၏ အကျိုးစီးပွားသည် ပဓာနဖြစ်ပြီး နိုင်ငံသားများ၏ အခန်းကဏ္ဍကို မြှင့်တင်ရမည်ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများကလည်း အမျိုးသားနေ့တွင် အချက် ၄ချက်ပါဝင်သည့် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ရာ

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ နိုင်ငံသား စိစစ်မှု ယာယီပတ်စ်ပို့များ မလုပ်ပါက မြန်မာနိုင်ငံ ပြန်ပို့မည်

ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နိုင်ငံသားစိစစ်မှု ယာယီပတ်စ်ပို့လုပ်ရန် ၂၀၁၂၊ ဒီဇင်ဘာလ ၁၄ ရက်အား သတ်မှတ်ထားပြီး သတ်မှတ်ရက်အတွင်း ပတ်စ်ပို့ မပြုလုပ်ပါက ဖမ်းဆီးပြီး နေရပ်ရင်း မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ကြေညာထားကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မဟာချိုင်ရှိ စက်ရုံ၊အလုပ်ရုံများတွင် ၀င်ရောက် ဖမ်းဆီးနေမှုများရှိပြီး အလုပ်ရှင်က တာဝန်မယူသော အလုပ်သမားအချို့ ဗွက်တော၊ ဓနိတောများတွင် ပုန်းအောင်းနေကြရသောကြောင့် အခက်အခဲများကြုံတွေ့နေရကြောင်း သိရှိရသည်။ ထွက်ပြေးတိမ်းရှောင်သူများသည် တရားမ၀င် ရွေ့ပြောင်းအလုပ်သမားများ၊ ယာယီ နိုင်ငံကူးလက်မှတ် ရှိသော်လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးသည့် အလုပ်သမားလက်မှတ် မရှိသောသူများဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူများနှင့်

NLD ပါတီတွင် ပြုလုပ်သော (၉၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် အညတရသူရဲကောင်းဆုများ ပေးအပ်

တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ (ဒီဇင်ဘာလ ၈ ရက်) နေ့တွင် ကျရောက်သော (၉၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပွဲကို မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဋ္ဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ငါး ဦးကို အညတရသူရဲကောင်းဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အညတရသူရဲကောင်းဆုကို ပေးခြင်းမှာ ယခုအကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး ယင်းဆုကို ဂျပန်ရောက် မြန်မာကျောင်းသားများနှင့် အလုပ်သွားရောက် လုပ်ကိုင်နေသူများက ပေးခြင်းဖြစ်ကာ တစ်ဦးလျင် ကျပ် ဆယ်သိန်းဝန်းကျင် ပေးအပ်ကြောင်း သိရသည်။
ဆုရွေးချယ်ခြင်းနှင့် ပတ်သက်၍ '' အဓိက ကတော့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို စောင့်ရှောက်ဖို့ ၀ိုင်းလုပ်ကြတာပါပဲ။ ကျွန်တော့် ဖောင်ဒေးရှင်းကလည်း ၂ လတစ်ကြိမ်လောက် တတ်နိုင်သလောက် ထောက်ပံ့နေတာပဲလေ။ ကျွန်တော်တို့ကတော့ ဆုလက်ခံနိုင်တဲ့သူတွေကို ၀ိုင်းရွေးပေးကြတာပါပဲ။ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့၊NLD ထောက်ကူအဖွဲ့၊ မဖြူဖြူသင်းတို့

အမျိုးသားရင်ကြားစေ့ရေး၌ တပ်မတော်သည် ပြည်သူလူထုနှင့်အတူ တစ်စိတ်တည်း နှလုံးသားတစ်ခုတည်းနှင့် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားရင်ကြားစေ့ရေး၌ တပ်မတော်သည် ပြည်သူလူထုနှင့်အတူ တစ်စိတ်တည်း နှလုံးသားတစ်ခုတည်းနှင့် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၈ ရက်နေ့တွင် တောင်တွင်းကြီးမြို့ နယ် ဆတ်သွားဘောလုံးကွင်းအတွင်း ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
ထိုသို့ မိမိ၏ယုံကြည်ချက်နှင့်အတူ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် တပ်မတော်နှင့် တပ်မတော်သားတို့အပေါ်ထားသော ၎င်း၏သဘောထားတို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါသည်။
''ကျွန်မတို့နိုင်ငံဟာ ဆယ်စုနှစ်နဲ့ချီပြီးတော့ စစ်အစိုးရလက်အောက်မှာ နေခဲ့ကြရတယ်။ ဒါကြောင့်မို့လို့ တချို့တွေဟာဆိုလို့ရှိရင် တပ် မတော်နဲ့ပတ်သက်လို့ အမြင်မရှင်းကြဘူး။ တပ်မတော်သားတွေဆိုလို့ရှိရင် နိုင်ထက်စီးနှင်းလုပ်တယ်လို့ မြင်ကြတယ်။ ကျွန်မကတော့ ဒီလိုမယူဆပါဘူး။ တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေ အချို့ကို ကျွန်မ မကြိုက်တာရှိပါတယ်။ ဒါပေမဲ့ တပ်မတော်အနေနဲ့ အမြဲပဲ ကျွန်မ မေတ္တာထားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ ဖေဖေထူထောင်ခဲ့တဲ့ တပ်မတော်မို့လို့ သန္ဓေကောင်းတယ်လို့ပဲ ကျွန်မယူဆပါတယ်။ သန္ဓေကောင်းတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်တော့မဆိုြ

ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်းဒေသကြီးအတွင်း ဒေသများသို့ သွားရောက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်းဒေသကြီးအတွင်း ဒေသများသို့ ဒီဇင်ဘာလ ၈ ရက်နှင့် ၉ ရက် တို့တွင် သွားရောက်ခဲ့ပါသည်။
အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၈ ရက်တွင် ဆတ်သွားကျေးရွာ ဘောလုံးကွင်း၌ ဒေသခံများနှင့် တွေ့ဆုံခြင်း၊ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်လှစ်ခြင်း၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် အလှူငွေ ကျပ်သိန်း ၈၀ လှူဒါန်းခြင်း၊ ဗိုလ် ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော နတ်မောက်မြို့နယ်၌ ဗိုလ်ချုပ်ကြေးရုပ် အားကစားကွင်းတွင်ကျင်းပသော (၉၂)နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။
''ကျွန်မအဖေက နတ်မောက် သားဆိုတော့ နတ်မောက်မြို့သူ မြို့သားတွေဟာ ကျွန်မတို့နဲ့ တစိတ်တ၀မ်းထဲလို့ ပြောလို့ရပါတယ်။ နတ်မောက်သူ နတ်မောက်သားတွေနဲ့ ပတ်သက်လို့ ကျွန်မအများကြီး ဂုဏ်ယူပါတယ်။ ဂုဏ်လဲယူသင့်ပါတယ်။ ဒီတော့ကာ နတ်မောက်ရဲ့ အစဉ်အ လာကို ထိန်းသိမ်းသွားမယ့် ပြည်သူတွေဖြစ်စေချင်ပါတယ်။ ဇာတိမာန်ရှိတယ်ဆိုရာမှာလဲ ဒီမြေမှာမွေးလို့

တပ်မတော်ကာကွယ်ရေးဦးစီချုပ်က စစ်ရေးဆိုင်ရာသာမက နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာရေးရာများ၌ ကျွမ်းဝင်သိရှိနေအောင် လေ့လာရန် ဗိုလ်လောင်းသင်တန်းဆင်းပွဲ၌ ပြောကြား

စစ်ရေးဆိုင်ရာ လေ့လာအာရုံစိုက်မှုသာမက ဆက်နွှယ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာရေးရာများတွင်ပါ ကျွမ်းဝင်သိရှိနေအောင် ယခုကတည်းက လေ့လာသွားကြရန် ဒီဇင်ဘာလ ၇ ရက်က ပြင်ဦးလွင်မြို့၌ ကျင်းပခဲ့သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၅၅) သင်တန်းဆင်းပွဲ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့ ၂၁ ရာစုခေတ်ကြီးတွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးစသည်တို့သည် တစ်ခုစီ၊ တစ်ခုစီ သီးခြားရပ်တည်မနေတော့ဘဲ တစ်ခုနှင့်တစ်ခုသည် အလွန်ကိုချိတ်ဆက် ယှက်နွှယ်နေကြကြောင်း၊ ကမ္ဘာပေါ်တွင် နေရာဒေသတစ်ခု၏ စီးပွားရေး ပြောင်းလဲဖြစ်ပေါ်မှုကြောင့် ကမ္ဘာ့အခြားနေရာများတွင် စီးပွားရေးသာမက နိုင်ငံရေး၊ စစ်ရေးအရပါ သက်ရောက်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း၊ အလားတူပင် အင်အားကြီးနိုင်ငံအချို့၏ နိုင်ငံရေးအယူအဆ၊ အခင်းအကျင်း ပြောင်းလဲမှုကြောင့် အခြားနိုင်ငံ များ၏နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးများအပေါ်

ကုလ လက်ထောက်အတွင်းရေးမှူးချုပ်က အစိုးရ၏ ထိန်းချုပ်နယ်မြေ အပြင်ဘက်၌ အကူအညီပေးရေးကို ခွင့်ပြုရန် တောင်းဆို


မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်က နိုင်ငံမြောက်ပိုင်းဒေသများ၌ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသူများအား ကုလသမဂ္ဂက အကူအညီပေးရေးကို ခွင့်ပြုရန် မြန်မာနိုင်ငံတော်အစိုးရထံ ဒီဇင်ဘာလ ၇ ရက်တွင် တောင်းဆိုလိုက်သည်။။ ၎င်းအပြင် နိုင်ငံအနောက်ပိုင်းဒေသတွင် လူမျိုးရေးပဋိပက္ခကြောင့် နေရာရွှေ့ပြောင်းခဲ့ရသူများကို အကူအညီပေးရေး နိုင်ငံတကာ အလှူရှင် များကိုလည်း နှိုးဆော်လိုက်သည်။
ယခုအထိ ခြောက်လနီးပါး ကြာလာသည့်တိုင် ကုလသမဂ္ဂအနေဖြင့် KIA က ထိန်းချုပ်ထားသော နယ်မြေအတွင်းသို့ဝင်ရန် ခွင့်ပြုချက်မရသောကြောင့် လူပေါင်း ၄၀,၀၀၀ ခန့်ကို ကူ ညီထောက်ပံ့နိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဗယ်လာရီအားမို့စ်

ရခိုင်အရေးနှင့် ပတ်သက်ပြီး အစိုးရက တစ်ဆင့်ချင်း ကိုင်တွယ်ဖြေရှင်းနေသည့်အပေါ် နိုင်ငံတကာမှ သည်းခံနားလည်ပေးရန်လိုကြောင်း နယ်စပ်ရေးရာဝန်ကြီး ပြောကြား

thn-9-12-2


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ အစိုးရက တစ်ဆင့်ချင်း ကိုင်တွယ် ဖြေရှင်းနေသည့်အပေါ် နိုင်ငံတကာမှ သည်းခံနားလည်ပေးရန်လိုကြောင်း နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ဒီဇင်ဘာလ ၈ ရက် နေ့၌ ရန်ကုန်မြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော ရခိုင်ပြည်နယ်အရေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“Globalization ဖြစ်နေတဲ့ ကာလမှာ ဆွေးနွေးမှုတွေနဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့လိုပါတယ်။ အုပ်စုတစ်ခုချင်းစီမှာပဲဖြစ် ဖြစ်၊ တစ်အုပ်စုနဲ့ အခြားအုပ်စု တစ်ခုစီမှာပဲဖြစ်ဖြစ် အပြန်အလှန် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့လိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သံတမန် အသိုင်းအ၀ိုင်းကနေ နိုင်ငံတကာကို မေတ္တာရပ်ခံလိုတာကတော့ ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေတွေကို

လက်ပန်းတောင်းတောင်ကိစ္စ သံဃာတော်တွေကို သာသနာရေးဝန်ကြီး တောင်းပန်


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြစခန်းတွေ ဖြိုခွဲခဲ့ရာမှာ ရဟန်းသံဃာတွေ ထိခိုက်ဒဏ်ရခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကိုယ်စား သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်တွေကို တောင်းပန်လျှောက်ထားတဲ့ အခမ်းအနားတစ်ရပ် မနေ့မနက်ပိုင်း က ကျင်းပခဲ့ပါတယ်။
Photo: RFA
မုံရွာမြို့ရွှေစည်းခုံဘုရားဝင်းအတွင်း တင်ဝင်းထွန်း ဓမ္မဗိမာန်မှာ ဒီဇင်ဘာလ ၁ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သံဃာတော်များရဲ့ သြဝါဒခံယူပွဲတစ်ရပ် ကျင်းပနေစဉ်
ကမ္ဘာအေးကုန်းမြေ မဟာနာယက ကျောင်းဆောင်မှာကျင်းပတဲ့ အဲဒီတောင်းပန်လျှောက်ထားပွဲမှာ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အလွန်တရာစိတ်နှလုံးမချမ်းမသာ ဖြစ်ခဲ့ရကြောင်း၊ တာဝန်ယူဆောင်ရွက်ခဲ့ရတဲ့ မိမိတို့အဖွဲ့အစည်းများဘက်မှာလည်း မကျွမ်းမကျင်၊ မသိ နားမလည်မှုတွေရှိနိုင်တဲ့အတွက် ထိခိုက်ဒဏ်ရာရ ဦးပဥင်းများနဲ့ ကိုရင်တွေကို အစိုးရကိုယ်စား အလေးအနက် တောင်းပန်လျှောက်ထားပါကြောင်း သာသနာရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး

မြန်မာနိုင်ငံတိုးတက်ဖို့ အမျိုးသားညီညွှတ် မှု အောင်ပွဲတွေ အများကြီးရှိဖို့လို


2012-12-08
မြန်မာနိုင်ငံတိုးတက်ဖို့အတွက် အမျိုးသားညီညွှတ်မှုအောင်ပွဲတွေ အများကြီးလိုအပ်သေးကြောင်း နတ်မောက်မြို့ ဗိုလ်ချုပ်ကွင်းမှာ စနေနေ့က ကျင်းပခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူထုတွေ့ဆုံပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲချူပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် လာတဲ့ လူထုပရိသတ် တစ်သောင်းကျော် ကို ပြောကြားခဲ့ပါတယ်။
Photo: RFA/Nay Myo Tun
နတ်မောက်မြို့ ဗိုလ်ချုပ်ကွင်းတွင် ဒီဇင်ဘာလ ၈ ရက်နေ့(အမျိုးသားနေ့)က လူထုကိုမိန့်ခွန်းပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့တဲ့ နတ်မောက်မြို့ကို ၁ဝနှစ်အတွင်း ပထမဆုံး အကြိမ် သွားရောက်ခဲ့တာပါ။
နတ်မောက်မြို့လာရာလမ်းတစ်လျှောက်မှာရှိတဲ့ တောင်တွင်းကြီးမြို့ NLD ရုံး၊ ဆတ်သွားကျေးရွာ၊

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။