MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 10, 2012

စိတ်ဖိစီးမှုများနေသူများအတွက် ပေါ့ပေါ့ပါးပါးရယ်ပါ။

လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေး ဒီဇင်ဘာ ၁၀ ရက်နေ့က ပုသိမ်မြို့တွင် စတင်ဆန္ဒပြ

1013
လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံက်ပိုင်းမှစတင်၍ ပုသိမ်မြို့တွင် ငြိမ်းချမ်းစွာဖြင့် ဆန္ဒပြတောင်းဆိုမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲအား ဆန္ဒပြခွင့်အတွက် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့ပေ။ ထိုသို့ ခွင့်မပြုသော်လည်း ဆန္ဒပြသူများမှ ၄င်းတို့သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း နိုင်ငံရေး အကျဉ်းသားဟောင်း ရွှေဝါရောင်ဆရာတော် ဦးတေဇောဘာသ (ခေါ်) ဦးဇင်းနိုင်ကြီးက ဦးဆောင်ကာ တက်ကြွလှုပ်ရှားသူ ၂၀ ခန့်ဖြင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒပြသူများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ တောင်ဘက်ရှိ တဂေါင်းဘုရားအနီးမှ နံနက် ၉ နာရီခန့်က စတင်ကာ ပုသိမ်မြို့ထဲသို့ လှည့်လည်၍  “၀မ်ပေါင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး”၊ “သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်ရေး”၊ “ပြည်သူပိုင်ပစ္စည်းနှင့် သယံဇာတများ အလွဲသုံးစားပြုလုပ်ခြင်း အလိုမရှိ”

ကြေးနီတောင် စီမံကိန်းသပိတ်စခန်းမှာ ဒဏ်ရာရ သံဃာ ငါးပါးကို ထိုင်းနိုင်ငံမှာ ကုသမည်

2012-12-09
မန္တလေးမှာ ဆေးဝါးကုသမူ ခံယူနေကြတဲ့ လက်ပံတောင်းတောင် ဆန္ဒပြပွဲမှာ မီးလောင်ဒဏ်ရာရခဲ့ရှိတဲ့ သံဃာတော် ၅ ပါးကို ထိုင်းနိုင်ငံကို ပို့ဆောင်ပြီးဆေးဝါးကုသမူခံယူဘို့ ဆောင်ရွက်နေပါတယ်။
Photo: RFA
latpadaung-injured-mdy-75
ထိုင်းနိုင်ငံကိုပို့ဆောင်မယ့် သံဃာတော်တွေအနက် ဒီကနေ့ ညနေပိုင်းမှာ ဒဏ်ရာပြင်းထန်တဲ့ ဆရာတော် ဦးသိက္ခဥာဏကို ပထမဆုံးရန်ကုန်ကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သံဃာတော်တွေ ဆေးဝါးကုသမူအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့က ဦဇန္ဒက အခုလိုမိန့်ပါတယ်။သံဃာတော်များ ထိုင်းနိုင်ငံမှာ ဆေးဝါကုသမှုနဲ့ စားရိတ်တွေကို ထိုင်းနိုင်ငံမှာ ခေတ္တသီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော်က တာဝန်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့မနက်ပိုင်းကလည်း ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ဒဏ်ရာရရှိကြတဲ့ သံဃာတော်များကို မန္တလေးဆေးရုံကြီးနဲ့ ကန်တော်နဒီ ဆေးကုခန်းတွေမှာ သွားရောက်ကြည့်ရူပြီး ဒဏ်ရာရသံဃာတွေအပြင် သံဃာတွေကိုပြုစုစောင့်ရှောက်နေတဲ့ ဆရာတော်များ

ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ နိုင်ငံရေးစိတ်ဝင်စားတာကို ချီးကျူး

2012-12-09
လူငယ်တွေ၊ ကျောင်းသားတွေ နိုင်ငံရေးကို စိတ်ဝင်စားတာ ဝမ်းသာတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့က ရွှေနဒီ ပရဟိတ ဘုန်းတော်ကြီးကျောင်းရှေ့ ကွင်းပြင်မှာ ဒီကနေ့ လူထုပရိသတ် ၂ သောင်းကျော်ကို အခုလို ပြောကြားလိုက်ပါတယ်။
Photo: RFA/Nay Myo Htun
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကျောက်ပန်းတောင်မြို့ခံ ပြည်သူလူထုအား မိန့်ခွန်းပြောကြားနေစဉ်
"ကျွန်မတို့သွားတဲ့အခါမှာ လူငယ်လေးတွေ တက်တက်ကြွကြွနဲ့ လာကြိုရင်ဝမ်းသာတယ်၊ ကျွန်မကို လာကြိုလို့ဝမ်းသာတာထက် သူတို့ နိုင်ငံရေးဗီဇ ရောက်သွားတာမို့လို့ ဝမ်းသာတာပါ၊ သူတို့တွေဟာ အသက်ကြီးလာတဲ့အခါမှာ နိုင်ငံရေးကို ပိုပြီးတော့ ရင့်ရင့်ကျက်ကျက်နဲ့ တက်တက်ကြွကြွလုပ်နိုင်မှာပါ"
ဒီကနေ့ ဟောပြောတဲ့ လူထုမိန့်ခွန်းမှာ ဘွဲ့ရအလုပ်လက်မဲ့ပြသနာ၊ ကျန်းမာရေး၊ ပညာရေး၊

မောင်တောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများရှိ နေအိမ်များကို UNHCR မှ စတင်တည်ဆောက်

ha-9-12-6
 တည်ဆောက်ပြီးစီးနေသည့် နေအိမ်များကို တွေ့ရစဉ်

UNHCR မှ မောင်တောမြို့ နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများရှိ နေအိမ်များကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်းနှင့် တာဝန်ယူထားသည့် မောရ၀တီကျေးရွာတွင် စတင်တည်ဆောက်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် UNHCR မှ‘ဒီဇင်ဘာလအတွင်းတွင် နေအိမ် ၁၁၁ လုံးကို အပြီးတည်ဆောက်ရန်ရှိကြောင်းနှင့် မောရ၀တီကျေးရွာတွင် စတင်တည်ဆောက်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
UNHCR သည် မောရ၀တီကျေးရွာတွင် နေအိမ်အလုံး ၈၀ ကို တည်ဆောက်ရန် တာဝန်ယူထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နေအိမ် ၁၆လုံးထိ ပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရသည်။
ယင်းအပြင် စည်ပင်သာယာမှ ကိုင်းကြီးကျေးရွာရှိ နေအိမ် ၃၆ လုံးကို စတင်တည်ဆောက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့

ညကင်းလှည့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်သုံးဦး၏ ရိုက်နှက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်စဉ်ကို လူသေမှုမှ လူသတ်မှုပုဒ်မသို့ ပြောင်းလဲစစ်ဆေး

thn-9-12-8
 အခင်းဖြစ်ပွားရာနေရာအား ဒီဇင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်
ညကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်သုံးဦးက အော်ဟစ်သောင်းကျန်းနေသော အမျိုးသားတစ်ဦးကို ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် အဆိုပါ အမျိုးသား သေဆုံးမှုဖြစ်စဉ်ကို လူသေမှုမှ လူသတ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို စစ်ဆေးလျက်ရှိကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရှိရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင်  ရွှေပြည်သာမြို့နယ် မဟာမြိုင်လမ်းမကြီးဘေး ထမင်းဆိုင်၌ ကိုဇေယျာမင်း (၂၇ နှစ်) သည် အရက်သေစာ သောက်စားပြီး သူငယ်ချင်းများနှင့် စကားများနေရာ ညကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်သုံးဦးက ၀င်ရောက် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ထိုအချိန်တွင် ကိုဇေယျာမင်းနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးတို့သည် စကားများရာမှတစ်ဆင့် ၀ိုင်းဝန်းလုံးထွေးခဲ့ကြရာ ထိုရဲတပ်ဖွဲ့ဝင်များက ကို ဇေယျာမင်းအား နောက်ပြန် လက်ထိပ်ခတ်ခဲ့ပြီး ၀ိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့ရာတွင် သေဆုံးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
''ကျွန်တော်တို့တွေက ၁၀ နာရီ အလုပ်သိမ်းပြီး ပြန်လာတယ်။ ကျွန်တော်က ထမင်းချိုင့်ကို အဲဒီအခင်းဖြစ်တဲ့နားက အိမ်မှာ သွားထားတယ်။ အဲဒီအချိန်မှာ ကိုဇေယျာမင်းနဲ့ ကိုသန်းစိုးတို့ မူးပြီး အော်ကြီးဟစ်ကျယ် စကားများကြတယ်။ အဲဒါနဲ့ ကျွန်တော်က ကြားထဲက တောင်းပန်ပြီး ကိုဇေယျာမင်းကို အိမ်ပြန်လိုက်ပို့တယ်။ လိုက်ပို့တဲ့အချိန်မှာ သူက မကျေနပ်ဘူး။ လမ်းတစ်ဝက်လည်းရောက်တော့ သူကတစ်ယောက်တည်း ပြန်မယ်လို့ပြောတယ်။ အဲဒီချိန်မှာ ကိုဇေယျာမင်းက ထမင်းဆိုင်ကို ပြန်လာတယ်။ နောက်ပြီး အော်ဟစ်ပြီး စိန်ခေါ်မှုတွေလုပ်တယ်။ သူကပြောရင်း ပြောရင်း များလာတဲ့အတွက် ကျွန်တော်နဲ့ ကိုသန်းစိုးက ထိန်းတယ်။ နောက်ဆုံးသူ့ကို မထိန်းနိုင်တဲ့အတွက် ကိုသန်းစိုးနဲ့တိုင်ပင်ပြီး ရွှေပြည်သာ ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတယ်။ ၁၀ မိနစ်လောက် အကြာမှာ ဆိုင်ကယ်တစ်စီးနဲ့ ရဲနှစ်ယောက် ရောက်လာတယ်။ နောက်ပြီး ဆိုင်ကယ်တစ်စီးနဲ့

လူအယောက် ၃၀ ခန့်က ထုတ်ဖြင့်ရိုက် ဓားများဖြင့် ထိုးမှုကြောင့် တက္ကသိုလ် ကျောင်းသားသေဆုံး

လှော်ကားမြို့နယ်တွင် လူအယောက် ၃၀ ခန့်က ဓားဖြင့်ထိုး တုတ်ဖြင့်ရိုက်မှုကြောင့် တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် အောင်ကျော်စိုး(အသက် ၂၂ နှစ်)သည် သူငယ်ချင်းဖြစ်သူများနှင့် လှော်ကားတာဆုံလမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်မှ အထွက်၌ တောရွာကလေးနေ သားသား၊ ကျော်မင်းထွန်း၊ ညိုမင်းထွန်း တို့ အပါအ၀င် လူ ၃၀ ခန့်က တုတ်များဖြင့် ရိုက်ပြီး ဓားများဖြင့် ၀ိုင်းဝန်း ထိုးရာမှ သေဆုံးခဲ့ကြောင်းသိရသည်။
''ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော့ ကျွန်တော်တို့အနေနဲ့ အမှုမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားဆဲပါ'' ဟု လှော်ကားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သေဆုံးသူ၏ အဒေါ်က''ပွဲရှိတဲ့ညမှာ ဖြစ်သွားတယ်။ လာသတ်တော့ လူဦးရေက ၃၀ လောက်ရှိတယ်လို့ အခင်းဖြစ်သွားတဲ့နေရာက လူတွေက ပြန်ပြောပြတယ်။ ဒီလို အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး ရမ်းကားတာကို

ရန်ကုန်မြို့တွင် နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ထုတ်ယူရန် မြို့တော်စည်ပင်သို့ ပြည်ပကုမ္ပဏီ ၃၀ ကျော်မှ လာရောက်ဆွေးနွေးနေ


ha-9-12-1

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းမတွင် စည်ပင်အမှိုက်သိမ်းယာဉ်ကို ဒီဇင်ဘာလ ၈ ရက်ညက တွေ့ရစဉ်

အလားတူ ဂျပန်နိုင်ငံ၊ Mitsubishi ကုမ္ပဏီမှ နည်းပညာနှင့် ငွေကြေးအကူအညီပေးသွားရန် စီစဉ်နေကြောင်း Mitsubishi Heavy Industries, Ltd(MHI) မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
''ကျွန်တော်တို့အနေနဲ့ကတော့ ရန်ကုန်မြို့ကနေ နေ့စဉ်ထွက်နေတဲ့ အမှိုက်တွေကို လျှပ်စစ်ဓါတ်အား  ပြန်ပြီးထုတ်လုပ်တဲ့ နည်းပညာတွေ စက်ရုံတွေတည်ဖို့ လာရောက်ခဲ့တာပါ'' ဟု Mitsubishi Heavy Industries, Ltd(MHI) မှဒုတိယဥက္ကဋ္ဌ Mr.Yukinori ကပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် ယင်းကဲ့သို့ အမှိုက်မှလျှပ်စစ်ထုတ်ယူနိုင်ရေးအတွက် နည်းပညာဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်တွင် Semimor on Smart Waste-to-Energy Systems and total Waste Management Technology for Yangon City ဆွေးနွေးပွဲကိုလည်း ဒီဇင်ဘာလ ၅ ရက်နေ့က

 ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့၏ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် သဘောတူညီချက် ၂၇ ချက်ရရှိခဲ့



95 ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့ ဆွေးနွေးနေသည်ကိုတွေ့ရစဉ်
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့၏ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲသည် ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် ပြီးဆုံးခဲ့ပြီး သဘောတူညီချက် ၂၇ ချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စု တိုင်းရင်းသားများအရေး၊ ချင်းပြည်နယ်နှင့် သက်ဆိုင်သော အရေးကိစ္စများ အပါအ၀င် အထွေထွေလူမှုရေးကိစ္စရပ် ၃၁ ချက်ကို ချင်းအမျိုးသားတပ်ဦးမှ အဆိုပြု ဆွေးနွေးခဲ့ရာ ၂၇ ချက်အား သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
စစ်တပ်နေရာချထားမှုနှင့် ပတ်သက်သည့် ဆွေးနွေးရန် ကျန်ရှိနေသေးသော အချက်လေးချက်အား မှတ်တမ်းပြု၍ ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်သွားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
“ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများအရေး၊ ပင်လုံကဲ့သို့သော တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သော ညီလာခံတစ်ရပ် ကျင်းပနိုင်ရေး စတာတွေကို ဆွေးနွေးခဲ့ကြတယ်။ ချင်းပြည်နယ် ရဲ့စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များ အပါအ၀င် ပညာရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုများကို ပြုလုပ်ခဲ့တယ်။ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်း သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ပြည်ထောင်စု

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ရှင်းလင်းထင်ရှားသည့် တည်ဆောက်ပုံကို မတွေ့ရသည့်အတွက် အနည်းငယ်စိုးရိမ်မိသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


thn-6-12-6

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ရှင်းလင်းထင်ရှားသည့် တည်ဆောက်ပုံကို မတွေ့ရသည့်အတွက် မိမိအနေနှင့် အနည်းငယ် စိုးရိမ်မိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က  ဒီဇင်ဘာလ ၆ ရက် နေ့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော Asean 100 Lead-ership Forum တွင် ပြောကြားခဲ့သည်။
'' မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ရှင်းလင်းထင်ရှားတဲ့ တည်ဆောက်ပုံကို မတွေ့ရတဲ့အတွက်ကြောင့် ကျွန်မအနည်း ငယ် ပူပန်မိတာရှိပါတယ်။ အခုဆိုရင် နိုင်ငံအနှံအပြားမှာ ပြဿနာတွေ အမျိုးမျိုးပေါ်ပေါက်နေပါတယ်။ လက်ရှိအစိုးရရဲ့ ပွင့်လင်း မြင်သာမှုအဆင့်ကိုလည်း ကျွန်မ ကျေနပ်နေပြီလို့ မဆိုလိုပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အဆိုပါဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က '' Resilience for

ဂျာမနီ၊ သြစတြေးလျနှင့် ပြင်သစ် စသည့်နိုင်ငံစုံမှ ပါဝင်မည့် (၁၅) ကြိမ်မြောက် မီးပုံးပျံ ပျံသန်းမှုကို အင်းလေးဒေသမှစ၍ မန္တလေး၊ စစ်ကိုင်းမြို့များ၌ ဒီဇင်ဘာလ တတိယပတ်မှ ဇန်န၀ါရီလဆန်းအထိ ပြုလုပ်မည်


91


မြန်မာနိုင်ငံရှိ ခရီးသွားများ သွားရောက်လည်ပတ်မှု များပြားသော နေရာဒေသများသို့ ဒီဇင်ဘာ ၂၁ ရက်နေ့မှ ဇန်န၀ါရီလ ၈ ရက် နေ့အထိ ၁၉ ရက်ကြာ မီးပုံးပျံ ခြောက်လုံးဖြင့် ပျံသန်းရန် စီစဉ်နေကြောင်း Golden Express  ခရီးသွားကုမ္ပဏီမှ သတင်းရရှိသည်။
ယင်းမီးပုံပျံခရီးစဉ်မှာ (၁၅) ကြိမ်မြောက် ပျံသန်းခြင်းဖြစ်ပြီး ယခုအကြိမ်တွင် မီးပုံးပျံခြောက်လုံးဖြင့် အင်းလေး၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဟဲဟိုး၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ပျံသန်းမည်ဖြစ်ကာ လေထီးခုန်ချမည့် အစီအစဉ်လည်းရှိကြောင်း သိရှိရသည်။
“တစ်နေ့ကို နှစ်ကြိမ်၊ မနက်ပိုင်း ခပ်စောစောနဲ့ ညနေပိုင်း နေ၀င်ချိန်လောက်ကို ပျံသန်းဖို့ စီစဉ်ထားပါ တယ်။ သူတို့က မြောက်ဦးကိုပါ သွားချင်တာ။ ဒါပေမယ့် ကျွန်တော်တို့က စီစဉ်မပေးနိုင်ဘူး။ သူတို့ တစ်ခုခု ဖြစ်သွားရင် ကျွန်တော်တို့ တာဝန်ယူရမှာဆိုတော့ အာမမခံနိုင်ဘူး။ အဲဒါကြောင့် ဒီခရီးစဉ်ကိုပဲ

မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုခကို Volume ဖြင့် ကောက်ခံမည့်ကိစ္စအတွက် နှုန်းထားသစ်အား သုံးစွဲသူများထံ အသိပေးပြီး အများစုလက်ခံမှ အတည်ပြုမည်

thn-9-12-7
နိုဝင်ဘာလ ၃၀ ရက်နေ့က မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုခ ကောက်ခံမှုအပေါ် မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူများ ရှင်းလင်းနေစဉ်

မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို ယခင် Time Based Charging စနစ်မှ Volume Based Charging စနစ်သို့ ပြောင်းလဲကောက်ခံရာတွင် ပြန်လည်ပြင်ဆင်မည့်နှုန်းထားသစ်ကို အများပြည်သူသို့ ကြိုတင်အသိပေးအကြောင်းကြားပြီး အများစု လက်ခံသဘောတူမှသာ အတည်ပြုသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ သတင်းရရှိသည်။
''ဒီဇင်ဘာလလယ်လောက်မှာ မီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့
 ပြင်ဆင်သတ်မှတ်ထားတဲ့ နှုန်းထားသစ်ကို တင်ပြသွားဖို့အစီအ စဉ်ရှိပါတယ်။ အဲဒီနှုန်းထားက အရင်သတ်မှတ်ခဲ့တဲ့ 100 Kb ကို နှစ်ကျပ်ဆိုတဲ့နှုန်းထားထက် လျော့နည်းသွားမှာ
 ဖြစ်ပါတယ်။ လောလောဆယ် အကြမ်းဖျင်း သတ်မှတ်ထားတာက 1Mb ကို ငါးကျပ်၊ ခြောက်ကျပ်နှုန်းလောက် ဖြစ်ဖို့ရှိပါတယ်။ အဲဒီ ပြင်ဆင်သတ်မှတ်မယ့် နှုန်းထားကို ပြည်သူတွေလက်ခံနိုင်ခြင်း ရှိ၊

အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသော အစားအသောက်၊ ဆေးဝါးအတုများနှင့် ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိသေး


92


မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသော အစားအသောက်၊ ဆေးဝါးအတုများနှင့် ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင် မေးမြန်းသော မေးခွန်းအရ သိရှိရသည်။
“ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA ၏ လေ့လာဖော်ထုတ်ခြင်းများကို အလေးထား၍ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဆေးဝါးနှင့်စားသောက်ကုန်များ၊ ပစ္စည်းများနှင့် ပတ်သက်၍ အများပြည်သူ၏ ကျန်းမာရေးနှင့် အစားအသောက် လုံခြုံမှုကို မည်ကဲ့သို့ ဖော်ဆောင်သွားရန်

မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော သံဃာတော်များအား ပြည်ပမှ အထူးကုဆရာဝန်ကြီးများ လာရောက်ကြည့်ရှု

10 
မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဒေါက်တာတင်မျိုးဝင်းနှင့် သြစတြေးလျနိုင်ငံမှ ခွဲစိတ်ဆရာဝန်တစ်ဦး လာရောက်ကြည့်ရှုနေစဉ်

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော သံဃာတော်များ၏ ဒဏ်ရာရရှိမှု အခြေအနေများအား ပြည်ပမှ အထူးကုဆရာဝန်ကြီးများ လာရောက်လေ့လာ ကြည်ရှုခဲ့ကြောင်း သိရသည်။
လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွဲမှုတွင် ဒဏ်ရာရရှိခဲ့သော သံဃာတော်များ၏ ကျန်းမာရေးအခြေအနေနှင့် မန္တလေးဆေးရုံကြီး၏ ကုသမှုအခြေအနေများကို ဒီဇင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံမှ အရေပြား အထူးကုဆရာဝန်ကြီးတစ်ဦးမှ လာရောက်ကြည့်ရှုကာ ဆေးရုံအုပ်ကြီးနှင့်
 တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ သံဃာတော်များအတွက် လိုအပ်သော ဆေးဝါးအချို့နှင့်

နိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ အချည်းနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်ခဲ့သူများအား ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

101
မကွေးမြို့ လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်
မြန်မာနိုင်ငံ၏ ကျွန်းသစ်အပါအ၀င် မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများ အချည်းနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်ခဲ့သော အာဏာရှိသူ နေရာရှိသူများအား ၄င်းတို့မိဘများမှ မည်သို့သွန်သင် ဆုံးမခဲ့မလဲဟု စဉ်းစားမိကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် (၈) နာရီအချိန် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး ပွဲတော်ကွင်းအတွင်း ပြုလုပ်ခဲ့သော ပြည်သူလူထု တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံက ဆင်းရဲနေခြင်းမဟုတ်ဘဲ မြန်မာ ပြည်သူလူထုသည်သာ ဆင်းရဲနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''နိုင်ငံက ဆင်းရဲတာမဟုတ်ပါဘူး။ ပြည်သူက ဆင်းရဲတာပါ၊ နိုင်ငံက ဒီလောက်ဆင်းရဲတာ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်မအမြဲတမ်း ဒီဟာကို ခွဲခြားပြီးပြောပါတယ်။ ပြည်သူဆင်းရဲတာနဲ့၊ နိုင်ငံဆင်းရဲတာနဲ့၊ ကျွန်မတို့ နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် သဘာဝသယံဇာတပစ္စည်း အများကြီးကြွယ်ဝတဲ့ နိုင်ငံပါ။ ဒါပေမယ့် တကယ့်နိုင်ငံရဲ့ ရတနာကတော့ နိုင်ငံသူ နိုင်ငံသားတွေပဲ။ နိုင်ငံသူ နိုင်ငံသားတွေ အရည်အချင်းမရှိရင် မြေအောက်သယံဇာတတွေပဲဖြစ်ဖြစ်၊ မြေပေါ်သယံဇာတတွေပဲဖြစ်ဖြစ်၊ ဘယ်လောက်များများ အချည်းနှီးပဲ။ ဥပမာ ကျွန်မတို့ သစ်တောတွေ ပြုန်းတီးသွားပြီ။ အင်မတန်မှ ကမ္ဘာက တန်ဖိုးထားတဲ့ ကျွန်းသစ်တွေဆို ပြုန်းတီးသွားပြီ။ ပျောက်ကွယ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တကယ့်ရတနာတွေဖြစ်တဲ့ ပြည်သူပြည်သားတွေက မကာကွယ်နိုင်ခဲ့လို့ မစောင့်ရှောက်နိုင်ခဲ့လို့။

အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲဝင် မြန်မာအမျိုးသမီးအသင်း ခြေစစ်ပွဲနောက်ဆုံးအဆင့်၌ ထိုင်းကို အနိုင်ရရှိ


ha-10-12-1

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် အာရှယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ပြီးခဲ့သည့်ဒီဇင်ဘာလ ၁ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ပြီး ယင်းခြေစစ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲနောက်ဆုံးအဆင့်၌ ထိုင်းအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ထို့ကြောင့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် (၇) ကြိမ်မြောက် ပြိုင်ပွဲကို တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။ ယင်းနောက်ဆုံးအဆင့် ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် လက်ရှိချန်ပီယံ ဂျပန်၊ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျအသင်းတို့နှင့် အုပ်စုပတ်လည်ပုံစံ

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။