MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 11, 2012

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို သွားရောက်

2012-12-11
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်တွင်းက ဒေသခံတွေနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ဒီကနေ့မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
Photo: RFA/Sai Htun Aung Lwin
ကော့မှူးမြို့နယ်သို့ ဒီဇင်ဘာ ၁၁ ရက်နေ့က သွားရောက်စဉ် ဒေသခံပြည်သူတွေကို တွေ့ဆုံနှုတ်ဆက်နေစဉ်
ဒေါ်အောင်ဆန်းစုကြည်ဟာ နတ်မောက် ခရီးစဉ်အပါအဝင် မကွေးတိုင်းဒေသကြီးကို သွားရောက်ခဲ့ပြီး ဒီကနေ့မှာ ကော့မှူးမဲဆန္ဒနယ်ကို သွားရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ကော့မှူးမြို့နယ် ဝါးဘလောက်ကျေးရွာအတွင်းမှာရှိတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေကို မေးမြန်းပြီး ပြည်သူတွေမကြောက်မရွံ့နဲ့ အခြေအနေမှန်ကို ပြောပြနိုင်မှ တိုင်းပြည်ကို ကောင်းအောင် ပြုပြင်နိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူတွေအပြင် ကော့မှူးမြို့နယ်

ကြေးနီတောင်စီမံကိန်း ဆန့်ကျင်ဆန္ဒပြသူတွေ လွတ်မြောက်လာပြီ

နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့လယ်မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပစ်ရေး ဆန္ဒပြခဲ့ကြတဲ့အတွက် ဖမ်းဆီးတရားစွဲခံရပြီး အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံထားရတဲ့ ဒေါ်နော်အုန်းလှအပါအဝင် (၆) ဦးဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
အကျဉ်းထောင်ကနေ ဒီကနေ့ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ ပုဒ်မ ၅၀၅ (ခ)အတွက် ပြင်ပကနေ အမှုရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ဒေါ်နော်အုန်းလှက RFA ကိုပြောပါတယ်။ ကျောက်တံတားမြို့နယ် တရားရုံးနဲ့ ဗဟန်းမြို့နယ်တရားရုံးတို့ကနေ ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခံထားရတဲ့ ဒေါ်နော်အုန်းလှ အပါအဝင် ဦးမျိုးချစ်၊ ဒေါ်ရှမ်းမနဲ့ ကိုဝေလု တို့လည်း အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ Generation Wave အဖွဲ့က ကိုမိုးသွေးနဲ့

ဦးသန့် အရေးအခင်းမှာ ပါဝင်ခဲ့သူ ကျောင်းသားတွေရဲ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဈာပန အရေးအခင်း နှစ်ပေါင်း ၃၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ပေါက်စေတီကျောင်းတိုက်မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
Photo: RFA
uthant-book-pro-305
ဒီအခမ်းအနားဟာ (၃၈) နှစ်တာကာလအတွင်းမှာ ပထမဆုံးအကြိမ် ကျင်ပတာဖြစ်ပြီး ရဟန်းသံဃာတော်တွေ၊ ဦးသန့်အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ၊ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ပါတီအသီးသီးက ကိုယ်စားလှယ်တွေ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ အပါအဝင် လူဦးရေ တစ်ထောင်နီးပါး တတ်ရောက်ခဲ့ကြပါတယ်။
ဦးသန့် ကွယ်လွန်ချိန်က ဦးနေဝင်းအစိုးရလက်ထက်ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်သယ်ဆောင်လာတဲ့ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို အစိုးရသတ်မှတ်တဲ့နေရာမဟုတ်ဘဲ ဦးသန့်နဲ့ ထိုက်တန်တဲ့နေရာမှာ သဂြိုလ်ခွင့်ရဖို့ ကျောင်းသားရဟန်းရှင်လူ ပြည်သူအများအပြားက တောင်းဆို ဆန္ဒပြကြရာမှာ စစ်တပ်က

ရန်ကုန်မှာ ကျင်းပတဲ့ လူ့အခွင့်အရေးနေ့

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ဒီကနေ့ ကျင်းပရာမှာ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာအစိုးရ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက်ခဲ့ပါတယ်။
Photo: RFA
ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောနေတဲ့ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်
အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်ရေးကို လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်းတရပ် ထူထောင်ဖို့ အချင်းချင်း အပြန်အလှန် ဆွေးနွေးဆက်ဆံမှု လိုအပ်တယ်လို့ ပြောကြားပါတယ်။
လူ့အခွင့်ရေးကိုလေးစားတဲ့ လူ့အဖွဲ့အစည်းတခုကို ထူထောင်မယ်ဆိုရင် တယောက်နဲ့တယောက်၊ အပြန်အလှန် ဆွေးနွေးဆက်ဆံမှုရှိဖို့ လေ့လာသင်ယူရမှာဖြစ်ကြောင်း၊ စစ်မှန်တဲ့ ဆွေးနွေးဆက်ဆံမှုဆိုတာ တဖက်သတ်သဘောမဟုတ်ဘဲ နှစ်ဖက် အပြန်အလှန်ဆက်ဆံရေးဖြစ်ကြောင်းလည်း အင်္ဂလိပ်ဘာသာနဲ့

Generation Wave အဖွဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ဆန္ဒပြ

မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့ဝင် ၁ဝဝ ခန့်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့ မနက်ပိုင်းက လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
Photo: RFA/Kyaw Htoon Naing
ဒီဇင်ဘာ ၁၀ ရက် ငြိမ်းချမ်းရေးနေ့တွင် Generation Wave အဖွဲ့ဝင်များ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်နေစဉ်
မျိုးဆက်သစ်လူငယ်များ Generation Wave အဖွဲ့က ဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက်တဲ့ သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို Generation Wave အဖွဲ့ဝင်တစ်ဦးက အခုလို ဖတ်ကြားခဲ့ပါတယ်။
"၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ကျနော်တို့သည် အောက်ဖော်ပြပါအချက်များကို ဆန္ဒပြုထုတ်ဖော်တောင်းဆိုလိုက်သည်၊ (က) လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် အကြမ်းဖက်ဖြိုခွင်းမှုအား တရားမျှတစွာဖြေရှင်းပေးရန်၊ (ခ) အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆန္ဒပြ ကန့်ကွက်သူတို့အား ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန် ကျနော်တို့ Generation Wave မျိုးဆက်သစ်လူငယ်များ  အဖွဲ့က တောင်းဆိုလိုက်ပါသည်"

ရခိုင်ပြည်နယ်မှာ စစ်တပ်က သိမ်းထားတဲ့ လယ်တွေကို စစ်ဆေးနေ

လွှတ်တော်ကဖွဲ့စည်းခဲ့တဲ့ “လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်အဖွဲ့” ဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းမှာ စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး မနေ့က ဒီဇင်ဘာလ ၉ ရက်နေ့မှာ စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အခုလို စစ်ဆေးနေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းက လယ်ယာမြေစုံစမ်း စစ်ဆေးရေး အဖွဲ့ခွဲမှာပါဝင်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက RFA ကို ပြောပါတယ်။
"ဒီနေ့ဒီအချိန်ထိ ဘာအကြောင်းပြချက်မှမရှိပဲ သိမ်းတယ်ပေါ့လေ၊ သိမ်းတဲ့အခါ လယ်သမား ၁၃၂ ယောက်ကို ငွေ ၇၀၀၀ လောက်ထုတ်ပေးတယ်၊ နောက် အုန်းပင်တစ်ပင်ကို ၅၀၀၊ ၂၅၀၊ ၁၅၀ အဲလိုမျိုးနဲ့လည်းသိမ်းတယ်၊ သိမ်းတော့သိမ်းထားပြီး ရပ်ရွာအတွက်လည်း ဘာမှအကျိုးမရှိတော့လေ ဒီလိုသိမ်းပြီးတော့ ပြန်ပြီးစီးပွားရေးလုပ်နေတာကို လယ်သမားတွေက မကျေနပ်လို့ တင်ပြတာပါ၊ အဲလိုမျိုး တပ်ကသိမ်းတဲ့မြေတွေ ပြည်သူတွေကလည်းတိုင်ကြတယ်၊ အဲဒါကို မနက်ဖြန်စစ်မှာ"

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး မှာ ဆုံးရှုံးသူတွေကို လျော်ကြေးပေးနေ

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် ဧရိယာတွေအတွက် ဒေသခံတွေဆီက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို အီတာလျံထိုင်းကုမ္ပဏီက ဒီကနေ့ ထားဝယ်မြို့၊ မြို့နယ်ခန်းမမှာ လျော်ကြေးငွေပေးအပ်တဲ့ အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
ကုမ္ပဏီဘက်ကနေ ရာဘာအပင်တွေအတွက်ပဲ လျော်ကြေးပေးပြီး တခြားအပင်တွေကို လျော်ကြေးမပေးတဲ့အတွက် မကျေနပ်ဘူးလို့ ဒေသခံရွာသားတချို့က ပြောပါတယ်။
ဒေသခံတွေဘက်က ရသင့်ရထိုက်တဲ့ ဈေးနှုန်းအတိုင်း တွက်ချက်ပေးတာဖြစ်တဲ့အတွက် ပြေလည်မှုမရရှိတာတွေကို ခုံသမာဓိနဲ့ ကွင်းဆင်းလေ့လာပြီး ဆောင်ရွက်ပေးမယ်လို့ ထားဝယ်စီမံကိန်း အထောက်အကူပြုအဖွဲ့ တာဝန်ခံဥက္ကဌ

ကားပါမစ် နှင့် အခွန်ကိစ္စ၊ နိုင်ငံခြားငွေဘဏ်အကောင့်ဖွင့် အရှုပ်တော်ပုံများ။


ကျနော် နှင့် ကားပါမစ်
ဒီပိုစ့်ကတော့ လောလောလက်လက် ကျနော်ကားပါမစ်ရောဂါထတဲ့အကြောင်းလေးပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီးမေးမြန်းစုံစမ်းနေတဲ့ စင်္ကာပူမှာနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ညီအကိုသူငယ်ချင်းတွေလဲ ရှိနေလို့ တခါထဲရှင်းပြပြီးသားဖြစ်သွားအောင် ရေးသားဖော်ပြ
လိုက်ပါတယ်။ တစ်လက်စထဲ ကားပါမစ်ကိစ္စ ကိုလုပ်ဖို့အတွက် မြန်မာပြည်ပြန်တာဆိုတာဆိုတော့ ပြန်ဖို့စီစဉ်တာကစလို့ကြုံတွေ့သမျှ တွေနဲ့ မြန်မာသံရုံးမှာ အခွန်ဆောင်တာကိုလဲထည့်ရေးထားဖြစ်ပါတယ်။ အမြဲပြောနေကျအတိုင်းပဲ ကျနော်နိုင်ငံရေးသမားတစ်ယောက် မဟုတ်သလို နိုင်ငံရေးကိုလဲစိတ်ဝင်တစားမရှိလှသလောက်ဖြစ်ပေမယ့် ဒီပိုစ့်မှာတော့ နိုင်ငံရေးနဲ့ပတ်သတ်တာလေးတွေနည်းနည်းပါးပါး တော့ပါပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှထိခိုက်နစ်နာစေလို သောသဘောမဟုတ်ပါဘူးဆိုတာ ကြိုပြောပါရစေ။ ဒီပိုစ့်ကို
အခကြေးငွေဖြစ်သော်လည်းကောင်း၊ အခမဲ့သော်လည်ကောင်း ပုံနိုပ်ဖော်ပြသည့်မည်သည့် media တွင်မှသုံးစွဲခြင်းမပြုပါရန်မေတ္တာရပ်
ခံပါသည်။ Internet Website များနှင့် facebook တွင် ခွင့်ပြုချက်တောင်းခံစရာမလိုပဲ ကျနော့် blogမှတဆင့် share နိုင်ပါကြောင်း အသိပေး အပ်ပါသည်။
ကျနော်တို့ အမိမြန်မာနိုင်ငံတော်အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန ကနေ ၂၀၁၂ခုနှစ် ဇန်နဝါရီလ (၆)

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။