MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 12, 2012

North Korea launches long-range rocket


North Korea rocket plan
North Korea launched a long-range rocket on Wednesday, in defiance of UN sanctions threats over what Pyongyang's critics insist is a disguised ballistic missile test.
"It (the rocket) has been launched," a South Korean defence ministry spokesman told AFP without elaborating further.
The Yonhap news agency, citing a government source, said the rocket had taken off from the Sohae satellite launch centre at 9:51 am (0051 GMT) and was immediately detected by navy vessels deployed by Seoul in the Yellow Sea.
There was no immediate report on the success of the launch, but the Japanese government said the missile had passed its southern island chain of Okinawa around 12 minutes after take-off.
"The missile that North Korea calls a satellite passed over Okinawa around 10:01 (am). We launched no interception," it said.
Japan had deployed missile defence systems to intercept and destroy the rocket if it looked set to fall on

ပုသိမ်မြို့ ဆန္ဒပြပွဲအကြောင်း ဒေသခံတဦးနှင့် မေးမြန်းချက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မှာယနေ့ မွန်းလွဲပိုင်းက သံဃာနဲ့ လူထု ၃၀ ကျော်လောက်မြို့ ထဲမှာ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ပုသိမ်မြို့ ခံတဦးကို ဆက်သွယ်ေမးမြန်းထားပါတယ်။




DVB News

မြန်မာပြည်လမ်းမကြီးတလျှောက်က တရုတ်အကျိုးစီးပွား။(ဖတ်ဖြစ်အောင်ဖတ် ကြည့်ပါ)


 

မြန်မာပြည်ကေန တရုတ်ပြည်ကို ကုန်တွင်းပိုင်းကနေ ပေါက်တဲ့ လမ်းက တလမ်းပဲ ရှိပါတယ်။ မညီမညာ ချိုင့်ခွက်တွေ ဗရပျစ်နဲ့ မြွေလိမ်မြွေကာက် အဲဒီလမ်းမကြီးဟာ ဖုံထူထူလမ်းတွေကို ဖြတ်သန်း၊ မြူဆိုင်းနေတဲ့ တောင်တွေကို ကျော်၊ ဒုက္ခပေးတတ်တဲ့ တောင်စွယ်ချိုင့်ဝှမ်းတွေကို ဖြတ်သန်းပြီး နောက်ဆုံးမှာတော့ တရုတ်ပြည် ယူနန်ပြည်နယ်ရဲ့ မြို့ တော် ကူမင်းကို လမ်းပေါက်ပါတယ်။ဒဏ္ဏရီဆန်ဆန် Burma Road (မြန်မာပြည်လမ်းမကြီး) ကို ကမ္ဘာစစ်ကာလကြီးက မွေးဖွေားပးခဲ့တာပါ။ ၁၉၃၇ ခုနှစ်မှာ လမ်းကို ဖောက်လုပ်တဲ့အချိန်မှာ တရုတ်လူမျိုးနဲ့ ဒေသခေံတွ ၂ သိန်းလောက်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဂေါ်ပြေားတွေလာက်ကိုပဲ အသုံးပြုပြီး လိုအပ်ချက်အရ ဖောက်ခဲ့ပါတယ်။  လမ်းဖောက်တဲ့ လုပ်ငန်းစဉ်မှာ လူ ၂၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။Where China Meets India: Burma and the New Crossroads of Asia စာအုပ်ထဲမှာ စာရေးသူ ဦးသန့်မြင့်ဦးက “၁၉၃၈ ခုနှစ်အထိ ဖုံတထောင်းထောင်းနဲ့ ချုံ နွယ်ပိတ်ပေါင်းတွေရှိခဲ့တဲ့ နေရာမှာ စစ်ကားကြီးတွေ သွားလို့ရတဲ့ လမ်းမကြီး ဖြစ်လာခဲ့တယ်” လို့ ရေးခဲ့ပါတယ်။မဟာမိတ်တပ်ေတွ မြန်မာပြည်မှာ ခုခံစစ် ဆင်နွှဲနေတဲ့အချိန်မှာ တရုတ်ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်အတွက် ရုပ်ဝတ္တုစစ်ကေူတွ ရမယ်ဆိုရင် ဂျပန်ဧကရာဇ် ဟီရိုဟီတိုရဲ့ တပ်တွေကို မောင်းထုတ်နိုင်မယ်လို့ ဗြိတိသျှတွေက တွေးထင်ခဲ့ကြပါတယ်။လက်တွေ့ မှာတော့ ဒီလို မဖြစ်ခဲ့ပါဘူး။ ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီး လအနည်းငယ်အတွင်းမှာပဲ ဂျပန်တပ်တွေဟာ ထိုင်းမြေပေါ်ကနေ မြောက်ဘက်ကို ချီတပ်ပြီး တရုတ်တပ်တွေနဲ့ မဟာမိတ်တွေတပ်ကြားက ပင်မဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်ပါတယ်။
 
 ဒါပေမယ့် Burma Road ဟာ အချည်းနှီးတော့ ဖြစ်မသွားပါဘူး၊ မြန်မာနဲ့ စီးပွားရေး အတက်ပြနေတဲ့ အိမ်နီးချင်း တရုတ်ပြည်ကြီးတို့ကြားထဲက ဆက်သွယ်ရေး လမ်းကြီးအနေနဲ့ အသုံးဝင်ခဲ့ပါတယ်။တရုတ်ပြည်ရဲ့ သန်း ၁၀၀၀ သော လူဦးရေအတွက် အသည်းအသန် လိုအပ်နေတဲ့

ရွှေဝါရောင်တော်လှန်ရေးဦးဆောင် အရှင်ဂမ္ဘီရ (ခ)ကိုညီညီလွင် နှင့် မေးမြန်းချက် အသံဖိုင်

အစိုးရက လက်ပံတန်းတောင်သံဃာသပိတ်ကိုအကြမ်းဖက်ဖြိုခွင်းတဲ့ရလဒ်ဟာ သံဃာထုက အစိုးရအပေါ် ယုံကြည်မှုဖြစ်ထွန်းစ အခြေအနေကို ဖျက်ဆီးပစ်လိုက်တာဖြစ်လို့ သံဃာထုနဲ့ အစိုးရအကြား ကွဲလွဲချက် ပိုမိုနက်ရှိုင်းသွားတယ်လို့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်းက ဦးဆောင်သံဃာ ရှင်ဂမ္ဘီရ (ခ)ကိုညီညီလွင်က ပြောပါတယ်။မန္တလေးတိုင်း မိထ္တီလာမြို့ မှာ မိသားစုနဲ့နေထိုင်ရင်း ကျန်းမာရေးအတွက် ရန်ကုန်ကိုဆင်းလာစဉ်မှာ ဖမ်းဝရမ်းမပါဘဲ ဖမ်းချုပ်ခံရပြီး ပိုင်နက်ကျုးလွန်မှု၊ အကျိုးဖျက်ဆီးမှု၊ တရားမ၀င် ၀င်ရောက်နေထိုင်မှုတွေနဲ့ တရားစွဲဆိုခံရကာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အာမခံနဲ့ အင်းစိန်ထောင်ကနေ ပြန်လွတ်ခဲ့ပါတယ်။ ကိုညီညီလွင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။



DVB News

မုံရွာသံဃာတွေ ဆန္ဒထုတ်ဖော်ဖို့ ရွှေစည်းခုံဘုရားမှာစုရုံးရောက်ရှိနေ

မုံရွာမြို့ မှာ သံဃာအပါး ၂၀၀ လောက် ဟာ လမ်းလျှောက်ကြွချီမေတ္တာပို့ဖို့အတွက်ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ မြို့ လည်က ရွှေစည်းခုံဘုရားမှာ စုဝေးရောက်ရှိနေပြီလို့ ဦးဆောင်သံဃာ ၁ ပါးက မိန့်ပါတယ်။
“အခု ဦးဇင်းတို့က ရွှေစည်းခုံမြောက်ဘက်မုခ်မှာပေါ့နော်။ မေတ္တာပို့မလို့ပါ။ အခုလောလောဆယ်စုနေတာပေါ့နော်။ ဦးဇင်းတို့လည်း မန္တလေး၊ ပခုက္ကူတို့ကို လှမ်းဖုန်းဆက်တယ်၊ ဆက်တော့ သူတို့က၁ နာရီမှ ထွက်မယ်ပြောတယ်။” လို့ မိန့်ပါတယ်။
မုံရွာမြို့ က သံဃာတွေက “သာသနာအမွေအနှစ် အဆောက်အဦများဖျက်စီးခြင်းကို ရပ်ဆိုင်းပေးရန်နှင့် နောက်နောင်လည်း လုံးဝမဖျက်ဆီးရန်။ ငြိမ်းချမ်းစွာဆန္ဒပြနေသော ထိခိုက်ဒဏ်ရာရ သံဃာတော်များကို နိုင်ငံတော်သမ္မတနှင့်တကွ အစိုးရအနေဖြင့် အမြန်ဆုံးဝန်ချတောင်းပန်ရန်၊ သပိတ်စခန်းများကိုလည်း နောက်ထပ် မဖြိုခွင်းရန်။ လက်ပန်းတောင်းတောင်ကြေးနီ စီမံကိန်းကို ဒေသခံပြည်သူများ ကျေနပ်လက်ခံနိုင်အောင် အမြန်ဆုံးဆောင်ရွက်ပေးရန်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသော သံဃာထုတရပ်လုံးကို မီးလောင်ဗုံးဖြင့် ရက်ရက်စက်စက် မီးတိုက်ဖြိုခွင်းသော တာဝန်ရှိ ဦးဆောင်ပုဂ္ဂိုလ်များကို ဥပဒေအရ ထိရောက်စွာ အမြန်ဆုံးအရေးယူပေးရန်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်လို့ ဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်။ လက်ပန်းတောင်းတောင်ဒေသ ပြည်သူများ နှင့် ပြည်သူဘက်မှ ရပ်တည်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့သော သံဃာတော်အရှင်သူမြတ်များအပေါ် အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်ကို နိုင်ငံတော်သံဃနာယကအဖွဲ့က သဘောတူနေပါသလား၊ သဘောမတူပါက ကန့်ကွက်ရှုတ်ချပေးပါရန်။” ဆိုပြီး တောင်းဆိုချက် ၆ ရပ်ကို  တောင်းဆိုထားပါတယ်။
အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှု ဦးဆောင်ကော်မတီကလည်း နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့က သံဃာထု တရပ်လုံးကို ၀န်ချ တောင်းပန်ဖို့၊ အကြမ်းဖက် ဖြိုခွင်းမှူမှာ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူပေးဖို့ စတဲ့အချက်တွေ တောင်းဆိုထားပြီး တောင်းဆိုချက်ကို ဒီဇင်ဘာ ၁၂ ရက် နေ့လည် ၁၂ နာရီမှာ နောက်ဆုံးထား မလိုက်လျောရင် နိုင်ငံတ၀ှမ်းမှာ

မဲဆောက်-ဘန်ကောက်သွား ခရီးသည်တင်ကားမှောက်၊ မြန်မာ ၂ ဦးသေဆုံး


 

ထိုင်းနိုင်ငံ မဲဆောက်မြို့ ကန ဘန်ကောက်ကိုသွားတဲ့ ခရီးသည်တင်ကား ၁ စီးတိမ်း မှောက်ရာမှာ မြန်မာ ၂ ဦးနဲ့ ထိုင်း ၂ ဦး သေဆုံးပြီး လူ ၅၀ လောက် ဒဏ်ရာသွားခဲ့တယ်လို့ မဲဆောက် ဆေးရုံမှာ သွားရောက် သတင်းယူတဲ့ ဒီဗွီဘီသတငေ်းထာက် ကိုဖိုးစီက ပြောပါတယ်။ခရီးသည်အပြည့်တင်ဆောင်ထားတဲ့ ကားဟာ မနက် ၈ နာရီမှာ မဲဆောက်က နေထွက်ခဲ့တာဖြစ်ပြီး ၂၉ ကီလိုမီတာအကွာမှာ လမ်းချော်တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။သေဆုံးသူ မြန်မာ ၂ ဦးဟာ ကေိုန၀ငေ်းဌး (၃၂ နှစ်) နဲ့ ဒေးဖိုး (၃၀ နှစ်) တို့ ဖြစ်ပြီး ဒဏ်ရာရ လူနာတွေကိုတော့  မဲဆောက်ဆေးရုံမှာ ဆေးကုသပေးနေပါတယ်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် အီးယူသို့ တင်ပိုမည့် မြန်မာ့ပို့ကုန်များ GSP အခွင့်အရေး စတင်ခံစားနိုင်ဖွယ်ရှိကြောင်း သိရ

၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်း ဥရောပကော်မရှင်အစည်းအဝေးတွင် မြန်မာနိုင်ငံကို အကောက်ခွန်ဆိုင်ရာ ယေဘုယျအခွင့်အရေးပေးမှုစနစ်(Generalised System of Preferences-GSP) ကို ပြန်လည်ပေးအပ်ရန် သဘောတူ ဆုံးဖြတ်ခဲ့သဖြင့် အီးယူနိုင်ငံများသို့ တင်ပို့သည့် မြန်မာ့ပို့ကုန်များအနေဖြင့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ယင်းအခွင့်အရေး စတင်ခံစားနိုင်ဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ပထမပတ်အတွင်းပြု လုပ်သည့် CMP လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ယခုနှစ် စက်တင်ဘာလအတွင်း ဥရောပကော်မရှင် အစည်းအဝေးတွင် မြန်မာနိုင်ငံကို GSP ပေးရန် ဆုံးဖြတ်ခဲ့ပြီး ဥရောပပါလီမန်သို့   ဆက်လက်တင်ပြ အတည်ပြုချက် ရယူရန်သာကျန်ရှိကာ ၎င်းအစီအစဉ်များ  ပြီးဆုံးပါက ၂၀၁၃ ခုနှစ် နှစ်စတွင်ပင် မြန်မာပို့ကုန်များ GSP အခွင့်အရေး စတင်ခံစားနိုင်မည်ဖြစ်ကြောင်းနှင့် ဥရောပပါလီမန်က အတည်ပြုခဲ့ပါက မြန်မာနိုင်ငံသည် GSP အခွင့်အရေးများကို ၂၀၁၂ ခု နှစ် ဇွန်လလယ်မှ စတင်တင်ပို့ခဲ့သည့်  ပို့ကုန်များအတွက် နောက်ကြောင်းပြန်

လက်ပံတောင်းတောင်အရေးလှုပ်ရှားသူများ ပြန်လည် လွတ်မြောက်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသူများအား သက်ဆိုင်ရာတရားရုံးမှ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။


Eleven News

၂၀၁၂ ခုနှစ် ဆယ်လတာ ကာလအထိ နိုင်ငံအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုမှာ ယမန်နှစ် အလားတူ ကာလထက် များပြားခဲ့ပြီး သေဆုံးသူအရေအတွက်လည်း များပြားခဲ့ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အများဆုံးဖြစ်ကြောင်း သိရ

၂၀၁၂ ခုနှစ် အောက်တိုဘာလအထိ ဆယ်လတာကာလအတွင်း  မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယာဉ်တိုက်ခိုက်မှုဖြစ်ပွားမှုမှာ ယမန်နှစ် အလားတူကာလထက် များပြားခဲ့ပြီး  သေဆုံးသူအရေအတွက်မှာလည်း ယမန်နှစ်ထက် များပြားခဲ့ပြီး မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အများဆုံးဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလအထိ ယာဉ်တိုက်ခိုက်မှု စုစုပေါင်း ၇၆၃၇ မှု ဖြစ်ပွားခဲ့ပြီး ယခင်နှစ် အောက်တိုဘာလထိ ယာဉ်တိုက်ခိုက်မှုမှာ ၇၂၂၅ မှုသာ ရှိခဲ့ကြောင်းနှင့် သေဆုံးသူအရေအတွက်မှာလည်း  ယခုနှစ် အောက်တိုဘာလအထိ ၂၁၈၅ ရှိခဲ့ပြီး ယခင်နှစ် အောက်တိုဘာလအထိမှာ ၂၀၆၅ ဦးသာရှိခဲ့ ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအတွင်း ယာဉ်တိုက်ခိုက်မှု အများဆုံးဖြစ်ပွားသည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်ပြီး  ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက် အများဆုံးမှာ မန္တလေး၊ ပဲခူး၊

ရွှေဂုံတိုင် ဂုံးကျော်တံတားအတွက် ပန္နက်တင်ခြင်း အခမ်းအနား (၁၂-၁၂-၂၀၁၂)

ရွှေဂုံတိုင် ဂုံးကျော်တံတားအတွက် ပန္နက်တင်ခြင်း အခမ်းအနားအား ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီ ၄၆ မိနစ်တွင် ဂုံးကျော်တံတားတည်ဆောက်မည့် နေရာဖြစ်သော ရွှေဂုံတိုင်လမ်းဆုံ၊ Excel Tower အရှေ့တွင် ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ပန္နက်ရိုက်ပေးခဲ့ကြသည်။ အဆိုပါ ဂုံးကျော်တံတားအား Capital Development Limited မှ တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး ယနေ့မှစ၍ နောက် ၁၁ လအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု အဆိုပါ တံတားစီမံကိန်း ဒါရိုက်တာ

ဒိုင်းမွန်ပလာဇာပေါ်မှ ခုန်ချ၍ သေကြောင်းကြံစည်သူ တစ်ဦးအား ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ တားဆီးနိုင်ခဲ့

thn-12-12-2
ဒိုင်းမွန်းပလာဇာပေါ်မှ ခုန်ချရန် ကြိုးစားနေသူအား တွေ့ရစဉ်

ဒီဇင်ဘာလ ၁၁ ရက်နေ့က မန္တလေးမြို့ ၇၈လမ်း၊ ၃၃ လမ်းထောင့်ရှိ ဒိုင်းမွန်းပလာဇာပေါ်မှ ခုန်ချ၍ သေကြောင်းကြံစည်ရန် ကြိုးစားသူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရသည်။အသက် ၃၀ ကျော်ဝန်းကျင်ခန့်ရှိ အဆိုပါအမျိုးသားသည်
 ဒိုင်းမွန်းပလာဇာ ထပ်ခိုးပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်နေခြင်းကို တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များမှ အချိန်မီ တားဆီးဖြောင်းဖျနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ခုန်ချသေကြောင်းကြံစည် သူကို အမှတ် ၈ ရဲစခန်းမှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
''ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဖြောင်းဖျမှုကြောင့် အောက်ကိုဆင်းလာပေမယ့် အဲဒီလူက ၀ိုင်းပြီးကြည့်နေတဲ့သူတွေကို နောက်တစ်ခါထပ် ပြီး လာဦးမယ်လို့ အော်ပြောသွားသေးတယ်''ဟု

ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ လယ်နှင့်တောင်မြေ ဧကတစ်ရာကျော်အတွက် မက်စ်မြန်မာကုမ္ပဏီက ကျပ်သိန်း ၇၀၀၀ ကျော် လျော်ကြေးပေး

Max Myanmar ကုမ္ပဏီမှ ယခင်ကသိမ်းယူထားသည့် ငွေဆောင်မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်ရှိ လယ်နှင့်တောင်မြေ ဧကတစ်ရာကျော်အတွက် ကျပ်သိန်းပေါင်း ၇၀၀၀ ကျော်ကို ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် ဒေသခံပိုင်ရှင် ၁၃ ဦးအား ကရုဏာကြေးအဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တောင်သူ ၁၃ ဦးပိုင်ဆိုင်သည့် လယ်မြေနှင့်တောင်မြေ (ဥယျာဉ်မြေ) ၁၀၆ ဧကအတွက် လယ်တစ်ဧကလျှင် ကျပ် ၂၅ သိန်းနှုန်း၊ တောင်မြေတစ်ဧကလျှင် ကျပ်သိန်းတစ်ရာနှုန်းဖြင့် ကျပ်သိန်းပေါင်း ၇၂၈၅ သိန်းကို Max Myanmar ကုမ္ပဏီမှ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ စိတ်ချမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော်တို့ အဆင်ပြေ၀မ်းသာသလို ကျန်တဲ့ ကျွန်တော်တို့ဒေသက သူတွေကိုလည်း ရစေချင်တယ်။ Max Myanmar ကုမ္ပဏီက  အခုလိုဆောင်ရွက်ပေးတာ အလွန်ဝမ်းသာပါတယ်” ဟု ကရုဏာကြေးရရှိသည့် ဒေသခံတောင်သူ

ရှမ်းတိုင်းရင်းသားများ အများဆုံးရှိရာ အထက်ချင်းတွင်းဒေသမြို့များတွင် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်များကို ကျင်းပ

ha-12-12-8
ယနေ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမနက်ခင်းတွင် ကျင်းပခဲ့သော ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်မှ ရိုးရာအကတို့ဖြင့် ဖျော်ဖြေနေပုံ

ရှမ်းတိုင်းရင်းသားများ အများဆုံးရှိရာ အထက်ချင်းတွင်းဒေသရှိ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့တို့တွင် ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပခဲ့သည်ဟု သတင်းရရှိပါသည်။ “ဒီနှစ်မှာ ဟုမ္မလင်းမြို့က ဒုတိယအကြိမ် ကျင်းပမှာပေါ့။ နောက်ခန္တီးမြို့က ပထမဆုံးအကြိမ် ကျင်းပမယ်။ အထက်ချင်းတွင်းဒေသမှာ တိုင်းလိုင်ရှမ်းတိုင်းရင်းသား သုံးသိန်းလောက် ရှိပါတယ်။ အရင်ခေတ်ကာလ ဒီလိုပွဲတော်တွေ ကျင်းပဖို့ခက်တယ်။ တိုင်းလိုင် (ခေါ်) ရှမ်းနီတွေဟာ အထက်ချင်းတွင်းမှာ နေထိုင်လာကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ ရှမ်းနီတွေရဲ့ စာတွေယဉ်ကျေးမှုတွေက ကွယ်ပျောက်လုနီးပါးပါ။ ခုလိုအချိန်မှာ ပြန်လည်ဖေါ်ထုတ်နေပါတယ်” ဟု

သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦးသေဆုံး

ha-12-12-6
သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် မုတ္တမဘက်မှတက်လာသော မထသ လိုက်ထရပ်ယာဉ်နှင့် မော်လမြိုင်မှ ကျိုက်ထိုဘက်သို့သွားမည့် စိုးရတနာ မှန်လုံယာဉ်တို့ တိုက်မှုဖြစ်ပေါ်ခဲ့ရာ လိုက်ထရပ်ယာဉ်ပေါ် လိုက်ပါလာသည့် အမျိုးသမီးခြောက်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ha-12-12-7
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မုတ္တမဘက်မှ ယာဉ်မောင်း မောင်ဇော် (၃၈) နှစ် မောင်းနှင်သော ခရီးသည်တင် မထသလိုက်ထရပ် (၈ခ----) သည် မော်လမြိုင်သို့ ထွက်ခွာလာရာ (၀ိုင်-၃၁) မိုင်တိုင်အနီးတွင် အရှိန်လျှော့ရပ်ထားစဉ် မော်လမြိုင်-ကျိုက်ထိုသို့ ခရီးသည် တင်ဆောင်ထွက်ခွာလာသည့် စိုးရတနာ မှန်လုံယာဉ်ဖြင့် တိုက်မိရာ လိုက်ထရပ်ပါခရီးသည်များ

မြောက်ကိုရီးယားက ဂျပန်ပေါ်ကျော်ပြီး တာဝေးပစ်ဒုံးပျံ ပစ်လွှတ် အောင်မြင်ပါက နျူထိပ်ဖူးတပ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်နိုင်စွမ်းအတွက် တစ်ဖက်လှည့်ဖြင့်စမ်းသပ်မှုဟု ယူဆရသောကြောင့် စိုးရိမ်ဖွယ်ဖြစ်လာ

122
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြောက်ကိုရီးယားက နှောင့်နှေးမည်ဟု ယူဆထားကြသော တာဝေးပစ်ဒုံးကျည်ပစ်ဒုံးပျံပစ်လွှတ်မှုကို ထင်မှတ်မထားဘဲ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အံ့အားသင့် အမျက်ထွက်စေခဲ့သည်။ မြောက်ကိုရီးယား အနောက်ဘက်ကမ်းရိုးတန်းရှိ အာကာသလွှတ်တင်စခန်းတစ်ခုမှ ဒုံးပျံကို အောင်မြင်စွာလွှတ်တင်ခဲ့ပြီး ဒုံးပျံက သယ်ဆောင်လာ သော ဂြိုဟ်တုသည် ရည်ရွယ်ထားသည့် အတိုင်း ကမ္ဘာပတ်လမ်းအတွင်း ရောက်ရှိခဲ့ကြောင်း
 မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ပြီးခဲ့သည့် ဧပြီလအတွင်းက မအောင်မမြင်ဖြစ်ခဲ့ပြီး နောက် ယခုတစ်ကြိမ်ထပ်မံကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဒုံးပျံသည် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းကို ကျော်ကာ
 ပျံသန်းသွားကြောင်း အိမ်နီးချင်းနိုင်ငံများက အတည်ပြုခဲ့ပြီး လွှတ်တင်မှုအောင်မြင်ခြင်း ရှိမရှိကိုမူ အတည်မပြုသေးပေ။မြောက်ကိုရီးယား၏ ၂၀၀၉ ခုနှစ်က လွှတ်တင်မှုတွင်မူ ပစိဖိတ်သမုဒ္ဒရာအတွင်း

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် အဓိကဇာတ်ပို့ ၂၁ ဦး ရွေးချယ်မည်

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန်အတွက် အဓိကဇာတ်ပို့ ၂၁ ဦးကို ရွေးချယ်သွားမည်ဟု ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ သိရှိရပါသည်။
“ ဗိုလ်ချုပ်ဇာတ်ကားမှာ ပါဝင်မယ့် အဓိကဇာတ်ပို့တွေထဲက ၂၁ ဦးကို ရွေးချယ်သွားမှာပါ။ အဲဒီသရုပ်ဆောင်ရွေးချယ်မှုအတွက် ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေထဲက သရုပ်ဆောင်အတတ်ပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေပါဝင်မယ့် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ရွေးမှာပါ” ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုဇော်သက်ထွေးက ဆိုပါသည်။
အဓိကဇာတ်ပို့များ ရွေးချယ်ရေးကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်များနှင့် ဇာတ်ညွှန်းဖြစ်မြောက်ရေးအဖွဲ့ဝင်များ၏ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအစည်းအဝေးသို့  ဦးမိုးသူ၊ ဦးဇာဂနာ၊ ဦးစိမ်းနီ၊ ချစ်ဦးညို၊ ဒါရိုက်တာ ကြည်စိုးထွန်း၊ မင်းထင်ကိုကိုကြီး၊ ကိုဇော်သက်ထွေး၊ ကိုသူရကျော်၊ အိအိခိုင်၊

အကယ်ဒမီစာရင်းဝင် ဇာတ်ကားနှစ်ကားဖြစ်သည့် ‘ပန်းကြာဝတ်မှုန်’ နှင့် ‘၀ဋ်ကြွေး’ ဇာတ်ကားများမှာ ၂၀၁၃ ခုနှစ်မှသာ ရန်ကုန်မန္တလေး ရုပ်ရှင်ရုံများတွင် ပြသနိုင်မည်

ha-12-12-5
အကယ်ဒမီစာရင်းဝင် ဇာတ်ကားနှစ်ကားဖြစ်သည့် ‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင်ဇာတ်ကားနှင့် ‘၀ဋ်ကြွေး’ ရုပ်ရှင်ဇာတ်ကားများမှာ ၂၀၁၃ ခုနှစ်မှသာ ရန်ကုန်၊ မန္တလေး ရုပ်ရှင်ရုံများတွင် ပြသနိုင်မည်ဖြစ်ပြီး အကယ်ဒမီပွဲကျင်းပသည့် အချိန်အထိ အဆိုပါရုပ်ရှင်ရုံများတွင် ပြသနိုင်ခြင်းရှိမည်မဟုတ်ဟု သိရှိရသည်။ အဆိုပါ ဇာတ်ကားနှစ်ကားမှာ ၂၀၁၁ ခုနှစ်အတွင်း နယ်မြို့များရှိ ရုပ်ရှင်ရုံအချို့၌ ရုံတင်ပြသခဲ့ခြင်းကြောင့် အကယ်ဒမီ ရွေးချယ်သည့် စာရင်းဝင်ဇာတ်ကားများ ဖြစ်လာခဲ့သော်လည်း ရန်ကုန်၊ မန္တလေး ရုပ်ရှင်ရုံများတွင် ပြသခွင့်မှာ တန်းစီရက်ချိတ်စနစ်ဖြင့် ပြသခြင်းကြောင့် ၂၀၁၃ ခုနှစ် နှစ်ဆန်းမှသာ ပြသခွင့်ရရှိထားခြင်း ဖြစ်သည်ဟု သိရှိရသည်။
“ရုပ်ရှင်ဇာတ်ကားတွေရဲ့ ရုံတင်ပြသမှုစနစ်အရ အကယ်ဒမီစာရင်းဝင် ဇာတ်ကားဆိုပေမယ့် ရန်ကုန်၊ မန္တလေးရုံတွေမှာ မပြရသေးတဲ့ကားတွေ နှစ်စဉ်ပါမြဲပါပဲ။ ဒီနှစ်လည်း ကျွန်တော့်ဇာတ်ကားက နယ်ရုံတွေမှာ

အနဂ္ဂနှင့် သံသာဝင်းတို့၏ မင်္ဂလာပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပ


125
အနဂ္ဂနှင့် သံသာဝင်းတို့၏ မင်္ဂလာပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိန့်သြဂတ်စတင်း ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။
မင်္ဂလာပွဲသို့ နှစ်ဘက်မိဘများ ဖိတ်ကြားထားသူများနှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုမင်းကိုနိုင်တို့လည်း တက်ရောက်ခဲ့ကြသည်။
“ချစ်သူသက်တမ်း ၄ နှစ်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်ယုံကြည်မှုတွေ တည်ဆောက်ခဲ့ပြီးမှ ဒီနေ့လို မင်္ဂလာပွဲလေး ဖြစ်လာတာပါ။ ၁၂-၁၂-၂၀၁၂ ရက်နေ့ လေးက ထူးခြားတဲ့နေ့လေး တစ်နေ့ဖြစ်သလို သံသာတို့အတွက်လည်း ၁၂ ရက်ဆိုတာ အမှတ်တရနေ့လေး

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားဆောက်ရန် စိတ်ဝင်စားကြောင်း လာရောက်ဆွေးနွေး

12
ကမ်းနားလမ်းတစ်လျှောက်နှင့် ဒလဘက်အခြမ်းကို တွေ့မြင်ရစဉ်

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်ရန် စိတ်ဝင်စားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လာရောက်ဆွေးနွေးခဲ့သည်ဟု သိရသည်။
ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ယင်းလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက်တင်ပြ ဆွေးနွေးရာတွင် ဒလဘက်ခြမ်းအား ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရှိရသည်။ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ၎င်းတို့ပြုလုပ်လိုသည့် ဒလအိမ်ရာစီမံကိန်း၊ ဒလအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် ရန်ကုန်ဒလ ဆက်သွယ်သည့်တံတား ဆောက်လုပ်ရန် လုပ်ငန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ခွင့်ပြုပါက ကုမ္ပဏီ၏ အစီအစဉ်ဖြင့် လေ့လာတိုင်းတာမှု လုပ်ငန်းများ ပြုလုပ်သွားမည်ဖြစ်ပြီး စီမံကိန်းများ အတွက်ပါ Proposal တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒလဘက်ခြမ်းတွင် အိမ်ရာစီမံကိန်း တည်ဆောက်ပါက ကိုရီးယားနိုင်ငံတွင် အခြေစိုက်သည့် အမေရိကန် ကုမ္ပဏီ (OPIC-Overseas Private Investment Corporation) ၏ အကူအညီဖြင့် ငွေချေးယူကာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဟန်ရှင်းကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လိုလျှင်လည်း...
ဒလဘက်ခြမ်းတွင် အိမ်ရာစီမံကိန်း တည်ဆောက်ပါက ကိုရီးယားနိုင်ငံတွင် အခြေစိုက်သည့် အမေရိကန် ကုမ္ပဏီ (OPIC-Overseas Private Investment Corporation) ၏ အကူအညီဖြင့် ငွေချေးယူကာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဟန်ရှင်းကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လိုလျှင်လည်း သဘောတူသည်ဟု ဟန်ရှင်းကုမ္ပဏီဘက်က တင်ပြခဲ့သည်။
ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက တင်ပြလာမှုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ ဟန်ရှင်းကုမ္ပဏီက အဆိုပါလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမေရိကန်ဒေါ်လာသန်း ၂၅၀ ခန့် အသုံးပြုသွားရန် ခန့်မှန်းထားသည်ဟုလည်း သိရသည်။
ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီသည် ကိုရီးယားနိုင်ငံ၏ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည်ဟု သိရသည်။
ထို့ပြင် ရန်ကုန်-ဒလ ဆက်သွယ်သည့် ရန်ကုန်မြစ်ဖြတ် မြစ်ကူးတံတား လေးစင်းဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ကိုရီးယားတို့ လေ့လာတိုင်းတာမှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။


Eleven News

ကမ္ဘာ့စာကြည့်တိုက်များအား ၀န်ဆောင်မှုပေးနေသော OCLC အွန်လိုင်းကွန်ပျူတာ စာကြည့်တိုက်စင်တာ၌ မြန်မာစာကြည့်တိုက်များ ပါဝင်ရန် ဆွေးနွေး

124
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကို တွေ့မြင်ရစဉ်

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၇၀ ကျော်မှ စာကြည့်တိုက်ပေါင်း ၇၂၀၀၀ ကျော်ကို ၀န်ဆောင်မှုပေးနေသော ကမ္ဘာ့အကြီးဆုံး သုတေသနနှင့် စာကြည့်တိုက် ၀န်ဆောင်မှုအဖွဲ့ဖြစ်သည့် OCLC (Online Computer Library Center) အနေဖြင့် မြန်မာနိုင်ငံရှိ စာကြည့်တိုက်များ ပါဝင်နိုင်ရန် ဒီဇင်ဘာလဆန်းပိုင်းက လာရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
“ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ် အသီးသီးရဲ့စာကြည့်တိုက်တွေအနေနဲ့ သီးခြားစီ ဖြစ်နေတဲ့အခါ လိုချင်တဲ့ စာအုပ်တွေကို လိုက်ရှာတဲ့အခါမှာ ကတ်တလောက်တွေကို တစ်ခုပြီးတစ်ခု လိုက်ကြည့်နေရပြီး အချိန်ကုန် လူပန်းဖြစ်တတ်ပါတယ်။ တက္ကသိုလ်တွေ အနေနဲ့ စာအုပ်တွေ ၀ယ်တဲ့အခါမှာလည်း စာအုပ်တစ်မျိုးတည်းကိုပဲ ထပ်ခါဝယ်ရတဲ့အတွက် ကုန်ကျစရိတ်တွေ ပိုများတာမျိုးနဲ့ ကြုံရနိုင်တယ်။ စာအုပ်တွေအတွက် ကုန်ကျစရိတ် သာမက စာအုပ်ကတ်တလောက်တွေ စီရတာကလည်း အလုပ်တစ်ခု ဖြစ်ပါတယ်။ OCLC အနေနဲ့က စာအုပ်စာတမ်းတွေကို အလွယ်တကူ ဖလှယ်နိုင်ဖို့၊

မြန်မာ့လယ်ယာထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် နေရာပျောက်ဆုံးနေ၍ လယ်ယာလုပ်ငန်းသည် တောင်သူများအား ဆင်းရဲမှုဘ၀သို့ တွန်းပို့သကဲ့သို့ ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ha-12-12-3
လယ်ယာထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် နေရာပျောက်ဆုံးနေ၍ တောင်သူများအတွက် လယ်ယာလုပ်ငန်းသည် ဆင်းရဲမှုဘ၀သို့ တွန်းပို့နေသကဲ့သို့ဖြစ်နေပြီး ဈေးကွက်တွင်လည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု မရှိသည့်အတွက် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နေရကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။
“တောင်သူတွေအနေနဲ့ လယ်ယာစီးပွားလုပ်ငန်းကနေ ထိုက်သင့်တဲ့ အကျိုးခံစားခွင့် မရနိုင်တဲ့ အခြေအနေတွေကြောင့် လယ်ယာလုပ်ငန်းဟာ ၎င်းတို့ကို ဆင်းရဲမှုဘ၀သို့ တွန်းပို့သကဲ့သို့ ဖြစ်နေခဲ့တယ်။ အဓိကကတော့ နည်းပညာနဲ့ ကိရိယာတွေ နိမ့်ကျနေတာ၊ အလေအလွင့် များနေတာ၊ ဈေးကွက်မှာလည်း နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ အဲဒီကဏ္ဍတွေ ဖြည့်ဆည်းပေးနိုင်ဖို့ နိုင်ငံတကာရဲ့ အကူအညီတွေ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ITUC)မှ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) အား ကူညီပံ့ပိုးရန်ဆုံးဖြတ်ခဲ့ပြီး မြန်မာအလုပ်သမားများအတွက် သင့်တင့်သော၊ ခေတ်နှင့် လျော်ညီသော လုပ်ခလစာများ ရရှိအောင် ကြိုးပမ်းသွားမည်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ITUC)မှ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUB)အား ကူညီပံ့ပိုးရန် ဆုံးဖြတ်ခဲ့ပြီး မြန်မာအလုပ်သမားများအတွက် သင့်တင့်သော၊ ခေတ်နှင့်လျော်ညီသော လုပ်ခလစာ များ ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUB)၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ITUC)၊ကမ္ဘာ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အပါအ၀င် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(FTUB) နှင့် ယင်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ကျပြီးသော အလုပ်သမားသမဂ္ဂများနှင့် ဒီဇင်ဘာလ ၆ရက်နှင့် ၇ရက်နေ့များတွင် ရန်ကုန်မြို့ရှိ UMFCCI တွင်  ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
FTUBမှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က''ဒီကနေ့ ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံက အလုပ်သမားတွေအတွက်တော့ လုပ်ခလစာ ခေတ်နဲ့အညီ ထိုက်သင့်သလောက်ရသင့်တယ်။အဓိကကလည်း လုပ်ခလစာပေါ့။လုပ်ခလစာ ကောင်းကောင်း ရသင့်တယ်ဆိုပေမဲ့ အလုပ်သမားတွေမှာလည်း ကောင်းမွန်တဲ့ အရည်အချင်းရှိဖို့ လိုပါတယ်။ဒါမှလည်း

ယခင်က လာရောက်လည်ပတ်မှု မရှိသလောက်နည်းပါးသော ဥရောပနိုင်ငံအချို့မှ ခရီးသွားများ ၀င်ရောက်မှုရှိလာပြီး ယခုနှစ် နိုင်ငံခြားသားအ၀င် စံချိန်တင်မြင့်တက်

ha-12-12-4
စစ်ကိုင်းတိုင်းဒေသကြီးရှိ အင်းဝမြိ့ဟောင်းသို့ လာရောက်သော ခရီးသွားများကို နိုဝင်ဘာလအတွင်းက တွေ့ရစဉ်

မြန်မာနိုင်ငံသို့ ယခင်လာရောက်ခြင်း မရှိသလောက်နည်းပါးသော ဥရောပနိုင်ငံအချို့မှ ယခုနှစ် ၀င်ရောက်မှုရှိလာပြီး မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများ ၀င်ရောက်မှုသည် စံချိန်တင်မြင့်တက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ စာရင်းများအရ သိရှိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာ ခရီးသွားဦးရေ ၄၈၀၀၀၀ ကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်အတွင်း အလားတူကာလ ၀င်ရောက်မှုမှာ ဦးရေ ၃၁၀၀၀၀ ကျော် ဖြစ်သည်။
“အရင်မလာဖူးသလောက်ဖြစ်တဲ့ နိုင်ငံတွေပါလာတယ်။ အရှေ့ဥရောပဘက်က နိုင်ငံတွေ ပါလာတယ်။ ဆိုဗီယက်ပြည်ထောင်စုက ခွဲထွက်ထားတဲ့ နိုင်ငံတွေက ရောက်လာကြပါတယ်” ဟု Nature Lovers ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဒင်က ပြောပြသည်။
ဇန်န၀ါရီလမှ နိုဝင်ဘာလအတွင်း ရန်ကုန်ဝင်ပေါက်မှ မြောက်အမေရိကမှ ၃၆၂၆၅ ဦး၊ အခြားအမေရိက ဒေသများမှ ၃၀၉၂ ဦး၊ အနောက်ဥရောပဒေသမှ ၁၁၀၀၄၇ ဦး၊ အရှေ့ဥရောပဒေသမှ ၇၅၇၂ ဦး၊ အာဖရိကမှ ၁၃၃၀ ဦး၊ အရှေ့အလယ်ပိုင်းမှ ၃၃၂၃ ဦး၊ အာရှဒေသမှ ၃၀၅၃၆၁ ဦး၊

တရုတ်မှ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသို့ ထပ်မံဝင်ရောက်မြှုပ်နှံရန် ပြင်ဆင်နေ၊ မိုဘိုင်းဖုန်းဝန်ဆောင်မှုပေးမည့်ကုမ္ပဏီ တည်ထောင်လုပ်ကိုင်ရန် စတင်ဆွေးနွေး

thn-12-12-3
နိုင်ငံတကာ မိုဘိုင်းဖုန်းကုမ္ပဏီများ ၀င်ရောက်ပြသသည့် ICT ပြပွဲတစ်ခုအား တွေ့မြင်ရစဉ်

တရုတ်နိုင်ငံ၏ ပြည်ပမိုဘိုင်း ဖုန်းရင်းနှီးမြှုပ်နှံမှုဌာန(China Mobile Oversea Investment Department)မှ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကာ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးရန် စီစဉ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။
China Mobile Oversea Investment Department မှ မြန်မာနိုင်ငံတွင် Myanmar Mobile Company ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံ၏ ကုမ္ပဏီဆိုင်ရာ ဥပဒေများနှင့်အညီ တည်ထောင်ကာ ၀န်ဆောင်မှုပေးမည်ဟု သတင်းထုတ်ပြန်ထားပါသည်။ထိုသို့ တည်ထောင်လုပ်ကိုင်ရန်အတွက် ဒီဇင်ဘာလ ၅ ရက်နေ့က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် China Mobile Oversea Investment Department မှ အထွေထွေမန်နေဂျာဖြစ်သူ Ms. Zhao Fang

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ ထည့်သွင်းကောက်ယူမည်ဟု သိရ

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ မေးမြန်းပြီး ထည့်သွင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက အသိပေးထားသည်ဟု သတင်းရရှိသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် တည်နေရာပြ အကြောင်းအရာများဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်/မြို့နယ်ခွဲ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ မြို့/ကျေးလက်၊ စာရင်းကောက်ကွက်အမှတ်၊ အိမ်ထောင်စုအမှတ် စသည်တို့ မေးမြန်းသွားမည်ဖြစ်ပြီး အခြေခံလူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြောင်းရွှေ့သွားလာမှုဆိုင်ရာ အချက်အလက်များ၊ ပညာရေးဆိုင်ရာ အချက်အလက်များ၊ လုပ်သားအင်အား အကြောင်းအရာ၊ မွေးဖွားခြင်း အကြောင်းအရာ၊ သေဆုံးခြင်း အကြောင်းအရာများကိုလည်း မေးမြန်း ကောက်ယူသွားမည်ဖြစ်ကြောင်း

ကချင်ပြည်နယ်တွင် တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက် တစ်နှစ်ပြည့်သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ


thn-12-12-1


ကချင်ပြည်နယ်တွင် တပ်မတော်အနေနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက် ဒီဇင်ဘာလ ၁၀ ရက်က တစ်နှစ်ပြည့်ပြီ ဖြစ်သော်လည်း ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
''ဒီဇင်ဘာလဆန်းပိုင်းမှာ အရင်ကထက် ပိုပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာတယ်။ နိုဝင်ဘာလပိုင်းမှာ တိုက်ပွဲဖြစ်တာ နည်းသွားပြီး အခုရက်ပိုင်းမှ ပြန်ဖြစ်လာတဲ့ သဘောရှိတယ်။ ကချင်ပြည်နယ်နေရာအနှံ့မှာ ဖြစ်နေတယ်''ဟု ကချင်ပြည်နယ်မဲ ဆန္ဒနယ်အမှတ်(၁၂)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက ဒီဇင်ဘာလ ၁၁

နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC မြန်မာနိုင်ငံ က အကျဉ်းထောင်တွေကို လာကြည့်မည်

မြန်မာနိုင်ငံကို ၇ နှစ်ကြာ မလာရောက်ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် နိုင်ငံတကာကြက်ခြေနီ အဖွဲ့ ICRC ဟာ မြန်မာနိုင်ငံ က အကျဉ်းထောင်တွေရဲ့ အခြေအနေကို မကြာခင် ပြန်လည်လာရောက် ကြည့်ရှုဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို မလာရောက်ခင်မှာ ဦးသိန်းစိန်အစိုးရက ICRC ကို မြန်မာနိုင်ငံ အကျဉ်းထောင်တွေဆီ လာရောက်ကြည့်ရှုနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံကို သွားရောက်မယ့်ရက် အတိအကျကို မပြောနိုင်သေးကြောင်း၊ ဖြစ်နိုင်သမျှ မြန်မြန်သွားမှာဖြစ်ကြောင်း အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ICRC အကြီးအကဲ Alain Aeschimann က ပြောပါတယ်။
ဦးဆုံးပထမ ရှေ့ပြေး အလည်အပတ်အစီအစဉ်နဲ့ စတင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ မိမိတို့ သဘောတူညီ ထားပါတယ်၊ အဲဒီအစီအစဉ်မှာ နိုင်ငံတကာမှာ မိမိတို့ ကျင့်သုံးနေတဲ့နည်းလမ်းတွေ၊ ဆောင်ရွက်ပုံတွေအတိုင်း အကျဉ်းထောင်တွေကို ကြည့်ရှုစစ်ဆေးသွားမှာဖြစ်ပါတယ်၊ ရှေ့ပြေးအစီအစဉ်ပြီးတဲ့အခါ ကျန်နေသေးတဲ့ အကျဉ်းထောင်တွေအတွက် တိုးချဲ့ဆောင်ရွက်ဖို့ စီစဉ်မှာဖြစ်ပါတယ် လို့ Alain က ပြောပါတယ်။

သံဃာတွေအား တောင်းပန်ရန် ၁၂ ရက် ၁၂ လ ၁၂ နာရီ နောက်ဆုံးအချိန် သတ်မှတ်လိုက်ပြီ

အစိုးရအနေနဲ့ သံဃာထုတောင်းဆို ထားတဲ့ အချက်တွေကို လိုက်နာဖို့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီဟာ နောက်ဆုံး သတ်မှတ်တဲ့ အချိန်ဖြစ်ကြောင်း မန္တလေးသံဃာထုက သတိပေး မိန့်ကြားလိုက်ပါတယ်။
Photo: RFA
လက်ပန်းတောင်းသပိတ်ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၃၀ရက်နေ့က မန္တလေးဘုရားကြီးဝင်းအတွင်းတွင် သံဃာတော်များထိုင်သပိတ် ပြနေစဉ်
သံဃာတွေ တောင်းဆိုထားတဲ့ အချက် ၃ ချက်စလုံးကို တစ်စုံတရာတုန့်ပြန်မှု မရှိခဲ့ဘူးဆိုရင် ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည်၁ နာရီမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေသပိတ်ကို စတင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အဲဒီအတွက် အထက်ဗမာပြည်နဲ့ အောက်ဗမာပြည် သံဃာတော်တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု  ဦးဆောင်ကော်မတီကို ဒီဇင်ဘာလ ၁၁ ရက်နေ့က မန္တလေးမြို့၊

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။