MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

ရန်ကုန် တက္ကသိုလ် အတွက် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ကော့မှုးမြို့နယ်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန် ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အချက်အလက်များတင်ပြခြင်း အစည်းအဝေးပွဲ" ကို တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
AFP
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဒုတိယနေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (Photo: AFP)"
ရန်ကုန်တက္ကသိုလ် ပြန်လည်ပြုပြင်ရေး ကော်မတီ" က ဦးဆောင်ပြုလုပ်တဲ့

စိတ်ကြွ ဆေးပြားထုတ်လုပ်မှု များလာနေ

012-12-13
အာရှဒေသတွင်း မူးယစ်ဆေးဝါး ပြသနာ ကြီးထွားလာနေတာကို တိုက်ဖျက်နိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ အဓိကကျတဲ့ နိုင်ငံတခုဖြစ်တယ်လို့ ကုလသမဂ္ဂက မနေ့က ပြောဆိုလိုက်ပြီး ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းတွေမှာလည်း ပူပေါင်းပါဝင်ဖို့ကို မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
Photo courtesy of Pimuk Rakkanam 
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မူးယစ် ဆေးဝါးနှိမ်နင်းရေး အေဂျင်စီရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် UNODC ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr. Gary Lewis (ယာ)နှင့် INCB ဗဟိုဦးစီး အဖွဲ့ဝင် Dr Virooj Sumyai(ဝဲ) တို့ကိုတွေ့ရစဉ်။
ဒေသတွင်းမှာ Methamphetamine ခေါ် စိတ်ကြွဆေး ထုတ်လုပ်မှုမှာလည်း မြန်မာနိုင်ငံဟာ အဓိက ကျတဲ့ နေရာတခု ဖြစ်နေတာတွေရတယ်လို့ UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ေးဆးဝါးတိုက်ဖျက်ရေး အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်၊လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက ဒီစိတ်ကြွဆေးပြားတွေ စထွက်လာတာဖြစ်ပြီး ဒါကို သုံးစွဲလာတဲ့ နှုန်းဟာလည်း မြင့်လာနေတယ်လို့

ရှမ်းပြည်နယ်မှာ ကျင်းပတဲ့ HRDP သင်တန်း သတိပေးခံရ

2012-12-13
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်က ရှမ်းပြည်နယ် ဖယ်ခုံမြို့မှာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်တာကို ဒေသခံအာဏာပိုင်တွေက တားမြစ်ပိတ်ပင်နေတယ် လို့သိရပါတယ်။
(Photo: RFA)
မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပနိုင်ခဲ့သည့် လူ့အခွင့်အရေးနေ့ အခမ်းအနားကို ဘိုကလေးမြို့တွင် ၂၀၀၆ ဒီဇင်ဘာ ၁၀ရက်နေ့က ကျင်းပစဉ် မိန့်ခွန်းပြောကြားနေသော လူ့အခွင့်အရေးအဖွဲ့ ခေါင်းဆောင် ဦးမြင့်အေး။ (Photo: RFA)
နောက်ဆုံးကြေညာလိုက်တဲ့ သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွတ်လာတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်အဖွဲ့ခေါင်းဆောင် ဦးမြင့်အေး ဦးဆောင်ပြီး ကယားပြည်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းကမြို့တချို့မှာ လူ့အခွင့်အရေး ဆိုင်ရာဆွေးနွေးပွဲတွေကို

ဆွီဒင်နိုင်ငံလုပ် လက်နက်တွေ မြန်မာအစိုးရ စစ်တပ်ဆီ ရောက်ရှိနေ

2012-12-14
မြန်မာအစိုးရစစ်တပ် လက်ထဲရောက်ရှိသုံးစွဲနေတဲ့ ဆွီဒင်နိုင်ငံလုပ် တင့်ကားဖျက် ရိုင်ဖယ်တွေဟာ အိန္ဒိယ စစ်တပ်ကို မိမိတို့ရောင်းချလိုက်တဲ့ လက်နက်တွေဖြစ်ကြောင်း ဆွီဒင်နိုင်ငံက မနေ့က ပြောလိုက်ပါတယ်။
Photo: AFP 
တောနယ်ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရတပ်ဖွဲ့တစ်ဖွဲ့ကို တွေ့ရစဉ်
ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA နဲ့ အစိုးရတပ်တွေ တိုက်ခိုက်နေတဲ့ ကချင်ပြည်နယ်မှာ အစိုးရတပ်ဆီက ကျန်ရစ်ခဲ့တဲ့ လက်နက်တွေကို မြန်မာ အလွတ်သတင်းထောက်တစ်ဦးက ဓါတ်ပုံ ရိုက်ယူခဲ့ရာမှာ ဆွီဒင်နိုင်ငံလုပ် Carl Gustaf M3 အမျိုးအစား တင့်ကားဖျက်ရိုင်ဖယ်တွေ နဲ့ ကျည်ဆန်တွေ ပါဝင်နေတာတွေ့ရပါတယ်။ ဓါတ်ပုံတစ်ပုံမှာ လက်နက်ပေါ်က ထုတ်လုပ်တဲ့ အမှတ်စဉ်နံပါတ်ကိုပါ

လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍ ဟင်္သာတပရဟိတအကျိုးဆောင် သံဃာများ၏သဘောထားကြေငြာချက်ထုတ်ပြန်

 
လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍ ဟင်္သာတပရဟိတအကျိုးဆောင် သံဃာများ၏ သဘောထားကြေငြာချက် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။အဆိုပါသဘောထားကြေငြာချက်တွင် အချက် ၄ ချက်ပါဝင်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ.ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။
ဟင်္သာတပရဟိတ အကျိုးဆောင်သံဃာများ၏ သဘောထားထုတ်ပြန်ကြေငြာချက်တွင် -
(၁) ဗုဒ္ဓသာဝက ရဟန်းပျိုများ၏ သဘောထားထုတ်ပြန် တောင်းဆိုချက်များအား ဟင်္သာတပရဟိတ

စဥ့်ကူးမြို့နယ်တွင် ရွှေတွင်းမြေပြိုကျ၍ လူသုံးဦးပိတ်မိခဲ့ရာ ၁၃နာရီကျော်အကြာတွင် ပြန်လည်ကယ်ဆယ်နိုင်ခဲ့

ဒီဇင်ဘာလ ၁၂ရက်နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်တွင် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရေမျက်ကျေးရွာနှင့် ရေရှင်ကျေးရွာအကြား မင်းပန်းတောင်တွင် ရွှေတွင်းပြိုကျ၍ လူသုံးဦးပိတ်မိမှုဖြစ်ပွားခဲ့ပြီး ၁၃နာရီကျော်အကြာ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ နာရီကျော်အချိန်တွင် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၂ရက်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရေမျက်ကျေးရွာနှင့် ရေရှင်ကျေးရွာအကြား မင်းပန်းတောင်တွင် လက်ယက်ရွှေတွင်းတူးဖော်သည့် မျိုးမြင့်ဦး(၂၅)နှစ် လိပ်စာစိစစ်ဆဲ၊ စဥ့်ကူးမြို့နယ် ခူလယ်ရွာနေ အောင်သူ(၁၉)နှစ်နှင့် စဥ့်ကူးမြို့နယ် ရေရှင်ရွာနေ အောင်ကျော်ဦး(၁၉)နှစ် တို့(၃)ဦးသည် ရွှေတွင်းတူးရာ အတောင်(၃၀)ခန့် အနက်သို့ရောက်ရှိစဉ် မြေပြိုကျပြီး ပိတ်မိနေသဖြင့် ရေမျက်ကျေးရွာ ရာအိမ်မှူး ဦးဖိုးစန်းပါ ရွာသား(၂၀)ဦးနှင့် တာဝန်ရှိသူများမှ အဆိုပါနေရာသို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး

ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်း သပိတ်ကျင်းမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ နှစ်ပတ်အတွင်း ၇ ကြိမ်အထိရှိခဲ့

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့အနီး၌ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၄၇ မိနစ် ၃၂ စက္ကန့် အချိန်က အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့က တစ်ရက်အတွင်း အင်အားအနည်းငယ်ရှိ မြေငလျင်နှစ်ခု လှုပ်ခတ်သွားကြောင်းနှင့် နှစ်ပတ်အတွင်း ငလျင်လှုပ်ခတ်မှု (၇) အကြိမ်အထိ ရှိခဲ့ကြောင်းလည်း သိရှိရသည်။ဒီဇင်ဘာလ ၆ရက်နေ့၊ မွန်းလွဲ ၂ နာရီ၊ ၅၇ မိနစ်အချိန်က မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက်  ၅၅ မိုင်ခန့်ကွာဝေးသော  သပိတ်ကျင်းမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ယာဉ်ကြောပိတ်ဆို့မှု ပိုမိုလာသော ဈေးချိုဝန်းကျင်တွင် ယာဉ်ရပ်နားဇုန်ပြုလုပ်ရန်စီစဉ်






 ယာဉ်ကြောပိတ်ဆို့မှု ပိုမိုလာသော ဈေးချိုဝန်းကျင်တွင် ယာဉ်ရပ်နားဇုန်ဖော်ထုတ်ရန် စီစဉ်လျက်ရှိကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ စုံစမ်းသိရှိရသည်။ယာဉ်ရပ်နားဇုံကို ၂၅ ထပ် မန်းမြန်မာပလာဇာတွင် ဖော် ထုတ်ရန် လျာထားဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ပြီးပါက ဈေးချိုဝန်းကျင်တွင် ယာဉ်ရပ်နားကောက်ခံမှုအတွက် လေလံချထားပေးခြင်းကို ယခုနှစ် ဘဏ္ဍာရေးနှစ် အကုန်တွင် ခွင့်ပြုတော့မည်မဟုတ်ကြောင်းလည်း သိရှိရသည်။လက်ရှိအချိန်တွင် မန်းမြန်မာ ပလာဇာရှိ ပထမထပ်၊ဒုတိယထပ်နှင့် တတိယထပ်တို့တွင် ယာဉ်ရပ်နားအပ်နှံနိုင်ပြီဖြစ်ပြီး စတုတထပ်နှင့် ခြောက်ထပ်မြောက်တို့တွင်လည်း အပ်နှံနိုင်ရန် ပြင်ဆင်လျက်ရှိကာ အားလုံးပြီးစီးပါက

မှတ်ပုံတင်မရှိဘဲ ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီးအတွင်း ခိုးဝင်လာသူတစ်ဦးအား မင်းဘူးမြို့နယ် တရားရုံးမှ အလုပ်မဲ့ ထောင်ဒဏ်(၁)နှစ် ချမှတ်ခဲ့

အမျိုးသားမှတ်ပုံတင်နှင့် ယာယီသက်သေခံလက်မှတ်မရှိဘဲ မကွေးတိုင်းဒေသကြီးအတွင်းသို့ ခိုးဝင်လာသော ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ် ကန်ဖော့ကျေးရွာနေသူ ဖော်ဇာလာမွတ်အား မင်းဘူးမြို့နယ် တရားရုံးမှ ၁၉၄၉ ခုနှစ်၊ပြည်ထောင်စုမြန်မာနိုင်ငံတော်နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ-၆(၃)အရ ဒီဇင်ဘာလ(၁၁)ရက်နေ့က အလုပ်မဲ့ထောင်ဒဏ်(၁)နှစ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ဖော်ဇာလာမွတ်အား ဒီဇင်ဘာလ(၆)ရက်နေ့က မင်းဘူးမြို့ကိုင်းမကြီးဘေးမဲ့တောကြားစခန်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးမှူး ဦးသန့်ဇင်မှ အဆိုပါ ဥပဒေပုဒ်မဖြင့် တရားရုံးသို့ ဦးတိုက်လျောက်၍

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး နှစ်ဖက်အရာရှိအဆင့် ဆွေးနွေးပွဲကို မောင်တောမြို့တွင် ပြုလုပ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး နှစ်ဖက်အရာရှိအဆင့် ဆွေးနွေးပွဲကို မောင်တောမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါဆွေးနွေးပွဲကို မောင်တော နယ်စပ်ကုန်သည်များအသင်း ဒေ၀ါနဒီခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)တပ်မှ ဒုဗိုလ်မှူးကြီး Zulul ဦးဆောင်သည့် အရာရှိ ၈ ဦးနှင့် မြန်မာဘက်မှ နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦး ဦးဆောင်သည့် အရာရှိ ၁၇ ဦး တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။အဆိုပါဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၁၅ မှ နေ့လည် ၁၂ နာရီ ၃၀ ထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ နယ်စပ်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးပေးဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းအပြင် နယ်စပ်ဖြတ်ကျော် တရားမ၀င်သွားလာခြင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းများကို တားဆီးရေး အပါအ၀င်

အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲများ၌ ပြည်သူလူထုများ ပါဝင်ဆွေးနွေးနိုင်ပြီး သဘောတူညီချက်များ ရရှိနိုင်ရေးအတွက် RCSS/SSA မှ ပြည်သူများအား စည်းရုံးတိုက်တွန်းမည်

နိုင်ငံတော်အစိုးရနှင့် လာမည့် ၂၀၁၃ ခုနှစ် နိုင်ငံရေးဆွေးနွေးပွဲများ၌ ပြည်သူလူထုများ ပါဝင်ဆွေးနွေးနိုင်ပြီး သဘောတူညီချက်များ ရရှိနိုင်ရေးအတွက် RCSS/SSA (ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ) ၏ အပစ်အခတ်ရပ်စဲမှု တစ်နှစ်ပြည့်ခြင်းအား သဘောထားကြေညာချက် ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။RCSS/SSA အနေဖြင့် အပစ်အခတ်ရပ်စဲခြင်းအား ပြန်လည်သုံးသပ်ကြည့်ပါက ကောင်းကျိုးနှင့် ဆိုးကျိုးနှစ်မျိုးစလုံးကို တွေ့ရှိရမည်ဖြစ်ကြောင်းနှင့် အနာဂတ်နိုင်ငံရေး ရည်မှန်းချက်ငါးချက်အား ချမှတ်ထားကြောင်း ယင်းကြေညာချက်အရ သိရသည်။

သယံဇာတထုတ်ယူရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်ချက်အတွက် ဗြိတိန်မှ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲပေးအပ်သွားမည်



ဗြိတိန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစတာဟူဂိုဆွိုင်းယားက ရှင်းလင်းပြောကြားနေစဉ်
ဗြိတိန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာဟူဂိုဆွိုင်းယား ဦးဆောင်သော စွမ်းအင်ကဏ္ဍတွင် အတွေ့အကြုံရှိ ကုမ္ပဏီများပါဝင်သော စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရောက်ရှိခဲ့သည်။၎င်းက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ဗြိတိန်၏ ဆက်လက်ပူးပေါင်းပါဝင်မှုကို ပြသရန်နှင့် စွမ်းအင်ကဏ္ဍတွင် ဗြိတိန်ပညာရှင်များ၏ ပါဝင်မှုကို တိုးမြှင့်ရန် လာရောက်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။''ကျွန်တော်က စွမ်းအင်ကဏ္ဍကို ဦးတည်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ကိုလည်း ဦးဆောင်လာတာ ဖြစ်ပါတယ်။ ဒီကဏ္ဍမှာ တာဝန်ယူမှုရှိတဲ့

ပတ်စ်ပို့စ်နှင့် ငွေကြေးအခက်အခဲများကြောင့် ပြည်ပသို့ သွားရောက်ကုသရန် စီစဉ်ထားသည့် ဒဏ်ရာပြင်းထန်သော သံဃာတော်ငါးပါးအနက် တစ်ပါးသာ သွားရောက်ကုသနိုင်သေး


ပတ်စ်ပို့စ် အခက်အခဲနှင့် ငွေကြေးအခက်အခဲများကြောင့် ပြည်ပသို့ ဆေးကုသမှု သွားရောက်ခံယူရန် စီစဉ်ထားသည့် သံဃာတော် ငါးပါးအနက် ဆရာတော်ဥူးတိက္ခဥာဏ တစ်ပါးသာ ဒီဇင်ဘာလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံသို့ သွားရောက်ကုသနိုင်သေးကြောင်း လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာ တော်များ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်များ၏ ပြောကြားချက်အရ သိရသည်။
လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့ ဆရာတော် ဥုးတိက္ခဥာဏသည် ရောဂါအခြေအနေ ဆိုးရွားခြင်းမရှိဘဲ ၄င်း၏ဆန္ဒအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူရန်အတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင်

အက်ဆစ်ထိမိပြီး ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်လေးဦးအား ကျန်းမာရေးစစ်ဆေးမှု သတင်းထုတ်ပြန် ၊ ကလေးငယ်များအား မည်သူနှင့်မျှ တွေ့ဆုံခွင့်ပြုမထား

thn-14-12-5
ရန်ကုန်ကလေးဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် ကလေးငယ်များအား ဒီဇင်ဘာလ၁၂ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုနေစဉ် ဓါတ်ပုံ - Sunny

လက်ပံတောင်းတောင် နယ်မြေဒေသအတွင်း အက်ဆစ်ထိမိပြီး ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်လေးဦးအား ကျန်းမာရေးစစ်ဆေးမှု သတင်းထုတ်ပြန်ချက်ကို ဒီဇင်ဘာလ၁၄ရက်နေ့က နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းမဟုတ်ဘဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ရန်ကုန်ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော
အဆိုပါ ကလေးငယ်များထံသို့ ဒီဇင်ဘာလ၁၂ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ရက်အကြာတွင်

ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်



ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများ အနက် မန္တလေး၊ မြင်းခြံမြို့နှင့် မုံရွာမြို့များရှိ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်ထားကြောင်း သိရသည်။ အဆိုပါ အမှုဖွင့် အရေးယူခံထားရသူများမှာ မန္တလေးရှိ ဗကသများ အဖွဲ့ချုပ်မှ ၃ ဦးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးလှုပ်ရှားသူတစ်ဦး၊ မြင်းခြံမှ ၅ ဦးနှင့် မုံရွာမှ ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။အဆိုပါ အမှုဖွင့် အရေးယူခံရသူများကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းက ခေါ်ယူစစ်ဆေးခဲ့ ခြင်းဖြစ်ပြီုး မြင်းခြံမှ ၅ ဦးမှာ အာမခံရရှိခဲ့ပြီး မန္တလေးရှိ ၄ ဦးမှာ ခံဝန်စာရွက်တွင် တရားရုံး၏ ဆုံးဖြတ်ချက် မကျသေးဘဲ တရားခံဟု သုံးနှုန်းထားသည့်အတွက် အာမခံမယူဘဲ နေခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်မှ အထက်ဗမာပြည် ပြန်ကြားရေးတာဝန်ခံ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး ဦးပိုင်လီမိတက်၏ နာမည်ပေါက် ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရ


 

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက်ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့
ရှိခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်၊
 လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု
 မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်၊
 ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်သည် ဒီဇင်ဘာလအတွင်းမှ စတင်ကာ ရခိုင်ပြည်နယ် ဒေသများဖြစ်သည့် ကျောက်ဖြူ၊ သံတွဲနှင့် ဂွအစရှိသည့် မြို့နယ်များသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ စစ်ဆေးတွေရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
''ကျွန်တော်တို့အဖွဲ့ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ရာမှာ စစ်တပ်က မြေတွေသိမ်းလို့ နစ်နာတဲ့အတွက် လယ်သမားတွေက နစ်နာလို့ တိုင်ကြားတဲ့ အမှုတွေ အများဆုံးဖြစ်ပါတယ်။ သိမ်းယူပြီးနောက်ပိုင်းမှာလည်း

ရန်ကုန်မြို့၌ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပ



ရှမ်းရိုးရာနှစ် ၂၁၀၇ ခုနှစ်ကို ကြိုဆိုသည့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ကြောင်း သတင်းရရှိပါသည်။ ရှမ်းနှစ်သစ်ကြိုဆိုပွဲကို ရှမ်းရိုးရာနှစ် ၂၁၀၆ ခုနှစ် တန်ဆောင်မုန်းလကွယ်ည (၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ည) တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကိုးမိုင်ရှမ်းရွာရှိ အောင်မြေဘုံသာ သျမ်းကျောင်းတွင် ည ၇ နာရီဝန်းကျင်၌ စတင်ပြုလုပ်ခဲ့သည်။ အဆိုပါ နှစ်သစ်ကြိုဆိုပွဲသည် ရန်ကုန်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ပွဲဖြစ်မြောက်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရှမ်းတိုင်းရင်းသားများ ပါဝင်ဆင်နွှဲခဲ့ကြသည်။ အခမ်းအနားကို ရှမ်းအိုးစည်တီးခတ်မှု၊ ရွှေဥဒေါင်း ငှက်အက၊ တိုးနယားအက၊ သိုင်းအကတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ညောင်းပင်ရှမ်းရွာအက၊ ရန်ကုန်-ထုံ့မောဝ်အသင်း ရှမ်းအိုးစည်အက၊ တိုင်းနေပျိုမေခုနစ်ဖော်အက၊ ရွာသာယာရှမ်းအက၊ ဓားသိုင်းယိမ်းအက၊ တိုက်ကြီးရှမ်းစုရပ်ကွက်

မြ၀တီမြို့ တွင် ကလို့ထူးဘော (ကရင်အမျိုးသားတပ်မတော်)မှ လှည့်လည်ဆန္ဒဖော်ထုတ်




လက်ပံတောင်းတာင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် ကလို့ထူးဘော (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်)မှ မြ၀တီမြို့တွင်း၌ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယခင်(DKBA)၊ ယခု ကရင်အမျိုးသားတပ်မတော်မှ စစ်မှန်သည့် ငြိမ်းချမ်းရေးလိုလားသူ ဗိုလ်မှူးကြီးစန်းအောင် ဦးဆောင်သည့် အင်အားတစ်ထောင်ကျော်ခန့်ရှိ ကရင်တပ်မတော်များသည် ကားအစီး (၁၀)ကျော် လက်နက်အင်အားအပြည့်အစုံနှင့် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် တောရကျောင်းလမ်းမှ စတင်ထွက်လာပြီး ဘုရင့်နောင်လမ်းမကြီးအတိုင်ချစ်ကြည်ရေးတံတားဖက်သို့ လှည့်လည်သွားကာ ကြခတ်တောကျောင်းလမ်းအတိုင်း ချိုးဝင်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရသည်။ ယင်းကဲသို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွင် ကချင်ပြည်နယ်အတွင်း ထိုးစစ်များကိုချက်ချင်းရပ်ပေးဖို့ ၊သံဃာတော်တွေနဲ့ ပြည်သူလူထု တောင်းဆိုချက်များကို လိုက်လျော့ပေးဖို့ ၊သံဃာတွေကို အကြမ်းဖက် နှိမ်နင်းမှုမှ တာဝန်ရှိသူတွေကို ချက်ချင်းအရေးယူပေးဖို့ ၊စုံးစမ်းစစ်ဆေးရေးကော်မတီ

ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၁၆ အား Download ရယူနိုင်ပါသည်။

 Download Here

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။