MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 15, 2012

တရားပွဲဖိတ်ကြားလွှာ (စင်္ကာပူ) အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)


တရားပွဲကျင်းပရာနေရား  Function Room 1
                                 Arena Country Club 511 Upper Jurong Road.
                                 Singapore 638366
                                 (near Joo Koon MRT ).

2018World Cup အိမ်ရှင် မြန်မာနိုင်ငံအဖြစ်သတ်မှတ်


2018 Word Cup ကျင်းပခွင့် အား အိမ်ရှင်နိုင်ငံအဖြစ်မြန်မာနိုင်ငံကိုရွှေးချယ်လိုက်ကြောင်း FIFA
မှ ဇူလိုင်လ 11 , 2010 ရက်နေ့ က တရားဝင်ထုတ်ပြန်ကြေငြာလိုက်သည်။ 2014ပြိုင်ပွဲကို တောင်အမေရိကတိုက်မှ ဘရာဇီးနိုင်ငံတွင်ကျင်းပမည်ဖြစ်သည်။ 2018 ခုနှစ် တွင် အာရှတိုက်မှလက်ခံကျင်းပရမည်ဖြစ်သောကြောင့် အိမ်ရှင်အဖြစ်လျှောက်ထားသော အာဖဂန်နစတန် ၊ အီ၇တ်၊အရှေ့တီမော ၊ မြန်မာ ၊ မော်ဒိုက် ၊ ဘူတန် ၊ မြောက်ကိုရီးယား စသည်နိုင်ငံများထဲမှအသင့် တော်ဆုံး မြန်မာနိုင်ငံကို မဲအများဆုံးနှင့် ရွှေးချယ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဆင့် အတန်းမြင့် မားမှု ၊ ပြည်တွင်း ကလပ်အသင်းများ ကြွှေးမြီဝန်ထုတ်ဝန်ပိုး
ကင်းရှင်းမှု ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ပရိတ်သတ်များအတွက်လုံခြုံရေးစိတ်ချရမှု၊ သယ်ယူပို့ ဆောင်ရေးနှင့်  ဘောလုံးအခြေခံအဆောက်အအုံများ ကောင်းမွန်ပြည့်စုံမှုတို့ ကြောင့် 

မြန်မာအေးဂျင့်များမှ အသက်မပြည့်သေးသည့် မြန်မာမိန်းကလေးများအား စင်္ကာပူနိုင်ငံသို့အိမ်ဖော်အဖြစ်ပို့ ပေးခြင်း (သိမှတ်ဖွယ်ရာ ပို့စ် )

The Straits Times - July 23, 2012
By: Amelia Tan
Myanmar agents send underage maids here Myanmar domestic workers (from left) Lu Si, 32; Nant Wai Zin Htwe, 26; San Le Le Mon, 25; and Nwet Nwet Mu, 23, came to Singapore to work as maids as they can earn higher salaries here. -- PHOTO: MARK CHEONG FOR THE STRAITS TIMES
UNDERAGE girls in Myanmar are being recruited to work as maids in Singapore, say agents and recruiters.
The teenagers, some as young as 16, have gone through immigration checkpoints using passports with false ages.
Since 2005, the Ministry of Manpower (MOM) has required all foreign maids who work in Singapore to be at least 23 years old.
It is not known how many underage Myanmar maids are here but anecdotal evidence from agents and recruiters suggests that the numbers are rising.
The Myanmar Embassy in Singapore did not respond to queries by press time. But The Straits Times understands that it is monitoring the issue of underage maids. In recent years, it is believed to have referred some who found themselves in trouble to non-governmental organisations here for shelter.
Humanitarian Organisation for Migration Economics, a migrant workers group, has sheltered a handful of Myanmar maids below the age of 23 in recent years.
Four Singapore agents, who declined to be named for fear of being penalised by the MOM, said they had each been recommended a handful of women aged below 20 by their recruitment middlemen in Myanmar this year. They suspected the girls were teenagers based on their photos. And their doubts

အိန္ဒိယက ရခိုင်ပြည်နယ်အတွက် ဒေါ်လာ တစ်သန်းလှူဒါန်း

ပဋိပက္ခတွေကြောင့် လူထောင်နဲ့ချီ နေရပ်ကရွှေ့ပြောင်းရတဲ့ ရခိုင်ပြည်နယ်အတွက် ဒေါ်လာ ၁ သန်းကူညီမယ်လို့ အိန္ဒိယနိုင်ငံက မနေ့က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး  Salman Khurshid က အကူအညီပေးမယ့်အကြောင်း ကြေညာလိုက်တာပါ။ ဒါ့အပြင် အိန္ဒိယနိုင်ငံဟာ ရခိုင်ပြည်နယ်  စစ်တွေမြို့မှာ ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ပါတယ်။အိန္ဒိယနိုင်ငံဟာ ၂ဝ၁၅ မှာ စတင်လည်ပတ်မယ့်
 စစ်တွေရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ဒေါ်လာ သန်း ၁၂ဝ  အကုန်အကျခံထားပါတယ်။ ဆိပ်ကမ်းစီမံကိန်းအရ အိန္ဒိယနိုင်ငံ ကုန်းတွင်းပိတ်ဒေသဖြစ်တဲ့ မီဇိုရမ်ပြည်နယ်က ကုန်သင်္ဘောတွေ ကုလားတန်မြစ်မှာ ခုတ်မောင်းနိုင်ပါမယ်။အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ
 ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒါ့အပြင် မြန်မာနဲ့ အိန္ဒိယ ပူးတွဲကျင်းပတဲ့ နိုင်ငံတကာ

ထိုင်းနိုင်ငံရောက် နိုင်ငံခြားအလုပ်သမား မှတ်ပုံတင်ရက် ကုန်ဆုံးသွား

မြန်မာအများစုပါဝင်တဲ့ ထိုင်းနိင်ငံ ရှိ ရွေ့ပြောင်းအလုပ်သမားတွေ ဟာ သောကြာနေ့ ကို နောက်ဆုံးရက် အဖြစ် မှတ်ပုံတင်ဖို့ တိုင်းအစိုးရက သတ်မှတ်ထားလို့ Samut Sakhon အလယ်ပိုင်း ခရိုင်ရှိ ထိုင်းအလုပ်သမားရုံးမှာ ကြိတ်ကြိတ်တိုး အလုအယက်မှတ်ပုံတင်ခဲ့ကြကြောင်း TNA ထိုင်းသတင်းစဉ်မှာ ဖေါ်ပြထားပါတယ်။
RFA
၂၀၁၁ ခုနှစ် ဇွန် ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ မြန်မာရွေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကိစ္စကို ဆောင်ရွက်ပေးနေသည့် ထိုင်း လူဝင်မှုကြီးကြပ်ရေး မှတ်ပုံတင်ဌာနတခုတွင် အလုပ်သမားမှတ်ပုံတင် စာရင်းသွင်းနေသော မြန်မာရွေ့ပြောင်းအလုပ်သမားတဦး။
မှတ်ပုံတင်ရက်ကို တိုးမြှင့်ပေးဖို့ အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်သူတွေက မေတ္တာရပ်ခံပေမယ်လို့လဲ ထိုင်းအစိုးရက လက်မခံပယ်ချလိုက်တယ်လို့ The Bangkok Post က ရေးလိုက်ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီး Padermchai က နောက်ဆုံးသတ်မှတ်ရက်ကို ၆

ထိုင်းရောက်ရွှေ့ ပြောင်းအလုပ်သမားတွေနေရပ်ပြန်ပို့ခံရမည့် အရေးနဲ့ ရင်ဆိုင်နေရ


ထိုင်းအစိုးရဟာ နိုင်ငံတွင်းလာရောက်လုပ်ကိုင်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ ပြောင်း အလုပ်သမားတွေကို  အလုပ်သမားလက်မှတ် သက်တမ်းထပ်မတိုးပေးတော့တဲ့အတွက် သန်းနဲ့ချီတဲ့ မြန်မာ အလုပ်သမားတွေ ဖမ်းဆီး ပြန်ပို့ခံရမယ့် အရေးနဲ့ကြုံတွေ့ နေရပါတယ်။
ထိုင်းနိုင်ငံတွင်းအလုပ်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေက ရွှေ့ ပြောင်း အလုပ်သမားတွေရဲ့ အလုပ်သမား လက်မှတ် သက်တမ်းကို ဒီဇင်ဘာ ၁၄ ရက် နောက်ဆုံးထားပြီး၊ ထပ်တိုးပေးတော့မှာမဟုတ်ဘူးလို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနကကြေညာထားတာပါ။
မဟာချိုင်ရှိ မြန်မာငါးဖမ်းအလုပ်သမားများ
ထိုင်း နိုင်ငံခြားသားအလုပ်သမားအုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူး Dechar Peukpattanaruk က ဒီနေ့ပြီးရင်တော့ ထိုင်းနိုင်ငံမှာ တရားမ၀င် အလုပ် လုပ်တဲ့သေူတွ သူတို့ရဲ့ နိုင်ငံကိုပြန်ရမယ်၊

ကျပ် ၁ သိန်းခွဲအောက် 3G ဖုန်းတွေ လာမယ့်နှစ်ဆန်းပိုင်းမှာ ဖြန့်မယ်


 

ကျပ် ၁ သိန်းခွဲနဲ့အောက် မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ၂၀၁၃ ခုနှစ်ဦးပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့  နေရာ ၁၈ နေရာမှာ အရောင်းဆိုင်တွေ ဖွင့်လှစ်  ရောင်းချမယ်လို့
 မြန်မာ့ဆက်သွယ်ေရးလုပ်ငန်းက အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။အခု အသစ်ရောင်းချမယ့် 3G/UMTS(Universal Mobile Telephone System) ဟာ လက်ရှိကမ္ဘာ့နိုင်ငံတွေမှာ အများဆုံးတွင်တွင်ကျယ်ကျယ် သုံးနေတဲ့ မိုဘိုင်းဖုန်းစနစ်ဖြစ်ပြီး ဟန်းဆက် အမျိုးအစား မြင့်ရင်မြင့်သလို အကျိုးရှိရှိသုံးနိုင်မယ်လို့ ဆိုပါတယ်။ကြေးနန်းဆက်သွယ်ရေးနဲ့စာတိုက် သင်တန်းကျောင်းရဲ့ ကျောင်းအုပ် ဦးကျော်စိုးက ပြောပါတယ်။“၁ သိန်းခွဲရယ်။ ၁ သိန်းခွဲအောက် ဈေးနှုန်းပေါ့။ အဲလို ကျနော်တို့ တင်ပြထားတာရှိပါတယ်။ ကျနော်တို့ စက်ပစ္စည်းတပ်ဆင်မှုတွေ လုပ်နေပါတယ်။ လာမယ့်နှစ်ဦးပိုင်းမှာ စမှာဖြစ်ပါတယ်။ လာမယ့်နှစ်ဦးပိုင်းက စက်ပစ္စည်းတွ တပ်ဆင်ပြီးရင် စမ်းသပ် လည်ပတ်ရပါမယ်။ စမ်းသပ်လည်ပတ်ကာလက ၂ ပတ်လောက်တော့ ကြာလေ့ရှိပါတယ်။ သေသချာချာ

MAI မြန်မာ့ လေကြောင်း မှ လှိုက်လဲစွာ ကြိုဆိုပါတယ်…

မင်္ဂလာ ရှိသော မနက်ခင်းပါ၊ မြန်မာ့ နိုင်ငံတကာ လေကြောင်းမှ ထိုင်နေသာခရီးသည်များနှင့် မတ်တက်စီးနင်း လိုက်ပါလာသော ခရီးသည်များကိုနှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ လေယဉ်မှူး သူရိန် ဖြစ်ပါတယ်။
လူကြီးမင်းများအားလုံး ကိုယ့်ထိုင်ခုံ တွင် ထိုင်ကြရန် နှင့်
မတ်တက်ရပ်သူများ သေချာ မတ်တက် ရပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ မြန်မာ့လေကြောင်း မှ ခရီးစဉ်ချိန် ၄ရက် နောက်ကျသွားခြင်းကြောင့် ၀မ်းနည်းပါတယ်။ရာသီဥတု မကောင်းတာကြောင့် ဖြစ်ပါတယ်။
ကျွန်တော်တို့ Flight 747 စင်္ကာပူ မှ မြန်မာပြည် ကို ပျံသန်း နေခြင်းဖြစ်ပါတယ်။ လေယာဉ် ဘယ်နား
ရပ်နားမယ်ဆိုတာတော့ ပြောလို့ မရပေမဲ့ မြန်မာပြည် တစ်နေရာရာမှာရပ်နားမှာတော့ ကြိမ်းသေပါတယ်။ ကံကောင်းရင် လူကြီးမင်းတို့ နေတဲ့ ရပ်ကွက်မှာဆင်းသက်နိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာ့ လေကြောင်းဟာ ခရီးစဉ်အားလုံး ဘေးကင်းစွာပဲ
ပျံသန်းနေတာကြာပါပြီ၊ ဘယ်လောက် အန္တရာယ် ကင်းသလဲဆိုရင် အကြမ်းဖက်
သူတွေတောင် ကြောက်ပြီးမစီးကြပါဘူး။ သတင်းကောင်းပါး လိုက်တာကတော့ ကျွန်တော်တို့ ရဲ့ ခရီးသည် ၃၀%ဟာ သူတို့ သွားလိုတဲ့ ခရီးကို မြန်မာ့လေကြောင်း ပို့ဆောင်မှုကြောင့်ရောက်ရှိခဲ့ပါတယ်။ ခရီးသည်များ တောင်းဆိုချက်အရ ကျွန်တော်တို့ရဲ့ လေယာဉ်ပန်ကာ အင်ဂျင်ဟာ နားငြီးတယ် ဆိုရင် ပိတ်ပေးလို့ ရပါတယ်။ တကယ်ဘုရားတရားမကိုင်းရှိုင်းသူများ ကျွန်တော်တို့ လေကြောင်းဟာ

မြိတ်မှ ရန်ကုန်သို့ ခရီးစဉ် ပျံသန်းစဉ် လေယာဉ်တစ်စီး အင်ဂျင်ချွတ်ယွင်းမှုဖြစ်ပေါ်၍ ထားဝယ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရ

 
မြန်မာ့လေကြောင်းမှ ခရီးစဉ် အမှတ် XY-AGA, F-28 လေယာဉ် တစ်စီးသည် ဒီဇင်ဘာလ ၁၃ ရက် နေ့ နံနက်က ရန်ကုန်-မြိတ်-ရန်ကုန် ခရီးစဉ်အား ပျံသန်းပြေးဆွဲနေစဉ် မြိတ်မြို့မှ ရန်ကုန်သို့ အပြန်၌ လေယာဉ်၏ ညာဘက်အင်ဂျင် Vibrate (တုန်ခါမှု) ဖြစ်ပြီး ထားဝယ် လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သတင်းရရှိသည်။ ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၇၉ ဦး လိုက်ပါလာသော အဆိုပါလေယာဉ်သည် မြိတ်မြို့မှ ရန်ကုန်သို့အပြန် နံနက် ၈ နာရီ ၂၃ မိနစ် တွင် အရေးပေါ် ဆင်းသက်ရန်အတွက် ထားဝယ်လေဆိပ်သို့ အကြောင်းကြားခဲ့ပြီး နံနက် ၈ နာရီ ၃၁ မိနစ်တွင် ထားဝယ်လေဆိပ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း ထားဝယ်လေဆိပ်မျှော်စင်မှ

ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရန် စီစဉ်ထားသော ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာရှိ မိန့်ခွန်းပြောမည့် စင်မြင့်အနီးတွင် အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရ

ဒေါ်အောင်ဆန်းစုကြည် ကော့သောင်း-မြိတ်-ကျွန်းစုမြို့နယ်-ကံမော်ကျေးရွာများသို့ သွားရောက်ရန် စီစဉ်ထားသော  ခရီးစဉ်မစတင်မီ ကံမော်ကျေးရွာ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့်အနီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့် အချိန်က အသေးစား ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာရှိ
 ဦးနောင်မဲပိုင်ဆိုင်သည့် ကွင်းပြင်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောရန် ဆောက်လုပ်ထားသည့် စင်မြင့် နှင့် ကွင်းပြင်များကို ကံမော်ကျေးရွာရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များမှ သန့်ရှင်းရေး လုပ်ဆောင်နေစဉ်အသေးစား ပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အသေးစား အဆိုပါ အသေးစားပေါက်ကွဲမှုကြောင့် အမျိုးသမီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။''ဖြစ်တာကတော့ ညနေ ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့တာပါ အဲဒီကွင်းပြင်မှာရှိတဲ့ မြက်ခြောက်တွေကို စုပုံပြီး

ငွေလဲနှုန်းအား နှုန်းရှင်အဖြစ် ပြောင်းလဲခဲ့ပြီးနောက်ပိုင်း အောက်တိုဘာလမှစ၍ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်နေ

ha-15-12-1
ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ပြောင်းလဲပြီးနောက်ပိုင်း အောက်တိုဘာလမှစတင်၍ နိုင်ငံခြားငွေလဲနှုန်း အတက်အကျ အနည်းပါးလျက်ရှိကြောင်း ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။
'' နိုင်ငံခြားငွေလဲလှယ်မှုနှုန်းမှာ အခု ၈၄၄ ကျပ်ဝန်းကျင် ပုံမှန်သွားနေမှာပါ။ စိုးရိမ်စရာမရှိပါဘူး '' ဟု သမ၀ါယမလိမိတက်ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့ပါသည်။
ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် စတင်သတ်မှတ်သော ဧပြီလအတွင်း နိုင်ငံခြားငွေလဲနှုန်းတွင် မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာငွေ တန်ဖိုးမှာ အမေရိကန်တစ်ဒေါ်လာလျင် ၈၁၅ ကျပ်ဝန်းကျင်တွင်ရှိခဲ့ပြီး အနိမ့်ဆုံး ၈၁၀ ကျပ်မှ အမြင့်ဆုံး ၈၁၇ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။ မေလပထမပတ်အတွင်း အမေရိကန်တစ်ဒေါ်လာ

ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ် ဖျက်သိမ်းမည်မဟုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်း-မြိတ်-ကျွန်းစု-ကံမော် ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့်အနီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရှိရသည်။
“ခရီးစဉ် မပျက်ပါဘူး။ နဂိုစီစဉ်ထားတဲ့ အတိုင်းပါပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုန်းကြိုင်က ပြောပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ကော့သောင်း-မြိတ်-ကျွန်းစုမြို့နယ်-ကံမော်ကျေးရွာခရီးစဉ်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်

တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်း

တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းလိုက်ကြောင်းကို နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ်၊ ၉၉/၂၀၁၂ ဒီဇင်ဘာလ ၁၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ကြေငြာချက်တွင် ဦးစိုးသိန်း ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန (၃) မှဥက္ကဌအဖြစ် ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် ဦးဝင်းရှိန် ပြည်ထောင်စုဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းထွန်း ပြည်ထောင်စုဝန်ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဦးသန်းဌေး ပြည်ထောင်စုဝန်ကြီး စွမ်းအင်ဝန်ကြီးဌာနနှင့် ဒေါက်တာမြင့်အောင် ပြည်ထောင်စုဝန်ကြီး သတ္တုတွင်းဝန်ကြီးဌာနတို့ ပါဝင်ကြသည်။
အဆိုပါကော်မတီကို ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု အခြေခံမှုဘောင်များအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည်

ရန်ကုန်မြို့ရှိ စက်မှုဇုန်များမှ စက်ရုံများအားလုံး မိမိစက်ရုံမှ စွန့်ပစ်ရေဆိုးများ ထွက်ရှိသည်(သို့) မထွက်ရှိသည်ကို ရန်ကုန်မြို့တော်စည်ပင်သို့ ၂၀၁၃ ခုနှစ် မတ်လကုန်မတိုင်မီ အပြီးတင်ပြရမည်





thn-14-12-1
 ရွှေပြည်သာမြို့နယ်ရှိ အရက်ချက်စက်ရုံတစ်ခုမှ စွန့်ပစ်ရေဆိုများ စွန့်ထုတ်နေမှုအား တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်မှုဇုန်များမှ စက်ရုံများအားလုံး မိမိစက်ရုံမှ စွန့်ပစ်ရေဆိုးများ ထွက်ရှိသည်(သို့မဟုတ်) မထွက်ရှိသည်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသို့ ၂၀၁၃ ခုနှစ် မတ်လ ကုန်မတိုင်မီ အပြီးတင်ပြရမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ဌာနမှူး ဦးသန်းလွင်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ရန်ကုန်မြို့တွင် စက်မှုဇုန်အရေအတွက် ၂၄ ခုတွင်
စက်ရုံပေါင်း  ၃၅၆၂ ရုံရှိပြီး ယင်းစက်ရုံများ ကော်မတီဝင်များကို အစည်းအဝေးခေါ်ယူ၍ မိမိစက်ရုံများမှ ရေဆိုးထွက်လျင် ထွက်ရှိသည့်အကြောင်း၊ ရေဆိုးမထွက်လျင်လည်း မထွက်သည့်အကြောင်းကို အကြောင်းကြားရန် ပြောကြားခဲ့ပြီးဖြစ်သည်ဟု သိရသည်။
''စက်ရုံတွေကို ရေဆိုးထွက် မထွက်ကို အရင်ကလို လိုက်မစစ်တော့ဘူး။ စက်ရုံတွေက ရေဆိုးထွက်ရင်

ရန်ကုန်တွင်အများပြည်သူစီး မြို့ ပတ်ရထား လမ်းချော်မှုတစ်ခုဖြစ်ပွား

141
ရန်ကုန်-အင်းစိန် လက်ယာရစ်ရထား နောက်ဆုံးတွဲ လမ်းချော်မှုတစ်ခု သံလမ်းဘူတာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ် အချိန်တွင် အင်းစိန်လက်ယာရစ်  ခရမ်းရထား ၆ နောက်ဆုံးတွဲသည် သံလမ်းဘူတာအနီး မေတ္တာညွှန့်နှင့် တာမွေကြား မိုင်တိုင်အမှတ် ၃/၁၀- ၁၁ ကြား၌ လမ်းချော်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်က လမ်းမတော်ကနေ ရထားကိုစီးလာတယ်။ မေတ္တာညွှန့်အထွက်ကြတော့ ရထားက ခုန်ဆွခုန်ဆွဖြစ်ပြီး ဟိုဘက်ဒီဘက် ယိမ်းယိုင်ထိုးနေတယ်။ အဲဒါနဲ့ ကျွန်တော်က ခေါင်းကို အပြင်ထွက်ကြည့်တော့ ရထားက လမ်းချော်နေမှန်းသိတယ်” ဟု ရထားနောက်ဆုံးတွဲ လိုက်ပါလာသူ

 မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုအားလုံး၏ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများအား တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် ပို့ဆောင်ရောင်းစားသည့် အမှုများဖြစ်

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုအားလုံး၏ ၇၀ရာခိုင်နှုန်းသည် မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် ပို့ဆောင်ရောင်းစားသည့် အမှုများပြီး ထိုင်းနိုင်ငံနှင့် ပြည်တွင်းတွင်လည်း  အဓမ္မခိုင်းစေမှုများနှင့် ပြည့်တန်ဆာအ ဖြစ်
 စေခိုင်းမှုများရှိနေကြောင်းကို ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အထူးအဖွဲ့တာဝန်ခံ ဒုရဲမှူး ဒေါ်အေးအေးမြင့်က ဒီဇင်ဘာလ ၁၁ရက်နေ့၌ Excel Tower တွင် ကျင်းပခဲ့သော 'ကလေးကူသန်းရောင်းဝယ်မှု ပပျောက်ရေး' အခမ်းအနားတွင် ပြောကြားခဲ့ခြင်းသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုအားလုံး၏ ၂၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံ၏  အလုပ်ရုံ၊စက်ရုံများတွင် လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများ၊ထိုင်းငါးဖမ်းလှေများတွင် အတင်းအကြပ်စေခိုင်း ခံရမှုများနှင့် အချို့အမျိုးသမီးများသည် လိင်ဖျော်ဖြေရေးနေရာများတွင် လိင်ခေါင်းပုံဖြတ်ခံရမှုများလည်း

မန္တလေးမြို့မှာ အဖမ်းခံရတဲ့ ကြေးနီတောင် စီမံကိန်း ဆန္ဒပြသူတွေ အာမခံမယူ

2012-12-14
မန္တလေးမြို့မှာ မနေ့ကအဖမ်းဆီးခံလိုက်ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ သူတို့ကို တရားသေလွှတ်တာမဟုတ်ပဲ အာမခံနဲ့ တရားရင်ဆိုင်ရမယ်ဆိုတဲ့စနစ်ကို လက်မခံဘူး ဆိုပြီး ပယ်ချလိုက်ကြောင်း RFA ကို ပြောပါတယ်။
RFA
သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့အနေနဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက သံဃာတော် (၅) ထောင်ကျော် အပါအ၀င် ပရိသတ် အင်အား တသောင်းကျော် ဆန္ဒပြနေစဉ်။
ယုံကြည်ချက်နဲ့ဆောင်ရွက်မှုကို သူတပါးကဝင်ပြီး ငွေနဲ့အာမခံပေးရတယ်ဆိုတဲ့အပေါ် အာမခံပေးရသူတွေကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်တာကတကြောင်း၊ ကိုယ်တိုင်အာမခံတဲ့အခါမှာလဲ လက်မှတ်ထိုးရမယ့်စာပေါ်မှာ တရားခံလို့သုံးနှုန်းထားတာ၊ တရားရုံးလာဖို့ပျက်ကွက်ရင် ငွေ ၅ သိန်းလျော်ရမယ်ဆိုတာကိုလဲ လက်မခံနိုင်တာကတကြောင်းကြောင့် ဒီစနစ်ကို ဆန့်ကျင်တာဖြစ်တယ်လို

ပြည်မြို့မှာ လက်ပန်းတောင်းတောင်အရေး ဆန္ဒပြတောင်းဆို

2012-12-14
လက်ပန်းတောင်းတောင်အရေးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေအတွက် ရည်ရွယ်ပြီး၊ ပြည်မြို့မှာ လူ့အခွင့်အရေးအဖွဲ့ဝင် ၁ဝ ဦးလောက်ဟာ ဒီကနေ့ နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ပြည်မြို့က လူ့အခွင့်အရေးအဖွဲ့ဝင်တွေဟာ လက်ပံတောင်းတောင်စီမံကိန်း အမြန်ဆုံးရပ်ဆိုင်းပေးဖို့နဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို ဥပဒေမဲ့ပြုမူဆောင်ရွက်တာကို ဖော်ထုတ်အရေးယူပေးဖို့ ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြလမ်းလျှောက်ခဲ့ကြတယ်လို့ ဒေသခံ ကိုကျော်ကျော်က RFA ကို ပြောပါတယ်။
အခုလိုလမ်းလျှောက်ဆန္ဒပြတဲ့နေရာမှာ ဆရာတော်သံဃာတော်တွေပါဝင်မယ်လို့ သတင်းကြားထားပေမယ့် ဆန္ဒပြတဲ့အခါမှာ လူ့အခွင့်အရေးအဖွဲ့ဝင်တွေသာ ဦးဆောင်လမ်းလျှောက်ခဲ့ကြတာဖြစ်ပြီး  ပြည်မြို့နယ် ဆံတော်ရပ်ကွက်မှာရှိတဲ့ ရွှေဆံတော်ဘုရားကြီးအနားကနေ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ပြီး

ဝါဝါဝင်းကုမ္ပဏီကို ဆန္ဒပြနေကြတဲ့ လယ်သမားတွေ နားလိုက်ပြီ

2012-12-14
ရန်ကုန်မြို့၊ လသာမြို့နယ်က ဝါဝါဝင်း ကုမ္ပဏီရုံးရှေ့မှာ ၄၄ ရက်ကြာ ဆန္ဒ ထုတ်ဖော်နေခဲ့ကြတဲ့ လှိုင်သာယာ မြို့နယ်၊ အနော်ရထာစက်မှုဇုန် လယ်သမားတွေဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် ရဲ့ ခေါ်ယူစုံစမ်း မေတ္တာရပ်ခံချက်ကြောင့် ပြီးခဲ့တဲ့ည က ဆန္ဒထုတ်ဖော်မှုရပ်တန့်ပြီး နေရပ်ပြန်သွားကြပြီလို့ သိရပါတယ်။

Photo: RFA
ဝါဝါဝင်းကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် လယ်သမားတွေ ရန်ကုန်မြို့ထဲမှာ စီတန်းလှည့်လည် ဆန္ဒပြနေစဉ်

ဆန္ဒထုတ်ဖော်မှု ရုပ်သိမ်းလိုက်တာဟာ ကုမ္ပဏီနဲ့ ဆန္ဒပြသူ နှစ်ဦးနှစ်ဖက်အပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ မေတ္တာရပ်ခံချက်ကြောင့်ဖြစ်တယ်လို့ လယ်သမားအရေးဆောင်ရွက်သူ

ပြန်လွတ်လာသူတွေ ရန်ကုန်မှာ ထပ်မံဆန္ဒပြ

လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သတ်ပြီး ငွေကြာယံကျောင်းတိုက်က သံဃာတော်နှစ်ပါး နဲ့အတူ မကြာသေးခင်ကမှ အင်းစိန် အကျဉ်းထောင်ကနေ အာမခံနဲ့ ပြန်လွတ်လာတဲ့ ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ အပါအဝင် လူဆယ်ဦးဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။


Photo:RFA/Kyaw Zawe Win
လက်ပန်းတောင်းတောင် အရေးနဲ့ပက်သက်ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့တွင် ဆက်လက် ဆန္ဒထုတ်ဖော်နေသူများကို တွေ့ရစဉ်။
ဆန္ဒပြသူတွေဟာ မွန်းလွဲ ၃ နာရီအခ်ျိန်က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးကနေ စတင်ပြီးနောက် ရေတာရှည်လမ်းကနေ အနောက်ရွှေဂုံတိုင်လမ်းအတိုင်း စီတန်းလမ်းလျှောက်ခဲ့ကြပြီး ကိုးထပ်ကြီးဘုရားမှာ အဆုံးသတ်ခဲ့ကြပါတယ်။ လမ်းလျှောက်ဆန္ဒပြရာမှာ တောင်းဆိုတဲ့အချက်တွေနဲ့ 

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။