MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, December 16, 2012

လက်ပန်တောင်းတောင် အကြမ်းဖက်မှုအပေါ် အစိုးရတောင်းပန်

2012-12-15
လက်ပန်တောင်းတောင်သပိတ်စခန်းတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တာနဲ့ ပတ်သက်ပြီး ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေကို နိုင်ငံတော်သမ္မတကိုယ်စား သမ္မတရုံးဝန်ကြီး ဦးလှထွန်းဦးဆောင်ပြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ရဲချုပ် ဦးကျော်ကျော်ထွန်းတို့ဟာ ဒီကနေ့ နေ့လည် ၂နာရီက မန္တလေးမြို့က အတုမရှိကျောင်းတိုက်မှာ တောင်းပန်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။
Photo : RFA/San Oo
မန္တလေးမြို့မှ သံဃာတော်များ ထိုင်သပိတ်စတင်
သမ္မတရုံးဝန်ကြီးရဲ့ တောင်းပန်စကားဟာ နိုင်ငံတော်အစိုးရက တောင်းပန်တဲ့စကားရပ်အဖြစ် သံဃာထုက ယုံကြည်တယ်လို့ ဓမ္မဓဟာရကျောင်းဆရာတော်က ဒီကနေ့ တောင်းပန်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ဒီကနေ့ တောင်းပန်ပွဲကို သံဃာတော်အပါး ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး တောင်းပန်တဲ့ စကားရပ်ကို ထေရဝါဒ သာသနာအစဉ်အလာအရ ပါဌိလို ရွတ်ဖတ်တိုင်ကြားပေးခဲ့ပြီး ဝန်ကြီးနဲ့အတူ

လက်ပန်းတောင်းအကြမ်းဖက်မှု ဖြေရှင်းဖို့ တကိုယ်တော်ဆန္ဒပြ

2012-12-15
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရပ်တန့်ရေး သပိတ်မှောက် တောင်းဆိုခဲ့ရာမှာ အကြမ်းဖက်ဖြိုခွဲ ခံခဲ့ရတဲ့ ရဟန်းရှင်လူတွေ အရေးနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေ ဖြေရှင်းပေးဖို့ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့က ကိုထင်ကျော်ဟာ ရန်ကုန် သိမ်ကြီးဈေး တဝိုက်မှာ ဒီကနေ့ နေ့လည်ပိုင်းက တစ်ကိုယ်တော် တောင်းဆို ဆန္ဒပြခဲ့ပါတယ်။
ကိုထင်ကျော်ဟာ နေ့လည် (၂) နာရီ ကျော်လောက်မှာ သိမ်ကြီးဈေးရှေ့က ဆူးလေ ဘုရားလမ်း အတိုင်း လမ်းလျှောက်ကာ ကတိမတည်တဲ့ ပြည်ထောင်စုအစိုးရဆိုတဲ့ ခေါင်းစဉ်တပ်ထားတဲ့ စာစောင် တွေ ဖြန့်ဝေပြီး မြို့တော်ခန်းမရှေ့အထိ သွားရောက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ထောက်ခံကြောင်းနဲ့ အဲဒီသပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခဲ့မူတွေမှာ တာဝန်ရှိသူတွေကို အရေးယူဖို့ လိုအပ်တာကြောင့် ခုလိုတကိုယ်တော်  ဆန္ဒပြရတာဖြစ်တယ်လို့

ဦးသိန်းစိန်ကို ၂၀၁၂ အာရှတိုက်သားအဖြစ် စင်္ကာပူသတင်းစာရွေးခြယ်

2012-12-15
မြန်မာသမ္မတဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ်အတွက် အာရှတိုက်သား Asian of the Year အဖြစ် စင်္ကာပူ နိုင်ငံထုတ် The Straits Times သတင်းစာက ဒီကနေ့မှာ ရွေးခြယ်ဖော်ပြလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ(ပ်)တွင်ကျင်းပသည့် အမေရိကန်-အာဆီယံ စီးပွားရေး ဖိုရမ်တွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ်။
မြန်မာနိုင်ငံက နိုင်ငံရေးလူမှုရေးနဲ့ နိုင်ငံလမ်းကြောင်းကို မထင်မှတ်ဘဲ ပြောင်းလဲစေခဲ့တဲ့ ရှေ့တန်းက ဦးဆောင်သူတဦးဖြစ်တယ်လို့လည်း သတင်းစာအယ်ဒီတာအဖွဲ့က မှတ်ချက်ပေးပါတယ်။
ဦးသိန်းစိန်ဟာ နိုင်ငံအများစုက ဆင်းရဲဒုက္ခနဲ့ပြဿနာပေါင်းစုံ ပင်လယ်ဝေနေတဲ့ နိုင်ငံအဖြစ် မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ရှုမြင်ထားခဲ့တဲ့အဖြစ်ကနေ အပြောင်းအလဲ ခေါင်းဆောင်တဦးအဖြစ် ထွက်ပေါ်လာခဲ့တာလို့ သတင်းစာက ရေးပါတယ်။
ဒီလိုပြောင်းလဲခဲ့တဲ့ အကျိုးရလာဒ်တွေဟာ အများအံ့အားသင့်စေခဲ့ပြီး ဦးသိန်းစိန်ရဲ့ ရိုးသားမှုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတောင် အသိမှတ်ပြု ထောက်ခံမှု

ရခိုင်ပြည်နယ်အကြမ်းဖက်မှုအရေး ပါတီ ၃ ခုနဲ့ ဗြိတိန်သံအဖွဲ့ဆွေးနွေး

2012-12-15
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Heyn နဲ့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Hugo Lwire တို့အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပြည်နယ်အတွင်းမှာ ကျူးကျော်နေထိုင်သူ တွေရဲ့အရေးနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာရှိတဲ့ နိုင်ငံရေးပါတီ ၃ ခုက တာဝန်ရှိသူတွေနဲ့ စစ်တွေမြို့ နိုဗယ်ဟိုတယ်မှာ ဒီကနေ့ မနက် ၁၁ နာရီက သီးသန့်တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးရာမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီတွေက ကိုယ်စားလှယ် စုစုပေါင်း ၈ ဦးနဲ့ ၁

စစ်အစိုးရနဲ့ဆက်ဆံခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုမလျော့ခဲ့ကြောင်း အိန္ဒိယပြောကြား

2012-12-15
မြန်မာစစ်အစိုးရနဲ့ အိန္ဒိယထိတွေ့ဆက်ဆံခဲ့ရတာဟာ အရေးကြီးတဲ့နယ်စပ်လုံခြုံရေး မဟာဗျူဟာတွေကြောင့်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီး Salman Kharshid က ပြောဆိုလိုက်ပါတယ်။
Photo: RFA/Kyaw Htoon Naing
ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့မှာ ပြည်သူတွေနဲ့ တွေ့ဆုံစဉ်
မြန်မာ့ဒီမိုကရေစီရေးကို အရင်ကထောက်ခံခဲ့တဲ့ အိန္ဒိယအစိုးရဟာ နောက်ပိုင်းမှာတော့ မြန်မာစစ်အစိုးရနဲ့ ပြေလည်အောင် ပေါင်းသင်းဆက်ဆံလာတဲ့အတွက် ဝေဖန်ခံရမှုတွေ ရှိခဲ့ပါတယ်။ဒါနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံဟာ အရင်စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံခဲ့ပေမယ့် တဖက်မှာလဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုကမလျော့ခဲ့ပါဘူးလို့

ဖမ်းဆီးမှုနဲ့ လူမှောင်ခိုလက်ထဲထည့်မယ့်အရေး ထိုင်းရောက်မြန်မာအလုပ်သမားတွေစိုးရိမ်နေ

2012-12-15
ထိုင်းနိုင်ငံအတွင်း အထောက်အထားမရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို မနေ့က ယာယီပတ်စပို့စ် ပြုလုပ်ရေး လုပ်ငန်းစဉ်အဆုံးသတ်ပြီး ဒီကနေ့ကစလို့ စတင်ဖမ်းဆီး ပြန်ပို့မယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့လ (၂၆)ရက်နေ့ ကတည်းက တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒီကနေ့မှာတော့ စတင်ဖမ်းဆီးခံရသူ တချို့ကို ထိုင်းရဲတချို့က စကားပြန်ကနေတဆင့် ငွေတောင်းတာတွေ၊ ခြိမ်းခြောက်တာတွေရှိနေတယ်လို့ သိရပါတယ်။
ဘန်ကောက်မြို့ တောင်ဘက် မဟာချိုင်ဒေသမှာ ဒီကနေ့ နေ့လည် (၁၂) နာရီခွဲခန့်မှာ အဖမ်းဆီးခံရသူ တဦးဖြစ်တဲ့ ကိုသက်ဝေက ထိုင်းရဲတွေက သူနဲ့ မြန်မာအလုပ်သမလေး တစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး အဲဒီအလုပ်သမလေးကတော့ တရားဝင် ပတ်စပို့စ်ရှိလို့ အခြားသူတဦးက

 အတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးတွင် ပြည်ထောင်စုအစိုးရ (ကိုယ်စား) သမ္မတရုံးဝန်ကြီး ဦးလှထွန်းမှ သံဃာတော်များအား ၀န်ချ တောင်းပန် လျောက်ထား

 thn-15-12-1
လက်ပန်းတောင်းတောင် အရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့(ကိုယ်စား) သမ္မတရုံးဝန်ကြီး ဦးလှထွန်းမှ သံဃာတော်များအား ၀န်ချတောင်းပန် လျောက်ထားပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီက မန္တလေးတောင်ခြေရှိ မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးတွင် ပြုလုပ်ခဲ့သည်။
ဝန်ချတောင်းပန် လျောက်ထားခြင်း အခမ်းအနားကို သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတအကြံပေး ဦးလှမောင်ရွှေ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦး သာအေး၊မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် ရဲမှူးချုပ် ဦးကျော်ကျော်ထွန်းတို့ ပါဝင်ခဲ့သည်။အခမ်းအနားသို့ မန္တလေး၊မုံရွာ၊ပခုက္ကူစသည့် ဒေသများမှ သြ၀ါဒါစရိယ ဆရာတော်ကြီးများနှင့် လက်ပန်းတောင်းတောင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဟန်း၊သာမဏေများ

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။