MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။
*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*
"MTS Online Radio"
မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။
မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။
Video Downloader Software
Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<
Tuesday, December 18, 2012
မန္တလေးတိုင်း မိတ္ထီလာခရိုင် မလှိုင်မြို့ နယ်က မတရားသူကြီးမ နှင့် မြို့ နယ်အုပ်ချုပ်ရေးမှူးတို့ ၏လာဘ်စားမှူ
ကျမက မန္တလေးတိုင်း မိတ္ထီလာခရိုင် မလှိုင်မြို့ နယ်ကပါ။ အကြောင်းကတာ့ ကျမအမေက လွန်ခဲ့တဲ့ ၁၅ နှစ်က ကျမတို့နေအိမ်နဲ့ ဆက်လျက်  ဝိုင်းခြံမြေကို အသိသက်သေများနဲ့ တကွ တရားဝင် ဝယ်ယူခဲ့တာပါ။  အခုထိလည်း စာချုပ်ထဲမှာပါတဲ့ သက်သေအားလုံး သက်ရှိထင်ရှားရှိနေပါသေးတယ်။အခု အဲဒီဝိုင်းမြေနဲ့ ပတ်သက်ပြီး  အမှုဖြစ်တာပါ။ ကျမအမေက အဲဒီဝိုင်းခြံကို ခြံစည်းရိုးကာတာကို မူလဝိုင်းပိုင်ရှင်ရဲ့သမီးက လက်မခံနိုင်ဘူးဆိုပြီး အမေ့ကို တရားစွဲတာပါ။ဒီအမှုကို ကိုင်တာက မြို့ နယ် လက်ထောက်တရားသူကြီးမပါ။ အမှုကို ဟိုဘက်ရော၊ ဒီဘက်ရော၊ သက်သေတွေရော စစ်ပြီးပါပြီ။  အဲဒီမှာ ဒီဝိုင်းခြံဟာ အမေပိုင်ဆိုင်ကြောင်း သိသာထင်ရှားနေပါတယ်။ ဒါပေမယ့် အမှုကို အချိန်ဆွဲထားပြီး နှစ်ဘက် ခွစားနေတာပါ။ဘယ်လိုသိလဲဆိုတော့ ကျမတို့က သာမန်လူတန်းစားတွေပါ။ အမေက ပညာမတတ်ပါဘူး။ ဒီလိုအမှုဖြစ်တယ်ဆိုတော့ တရားသူကြီးဆီ ဝင်ရတယ်လို့ပြောကြတော့ အမေက တရားသူကြီးမဆီ သွားတာပေါ့။   တရားသူကြီးမက အခန်းထဲကနေ မမြင့်ဌေးလား ထိုင်ပါဦးတဲ့။ အမေက မမြင့်ဌေးမဟုတ်ပါဘူး။ အမေကေဒ်ါခင်စန်းဌေးပါ။ မမြင့်ဌေးဆိုတာ အမေကို စွဲဆိုထားတဲ့ တဖက်ကလူပါ။ အဲဒီမှာနှစ်ဘက်စလုံးကို သူလက်ခံနေတာပါ။တရားသူကြီးတယာက်က အဲဒီလိုအမှုကို အချိန်ဆွဲထားပြီး နှစ်ဘက် မစားသင့်ပါဘူး။ နောက်ပြီး ဒီအမှုနဲ့ ပက်သက်ပြီး အမှန်အားလုံးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက အကုန်သိထားပါတယ်။သူကဒီအမှုနဲ့ ပက်သက်ပြီး အမှန်ဘက်ကနေ သူလိုက်ပေးမယ်လို့  အစကတော့ ပြောထားတာပါ။ တကယ်လိုအပ်လို့ သွားခေါ်တော့မရပါဘူး။  ကျမတို့သိရတာက တဖက်က သူ့ကို ငွေပေးထားတယ်လို့ သိရပါတယ်။အဲဒါကြောင့် ကျမတို့မှာ မှန်ကန်နေရဲ့သားနဲ့ မတရားတာခံနေရပါတယ်။ ကျမတို့က သားအမိ ၂ ယောက်ထဲရှိတာပါ။  အားကိုးစရာအဖေ မရှိတော့ပါဘူး။ ဘာလုပ်ရမှန်းလဲမသိဘူး။ ဘယ်သူ့ကို အားကိုးရမှန်းလဲ  မသိပါဘူး။ ဒါကြောင့် ဒီဗွီဘီက တဆင့် တင်ပြလိုက်ရပါတယ်။ ကျမတို့ အမှန်တရားအတိုင်း ဖြစ်ချင်ပါတယ်။ အားကိုးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို Ion Ratiu ဒီမိုကရေစီဆုချီးမြှင့်
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်အတွက် Ion Ratiu ဒီမိုကရေစီဆု ချီးမြှင့်လိုက်တယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Wilson Center ဥက္ကဌ နဲ့ ညွှန်ကြားရေးမှူး Jane Harman က မနေ့က ကြေငြာ လိုက်ပါတယ်။ဒီမိုကရေစီရေးနဲ့ မြန်မာပြည်သူတွေအရေးရည်သန်ပြီး
 မဆုတ်မနစ်ဆောင်ရွက်လာတဲ့အတွက် ဒီဆုနဲ့ ထိုက်တန်သူအဖြစ် ချီးမြှင့်တာပါလို့လည်း ပြောကြားပါတယ်။ဒီဆုကို ရန်ကုန်မှာ မြန်မာပြည်သူလူထုရှေ့မှောက်မှာ
 ချီးမြှင့်မယ့်အကြောင်း Wilson Center မှာရှိတဲ့ Global Women’s Leadership Initiative ညွှန်ကြားရေးမှူး Rangita de Silva de Alwis က ပြောပါတယ်။Global Women’s Leadership Initative က ပူးတွဲ ကမကထလုပ်ပြီး ရန်ကုန်မှာ လာမယ့်နှစ် ဇန်နဝါရီလ ၁၅ ရက် နဲ့ ၁၆ ရက် နှစ်ရက်ကြာကျင်းပမယ့် မြန်မာနိုင်ငံ ဒီမိုကရေစီတည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်ကဏ္ဍနဲ့ ကမ္ဘာနဲ့ ဒေသ မဟာဗျူဟာများကို
ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား KIA မှဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်သား (၁) ဦး ကျဆုံး
ယနေ့ ( ၁၈-၁၂-၂၀၁၂ ) ရက်နေ့ နံနက် ( ၄ ) နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား KIA အင်အား ( ၇၀ ) ခန့် လာရောက်တိုက်ခိုက်ရာ ရဲစခန်းကျဆုံးသွားပြီး ရဲတပ်သား ( ၁ )
ဦးကျဆုံးသွားကြောင်းသိရသည်။
KIA မှ ပြန်လည်ထွက်ခွာသွားကြောင်းနှင့် ထိခိုက်ဒါဏ်ရာရသူ များပြားပြီး ကာမိုင်းဆေးရုံတွင် တက်ရောက် ကုသလျက်ရှိသည်ဟု သိရသည်။ ရဲစခန်းအနီး နေထိုင်သူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲစခန်းအနီး ထီရောင်းချသူတစ်ဦးထံမှ သိရသည်။
ကာမိုင်းအထွက်အင်းတော်ချောင်းတံတားကိုလည်း KIA မှ ဖျက်ဆီးသွားကြောင်း သိရသည်။ ကားလေးများသာ သွားနိုင်တော့ပြီး ကားကြီးများ သွားလာနိုင်ခြင်း မရှိတော့ကြောင်းလည်း သိရသည်။ ဒီဇင်ဘာလအတွင်းတွင် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေရာမှ
 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် မိုင်းလားအဖွဲ့တို့ တွေ့ဆုံဆွေးနွေး
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များ ဒီဇင်ဘာလ ၇ ရက်နေ့က မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေး
ခဲ့ကြောင်း သိရသည်။အဆိုပါ တွေ့ဆုံဆွေးနွေးရာ၌ မိုင်းလားအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်
အားလုံးနှင့် တွေ့ဆုံခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက သုံးရက်ကြာ ကျင်းပခဲ့သော ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများ တွေ့ဆုံ၍ ငြိမ်းချမ်းမှု အတွက် ယုံကြည်မှုတည်ဆောက်သော
 ဆွေးနွေးပွဲ အတွေ့ကြုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းလိတ်၏ ပြောကြားချက်အရ သိရသည်။
''ကနဦးတည်းက ကျွန်တော် တို့ ကြေညာထားတဲ့အတိုင်း ဒုတိယအကြိမ်ကျရင် ရှမ်းပြည်တစ်ခုလုံးမှာရှိတဲ့
 ထားဝယ်လေဆိပ်တွင် ထိုင်းလေတပ်မှ လေယာဉ်တစ်စီး အင်ဂျင်ပိုင်းချွတ်ယွင်းမှုကြောင့် ညအိပ်ရပ်နားခဲ့ရ
ဒီဇင်ဘာလ ၁၇ ရက်နေ့က ထားဝယ်ရေနက်ဆိပ်ကမ်းသို့ လာရောက်သည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်၏ အဖွဲ့တွင် လိုက်ပါလာသော လေယာဉ်တစ်စီးသည် အင်ဂျင်ပိုင်းပြသာနာ
 ဖြစ်ပွားခဲ့၍ လေယာဉ်ပျံတက်နိုင်ခြင်း မရှိဘဲ ထားဝယ်လေဆိပ်၌ ညအိပ်ရပ်နားခဲ့ရကြောင်း သတင်းရရှိသည်။ထိုင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် မီဒီယာများ စီးနင်းလိုက်ပါလာသော
 အင်ဂျင်လေးလုံးပါ C-130 လေယာဉ်သည် ယင်းနေ့ ညနေပိုင်းတွင် ထားဝယ်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အင်ဂျင်စက်နှိုးစဉ် လေယာဉ်၏ ညာဘက်အင်ဂျင်တစ်လုံး ပါဝါမတက်သောကြောင့် ဘန်ကောက်သို့ ထွက်ခွာနိုင်ခြင်းမရှိဘဲ ရပ်နားထားခဲ့ရကြောင်း သိရသည်။
“မနေ့က အဲ့ဒီလေယာဉ်နဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ လေယာဉ်နှစ်စီး ထားဝယ်လေဆိပ်ကို ရောက်ရှိလာပါတယ်။ C-130 မှ လေယာဉ် အမှူးထမ်းနဲ့ ခရီးသည် ၄၆ ယောက် ပါလာပါတယ်။ ATR-72 က ၀န်ကြီးချုပ်
 တရားသူကြီးချုပ်များနှင့် သက်ဆိုင်ရာ တရားသူကြီးများပါ ပြည်သူ့ရှေ့မှောက်တွင် ကတိသစ္စာပြုရန်အပါအ၀င် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ထုတ်ပြန်ကြေညာ
တရားသူကြီးချုပ်များနှင့် သက်ဆိုင်ရာ တရားသူကြီးများပါ ပြည်သူ့ရှေ့မှောက်တွင် ကတိသစ္စာပြုရန် အပါအ၀င် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လာမည့်လွှတ်တော်တွင် ဆွေးနွေးသွားနိုင်ရန် ပြည်သူ့လွှတ်တော်က ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ယင်းဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါဥပဒေကြမ်းတွင် စာချွန်တော် လျောက်ထားမှုဆိုင်ရာကိစ္စ၊ တရားခွင်တွင် တရားသူကြီးများ ပြည်သူ့ရှေ့မှောက်၌ ကျမ်းကျိန်ဆိုရမည့် ပုဒ်မ ထည့်သွင်းပြဋ္ဌာန်းရန်၊ အကျဉ်းထောင် အချုပ်ခန်းများသို့ တရားသူကြီးများ စစ်ဆေးရန်ကိစ္စတို့ကို ထည့်သွင်းပြင်ဆင်ရန် အချက်များ
အထောက်အထားမဲ့ လုပ်သား ၂ သန်းခန့်ကို ယာယီမြန်မာနိုင်ငံကူး လက်မှတ်များ ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကာ Stateless ဖြစ်နေသည့် ကလေးများ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရ
181
အထောက်အထားမဲ့ လုပ်သား ၂ သန်းခန့်ကို ယာယီမြန်မာနိုင်ငံကူး လက်မှတ်များ ဆက်လက်ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး Stateless ဖြစ်နေသည့် ကလေးများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားခဲ့သည်။
“အထောက်အထားမဲ့ သွားရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမား ၁.၂ သန်းကျော်ကို ယာယီမြန်မာနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံတွေမှာ ကျန်ရှိနေသေးတဲ့ လုပ်သား ၂ သန်းခန့်ကိုလည်း ဆက်လက်ထုတ်ပေးနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့
ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ ၃ရုံကို တည်ဆောက်သွားမည်
ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး အဆိုပါ ကုမ္ပဏီများသည် လကိရှိအချိန်တွင် ဒေသအချို့၌ လုပ်ငန်းပိုင်းဆိုင်ရာ လေ့လာမှုများ ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊လျှပ်စစ်စွမ်းအားဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခင်မောင်ဇော်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိက ပါဝင်ဆောင်ရွက်နိုင်ခွင့်များကို ၂၀၁၂ခုနှစ်မှ စတင်ဆောင်ရွက်နေကြောင်း၊၂၀၁၃ခုနှစ်တွင် ပိုမိုတွင် ကျယ်လာမည်ဖြစ်ကြောင်း၊ပုဂ္ဂလိကပိုင်းမှ ကမ်းလှမ်းထားသည့် ကုမ္ပဏီ ၁၂ခုသည် ယခုအခါ
 NLD ပညာရေးကွန်ယက် နှစ်နှစ်ပြည့် ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို Sky Net ၊ Air Bagan နှင့် AGD Bank တို့မှ အဓိက အလှူရှင်များ (စပွန်ဆာပေးသူ) အဖြစ် သိန်းနှစ်ထောင်ကျော် လှူဒါန်း
18
NLD  ပညာရေး ကွန်ယက် နှစ်နှစ်ပြည့် အခမဲ့ ပညာဒါန ကျောင်းများ ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို  Sky Net ၊ Air Bagan နှင့် AGD Bank အစရှိသော အစိုးရနှင့် နီးစပ်သော ခရိုနီ လုပ်ငန်းရှင်များမှ  ပိုင်ဆိုင်သည့် လုပ်ငန်းများမှ အဓိက အလှူရှင်များ (စပွန်ဆာပေးသူများ) အဖြစ် ငွေကျပ် သိန်း နှစ်ထောင်ကျော် လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို အစိုးရနှင့် နီးစပ်သော ခရိုနီ လုပ်ငန်းရှင်များဖြစ်သည့် ဦးတေဇ  ပိုင်ဆိုင်သည့် Air Bagan၊ AGD Bank နှင့်  ရွှေသံလွင် ဦးကျော်ဝင်း ပိုင်ဆိုင်သော Sky Net၊ ရွှေအက်ဖ်အမ် တို့အပြင်  MDG ကုမ္ပဏီမှ စပွန်ဆာပေးမည် ဖြစ် ကြောင်း သတင်းများ ပြီးခဲ့သည့်
နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ ရက်သတ္တတစ်ပတ်ကြာ ပြည်တွင်းအတွေ့အကြုံများကို သတင်းစာရှင်းလင်းပွဲကျင်းပ
thn-18-12-2
နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်
နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ရက်သတ္တတစ်ပတ်ကြာ ပြည်တွင်း အတွေ့အကြုံများအား သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေရသာစားသောက်ဆိုင်၌ နံနက် ၉နာရီဝန်းကျင်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။အဆိုပါ နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့်  နိုင်ငံရေးပါတီများ၊  အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး၊နိုင်ငံရေးအမြင် များကို ဆွေးနွေးခြင်း၊ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးခြင်း၊အမျိုးသမီးများ အခွင့်အရေး၊ဖွံဖြိုးတိုးတတ်ရေး၊နိုင်ငံ့စွမ်းရည်မြှင့်တင်ရေးတို့အတွက် ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း
နိုင်ငံတကာသုံး VISA ကတ်အား ပြည်တွင်း၌သုံးစွဲရန် ဘဏ်သုံးဘဏ်နှင့် ချိတ်ဆက်ထားသော်လည်း လက်တလောတွင် သမ၀ါယမလိမိတက်၌ စတင်အသုံးပြုနိုင်
thn-18-12-1
နိုင်ငံတကာသုံး အမေရိကန် အခြေစိုက် VISA ကတ်အား ပြည်တွင်း၌ သုံးစွဲရန် ပြည်တွင်း ဘဏ်သုံးဘဏ်ဖြစ်သော သမ၀ါယလိမိတက်ဘဏ်၊ ကမ္ဘာဇဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်များနှင့် ချိတ်ဆက်ထားသော်လည်း လတ်တလောတွင် သမ၀ါယ မလိမိတက်ဘဏ်၌ စမ်းသပ်ကာလအဖြစ် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
'' VISA ကတ်ကို ဒီဇင်ဘာလ ၁၂ရက်နေ့ကနေ စပြီးသုံးလို့ရပါပြီ။ လက်အချိန်မှာ စမ်းသပ်ကာလဖြစ် လို့ သမ၀ါယလိမိတက်ဘဏ်ရဲ့ ရုံးချုပ်မှာရှိတဲ့ ATM စက်နှစ်လုံးအပြင် လေဆိပ်မှာထားတဲ့ ATM စက်နှစ်လုံး စုစုပေါင်းလေးလုံးမှာ သုံးစွဲလို့ ရပါတယ်။ ၀န်ဆောင်ခအနေနဲ့ဘဏ်က ၅၀၀၀ကျပ် သတ်မှတ်ထားပါတယ်''ဟု သမ၀ါယမလိမိတက် ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ
ပြင်ပရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် စည်းကမ်းမရှိပါက ကောင်းကျိုးထက် ဆိုးကျိုးကို ကြုံတွေ့ရနိုင်ကြောင်း နိုင်ငံတော်သမ္မတပြောကြား
ပြင်ပရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် စည်းကမ်းမရှိ လုပ်ဆောင်ပါက ကောင်းကျိုးထက် ဆိုးကျိုးကို ကြုံတွေ့ရနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၁၆ ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက တနင်္သာရီတိုင်း ဒေသကြီးတွင် အထူးစီးပွားရေးဇုန်များ တည်ဆောက်ရန် သင့်လျော်သည့် အခြေအနေများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဂရုပြုဆောင်ရွက်သင့်သည့် အချက်များကို
18dechh
ဒီဇင်ဘာလ ၁၈ ရက်နေ့ကပြုလုပ်သော ဗုဒ္ဓသာဝကရဟန်းပျိုအဖွဲ့၏ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်
ဒဏ်ရာရ သံဃာတော်များအား သမ္မတရုံးမှ ၀န်ချတောင်းပန်ခဲ့ပြီး သံဃာတော်များကလည်း ကျေနပ် လက်ခံသဖြင့် ဆန္ဒပြမှုများကို ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း ရဟန်းပျိုများ သမဂ္ဂက ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။
ဗုဒ္ဓသာဝက ရဟန်းပျိုအဖွဲ့မှ ရန်ကုန်မြို့၌ လက်ပံတောင်းတောင် စီမံကိန်းသပိတ်စခန်းများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်မှုများအား ဝေဖန်ကြသည့် မိဘပြည်သူများလည်း ရှိကြောင်း၊ ယခုအခါ သီတဂူဆရာတော်ကဲ့သို့ သောဆရာတော်ကြီးများမှ ဆန္ဒပြပွဲများမပြုလုပ်ရန် တောင်းဆိုမှုများနှင့်
 ရန်ကုန်မြို့ရှိ မြို့နယ် ၁၉ ခု၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံ တိုးမြှင့်မည်
thn-18-12-4
ရန်ကုန်မြို့ရှိ မြို့နယ် ၁၉ ခု ၏ သန့်ရှင်းရေးဆောင်ရွက်ခများကို  လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည့် စာနယ်ရှင်းလင်းပွဲမှ သိရှိရသည်။
ရန်ကုန်တစ်မြို့လုံး၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ယခု ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ယခင်နှုန်းထား၏ နှစ်ဆသို့ တိုးမြှင့်ခဲ့ပြီး မြို့တွင်း Down Town  ခြောက်မြို့နယ်တွင် ယခင်သုံးလ တစ်ကြိမ် ကျပ် ၉၀၀ အစား ၁၈၀၀ ကျပ်သို့ လည်းကောင်း၊ မြို့တွင်းနှင့်  ဆက်စပ်(၉) မြို့နယ်ဖြစ်သော  မင်္ဂလာတောင်ညွန့်၊ တာမွေ၊  အလုံ၊ ကြည့်မြင်တိုင်စသည်တို့တွင်  ယခင် သုံးလတစ်ကြိမ် ၆၇၅ ကျပ်အစား ၁၃၅၀ ကျပ်သို့လည်းကောင်း၊ ကျန် ဆင်ခြေဖုံး ၁၇ မြို့နယ်ဖြစ်သည့်  ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း အရှေ့ပိုင်း၊ တောင်ဥက္ကလာပ စသော မြို့နယ်များတွင် ယခင် သုံးလတစ်ကြိမ် ၄၅၀ ကျပ်အစား ၉၀၀
ကုန်သည်ကြီးများ ဟိုတယ်အနီးတွင် Suzuki Pickup ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား
thn-18-12-3
ရန်ကုန်မြို့ကုန်သည်ကြီးများ ဟိုတယ်အနီး ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာမီးပွိုင့်တွင် ဆူဇူးကီးပစ်ကပ်ကားတစ်စီးနှင့် တိုယိုတာအိမ်စီးကားတစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆူဇူးကီးကားမှာ တိမ်းမှောက်သွားသည့်ဖြစ်  စဉ်တစ်ခု ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ပါသည်။
ယာဉ်တိုက်မှုဖြစ်ပွားပုံမှာ ဗိုလ်ချုပ်လမ်းအတိုင်း မောင်းနှင်လာသော ဆူဇူးကီးအမျိုးအစား မော်တော်ယာဉ်သည် မီးပွိုင့်အရောက်တွင် သမ္မတ ရုပ်ရှင်ရုံဘက်သို့ ချိုးကွေ့ရာ သမ္မတ ရုပ်ရှင်ရုံဘက်မှ ဆူးလေဘုရားဘက်သို့ မောင်းနှင်လာသော တိုယိုတာ အမျိုးအစား မော်တော်ယာဉ်နှင့် တိုက်မိကာ တိမ်းမှောက်သွားခြင်း ဖြစ်သည်။
''ဘုန်းဆိုကြားလို့ လှမ်းကြည့်လိုက်တာ တစ်စီးကမှောက်ပြီး၊ တစ်စီးက ဘန်ဘာ ပြုတ်နေတာ တွေ့ရတာပဲ။ မီးပွိုင့်က တစ်ဖက်နီပြီး၊ တစ်ဖက်ကစိမ်းတဲ့ ဆက်ကူးမတ်ကူးမှာ အ၀င်အထွက်တွေ မှားပြီးဖြစ်တာ။
Instant noodles ခေါက်ဆွဲခြောက်ထုပ်ရဲ့ဘေးထွက်ဆိုးအန္တရယ်များ
Instant noodles ခေါက်ဆွဲခြောက်ထုပ် (Supermarket တွေမှာဒါမျိုးတွေ စားချင်စရာတွေပေါ့)
အသက်ကတော့ ၃၄ နှစ်ပါ။ သမီးသိချင်တာက အသင့်စားသုံးနိုင်တဲ့ ခေါက်ဆွဲခြောက်ထုပ် အကြောင်းပါ။ ဗဟုသုတ အနေဖြင့် သိချင်ပါတယ်။ သမီးတို့မိသားစုက ပြင်ပမှာနေကြတာပါ။ အမြဲလိုလို ခေါက်ဆွဲခြောက်ထုပ် စားဖြစ်နေလို့ သိချင်ပါတယ်။Instant noodles အသင့်စားသုံးလို့ရတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေဟာ Dried noodles ခြောက်အောင် လုပ်ထားတာ ဖြစ်ဖြစ် Precooked noodles ကြိုတင်ပြုတ်ထားတာဖြစ်ဖြစ် ရှိတယ်။ ဂျပန်နိုင်ငံက Momofuku Andō of Nissin Foods ကနေ ၁၉၅၈ ခုနှစ်ကတည်းက စတင်တီထွင်ထုတ်လုပ်ရောင်းချခဲ့တာပါ။ ၁၉၇၁ ခုမှာ Nissin နစ်ဆန်ကနေ Cup Noodles ဆိုတာ စထုတ်တယ်။ ရေစိုခံခွက် Polystyrene cup ခွက်နဲ့လာတယ်။ ၂ဝ၁ဝ စာရင်းအရ
ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းမြို့ သွားမည်
2012-12-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌနဲ့ ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ကို သွားရောက်မယ်လို့ စုံစမ်းသိရပါတယ်။
Photo: RFA/Sai Htun Aung Lwin
ကော့မှူးမြို့နယ်သို့ ဒီဇင်ဘာ ၁၁ ရက်နေ့က သွားရောက်စဉ် ဒေသခံပြည်သူတွေကို တွေ့ဆုံနှုတ်ဆက်နေစဉ်
ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကာလအတွင်းက  တနင်္သာရီ တိုင်းဒေသကြီး မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး အခြေအနေကြောင့် ကော့သောင်းမြို့ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတဲ့အတွက် အခုလို ပြန်လည်
တကိုယ်တော် ဆန္ဒပြသူကို ပုဒ်မ ၁၈ နဲ့ တရားစွဲ
2012-12-17
လက်ပန်းတောင်းတောင် သပိတ်စခန်းတွေက အကြမ်းဖက် ဖြိုခွဲခံခဲ့ရတဲ့ ရဟန်းသံဃာတွေနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေ က ဖြေရှင်းပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို ခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုထင်ကျော် ကို ဒီကနေ့မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
Photo: RFA/Kyaw Zawe Win
လက်ပန်းတောင်းအရေးနဲ့ ပတ်သက်ပြီး ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုအဖွဲ့မှ ကိုထင်ကျော် မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြနေစဉ်
ကိုထင်ကျော်ဟာ  ဒီဇင်ဘာလ ၁၅ ရက်နေ့က သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားလမ်းအတိုင်း လမ်းလျှောက်ကာ မြို့တော်ခန်းမရှေ့အထိ တစ်ကိုယ်တော် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ကျောက်တံတားမြို့နယ်ရဲစခန်းနဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာကို
အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ်ရောက်ရှိ
2012-12-17
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ ရောက် ရှိလာမယ်လို့ သိရပါတယ်။
RFA
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဖိတ်ကြားချက်အရ မြစ်ကြီးနားမြို့မှာ ဒီကနေ့ ည ၇ နာရီ အမေရိကန် သံအမတ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးဂွမ်ဂျာမိုင်က RFA ကို အခုလိုပြောပါတယ်။"အမေရိကန်သံအမတ်ကြီးက ကျနော်တို့ ကချင်ပြည်နယ်ကို ဒီကနေ့ပဲ ရောက်လာမယ်လို့ ပြောပါတယ်၊ သူရောက်လာတဲ့အချိန်မှာ ကျနော်တို့ PCG အဖွဲ့တွေကိုလည်း တွေ့ဆုံချင်တယ်လို့ ကျနော်တို့ကို ဖိတ်ထားတာရှိပါတယ်၊
ပခုက္ကူဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်သူ ဦးရေ ၂၀၀၀ နီးပါး ရှိလာ
ပခုက္ကူပြည်သူ့ဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်ပြုလုပ်သူနှင့် ART ဆေး လာရောက်ထုတ်ယူသူဦးရေ ၂၀၀၀ နီးပါးထိ ရှိလာကြောင်း သတင်းရရှိပါသည်။
ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ HIV လူနာမှတ်ပုံတင်ခြင်းနှင့် ART ဆေး လာရောက်ထုတ်ခြင်းအား မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ချင်းပြည်နယ်အတွင်းရှိ မြိုနယ်များမှ လူနာများ လာရောက်ထုတ်ယူကြကြောင်း သိရသည်။
ပခုက္ကူဆေးရုံကြီးသို့ HIV လူနာ မှတ်ပုံတင်ခြင်းနှင့် ART ဆေး အခမဲ့ဖြန့်ဝေခြင်းအား လာရောက်ထုတ်ယူခြင်း ပြုလုပ်သူဦးရေသည် ယခင်နှစ်များထက် ပိုမိုများပြားလာသော်လည်း ပြင်ပဆေးဆိုင်များမှ ART ဆေးဝယ်ယူသောက်သုံးသူများလည်း
 ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော စေတီ၊ ပုထိုး၊ ဘုရားများနှင့် သာသနိက အဆောက်အအုံများကို မူလပုံမပျက် ပြုပြင်သွားမည်
နိုဝင်ဘာလ ၁၁ ရက်နေ့က လှုပ်ခတ်သွားသည့် ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော စေတီ၊ ပုထိုး၊ ဘုရားများနှင့် သာသနိက အဆောက်အအုံများကို မူလပုံမပျက် ပြုပြင်သွားမည်ဖြစ်ကြောင်း
 ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ စုံစမ်းသိရှိရပါသည်။ပြုပြင်ခြင်းကိစ္စအတွက် ဆောင်ရွက်ရာတွင် ခေတ်အဆက်ဆက် အလှူရှင်များ
 ပြုပြင်မွမ်းမံမှုကြောင့် ရှေးဟောင်းတန်ဘိုး၊ ရှေးဟောင်းလက်ရာ မရှိတော့သည့် (ယခုခေတ်လက်ရာ) စေတီ၊ ပုထိုး၊ ဘုရား၊ သာသနိက အဆောက်အအုံများကို သက်ဆိုင်ရာဒေသ အာဏာပိုင်များ၊ ဂေါပကအဖွဲ့များ၊ အလှူရှင်များမှ ပြုပြင်မည်ဆိုလျှင် ဘာသာရေးရှုထောင့်နှင့် ကိုးကွယ်ယုံကြည်မှုရှုထောင့်မှ ကြည့်၍ မူလပုံမပျက် ကြီးကြပ်မှုပေးပြီး ခွင့်ပြုသွားမည်ဖြစ်ကြောင်း
အမရပူရမြို့နယ်တွင် တရုတ်နိုင်ငံသို့ တရားမ၀င်တင်ပို့မည့် အေးခဲအမဲသားများကို ဖမ်းဆီးရမိ
အမရပူရမြို့နယ်၊ အေးဇရပ်ရပ်ကွက်၊ မန္တလေး-စစ်ကိုင်းလမ်းဆုံ၊ ဗာဂျီးယားစက်ရုံပေါက်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က တရုတ်နိုင်ငံသို့ တရားမ၀င်တင်ပို့မည့် အေးခဲအမဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။ဖြစ်စဉ်မှာ အေးဇရပ်လမ်းသွယ်အတိုင်း နိုင်ဝင်း (၃၅)နှစ် မောင်းနှင်လာသည့် ၁က/၆၁၇၁ ဒိုင်နာအဖြူရောင်ယာဉ်အား စသရ (မန္တလေး) ဒုရဲအုပ် ကျော်မျိုးဆန်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ အေးခဲအမဲသားကလီစာ ၂၂၅ အိတ်၊ ၃၃၅၅ ပိဿာ (၁အိတ်လျှင် ၂၅ ကီလိုဂရမ်၊ ၁၅ ပိဿာခန့်) အား သိမ်းဆည်းရမိခဲ့ပြီး စည်ပင်သာယာရဲတပ်ဖွဲ့မှ ခေါ်ဆောင်စစ်ဆေးရာ အမရပူရမြို့နယ်၊ အေးဇရပ်ရပ်ကွက်နေ ကျော်မြင့် ၃၆ နှစ်၏ နေအိမ်အအေးခန်းမှ တန်ဆာခ ၂၅၀၀၀ ကျပ်ဖြင့် သယ်ဆောင်ခဲ့ပြီး ၁၅လမ်းနှင့် ၁၆လမ်းသို့
တောင်ငူခရိုင်၊ ထန်းတပင်ကျေးရွာတွင် ၀ါတော် ၇၅ ၀ါရှိ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်ပေါင်း ၄၆ ရက်ရှိပြီ ဖြစ်သော်လည်း ပုပ်ပွပျက်စီးသွားခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွားသကဲ့သို့ ဖြစ်ပေါ်လျက်ရှိ
17
ပုပ်ပွပျက်စီးခြင်းမရှိဘဲ ကျောက်ကဲ့သို့ ရုပ်ပြောင်းလဲမှု ဖြစ်နေသော ဆရာတော်ကြီးအား တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင် ကျေးရွာအုပ်စု၊ ကြိမ်တောမြောင် ကျေးရွာရှိ သိမ်ကျောင်းဆရာတော် ဘုရားကြီး ဘဒ္ဒန္တ အာဒိစ္စ၀ံသ၊ သက်တော် (၉၅) နှစ်၊ ၀ါတော် ၇၅ ၀ါသည်  ပျံလွန်တော်မူသွားသည်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက် ရှိလာသော်လည်း ရုပ်ကလာပ်မှာ ပုပ်ပွပျက်စီးခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွား သကဲ့သို့ ရုပ်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ဆရာတော်ဘုရာကြီးသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက် သီတင်းကျွတ် လပြည့်ကျော် ၁ ရက် နေ့ညနေ ၆ နာရီ ၅၀ မိနစ်တွင် တောင်ငူမြို့ ကေတုအထူးကုဆေးခန်းတွင် ပျံလွန်တော်မူသွားခဲ့ပြီး ရုပ်ကလာပ်အား သီတင်းသုံးတော်မူရာ သိမ်ကျောင်းတိုက်တွင် ထားရှိပါ သည်။ ရုပ်ကလာပ်အား သင်္ဂြိုဟ်မည့် ရက်ကာလတွင် ဆရာတော်၏ ဘယ်ဘက်မျက်လုံးတော်ဘက်မှ မှိုကဲ့သို့သော ပွင့်ဖတ်ဖြူဖြူပုံစံများ ပေါ်ပေါက်နေသည်ကို သတိထားမိရာမှ သိမ်ကျောင်းဂေါပက လူကြီးများနှင့် ရွာသူရွာသားများက မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌထံသို့ တင်ပြလျှောက်ထားကြပြီး ရုပ်ကလာပ်ခန္ဓာကိုယ်အား ဆေးထိုးထားခြင်း မရှိကြောင်းနှင့် ရွာသူရွာသားများကလည်း မီးသင်္ဂြိုဟ်ရန်
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် သဲကျောက်ဖြင့် ထုလုပ်ထားသော ဓမ္မစက္ကမုဒြာ ရုပ်ပွားတော်အား အများပြည်သူ ဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံထားရှိ
166
သဲကျောက်ဖြင့် ထုလုပ်ထားသော ဓမ္မစက္ကမုဒြာရုပ်ပွားတော်အား အနောက်ဘက်မုခ်ရှိ ကုန်းတော်ပေါ်တွင်တွေ့ရစဉ်
မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်စေရန် ရည်ရွယ်လျက် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် သဲကျောက်ဖြင့် ထုလုပ်ထားသော ဓမ္မစက္ကမုဒြာ ရုပ်ပွားတော်အား အများပြည်သူ ဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံ ထားရှိလျက်ရှိကြောင်း ရွှေတိဂုံစေတီတော်
 ဂေါပကအဖွဲ့ထံမှ သတင်းရရှိပါသည်။အဆိုပါ ရုပ်ပွားတော်အား ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့်
 ရွှေတိဂုံစေတီတော်သို့ ဒီဇင်ဘာလ ၇ ရက်နေ့ ည ၁၁ နာရီ၌ ပင့်ဆောင်ရောက်ရှိခဲ့ကြောင်း သိရှိရပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရွှေတိဂုံစေတီတော်၌ ဆင်းတုတော် ရောင်တော်ဖွင့်ပူဇော်ပွဲ၊ အိန္ဒိယမှ
သီရိမင်္ဂလာဈေးရှိ လူမိုက်အဖွဲ့များကို အရေးယူရန် အင်အားအပြည့်ချထားပြီး စောင့်ကြည့်အရေးယူနေ
ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာဈေးရှိ လူမိုက်အဖွဲ့များအား ထိရောက်စွာ အရေးယူနိုင်ရန် ပိတောက်ချောင်းရဲစခန်းကို အင်အားအပြည့် ချထားပြီး စောင့်ကြည့်အရေးယူနေကြောင်း သိရသည်။
သီရိမင်္ဂလာဈေးရှိ လူမိုက်များမှာ ယခင်ကဲ့သို့ တုတ်၊ ဓား စသည့်လက်နက်ပုန်းများကို ခန္ဓာကိုယ်တွင် မထားရှိတော့ဘဲ နေရာတစ်နေရာတွင် ၀ှက်ထားသည့် စနစ်ကို ကျင့်သုံးနေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး မျိုးအောင်က “သီရိမင်္ဂလာဈေး အပိုင်ဖြစ်တဲ့ ပိတောက်ချောင်း ရဲစခန်းကို အင်အားအပြည့် ချထားပြီးတော့ ဆောင်ရွက်နေပါတယ်။ အဲဒီစခန်းက တာဝန်ရှိသူတချို့ကိုလည်း ဒေါင်ဒေါင်မြည်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပဲ တာဝန်ပေးထားပါတယ်။ အခု လူမိုက်တွေက ကိုယ်ပေါ်မှာ ဓားတွေမထားတော့ဘဲ နေရာတစ်နေရာမှာပဲ ဖွက်ထားတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း
 လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ပြုလုပ်သည့် ဖျော်ဖြေပွဲတွင် ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်နှင့် ထိုင်းနိုင်ငံမှ Slot Machine အဖွဲ့တို့ လာရောက်ဖျော်ဖြေရာ ပရိသတ်ငါးသောင်းကျော် လာရောက်ခဲ့
1611
လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် MTV Exit မှ စီစဉ်သည့် ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ အခမဲ့ပြုလုပ်ခဲ့ရာ ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်နှင့် ထိုင်းနိုင်ငံမှ Slot Machine အဖွဲ့တို့ လာရောက်ဖျော်ဖြေရာ ပရိသတ်ငါးသောင်းကျော် လာရောက်ကြည့်ရှု အားပေးခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲတွင် နိုင်ငံတကာ အနုပညာရှင်များနှင့်အတူ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အဆိုတော် ဖြူဖြူကျော်သိန်း၊ R ဇာနည်တို့နှင့်အတူ ချမ်းချမ်း၊ ချစ်သုဝေ၊ လင်းလင်း၊ ဖြိုးကြီးတို့ကလည်း ပါဝင်သီဆို ဖျော်ဖြေပေးခဲ့သည်။ လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးအတွက် ပြုလုပ်ခဲ့သည့် အဆိုပါဖျော်ဖြေပွဲသို့ လာရောက်ဖျော်ဖြေခဲ့သည့် ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်က ''ကျွန်တော့်အနေနဲ့ လူကုန်ကူးခံနေရတဲ့ သူတွေအတွက်၊ နောက်ထပ်
သီတဂူ ကမ္ဘာဗုဒ္ဓတက္ကသိုလ်နှင့် အိန္ဒိယ ယဉ်ကျေးမှုကောင်စီတို့က ကြီးမှုး၍ ဗုဒ္ဓယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစာတမ်းဖတ်ပွဲ ကျင်းပ
ဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါပွဲကို နိုင်ငံတော်ဒုတိယသမ္မတ စိုင်းမောက်ခမ်းနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး(Salman Khurshid) တို့ တက်ရောက်ခဲ့ပြီး အိန္ဒိယ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ တရုတ်၊ ဗြိတိန်၊ တောင်ကိုရီးယားနိုင်ငံတို့မှ ပညာရှင်များ၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်မှ သင်တန်းသားများနှင့် မြန်မာနိုင်ငံမှ ပညာရှင်များက ဗုဒ္ဓဘာသာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စာရွက်စာတမ်းများကို ဖတ်ကြားမည်ဖြစ်ကြောင်း သိရှိသည်။
ဆရာကြီးဦးဂိုအင်ဂါ၏ ‘ဓမ္မနိုင်ငံမှာ (၁၃၅) နှစ်ကြာ’ အထိမ်းအမှတ်ပွဲများ ပြုလုပ်မည်
အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာအဖွဲ့ ကမ္ဘာ့ဝိပဿနာဆရာကြီး ဦးဂိုအင်ဂါ မိသားစု၏ ‘ဓမ္မနိုင်ငံမှာ (၁၃၅)နှစ်ကြာ’ အထိမ်းအမှတ်ပွဲများကို ဒီဇင်ဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်သည်။ဆရာကြီးဦး ဂိုအင်ဂါသည် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၅း၃၀ နာရီ အချိန်၌ ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၌ ဓမ္မဟောပြောပွဲ ပြုလုပ်မည်ဖြစ်သည်။ ထိုနေ့တွင် ဆရာကြီးဦးဂိုအင်ဂါမှ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောမည်ဖြစ်ပြီး မြန်မာဘာသာ ပြန်ဆိုပေးမည်ဟု သိရသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့  ညနေ ၅း၃၀ နာရီအချိန်မှာပင် အမျိုးသား ကဇာတ်ရုံ၌ ဆရာကြီးဦးဂိုအင်ဂါ၏ ဓမ္မဟောပြောပွဲကို ဆက်လက်ပြုလုပ်မည်ဖြစ်ကာ ထိုနေ့တွင် ဟိန္ဒီဘာသာ၊
ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမှ ပြင်ပလူနာများကိုပါ အခမဲ့ဆေးကုသပေးနေကြောင်း သိရ
ရန်ကုန်၊ ဇီဝိတဒါနဆေးရုံကြီးတွင် သံဃာတော်များ၊ သီလရှင်များသာမက ပြင်ပလူနာများကိုပါ ကုသပေးလျက်ရှိ ကြောင်းသိရသည်။ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း လူမျိုးမရွေး၊ ဘာသာမရွေး မည်သူမဆို လာရောက်ကုသနိုင်ပြီး ဆေးမှတ်တမ်းအတွက် အလှူငွေ ၁၀၀ ကျပ်သာ  ထည့်ရန်လိုအပ်ကြောင်း သိရသည်။ အခြားသောစမ်းသပ်ခနှင့် ဆေးဝါးများအတွက် ပျောက်ကင်းသည်အထိ အခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မျက်စိခွဲစိတ်ကုသမှုများကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် ဆောင်ရွက်ပေးနေပြီး၊ စနေ၊ တနင်္ဂနွေ နေ့များတွင် မျက်စိပါဝါစမ်းသပ်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။ သံဃာတော်များနှင့် သီလရှင်များကို ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးနေပြီး ပြင်ပလူများကိုလည်း အမှန်တကယ် ဆင်းရဲနွမ်းပါးကြောင်း
ထားဝယ်-ပူနန်ရွန် ကားလမ်းမဖောက်လုပ်ရာတွင် ပါဝင်ခဲ့သည့် မြေယာများအနက် ဒေသခံ ၅၀ ၏ ဧက ၃၀၀ ကျော်အတွက် သိန်းပေါင်း ၄၀၀၀၀ ကျော်ကို ITD ကုမ္ပဏီမှ ပေးလျော်ခဲ့ကြောင်း သိရ
ha-17-12-7
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ၌ တည်ဆောက်လျက်ရှိသော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် ပူနန်ရွန်သို့ ဆက်သွယ်မည့် ကားလမ်းမဖောက်လုပ်ရာတွင် ပါဝင်ခဲ့သည့် ဒေသခံများအနက် ကျန်ရှိသည့် အယောက် ၅၀၏ မြေယာများအတွက် ဒီဇင်ဘာလ ၉ ရက်နေ့တွင် လျော်ကြေးငွေများကို စီမံကိန်း အကောင်အထည်ဖော်လျက်ရှိသည့် ITD (Italian-Thai Development Public Co.,Ltd) မှ စတင်ပေးအပ်ခဲ့ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ
ပထမအကြိမ်လွှတ်တော် ဆဌမပုံမှန် အစည်းအဝေးများ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ စတင်မည်
ပထမအကြိမ်၊ လွှတ်တော် ဆဌမပုံမှန် အစည်းအဝေးများ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် နိုင်ငံတော် အရအသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ ကိစ္စများကို အဓိက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ဥပဒေကြမ်းကို တင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် အနယ်နယ် အရပ်ရပ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် သက်ဆိုင်ရာ
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေး
ha-17-12-6
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံအုပ်ကြီးရုံးခန်းမှ ပြန်လည်ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်အား ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းကတွေ့ရစဉ်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည်မှ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေးရာတွင် ဖျားနာဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လူနာဦးရေနှင့် ကုတင်မျတမှုရှိမရှိ၊ ဆေးရုံသန့်ရှင်းရေး၊ လူနာများစိတ်ကျေနပ်မှုရှိမရှိ  စသည်တို့ကို
ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို ဆန့်ကျင်လျက် ဘင်္ဂါလီများအား ပြန်လည်နေရာ ချထားခြင်းသည် တတိယအကျော့ ဘင်္ဂါလီ အကြမ်းဖက်မှုများဆီသို့ ပြန်လည်ဦးတည် သွားစေနိုင်ကြောင်း ရခိုင်လူမှုကွန်ရက်မှ သဘောထားထုတ်ပြန်
ဒေသခံရခိုင်တိုင်းရင်းသားများ၏ သဘောထားဆန္ဒကို ဆန့်ကျင်လျက် ဘင်္ဂါလီများအား ပြန်လည်နေရာ ချထားခြင်းသည် တတိယအကျော့ ဘင်္ဂါလီ အကြမ်းဖက်မှုများဆီသို့ ပြန်လည်ဦးတည် သွားစေနိုင်ကြောင်း ရခိုင်ပြည်နယ် ဆယ့်ရှစ်မြို့နယ်မှ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ ပါဝင်သည့် ရခိုင်လူမှုကွန်ရက်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် သဘောထား ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်တို့မှ လူမှုအဖွဲ့အစည်းများကို ချိတ်ဆက်ထားသည့် ရခိုင်လူမှုကွန်ရက်ကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ စေတျာရာမကျောင်းတိုက်တွင် ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင်
 သမ္မ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး
ha-17-12-4သမ္မ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့သည် ဒီဇင်ဘာလ ၁၇ ရက် (ယနေ့) နံနက်ပိုင်းက မြန်မာနိုင်ငံ ထားဝယ်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရန်အတွက် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်သည် မြန်မာနိုင်ငံ ထားဝယ်သို့ ယနေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြောင်းနှင့် ၎င်းနှင့်အတူ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များလည်း လိုက်ပါလာကြောင်း သိရသည်။ သမ္မ္မတ ဦးသိန်းစိန်သည်လည်း မော်လမြိုင်မြို့မှတစ်ဆင့်
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီရုပ်တု ၁၀ ခုအား ထုလုပ်ထားကြောင်း သိရှိရ
ha-16-12-9
၂၀၁၀ ပြည့်နှစ်အတွက် ပေးအပ်ချီးမြှင့်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဆုရရှိသူများ
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီရုပ်တု ဆယ်ခုအား ထုလုပ်ထားသည်ဟု အကယ်ဒမီရွှေစင်ရုပ်အား တာဝန်ယူထုလုပ်သည့် ပီအောထွန်းရင်နှင့် သားများပန်းထိမ်လုပ်ငန်းမှ Weekly Eleven News Journal သို့ ပြောကြားခဲ့ပါသည်။ အဆိုပါ အကယ်ဒမီရုပ်တုများမှာ ရွှေစင်ကြယ်တပ်ဆင်ရန်သာ ကျန်ရှိတော့ပြီး ကျန်အပိုင်းများကို အချောသတ်ထုလုပ်ပြီးသွားပြီ ဖြစ်သည်ဟု သိရှိရသည်။
“ကျွန်တော်တို့က ၁၉၅၂  ခုနှစ်ကတည်းက အခုနှစ်အထိ နှစ်စဉ်အကယ်ဒမီရုပ်တုတွေ
 မြန်မာနိုင်ငံတစ်ဝှမ်းမှ ပန်းဆယ်မျိုးပညာရှင်များ၏ ART 13 Myanmar အနုပညာပြပွဲ ကျင်းပမည်
ha-16-12-10
ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့် ပန်းချီပြပွဲတစ်ခုအား မြင်တွေ့ရစဉ်
မြန်မာနိုင်ငံတစ်ဝှမ်းမှ ပန်းဆယ်မျိုးပညာရှင်များ၏ လက်ရာများပြသမည့် ART 13 Myanmar ဟု အမည်ပေးထားသည့် အနုပညာပြပွဲတစ်ရပ်ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံး (ဗဟို)မှ သိရသည်။“ဒီပြပွဲက မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံးရဲ့ သင်းလုံးကျွတ်ပြပွဲ တစ်ခုပါ။
သေမင်းတမန် ရထားလမ်းကြောရိုးကို အခြေခံပြီး သံဖြူဇရပ်-ဘုရားသုံးဆူ ရထားလမ်းပိုင်းအတွက် တိုင်းတာမှုများ စတင်
173 
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်သို့ မီးရထားလမ်းအတွက် လိုအပ်သော FEASIBILITY  SURVEY ကို (၁၄-၁၂-၂၀၁၂) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်တွင် စတင်တိုင်းထွာမှုများ 
 ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မြန်မာ့မီးရထား
 မြို့ပြအင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
“FEASIBILITY  SURVEY ကို သံဖြူဇရပ်မြို့ကနေ အရင်က ဂျပန်ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် ရထားလမ်းဟောင်းရဲ့ ကြောရိုးတာဘောင်တွေကို
 မြေပြင်အခြေနေတွေကို စတင်တိုင်းတာပြီး၊
 ကောင်းကင်မြေပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာပါ၊ အရင်လမ်းဟောင်းက နှစ်ခြောက်ဆယ်ကျော် ကြာလာတော့ ရာဘာပင်တွေ၊ အခြားသီးပင် စားပင်ကြီးတွေ ပေါက်ရောက်နေကြပြီဆိုတော့၊ လမ်းအူကြောင်းကို ပြန်ရွေးရဖို့ လိုပါတယ်၊ ရွေးတဲ့နေရာမှာ သဘာ၀၀န်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်မယ့် နေရာမျိုး၊ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု အနည်းဆုံးလိုဟာမျိုး ရွေးချယ်သွားမှာပါ၊ ဒီမိုကရေစီခေတ်မှာ ပထမဆုံး ရထားလမ်းဆိုတော့  လမ်းအူကြောင်းဝန်းကျင် နေထိုင်တဲ့ ဒေသခံတွေကိုလည်း အထိအခိုက်နည်းပြီး ရွာတွေနဲ့လည်း မနီးမဝေး
တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။