MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 19, 2012

ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို အမေရိကန်သံအမတ်ကြီး သွားရောက် ကြည့်ရှု

ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ် ဦးဆောင်တဲ့ အဖွဲ့ဟာ မနေ့က မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေနဲ့ မြစ်ကြီးနားမြို့က HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ကုသပေးနေတဲ့ ဌာနတစ်ခုကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
Photo: RFA/ Kyaw Myo Min
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကချင်ဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာစဉ်
ဒုက္ခသည်စခန်းအားလုံးကို ကျနော်တို့ရောက်အောင် မသွားနိုင်ပါဖူး။ ဒါပေမယ့် သူတို့ရဲ့ ဒုက္ခတွေကို မြင်ရကြားခဲ့ရပါပြီ။  အခြေခံအားဖြင့် ပြောရရင်တော့ လူတိုင်းက အိမ်ပြန်ချင်နေကြပါတယ်။ ဒါကြောင့် ဒီဒေသမှာ ငြိမ်းချမ်းရေးရဖို့ လိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ ကုလနဲ့ နိုင်ငံတကာ အဖွဲ့တွေက တဆင့် ဆက်လက်ကူညီပံ့ပိုးမှာပါ။  ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပြသနာတွေကို ကျနော်တို့မေ့သွားမှာ မဟုတ်ပါဖူး။ ဒီအတွက် ကျနော် ဝါရှင်တန်ဒီစီမြို့တော်ကနေ ဒီဒေသကို တကူးတက ရောက်အောင်လာခဲ့တာဖြစ်ပါတယ်လို့

တာချီလိတ်တွင် အာခါရိုးရာ ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ

196
တာချီလိတ်မြို့နှင့် ကျေးရွာများတွင် နေထိုင်ကြသော အာခါတိုင်းရင်းသားများ၏ အာခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော်အား ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
အာခါရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်မှာ အနယ်နယ် အရပ်ရပ်မှ အာခါတိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ဆုံတွေ့ကြခြင်းလည်းဖြစ်ပြီး ပွဲတော်တွင် အာခါရိုးရာ အကများ၊ တေးသီချင်းများကို ကျေးရွာအသီးသီးနှင့် နယ်ဝေးအာခါတိုင်းရင်းသားများ ဖျော်ဖြေခဲ့ကြပြီး ခေတ်ပေါ်တေးသီချင်းများကို ညတွင်စည်ကားစွာ ကျင်းပခဲ့သည်။“ကျွန်တော်တို့ရွာက ၁၅ ဦး၊  ဆိုင်ကယ်တွေနဲ့ လာတာပါ။ ညပါ ပွဲတော်ဆင်နွှဲ သွားမှာပါ။ တစ်နှစ်မှ တစ်ခါဆိုတော့ အရမ်းပျော်ပါတယ်” ဟု မိုင်းကိုးအုပ်စု၊ ယာနာတိရွာမှ ဦးအားနက ပြောပြသည်။ လွယ်တော်ခမ်းအုပ်စု၊ ပါခါရွာမှ ကိုအားဂေါကလည်း နှစ်တိုင်းပွဲတော်သို့ မိသားစုဖြင့်

ပညာရေးကဏ္ဍ တစ်ခုလုံး လွှမ်းခြုံနိုင်မည့် အမျိုးသားပညာရေးဥပဒေ ပေါ်ထွက်လာရေးအတွက် ပညာရေးမူဝါဒ ရေးဆွဲရန် ပြင်ဆင်

195
ပညာရေးကဏ္ဍ တစ်ခုလုံး လွှမ်းခြုံနိုင်မည့် အမျိုးသားပညာရေးဥပဒေ ပေါ်ထွက်လာရေးအတွက် အမျိုးသား ပညာရေးမူဝါဒ ရေးဆွဲရန် ပြင်ဆင်လျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးရာ ကော်မတီမှ သိရသည်။
ထိုသို့ရေးဆွဲရန်အတွက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ၊ ပညာရေးဝန်ကြီးဌာနမှ ပညာရေး လေ့လာသည့်အဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပညာရေးရာ ကော်မတီတို့ တွေ့ဆုံဆွေးနွေးလျက် ရှိကြောင်းလည်း သိရသည်။
အမျိုးသား ပညာရေးမူဝါဒ ရေးဆွဲရာတွင် ပြည်သူလူထုနှင့် ပညာရေးနှင့် သက်ဆိုင်သူအားလုံး၏ အကြံဥာဏ်ကို ရယူသွားမည် ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင်

အကျဉ်းသားများ ပြစ်ဒဏ်ကျခံပြီးနောက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင်ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်မည်

194
နိုဝင်ဘာလကုန်ပိုင်းက အင်းစိန်အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသည့် အကျဉ်းသားများကို တွေ့ရစဉ်
အကျဉ်းသားများ ပြစ်ဒဏ်ကျခံပြီးနောက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင် ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။ထို့ပြင် အကျဉ်းစခန်းမှ လွတ်မြောက်လာသည့် အကျဉ်းသားများ အနေဖြင့် ရဟန်းဝတ်လိုပါက ခုနစ်ရက်မှ ရာသက်ပန်အထိ သာသနာ့ဘောင်သို့ ၀င်ရောက်နိုင်ရန် လှူဒါန်းမည့် အလှူရှင်များလည်း အသင့်ရှိနေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ဆိုပါသည်။
“အကျဉ်းကျခံရတဲ့သူတွေထဲမှာ အများစုကခိုး၊ ဆိုး၊ နှိုက် အမှုတွေများတယ်။ သူတို့တွေ ကံငါးပါး

 အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ သီပေါမင်းနန်းတော်ကို အိန္ဒိယအစိုးရမှ ငွေကြေးစိုက်ထုတ်ကာ အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်မည်

thn-19--12-8
မြန်မာနိုင်ငံ မန္တလေးမြို့ မှ မြနန်းစံကျော် ရွှေနန်းတော်ကြီးကိုတွေ့ ရစဉ်

ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် သီပေါမင်းတရားကြီး စိုးစံခဲ့သော အိန္ဒိယနိုင်ငံ မဟာရာဖတ်ပြည်နယ်၊ ရတနာဂီရိရှိ သီပေါစံအိမ်တော်ကို အိန္ဒိယအစိုးရမှ ငွေကြေးစိုက်ထုတ်ကာ အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်ရန် စီစဉ် နေကြောင်း အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူး Mr.A.K.Upad- hyay က ပြောကြားခဲ့သည်။
အဆိုပါ သီပေါမင်းတရားကြီး၏ စံနန်းတော်ကို အိန္ဒိယနိုင်ငံမှ ငွေကြေးစိုက်ထုတ်ကာ ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Mr.A.K.Upad- hyay က ဒီဇင်ဘာလ ၁၃ ရက်နေ့၌ မန္တလေးမြို့ ရွှေပြည်သာ ဟိုတယ်တွင် ပြုလုပ်သည့် အိန္ဒိယ-မြန်မာ

ရန်ကုန်တက္ကသိုလ်အပါအ၀င် ရန်ကုန်မြို့ရှိ ထင်ရှားသောနေရာများ၊ ပဲခူး၊ ပုဂံဒေသများသို့ လည်ပတ်ခဲ့သည့် အမေရိကန်လူမျိုး အများစုပါဝင်သော အပျော်စီးသင်္ဘောလာရောက်

thn-19--12-7
အဓိပတိလမ်းသို့ ရောက်ရှိလာသည့် ခရီးသည်များကို တွေ့ရစဉ်
ရန်ကုန်တက္ကသိုလ်အပါအ၀င် ရန်ကုန်မြို့ရှိ ထင်ရှားသောနေရာများ၊ ပဲခူး၊ ပုဂံ ဒေသများသို့ လေ့လာလည်ပတ်ခြင်းများ ပြုလုပ်ခဲ့သည့် အမေရိကန်လူမျိုး ခရီးသွားအများစုပါဝင်သော ကမ္ဘာလှည့်အပျော်စီးသင်္ဘော M.V AzamaraJourney မြန်မာနိုင်ငံ သို့ လာရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။M.V AzamaraJourney သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေတွင် မြန်မာအပြည်ပြည်ဆိုင်ရာ သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သည်။ ခရီးစဉ်အား ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် Myanmar Voyages Int'l Tourism Co.,Ltd မှ စီစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။''ဒီနှစ် သင်္ဘောခရီးစဉ်တွေမှာ ဒီသင်္ဘောဟာ လူဦးရေအများဆုံး ပါဝင်တဲ့ အမေရိကန်အပျော်စီး သင်္ဘောဖြစ်ပါတယ်''ဟု Myanmar Voyages မှ

 လွတ်လပ်ရေးရယူစဉ် ဖြစ်ပေါ်ခဲ့သည့် ဂြိုလ်ရပ်တည်မှု အနေအထားများကြောင့် မြန်မာနိုင်ငံ အုပ်ချုပ်ရေးသမိုင်းတွင် တပ်မတော်အာဏာသည် ၂၀၁၈ ခုနှစ်အထိသာ အင်အားအကောင်းဆုံးအဖြစ် ရပ်တည်နိုင်မည်

မြန်မာနိုင်ငံလွတ်လပ် ရေးရယူခဲ့စဉ် ဖြစ်ပေါ်ခဲ့သည့်  ဂြိုလ်နက္ခတ်များအရ မြန်မာနိုင်ငံ၏ နိုင်ငံရေး အာဏာတည်မြဲမှုတွင် တပ်မတော် အာဏာသည် ၂၀၁၈ ခုနှစ်အထိသာ တည်မြဲနိုင်မည်ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကို၏ ပြောပြချက်အရ သိရှိရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရယူခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့  နံနက် ၄ နာရီ ၂၀ မိနစ်၊    ဗြိစ္ဆာရာသီတွင် နက္ခတ်ဗေဒများအရ စနေဂြိုဟ်ကို ဘုန်းကံအာဏာ မြင့်မားမည့်နေရာတွင် နေရာချထားပြီး တပ်မတော် ကိုယ်စားပြုသည် အင်္ဂါဂြိုဟ်အား တပ်မတော်အင်အား ခိုင်မာတောင့်တင်းစေရန်နှင့် လွတ်လပ်ရေးအဓွန့်ရှည်စေရန် အင်္ဂါဂြိုလ်အင်အား အကောင်းဆုံးနှင့် အားအရှိဆုံးဖြစ်သည့် သိဟ်ရာသီတွင် ရပ်တည်၍ လွတ်လပ်ရေးယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ လွတ်လပ်ရေးရယူစဉ်က ရာဟုနဲ့ကိတ်ဂြိုလ်တို့ရဲ့ ဂြိုလ်ရပ်တည်မှု လွဲမှားခဲ့တာကြောင့် တိုင်းပြည်ငြိမ်းချမ်းရေးရယူရာမှာ လွဲချော်နေတာပါ၊ ဗြိစ္ဆာရာသီမှာမဟုတ်ပဲ မိနစ် ၂၀ နောက်ကျပြီး

ခေတ်မမီတော့သည့် ရန်ကုန်မြို့ပတ် ရထားလမ်းစီမံကိန်းအား ဂျပန်နိုင်ငံ အကူအညီဖြင့် ၂၀၁၃ ဇန်န၀ါရီမှ စတင်ပြုပြင် တည်ဆောက်မည်

thn-19--12-1
အင်းစိန်မြို့နယ်အတွင်းရှိ တညင်းကုန်းဘူတာအနီးမြင်ကွင်း
ခေတ်မီခြင်းမရှိတော့သည့် ရန်ကုန်မြို့ပတ် ရထားလမ်းစီမံကိန်းအား ၂၀၁၃ ဇန်န၀ါရီလမှ စတင်ကာ ဂျပန်နိုင်ငံအကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
 မြန်မာ့မီးရထားဝန်ကြီးဌာန၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။ယင်းစီမံကိန်းနှင့် ဆက်စပ်ပြီး
 ၂၀၁၂ ခုနှစ် ဧပြီက ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားခဲ့ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးပေးမည့် မြန်မာ့မီးရထား စီမံကိန်းတွင် ရန်ကုန်မြို့ပတ်ရထားလမ်း စီမံကိန်းနှင့် ရန်ကုန်-နေပြည်တော် စီမံကိန်းတို့ ပါဝင်ကြောင်း မြန်မာ့မီးရထားဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့ပတ်လမ်းအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လေ့လာမှုများနှင့် အစားထိုးစမ်း သပ်မှုများအား လနှစ်ဆယ်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး လေ့လာမှုများနှင့် ရထားစက်ခေါင်းများ

ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား (ပါရမီ)အား ဖွင့်လှစ်

ha-19-12-4
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့စဉ်

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တို့ကို ဆက်သွယ်ထားသည့်  ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား (ပါရမီ)အား ဒီဇင်ဘာလ ၁၉ ရက်နေ့နံနက် ၇ နာရီ မိနစ် ၄၀ အချိန်ခန့်က ဖွင့်လှစ်ခဲ့ကြောင်း  သတင်းရရှိသည်။
အဆိုပါတံတားအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်နှင့် သက်ဆိုင်ရာ ရန်ကုန်တိုင်း တိုင်းဒေသကြီး

 တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန်အတွက် မြေဈေးနှုန်း ကြီးမြင့်နေမှု လျှော့ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီး အဓိကလိုအပ်နေ

ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန်အတွက် လက်ရှိ ကြုံတွေ့နေရသည့် မြေဈေးနှုန်းကြီးမြင့်နေမှုကို လျှော့ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီးမှာ အဓိကလိုအပ်ချက် ဖြစ်နေကြောင်းလည်း မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်များက ဆိုပါသည်။
ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ ၂၀၂၈ ခုနှစ်အတွင်း အိပ်ခန်းယူနစ်ပေါင်း တစ်သန်း ဆောက်လုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ်အတွင်း  အိပ်ခန်းပေါင်း ၃၅၀၀၀၀ စတင် တည်ဆောက်သွားမည်ဖြစ်ကာ လက်ရှိဆောက်လုပ်မည့် အိမ်ရာ ၁၀၀၀၀ ကျော်မှာ စမ်းသပ်ဆောက်လုပ်သည့် အိမ်ရာစီမံကိန်း ဖြစ်ကြောင်းလည်း သိရှိရသည်။
လက်ရှိကာလ၌ ဒဂုံဆိပ်ကမ်း မြို့နယ်တွင် အိပ်ခန်း ၁၀၀၀၀ ပါဝင်မည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်း နှစ်ခုအတွက် လုပ်ငန်းဆောင်ရွက်မည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုဟု သက်ဆိုင်ရာသို့ တင်ပြထား

191
ပုဂ္ဂလိကမှ နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည်ဟု တင်ပြထားသည့် ကိုကိုးကျွန်း၏ ဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လာရောက်တင်ပြထားကြောင်း သတင်းရရှိသည်။အဆိုပါ ကုမ္ပဏီက ကိုကိုးကျွန်းအား ငှားရမ်းလုပ်ကိုင်လိုသည်ဟု Proposal သဘောမျိုး ယေဘုယျ လာရောက်တင်ထားခြင်းဖြစ်ပြီး
 နှစ်ရှည်ငှားခွင့် ဆိုရာတွင် နှစ် ၅၀ အထိ ငှားရမ်းလုပ်ကိုင်လိုခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“လာတင်ပြတဲ့ ကုမ္ပဏီကတော့ ကိုကိုးကျွန်းကို ငှားရမ်းလုပ်ချင်တယ် ဆိုပြီးတော့ ယေဘုယျ လာတင်ထားတဲ့ သဘောပါ၊၊ ဘာမှ အတိအကျ မလုပ်သေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။