MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 29, 2012

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်းထားရန် တောင်းဆို



မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်ခုလုံး၏ လိုအပ်ချက်များကို မဖြေရှင်းနိုင်သေးချိန်တွင် စီမံကိန်းရပ်ဆိုင်းထားရန် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီမှ တောင်းဆိုလိုက်သည်။ 
”ဒေသဆိုင်ရာ အာဏာပိုင် များနဲ့ အစိုးရတာဝန်ရှိသူတွေဟာ ဒေသခံ ပြည်သူလူထုဘက်မှာမရှိဘဲ ဖြစ်နေတာကို ဝမ်းနည်းစွာ တွေ့မြင် ရပါတယ်။ ဒေသခံ ပြည်သူေ တွရဲ့ အခက်အခဲတွေ မပြေလည်သေး ခင်မှာ စီမံကိန်းကို ရပ်ဆိုင်းထားဖို့ တောင်းဆိုပါတယ်”
ဟု အဆိုပါ ကော်မတီဥက္ကဋ္ဌ ဦးတင်သစ်က ပြောသည်။ဒီဇင်ဘာ ၂၃ ရက်ေ န့၌ ရန် ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ယင်း ကော်မတီ၏ အစည်းအဝေးပွဲအပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ နှစ်လအတွင်း တွေ့ရှိချက်များအပေါ် အစီရင်ခံစာ တစ်ရပ် ထုတ်ပြန် ခဲ့ရာ ၄င်းအစီရင်ခံ စာအရ အထက်ပါအတိုင်း သဘော ထား ထုတ်ပြန်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။၎င်းထုတ်ပြန်ချက်တွင် EIA လေ့လာဆန်းစစ်ချက် ပြုလုပ် ခဲ့ သော ထိုင်းကုမ္ပဏီ၏

အခွန်တိုးမြှင့်လိုက်ခြင်းကြောင့် တရားမဝင် ဆေးတင်သွင်းမှု များလာ

ဆေးဝါးတင်သွင်းမှုတွင် ကုန်သွယ်လုပ်ငန်းခွန် ၁ဝ ဆတိုးမြင့်လာခြင်းကြောင့် တရားမဝင်တင်သွင်းသူ များပြားလာကြောင်း ဒေါက်တာစောလှက ပြောသည်။ယခင်က ကုန်သွယ်လုပ်ငန်း ခွန် ပေးဆောင်ရမှုမှာ ဝ ဒသမ ၅ ရာခိုင်နှုန်းသာဖြစ်ပြီး ယခုနှစ်တွင် အခွန် ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက် ခြင်းကြောင့် အခွန်ရှောင်လွှဲကာ တရားမဝင်တင်သွင်းမှု များပြား လာခြင်းဖြစ်ကြောင်း ၄င်းက ပြော သည်။ ”၁ဝ ဆတက်သွားတဲ့အခါ အကျိုးသက်ရောက်မှုက စားသုံးသူ တွေ ဈေးကြီးပေးရတာပဲ   မှောင်ခို တွေ များလာတာပေါ့”ဟု ၄င်းက ပြောသည်။အခွန်ရှောင်ကာ တရားမဝင် တင်သွင်းလာသောကြောင့် ဆေး ဝါးများတွင် ဆေးဝါးအတုများ၊ အာနိသင်မပြည့်ဝေ သာ ဆေးများ၊ အာမခံချက်မပေးနိုင်သော ဆေးဝါး များဝင်ရောက်လာကြောင်း ထို့ အတွက်ကြောင့် ဆေးဝါးတင်သွင်းမှုကုန်သွယ်လုပ်ငန်းခွန်အား သင့်

အကယ်ဒမီပွဲပြီးမှ ဒူဘိုင်းကို ဟန်းနီးမွန်းထွက်မယ့် ချောရတနာတို့ ဇနီးမောင်နှံ

ကြည်နူးပျော်ရွှင်မှုများစွာနဲ့ဒီဇင်ဘာ ၁ရက်နေ့ မှာ မင်္ဂလာဆောင်ခဲ့တဲ့ ကိုကျော်လင်းနဲ့ မချောရတနာတို့ကို ပရိသတ်တွေက စိတ်ဝင်တစားရှိ လှပါတယ်။ “အဖေ့ကျောင်း” ဇာတ်ကားမိတ်ဆက်ပွဲမှာ ညီမဖြစ်သူ သန္တာဗို နဲ့အတူ တက်ရောက်လာတဲ့ ချောရတနာက.. “အခု လောလောဆယ် ရိုက်ကွင်းခဏနားထားတယ်။ သရုပ်ဆောင်မှု အပိုင်းကို အရင်တုန်းကလောက် လုပ်ဖြစ်တော့ မှာမဟုတ်ဘူး။ အကျိုးပြု ဇာတ်လမ်းတို့၊ လူမှုရေး ဇာတ် လမ်းတို့လောက်ပဲ ရိုက်ကူးဖြစ်တော့မယ်။ အခုဟာက အိမ်ထောင်သည် ဖြစ်သွားတဲ့အတွက် ကိုယ်တစ်ယောက်တည်း စိတ်နဲ့ နေလို့မရတော့ဘူး။ ကိုယ့်ရဲ့ခင်ပွန်းဖြစ်သူနဲ့ ညှိညှိ နှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင် လုပ်ရမယ်။ တစ်ယောက်တည်းစိတ်နဲ့ သွားလို့မရတော့ နှစ်ယောက်ပေါင်းပြီး စိတ်တစ်ခုနဲ့မှ အဆင်ပြေမှာလေ။ အခုလောလောဆယ် အကယ်ဒမီပွဲပြီးရင်ဟန်းနီးမွန်း ခရီး ထွက်ဖို့ စီစဉ်နေပါတယ်။ ဒူဘိုင်းကို သွားဖြစ်ဖို့များတယ်” လို့ ပြောပါတယ်။ အကယ်ဒမီ ရင်ခုန်သံနဲ့ပတ်သက်ပြီး ချောရတနာက “ဒီနှစ်

သော့ဝိဇ္ဇာရှိုးဂန်း အချုပ်မှ ဖောက်ပြေး လွတ်မြောက်နေစဉ် မန်းတွင် သိန်းတစ်ရာကျော်ဖိုး ဖောက်ထွင်းခဲ့ဟုဆို

မင်္ဂလာတောင်ညွန့် တရားရုံးတွင် ချုပ်ရမန် ရယူနေစဉ် ထွက်ပြေး သွားသည့် သော့ဝိဇ္ဇာ ရှိုးဂန်းသည် လွတ်မြောက်နေစဉ် ကာလ အတွင်း မန္တလေး၌ ကျပ်သိန်း တစ်ရာကျော်ဖိုးဖောက်ထွင်းခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သံသယ ရှိကြောင်း သိရသည်။
ရှိုးဂန်း(ခ) စံလင်းအောင် (ခ)ဟာမစ် အသက် ၂၇ နှစ်နှင့် အတူ ၄င်းနှင့်တွဲဖက် ကျော်ဇေယျာလင်း အသက်၂၇ နှစ်လည်း လွတ်မြောက်ခဲ့ခြင်း ဖြစ်ပြီး လွတ်မြောက် နေ စဉ် မန္တလေးသို့ ရောက်ရှိကာ ကျွဲဆည်ကန် လူထု တည်းခိုခန်းတွင် တည်းခိုပြီး ချမ်းအေးသာဇံမြို့ နယ်ရှိ တိုက်ခန်း တစ်ခန်းမှ ငွေ ကျပ်သိန်း ၆ဝ နှင့် ရွှေထည် ၁၂ မျိုး စုစုပေါင်း ကျပ် ၁ဝ၇ သိန်းဖိုး ဖောက်ထွင်း ခဲ့သည်ဟု ဆိုကာ မန္တလေး အမှတ် (၈) ရဲစခန်းမှ ပ-၂၂/၂ဝ၁၂ ပြစ်မှု ပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်ထားကြောင်း သိရ သည်။
ရန်ကုန်တိုင်း ဒေသကြီး ဒုစရိုက် နှိမ်နင်းရေး ဌာနစုမှ ၄င်းတို့ နှစ်ဦးအား ပထမအကြိမ် အောက်တိုဘာ ၂၅

အခွန် လျှော့ပေါ့ သက်သာခွင့်ပြုရန် လုပ်ငန်းရှင် အချို့တင်ပြ

ပြည်သူ့လွှတ်တော် ဘဏ်များ နှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီသို့ အခွန်နှင့် ပတ်သက်သည် များ ပြန်လည် ပြင်ဆင်ပေးရန် အတွက် UMFCCI မှ ညီနောင် အသင်းများက တင်ပြ တောင်းဆို ထားကြောင်း သိရသည်။ကုန်သွယ် လုပ်ငန်းခွန်နှင့် ဝင် ငွေခွန်ကောက်ခံမှု များကို လက်ရှိ ဖြစ်ပေါ်နေသော စီးပွားရေး အခြေ အနေများအရ လျှော့ပေါ့ ကောက် ခံပေးရေး ဆိုင်ရာ ကိစ္စရပ် များကို အသင်းတာဝန်ရှိ သူများနှင့် လုပ်ငန်းရှင် များက တင်ပြ တောင်းဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။ သစ်လုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး (၁) ဦး အောင်နိုင်ဦး ကမူ သစ်ခွဲသားများ ပြည်ပ တင်ပို့မှုတွင် ကောက်ခံသော ကုန်သွယ် လုပ်ငန်းခွန် ၅ဝ ရာခိုင်နှုန်း ကို လက်ရှိ သစ်စက်များ မဖွံ့ဖြိုးခင်၌ အချိန်ကာလ တစ်ခုအထိ အခွန်လျှော့ ပေါ့ သက်သာခွင့်ပြုရန် တောင်းဆို

အကယ်ဒမီ ပေးပွဲကို အနောက်တိုင်းဝတ်စုံနဲ့ ပွဲတက်မယ့် ဖြိုးငွေစိုး

ဖြိုးငွေစိုးကခိုင်သင်းကြည်နဲ့အတူ“ကေရိုး” ရုပ်ရှင်ဇာတ်ကားကို ပြဇာတ်ပုံစံမျိုးနဲ့ Sedona Hotel မှာ သရုပ်ဆောင်ပြသမှာ ဖြစ်ပါတယ်။ ဒီပြဇာတ်အတွက်ဘာတွေကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားလဲဆိုတာကိုဖြိုးငွေစိုးက “ကျွန်တော်ခရီးသွားနေတဲ့ အချိန်မှာ အိမ်ကို ကြိုပြောထားတယ်။ ပြန်ရောက်မှ အဲဒီအတွက် ဓာတ်ပုံတွေ သွားရိုက်တယ်။ ကောင်းပါတယ်။ ကျွန်တော်တစ်ခါမှ မလုပ် ဖူးတဲ့ပုံစံမျိုးပါ။ ဇာတ်လမ်းကို ကြိုက် တာထက် “ကေရိုး”နေရာကို ကြိုက်တယ်။ ဇာတ်လမ်း အတိုလေးကို သရုပ်ဆောင်ရမှာ ၂၉၊၃ဝရက် လောက်တော့ အဲဒီအတွက် ဇာတ် တိုက်ရမယ်။ ကြော်ငြာရိုက်တဲ့ နေ့ကတော့ နည်းနည်းပါးပါး ဇာတ်တိုက် ထားတာ ရှိတယ်။ အဲဒါကြောင့် Happy New Yearက အဲဒီမှာရှိမယ်လို့ ပြောပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲကို အနောက်တိုင်း ဝတ်စုံနဲ့ပွဲ တက်မှာ ဖြစ်ကြောင်း ဖြိုးငွေစိုးက ပြောပါတယ်။ အနောက်တိုင်း ဝတ်စုံကို

စင်ကာပူ အိမ်အကူ တရားမဝင်သဖြင့် ဥပဒေ၏ အကာအကွယ်မဲ့

စင်ကာပူနိုင်ငံသို့ အိမ်အကူ အဖြစ် တရားဝင် သွားရောက် လုပ်ကိုင်ရန် ခွင့်ပြုထားခြင်း မရှိသောကြောင့် မြန်မာ အမျိုးသမီး များသည် ဥပဒေအရ အကာ အကွယ်ပေးမှု မရရှိကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေ သူများက ပြောသည်။
”ဒီက သွားကတည်းက တရားဝင် မဟုတ်တဲ့ အတွက် ဟိုကိုလည်းရောက်ရော အနှိပ်စက် ခံရတာတွေ၊ မတရားစေခိုင်း ခံရတာတွေ ဖြစ်တဲ့အခါ ဥပဒေအရ အကာ အကွယ် မရတော့ဘူး”ဟု စင်ကာပူ အခြေစိုက်ရွှေ့ပြောင်း အလုပ်သမား ကူညီပေးရေးအဖွဲ့ အစည်းဖြစ်သည့် Home မှ ဒေါက်တာ သိန်းသန်းဝင်းက ပြောသည်။၎င်းတို့သည် စင်ကာပူမှ အိမ်အကူ အမျိုးသမီးများ အတွက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွယ်တာကို ကျပ်သိန်း(၄၁၅)သိန်းနဲ့ ရွှေ FM က ဝယ်ယူ

2012-12-28
လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ထိုးထားတဲ့ ဆွယ်တာတစ်ထည် ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ရက်အဖွဲ့ရဲ့ ဒုတိယအကြိမ် ပညာရေးရန်ပုံငွေ ဂီတပွဲတော် ပထမနေ့ မှာ လေလံတင်ခဲ့ရာမှာ ရွှေ FM ရေဒီယို ဥက္ကဋ္ဌ ဒေါ်နန်းမောက်လောဆိုင်း က ကျပ်ငွေ ၄၁၅ သိန်းနဲ့ ဝယ်ယူသွားပါတယ်။
Photo: RFA/Zarni Phyo Wai
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေရှာဖွေရေးဂီတပွဲမှာ လေလံတင်မယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထားတဲ့ဆွယ်တာကို သရုပ်ဆာင် ပြေတီဦးက ပြသနေစဉ်
ဒီဆွယ်တာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးခဲ့တာမို့ တန်ဖိုးဖြတ်လို့မရဘူးလို့ ဆွယ်တာဝယ်ယူသွားတဲ့ ဒေါ်နန်းမောက်လောဆိုင်း (Nan Mauk Lao Sai) က ပြောပါတယ်။ ရွှေ FM ရေဒီယိုဟာ  Sky Net TV ကို ပိုင်ဆိုင်တဲ့ ရွှေသံလွင်ကုမ္ပဏီရဲ့

မြန်မာနိုင်ငံမှာ အဆိုတော် ဒေါ်မာမာအေး က ဖျော်ဖြေပွဲ ကျင်းပမည်

2012-12-28
အမေရိကန်ပြည်ထောင်စုမှာ ဆယ်နှစ်ကျော်နေထိုင်ခဲ့ပြီး မြန်မာပြည် ကို အလည်အပတ် ရောက်ရှိလာတဲ့ အဆိုတော် ဒေါ်မာမာအေးရဲ့ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့၊ ဘားလမ်းမှာရှိတဲ့ စီးတီးစတား ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
Photo:RFA/Nay Myo Htun
ရန်ကုန်မြို့ ဘားလမ်းက စီတီးစတားဟိုတယ်တွင် အဆိုတော် ဒေါ်မာမာအေးက ယင်းရဲ့ဖျော်ဖြေပွဲနဲ့ ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်စဉ်။
ပြည်သူချစ်သော မာမာအေး ရသနှလုံးသားပေးဆပ်ပွဲ ဆိုတဲ့ အမည်နဲ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်မာမာအေးက ပရိသတ်အားလုံးကို မေတ္တာစေတနာနဲ့ သီဆိုဖျော်ဖြေပေးချင်တဲ့အတွက် ကျန်းမာရေး မကောင်းတဲ့ကြားက မြန်မာပြည်ကိုရောက်အောင်
 ပြန်လာခဲ့တာဖြစ်တယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အဆိုတော် ဒေါ်မာမာအေးရဲ့ ဖျော်ဖြေပွဲမှာ ဂီတမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးမယ့် စန္ဒရားဆရာ မောင်လှအေးက တီးခတ်ပေးမှာ ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်တာဝန်ခံအဖြစ်

တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး

2012-12-28
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ (၁) ရက်နေ့က တရုတ်သံရုံးနားအထိ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့လို့ တရားစွဲဆိုခံထားရတဲ့ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုအောင်မျိုးဦး ၊ မသန္တာတို့အပါအ၀င် (၆) ဦးကို ကြည့်မြင်တိုင် နဲ့ အလုံမြို့နယ် တရားရုံးတွေမှာ ဒီကနေ့ ပထမအကြိမ် တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။
Photo: RFA
လက်ပန်းတောင်းတောင်အရေး ရန်ကုန်မှာ ဆန္ဒပြခဲ့သူတွေကို ဒီဇင်ဘာ ၃ ရက်နေ့က တရားရုံးတင် စစ်ဆေးစဉ်
တရားစွဲဆိုခံထားရသူ ( ၆ )ဦးဟာ ကြည့်မြင်တိုင် ၊ အလုံ၊ စမ်းချောင်း၊ ဒဂုံ အစရှိတဲ့ မြို့နယ်ရဲစခန်းတွေက တရားမ၀င် စီတန်းလှည့်လည်မှုအရ ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ အလုံမြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်တရားရုံးတွေက တရားစွဲဆိုခံထားရသူ တစ်ဦးကို ကျပ် ၃ သိန်းစီ စုစုပေါင်း ကျပ် ၆ သိန်းနဲ့ အာမခံကြေး ပေးဆောင်ခဲ့ရတယ်လို့

ကြေးနီစီမံကိန်းကြောင့် ဒေသတွင်းထိခိုက်မှု ပညာရှင်များအဖွဲ့ စတင်လေ့လာ။

2012-12-28
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဒေသတွင်းထိခိုက် မှုတွေကို ပညာရှင် ၁၂ဦးပါဝင်တဲ့ အဖွဲ့က စတင် လေ့လာလျက်ရှိနေပြီလို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ပြောပါတယ်။
လေ့လာသုတေသနပြုမဲ့ ပညာရှင် ၁၂ ဦး ပါဝင်တဲ့ MEI မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့ကို တာဝန်ပေးအပ်ထားပြီးတော့ အဲဒီ့ပညာရှင်တွေက ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မူ၊ လူမူဘဝအကျိုးသက်ရောက်မူ စတဲ့ ဖြစ်ပျက်မူများ အကျိုးဆက်များစတဲ့ ဘာသာရပ် ၁၁မျိုးကို လေ့လာသုသေတနပြုမှာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပုလဲမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။
ပညာရှင်အဖွဲ့ဟာ သီးခြားလွတ်လပ်တဲ့အဖွဲ့ဖြစ်ပြီး တွေ့ရှိချက်ပဏာမအစီရင်ခံစာကို ၂ပတ်အတွင်း

ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ဧပြီလ ၁ ရက်နေ့ ထွက်နိုင်မည်

2012-12-28
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသက်တမ်း နှစ်နှစ်ပြည့်တဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး လွတ်လပ်တဲ့ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့်ပြုတော့မှာဖြစ်တဲ့အတွက် နေ့စဉ်သတင်းစာ ထုတ်ဝေလိုသူတွေအနေနဲ့ ဖေဖော်ဝါရီလဆန်း ကစပြီး လျှောက်ထားနိုင်ပြီလို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Photo: AFP
၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို မြန်မာစစ်အစိုးရက ၂၀၀၈ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် မမျှော်လင့်ပဲ ကြေညာလိုက်သည့်သတင်းကို လမ်းဘေး လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများပုံ
ဒီလို ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတွေ ထုတ်ဝေခွင့်ပြုတာဟာ ဒီမိုကရေစီစံနှုန်းတစ်ခုကို စတင်ခြေလှမ်းလိုက်တာ ဖြစ်တယ်လို့ နေ့စဉ်ထုတ်သတင်းစာထုတ်ဝေဖို့ ပြင်ဆင်ထားတဲ့ Eleven Media Group က အယ်ဒီတာချုပ် ဦးဝေဖြိုးက RFA ကို ပြောပါတယ်။
လတ်တလောအတွင်း စာနယ်ဇင်းကောင်စီက ရေးဆွဲနေတဲ့ စာနယ်ဇင်းဥပေဒလည်း အပြီးသတ်ထွက်ရှိလာခြင်း မရှိသေးတာတွေ့ရပါတယ်။ စာနယ်ဇင်းသမားတချို့ကတော့ စာနယ်ဇင်းဥပဒေမရှိဘဲ လွတ်လွတ်လပ်လပ် ထုတ်ဝေခဲ့တဲ့

မိဘမဲ့ကလေးတွေအတွက် CDP ရံပုံငွေပွဲ ထားဝယ်မှာပြုလုပ်

2012-12-28
မိဘမဲ့ကလေးတွေ ပညာရေး၊ ကျန်းမာရေးအတွက် ကလေးသူငယ် ဖွံ့ဖြိုးရေးအစီအစဉ် CDP ရန်ပုံငွေပွဲအဖြစ် ပထမအကြိမ် ထားဝယ်ရိုးရာ ဝတ်စားဆင်ယင်ပြိုင်ပွဲနဲ့ အနုပညာစွမ်းရည်ပြိုင်ပွဲကို ထားဝယ်မြို့နယ်ခန်းမမှာ ဒီကနေ့ စတင်ကျင်းပပြီး အဲဒီပွဲကို ဒီဇင်ဘာလ ၃ဝ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။
(Photo: AFP)
၂၀၀၈ ခုနှစ် နာဂစ် လေမုန်တိုင်း ဒုက္ခသည် ကလေးသူငယ်များ ဖြစ်ပါသည်။ မုန်တိုင်းဒဏ်သင့် မိဘမဲ့ ကလေးသူငယ်များအား စစ်သား စုဆောင်းမှု၊ လူကုန်ကူးမှု စသော အခွင့်အရေး ချိုးဖောက်ပြီး မတရား ပြုလုပ်မှု အန္တရာယ်များ ရှိနေပါသည်။ (Photo: AFP)
ဒီပွဲပြုလုပ်တာဟာ လူငယ်တွေမှာ လူမှုရေးစိတ်ဓာတ်တွေ ဖြစ်ပေါ်စေဖို့နဲ့ ထားဝယ်ရိုးရာယဉ်ကျေးမှုကိုလည်း ထိမ်းသိမ်းနိုင်ဖို့ အဓိကရည်ရွယ်ပြီး ကျင်းပတာလို့ CDP အဖွဲ့ရဲ့

မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်ဒဏ်ချမှတ်

2012-12-28
ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံ သားတွေ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းလူမျိုး ၄ ယောက်ကို သူတို့နိုင်ငံတရားရုံးက ဒီကနေ့ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
Photo: AFP
ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း အအေးခန်းကွန်တိန်နာ ကုန်ကားပေါ်တွင် အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့ရသော မြန်မာရွေ့ပြောင်း အလုပ်သမား ၅၄ ဦးရဲ့ ရုပ်အလောင်းများကို ဧပြီ ၁၀ ရက်နေ့က ထိုင်းကယ်ဆယ်ရေးဝန်ထမ်းများ စစ်ဆေးကြည့်ရှုနေပုံ
အဲဒီ လူမှောင်ခိုကုန်ကူးသူ ထိုင်းနိုင်ငံသား ၄ ဦး က   တရားမဝင် မြန်မာနိုင်ငံသား ၁၂၁ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း Phuket ဒေသကို   အလုံပိတ်ပစ္စည်းတင် ကွန်တိန်နာကားထဲမှာ အပြည့်အကြပ်တင်ပြီး သွားပို့ခဲ့တုန်းမှာ လေပေးစက်ပျက်ပြီး အဲဒီအထဲက လူတဝက်နီးပါးလောက်

လူ့ဘောင်သစ်ပါတီ ကိုယ်စားလှယ် နဲ့ ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံ




ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးဦးဆောင်တဲ့ အဖွဲ့ဝင်တွေ၊ အစိုးရဝန်ကြီးတွေ ဒီဇင်ဘာလ ၂၆ ရက်နဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ဒီနေ့မှာပါ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။
Photo: Democratic Party for a New Society
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးနေစဉ်။
ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံစဉ် လူ့ဘောင်သစ်ပါတီ ပြည်တွင်းမှာ တရားဝင် ပြည်လည်ထူထောင်ရေးကိစ္စ ဆွေးနွေခဲ့ပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့နဲ့တော့ အစိုးရနဲ့ပါတီနှစ်ဘက် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်မယ့် အစီအစဉ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးငွေလင်းက RFA ကိုပြောပါ

သိန်းနီမြို့၊ သစ်တောဘိနယ် စခန်းရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ


281

လားရှိုးမြို့နယ် သစ်တောဦးစီးဌာန၊ သိန်းနီသစ်တောဘိနယ် စခန်းရုံးတွင် ဒီဇင်ဘာလ (၂၇) ရက်နေ့နံနက် (၀၂း၀၀) နာရီ အချိန်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
သိန်းနီသစ်တောဘိနယ် စခန်းရုံးအတွင်းသို့ လက်ပစ်ဗုံး (၂) လုံးဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဗုံးပစ်ခတ်မှုကြောင့် တောအုပ်ဦးလှမင်းဦး၏ ညာဘက်ခြေသလုံးဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး၊ ဘိနယ်စခန်းအတွင်း ရပ်ထားသော မော်တော်ဆိုင်ကယ်နှင့် အဆောက်အဦအတွင်းနှင့် ကြမ်းခင်းများ

တတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံမူဘောင် ၁၀ချက် ဆွေးနွေးအတည်ပြုခဲ့

ဒီဇင်ဘာ ၂၆ရက်နှင့် ၂၇ရက်နေ့တို့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် တတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက်  အခြေခံမူဘောင် ၁၀ချက်ကို ဆွေးနွေး အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။                                     
အဆိုပါ အစည်းအဝေးသို့ စီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။                       
    အစည်းအဝေးတွင် အတည်ပြုခဲ့သည့် အခြေခံမူဘောင်များမှာ (၁)  ဘဏ္ဍာရေးနှင့် အခွန်စနစ် ပြုပြင်ပြောင်းလဲမှုများ (၂)ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ (၃) ကုန်သွယ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဖြေလျော့မှုများ (၄) ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များ (၅)

မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းများအား မြို့နယ်လူထုက ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်များဖြင့် ဆောင်ရွက်နိုင်ရေး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ပြောကြား

မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းများအား မြို့နယ်လူထုက ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်များဖြင့် ဆောင်ရွက်နိုင်ရေး ဥပဒေနည်းဥပဒေများ ပြင်ဆင်ဆောင်ရွက်ရန်
 နိုင်ငံတော်သမ္မတက ဒီဇင်ဘာ ၂၆ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် အစိုးရအဖွဲ့ တာဝန်ရှိသူများအား လမ်းညွှန်မိန့်ကြားသည့်  အခမ်းအနားတွင် ထည့်သွင်းပြောကြားသွားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေ အမှတ် ၃ အရ ပြဋ္ဌာန်းခဲ့တဲ့ မြူနီစီပါယ် အက်ဥပဒေဟာ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး မြူနီစီပါယ် ကော်မတီမှာ ပြည်သူလူထု အတွင်းက ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သလို မြို့နယ်များမှာ စည်ပင်သာယာရေး ကော်မတီကို မြို့နယ်လူထုအတွင်းက ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက် ပါဝင်ဖွဲ့စည်းမှုနဲ့ သီးခြားရပ်တည်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ လေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်”

အပြီးသတ် အစီရင်ခံစာ တင်သွင်းရန် ရခိုင်ပြည်နယ်သို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၂၀၁၃ ခုနှစ် ပထမအပတ်အတွင်း ထပ်မံသွားရောက်မည်

ရခိုင်ပြည်နယ် ပဋိပက္ခများ အပြီးသတ် အစီရင်ခံစာ တင်သွင်းနိုင်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမအပတ်အတွင်း ရခိုင်ပြည်နယ် ဒေသများသို့ သွားရောက်ပြီး လိုအပ်သော အချက်အလက်များ ကောက်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက် အမှတ် (၃) အရ သိရသည်။စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့်
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို ပေးပို့တင်ပြခဲ့ပြီး ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နောက်ဆုံးအပြီးသတ် တင်သွင်းရမည့် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ပြရန်လည်း နိုင်ငံတော်သမ္မတက ရက်တိုးမြှင့် ပေးထားကြောင်းလည်း

ထိုင်းနိုင်ငံပိုင် Krung Thai Bank မြန်မာနိုင်ငံအတွင်း ပူးတွဲဖက်စပ် လုပ်ကိုင်မည့်သူကို ရှာဖွေနေ

ထိုင်းနိုင်ငံပိုင် Krung Thai Bank (KTB) သည် မြန်မာနိုင်ငံအတွင်း ပူးတွဲလုပ်ကိုင်မည့် လုပ်ငန်းရှင်ကို ရှာဖွေလျက်ရှိကြောင်း ထိုင်းနိုင်ငံ သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
၎င်းတို့ဘဏ်သည် မြန်မာနိုင်ငံအတွင်း ကိုယ်စားလှယ်ရုံးခန်းကို မကြာသေးမီက ဖွင့်လှစ်ခဲ့ပြီး ဖက်စပ်လုပ်ငန်း လုပ်ကိုင်ရန် စီးပွားရေးတွဲဖက်ကို ရှာဖွေနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားငွေကြေး အဖွဲ့အစည်းများ အနေနှင့်  ကိုယ်စားလှယ် ရုံးခန်းဖွင့်လှစ်ခြင်း၊ ပြည်တွင်းငွေကြေး ၀န်ဆောင်မှု အဖွဲ့အစည်း တစ်ခုနှင့် ပူးတွဲဖက်စပ် လုပ်ကိုင်ခြင်း၊ ပင်မဘဏ်၏ ဘဏ်ခွဲအဖြစ် ဖွင့်လှစ်ခြင်း စသည့်အဆင့်များကို လုပ်ဆောင်ရမည်ဖြစ်သည်။
“ပူးတွဲဖက်စပ်လုပ်ကိုင်မယ့် သူကို ရှာရတဲ့အဆင့်က အချိန်ပိုယူမယ့် သဘောရှိပါတယ်။ မြန်မာအစိုးရရဲ့ အတည်ပြုမှုနဲ့ ကျွန်တော်တို့လုပ်ငန်း လည်ပတ်ရမှာပါ။ ဒါပေမယ့် နောက်ငါးနှစ်အတွင်းမှာတော့

ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည်

ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့စည်းများမှ ကြီးမှူး၍ အဖွဲ့အစည်းပါင်းစုံ ပါဝင်မည့် ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့် ရခိုင်အမျိုးသားကွန်ယက်မှ သိရသည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးပါတီများ၊ ရဟန်းရှင်လူ ကျောင်းသားလူငယ်များ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ လူုထုအခြေပြု အဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။အလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းပြည်ပရှိ
 နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အမျိုးသားရေး ရပ်တည်ချက် ဘုံလမ်းစဉ်များကို ချမှတ်နိုင်ရန်၊

 လက်ပံတောင်းတောင်ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ မီးလောင်ဗုံးမဟုတ်ဘဲ မီးခိုးဗုံးဟု ပြန်လည်ပြောကြားခဲ့ခြင်းမရှိကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညို ပြောကြား

လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ မီးလောင်ဗုံးမဟုတ်ပဲ မီးခိုးဗုံးဟု ပြန်လည်ပြောကြားခဲ့ခြင်းမရှိကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုက ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ဓာတုဗေဒပညာရှင်ဒေါက်တာ ခင်မောင်ညိုက'' Myanmar Express က ဒေါက်တာခင်မောင်ညို ၀န်ခံပြီဆိုပြီး ပြောတားတယ်။ Myanmar Express က တာဝန်မယူတတ်တဲ့ ၀က်ဘ်ဆိုဒ်ပေါ့လေ။ဘာမှ တာဝန်မယူပဲနဲ့ လုပ်ချင်ရာလုပ်၊ဖြစ်ချင်ရာဖြစ် ပြောတဲ့ဝက်ဘ်ဆိုဒ်ပေါ့။
နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေကို တိုက်ခိုက်ပြီး လုပ်သမျှ တာဝန်မယူနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပါ။ ကျွန်တော်သိသလောက်တော့ Myanmar Express ကနေ ကျွန်တော်ဆီ ဆက်သွယ်မေးမြန်းတာ မရှိပါဘူး။အခြားနည်းလမ်းနဲ့ ဆက်သွယ် လာတာမျိုးတွေရှိလည်း မီးခိုးဗုံးမဟုတ်ဘူး မီးလောင်ဗုံးပဲ။မီးလောင်ဗုံး မဟုတ်ဘူး မီးခိုးဗုံးပဲဆိုတာ တစ်ခါမှမပြောပါဘူး။ဖြစ်တဲ့ကိစ္စတွေကိုပဲ ကျွန်တော်ပြောပါတယ်။ဘယ်သူကိုမဆို အမှန်အတိုင်း ဖြစ်နေပျက်နေတာတွေကိုပဲ ကျွန်တော်ပြော ပါတယ်။Chemistry Point of View ကနေ စဉ်းစားဆင်ခြင်နိုင်ဖို့ ပြောတာပါ။ဒေါ်စုတို့ အလုပ်လုပ်ရလွယ်အောင်လို့ ဘာတွေဖြစ်တယ်ဆိုတာ သူတို့စုံစမ်းသင့်တယ်ဆိုတဲ့ အကြောင်းပဲ

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲ၍ ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး၏ ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားမှုအရ သိရသည်။ ထို့ပြင် ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်းတူညီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ စသည်တို့ကိုလည်း တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများနှင့် KNU အဖွဲ့တို့ လက်တွဲပူးပေါင်း
 ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သည်။ KNU အဖွဲ့၏တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက ''ငြိမ်းချမ်းရေးကိစ္စမှာ KNU အဖွဲ့နှင့် မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး ကိစ္စအား ပိုမိုခိုင်မာစေရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်
ကျန်ရှိနေသေးကြောင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား တပ်ပေါင်းစုများနဲ့ ဒီမိုကရေစီ

မီဒီယာများ၌ ဖော်ပြနေကြသည့် GSM မိုဘိုင်းဖုန်း ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ လတ်တလော အတည်ပြုပြောကြားခြင်း မရှိဟု သိရ

ယခုရက်ပိုင်း မီဒီယာများတွင် ဖော်ပြနေသော ဇန်န၀ါရီလအတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ခွင့်ပြုရောင်းချပေးမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာ ၂၈ ရက်က  ပြောသည်။
ဆက်လက်၍ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ခုအချိန်ထိ ဘယ်သတင်းဌာနကိုမှ ဘယ်လောက် ဈေးနှုန်းနဲ့ ရောင်းချမယ်ဆိုတာ အတိအကျ မထုတ်ပြန်ရသေးပါဘူး။ အပြင်မှာ ထွက်နေတဲ့ သတင်းတွေက ကောလဟာလတွေပါ” ဟု ပြောသည်။
ထို့ပြင် ဌာနမှ ထုတ်ပြန်ခြင်းပင် မရှိသည့် ဈေးနှုန်းများကို သတင်းဌာနများမှ သိနေခြင်းအပေါ် ၎င်းမှ မပြောတတ်တော့ကြောင်း၊ ဌာနအနေနှင့် ခွင့်ပြုရောင်းချတော့မည်ဆိုက မီဒီယာများကို တစ်ပတ်ကြိုကာ

ပြည်တွင်းစစ်များပိုမိုပြင်းထန်လာ။လိုင်ဇာမြို့အနီး ဒေါ့ဖုန်းယန်နှင့် လဂျားယန် ဒေသတစ်ဝိုက် တိုက်ပွဲများပြင်းထန်နေ၊ အရပ်သားတစ်ဦးသေ (၃) ဦး ဒဏ်ရာရ

292
မြစ်ကြီးနားမြို့ပေါ်တွင် စစ်ရဟတ်ပျံသန်းနေမှုကို ဒီဇင်ဘာလအတွင်းက တွေ့မြင်ရစဉ်
ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ ဒေါ့ဖုန်းယန်မြို့နှင့် လဂျားယန် ဒေသတစ်ဝိုက်တွင် အစိုးရတပ်များနှင့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အစိုးရတပ်များနှင့် ကေအိုင်အေတို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် နန်းလုံချောင်းအနီးတွင် အခင်းလုပ်နေကြသော အမျိုးသားတစ်ဦး သေဆုံးပြီး (၃) ဦးဒဏ်ရာရရှိကာ ဒဏ်ရာရရှိသော အမျိုးတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြင့် လိုင်ဇာဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း လဂျားယန် အနီးတစ်ဝိုက်တွင် ကေအိုင်အေတပ်များ
 လေကြောင်းတိုက်ခိုက် ခံရသည်ဟု ကေအိုင်အေ ဌာနချုပ်မှ ပြောကြားချက်အရ သိရှိရသည်။
''ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၆ နာရီဝန်းကျင် လောက်ကတည်းက အစိုးရတပ်က

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။