MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, February 3, 2013

လူလိမ်ပွဲစား ကိုကျော် ဆိုတဲ့လူကို ဝေးဝေးရှောင်ကြပါ....

မလေးရှားမှ  ညီအစ်ကိုမောင်နှမအားလုံး  စာရေးသူရဲ့ ညီလို  အလိမ်ခံမထိအောင်  ဂျိုးဟိုး စီနိုင်းမှာနေတဲ့  ကိုကျော်ဆိုတဲ့လူက  မြန်မာတွေကို  စာအုပ်လုပ်ပေးမယ်ဆိုပြီး  ငွေကိုအဆမတန်တောင်း လိမ်ညာနေသော  ကိုကျော်ရဲ့  လုပ်ရပ်ကို  တင်ပြလိုက်ပါတယ်  ကိုကျော်ကို  ပုံနဲ့ တကွ  မဖော်ပြနိုင်တာ တောင်းပန်ပါတယ်  ပုံမရှိလို့ပါ  ရှိရင် ဒီလိုယုတ်မာတဲ့ လူကို ဂျာနယ်တွေထဲမှာတောင်  ထည့်သင့်ပါတယ် အောက်လမ်းကပြန်သွားတဲ့  ကျော်မင်းနိုင်ပုံကိုတော့ တင်ပေးလိုက်ပါတယ်  သူနဲ့လုပ်ပြီး  စာအုပ်မရပဲ  ဒုက္ခရောက်နေတဲ့  မိန်းကလေးတွေအများကြီးပါ သူတို့နာမည်တွေ  အောက်ဆုံးမှာ ဖော်ပြပေးပါ့မယ်  ပထမဆုံး  ကိုကျော်ရဲ့  အကြောင်းကို ပြောပါ့မယ်  အရင်က စင်္ကာပူမှာ  အင်ဂျင်နီယာဘ၀နဲ့  ၁၀နှစ်လောက်  လုပ်ခဲ့တယ်လို့ကြားပါတယ်  အဲဒီမှာ  မလေးမနဲ့ ယူပြီး  ဂျိုးဟိုးမှာ  နေပါတယ်  ဂျိုးဟိုး  စီနိုင်းမှာ  ရွှေရတီ အကျိုးဆောင်လုပ်ငန်းဆိုပြီး  ဆိုင်းဘုတ်ကို  သူအိမ်မှာ  ချိတ်ထားပါတယ်   တကယ်လို့များ  ဤပို့စ်ကို  ကိုကျော်ဆိုတဲ့လူ  ဖတ်မိခဲ့လို့  မကြေနပ်ရင်  စာရေးသူရဲ့စာမျက်နှာမှာ  လာပြီးဖြေရှင်းလို့ရပါတယ်  စာဖတ်သူညီအစ်ကို  မောင်နှမအားလုံးလည်း  မလေးရှားမှာရောက်နေတဲ့  ရွှေမျိုးများ  သူငယ်ချင်းများ  ကို အခုလိုအလိမ်ခံမထိအောင်  ဤပို့စ်ကို  မျှဝေပေးကြပါ။ကျော်မင်းနိုင်နဲ့  ထွန်း၂၀င်း တို့ဟာ  ၄နှစ်ပြည့်ခါနီးမှာ  သူတို့လုပ်တဲ့  စက်ရုံက  သူဌေးနဲ့ 

ထမင်းစားပြီးလျှင်ရှောင်ကြဉ်ရမည့် အချက်များ


 Photo: ထမင်းစားပြီးလျှင်ရှောင်ကြဉ်ရမည့် အချက်များ

မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြ သည်ဖြစ်ရာ ထမင်းစားပြီးရှောင်ကြဉ်သင့်သော အ ချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။

(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်း အနည်းငယ်လျှော့ လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွား သည့်အတွက်ကျွန်တော်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။ထို့ကြောင့်ထမင်းစားပြီး လမ်း မလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံး လိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။ 

ကျန်းမာပျော်ရွှင်နိုင်ပါစေဗျာ  .......

Ref:Health Digest 

http://on.fb.me/UWRK0Q

လမင်းမောင်

မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြ သည်ဖြစ်ရာ ထမင်းစားပြီးရှောင်ကြဉ်သင့်သော အ ချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါကထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ


မှိုများကို ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်


 Photo: မှိုများကို ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်

မှိုများသည် ၎င်းတို့တွင် နည်းပါးစွာပါဝင်သော သကြားဓာတ်ကြောင့် ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်ကြောင်း လေ့လာမှုတစ်ရပ်တွင် ဖော်ပြ ထားသည်။
Himachal Pradesh University ဇီဝသိပ္ပံဌာနမှ သုတေသီ Dr. TN Lakhanpal က မှိုကို ဟင်းအဖြစ်ချက်ပြုတ်စားသုံးပေး ခြင်းသည် ဆီးချိုရှိသောဝေဒနာရှင် များအတွက် ယင်းတွင် ပါဝင်သော အာဟာရတန်ဖိုးများ ကကျန်းမာရေး အာနိသင်ကိုပေးစွမ်းသည့်အပြင် ယင်းတွင် သကြားဓာတ်မဆိုစလောက် နည်းပါးစွာပါဝင်မှုကြောင့် ဘေးထွက် ဆိုးကျိုးများကိုမဖြစ်စေကြောင်း၊သို့ သော် အန္တရာယ်ရှိသော၊အဆိပ်ရှိသော မှိုများကိုဆိုလိုခြင်းမဟုတ်ဘဲပြည်သူ များ လွယ်လင့်တကူစားသုံးနိုင်သောကောက်ရိုးမှို၊တောင်ပို့မှိုနှင့် နွားရွက် မှိုများကိုသာဆိုလိုခြင်းဖြစ်ကြောင်း ယခုစာတမ်းတွင်ဖော်ပြထားသည်။
လေ့လာမှုစာတမ်းတွင်ဖော်ပြထား ချက်အရ မှိုများတွင်အဆီဓာတ်မပါ ၀င်ကြောင်း၊ထို့ကြောင့်အ၀လွန်နေ သောဆီးချိုဝေဒနာရှင်များ စားသုံးပေး နိုင်ကြောင်းသိရှိရသည်။ထို့ပြင်မှို (Mushrooms) ၏ ကင်ဆာ နှင့် HIV အပေါ်အကျိုးသက်ရောက်မှုကို ဆက်လက်လေ့လာနေကြောင်း၊ ဆေးဘက်ဝင်အာနိသင်အပြင် မှိုကို စားသုံး ပေးခြင်းသည်အစား ရှောင်နေရသော ဆီးချိုဝေဒနာရှင်များကို အဆင်ပြေစေမည်ဟု Dr. TN Lakhanpal ကပြောကြားခဲ့သည်။
Dr. TN Lakhanpal က ယခုလေ့လာမှုစာတမ်းကို အကြိမ် တစ်ရာမြောက် အိန္ဒိယသိပ္ပံပညာ ကွန်ဂရက်တွင်တင်ပြထားခြင်း ဖြစ် သည်။

သက်နှင်း
Ref: IANS


http://on.fb.me/UWRK0Q

လမင်းမောင်

မှိုများသည် ၎င်းတို့တွင် နည်းပါးစွာပါဝင်သော သကြားဓာတ်ကြောင့် ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်ကြောင်း လေ့လာမှုတစ်ရပ်တွင် ဖော်ပြ ထားသည်။
Himachal Pradesh University ဇီဝသိပ္ပံဌာနမှ သုတေသီ Dr. TN Lakhanpal က မှိုကို ဟင်းအဖြစ်ချက်ပြုတ်စားသုံးပေး ခြင်းသည် ဆီးချိုရှိသောဝေဒနာရှင် များအတွက် ယင်းတွင် ပါဝင်သော အာဟာရတန်ဖိုးများ ကကျန်းမာရေး အာနိသင်ကိုပေးစွမ်းသည့်အပြင် ယင်းတွင် သကြားဓာတ်မဆိုစလောက် နည်းပါးစွာပါဝင်မှုကြောင့် ဘေးထွက် ဆိုးကျိုးများကိုမဖြစ်စေကြောင်း၊

သို့ သော် အန္တရာယ်ရှိသော၊အဆိပ်ရှိသော မှိုများကိုဆိုလိုခြင်းမဟုတ်ဘဲပြည်သူ များ လွယ်လင့်တကူစားသုံးနိုင်သောကောက်ရိုးမှို၊တောင်ပို့မှိုနှင့် နွားရွက် မှိုများကိုသာဆိုလိုခြင်းဖြစ်ကြောင်း

~~သတိထားသင့်သော မိန်းကလေးများ၏ ညို့ချက် (၈)ချက်~~


 Photo: ~~သတိထားသင့်သော မိန်းကလေးများ၏ ညို့ချက် (၈)ချက်~~


ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂)
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ် တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ညို့ချက် (၄)
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅)
တစ်ချို့မိန်းကလေးတွေကျတော့ စကားကိုမကြားတစ်ကြားဖြစ်အောင် လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာ တတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)
မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)


ညို့ချက် (၇)
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈)
မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)
အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။

သတိထားပြီး အမျိုးသားများ လွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်း လာမယ့်ဘေး ပြေးတွေ့လိုက်တာပေါ့..........ဟဲဟဲ
ယောကျာင်္းလေးများသတိထားနိုင်ရန် စေတနာဖြင့်  မျှဝေလိုက်ပါသည် ။

Source ►http://bit.ly/YaAd63

http://on.fb.me/UWRK0Q

လမင်းမောင်

ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂)
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ် တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ခရမ်းချဉ်သီးအခွံကို စားသုံးခြင်းကြောင့် လေဖြတ်နိုင်ခြေ လျော့ကျနိုင်

Photo: ခရမ်းချဉ်သီးအခွံကို စားသုံးခြင်းကြောင့် လေဖြတ်နိုင်ခြေ လျော့ကျနိုင်

ခရမ်းချဉ်သီးအခွံမှာ တွေ့ရှိနိုင်တဲ့ လိုင်ကိုပင်း ပါဝင်တဲ့ ဆေးပြားတွေကို မှီဝဲရင် လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ပြီး ကင်ဆာကြီးထွားမှုကို တားမြစ်နိုင်တယ်လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ Aterononခေါ်တဲ့ လိုင်ကိုပင်း ပါဝင်တဲ့ဆေးပြားဟာ ပိတ်ဆို့နေတဲ့ သွေးကြောတွေကို ပွင့်စေနိုင်ပါတယ်။ ခရမ်းချဉ်သီး ပါဝင်တာက မြေထဲပင်လယ် အစားအစာရဲ့ ကျန်းမာရေးအတွက် အဓိကအကျိုးကျေးဇူးပါ။ အဲဒီဆေးပြားကို မှီဝဲတာကြောင့် သွေးကြောတွေ ပျော့ပျောင်းလာပြီး သွေးလည်ပတ်မှုတွေ ပိုကောင်းမွန်နိုင်တဲ့အတွက် နှလုံးရောဂါကြောင့် ပျက်စီးနိုင်ခြေ လျော့နည်းသွားနိုင်တယ်လို့ သုတေသီတွေက ယုံကြည်ကြပါတယ်။ လေဖြတ်နိုင်ခြေနဲ့ နှလုံးတိုက်ခိုက် ခံရနိုင်ခြေကိုလည်း လျှော့ချနိုင်ပါတယ်။ ခရမ်းချဉ်သီးကို အစိမ်းအတိုင်း စားတာထက် ချက်ပြုတ်ပြီး စားသုံးတာကြောင့် သူ့မှာပါဝင်တဲ့ လိုင်ကိုပင်းဟာ ခန္ဓာကိုယ်မှ အလွယ်တကူ စုပ်ယူနိုင်ပြီး သွေးအတွင်းကို အလွယ်တကူ ရောက်ရှိစေနိုင် ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။


By Good Health


http://on.fb.me/UWRK0Q

laminmaung







ခရမ်းချဉ်သီးအခွံမှာ တွေ့ရှိနိုင်တဲ့ လိုင်ကိုပင်း ပါဝင်တဲ့ ဆေးပြားတွေကို မှီဝဲရင် လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ပြီး ကင်ဆာကြီးထွားမှုကို တားမြစ်နိုင်တယ်လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ Aterononခေါ်တဲ့ လိုင်ကိုပင်း ပါဝင်တဲ့ဆေးပြားဟာ ပိတ်ဆို့နေတဲ့ သွေးကြောတွေကို ပွင့်စေနိုင်ပါတယ်။ ခရမ်းချဉ်သီး ပါဝင်တာက မြေထဲပင်လယ် အစားအစာရဲ့ ကျန်းမာရေးအတွက် အဓိကအကျိုးကျေးဇူးပါ။ အဲဒီဆေးပြားကို မှီဝဲတာကြောင့် သွေးကြောတွေ ပျော့ပျောင်းလာပြီး သွေးလည်ပတ်မှုတွေ ပိုကောင်းမွန်နိုင်တဲ့အတွက်

အကျင့်ပျက်လာဘ်စား ၀န်ထမ်းအကြောင်း

အကျင့်ပျက်ဝန်ထန်း အချို့ကြောင့် ၀န်ထန်းကောင်းတွေ နာမည်ပျက်နေရတယ်ပါလား။ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် မြေတိုင်းထာနမှ တာဝန်ရှိသူ (၂)ဦးတို့သည်၊ ထ/၁၆-ရပ်ကွက် ဘုန်းတော်ကြီးကျောင်မြေကို သိန်း (၂၀)ကျပ်ဖြင့် အထက်လူကြီးမင်းများ မသိအောင် ရောင်းစားပြီး ရပ်ကွက် လူကြီးထံမှာ လက်မှတ်ထိုးပြီး ၃၀-၁-၂၀၁၃ကြာသပတေးနေ့ကသာသနာ့မြေကို ခြံစည်းတိုင်စိုက်ထူခြင်းကို ပြုလုပ်ခဲပါသည်။ မြေတိုင်းဌာနမှ လူကြီးမင်းများက မသိလို့ ( ဒါမမဟုတ် )ယုံကြည်လို့ အရေးမယူတာလား သာသနာ့ မြေကိုစီးပွားရေး လုပ်စားသောဝန်ထန်းများ သက်ရှည် ကျန်းမာ ချမ်းသာပါစေလို့ ဘုရား သားတော် သမီးတော်တို့ရဲ့

ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်းလမ်း (၁၀) ချက်

ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းအရင်း တစ်ခုပါ။ ခေါင်းကိုက်စေတဲ့ နောက်ခံအကြောင်းအရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင့်ရဲ့လုပ်ဆောင်မှု အမျိုးမျိုးကြောင့် ခေါင်းကိုက်လာတတ်ပါတယ်။ ဥပမာသင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ချေ များပါတယ်။
Photo: ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်းလမ်း (၁၀) ချက်

ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြပါတယ်။  ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းအရင်း တစ်ခုပါ။ ခေါင်းကိုက်စေတဲ့ နောက်ခံအကြောင်းအရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင့်ရဲ့လုပ်ဆောင်မှု အမျိုးမျိုးကြောင့် ခေါင်းကိုက်လာတတ်ပါတယ်။ ဥပမာသင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ချေ များပါတယ်။
 
ဒါကြောင့် သင်ခေါင်းကိုက်လာတဲ့အခါ ဘာကြောင့် ခေါင်းကိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီး သင့်ရဲ့ အနေအထိုင် အပြုအမူတွေကို လိုအပ်သလို ပြုပြင် ပြောင်းလဲသင့်ပါတယ်။ အောက်ပါ အကြံပြုချက်တွေက ခေါင်းကိုက်တာကို သက်သာစေမယ့် အကြံပြုချက် ရိုးရိုးလေးတွေပါ။
 
၁။ ကိုယ်ဟန်အနေအထား မမှန်ရင် ဖိစီးမှုကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ဟန်အနေအထား မှန်ကန်အောင် ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ လည်ပင်းနဲ့ ပခုံးကကြွက်သားတွေဟာ ကိုယ်ဟန်အနေအထား မမှန်ရင် တင်းတောင့်နေတဲ့အတွက်ကြောင့် အလုပ်ချိန်မှာ ကိုယ်ဟန်နေအထား မှန်ကန်ဖို့ သတိထားသင့်ပါတယ်။ ဒီလိုကြွက်သားတွေ တင်းမာ ဖိစီးမှုကြောင့် ခေါင်းကိုက်တာ အတွက်တော့ ဆွဲဆန့် လေ့ကျင့်ခန်း လုပ်ပေးတာ အကောင်းဆုံး ဖြေရှင်းနည်းပါပဲ။
 
၂။ စိုစွတ်တဲ့ အပူဟာ ခေါင်းကိုက်တာကို သက်သာစေပါတယ်။ ရေနွေးထဲမှာ တစ်ဘက်တစ်ထည်ကို စိမ်ပြီး ရေညှစ်ပါ။ ပြီးရင် နာကျင်တဲ့နေရာပေါ် အုပ်ထားပါ။
 
၃။ အမျိုးသမီးတွေဟာ ရာသီမလာခင်ရက်မှာ ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုခေါင်းကိုက်တဲ့ ပုံစံကတော့ မျက်စိတွေရဲ့ နောက်ဘက်နားမှာ နာကျင်မှု ခံစားရတာပါ။ ဒီအတွက်တော့ အမျိုးသမီးတွေဟာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို စားသင့်ပါတယ်။ အဆီနည်းတဲ့အသားကို စားနိုင်ပါတယ်။
 
၎။ ခေါင်းကိုက်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းကတော့ ဖိစီးမှုပါ။ ဒါကြောင့် သင်ဟာ ဖြေလျှော့အနားယူဖို့ လိုအပ်ပါတယ်။ လုံလောက်အောင် အိပ်စက်အနားယူဖို့လည်း အရေးကြီးပါတယ်။ အလုပ်ကိုလည်း ဆက်တိုက် အကြာကြီးမလုပ်ဘဲ ခဏတစ်ဖြုတ် နားပေးဖို့လိုအပ်ပါတယ်။
 
၅။ ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တဲ့အခါ နာကျင်မှုဟာ လည်ပင်းနဲ့ ပခုံးတွေကို ပျံ့နှံ့သွားပြီး တော်တော်လေး မသက်မသာ ခံစားရတတ်ပါတယ်။ ဒီလို ခေါင်းကိုက်ခြင်းမျိုးအတွက်တော့ အနှိပ်ခံရင် သက်သာစေပါတယ်။ ဖိစီးမှုတွေ ပြေပျောက်စေဖို့ ဦးခေါင်းနဲ့ ပခုံးတွေကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။
 
၆။ အစာမစားဘဲ နေတာဟာလည်း ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစာကို အချိန်မှန်မှန်စားဖို့ အရေးကြီးပါတယ်။
 
၇။ ရေများများ သောက်ပါ။ ရေဟာ ခန္ဓာကိုယ်ကို အေးမြစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။ နေ့စဉ် အနည်းဆုံး ရေ (၈) ဖန်ခွက် သောက်ပါ။
 
၈။ လဲလျောင်ေးနပါ။ ပြီးရင် လည်ပင်း၊ ပခုံးနဲ့ နားထင်တွေမှာ ရေခဲကပ်ပါ။ ဒါဟာ သင့်ကို ဖြေလျှော့အနားရစေပြီး ခေါင်းကိုက် သက်သာစေပါတယ်။
 
၉။ အကိုက်အခဲ ပျောက်ဆေးတွေက ခေါင်းကိုက် သက်သာစေပါတယ်။ ဒါပေမယ့် ခဏခဏ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး အမြဲလိုလို သောက်နေတာဟာ မကောင်းပါဘူး။ သင့်မှာ အစာအိမ်အနာရောဂါ အပါအဝင် တခြားကျန်းမာရေး ပြဿနာတွေရှိရင် ဆရာဝန်ညွှန်ကြားမှသာ အကိုက်အခဲပျောက်ဆေး သောက်ပါ။
 
၁၀။ ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူတွေကတော့ သူတို့စားတဲ့ အစာတွေကို မှတ်တမ်းထားဖို့ လိုပါတယ်။ တစ်ချို့ အစားအစာတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တဲ့အတွက် ဘယ်လို အစားအစာတွေကြောင့် သင့်ခေါင်းကိုက်တတ်တယ်ဆိုတာ မှတ်သားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။

Ref: Shade The Mandalay Hill 

http://on.fb.me/UWRK0Q

laminmaung
ဒါကြောင့် သင်ခေါင်းကိုက်လာတဲ့အခါ ဘာကြောင့် ခေါင်းကိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို

ချောကလက် ပိုမိုစားရန်အံ့သြစရာကောင်းသောအကြောင်းရင်း(၃) ချက်

ချောကလက်၏ သာလွန်ကောင်းမွန်သော အစွမ်းများထဲမှ များစွာတို့ကိုကောင်းစွာသိရှိကြသည်။ သို့သော် လူသိပ်မသိသော ၎င်း၏ ကျန်းမာရေးဂုဏ်သတ္တိများနှင့် ပတ်သက်လို့ကရော မည်သို့နည်း။ မကြာသေးခင်က လေ့လာမှုများက ချောကလက်စားသုံးခြင်းသည် နှလုံးကျန်းမာရေးမှစ၍ သင့်ကို ပိန်ပိန်ပါးပါးထားရှိခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးနိုင်သည်။
Photo: ချောကလက် ပိုမိုစားရန်အံ့သြစရာကောင်းသောအကြောင်းရင်း(၃) ချက်

ချောကလက်၏ သာလွန်ကောင်းမွန်သော အစွမ်းများထဲမှ များစွာတို့ကိုကောင်းစွာသိရှိကြသည်။ သို့သော် လူသိပ်မသိသော ၎င်း၏ ကျန်းမာရေးဂုဏ်သတ္တိများနှင့် ပတ်သက်လို့ကရော မည်သို့နည်း။ မကြာသေးခင်က လေ့လာမှုများက ချောကလက်စားသုံးခြင်းသည် နှလုံးကျန်းမာရေးမှစ၍ သင့်ကို ပိန်ပိန်ပါးပါးထားရှိခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးနိုင်သည်။


ချောကလက်က မျက်စိအမြင်ကို ပိုမိုကောင်းစေသည်

၂၀၁၀ ပြည့်နှစ်တွင် ဗြိတိသျှလေ့လာသူများက အရွယ်ရောက်သူ လူငယ်များကို ချောကလက် အမည်းနှင့် အဖြူတစ်ခုခုကို စားခိုင်းကြသည်။ ထို့နောက်သူတို့၏ မျက်စိအမြင်ကို စမ်းသပ်ကြသည်။ပြန်လာကြပြီး အခြားချောကလက်အမျိုး
အစားကိုစား၍ စမ်းသပ်မှုကို ပြန်လုပ်ကြသည်။ ချောကလက်အဖြူနှင့် ယှဉ်လျှင်ချောကလက်အမည်းများက စမ်းသပ်ချက်
ရလဒ် အမှတ်များ ပိုမိုမြင့်နေသည်ကိုလေ့လာသူများ တွေ့ရှိကြသည်။မျက်စိအမြင်အပေါ် ချောကလက်၏ အကျိုးသက်ရောက်မှုက အသက်ပိုကြီးသော အရွယ်ရောက်သူများတွင် ပိုမိုကြီးမားနိုင်သည်ဟု စာရေးဆရာများက ထင်မြင်ချက်ပေးကြသည်။

အကြံပေးချက် 

သင် ချောကလက်တောင့် တစ်တောင့် ၀ယ်တော့မည်ဆိုလျှင် ကိုးကိုး ၇၂ ရာခိုင်နှုန်းနီးပါးရှိသော
ချောကလက်ကို ရွေးချယ်ပါ။ တစ်နေ့လျှင်ချောကလက် အောင်စတစ်ဝက် (သို့)ချောကလက်အများစု၏ ၂ လက်မ ပတ်လည်ခန့် စားပါ။

ချောကလက်က သင့်၏အသားအရေကိုကာကွယ်သည်

၂၀၀၆ ခုနှစ်တွင် ဂျာမန်လေ့လာမှုတစ်ခုက မည်းနက်သော ချောကလက်ထဲမှဖလေဘွန်နဲလ်သည်အရေပြားကိုUVအလင်း၏အန္တရာယ်မှ ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ဗြိတိန်မှ ၂၀၀၉ခုနှစ် လေ့လာမှုတစ်ခုက အလားတူရလဒ်ကို တွေ့ရှိခဲ့သည်။ သို့သော် သင်၏အရေပြားကို ကာကွယ်ရန် လိုအပ်သောဖလေဘွန်နဲလ်အဆင့်ကစံချိန်မီ ချောကလက်အများစုတွင် တွေ့ရသောဖလေဘွန်နဲလ်၏အဆင့်ထက်ပိုမိုမြင့်မားသည်ကိုသတိပြုမိကြသည်။ လေ့လာမှုတွင် အသုံးပြုသော ဖလေဘွန်နဲလ်မြင့်သည့် အထူးသီးသန့် ချောကလက်က သွေးလည်ပတ်မှုနှင့် အရေပြားစိုစွတ်မှုကို မြှင့်တင်ပြီး၊ အ
သားအရေကိုပိုမိုကျန်းမာ၍ကြည့်ကောင်းအောင် လုပ်ပေးသည်။

အကြံပေးချက် -

ချောကလက်တောင့်ကို ရွေးချယ်သောအခါ ဖြစ်နိုင်သမျှ ပါဝင်ပစ္စည်းအနည်းဆုံး ချောကလက်ကိုရှာပါ။ သကြားများသော ချောကလက်ကို မလိုချင်ပါနှင့်။ ကိုကိုး အများဆုံး ချောကလက်ကိုရှာပါ။

ချောကလက်က သင်၏နှလုံးကိုအကူအညီပေးသည်

၂၀၁၁ ခုနှစ်တွင် ဗြိတိသျှဆေးဘက်ဆိုင်ရာ ဂျာနယ်ထဲ၌ ဖော်ပြခဲ့သော အဆင့်မြင့် လေ့လာစစ်ဆေးမှု တစ်ခုကချောကလက် စားသုံးခြင်းသည် နှလုံးသွေးကြောရောဂါအမျိုးမျိုးဖြစ်နိုင်မှု အန္တရာယ်ကို ၃ ပုံ၊ ၁ ပုံ လျှော့ချကြောင်း တွေ့ရှိသည်။
သီးခြားလေ့လာမှုများက ချောကလက်သည် သွေးတိုးနှုန်းကို လျှော့ချနိုင်ပြီး သွေးကြောကျန်းမာရေးကို မြှင့်တင်နိုင်၍ သွေးသကြားကို ထိန်းချုပ်ပေးနိုင်ကြောင်း တွေ့ရှိသည်။

အကြံပေးချက် 

ကျန်းမာရေး အပိုဆုများကို လိုချင်ပါသလား။ ချယ်ရီ၊ ဗာဒမ်သို့မဟုတ် ချင်း ပါရှိသော ချောကလက်အမည်း အနည်းငယ်ကို စားပါ။ ကျန်းမာရေးညီညွတ်သော အခြားပါဝင်ပစ္စည်းပေါင်းစပ်ထားသော ချောကလက်မှ အာနိသင်ပေါင်းစုံကို သင် ရရှိလိမ့်မည်။

မင်းသုတ

http://on.fb.me/UWRK0Q

laminmaung
ချောကလက်က မျက်စိအမြင်ကို ပိုမိုကောင်းစေသည်

အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ

Photo: အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ

မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။

ဒါကို ဂျပန်ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက် ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။

ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန်ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာအတွက် ရေကို နည်းလမ်းတကျ နံနက်တိုင်း သောက်သုံးခြင်းအားဖြင့် ရောဂါများစွာကို ကြိုတင်ကာကွယ်ပြီး ဖြစ်မှာပါ။

လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -

၁။ မနက်အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။

၂။ ထို့နောက် သွားတိုက်၊ မျက်နှာသစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့်အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ်ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။

၃။ နံနက်စာစားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြား အရာများ စားသောက်ခြင်း ရှောင်ပါ။

၃။ ညစာစားပြီး ၁ နာရီခွဲ အတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။

အထက်ပါ လုပ်ဆောင်မှုတွေကို သင့်ရဲ့တစ်နေ့တာအတွက် ပုံမှန် လုပ်ဆောင် သွားပါက ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါ တယ်။

ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ်နိုင်ပါတယ် ..

လမင်းလေး

http://on.fb.me/UWRK0Q
laminmaungမနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။

အမာရွတ် မကျန်ရလေအောင်။

 Photo: အမာရွတ် မကျန်ရလေအောင်


အမာရွတ် မကျန်ရလေအောင်ထိခိုက် ဒဏ်ရာ များမှ ဖြစ်လာ တဲ့ အမာရွတ် များ ဟာ အရုပ် ဆိုးလှ တဲ့ အမာ ရွတ်တွေကို ကျန်ရစ်စေပါတယ်။ ဒါ့ကြောင့် ရှရာ၊ ခြစ်ရာမှ ကျန်ရှိခဲ့တဲ့အမာရွတ်ကို ပျောက်ကင်းစေတဲ့ လက်တွေ့ လုပ်ဆောင်ချက်များကို ဖော်ပြလိုက်ရပါတယ်။

- သန့်ရှင်းအောင်ထားပါ။ တတ်နိုင်သမျှ အမြန်ဆုံး သင့်ရဲ့ ရှ၊ ခြစ်မိတဲ့ ဒဏ်ရာကို ရေအေးအေးနှင့် စင်အောင်ဆေးကြောပစ်ပါ။

- အနာကို ဖုံးအုပ်ထားပါ။ ထိခိုက်ဒဏ်ရာကို အုပ်ထားခြင်းက အထဲမှာ ရေငွေ့ရှိနေပြီး ဒုက္ခပေးနိုင်တဲ့ ပစ္စည်းများကို အပြင်သို့ထွက်သွားစေပါတယ်။

- အနာဖေးကိုမဖဲ့၊ မခွာပါနှင့်။ အနာဖေးတက်ခြင်းက ခန္ဓာကိုယ်ရဲ့ သဘာဝ အနာကျက်စေတဲ့ ဖြစ်စဉ်တစ်ရပ်ပဲဖြစ်တယ်။ အနာလုံးဝ မကျက်ခင်မှာ အနာဖေး တွေကိုခွာခြင်း၊ ဖဲ့ခြင်းက အနာထဲ ပိုးဝင်သွား စေနိုင်ပါတယ်။ ဒါ့အပြင် အမာရွတ် ကို ပိုမိုကြီးသွားစေနိုင်ပါတယ်။

အိမ့်ခြယ်

http://on.fb.me/UWRK0Q
laminmaung -အနာကို သန့်ရှင်းအောင်ထားပါ။ တတ်နိုင်သမျှ အမြန်ဆုံး သင့်ရဲ့ ရှ၊ ခြစ်မိတဲ့ ဒဏ်ရာကို ရေအေးအေးနှင့် စင်အောင်ဆေးကြောပစ်ပါ။
- အနာကို ဖုံးအုပ်ထားပါ။ ထိခိုက်ဒဏ်ရာကို အုပ်ထားခြင်းက အထဲမှာ ရေငွေ့ရှိနေပြီး ဒုက္ခပေးနိုင်တဲ့ ပစ္စည်းများကို အပြင်သို့ထွက်သွားစေပါတယ်။ - အနာဖေးကိုမဖဲ့၊ မခွာပါနှင့်။ အနာဖေးတက်ခြင်းက ခန္ဓာကိုယ်ရဲ့ သဘာဝ အနာကျက်စေတဲ့ ဖြစ်စဉ်တစ်ရပ်ပဲဖြစ်တယ်။ အနာလုံးဝ မကျက်ခင်မှာ

ရင်သားကင်ဆာအတွက် ပန်းဂေါ်ဖီအစိမ်း

Photo: ရင်သားကင်ဆာအတွက် ပန်းဂေါ်ဖီအစိမ်း

ပန်းဂေါ်ဖီစိမ်း စားသုံးခြင်းအားဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှု့ကို ကာကွယ်မှု့ပေးနိုင်သလို ကင်ဆာအမြစ်များပြန့်ပွားမှု့ကိုလည်း ရပ်တန့်စေတယ်လို့ သိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆေးဖက်ဝင်တဲ့ ပန်းဂေါ်ဖီစိမ်း မှာပါဝင်တဲ့ ဓာတုဒြပ်ပေါင်း တမျိုးဟာ အသားပိုကျူမာဆဲလ်များ ကြီးထွားလာမှု့ကို တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ Sulforaphane ဆိုတဲ့ကင်ဆာကာ ကွယ်ပေးနိုင်တဲ့ ဓာတုဒြပ်ပေါင်းဟာမြင့်မားစွာ ပါရှိနေတဲ့အတွက်ကြောင့် ကင်ဆာဆဲလ် များပြန့်ပွားမှု့ကို သတ်ပစ်နိုင်စွမ်းရှိပါတယ်။ 

အမေရိကန်နိုင်ငံ Michigan Comprehensive Cancer Centre တက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ ကြွက်နှင့် အခြားဆဲလ်များကိုအသုံးပြုပြီး ဓါတ်ခွဲခန်းမှာစမ်းသတ်ခြင်းများပြုလုပ်မှု့မှာ အောင်မြင် စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ 

ပါမောက္ခ Duxin Sun က ရင်တုန်းက စမ်းသပ်ခဲ့မှု့တွေမှာ Sulforaphane ဟာ ကင်ဆာရောဂါအတွက် ကောင်းတယ်ဆိုတာကိုဘဲသိရှိခဲ့ရပါတယ်။ အခုစမ်းသပ်မှု့မှာရရှိခဲ့တဲ့ ရလဒ်ကတော့ ရင်သားကင်ဆာရဲ့ Summaryပင်မဆဲလ်များ ပြန့်ပွားမှု့ကို တားဆီးနိုင်တယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ပြောပါတယ်။ ပျှမ်းမျှ နှစ်စဉ်နှစ်တိုင်း အင်္ဂလန်နိုင်ငံရှိ အမျိုးသမီးများမှာ ၄၆ဝဝဝ ခန့် ရင်သားကင်ဆာဖြစ်နေပြီး ၁၂ဝဝဝ လောက်ဟာလဲ ရင်သားကင်ဆာရောဂါကြောင့် သေဆုံးနေကြရပါတယ်။ လက်ရှိ ဓါတုကုထုံးများဟာလဲ ကင်ဆာရဲ့ ပင်မဆလ်များ ပြန့်ပွားမှု့ကို မတားစီးနိုင်သလို ဘာကြောင့် ဒီရောဂါဖြစ်လာရတယ်ဆိုတာလဲ အတိအကျမသိသေးဘူးလို့ သုတေသီများက ပြောပါတယ်။ 

သူတို့ယုံကြည်ထားတာကတော့ ကင်ဆာဖြစ်တဲ့ ပင်မဆလ်တွေကို ဖယ်ထုတ်ပြီး ပြန့်ပွားတဲ့အမြစ်များကို ထိန်းချူပ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။ လေ့လာချက်များကတော့ ပန်းဂေါ်ဖီစိမ်း အတွင်းမှ Sulforaphane ဓာတုဒြပ်ပေါင်းကိုနုတ်ယူပြီး ကြွက် ထဲသို့ထိုးထဲ့ စမ်းသပ်ခဲ့တာဘဲဖြစ်ပါတယ်။ ရင်သားကင်ဆာမှ ဆဲလ်များကဲ့သို့သော ဆဲလ်များကိုယူပြီး စမ်းသပ်ကြည့်တဲ့အခါမှာလဲ ပြန့်ပွားကြီးထွားတဲ့ ဆလ်အရေအတွက် လျော့ကျသွားတာကိုတွေ့ရတယ်လို့ စမ်းသပ်မှု့များမှ သိရှိခဲ့ကြရပါတယ်။

sulforaphane ဓါတုဒြပ်ပေါင်းဟာ ကင်ဆာဆဲများ ပြန့်ပွားမှု့အရေအတွက်ကို လျော့ကျစေသလို ဆိုးကြိုးအနေဖြင့်လဲ ပုံမှန် ဆလ်များကို အနည်းငယ် ထိခိုင်မှု့ရှိတယ်လို့ တိုင်းတာသိခဲ့ရပါတယ်။ ရင်သားကင်ဆာ ရောဂါခံစားနေရတဲ့ လူနာများနဲ့တော့ စမ်းသပ်ခြင်းမပြုလုပ်ရသေးပါဘူး။ 

သို့သော်လည်း ဝေဒနာရှင်များကိုတော့ ပန်းဂေါ်ဖီစိမ်း စားကြဖို့ နဲ့ ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ sulforaphane ဓါတုဒြပ်ပေါင်းဟာ ကင်ဆာဆဲများ ပြန့်ပွားမှု့အရေအတွက်ကို လျှော့ချနိုင်ကြောင်း အကြံဥာဏ်ပေး ပြောထားပါတယ်။ အရသာခါးသော ဟင်းသီးဟင်းရွက်များကို လူတွေကသိပ်မကြိုက်ကြပါဘူး။ အဲ့ဒီအထဲမှာ အမေရိကန်သမ္မဟောင်း George W. Bush လဲပါဝင်ပါတယ်။ သို့သော် အရသာခါးသော ဟင်းသီးဟင်းရွက်များဟာ ကျန်းမာရေးအတွက် များစွာအကျိုးရှိပါတယ်။


သော်တာမောင် ပန်းဂေါ်ဖီစိမ်း စားသုံးခြင်းအားဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှု့ကို ကာကွယ်မှု့ပေးနိုင်သလို ကင်ဆာအမြစ်များပြန့်ပွားမှု့ကိုလည်း ရပ်တန့်စေတယ်လို့ သိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆေးဖက်ဝင်တဲ့ ပန်းဂေါ်ဖီစိမ်း မှာပါဝင်တဲ့ ဓာတုဒြပ်ပေါင်း တမျိုးဟာ အသားပိုကျူမာဆဲလ်များ ကြီးထွားလာမှု့ကို တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ Sulforaphane ဆိုတဲ့ကင်ဆာကာ ကွယ်ပေးနိုင်တဲ့ ဓာတုဒြပ်ပေါင်းဟာမြင့်မားစွာ ပါရှိနေတဲ့အတွက်ကြောင့် ကင်ဆာဆဲလ် များပြန့်ပွားမှု့ကို

ကချင်စစ်မြေပြင်မှ စစ်သည်များ၏ ပြောကြားချက်။

ကချင်စစ်မြေပြင်မှ စစ်သည်များ၏ ပြောကြားချက်
=============================


Photo: ကချင်စစ်မြေပြင်မှ စစ်သည်များ၏ ပြောကြားချက်
=============================
အခုတော့ ရည်မှန်းချက်တွေ ဖြစ်တဲ့ ကေအိုင်အေရဲ့ အခိုင်အမာ စခန်းတွေကို ကျွန်တော်တို့ ထိန်းချုပ်နိုင်ပါပြီ။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ဖို့အတွက် ကျွန်တော်တို့ တပ်တွေကို လှုပ်ရှားမှု ရပ်ခိုင်းထားပါတယ်။
ဘယ်နေ့ဘယ်ရက်မှာ ကျွန်တော်တို့တပ်တွေ အလဲအလှယ် လုပ်မယ်ဆိုတာတော့ မသိရသေးပါဘူး။
ညနေခင်းနဲ့ မနက် ၉ နာရီလောက်ထိ အေးတဲ့ဒဏ်ကို ကျွန်တော်တို့ တော်တော်ခံရပါတယ်။
တစ်ချို့ရဲဘော်များကတော့ မြေခင်း(ပလတ်စတစ်စ)ကို ပတ်ပြီး အိပ်ကြပါတယ်။
အခုအချိန်မှာ အလိုချင်ဆုံးကိုပြောပါဆိုရင် စီးကရက် တစ်လိပ်ကို အားရပါးရ ဖွာလိုက်ချင်တာပါပဲ။
စွပ်ကျယ်နဲ့နေတဲ့ နေရာကနေပြီး အနွေးထည်ဝတ်ထားရင်တောင် ချမ်းတဲ့နေရာမှာ ကျွန်တော်တို့ တာဝန် ထမ်း ဆောင်တာ၊ အမိန့်နာခံတာဟာ တိုင်းပြည် တကယ်အေးချမ်းမယ် လို့ ယုံကြည်လို့ပါ။
ကျွန်တော်တို့ကို ပစ်ခတ်မှုတွေ ရှိနေပါသေးတယ်။ ဒီရက်ပိုင်း စခန်းသိမ်းပြီးနောက်မှာတော့ ထိခိုက်မှု မရှိပါဘူး။
ငြိမ်းချမ်းရေးကို အမြန်ဆွေးနွေးမယ် ဆိုလဲ ဆွေးနွေးဖို့ တိုက်တွန်းပေးပါ။ ကျွန်တော်တို့တောင် ဒီလောက် ချမ်း နေရင် ဒုက္ခသည်တွေက ပိုပြီး ဆိုးမှာပါ။
တိုက်မယ်ဆိုလဲ တိုက်ပါ့မယ်။ကျွန်တော်တို့ မြို့တွင်းစစ်ဆင်ရေးကို အကျွမ်းတ၀င် မရှိပေမယ့် ကျွန်တော်တို့ သိမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
အခု ဒီည ညစာကတော့ ဟန်းကောအဖုံး တစ်ဖုံးစာ ဆန်ပြုတ်ရမယ် လို့သိရပါတယ်။ ရိက္ခာတွေ နောက်ရက် ရောက်မယ်လို့ သိရပါတယ်။
Oppositeyes အခုတော့ ရည်မှန်းချက်တွေ ဖြစ်တဲ့ ကေအိုင်အေရဲ့ အခိုင်အမာ စခန်းတွေကို ကျွန်တော်တို့ ထိန်းချုပ်နိုင်ပါပြီ။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ဖို့အတွက် ကျွန်တော်တို့ တပ်တွေကို လှုပ်ရှားမှု ရပ်ခိုင်းထားပါတယ်။
ဘယ်နေ့ဘယ်ရက်မှာ ကျွန်တော်တို့တပ်တွေ အလဲအလှယ် လုပ်မယ်ဆိုတာတော့ မသိရသေးပါဘူး။
ညနေခင်းနဲ့ မနက် ၉ နာရီလောက်ထိ အေးတဲ့ဒဏ်ကို ကျွန်တော်တို့ တော်တော်ခံရပါတယ်။
တစ်ချို့ရဲဘော်များကတော့ မြေခင်း(ပလတ်စတစ်စ)ကို ပတ်ပြီး အိပ်ကြပါတယ်။
အခုအချိန်မှာ အလိုချင်ဆုံးကိုပြောပါဆိုရင် စီးကရက် တစ်လိပ်ကို အားရပါးရ ဖွာလိုက်ချင်တာပါပဲ။
စွပ်ကျယ်နဲ့နေတဲ့ နေရာကနေပြီး အနွေးထည်ဝတ်ထားရင်တောင် ချမ်းတဲ့နေရာမှာ ကျွန်တော်တို့ တာဝန် ထမ်း ဆောင်တာ၊ အမိန့်နာခံတာဟာ တိုင်းပြည် တကယ်အေးချမ်းမယ် လို့ ယုံကြည်လို့ပါ။
ကျွန်တော်တို့ကို ပစ်ခတ်မှုတွေ ရှိနေပါသေးတယ်။ ဒီရက်ပိုင်း စခန်းသိမ်းပြီးနောက်မှာတော့ ထိခိုက်မှု မရှိပါဘူး။
ငြိမ်းချမ်းရေးကို အမြန်ဆွေးနွေးမယ် ဆိုလဲ ဆွေးနွေးဖို့ တိုက်တွန်းပေးပါ။ ကျွန်တော်တို့တောင် ဒီလောက် ချမ်း နေရင် ဒုက္ခသည်တွေက ပိုပြီး ဆိုးမှာပါ။တိုက်မယ်ဆိုလဲ တိုက်ပါ့မယ်။ကျွန်တော်တို့ မြို့တွင်းစစ်ဆင်ရေးကို အကျွမ်းတ၀င် မရှိပေမယ့် ကျွန်တော်တို့ သိမ်းနိုင်မယ်လို့

ဆူလေလမ်းမပေါ်က ငွေလဲလူလိမ်များ (ဖြစ်ရပ်မှန်)။မြို့ တော်ခန်းမရှေ့က လူလိမ်များကို မည်သူမှ မဖော်ထုတ်နိုင်သေး။

ကျွန်တော်မြန်မာပြည်အလည်တစ်ခေါက်ပြန်ခဲ့တယ်........ကျွန်တော်မိဘကျွန်တော့်  နိုင်ငံ..ကျွန်တော့်နယ်ပယ်လေးမှာ.တစ်လတာမျှနေချင်လို့  ပါ......
ကျွန်တော်တို့ပြည်ပမှာထွက်အလုပ်လုပ်တယ်ဆိုတာက....မိဝေးဖဝေးပါ......သူများတွေမိဘရင်ခွင်မှာအတူတူရှိချိန်မှာကျွန်တော်တို့လေးးတွေကမိဘနဲ့ဝေးရာလေးမှာရေမြေခြားတိုင်းတစ်ပါးမှာ..မိဘရှိရာကိုယ့်နိုင်ငံလေးကိုတမ်းတရင်းအလုပ်ထဲမှာဘဲတစ်နေ့တာလေးတွေကိုကုန်ဆုံးခဲ့တာပါ.ကို့လစာလေးတွေကိုမိဘကိုပို့ကိုလည်းစုဆောင်းရင်းအပြုံးလေးတွေနဲ့လုပ်ငန်းခွင်မှာမမောပန်းစွာအလုပ်နေကြတယ်ဆိုတာ.....နိုင်ငံခြားမှာအလုပ်ထွက်လုပ်သူတိုင်းသိနေကျပြီးသားပါ.ကျွန်တော်မြန်မာပြည်ကိုခွင့်တစ်လနဲ့ 26.1.2013 နေ့ကပြန်လာခဲ့တယ် ။
လေယာဉ်ကွင်းရောက်ရင်ဘဲကျွန်တော့်စိတ်တွေပေါ့ပါးလန်းဆန်းသွားခဲ့တယ်....ကို့မြေကိုယ့်ရေကို့ဒေသ....လေးကအပြုံးနဲ့စီးကြိုနေလို့လေ....ကျွန်တော်လေယာဉ်ပေါ်ကဆင်းးပြီးကျွန်တော်နေတဲ့ပဲခူးမြို့လေးကိုပြန်ခဲ့တယ်....ကျွန်တော်မလေးကနေပြန်လာတော့မလေးငွေလေးတချို့သိမ်းဆည်းလာခဲ့တယ်..ကျွန်တော်လေယာဉ်ကွင်းထဲကငွေလေးတချို့လဲမလို့ပါဘဲ.ကျွန်တော်ခရီးပန်းနေတာနဲ့အိမ်ပြန်ကားခလေးတာလဲပြီးကျန်ငွေတချို့အနားယူပြီးမှလဲမယ်လို့အတွေးလေးဝင်ခဲ့တယ်လေ........
ကျွန်တော်ဒီအတွေးလေးနဲ့ပဲခူးကိုပြန်ခဲ့တယ် ဒီလိုနဲ့အိမ်ပြန်ရောက်တော့အိပ်စက်အနားယူခဲ့ပါတယ်....
မနက်မိုးသောက်လင်းတော့ကျွန်တော်ကော်ဖီပူလေးသောက်..အိမ်မှာမနက်စာလေးစားပြီးရန်ကုန်ကိုငွေလေးလဲရန်ထွက်လာခဲ့တယ်......ဒီလိုနဲ့ကျွန်တော်ရန်ကုန်မြို့ကြီးကိုရောက်ခဲ့တယ်လေ......ရန်ကုန်ရောက်တော့....ဆူလေကငွေလဲနေရာလေးတစ်လျောက်ကျွန်တော်ငွေလဲရန်ဈေးကိုစုံစမ်းနေခိုက်.ဂျာကင်ကုတ်....ဦးထုပ်ဆောင်း..ထားတဲ့အကိုတစ်ယောက်ကငွေလဲမလားညီလေးလို့မေးလာခဲ့တယ်
ကျွန်တော်လည်းဗျာကိုယ့်နိုင်ငံဆိုပြီးအေးဆေးပေါ့.....ဒါပေမယ့်ကျွန်တော်မေးတဲ့ဦးလေးကို.....အကဲခတ်လိုက်တာ..ဦးလေးကလည်းညီလေးးးဘယ်လောက်လဲမလဲဘယ်ဈေးပေးမယ်ဆိုပြီးကျွန်တော့်ကိုပြောနေတယ်....ကျွန်တော်ရိုးသားစွာပြောခဲ့တယ်..ဦးလေးကျွန်တော်900လဲမယ်ဗျာ...ဘယ်ဈေးရမလဲမေးးတော့ဦးလေးက.....280ပေးမယ်ဆိုပြီးပြောတယ်..
ကျွန်တော်လည်း280ဆိုအစဉ်ပြေတယ်ညီလေးလဲမယ်ဆိုပြီး...ပြောတယ်....ဦးလေးကအေးညီလေးလာ..တဲ့အကို့သူဌေးစီလာဆိုတော့ကျွန်တော်လဲလိုက်သွားတယ်....
ဦးလေးကကျွန်တော့်ကိုကသလစ်ဘုရားကျောင်းဘေးနားကိုခေါ်ခဲ့တယ် ။
ကျွန်တော့်ကိုအခန်းလေးထဲခဏနေလို့ပြောပြီးသူ့သူဌေးကိုသွားခေါ်မယ်ဆိုပြီးထွက်သွားတယ်...ခဏနေတော့တစ်သိန်းအုပ်တစ်အုပ်ကိုင်ထားပြီးဘောင်းဘီစကအသားဖြူဖြူနဲ့လူတစ်ယောက်ရောက်လာပြီးကျွန်တော်လဲမဲ့ငွေအမေါက်နဲ့ဂဏာန်းပေါင်းစက်နဲ့ တွက်ကျတယ်......ပြီးတော့ပိုက်ဆံမပြည့်လို့ခဏစောင့်ပါဆိုပြီးနောက်ထပ်လူတွေရောက်လာတယ်....အစောကဦးလေးကမလှမ်းမကန်းကနေစောင့်နေတယ်...အခန်းကိုသူတို့တွေကသူတို့ခန္ဓာကိုယ်တွေနဲ့ပိတ်ထားပြီးငွေတွေကိုရေတွက်နေတယ်ပြီးတော့မလှမ်းမကမ်းမှာလဲသူတို့လူတွေကိုခေါ်ထားကြတယ်
ပြီးတော့ငွေတွေကိုကျွန်တော့်ရှေ့တင်ရေတွက်ပြီးကျွန်တော့်ရှေ့တင်ရေတွတ်ရင်းခိုးတယ်...ကျွန်တော်လဲရေနေတဲ့လူလက်ကိုကြည့်တာနဲ့သူတို့မရိုးသားတာကျွန်တော်သိလိုက်ရတယ်...ကျွန်တော်လဲအေးအေးဆေးဆေးလေး....ဘာမှမပြောဘဲငြိမ်နေမိတယ်..ကျွန်တော်ပတ်ဝန်းကျင်အကဲခက်တော့လဲသူတို့လူတွေချည်း8ယောက်လောက်ရှိတယ်.....သူတို့အပေါက်တွေပိတ်ထားပြီးလူကားထားတယ် သူတို့ပေးတဲ့ငွေကိုကျွန်တော်ရေတွက်နေတယ်.....ကျွန်တော်လိုနေမှန်းသိတယ်.....ကျွန်တော်ဘာလုပ်ရမလဲအေးဆေးဘဲစဉ်းစားနေတယ်....ကျွန်တော်ခေါင်းထဲလျင်မြန်စွာအတွေးလေးဝင်လာတယ်...အဲအတွေးလေးကဒီလူတွေကလူလိမ်တွေဆိုတာကိုချက်ခြင်းသိလိုက်ပြီးအေးဆေးစွာဘဲပြန်ထွက်လာတယ်.........လိုတယ်ထပ်ပြောရင်လဲအခြေအနေကပိုဆိုးတာထက်ဆိုးမှာ.....ကောင်းဖို့လမ်းဆိုတာမမြင်ခဲ့ဘူး...

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။