MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, March 17, 2013

မြန်မာနိုင်ငံဖွား အကျင့်ပျက်ဝန်ထမ်းများအကြောင်း နှင့် လူမှူဆက်ဆံေ၇းညံ့ဖျင်းမှူများ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းပြည်ရဲ့ မငြိမ်သက်မှူတွေကြောင့် နိုင်ငံတကာစီးပွားရေးတွေပိတ်ဆို့
ခံခဲ့ ရ။ ပြည်တွင်းမှာလည်း  စက်မှူလက်မှူလုပ်ငန်းတွေထွန်းကားသလောက် ၀န်ထမ်းနှင့် လက်လုပ်လက်စားတွေဘ၀အတွက်တော့  သူတို့ ဘ၀တွေ မွေးကတည်းကအရိုးမြေကျ တဲ့ အထိ သူ့ ဘ၀မှာ ချမ်းသာပြီး ဘ၀စည်းစိမ်ခံပြီး အသက်ဆုံရှုံးသွားရတာ မရှိသလောက်ပါပဲ။
ငွေရှိတဲ့ သူများကလည်း ငွေမရှိတဲ့ သူအပေါ် ဗိုလ်ကျအနိုင်ကျင့်၊ ရာထူးရှိသူက လက်အောက်ငယ်သားတွေအပေါ်ဗိုလ်ကျအနိုင်ကျင့်။စက်ရုံပိုင်ရှင် လုပ်ငန်းပိုင်ရှင်တွေကလည်း သူတို့ ဘ၀အကျိုးအမြတ် စီးပွားရေးအတွက်သာ ထိပ်တန်းတင်စဉ်းစားတဲ့ အတွက် လယ်သမားတွေမြေဧကတွေကို မတရားသဖြင့်သိမ်းဆည်း။လျှော်ကြေးပြေးပြန်တော့လည်း ၂ ပဲ ၁ ပြားနှင့် ဆိုတော့ လယ်သမားတွေက ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ကိုင်ပြီးအသက်မွေးဝမ်းကျောင်းလုပ်
လာရခဲ့ ရတဲ့ သူတို့ ရဲ့ ပိုင်ဆိုင်မှူတွေဟာ တခဏတာအတွင်း အိုးမဲ့ အိမ်မဲ့  နှင့် ဒုက္ခသည်ဘ၀အဖြစ် ရောက်နေကြရတဲ့ အမှူတွဲပေါင်း မြောက်များစွာရှိကြပါတယ်။ ငွေများငွေနိုင်ခေတ်ရောက်
နေတဲ့ ခေတ်ကြီးမှာ အမှန်တရားဆိုတာ ကျောက်ခဲရေညှစ်သလိုရှာနေကြရတဲ့ လယ်သမားတွေ ဘ၀က အလွန်သနားစရာကောင်းလှပါတယ်။
             အဲဒီလို ဒုက္ခရောက်နေတဲ့ လယ်သမားတွေကတော့ အမှန်တရားကို ငွေနဲ မလဲစေချင်ကြပါဘူး။
အခြားသော မြို့ ကြီးပြကြီး နိုင်ငံကြီးတွေမှာ နေထိုင်နေကြတဲ့ သူတွေအတွက်ကတော့ အခြားသော မတရားမှူတွေခံနေရပြန်ရော။ကိုယ်နိုင်ငံမှာ စီးပွားရေးတွေယခုမှ ဖွ့ံ့ဖြိုးကာစမို့  ပြည်ပနိုင်ငံကို ၎င်း တို့ တတ်ထားသော အတတ်ပညာ/အလုပ်အကိုင်ကျွမ်းကျင်မှုတွေဖြင့် နိုင်ငံခြားသို့ အလုပ်အကိုင်သွားရောက်လုပ်ကိုင်လိုကြတယ်။အဲဒီတော့ သူတို့ အတွက် ပထမဆုံး နိုင်ငံကူးလက်မှတ်( Passport) လုပ်ရတယ်။ အဲဒီလိုလုပ်ပြန်တော့ အခက်အခဲတွေတော့အထွေထူးမရှိတော့ပေမယ့် ပန်ကာအောက်မှထိုင်ပြီး နိုင်ငံကူးလက်မှတ်လာလျှောက်တဲ့ သူတွေထံမှ ဟိုကောင်တာသွား ရင် ၁၀၀၀ တောင်းလိုက်။ နောက်ကောင်တာမှာ ဟိုဟာဖိုးဒီဟာဖိုးဆိုပြီးတောင်းလိုက်နဲ့ ။စာရွက်စာတမ်း လက်ခံတာတောင် စာရွက်စာတမ်းစစ်ခ ၁၀၀၀ ဆိုပြီးတောင်းသေးတယ်။Passport ထွက်လာပြန်တော့လည်း ရက်ချိန်းအတိုင်းသွားယူတော့လည်း ၁၀၀၀ ပေးပါတဲ့။ စာအုပ်ထုတ်ခတဲ့။ ဘယ် ငွေလက်ခံဖြတ်ပိုင်းမှလည်းမပေးဘူး။ တခုတော့ကောင်းသွားတာ ဟိုးအရင်ကလောက် အောက်ကြေွးေတွေမတောင်းတော့ပါဘူး။ တိုးတက်လာတဲ့ အတွက် မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ဝမ်းမြောက်မိပါတယ်။ ဒီလိုနဲ့ မလေးရှားကို အလုပ်သွားလုပ်ဖို့ ထွက်သွားဖြစ်ပါတယ်။ မလေးရှားမှာ ၁ နှစ်လောက်လုပ်ပြီးတဲ့အခါမှာ မြန်မာနိုင်ငံသို့ ငွေလွှဲနှုန်းတွေက ကျဆင်း၊ မြန်မာပြည်မှာ ကုန်ဈေးနှုန်းတွေက တနေ့တခြား မြင့်တက်တော့ မိသားစုအတွက် လောက်ဌ ယုံပဲ ထောက်ပံနိုင်ခဲ့ တယ်။ အဲဒီတော့စင်္ကာပူကို သွားမယ်လို့ ဆုံးဖြတ်ပြီး စင်္ကာပူသို့ ထွက်လာခဲ့ တယ်။ စင်္ကာပူရောက်တော့ လစာက မလေးရှားမှာလုပ်တဲ့ လစာ နဲ့  ၂ ဆ လောက်ပိုရတော့ မိသားစုအတွက် ငွေလုံလောက်စွဲ စုဆောင်းနိုင်ခဲ့ တယ်။အဲဒီလိုနဲ့  SPass သက်တမ်း ၂ နှစ် ပြည့် ခါနီး မှာ စင်္ကာပူက မြန်မာသံရုံးမှာ ပက်ပို့ စ် သက်တမ်းတိုးဖို့ ရောက်လာပြန်ရော။ အဲဒီတော့ တခါမှ မရောက်ဖူးတဲ့ မြန်မာသံရုံး(စင်္ကာပူ) သံရုံးကို Google.com မှာမြေပုံလမ်းညွှန်ကနေသေချာရှာသွားရတယ်။ထင်ထားတာက စင်္ကာပူနိုင်ငံသံရုံးဆိုတော့ မြန်မာနိုင်ငံက Passport ရုံးထက်ကြီးမယ်လို့ ထယ်ထားတာ။တကယ်လည်းသွားရော ပေ ၆၀x၆၀ ပတ်လည်လောက်ရှိတဲ့ ၂ ထပ်တိုက်လိုဟာမျိုးနဲ့ ခြံလေး။တော်တော်ကြီးရှာယူလိုက်ရတယ်။ အဲဒီနောက် သံရုံရောက်တော့ ကောင်တာကိုဝင်သွားပြီး မေးကြည့်တော့လိုအပ်တာတွေပြောတဲ့ အတိုင်း တိုကင်ယူခ က ၁၀ ဒေါ်လာ။(အွန်လိုင်းမှာ မယူလာလို့ တဲ့ ။ကိုယ်ဟာကိုယ် အွန်လိုင်က Q နံပါတ်ရက်ချိန်ယူလာရင် လည်း ပေးရမှာပဲတဲ့ ။)။အွန်လိုင်းက  Q (တိုကင်) နံပါတ်ယူတာတောင် တို့ မြန်မာသံရုံးဝန်ထမ်းတွေများ ငွေတောင်းရှာတယ်။ မြန်မာစိတ်ကိုမပျောက်သေးဘူး။စင်္ကာပူလို တိုးတက်တဲ့နိုင်ငံတောင် ICA  (Immigration) ရုံးသွားဖို့ အွန်လိုင်းမှာရက်ချိန်းယူတာတောင် တပြားမှ မပေးရဘူး။တို့ မြန်မာတွေများ အလကားအချောင်ရဖို့ ချောင်းနေတဲ့ စိတ်ဓာတ်ကိုလေးစားမိတယ်ဗျာ။
ပြီးတော့ဓာတ်ပုံရိုက်ရမယ်တဲ့။ E Passport ( Electronics Passport )
အတွက်တဲ့။အဲဒါလည်း ငွေကောက်ပြန်ရော။ MOM (Ministry Of Manpower, Singapore) မှာတောင် Spass ,Work Permit , EP တွေ လျှောက်ဖို့ အတွက် Fingers Print & Spass Card's Photo အတွက် ဓာတ်ပုံရိုက်ခလည်းမပေးရဘူး။ နောက်ခံအဖြူ Passport Size ယူလာပြီး ၁ ပုံပေးလိုက်ရင်ပြီးရော။သူတို့ ဘာသာ Scan ဖတ်ပြီးမူရင်းပုံတောင် မိမိကို ပြန်ပေးလိုက်သေးတယ်။
ပြီးတော့ သံရုံးဝန်ထမ်းတွေကလည်း ဆိုးပါ့ဗျာ ကိုယ့်မြန်မာလူမျိုးခြင်း စကားပြောတာတောင် အာဏာပါဝါတွေပြသေးတယ်။ခွေးမောင်းသလိုမျိုး ဟောက်တာဗျာ။ဆက်ဆံရေး နဲ့ အပြောဆိုကလည်း (ကန်တော့ပါဗျာ) ပညာမတတ်တဲ့  ကားစပါယ်ယာတွေ လိုပါပဲ။ သူတို့ ဂွင်ထဲရောက်ရင် သူတို့ လုပ်ပိုင်ခွင့်အပြည့်အ၀ရှိတယ်ဆိုပြီး ပြောဆိုဆက်ဆံတာတွေမောက်မာလိုက်တာလွန်ရောဗျာ။
                   ငါတယောက်တည်း ဟောက်ခံရတယ်မှတ်တာ တခြားလူတွေကြည့်လိုက်ပြန်တော့လည်း
အဲဒီလိုပဲဗျာ မျက်နှာငယ်လေးတွေနဲ့ အဟောက်ခံနေရတာ။ ဘယ်အရာပဲယှဉ်ယှဉ်ပါ .။ပညာအရဖြစ်ဖြစ် ရာထူးအရဖြစ်ဖြစ် ။ Passport သက်တမ်းလာတိုးတဲ့ သူ။အခွန်လာဆောင်တဲ့ သူတွေထဲမှာ
မြန်မာသံရုံးကလူတွေထက်သာလွန်တဲ့ သူတွေအများကြီးပါ။ဂုဏ်ယှဉ်တာတော့မဟုတ်ပါဘူး တစ်ဦးနှင့်တစ်ဦး ကြီးသူကိုရိုသေ ၊ ငယ်သူကိုလေးစား ကိုယ့်မြန်မာလူမျိုးအချင်းချင်း လူပါးဝ တာတော့ကျုပ်တို့ မြန်မာတွေအတွက် အလွန်ခံပြင်းပါတယ်။
                       နောက်ထပ်ရှိသေးတယ်ဗျာ။သူတို့ ဟောက်ချင်ရာဟောက် အော်ချင်ရာအော် တောင်းချင်ရာ ငွေ တောင်း
ပြီးရင် သူတို့ ကို  သမ္မတ ရုံးကို ပြန်လည်တိုင်တန်းမှာဆိုးလို့ ထင်ပါတယ် သူတို့ ရင်ဘက်မှ နာမည်တံဆိပ်တွေမတပ်ထားဘူး။စင်္ကာပူက မည်သည့် အစိုးရရုံးမဆို မည်သည့် နိုင်ငံသံရုံးဝန်ထမ်းမဆိုး သူတို့ ရဲ့ နာမည်တွေ ရင်ဘတ်တံဆိပ်တပ်ထားတယ်။တရက်ပဲ မြန်မာသံ၇ုံးသွားမိပါတယ်။ ပြသနာပေါင်းသောင်းခြောက်ထောင်ကြားခဲ့ ရတယ်၊ ကြုံတွေ့ ခဲ့ ၇တယ်။တချို့ ဆို၇င် အမျိုးမျိုးကြိမ်ဆဲသွားကြတာတွေနားနဲ့ အပြည့်ကြားခဲ့ ရတယ်။ " သေချင်းဆိုး သူတောင်းစားသံရုံးဝန်ထမ်းတွေ ငွေပုံပိပြီးသေပါစေ"တဲ့..... ဟားဟား ။ကျုပ်တောင် ပြန်စဉ်းစားတိုင်း ရယ်မိတယ်။သဘောကျမိလို့ ။
                       နိုင်ငံတော် ၀န်ကြီးကလည်း ဘယ်လိုမျိုးဝန်ထမ်းတွေကို သံရုံးဝန်ထမ်းအဖြစ် စင်္ကာပူနိုင်ငံကို ရွေးလွှတ်လိုက်လည်းမသိပါဘူးဗျာ... သူတို့ ထိုင်ခုံပေါ် သူတို့ နေရာရောက်တာ နဲ့ ငွေတောင်းတာတွေ ပါဝါအာဏပြတာတွေပါလာရော။ လာဘ်စားမှူပပျောက်ရေး တိုက်ဖျက်ရေး ဆောင်ပုဒ်တွေ ပြောဆိုနေကြတာတွေ ကြားမိပါတယ်။ တကယ့်လက်တွေ့ မှာတော့
မဟုတ်သေးပါဘူးလို့ ကောက်ချက်ချမိတယ်။

                     သံရုံးဝန်ထမ်းဆိုတာ အများသိတဲ့ အတိုင်း အကပ်ရှိမှတို့ ၊သိန်း ၅၀ ပေးပြီး ၀င်မှတို့ ။ဆိုင်ရာပိုင်ရာနဲ့ နီးစပ်မှတို့ ။ စစ်ဖက်ထွက်တို့ တွေခန့်တယ်လို့လူတိုင်းကယုံကြည်နေကြတာ တကယ်ဖြစ်နိုင်တယ်လို့ ယူဆမိတယ်။ Well Educated Persons တွေမဟုတ်ကြလို့ ပါ။ No Heart & No Kindness လို့ ခံယူထားပုံရတယ်။Money (dollars) is master လို့ဦးနှောက်ထဲစွဲကပ်နေကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ စားတော့လည်း စားကြတာ လူတိုင်းကလက်ခံပါးစပ်ပိတ်နိုင်ပါတယ်။ သို့ ပေမဲ့ မြန်မာနိုင်ငံဖွားအချင်းချင်း  ယဉ်ကျေးစွာဆက်ဆံပြီး ၀န်ဆောင်မှူတိုင်းအတွက် စေတနာ မေတ္တာနဲ့ အလုပ်လုပ်ကိုင်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။


ဦးမင်းစိုင်းလုံ                   
                 

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။