MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, April 28, 2013

ရန်ကုန်မြို့ တော်စည်ပင်သာယာ မှ မျက်ကွယ်ပြု ခွင့်ပြုထားသော တရားမ၀င် ဆောက်လုပ်ရေးကြောင့် လမ်းသူလမ်းသားများ နောက်ဖေးရေပုပ်မြောင်းရေလျှံ့/ရေ၀ပ်/သွေးလွန်တုတ်ကွေးအန္တရယ်ဖြစ်နေ။တိုင်ကြားမှူများကို မြို့ နယ်အုပ်ချုပ်ရေးမှူးမှ လစ်လျှူရှုထား။

လူကြီးမင်းခင်ဗျာ။


လူကြီးမင်းတို့ အင်တာနက် စာမျက်နှာမှ တစ်ဆင့် သက်ဆိုင်ရာ သို့ သိရှိစေရန် ပေးစာ ပေးပို့ 
လိုက်ရပါသည်။

ကျွန်တော်များလှိုင်မြို့ နယ်တွင် တရားမ၀င် ၅ ထပ် တိုက်ကို နောက်ဖေးရေပုပ်မြောင်းပိတ်ပြီးဆောက်လုပ်နေခြင်းကြောင့် မြေနိမ့်ပိုင်းအိမ်များ ရေပုပ်ရေဆိုးများ မြင့်တက်တာ အိမ်များ ရေကျော်နေသည့်အခက်ခဲဖြစ်ပေါ်နေပါသည်။ထို့ အပြင်
 နောက်ဖေးရေပုပ်မြောင်းရေမစီးဆင်းနိုင်သဖြင့်အိမ်များအောက်တွင်ရေ၀ပ်ခြင်းကြောင့်
 ခြင်းများပေါက်ဖွားကာ သွေးလွန်တုတ်ကွေးရောဂါအန္တရယ်ပါဖြစ်လာနိုင်ပါသည်။

သက်ဆိုင်ရာ မြို့ နယ် အုပ်ချုပ်ရေးမှုးသို့ တိုင်ကြားသော်လည်း ယနေ့အထိ အဆောက်အဦး ပြီးမြောက်လုနီးသည်အထိ အရေးယူဆောင်ရွက်ခြင်းမရှိသေးပါ။

ထို့ ကြောင့် လူကြီးမင်းတို့ အင်တာနက်စာမျက်နှာမှ တဆင့် သက်ဆိုင်ရာ တာဝန်ရှိလူကြီးများမှ တွေ့ ရှိဆောင်ရွက်ပေးနိုင်စေရန် အကူညီမေတ္တာရပ်ခံအပ်ပါသည်။

တရားဥပဒေ စည်းမျဉ်း(စည်ပင် စည်းမျဉ်းစည်းကမ်း) အ၇ ကြည့်လျှင်လည်း တရားမ၀င်၅ ထပ် တိုက်ဆောက်လုပ်ခြင်းဖြစ်ပါသည်။ ထို့ အပြင် နောက်ဖေးရေပုပ်ရေဆိုး မြောင်းအား ပိတ်ဆို့ ဆောက်လုပ်ခြင်း ကြောင့် ရေစီးနိုင်မှုမရှိတော့ပဲ လမ်းထဲမှ အိမ်များ ရေ၀ပ်၊ ရေလျှံ ပြီး ဒုက္ခရောက်နေရပါသည်။

အဆိုပါ ခေတ်မီဦး ဆောက်လုပ်ရေး ကုမဏီသည် စည်ပင်ဝန်ထမ်းများနှင့်ပူပေါင်း
ဆောင်ရွက်ပြီး ထင်ရာဆိုင်း ပြုလုပ်နေခြင်းကြောင့် လမ်းအတွင်းနေထိုင်သူများ နေ့ နှင့် ည
စိတ်ညစ်နေရပါသည်။


လေးစားစွာမေတ္တာရပ်ခံခြင်း...

လေးစားစွာဖြင့်.

မာလာမြိုင် (၆ )လမ်း

လမ်းသူလမ်းသားများကိုယ်စား










ပေးစာပေးပို့သူထံမှ,
မေးမြန်းသူ....လူကြီးမင်းတို့ ဆိုက်ဒ် မှာ ပေးစာတွေကို အခကြေးငွေပေးမှ တိုင်ကြားစာများနှင့်အများ
                  သိစေရန်ပို့စ် များကို ဖော်ပြပေးပါသလား?။ကျွန်တော် အခြားလူသိများတဲ့ဆိုက်ဒ်မှ ပေးစာ
                  လက်ခံပါသည်ဟုဆိုသဖြင့် ပေးပို့ရာ အခကြေးငွေတောင်းခံမှုမရှိရင် မဖော်ပြပေးဟုသိရ
                  ပါသည်။

အထက်ပါ မေးမြန်းချက်သည် ပေးစာ ပေးပို့ သူမှဖြစ်ပါသည်။
MTS Online Radio Management ...." ပေးစာများ နှင့် အများသိစေရန် ပို့ စ် များကို ဓာတ်ပုံ/ဗီဒီယို မှတ်တမ်းများပါလျှင်ဖော်ပြပေးပါမည်။"

မှတ်ချက်။( MTS Online Radio Website တွင် မိမိမျှဝေလိုသော ပို့စ်များအတွက် အခမဲ့သာဖော်ပြပေးပါမည်။အခကြေးငွေပေးမှ ဖော်ပြပေးသည့် ဆိုက်ဒ် မဟုတ်ပါကြောင်းအထူးသတိပြုပါ။MTS Online Radio တွင် အများထံမှ ငွေကြေးတပြားမှမယူပဲ မိမိတို့ဆိုက်ဒ်(MTS Online Radio)မှ သာ အရာရာတိုင်းအတွက် အတတ်နိုင်ဆုံး အများအကျိုးအတွက် ပထမဦးစားပေးကူညီသည် ငွေကြေးလှူဒါန်းသည်။)*****

Dj-Cyclone ( UK )

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။