MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 11, 2013

လှချင်လွန်းတဲ့ မိန်းကလေးများ အတွက် ( Before and After )



A 28-year-old local blogger underwent a free skincare treatment and started using sponsored skincare products from a beauty salon, only to suffer a severe acne breakout that might leave her skin scarred after four days.

According to reports on Omy.sg and Lianhe Wanbao, beauty blogger Julie had posted a series of photos of herself online, showing her tremendous change in appearance over the four days.

Julie wrote that she had accepted a sponsored skincare treatment from a beauty salon on May 27, who hoped to gain publicity from her blog.

While everything remained normal after the treatment, little red spots started appearing on Julie's face the following day.

Monday, June 10, 2013

ဖုန်းစာချုပ် မရရှိသဖြင့် အရစ်ကျ စနစ်ဖြင့် ဖုန်းဝယ်ယူထားသူများ အခက်ကြုံ

ကျေးလက် ဒေသများတွင် အရစ်ကျ စနစ်ဖြင့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်း ၀ယ်ယူထားသူများ အနေဖြင့် ဖုန်းစာချုပ် မရရှိမှုကြောင့် အခက်အခဲ ကြုံတွေ့ရကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့်လည်း ယင်းကိစ္စအတွက် တစ်စုံတစ်ရာ ပြုလုပ်ပေးရန် အစီအစဉ် မရှိကြောင်း သိရသည်။
"ကျပ် ၁၅၀၀ ဖုန်းတွေတောင် ဖုန်းစာချုပ် ရှိသေးတာပဲ။ ကျွန်တော်တို့ အနေနဲ့ ဒီအရစ်ကျ ဖုန်းတွေကို ကျပ်တစ်သိန်း နီးပါးလောက် ပေးသွင်းခဲ့ရတာ၊ ဖုန်းစာချုပ် ရသင့်တယ်။ အင်တာနက် လျှောက်တာ၊ ဖုန်းကတ်ပျက်တာ၊ ဖုန်းကတ်ပျောက်တာနဲ့ အရောင်းအ၀ယ်တွေ လုပ်တဲ့အခါ စာချုပ်က လိုတာပဲလေ။ စာချုပ်မရှိတဲ့အခါ မလိုအပ်တဲ့ အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်" ဟု မွန်ပြည်နယ်၊ သထုံမြို့နယ်မှ

ဗဟိုဘဏ် အတိုးနှုန်းအား လက်ရှိအစိုးရ လက်ထက်တွင် တတိယ အကြိမ်မြောက် လျှော့ချရန် ဆွေးနွေး

အစိုးရသစ် လက်ထက်တွင် ဘဏ်တိုးနှုန်းများအား တတိယ အကြိမ်မြောက်အဖြစ် ဆက်လက်လျှော့ချရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီးဖြစ်ကြောင်း ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဘဏ်တိုးနှုန်း လျှော့ချနိုင်ရန် ဆွေးနွေးနေကြောင်း ပြည်သူ့လွှတ်တော် အမတ်များထံက သိရှိရပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ဗဟိုဘဏ်မှ သတ်မှတ်ထားသော ဘဏ်တိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်းဖြစ်ပြီး အပ်ငွေအပေါ် အတိုးနှုန်း ၈ ရာခိုင်နှုန်းနှင့် ချေးငွေအပေါ် အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
လက်ရှိလျှော့ချရန် ပြင်ဆင်နေသည့် ဘဏ်တိုးနှုန်းမှာ ဗဟိုဘဏ်၏ လက်ရှိ သတ်မှတ်ချက်ဖြစ်သည့် ၁၀ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်ဖွယ် ရှိကြောင်းလည်း သိရှိရပါသည်။
"ဘဏ်အပ်ငွေ အတိုးနှုန်းက ၈ ကျပ်ကနေ ၄ ကျပ်အထိ ချလိမ့်မယ်။ စီးပွာရေး သမားတွေ အနေနဲ့

ဘင်္ဂါလီများ တစ်အိမ်ထောင် ကလေးနှစ်ဦး ဒေသန္တရ အမိန့် ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ စစ်တွေမြို့တွင် ပြုလုပ်

(ရန်ကုန်၊ ဇွန် ၄)
ရခိုင်ပြည်နယ် မောင်တော ခရိုင်၌ ထုတ်ပြန်ထားသော ဘင်္ဂါလီ မိသားစုများ တစ်အိမ်ထောင် ကလေး နှစ်ဦးမူအား ဒေသန္တရ အမိန့်အဖြစ် သတ်မှတ် အကောင် အထည် ဖော်ပေးရေး ဆန္ဒဖော် ထုတ်ပွဲကို  စစ်တွေမြို့တွင်  ဇွန် ၄ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
 ”ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရရဲ့ ဘူးသီးတောင် မောင်တောမှာ ထုတ်ပြန်ထားတဲ့ ဘင်္ဂါလီမိသားစုများ တစ်အိမ်ထောင် ကလေးနှစ် ဦး မွေး ဖွား ခွင့်ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ က ဦးဆောင်ပြီး လှည့်လည် ဆန္ဒ ဖော်ထုတ်တာ ဖြစ်ပါတယ်။ သံဃာ အပါး ၃ဝဝ လောက်နှင့် လူအင်အား ၂ဝဝဝ ကျော် ပါဝင်ပါတယ်။ ဝင်္ကဘာ ကွင်းကနေ စထွက်ပါတယ်။ မင်းဘာကြီးလမ်းကို ဝင်ပြီး မင်းဘာကြီး လမ်း ကနေ မြောက် ဘက် ကိုသွားပြီး လမ်းမကြီး ကနေပြီး တော့ ဝင်္ကဘာ ကွင်းကို ပြန်ဝင်ပါမယ်”ဟု လှည့်လည် ဆန္ဒဖော်ထုတ်ပွဲတွင် ပါ ဝင်သူ စစ်တွေမြို့ခံ တစ်ဦး က ပြော သည်။ အဆိုပါ လှည့်လည် ဆန္ဒဖော်ထုတ် ပွဲမှာ မွန်းလွဲ ၂ နာရီ ခန့်တွင် ပြီးဆုံးသွား ခဲ့ကြောင်း မြောက်ဦး မြို့တွင်လည်း အလာတူ ဆန္ဒ ဖော်ထုတ်မှု ရှိခဲ့ကြောင်း စစ် တွေ ဒေသခံ တစ်ဦးမှ ပြောကြားခဲ့သည်။ ”ဆန္ဒ ဖော်ထုတ်ပွဲ က အေးအေး ချမ်းချမ်းပဲ ပြီးဆုံးသွားပါတယ်။ ရခိုင် ပြည်နယ်မှာ ရှိတဲ့ NLD အပါအဝင် တခြား ပါတီများ က လည်း ဒီ ဆန္ဒဖော် ထုတ်ပွဲကို အားပေးခဲ့ ကြပါတယ်”ဟု စီးတန်း လှည့်လည် ပွဲတွင် ပါဝင်ခဲ့သူ တစ် ဦးက

မလေးရှားနိုင်ငံသို.ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံရမှု များနှင့်မလေးအာဏာပိုင်များ ၏ဖမ်းဆီးထိန်းသိမ်းခံရမူများအား တရားဥပဒေကြောင်း အရတရားဝင် ကာကွယ်ပေးရန် ဆန္ဒပြတောင်းဆို

မလေးရှားနိုင်ငံသို.ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံရမှု များနှင့်မလေးအာဏာပိုင်များ ၏ဖမ်းဆီးထိန်းသိမ်းခံရမူများအား တရားဥပဒေကြောင်း အရတရားဝင် ကာကွယ်ပေးရန် ဆန္ဒပြတောင်းဆိုမှု ကို ယမန်နေ.က ကွာလာလမ်ပူမြို.ရှိ မလေးရှား နိုင်ငံဆိုင်ရာမြန်မာသံရုံးရှေ့ ၌ပြုလုပ်ခဲ.ကြောင်း မလေးရောက်မြန်မာ လူမှုကူညီရေးအဖွဲ. များထံမှသိရသည်။

ထိုဆန္ဒပြတောင်းဆိုမှုအားမလေးရှားရောက် မြန်မာအတိုက်ခံအဖွဲ့ အစည်းများဖြစ်သည့် ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ၊NLD YOUTH (LA) Malaysia ၊ GSC အထွေထွေသပိတ်ကော်မတီနှင့် KEPONG နာရေး ကူညီမှု အသင်းတို့ မှပူးပေါင်း စီစဉ်ကျင်းပခဲ.ခြင်းဖြစ်ပြီး ၊မလေးအာဏာပိုင် များအာဆန္ဒဖော်ထုတ်ခွင့်အားတင်ပြတောင်းဆိုရာ၌မလေးရှားရဲချုပ်မှလူငါးဦးသာဆန္ဒဖော် ထုတ်ခွင့်ပြုခဲ.ကြောင်း ၊ထိုနောက်အဖွဲ.အစည်း များမှ ခေါင်းဆောင်ငါးဦးကနံနက်၁၀ နာရီခွဲအချိန် ခန့် မှစ၍ မြန်မာ သံရုံးအရှေ့၌

(၁) မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်လတ်မှ ထုတ်ပြန်ကြေငြာထားသော သတင်း မှားယွင်းကြောင်း ၀န်ခံတောင်းပန်ပေးရန်။

(၂) မြန်မာနိုင်ငံအစိုးရမှ လက်ရှိ မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအား ရာထူးမှရပ်ဆိုင်းပေးရန်။

(၃) မလေးရှားရောက် မည်သည့် မြန်မာနိုင်ငံသားကိုမဆို မလေးရှားနို င်ငံဆိုင်ရာ မြန်မာသံရုံးမှ တရားဥပဒေကြောင်းအရ လုံးဝအကာ အကွယ်ပေးရန်။

မလေးရှားနိုင်ငံတွင် ဇွန် ၈ ရက်အထိ သေဆုံး သူ မြန်မာလူမျိုး ခြောက်ဦး ရှိသွားပြီဖြစ်ပြီး မလေးရှားရှိ ဆေးရုံများတွင် အတွင်းလူနာ ၁၂ ဦးအထိ တင်ပို့ ကုသထားရ

အကြမ်းဖက် သတ်ဖြတ်မှုများ လက်ရှိအချိန်အထိ ဖြစ်ပွားနေသော မလေးရှားနိုင်ငံတွင် ဇွန် ၈ ရက်အထိ သေဆုံး သူ မြန်မာလူမျိုး ခြောက်ဦး ရှိသွားပြီဖြစ်ပြီး မလေးရှားရှိ ဆေးရုံများတွင် အတွင်းလူနာ ၁၂ ဦးအထိ တင်ပို့ ကုသ ထား ရကြောင်း မလေးရှားနိုင်ငံ၊ ကပုန်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ဆိုသည်။

သေဆုံးသူ မြန်မာလူမျိုး ခြောက်ဦး၏ ရုပ်အလောင်းများကို ဇွန် ၉ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၁ နာရီခွဲအထိ သင်္ဂြိုဟ်ခွင့် မရသေးဘဲ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာပြည်မှ ထွက်လာကတည်းက စာရွက်စာတမ်း မပြည့်စုံမှုနှင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သင်္ဂြိုဟ်ခွင့် ပြုရန်ဆိုသော အကြောင်းကြားစာ မလေးရှားရှိ မြန်မာသံရုံးသို့ မရောက်ရှိသေးခြင်းကြောင့်ဟု ၎င်းကဆိုသည်။

"မေ ၃၀ ရက်ကတည်းက မလေးရှားရောက် မြန်မာတွေ အသတ်ခံနေရတာ ဒီနေ့အထိပဲ၊ အဲဒီ အလောင်းတွေ ခုထိ မသင်္ဂြိုဟ်ရသေးဘူး၊ ဆေးရုံ အသီးသီးမှာ ထားတယ်၊ အဲဒီ သေတဲ့သူတွေက မြန်မာပြည်က ထွက်လာတည်းက အိမ်ထောင်စု စာရင်းတို့၊ မှတ်ပုံတင်တို့ မပြည့်စုံလို့ လို့ပြောတယ်၊ နောက်ပြီး မလေးရှားမှာရှိတဲ့ မြန်မာသံရုံးရဲ့ သတ်မှတ်ချက်မှာကလည်း ခုလိုရွှေ့ပြောင်း အလုပ်သမားတွေကို အထောက်အထား ခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ၊

သထုံမြို့နယ်တွင် မှန်လုံယာဉ်တစီး ဓားပြတိုက်ခံရ၊ ၂ ဦး သေဆုံး


 

မွန်ပြည်နယ် သထုံမြို့နယ်မှာ ခရီးသည်တင် မှန်လုံယာဉ် တစီး ဓားပြတိုက်ခံရပြီး လူ ၂ ဦးသေဆုံးသွားတယ်လို့ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစောတွမှာ သတင်းထုတ်ပြန်ပါတယ်။
ခရီးသည် ၃၀ လောက် လိုက်ပါလာတဲ့ ရာဇာမင်း မှန်လုံယာဉ်ဟာ ကျိုက္ခမီမှ ရန်ကုန်ကိုအသွား ဇွန် ၈ ရက် ည ၉ နာရေီလာက်က သထုံမြို့ နယ် တောင်စွန်းကျေးရွားအနီး ခရီးသည်ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ် အမည်မသိလူ ၅ ဦးက ပစ္စတိုသေနတ် ပစ်ခတ်ပြီး ဓားပြတိုက်သွားတာပါ။

ဓားပြေတွရဲ့ပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက် ဦးနိုင်လင်းထွန်း အသက် ၂၆ နှစ်ဟာ ဦးခေါင်းဒဏ်ရာနဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး ယာဉ်မောင် ဦးဇော်လင်းထူး အသက် ၃၈ နှစ်ကတော့ ဒဏ်ရာနဲ့ မော်မြိုင်ဆေးရုံအရောက်မှာ ဇွန် ၉ ရက်နေ့က သေဆုံးသွားပါတယ်။
ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တွေကတော့ အခင်းဖြစ်ပွားရာနေရာကနေ ရန်ကုန်မြို့ ကို

မလေးရှားနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်ခံရမူကြောင့် ဆေးရုံတက် ကုသခံယူနေရသူ မြန်မာနိုင်ငံသားများ အတွက် Eleven Media Group မှ ဒေါ်လာတစ်ထောင် လှူဒါန်း

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ပစ်မှတ်ထား၍ မေ ၃၀ ရက်မှ စတင်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မလေးရှားနိုင်ငံ ဆေးရုံများတွင် တက်ရောက်ကုသမှု ခံယူနေရသူများအတွက် Eleven Media Group မှ အမေရိကန်ဒေါ်လာ တစ်ထောင်ကို မလေးရှားနိုင်ငံ ကပုန်း နာရေးကူညီမှု အသင်းမှတဆင့် ဇွန် ၁၀ ရက်က ဆက်သွယ် လှူဒါန်းခဲ့ပါသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ မေ ၃၀ ရက်မှ စတင်ကာ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခြင်းများ တွေ့ကြုံခဲ့ရပြီး မေ ၃၀ ၇က်တွင် မြန်မာနိုင်ငံသားတစ်ဦး၊ မေ ၃၁ ရက်တွင် တစ်ဦး၊ ဇွန် ၂ ရက်တွင် တစ်ဦး ဇွန် ၇ ရက်တွင် တစ်ဦး၊ ဇွန် ၈ ရက်တွင်နှစ်ဦး စုစုပေါင်း ရှစ်ဦး သတ်ဖြတ်ခံရကာ ၁၂ ဦးမှာ ဒဏ်ရာပြင်းထန်၍ မလေးရှာနိုင်ငံ ဆေးရုံများတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ ထိုသို ဒဏ်ရာပြင်းထန်၍ ဆေးကုသမှု ခံယူနေရသူ မြန်မာအလုပ်သမားများအား မလေးရှားနိုင်ငံ ဆေးရုံများမှ ဆးကုသမှုစရိတ် ပေးချေနိုင်ခြင်း မရှိပါက ဆက်လက်ဆေးကုသရန် အခက်အခဲများ ရှိနေကြောင်းလည်း သိရှိရသဖြင့် မလေးရှားနိုင်ငံ ကပုန်းနာရေး ကူညီမှုအသင်းသို့ ဆက်သွယ်ကာ ဆေးကုသစရိတ်အဖြစ် အမေရိကန်ဒေါ်လာ တစ်ထောင်အား Eleven Media Group က ဇွန် ၁၀ ရက်နေ့တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“လိုအပ်တာတွေ ရှိနေပါတယ် တစ်ချို့က ဆေးရုံပေါ်မှာ တစ်ချို့က ရဲစခန်းတွေမှာ၊ အခုအဲဒီကိစ္စတွေ လိုက်လုပ်နေပါတယ် အခုထိ မသဂြိုလ်ရသေးတဲ့ အလောင်းခြောက်လောင်း ရှိသေးတယ် နောက်အခက်အခဲက သေဆုံးသွားတဲ့ သူတွေအတွက် စာရွတ်စာတမ်းတွေကလည်း မပြည့်မစုံ မိသားစုတွေကလည်း မသွားတတ် မလာတတ်နဲ့ဆိုတော့ နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနက သဂြိုလ်ဖို့

ကျွန်မတို့နိုင်ငံမှာ အစိုးရကလည်း တချို့ကိစ္စတွေ သူတာဝန်မရှိသလိုနေတယ်၊ ပြည်သူကလည်း တာဝန်မယူဘူးဆိုတော့ ကျွန်မတို့နိုင်ငံတိုးတက်ရေး အတွက် ဘယ်သူက တာဝန်ယူမှာလည်း

dassk-pyinoolwin-305
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၉ ရက်နေ့က ပြင်ဦးလွင်မြို့ ဒေသခံပြည်သူများ နဲ့ တွေ့ဆုံစဉ်
Photo : RFA/ Moe Thu Aung
ပြည်သူတွေအနေနဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓါတ်မျိုးရှိမှ အုပ်ချုပ်တဲ့အစိုးရကို ပြည်သူက ချုပ်ကိုင်လို့ရမှာဖြစ် တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောလိုက် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မန္တလေးတိုင်း ပြင်ဦး လွင်မြို့ မီးပုံးပျံကွင်းမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံ ရာမှာ တချို့ကိစ္စတွေမှာ အစိုးရအာဏာပိုင်တွေ ကလည်း တာဝန်မရှိသလို ပြုမူနေတာတွေ့ရ သလို၊ ပြည်သူတွေဖက်ကလည်း တာဝန်မရှိဘူးဆိုပြီး လှစ်လျူရှုထားတာတွေ တွေ့နေရကြောင်း ပြောခဲ့ ပါတယ်။
“ကျမတို့ငယ်ငယ်တုံးက ပြည်သူ့နီတိဆိုတာ ကျောင်းမှာ သင်ခဲ့ရတယ်၊ ကလေးတိုင်း ကလေးတိုင်းက ပြည်သူ့နီတိဆိုတာ သင်ရတယ်၊ ပြည်သူ့နီတိဆိုတဲ့အဓိပ္ပါယ် က ပြည်သူများရဲ့တာဝန်၊ အခုကျတော့ ကျွန်မတို့ ဘယ်လိုဖြစ်နေလဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ အစိုးရကလည်း တချို့ကိစ္စတွေ သူတာဝန်မရှိသလိုနေတယ်၊ ပြည်သူကလည်း တာဝန်မယူဘူးဆိုတော့ ကျွန်မတို့နိုင်ငံတိုးတက်ရေး အတွက် ဘယ်သူက တာဝန်ယူမှာလည်းလို့ မေးစရာတွေဖြစ်လာတယ်၊ ကျမတို့ ပြည်သူတွေကို ကျမမေတ္တာရပ်ခံ ချင်ပါတယ်၊ တာဝန်ယူလိုက်ပါ၊ အဲ့လိုတာဝန်ယူမှ အစိုးရကို ကိုယ်ကချုပ်ကိုင်ထားလို့ရမှာ၊ ကိုယ်ကတာဝန်မယူဘဲနဲ့ ကိုယ့်အစိုးရကို ချုပ်ကိုင်ထားလို့ရမှာမဟုတ်ဘူး”
ဒါ့အပြင် အခွန်ဘဏ္ဍာငွေတွေကို ဘယ်လိုနေရာတွေမှာ အသုံးပြုနေလဲဆိုတာ အစိုးရက မရှင်းပြတဲ့အတွက် ပြည်သူတွေဟာ အခွန်ဆောင်ချင်စိတ် မရှိကြတာဖြစ်ကြောင်းနဲ့ ဒါတွေဟာ

မလေးရှားမှာ နောက်ထပ် မြန်မာ ၃ ဦး သတ်ဖြတ်ခံရ။(မြန်မာတွေသတ်ခံနေကြရတာ ကြည့် နေနိုင်သူများက နေနိုင်ကြတယ်၊)

အကြမ်းဖက် သတ်ဖြတ်မှုတွေဖြစ်ပွားနေတဲ့ မလေးရှားနိုင်ငံမှာ မနေ့ကနဲ့ ဒီကနေ့တွေမှာ မြန်မာနိုင်ငံသား ၃ ဦး ထပ်မံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။
မနေ့ကတော့ ကလန်းအူတာမ Kalng Utama ဆိုတဲ့မြို့က အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။  ဒီကနေ့မှာတော့ ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့က ကရင်လူမျိုး ၄ ဦး ဈေးထွက်ဝယ်ရာမှ လူအုပ်စုတစ်စုက ဝိုင်းဝန်းတိုက်ခိုက်လို့ အရေးပေါ်တင်ခဲ့ရတဲ့ ၂ ဦးထဲက တစ်ဦးသေဆုံးသွားတာဖြစ်ပါတယ်။

မနေ့ကသေဆုံးသူရဲ့အလောင်းကို ဒီကနေ့သွားကြည့်ဖို့ ခွင့်တောင်းတာမှာ ရဲတပ်ဖွဲ့နားရက်ဖြစ်တာကြောင့် ကြည့်ရှုခွင့်မရခဲ့ကြောင်းနဲ့ ဒီကနေ့နေ့လည်မှာ သေဆုံးသွားတဲ့ ကရင်လူမျိုးတစ်ဦး အကြောင်းတို့ကိုတော့ ကမ်ပုန်း နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းက အခုလိုပြောပါတယ်။
“အခုက အမည်မသိသူတစ်ယောက် အသတ်ခံရတယ်၊ ကလန်းအူတာမအမှိုက်ပုံနားမှာ လွှင့်ပစ်ထားတယ်၊ ပုဆိုးနဲ့ ကိုယ်တုံးလုံးကြီးနဲ့၊ ရဲကသွားကြည့်တဲ့အခါမှာ ညာဘက်လည်ပင်းမှာ ဓားနဲ့လှီးထားတာတွေ့တယ်၊ မနေ့ကမနက်မှ သူတို့က အလောင်းကိုတွေ့တယ်၊ ကရင်ခရစ်ယာန်လူမျိုး ၄ ယောက် ဈေးလာဝယ်ရင်းနဲ့ ဝိုင်းဝန်းအခုတ်ခံရ၊ အရိုက်ခံရတယ်၊ အထုခံရတယ်၊ အဲဒီထဲမှာ ၂ ယောက်က အရေးပေါ်ဆေးရုံတင်ထားရတယ်၊ တင်တဲ့အခါမှာ ဒီနေ့နေ့ခင်း ၁ နာရီက

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။