MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, June 10, 2013

ကျွန်မတို့နိုင်ငံမှာ အစိုးရကလည်း တချို့ကိစ္စတွေ သူတာဝန်မရှိသလိုနေတယ်၊ ပြည်သူကလည်း တာဝန်မယူဘူးဆိုတော့ ကျွန်မတို့နိုင်ငံတိုးတက်ရေး အတွက် ဘယ်သူက တာဝန်ယူမှာလည်း

dassk-pyinoolwin-305
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၉ ရက်နေ့က ပြင်ဦးလွင်မြို့ ဒေသခံပြည်သူများ နဲ့ တွေ့ဆုံစဉ်
Photo : RFA/ Moe Thu Aung
ပြည်သူတွေအနေနဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓါတ်မျိုးရှိမှ အုပ်ချုပ်တဲ့အစိုးရကို ပြည်သူက ချုပ်ကိုင်လို့ရမှာဖြစ် တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောလိုက် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မန္တလေးတိုင်း ပြင်ဦး လွင်မြို့ မီးပုံးပျံကွင်းမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံ ရာမှာ တချို့ကိစ္စတွေမှာ အစိုးရအာဏာပိုင်တွေ ကလည်း တာဝန်မရှိသလို ပြုမူနေတာတွေ့ရ သလို၊ ပြည်သူတွေဖက်ကလည်း တာဝန်မရှိဘူးဆိုပြီး လှစ်လျူရှုထားတာတွေ တွေ့နေရကြောင်း ပြောခဲ့ ပါတယ်။
“ကျမတို့ငယ်ငယ်တုံးက ပြည်သူ့နီတိဆိုတာ ကျောင်းမှာ သင်ခဲ့ရတယ်၊ ကလေးတိုင်း ကလေးတိုင်းက ပြည်သူ့နီတိဆိုတာ သင်ရတယ်၊ ပြည်သူ့နီတိဆိုတဲ့အဓိပ္ပါယ် က ပြည်သူများရဲ့တာဝန်၊ အခုကျတော့ ကျွန်မတို့ ဘယ်လိုဖြစ်နေလဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ အစိုးရကလည်း တချို့ကိစ္စတွေ သူတာဝန်မရှိသလိုနေတယ်၊ ပြည်သူကလည်း တာဝန်မယူဘူးဆိုတော့ ကျွန်မတို့နိုင်ငံတိုးတက်ရေး အတွက် ဘယ်သူက တာဝန်ယူမှာလည်းလို့ မေးစရာတွေဖြစ်လာတယ်၊ ကျမတို့ ပြည်သူတွေကို ကျမမေတ္တာရပ်ခံ ချင်ပါတယ်၊ တာဝန်ယူလိုက်ပါ၊ အဲ့လိုတာဝန်ယူမှ အစိုးရကို ကိုယ်ကချုပ်ကိုင်ထားလို့ရမှာ၊ ကိုယ်ကတာဝန်မယူဘဲနဲ့ ကိုယ့်အစိုးရကို ချုပ်ကိုင်ထားလို့ရမှာမဟုတ်ဘူး”
ဒါ့အပြင် အခွန်ဘဏ္ဍာငွေတွေကို ဘယ်လိုနေရာတွေမှာ အသုံးပြုနေလဲဆိုတာ အစိုးရက မရှင်းပြတဲ့အတွက် ပြည်သူတွေဟာ အခွန်ဆောင်ချင်စိတ် မရှိကြတာဖြစ်ကြောင်းနဲ့ ဒါတွေဟာ
တရားဥပဒေစိုးမိုးမှုမရှိတာနဲ့ ဆက်စပ်ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။
ပြင်ဦးလွင်မြို့ ဒေသခံတွေဖက်ကလည်း သူတို့လိုအပ်ချက်တွေထဲက လျှပ်စစ်မီး အလုံအလောက်မရတဲ့ အခက်အခဲနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကို တင်ပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲကတည်းက ပြင်ဦးလွင်မြို့ကို လာရောက်ပြီး ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် ဒီကနေ့မှ အထမြောက်ခဲ့တာလို့ သိရပါတယ်။

RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။